Friday, October 18, 2013

3G ကွန်ရက်စနစ် MPT နှင့် MEC ကို နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းစုများ အပြိုင်အဆိုင် ကမ်းလှမ်းနေပြီ

Posted by drmyochit Friday, October 18, 2013, under | No comments


မြန်မာနိုင်ငံက မကြာခင် ပေးအပ်မည့် 3G ကွန်ရက်စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့်အတွက် Chun-glasa Telecom နှင့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများက မြန်မာမှ MPT နှင့် MEC တို့ကို ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ၂၇-၉-၂၀၁၃ ရက်က သတင်းရရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွင် 3G စနစ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည့် မြန်မာအစိုးရအနေဖြင့် ဆက်သွယ်ရေး တင်ဒါလိုင်စင် အောင်မြင်ထားသော နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကိုလည်း တရားဝင် လိုင်စင်လက်မှတ် ရေးထိုးပေးထားခြင်း မရှိသေးကြောင်း သိရသည်။

“မြန်မာအစိုးရ အနေနဲ့ ၂၀၁၃ အောက်တိုဘာလလောက်မှာ Telenor နဲ့ Ooredoo ကို အသေးစိတ် လက်မှတ်ရေးထိုး ပေးလိမ့်မယ်လို့ ယူဆရပါတယ်” ဟု Changlasa Telecom ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပြီး ယင်းကဲ့သို့ မြန်မာအစိုးရက လိုင်စင်လက်မှတ် ရေးထိုးပြီးသည်နှင့် 3G ကွန်ရက်အတွက် နောဝေ၊ ကာတာနှင့် မြန်မာကုမ္ပဏီနှစ်ခုတို့က အပြိုင်အဆိုင် လုပ်ငန်းစတင်ကြတော့မည် ဖြစ်သည့်အတွက် Changlasa Telecom က MPT နှင့် MEC ကို ပူးပေါင်းရန် ကမ်းလှမ်းခြင်းဖြစ်သည်ဟု သိရသည်။ Changlasa နည်းတူပင် မြန်မာနိုင်ငံသား ဖြစ်ခဲ့သူ ဦးဝင်းသိန်း၏ HTC ပြင်သစ်အခြေစိုက် Orange၊ ဂျပန်အခြေစိုက် Marabeni တို့ကလည်း မြန်မာနိုင်ငမှ MPT နှင့် MEC ကို ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရကာ မြန်မာနိုင်ငံတွင် ထဲထဲဝင်ဝင် မစတင်နိုင်သေးသည့် 3G ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံလိုနေကြသည်ဟု သိရသည်။

အေဝိုင်အီး

ပြည်မြန်မာဂျာနယ်

မုံရွာမြို့တွင် အများသုံး သောက်ရေအိုးစင်ရှိ ရေများအတွင်း အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများကြုံ

Posted by drmyochit Friday, October 18, 2013, under | No comments


မုံရွာမြို့ပေါ်ရှိ အများသုံး လမ်းဘေး သောက်ရေချမ်းစင်တချို့တွင် အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ အခြေအနေများ အား အောက်တိုဘာ ၁၆ ရက် မနက် ၅ နာရီအချိန်ခန့်က တွေ့ရှိရသည်ဟု မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်နေ နေ့စဉ် သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ ပြောကြားလိုက်သည်။
ထိုသို့ပြောကြားရခြင်းမှာ ယမန်နေ့မနက် ၅ နာရီအချိန်ခန့်က ထိုသူသည် မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်၊ မုံရွာ - အမြင့် ကားလမ်း၊ ဘီးခွန်ကောက်ခံရေး စခန်းအနီးရှိ အများသုံး သောက်ရေချမ်းစင်မှ သောက်ရေ အိုး (၇)အိုးရှိ ရေများအသစ် လဲလှယ်ရန် သွားရောက်စဉ် သောက်ရေအိုးအတွင်းရှိ သောက်ရေများသည် ဇီးရောင်ဖျော့ဖျော့ အရောင်နှင့် ပုတ်အံ့အံ့ အနံ့များထွက်ပေါ်နေသည့် အတွက်ကြောင့်ဟု ဆိုသည်။

အများသုံးသောက်ချမ်းစင်ရှိ သောက်ရေအိုးများအတွင်း အဆိပ်ခပ်ထားသည်ဟု သံသယဖြစ်ဖွယ်ရာ အခြေအနေများကြောင့် နေ့စဉ်သောက်ရေကုသိုလ်ရှင် ကိုဆွေမြင့် ဆိုသူမှ နတ်လူထိပ္ပန်ရပ်ကွက် အုပ်ချု့် ရေးမှူး ဦးအောင်ဆန်းဦးထံသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ သောက်ရေချမ်းစင်ရှိရာအရပ်သို့ မုံရွာမြို့နယ် ကျန်းမာရေးမှူး ဦးမြင့်ဆွေ၊ ဒေါက်တာ ဒေါ်မြသန်းထိုက်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဇော်လွင်၊ မြို့မရဲစခန်းမှ ရဲအုပ် ခင်ဇော်လတ်နှင့် အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး အတူ အဆိပ်ခပ်ထားသည်ဟု မသင်္ကာဖွယ်ရာ သောက်ရေအိုးများအား သွားရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အများသုံး လမ်းဘေးသောက်ရေချမ်းစင်ရှိ သောက်ရေအိုးများအတွင်းမှ အဆိပ်ခပ်ထားသည် ဟု မသင်္ကာဖွယ်ရာ သောက်ရေများကို ရေသန့်ဗူး(၄)ဗူးဖြင့် ထည့်ယူခဲ့ကြသည်။ ထို သို့ ယူဆောင်ခဲ့ခြင်းမှာ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရန်အတွက်ဖြစ်ကြောင်း ကျန်းမာရေးမှူး မှ ဆိုသည်။

လက်ရှိအခြေအနေများအရ အဆိုပါ သောက်ရေများတွင် အမြင်အားဖြင့် အဆိပ်ခပ်ထားသည်ဟု အဖြေ ပေး ပြောကြား၍ မရ နိုင်သည့်အတွက် ရေနမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင် စမ်းသပ်ပြီးမှ အဖြေမှန် အား သိရှိနိုင်မည်ဟုလည်း ထိုသူမှ ဆက်လက်၍ ပြောကြားခဲ့သည်။

မုံရွာ - အမြင့် ကားလမ်းမကြီးတလျောက်ရှိရာ ဒေသသည် မြေနုကျွန်းများဖြစ်၍ ဒေသခံ အများစုသည် ဥယျာဉ်ခြံလုပ်ငန်း များနှင့် ရာသီပေါ် စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာ ဒေသတစ်ခုဖြစ်သည်။ ထိုဒေသ တွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဖရဲ၊ သခွားမွှေး စိုက်ခင်းများသည် စိုက်ပျိုးရေးသုံး ဓာတုဗေဒ ပိုးသတ် ဆေးများအား အလွန်အကျွံသုံးစွဲတတ်ကြောင်း တရုတ် ဖရဲ၊ သခွား စိုက်ခင်း၌ အငှားလုပ်ကိုင်ခဲ့သူ စိုက်ပျိုး ရေး လုပ်သားကြီးတစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။

ကိုတိုး ချင်းတွင်း

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

Posted by drmyochit Friday, October 18, 2013, under | 2 comments


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ် များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ကျောင်းသား/ ကျောင်းသူေ တွကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်
ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်းပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာအပြည့်အစုံကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်။

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့
မေတ္တာရပ်ခံလွှာ" ၊

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -

" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ
အပေါင်းတို့ခင်ဗျာ... -

ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏
စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်း
အားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။

မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလို
သည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။

ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခ
တို့ဖြစ်ကြပါသည်။

ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။

ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။

ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြ
လိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍
စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။

ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်း
လည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်
မည်မဟုတ်ပါ။

ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို
နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကို
ရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခု
စဉ်းစားစေလိုပါသည်။

မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့်
လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??

မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??

မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်း
ဆောင်ရွက်မည်နည်း??

မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်
လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊

မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊

ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊

မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်း
မရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေ
အထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ
အဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါမည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြို
သည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံး
အသိပင်ဖြစ်ပါသည်။ -

မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်
လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်)
ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်း
ပခြင်းဖြစ်ပါသည်။

မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်
မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊
ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။

မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်
တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်း
တူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝ
ရှိပါသည်။

- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊
ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်း
သားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေး
လိုက်ပါတယ်။

ဧရာဝတီblog

ကင်ညာ တိုက်ခိုက်မှုမှာ နော်ဝေးနိုင်ငံသား ပါဝင်

Posted by drmyochit Friday, October 18, 2013, under | No comments

နော်ဝေး နိုင်ငံသား ဟက်ဆန် အက်ဘ်ဒီ ဒူဟူလိုဟာ ဆိုမားလီးယားနိုင်ငံမှာ မွေးဖွားခဲ့ 

ကင်ညာနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက Westgate ကုန်ပဒေသာတိုက်ကြီးမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့သူလို့ ယူဆရသူတွေထဲက တဦးဟာ အသက်၂၃နှစ် အရွယ် နော်ဝေး နိုင်ငံသား ဖြစ်ကြောင်း ထုတ်ဖေါ် သိရှိရပါတယ်။

ဟက်ဆန် အက်ဘ်ဒီ ဒူဟူလို ဆိုတဲ့ အဲဒီလူဟာ ကုန်တိုက်ကြီးထဲက CCTV ကင်မရာတွေမှာ တွေ့ရတဲ့ သေနတ်သမား ၄ဦးထဲက တဦး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆနေကြောင်း ဘီဘီစီက သိရပါတယ်။

သူ့ကို ဆိုမာလီးယား နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အသက် ၉နှစ်အရွယ်မှာ သူ့မိသားစုနဲ့အတူ နော်ဝေးနိုင်ငံ လာဗစ်ခ် ကမ်းခြေမြို့ဆီ ထွက်ပြေး သွားခဲ့တာ ဖြစ်ပြီး အရွယ် ရောက်လာချိန်မှာ ဆိုမာလီး ယားနိုင်ငံ မိုဂါဒစ်ရှူးမြို့ဆီ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ရိုဘီမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၆၇ဦးသေဆုံးခဲ့ပါတယ်။

အယ်လ် ရှာဘာ့ဘ် ဆိုမာလီ အစ္စလာမစ် အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပြောပါတယ်။

သေနတ်သမားတွေ ပထမဆုံး ပစ်ခတ်ခဲ့ချိန်မှာ ဈေးဝယ်သူတွေ ထိတ်လန့်တကြား ဖြစ်သွားခဲ့ကြပုံတွေကို အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ CCTV ပုံတွေမှာ တွေ့ခဲ့ရပါတယ်။

BBC

"စုန္ဒ ၀က်ကုန်သည် အကြောင်း"

Posted by drmyochit Friday, October 18, 2013, under | No comments


စုန္ဒသည် ရာဇဂြိုလ်မြို့ ကြီးသား ဖြစ်၏။
သူ၏ အိမ်သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ
ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးလှ။ သို့ ရာတွင်
စုန္ဒသည် မြတ်စွာဘုရား ကျောင်းတော်သို့  တစ်ခါမျှ မသွား၊
မြတ်စွာဘုရား၏ တပည့်သား ရဟန်းသံဃာတော်များသည်
သူ၏ အိမ်သို့  မကြာခဏ ဖြတ်သန်းသွားလေ့ ရှိကြပါ၏။

ထိုသို့ ရဟန်းတော်များ မကြာခဏ ဖြတ်သန်းသွားကြသည်ကို
စုန္ဒသည် တွေ့ ပါ၏။ သို့ ရာတွင် စုန္ဒသည် ထိုရဟန်း
သံဃာတော်များကို နှုတ်ခွန်းဆက်ခြင်းပင် မပြု၊ လှူဒါန်းရမည်ကို
စိုးရိမ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။ အမြင်ကတ်၍
နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။
မြတ်စွာဘုရား ကျောင်းတော်ကိုသာ မသွားသည် မဟုတ်၊
အခြားသော တိတ္ထိများ အရံသို့ လည်း စုန္ဒသည် မသွား၊
ပရိဗိုဇ်များနှင့်လည်း အကျွမ်းတ၀င် မဆက်ဆံ၊
အမှန်အားဖြင့် စုန္ဒသည် အလှူခံပုဂ္ဂိုလ်မှန်လျှင် မည်သည့်
အလှူခံ ပုဂ္ဂိုလ်ဖြစ်စေ မသိကျိုးကျွန်ပြု နေ၏။ စုန္ဒသည်
သူ၏ ဘ၀သက်တမ်း တစ်လျှောက်လုံး ပန်းတစ်ပွင့် ရေတစ်ခွက်
မျှကိုပင် မည်သည့် အလှူခံပုဂ္ဂိုလ်အားမဆို လှူဒါန်းဖူးသည်ဟူ၍
မရှိ၊ သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းကား
ဝေးလေစွ။

မင်းနှင့်တကွ မှူးမတ်များ၊ တိုင်းသူပြည်သားများသည်
မြတ်စွာဘုရား၏ သာသနာတော်၌ သက်ဝင်ယုံကြည်ကြ၏။
နေ့ တိုင်းပင် ပန်းနံ့ သာ လက်စွဲလျက် ဝေဠုဝန်ကျောင်းတော်သို့ 
တရားနာ သွားကြ၏။ စုန္ဒလည်း မြင်၏။ သို့ ရာတွင် သူသည်
လောက၏ အမှန်တရား ရှာဖွေရေးကိစ္စနှင့် ပက်သက်၍
သူနှင့် ဆိုင်သည်ဟု ခံယူချက် လုံးဝမရှိ။

ထို့ ကြောင့် စုန္ဒသည် မည်သည့်ဘာသာရေးဂိုဏ်း၏
ဝါဒ၌မျှ သက်ဝင် ယုံကြည်ခြင်း မရှိသဖြင့် သူ့ ကို ဘာသာမဲ့
ဟု ဆိုရ၏။ ထိုခေတ်၌ စုန္ဒလို ဘာသာမဲ့ပေါင်း များစွာ ရှိနိုင်ပါ၏။
သို့ ရာတွင် ပိဋကတ်စာပေ၌ စုန္ဒလို မှတ်တမ်းတင်ခံရလောက်အောင်
မိုက်မဲ၍ ရက်စက်ကြမ်းကြုတ်သူ ရှား၏။

စုန္ဒ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ၀က်သားပေါ်၍
ရောင်းဝယ်သော လုပ်ငန်းဖြစ်၏။ စုန္ဒသည် ၀က်ပေါက်စများကို
ဝယ်၍ သူ့ အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီးတစ်ခုကို
ဆောက်၍ မွေးမြူထား၏။ ၀က်ပေါက်စများကို ၀ယ်သည်
ဆိုသော်လည်း ငွေဖြင့် ၀ယ်သည်မဟုတ်၊ စပါးဖြင့်
ဝယ်သည်ဆိုသော်လည်း တန်ရာတန်ကြေးပေး၍
ဝယ်သည်မဟုတ်၊ များစွာ ဈေးနှိမ်၍ ၀ယ်ခြင်း ဖြစ်၏။
စုန္ဒသည် ၀က်ကုန်သည်လောက၌ သူ့ နည်းသူ့ ဟန်အရ
ကျွမ်းကျင်သူ ဖြစ်၏။

စပါးများပေါ်ချိန်တွင် စပါးများကို ၀ယ်ယူစုဆောင်း၏။
စပါးရှားချိန်သို့ ရောက်သောအခါ စုန္ဒသည် တစ်ရွာဝင်
တစ်ရွာထွက်ဖြင့် ၀က်ပေါက်စများကို ငွေသားမပေးဘဲ
စပါးပေးကာ ၀ယ်ယူ၏။ ထိုထိုဒေသရှိ ၀က်မွေးမြူရေး
သမားများကလည်း စုန္ဒပေးသည့် ဈေးအတိုင်းပင်
ရောင်းလိုက်ရ၏။ စုန္ဒသည် ၀က်မွေးမြူရေးသမားများ၏
အခြေအနေကို သိ၏။ မရောင်းလျှင် မဖြစ်နိုင်သော
အခြေအနေသို့ ရောက်နေသော ၀က်မွေးမြူရေးသမားများ
ထံမှသာ ၀က်ပေါက်စများကို သူပေးချင်သည့် ဈေးအတိုင်း
ပေး၍ ၀ယ်ယူ၏။ နောက် သူကပင် ကရုဏာရှေ့ ထား၍
ဝယ်လိုက်သည့် သဏ္ဍာန်ကို ဆောင်လိုက်သေး၏။
ဝက်မွေးမြူရေးသမားများက စုန္ဒကိုပင် ကျေးဇူးတင်လိုက်ရသေး၏။
ထို့ ကြောင့် ၀က်ကုန်သည်လောက၌ စုန္ဒကို အရောင်းအ၀ယ်
ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်၏။ ၀က်ရောင်းဝယ်ရေး
လုပ်ငန်း၌ အလွန်တော်သော စုန္ဒ။

စုန္ဒသည် ဘ၀ကို အတ္တရှုထောင့်မှ ကြည့်သူ ဖြစ်၏။
အတ္တရှုထောင့်မှ ကြည့်လေသောအခါ သူ၏ဘ၀အတွက်
အရာရာတိုင်း၌ အသာစံ ခြင်း သဘောကိုသာ တွေ့ ရ၏။
သူ့ ၌ တရားသည် မတရားသည်ဟူ၍ ပုံသေ သတ်မှတ်ချက်
မရှိ။ သူ့ ဘ၀အတွက် ရလျှင် တရား၏၊ မရလျှင် မတရား၊
လုယူ၍ပဲ ရရ၊ လိမ်ယူ၍ပဲ ရရ၊ ရလျှင် တရားသည်သာ ဖြစ်၏။
ထို့ ကြောင့် သူသည် ကုသိုလ်၌လည်း မယုံကြည်၊
အကုသိုလ်၌လည်း မယုံကြည်၊ စုန္ဒသည် အတ္တရှုထောင့်မှသာ
ဘ၀ကို ကြည့်သူ ဖြစ်သောကြောင့် သူ့ ကိုယ်ကိုသာ သူယုံ၏။
အခြား မည်သူ့ ကိုမျှ သူမယုံကြည်။ ဘာသာတရားများ၏
သွန်သင်ချက်၌လည်း သူ မယုံ၊ ပတ်ဝန်းကျင်၌လည်း သူမယုံ၊
စုန္ဒသည် သူ၏ဘ၀အတွက် အရာရာတိုင်းကို သာယာဖွယ်အဖြစ်သာ
မြင်၏။ အကယ်၍ သူ၏ ဘ၀အတွက် မသာယာဖွယ်ဖြစ်သော
အဟန့် အတားတစ်ခုခုကို တွေ့ ရပါက ယင်းအဟန့် အတားမှ
ထွက်မြောက်ရာကိုသာ အကြမ်းနည်းဖြင့် ဖြစ်စေ၊ အနုနည်းဖြင့်
ဖြစ်စေ ဖြစ်သည့်နည်းဖြင့် ထိုမသာယာဖွယ်ဖြစ်သော
အဟန့် အတားကို ဖယ်ရှားပြီး ထွက်မြောက်ရာကို
ရအောင်ယူမည် ဖြစ်၏။

စုန္ဒသည် သူ့ ဘ၀အတွက် သာယာဖွယ်ကို ရှာရာ၌လည်းကောင်း
မသာယာဖွယ် အဟန့် အတားကို ဖယ်ရှားရာ၌လည်းကောင်း၊
ထွက်မြောက်ရာကို ရအောင်ယူရာ၌လည်းကောင်း ဓမ္မနှင့်
အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်တို့ နှင့် ပက်သက်၍ ပုံသေ
သတ်မှတ်ချက် မရှိ၊ အသာရလျှင် ပြီးရောဟူသော
ခံယူချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်သူ ဖြစ်၏။

ဘ၀ကို အနတ္တရှုထောင့်မှ ကြည့်လျှင်မူ တစ်မျိုးမြင်၏။
အနုဋီကာဆရာ၏ သြ၀ါဒအရ (၁) မြင့်မြတ်သော
စိတ်နေစိတ်ထားရှိခြင်း၊(၂) စဉ်းစဉ်းစားစားလုပ်တတ်ခြင်း၊
(၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ဟူသော အင်္ဂါသုံးရပ်နှင့်
ပြည့်စုံသော လုပ်ငန်းမှ ပေါ်ထွက်လာသော အကျိုးတရား
သည်သာလျှင် သာယာဖွယ် ဖြစ်၏။
အရိယသစ္စာအမြင်ဖြင့် ဘ၀ကို မမြင်နိုင်သေးသရွေ့ 
ကာလပတ်လုံး ပုထုဇဉ်တို့ ၏ အမြင်သည် ဆင်ကိုစမ်းသော
မျက်မမြင်ပုဏ္ဏား ခြောက်ယောက်တို့ ၏ အမြင်များကဲ့သို့ 
မပြည့်စုံသော အမြင်၊ သို့ မဟုတ် မှားယွင်းသော အမြင်ချည်း
ဖြစ်၏။ ယင်းအမြင်မျိုးကို ၀ိပ္ပလ္လာသဟု ခေါ်၏။
ထို့ ကြောင့် ပုထုဇဉ်ဟူသမျှသည် မည်မျှပင် ပညာရှိသည်ဖြစ်စေ
သူ၏ အမြင်၌ တစ်နည်းတစ်ဖုံအားဖြင့် မသာယာဖွယ်ပါမည်သာ
ဖြစ်၏။ ထိုမသာယာဖွယ်ကိုလည်း အနုဋီကာဆရာ၏ သြ၀ါဒ
အတိုင်း ဖယ်ရှား၍ ယင်းမှ ထွက်မြောက်ရာကို ရအောင်ယူရ၏။
ယင်း၏ အဖြေ၊ ယင်းမှ ထွက်ပေါက်ကို ရှာ၍ ထွက်ရ၏။

မသာယာဖွယ် သို့ မဟုတ် အဟန့် အတားကို ဖယ်ရှားရာ၌
ပထမ အခြေခံအနေဖြင့် မြင့်မြတ်သော စိတ်ထားရှိဖို့ 
လို၏။ ထို့ နောက် ဖြစ်ပေါ်လာသော အဟန့် အတားကို
အဘက်ဘက်မှ စူးစမ်းဆင်ခြင်နိုင်ဖို့ လို၏။ နောက်ဆုံး
အချက်အနေဖြင့် ဖယ်ရှားနည်း ဖယ်ရှားဟန် မှန်ဖို့ လို၏။
သို့ မှသာ မသာယာဖွယ် တည်းဟူသော အဟန့် အတားမှ
ထွက်မြောက်ရာကို ကျေကျေနပ်နပ် ရရှိနိုင်မည် ဖြစ်ပါ၏။
သို့ မဟုတ်ပါက နောက်ကြောင်းမအေးဘဲ စိတ်တထင့်ထင့်
ဝေဒနာကို ခံစားနေရပေလိမ့်မည်။

စုန္ဒကား ထိုနည်းကို မသုံး၊ ဘာပဲဖြစ်ဖြစ် သူ့ ဘက်မှ
အသာရသော နည်းကိုသာ သုံး၏။ အနာခံရသော နည်းကို
မသုံး၊ သူ အသာစီးရသော သဘောတရားကိုသာ သုံး၏။
စုန္ဒသည် သူ့ ဘ၀အတွက် အမြဲတမ်း သာယာဖွယ်ကိုချည်း
ရှာသူ ဖြစ်၏။

စုန္ဒသည် မတန်တဆဈေးဖြင့် အနယ်နယ်အရပ်ရပ်မှ ၀ယ်ယူ
လာသော ၀က်ပေါက်စများကို သူ့ အိမ်နောက်ဘက်ရှိ ၀က်ခြံကြီး
ထဲ၌ လှောင်ထား၏။ သတ်ဖြတ်လောက်သော အရွယ်သို့ 
မရောက်မချင်း စုန္ဒသည် ၀က်များကို ကောင်းမွန်စွာ ကျွေးမွေး၏။
ဝက်များ ၀ဖြိုး အသားတိုးမှ အရောင်းအ၀ယ်လုပ်ရာ၌
အမြတ်များများရသည်ကို စုန္ဒသိ၏။ ထို့ ကြောင့် စုန္ဒသည် ၀က်များကို
အစာကျွေးရာ၌ ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြုလုပ်၍ ကျွေးပါ၏။

စုန္ဒသည် ၀က်မွေးမြုရေးလုပ်ငန်းဖြင့် အသက်မွေးသော်လည်း
စုန္ဒတစ်အိမ်တည်း လွင်တီးခေါင် နေသည်မဟုတ်၊
ရွာထဲရပ်ထဲ၌ပင် နေ၏။ ရွာထဲ ရပ်ထဲ၌ နေသည်ဆိုကတည်းက
စုန္ဒသည် လူ့ အဖွဲ့ အစည်းတွင်ရှိသော လူမှုရေး၊ နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာရေး စသော ရေးရာအဖြာဖြာ
တို့ နှင့် မလွဲမသွေ ကြုံကြုံက်ရ၏။

ထိုသို့ ကြုံကြိုက်ရာတွင် လူမှုရေးအရလည်း လူသားအချင်းချင်း
ဆက်ဆံရ၏။ နိုင်ငံရေးအရလည်း နိုင်ငံသားအချင်းချင်း ဆက်ဆံရ၏။
စီးပွားရေးအရလည်း ရောင်းသူနှင့် ၀ယ်သူအချင်းချင်း ဆက်ဆံရ၏။
ဘာသရေး၌ကား ထိုကဲ့သို့ မဟုတ်၊ တစ်ဦးတည်း တစ်ယောက်တည်း
လုပ်ရ၏။ တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှလည်း ဆိတ်ငြိမ်ရာကို
ရ၏။ ဆိတ်ငြိမ်ရာကို ရမှလည်း ပို၍ ထိရောက်၏။

ဘာသာရေးသည် အခြားတစ်ဘက်ကို မငဲ့သော၊ ဆက်ဆံရေးနှင့်
မပက်သက်သော ပုဂ္ဂလိက လုပ်ငန်းသဘောမျိုး သက်ရောက်သဖြင့်
အခြားသော နိုင်ငံရေး၊ စီးပွားရေး စသော ရေးရာများလောက်
အရေးမကြီးဟု ထင်မှားတတ်ကြ၏။ အမှန်အားဖြင့် ဘာသာရေးသည်
လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာနကျ၏။
ကိုယ်ကျင့်တရားကောင်းသော လူတစ်ဦးချင်းစီ ပါဝင်ဖွဲ့ စည်းထားသော
လူ့ အဖွဲ့ အစည်းသာ လူ့ လောက အေးချမ်းသာယာရေးအတွက်
ဆောင်ရွက်နိုင်မည် ဖြစ်၏။

စုန္ဒသည် ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက် ဘာသာရေး
ဟူသမျှ၌ စိတ်ဝင်စားဖြင်း မရှိသဖြင့် သူ့ ၌ ကောင်းသော ကိုယ်ကျင့်တရား
မရှိ၊ ထို့ ကြောင့် စုန္ဒသည် ရပ်ထဲရွာထဲ၌ နေသော်လည်း သူ၏
အိမ်နားပတ်ဝန်းကျင်အပေါ် ငဲ့ညှာထောက်ထားရမှန်း မသိ၊ အားနာရမှန်းမသိ၊
သူလုပ်ချင်သည့် လုပ်ငန်းကို ဇွတ်တရွတ် လုပ်၏။ အမှန်အားဖြင့်
စုန္ဒသည် လူမဟုတ်သော လူဖြစ်၏။

စုန္ဒသည် သတ်ဖြတ်သင့်သော အခြေအနေသို့ ရောက်သော ၀က်များကို
သတ်ဖြတ်၍ ရောင်း၏။ သို့ ရာတွင် စုန္ဒ ၀က်သတ်နည်းကား
ယခုခေတ် ၀က်သတ်နည်းနှင့်မတူ၊ စုန္ဒသည် ၀က်များကို တိုင်၌
ချည်နှောင်၏။ မရုန်းနိုင်အောင် လုပ်၏။ ထို့ နောက် တင်းပုတ်နှင့်
ထု၏။ အသားများ ဖူးဖူးရောင်လာအောင် ပြုလုပ်ခြင်း ဖြစ်၏။
ထိုအခါ ၀က်များသည် အလွန်ဝလာဟန် ရှိ၏။ ထို့ နောက် စုန္ဒသည်
ဝက်များ၏ အာခေါင်ကို တုတ်နှင့်ထောက်ထား၏။
ဝက်များ၏ ပါးစပ်သည် ပွင့်ဟ၍ နေ၏။

စုန္ဒသည် ၀က်များ၏ ပါးစပ်ထဲသို့  ကျိုက်ကျိုက်ဆူနေသော
ရေနွေးကို လောင်းထည့်၏။ ၀က်များ၏ ခန္ဓာတွင်းမှ မစင်များကို
အရည်ပျော်၍ ထွက်သွားအောင် လုပ်၏။ ဤသို့ ရေနွေး
ကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်၏။
ဝက်များ၏ အူအတွင်းမှ ကျဆင်းလာသော အရည်သည်
ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်၏။
စုန္ဒ၏ ၀က်သတ်နည်းသည် တွေးကြည့်လျှင်
ကြက်သီးမွေးညင်း ထဖွယ်ကောင်းလောက်အောင်
ရက်စက်လှသည်။ စုန္ဒ၏ အိမ်နီးနားချင်းနေ လူများ
အဖို့ တော့ မည်သို့ ခံစားရမည် မသိ။

စုန္ဒသည် မည်သူ့ ကိုမျှ အရေးထားသည် မဟုတ်။
သူလုပ်ချင်သည့်အတိုင်း လုပ်သူဖြစ်၏။ စုန္ဒ၏
အိမ်နားတွင် မနေလိုပါက ပြောင်းရွှေ့ သွားရုံသာရှိ၏။
မမြင်လိုပါက မျက်စိကို ပိတ်ထားရုံသာ ရှိ၏။
မကြားလိုပါကလည်း နားကို ပိတ်ထားရုံသာ ရှိ၏။
စုန္ဒကတော့ မည်သူ့ ကိုမျှ အလေးထား၍
စဉ်းစားမည် မဟုတ်။ စုန္ဒ၏ အိမ်နားမှ ပြောင်းရွှေ့ မသွားနိုင်
ကြသူများသည် စုန္ဒကို လျစ်လျူရှုရုံမှတစ်ပါး
အခြားနည်းလမ်းများ မရှိတော့။

ဤနည်းအတိုင်း စုန္ဒသည် ၅၅ နှစ်တိုင်တိုင် ၀က်လုပ်ငန်းဖြင့်
အသက်မွေးမြူ၏။ ထိုကာလအတွင်း စုန္ဒသည် ၀က်များကို
သတ်ရာ၌ အလွန်ပျော်၏။ ၀က်များကို တင်းပုတ်ဖြင့် ထုသောအခါ
ဝက်များအော်ဟစ်ကြသည်ကို ကြားရလျှင်လည်း စောင်းသံကို
ကြားရသည်နှယ် အလွန်ပီတိဖြစ်၏။ ကျိုက်ကျိုက်ဆူနေသော
ရေနွေးများကို ၀က်များ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါ
ဝက်များ စူးစူးဝါးဝါး အော်ဟစ်ကြသည်ကို ကြားရသောအခါလည်း
စုန္ဒသည် အလွန်နားထောင်ကောင်းသည်ဟု ထင်၏။

တစ်နေ့ တွင် စုန္ဒသည် မမာမကျန်းဖြစ်၏။ လောကအေပါ်
အနိုင်ယူခဲ့သမျှ ခုတော့ စုန္ဒသည် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရလေပြီ။
၅၅ နှစ်လုံးလုံး ၀က်များအပေါ် စုန္ဒပြုမူခဲ့သည့်အတိုင်း အ၀ီစိ
ငရဲမီးလျှံသည် စုန္ဒဆီသို့  ရောက်လာ၏။ စုန္ဒသည်
ပူလောင်ခြင်း ဝေဒနာကို ပြင်းပြစွာ ခံစားရ၏။
ဝက်များသွားသည့်အတိုင်း လေးဘက်ထောက်၍ သွားရ၏။
ဝက်များ အော်ဟစ်သည့်အတိုင်း ဆူညံစွာ ၀က်သံဖြင့်
အော်ဟစ်ရ၏။

အကုသိုလ်ဟူသည် ဓမ္မနိယာမအတိုင်း တူသော အကျိုးကို
ပေး၏။ ကုသိုလ်သည်လည်း ထိုနည်းအတူပင် တူသောအကျိုးကို ပေး၏။
ဤနေရာ၌ကား စုန္ဒသည် သူ့ ဘ၀သက်တမ်းတစ်လျှောက်လုံး
ကုသိုလ်ကောင်းမှုဟူ၍ ဘာမျှ မပြုလုပ်ခဲ့သည့်အတွက် ကုသိုလ်နှင့်
ပက်သက်၍ တူသော အကျိုးပေးစရာ ဘာမျှ မရှိ၊ အကုသိုလ်ကသာ
တူသော အကျိုးပေးစရာ ရှိလေသည်။

စုန္ဒ၏ ကိုယ်၌ အနာတို့ သည် ဖူးဖူးရောင်ထကြကုန်၏။
အ၀ီစိ ငရဲမီးလျှံသည် စုန္ဒကိုယ်ပေါ်လွှမ်းခြုံထား၏။
စုန္ဒသည် သတိလွတ်ကင်း၍ အိမ်၏ အတွင်း၌ ဟိုမှသည်မှ
လှည့်လည်ပြေးသွား၏။ အိမ်သူအိမ်သားတို့ ကလည်း
စုန္ဒ အဝေးသို့ ထွက်မပြေးနိုင်စိမ့်သောငှာ အိမ်တံခါးကို
လုံခြုံစွာ ပိတ်ထားကြ၏။ လုံခြုံစွာ ပိတ်၍ထားသော
အိမ်အတွင်း၌ စုန္ဒသည် ၀က်ခြံတွင်း၌ အသတ်ခံရမည့် ၀က်များ
ထွက်ပေါက်ကို ရှာသကဲ့သို့  လှည့်လည်၍ ထွက်ပေါက်ရှာ၏။

စုန္ဒသည် ၀က်၏အော်သံဖြင့် ဆူညံစွာ အော်ဟစ်လျက် နေ၏။
စုန္ဒသည် အရှင်လတ်လတ် ပူပြင်းလှသော အ၀ီစိငရဲမီးဒဏ်ကို
ပြင်းထန်စွာ ခံစားရ၏။ အိမ်နီးပါးချင်းတို့ သည် စုန္ဒ၏ အော်သံကြောင့်
အိပ်၍မရဘဲ ရှိကြ၏။ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်များကို သူသတ်စဉ်က
ဝက်များခံစားရသည့်အတိုင်း ခံစားရ၏။ ၀က်များ ပြေးပေါက်ရှာသည့်အတိုင်း
သူလည်း ပြေးပေါက်ကို ရှာရ၏။ ၀က်များ နာကျင်စွာ ခံစားရသော
ဝေဒနာကြောင့် အော်ဟစ်ရသကဲ့သို့  စုန္ဒသည် အော်ဟစ်ရ၏။
ရ ရက်တိုင်တိုင် စုန္ဒသည် အရှင်လတ်လတ် လူ၏ ခန္ဓာဖြင့်
အ၀ီစိငရဲ၏ ဒဏ်ကို ခံစားရပြီးနောက် သေဆုံး၍ အ၀ီစိငရဲ၌
ကျရောက်လေ၏။ စုန္ဒ၏ အိမ်နီးပါးချင်းတို့ သည်
များစွာ ထိတ်လန့် ကြ၏။

စုန္ဒ၏ အိမ်အနီးမှ ဖြတ်၍သွားကြသော ရဟန်းတို့ က
မြတ်စွာဘုရားအား လျှောက်ထားကြ၏။ စုန္ဒ၏ အိမ်၌ ၇ ရက်
ပတ်လုံး ၀က်များ သတ်နေသည့် အသံကို ကြားရပါသည်။
စုန္ဒသည် အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပါသည်။
ဤမျှလောက် ရက်စက်ကြမ်းကြုတ်သောသူ တစ်စုံတစ်ယောက်ကိုမျှ
တပည့်တော်တို့  မတွေ့ ရဘူးပါဟု လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ချစ်သားရဟန်းတို့ ၊ စုန္ဒသည်
၇ ရက်ပတ်လုံး ၀က်တို့ ကို သတ်နေသည်မဟုတ်၊ ၅၅ နှစ်တို့ 
ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည်
ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား တူသောအကျိုးကို ပေးခြင်းဖြစ်၏။
ယနေ့ တွင်မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ ကျသွားခြင်း
ဖြစ်သည်ဟု မိန့် တော်မူကာ အောက်ပါဂါထာကို ဟောတော်မူ၏။

- မကောင်းမှုကို ပြုသူသည်
ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။

- နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။

- ထိုသူသည် မိမိ၏ ညစ်ညမ်းသော အကုသိုလ် ကံကြမ္မာကို
မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ - စုန္ဒ၀က်ကုန်သည် ၀တ္ထု မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

Posted by drmyochit Friday, October 18, 2013, under | No comments


အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲ မှုများ အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏ အကွက် ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပြီးခဲ့သော ရက်များအတွင်းက ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု အပြီးတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ များတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဗုံးလန့်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပြီး ပေါက် ကွဲမှု များကြောင့် တောင်ငူမြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နမ့်ခမ်းမြို့ တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် အောက်တိုဘာ ၁၇ ရက် နံနက် အစောပိုင်း ပေါက်ကွဲ မှုကြောင့် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ယခုကဲသို့ တိုင်းပြည်၏ နေရာအနှံ့တွင် ပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် အများပြည် သူမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြပြီး တရားခံ အစစ်အမှန် ပေါ်ပေါက်လာစေရန်အတွက် သက်ဆိုင် ရာက အမြန်ဆုံး ဖော်ထုတ်ပေးရန် လိုလားလျက် ရှိနေကြသည်။ ယခုဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှုများ အပေါ် တိုင်းရင်းသား အဖွဲ့များ အပါအ၀င် လူမှုရေးနှင့် နိုင်ငံရေး နယ်ပယ်မှ လူပုဂ္ဂိုလ် အချို့အား ဆက်သွယ် မေးမြန်းခဲ့ရာတွင် (၁) KNU အစရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (၂) မွတ်စလင် အစွန်းရောက်များ (၃)အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုကို မလိုလားသူများနှင့် (၄) အင်အားကြီး နိုင်ငံတစ်ခုနှင့် ပတ်သက်မှုများ ရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။

KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ယခုဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည်ကို KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ''ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့တွေကိုတော့ လိုလိုလားလား ရှိတယ်ဗျ။ အဲဒီလို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပဲ။ အဲဒီတွေ့ဆုံ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်တွေပေါ့ဗျာ။ အားမလို အားမရ တာတွေတော့ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်တဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ'' ဟု KNU တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က ပြောကြားသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး နမ့်ခမ်းဒေသတွင် လှုပ်ရှားနေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကလည်း ယခုဖောက်ခွဲမှုများသည် တိုင်းရင်းသား အဖွဲ့များ၏ ဖောက်ခွဲမှု မဖြစ်နိုင်ကြောင်းနှင့် (TNLA) အနေဖြင့် လူထုရှိနေသော နေရာတွင် ဗုံးဖောက်ခွဲမှုများအား ရှုတ်ချကြောင်း ပြောကြားသည်။

''တိုင်းရင်းသားတွေ အားလုံးက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှေးရှုနေကြတယ်။ ဒီဖြစ်စဉ်တွေက မဖြစ်သင့်တဲ့ ဖြစ်စဉ်တွေပါ။ ဘာကြောင့် ဖြစ်သလဲ ဆိုတာကတော့ သုံးသပ်ရ ခက်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် လူမျိုးရေး ဘာသာရေး အုံကြွမှုတွေ ဖြစ်လာမှာစိုးတယ်'' ဟု ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ''တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တရားဝင် အဖွဲ့အစည်းတွေက အင်နဲ့အားနဲ့ ဆောင်ရွက်နေတဲ့ အချိန်မှာ သင်းကွဲသွားတဲ့ ပုဂ္ဂိုလ်တွေ၊ အုပ်စုတွေကနေ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဖျက်ဆီးချင်တာလည်း ပါမှာပေါ့။ သူတို့ အကျိုးစီးပွားလည်း ပါမှာပေါ့။ အဲဒီတော့ ပြည်တွင်းကနေ နိုင်ငံ့ဂုဏ်ရည်ကို ထိခိုက်အောင်လုပ်တဲ့ အင်အားစုတွေနဲ့ ပြည်ပကနေ ဒို့တိုင်းပြည် တိုးတက်ဖွံ့ဖြိုး လာမှာကို မလိုလားတဲ့ အစုအဝေးတွေ ပေါင်းစည်းပြီး ဒီလိုချောက်ချားအောင် ဗုံးခွဲမှုတွေ လုပ်လာတာပေါ့'' ဟု ပြောကြားသည်။

''အခုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရင်ကောင်းမလား၊ အသစ်ရေးရင် ကောင်းမလားဆိုပြီး လူထုရဲ့ သဘောတွေကို ကောက်ယူနေတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှာ ဗုံးခွဲမှုတွေ အမြောက်အမြား ပေါ်လာတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်မဆင်ဘဲနဲ့ ဆက်လက် ထိန်းသိမ်း ထားချင်သူတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ အကျိုးအမြတ်တွေ အကြီးအကျယ် ရရှိနေတဲ့ သူတွေ အဲဒီလို လူမျိုးတွေရဲ့ လက်ချက်များ ဖြစ်မလားလို့ သံသယ ဖြစ်မိတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်တဲ့ သူတွေလို့ ပြောတဲ့အခါမှာ ဘယ်သူတွေဖြစ်မယ် ဆိုတာတော့ ပြည်သူလူထု တစ်ရပ်လုံးက သိပြီးသားပါ'' ဟု ကယန်းပြည်သစ် ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က သုံးသပ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ကိုမြင့်အောင်က ''အခုအချိန်အထိ ရုတ်တရက် ပြောရမှာ စောတယ်။ ဒါပေမဲ့ အချိန်ကိုက် ဖြစ်နေတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံးရေချိန်ကို ရောက်နေတာ ဖြစ်တယ်။ တည်ငြိမ်နေတာကို ပျက်ပြားစေတဲ့ သဘောဖြစ်တယ်။ တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ သူတွေလို့ပဲ ပြောရမှာပါ။ တရားဥပဒေ စိုးမိုးမှုကလည်း အားနည်းတယ်။ လုံခြုံရေး အားနည်းတယ်။ စနစ်တကျ လုပ်တဲ့လုပ်ရပ် ဖြစ်တယ်လို့တော့ ယူဆတယ်။ ခိုင်မာတဲ့ အဖွဲ့အစည်းက စနစ်တကျ လုပ်တယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။

''အရင်ကလည်း ဗုံးဖောက်ခွဲမှုတွေ အများကြီး ဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အမျိုးမျိုးသော ကောလာဟလတွေ၊ စွပ်စွဲတာတွေ၊ သတင်းထုတ်ပြန်တာတွေ အမျိုးမျိုးလည်း ကြုံခဲ့ဖူးပြီ။ ဒါပေမဲ့ အခုလိုမျိုး ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက် ဖြစ်တာမျိုးကတော့ အခု တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ တက်တက်ကြွကြွ ပြောလာကြတာမှာ အဖွဲ့အစည်းတွေ သက်သက်တင် မဟုတ်တော့ဘဲ လူထု လူတန်းစား အသီးသီး ပါလာတာကတော့ နိုင်ငံရေးအရ ဗုံးခွဲမှုတွေ ဖြစ်လာတာလားလို့ သံသယ ရှိလာတယ်။ တိုက်ဆိုင်မှုလို့ ပြောဖို့ကလည်း တော်တော်ခက်နေတယ်။ အဲဒါကြောင့် နိုင်ငံရေး ဆက်စပ်မှု၊ လှည့်ကွက်တွေရှိလား ဆိုတာကို ထင်လာတယ်။ ဒါပေမဲ့ အထောက်အထားတွေတော့ မရှိပါဘူး။ အရင်ကလည်း ကေအင်န်ယူနဲ့ တချို့အဖွဲ့တွေကို စွပ်စွဲတာတွေရှိတယ်။ ဒါပေမဲ့ အခု ဖမ်းထားတာတွေကလည်း ကျိန်းသေဆိုတာ လက်ခံဖို့ခက်တယ်'' ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

ယခုဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုကလည်း ''အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မွတ်စလင် အစွန်းရောက် သမားတွေ မဖြစ်နိုင်သလို အနောက်နိုင်ငံ ကြီးတွေကလည်း မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ မွတ်စလင် အကြမ်းဖက် ဆိုတာလည်း မရှိပါဘူး။ အခုပေါက်ကွဲ မှုတွေကို ပြန်ကြည့်မယ်ဆိုရင် တအားကို လွယ်ကူနေတာကို တွေ့ရတယ်။ကျွန်တော့်အမြင် ပြောရရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မယ့်ကိစ္စနဲ့ သက်ဆိုင်နေတယ်လို့ ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေ၊ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ သူတွေက အများပြည်သူတွေကို ထိတ်လန့်အောင် ဗုံးဖောက်ခွဲမှုတွေနဲ့ ပဋိပက္ခတွေနဲ့ အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်ပြီး ပြည်သူတွေက အစိုးရိမ်လွန်ကဲပြီး အရင်စစ်အစိုးရကို ပြန်အားကိုးချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် ပြုလုပ်နေတယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းအပြီး နောက်တွင် ပေါက်ကွဲမှု အများအပြား ဖြစ်ပေါ်ခဲ့သော်လည်း တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသည့် ပေါက်ကွဲမှု အများအပြား ရှိခဲ့သည်။ ယခု ပေါက်ကွဲမှု ဖြစ်စဉ်များမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများတွင် နေရာဒေသ အများအပြားတွင် ရက်ဆက် ပေါက်ကွဲခဲ့သည့် ပထမဆုံးသော ပေါက်ကွဲမှု ဖြစ်စဉ်များလည်း ဖြစ်သည်။

(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))


Eleven Media Group

နှစ်တန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် နေ့/စား လပေး ကျောင်းဆရာကို ဖမ်းဆီး

Posted by drmyochit Friday, October 18, 2013, under | No comments


အသက် ခုနစ်နှစ်ခွဲသာ ရှိသေးသည့် နှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ထွက်ပြေး တိမ်းရှောင်နေ သည့် ကျောင်းဆရာကို ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲတင်ထားသည်ဟု ထန်းတပင်ရဲစခန်းက ဆိုလိုက်သည်။

အဆိုပါ အမှုကို ကိုင်တွယ်နေသည့် ရဲအုပ် ၀င်းညွန့်က “အဲဒီကျောင်းဆရာကို မိထားပြီးပါပြီ၊ အခု တရားစွဲ တင် ဆောင်ရွက်ထားပါတယ်” ဟု အောက်တိုဘာ ၁၇ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုပြောခဲ့ သည်။

အဆိုပါ တိုင်တန်းမှုမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် လွန်ခဲ့သည့် စက်တင်ဘာ ၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်မိသားစုက စက်တင်ဘာ ၉ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းထားခြင်းလည်းဖြစ်သည်။

ကျေးရွာတွင် ကျူရှင်ဆရာအဖြစ် သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးထံ ကလေးငယ်အား ပညာသင်ကြားပေးရန်အတွက် အပ်နှင်းထားရာမှ ယခုကဲ့သို့ ကြံစည်ခံရခြင်းဖြစ်သည်ဟု ကြံစည်ခံရသူ ကလေးငယ်၏ အဖွားဖြစ်သူက အခင်းဖြစ်စဉ် ရက်ပိုင်းအတွင်းတွင် မဇ္ဈိမကို အတည်ပြု ပြောပြထားသည်။

“ကျွန်မတို့ အဲဒီကျောင်းဆရာကို အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်တိုင်တန်းထားပါတယ်” ဟု အဖွားဖြစ်သူက ပြောပြခဲ့သည်။

ယင်းနေ့ညက ၇နာရီခွဲကျော် အချိန်ခန့်တွင် သမီးငယ်လေးအား စာသင်ကြားပေးနေသော အဆိုပါ ကျောင်းဆရာက
နေအိမ်မီးဖိုခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ရန် အတင်းကြံစည်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အတင်း ရုန်းကန်ပြီး နေအိမ်သို့အရောက် ပြေးလာခဲ့သည်ဟုလည်း ကာယကံရှင် မိသားစု၏ ပြောပြချက်အရ သိရသည်။

ထို့နောက် အဆိုပါ ကျောင်းဆရာမှာ နေအိမ်ပေါ်ထိ လိုက်လာပြီး ကလေးငယ်အား မဟုတ်တာ မပြောရန်နှင့် သူ့ ကျူရှင်တွင် လာရောက်သင်ကြားခြင်းမပြုရန် ပြောကြားသဖြင့် ကာယကံရှင်မိသားစုက နှင်လွှတ်ခဲ့ရသည်ဟုလည်း ကလေးငယ်၏ အဖွားဖြစ်သူက ဆိုထားသည်။

ယင်းကြံစည်လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စွပ်စွဲတိုင်ကြားခံထားရသူမှာ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် တာဝန်ကျနေသော အသက်၂၀ ခန့်ရှိသူ နေ/စား လပေး ကျောင်းဆရာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

အဆိုပါ စွပ်စွဲခံထားရသူနှင့် ပတ်သက်၍ ထန်းတပင်ရဲစခန်းမှူး ဒု-ရဲမှူး သန်းဌေးက “တိုင်တန်းခံထားရသူက ထွက်ပြေးနေပါတယ်။ ကျွန်တော်တို့လည်း အပတ်တကုတ် လိုက်လံရှာဖွေနေပါတယ်” ဟုလည်း အမှုဖွင့် တိုင်တန်းထားစဉ်က ပြောခဲ့သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းအနေဖြင့် မှုခင်းအမှတ်စဉ် ၁၄၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိ၍ စစ်ဆေးပေါ်ပေါက်ပါကလည်း ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက်ထားရှိသည် ဟု တိုင်းရဲဌာနမှ တဆင့် သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး | Mizzima - News in Burmese

ဖြူးတွင် ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ

Posted by drmyochit Friday, October 18, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင် ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။

လူသတ်တရားခံများမှာ ရဲညွန့်(ခ)ဖထီး (၅၃)နှစ်(ဘ)ဦးသန်းနှင့် သိန်းထွန်းဦး(ခ) သံချောင်း(ခ)သံလုံး (၂၆)နှစ်(ဘ)ဦးတင်ဦး၊ လှေကားထောင်မြောင်၊ ငုပ်စွယ်စုံ၊ ရေသိုးရွာ၊ ကျီးမနိုးတောင်ပေါ် ကျေးရွာအုပ်စု နေသူတို့ ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် ည ၁၁ နာ ရီခွဲတွင် တရားခံများအား ဖမ်းဆီးရမိခဲ့သည်။

”သတ်တဲ့လူတွေရဲ့ ထွက်ဆိုချက်အရ ခေါင်းဖြတ် အသတ်ခံရတဲ့ ဦးဇော်မင်းက သူနဲ့အရက်အတူ သောက်နေတဲ့ လူတွေရှေ့မှာ သူ့မိန်းမကို မဖွယ်မရာတွေ လုပ်ခိုင်းတယ်။ အဲဒါကို သံချောင်းဆိုတဲ့ လူငယ်က မကျေနပ်တော့ ဦးဇော်မင်းကို နောက်ကျောဘက်ကနေ ၀ါးရင်းတုတ်နဲ့ အရင်ရိုက်တာ။ ပြီးမှ အဘွားကြီးကြောင့် အခုလိုဖြစ်ရတာဆိုပြီး အဘွားကြီးကိုပါ ဆက်ပြီးရိုက်တာ ပြီးတော့ ဦးဇော်မင်းရဲ့ဓားကို ဓားအိမ်ထဲက ဆွဲထုတ်ပြီး ရဲညွန့်ကို ပေးတယ်။ ရဲညွန့်က ဦးဇော်မင်းကိုရော သူ့မိန်းမကိုရော ဦးဇော်မင်းရဲ့ဓားနဲ့ ပြန်ထိုးခဲ့တာ၊ ခေါင်းပိုင်းကိုတော့ ရဲညွန့်က ဖြတ်ခိုင်းလို့ သံချောင်းက ဖြတ်ခဲ့တာ” ဟု အမှုစစ်ခေါင်းဆောင် ဒုရဲမှူးစံလှက ရှင်းလင်းခဲ့သည်။

လူသတ်မှု ကျူးလွန်သူ ကျူးလွန်သူများသည် အရှည် နှစ်ပေခွဲခန့်၊ လုံးပတ် ခြောက်လက်မ ၀န်းကျင်ခန့်ရှိ ၀ါးရင်းတုတ်နှင့် ခေါင်းဖြတ် အသတ်ခံရသည့် ဦးဇော်မင်း ကိုင်ဆောင်သည့် ဓားကောက်ချွန် တို့အား အသုံးပြု သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းပြတ်အား ပဲခူးရိုးမတောင်ပေါ် မြသိန်းတန်တောင်၏ အရှေ့မြောက်ထောင့် လျိုထဲတွင် ပစ်ထားခဲ့ကြောင်း၊ သွားရောက်ရှာဖွေရာ တွေ့ရှိခြင်း မရှိသေးကြောင်း၊ ထပ်မံရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒုရဲမှူး ဦးစံလှက သုံးသပ်ပြောကြားသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ဇဟားတံတား အောက်ခြေဇဟား ချောင်းစပ်တွင် အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုမှ လူသတ်တရားခံနှင့် အသတ်ခံရသည့် အမျိုးသမီး၏ အမည် နေရပ်လိပ်စာတို့အား ယနေ့တိုင် ဖော်ထုတ်ဖမ်းရမိခြင်း မရှိသေး သကဲ့သို့ ဧပြီ ၂၃ ရက် ညက ပြည်မြို့၊ န၀ဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သော သမီးရည်းစား စုံတွဲအား ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်တွင်လည်း ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

Source : EMG

LOVE & MARRIAGE မျိုးဘ၀မှာတော့ အချစ်က ၁၀၀ ရာခိုင်နှုန်း အရေးပါတယ် မယ်လိုဒီ

Posted by drmyochit Friday, October 18, 2013, under | No comments

လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာ ကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြ သလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

မြင်မြင်ချင်းမှာ စိတ်လှုပ်ရှား တာဖြစ်ဖူးတယ်
--------------------------------------------
မြင်မြင်ချင်းချစ်သွားတယ်ဆို တာမျိုးတော့မရှိပါဘူး။ တစ် ယောက်နဲ့တစ်ယောက်မသိဘဲ မြင် လိုက်တဲ့အချိန်မှာစိတ်လှုပ်ရှား တယ်။ နှစ်ကြာမှပြန်တွေ့တယ်။ ပြီး တော့ ကြိုက်သွားတယ်။ အဲဒီလို မျိုးတော့ ဖြစ်ဖူးတယ်။

အချစ်ဆိုတာ ဖျောက်ဖျက်လို့ မရဘူး
------------------------------------
မျိုးက ချစ်ချင်ရင်ချစ်တာပဲ။ လက်ခံထားတာတွေ၊ ခံယူထားတာ တွေမရှိဘူး။ အချစ်ဆိုတာ အချစ် ပဲ။ ဘာမှဖော်ပြလို့မရဘူး။ ငယ် ငယ်တုန်းကတော့ အချစ်ဆိုတာ လေးစားမှ၊ အထင်ကြီးမှတိွုျ့နျေသည တွေရှိခဲ့တယ်။ တကယ်တမ်း ကျတော့ ကိုယ်ချစ်တဲ့သူက လေး စားစရာမကောင်းရင်တောင် ချစ် တာကချစ်တာပဲ။ ကိုယ့်အပေါ်မ ကောင်းစေဦး၊ ရက်စက်စေဦးပေါ့။ အချစ်ဆိုတာ ဖျောက်ဖျက်လို့မှမရ တာ။

အချစ်ရဲ့အစွန်းတစ်ဖက်မှာ အမုန်းမရှိဘူး
--------------------------------------------
မျိုးက ကိုယ်ချစ်တာပဲစဉ်းစား တယ်။ သူများချစ်တာ၊ မချစ်တာ ကိုမစဉ်းစားဘူး။ သူများကိစ္စကိုဝင် မခံစားဘူး။ ကိုယ်ချစ်ချင်လား၊ ဒါ ဆိုချစ်တယ်။ အချစ်ကအချစ်ပဲ။ အချစ်ရဲ့အစွန်းတစ်ဖက်မှာ အမုန်း မရှိဘူး။ အချစ်ရဲ့အစွန်းတစ်ဖက်မှာ အမုန်းရှိရင် အချစ်ရဲ့ဂုဏ်သတ္တိတွေ ကပျောက်ကွယ်သွားမှာပေါ့။ အ ချစ်ရဲ့အစွန်းတစ်ဖက်မှာ အမုန်းရှိ တယ်တို့၊ ချစ်ခြင်းအစ မုန်းခြင်းက ဆိုတာတွေကို မျိုးလက်မခံဘူး။ အချစ်မှာအချစ်ရဲ့ဂုဏ်သတ္တိရှိ တယ်။ အမုန်းမှာလည်း အမုန်းရဲ့ ဂုဏ်သတ္တိရှိတယ်။ မျိုးဘ၀မှာတော့ အချစ်က ၁၀၀ ရာခိုင်နှုန်းအရေးပါ တယ်။

အချစ်ကိုဦးစားပေးတယ်
-------------------------
အချစ်နဲ့အိမ်ထောင်ပြုခြင်းက တိုက်ရိုက်အချိုးကျတယ်လို့မထင်ပါ ဘူး။ တချို့ကျတော့ မိဘပေးစား လို့ယူရတာရှိတယ်။ ကြာေးတာ့ သံ ယောဇဉ်ဖြစ်သွားတဲ့သူတွေလည်း ရှိတော့ရှိတယ်။ ဒါပေမဲ့ မျိုးကတော့ အိမ်ထောင်တစ်ခုကို အချစ်မပါဘဲ တည်ဆောက်မှာမဟုတ်ဘူး။ အချစ် ကိုဦးစားပေးတယ်။ အိမ်ထောင် တစ်ခုမှာ အရေးကြီးတာက ချစ် ခြင်းမေတ္တာပါ။

လင်နဲ့မယား လျှာနဲ့သွား
--------------------------
လင်နဲ့မယား၊ လျှာနဲ့သွားဆို တာ ပျော်စရာကောင်းမှာပါ။ ကိုက် မိတဲ့အချိန်ဆိုရင်တော့ နာမှာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က အမြဲ တမ်းရစ်သမ်ကျရင်တော့ မကိုက်မိ ဘူးပေါ့။ အိမ်ထောင်တစ်ခုမှာလည်း အချစ်က ၁၀၀ ရာခိုင်နှုန်းအရေးပါ တယ်။

ကလောင် - ကျော်မျိုးနိုင်
8 DAYS A WEEK ENTERTAINMENT

ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ်

Posted by drmyochit Friday, October 18, 2013, under | No comments

ဆီးရီးယားနိုင်ငံ Damascus မြို့တော် ဗုံးပေါက်ကွဲမှု (အောက်တိုဘာ ၁၅၊ ၂၀၁၃)


ကုလသမဂ္ဂ ဓါတုလက်နက် စစ်ဆေးရေးအဖွဲ့ တည်းခိုရာ ဒမတ်စကပ်စ်မြို့က ဟိုတယ်နားမှာ ကားဗုံး ကွဲပြီး မော်တာနဲ့ တိုက်ခိုက်ခံရတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတယ်လို့ ဓါတုလက်နက် ကျွမ်းကျင်သူ တွေက ပြောဆို လိုက်ပါတယ်။ လုံခြုံရေး စိတ်မချရပေမဲ့ စစ်ဆေးရေးမှူးတွေ အလုပ်မပျက်ကြတဲ့ အကြောင်း ဆီးရီးယားရောက် OPCW အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူ Malik Ellahi က ပြောဆိုလိုက် ပါတယ်။

OPCW အဖွဲ့ဟာ ဆီးရီးယားက တရားဝင်ကြေညာထားတဲ့ ဓါတုလက်နက် အစီအစဉ်ရှိတဲ့နေရာ ၁၁ နေရာ ကိုသွားရောက်စစ်ဆေးခဲ့ပြီး ၆ နေရာမှာ စက်ကရိယာယန္တယားတွေကို ဖျက်ဆီးခဲ့ပြီးဖြစ်တယ် လို့ ပြောပါတယ်။  OPCW ကိုယ်စားလှယ်အဖွဲ့ဟာ ပထမအကြော့ စစ်ဆေးရေးကို နိုဝင်ဘာလ ၁ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး ရှေ့နှစ်လယ်ကျင်တော့ ဆီးရီးယားရဲ့ ဓါတုလက်နက်အားလုံးကို ဖျက်ဆီးနိုင်ဖို့ ခန့်မှန်းထားပါတယ်။

တချိန်တည်းမှာဘဲ အဆိုပြုထားတာကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး ညီလာခံကို နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့မှာကျင်းပမယ်လို့ ဆီးရီးယား ဒုဝန်ကြီးချုပ် Qadri Jamil ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ပြုလုပ်မည်

Posted by drmyochit Friday, October 18, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဒေသကြီး အစိုးအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သိရသည်။

ဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူဟု ဖမ်းဆီးထားသူကို ကနဦး စစ်ဆေးရာတွင် ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားမှုကြောင့် ပြည်သူများ စိတ်ဝင်စားနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ ဗုံးတွေ့ရှိရသည့် ဖြစ်စဉ်များမှာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့မှုများ ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် သစ်လုံးတင်ကား နောက်တွဲအောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အသက်(၁၄)နှစ်အရွယ် ကလေး နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင်အတွင်း စားပွဲခုံနံပါတ်(၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲတွင်လည်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်း နံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Source : EMG

မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး

Posted by drmyochit Friday, October 18, 2013, under | No comments


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင်တွင် HIV/AIDS ရောဂါပိုး ကူးစက်ခံရ၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူသူမှာ တစ်လလျှင် ပျမ်းမျှ ၅၀ ဦးခန့် တိုးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးအေးကျော်က The Voice သို့ ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် များအတွင်းက နယ်စပ်နှင့် ရွှေတောများသို့ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူ များတွင် အဆိုပါ ရောဂါပိုးကို အများဆုံးတွေ့ရှိခဲ့ရာမှ ယခုနှစ်တွင် လူထုလူတန်းစား အသီးသီးတွင် တွေ့ရှိလာရကြောင်း မိတ္ထီလာမြို့ ပြည်သူ့ ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရောဂါဝေဒနာရှင် များအတွက် ART ဆေးများကို ဒေသကန့်သတ်ချက်မရှိ ပေးလျက်ရှိရာ မည်သည့်မြို့နယ်တွင် နေထိုင်သည်ဖြစ်စေ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ရုံးသို့ လာရောက် ဆက်သွယ်ပါက ဆေးထုတ်ပေးမည် ဖြစ်ပြီး အဆိုပါ ART ကာကွယ်ဆေးများ ပေးရန် အလုံအလောက်ရှိကြောင်း ဒေါက်တာအေးအေးကျော်က ဆိုသည်။

လက်ရှိ မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရသူ ၄၅၀ ဦးရှိပြီး ART ဆေးသောက်သုံးသူ ၃၈၁ ဦး၊ သာစည်မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦးရှိ၍ ART ဆေးသောက်သူ ၁၁၁ ဦး၊ ဝမ်းတွင်း မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦး အနက် ဆေးသောက်သူ ၁၁၀ ဦး၊ မလှိုင် မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၄၀ ဦးတွင် ဆေးသောက်သူ ၃၅ ဦး၊ ပျော်ဘွယ်မြို့နယ်၌ ရောဂါကူးစက်ခံရသူ ၁၂၄ ဦးရှိပြီး ဆေးသောက်သူ ၁၁၂ ဦး၊ ရမည်းသင်းမြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၀၀ ဦးရှိပြီး ဆေးသောက်သူ ၇၀ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။
By The Voice

ကျန်းမာရေးအတွက် သိထားသင့်သည့် လိင်မှတဆင့် ကူးစက်သောရောဂါများ၊ လက္ခဏာများနှင့် ဆေးနည်းများ

Posted by drmyochit Friday, October 18, 2013, under | No comments


၁။ Urethral discharge ဆီးလမ်းက တခုခုဆင်းခြင်း
၂။ Persistent urethral discharge ဆီးလမ်းကနေ အရည်တောက်လျှောက် ဆင်းနေခြင်း
၃ Genital herpes လိင်လမ်း ရေယုံ
၎။ Vaginal discharge ဗဂျိုင်းနာက အရည်ဆင်းခြင်း
၅။ Anorectal discharge စအိုလမ်းက အရည်ဆင်းခြင်း
၆။ Lower abdominal pain ဗိုက်အောက်ပိုင်းနာခြင်း
၇။ Scrotal swelling ကျား ကပ်ပယ်အိတ်ရောင်ခြင်း
၈။ Inguinal bubo ပေါင်ခြံအကျိတ်
၉။ Neonatal conjunctivitis မွေးစကလေး မျက်စိနာခြင်း
၁ဝ။ Genital warts လိင်လမ်း ကြွက်နို့
၁။ Urethral discharge ဆီးလမ်းက တခုခုဆင်းခြင်း

အများဆုံး ဖြစ်စေနိုင်တဲ့ပိုးတွေက (၁) Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး) နဲ့ (၂) Chlamydia trachomatis (ကလာမိုင်ဒီးယား-ထွိုက်ကိုမားတစ်) ပိုးတွေဖြစ်တယ်။ ပိုး ၂ မျိုးတွဲ ဖြစ်တာလဲ မနည်းဘူး။ ဆေးကုရင်လဲ ဒီ ပိုး ၂ မျိုးလုံးကျိုနိုင်တာ ပေးရမယ်။ ပိုး ၂ မျိုးလုံးကနေလဲ နောက်ဆက်တွဲ ဖြစ်လာစေနိုင်တာတွေလဲ ရှိတယ်။ HIV (အိတ်ခ်ျအိုင်ဗွီ) ဝင်လာစေဘို့ လမ်းကြောင်းပေးသလို ဖြစ်သေးတယ်။

• Gonococcal infection (ဂနိုးရီးယား) ပိုးအတွက် Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ceftriaxone 250 mg တခါတည်းထိုးပါ။
• Chlamydial infection (ကလာမိုင်းဒီးယား) ပိုးအတွက် Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 g တခါတည်းသောက်ပါ။
• Azithromycin ဆေးကို Gonorrhoea (ဂနိုးရီးယား) ပိုး အတွက် တမျိုးတည်းပေးရင် ဆေးယဉ်လာတာမြန်လို့ မညွှန်တော့ဘူး။ မတတ်သာရင် Azithromycin 2 g ပေးရတယ်။ ဘေးထွက်-ဆိုးကျိုး အစာလမ်းမှာ ဖြစ်နိုင်တယ်။
• N. gonorrhoeae ပိုးအတွက် Quinolones ဆေးတွေကို ခုနောက်ပိုင်း ပိုးတွေကခံနိုင်ရည်ရှိလာနေတယ်။ အရှေ့တောင် အာရှမှာ ၇ဝ% မက ဆေးမတိုးတော့ဘူး။ ဒါကြောင့် Ciprofloxacin ဆေးကို ၂ဝ၁၁ နောက်ပိုင်းမှာ မသုံးတော့ဘူး။
• တခြားပိုးတွေက (၃) Trichomonas vaginalis နဲ့ (၄) Mycoplasma genitalium တွေဖြစ်တယ်။ ယောက်ျား ဆီးအောင့်တယ်ဆိုရင် ဒီပိုးစစ်သင့်တယ်။

၂။ Persistent urethral discharge ဆီးလမ်းကနေ အရည်တောက်လျှောက် ဆင်းနေခြင်း
ဆီးလမ်းကနေ အရည်တွေ တောက်လျှောက်ဖြစ်ဖြစ်၊ ပြန်ဖြစ်တာဖြစ်ဖြစ် ဆင်းနေရင် ဆေးယဉ်တဲ့ ဆီးသွားလမ်း ရောင်တာ ဖြစ်မယ်။ တချို့မှာ T. vaginalis နဲ့ M. genitalium တွေ တခုချင်းရော တွဲပြီးရောဖြစ်နေနိုင်တယ်။ N. gonorrhoeae ပိုးက Cefixime နဲ့ Ceftriaxone ဆေးတွေကို ယဉ်လာလို့ဖြစ်မယ်။
• T. vaginalis infection ကိုကုသဘို့ Metronidazole 400 mg တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Tinidazole 500 mg တနေ့ ၂ ခါ၊ ၅ ရက်သောက်ပါ။ တွဲပေးရမဲ့ဆေးကတော့
• M. genitalium အတွက် Azithromycin 500 mg တခါတည်းသောက်ပြီး 250 mg တနေ့ ၁ ခါ ၄-၆ ရက် သောက်ပါ။

၃ (က)။ Genital herpes လိင်လမ်း ရေယုံ
Herpes simplex virus (ဟားပိစ်-ဆင်းပလက်စ်) ဗိုင်းရပ်စ် (HSV-2) နဲ့ HSV-1 တွေကနေဖြစ်စေတယ်။ HSV-2 က ပိုများတယ်။ နာတဲ့ အရည်ကြည်ဖုလေးတွေ အများအပြားဖြစ်နေမယ်။ ပိုးကိုနိုင်တဲ့ဆေး မရှိသေးပါ။ ဒါပေမဲ့ ရောဂါ လက္ခဏာတွေကို အများကြီး သက်သာစေနိုင်တဲ့ဆေးတွေတော့ ရှိတယ်။ Acyclovir နဲ့ အလားတူဆေးတွေဖြစ်တယ်။ လိမ်းဆေးက သိပ်တော့ မထိရောက်ဘူး။
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 200 mg တနေ့ ၅ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 1 g တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 5—10 mg/kg IV တနေ့ ၃ ခါ၊ ၅-၇ ရက် ထိုးပါ။

၃ (ခ)။ Recurrent genital herpes လိင်လမ်းရေယုံက တခါဖြစ်ဘူးရင် ပြန်ဖြစ်တတ်တယ်။ သိပ်တော့ မဆိုးလှဘူး။ သူ့ဖါသူလဲ ပျောက်တယ်။
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 125 mg orally တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။

၃ (ဂ)။ Suppressive therapy for recurrent genital herpes လိင်လမ်းရေယုံက ပြန်ဖြစ်တာကို နှိမ်နည်း
• Acyclovir 400 mg တနေ့ ၂ ကြိမ်၊ ၁ နှစ်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 500 mg တနေ့ ၁ ကြိမ်၊ ၁ နှစ်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 250 mg တနေ့ ၂ ကြိမ်၊ ၁ နှစ်သောက်ပါ။

၃ (ဃ)။ Herpes Simples Virus (ဟားပိစ်-ဆင်းပလက်စ်) ဗိုင်းရပ်စ် နဲ့ HIV (အိတ်ခ်ျအိုင်ဗွီ) တွဲဖြစ်ခြင်း
ရေယုံအနာတွေက မပျောက်နိုင်ဖြစ်နေမယ်။ Antiviral therapy ဗိုင်းရပ်စ်ဆေး ပေးတာ သက်သာနိုင်တယ်။
• Acyclovir 5–10 mg/kg IV တနေ့ ၃ ခါ၊ ၅-၇ ရက်ထိုးပါ။

၃ (င)။ Syphilis (ဆစ်ဖလစ်)
• Primary syphilis မူလ ဆစ်ဖလစ် ဆိုတာ ကူးစက်ခံရတဲ့နေရာမှာ Ulcer အနာ၊ Chancre (ရှန်ကာ) ဖြစ်တယ်။
• Secondary syphilis ဒုတိယ (ဆစ်ဖလစ်) ဖြစ်လာရင် Skin rash အရေပြားအနီကွက်၊ Condylomata lata အရေပြားမှာ စွပ်စိုတဲ့ အသားမာ-အနာ ဖြစ်တာ၊ Mucocutaneous lesions အဖုံးလွှာပါးမှာဖြစ်တာ နဲ့ တက်စေ့ ရောင်တာတွေ ဖြစ်မယ်။
• Latent syphilis (လေးတင့်-ဆစ်ဖလစ်) ဆိုတာ လက္ခဏာမပြသေးဘဲ ငုပ်နေတာ။ ၂ နှစ်နီးပါး ကြာနိုင်တယ်။ ၂ နှစ်နောက်ကို Late latent syphilis နောက်ပိုင်း (ဆစ်ဖလစ်) ခေါ်တယ်။ WHO ကနေ ဒီလို ခွဲခြားထားတာက ဆေးကုသနည်းအတွက် အသုံးကျတယ်။ သိတာစောလေလေ ဆေးက နိုင်လေဖြစ်တယ်။
Primary ပဌမ၊ Secondary ဒုတိယ နဲ့ Early latent syphilis နောက်ဖြစ်-အစပိုင်း (ဆစ်ဖလစ်) တွေကို ကုသနည်း
• Benzathine benzylpenicillin G 2.4 million IU IM တလုံးထဲ တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million IU IM တနေ့ တခါ၊ ၁ဝ ရက်ဆက်ထိုးပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ (မှတ်ချက်။ Azithromycin ဆေးက ထိရောက်ပေမဲ့ ဆေးယဉ်တာ သတိထားရမယ်။)
• (ပနယ်စလင်) နဲ့ မတည့်သူ၊ ကိုယ်ဝန်မဆောင်သူတွေအတွက် Azithromycin 2 g တခါတတည်းသောက်ပါ။ ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
Late latent syphilis နောက်ပိုင်း ငုပ်နေတဲ့ (ဆစ်ဖလစ်)
• Benzathine benzylpenicillin 2.4 million IU တပတ် ၁ ခါ၊ ၃ ပတ်ပြည့်အောင် ဆက်ထိုးပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million IU တနေ့ ၁ ခါ၊ ၂၁ ရက်ဆက်ထိုးပါ။
• (ပနယ်စလင်) နဲ့ မတည့်သူ၊ ကိုယ်ဝန်မဆောင်သူတွေအတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၃ဝ ရက်သောက်ပါ။ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၃ဝ ရက်သောက်ပါ။
Syphilis in pregnancy ကိုယ်ဝန်ဆောင် (ဆစ်ဖလစ်)
ကိုယ်ဝန်ဆောင်မှာ (ဆစ်ဖလစ်) ရှိရင် ကုသမှုပေးပြီး၊ ပြန်ဖြစ်လာသေးလား ကြည့်ရမယ်။ သူ့ခင်ပွန်းကိုလည်း ဆေး ကုရမယ်။ ဆေးမတည့်တာ မရှိရင် အကောင်းဆုံးက Penicillin ဖြစ်တယ်။ ဆေးမတည့်သူတွေကို
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Erythromycin (Ethyl succinate or stearate) 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (Erythromycin estolate ကို ကိုယ်ဝန်မှာ မပေးသင့်ပါ။)
Syphilis လူနာကို ၆ လမှာ တခါ နဲ့ ၁၂ လမှာ တခါစစ်သင့်တယ်။ တနှစ်အတွင်း ပြန်ဖြစ်-မဖြစ်ကြည့်ရမယ်။ (ဆစ်ဖလစ်) နဲ့ HIV တွဲနေရင် Primary ပဌမဖြစ်တာ နဲ့ Secondary ဒုတိယဖြစ်တာတွေမှာ ဖြစ်နေကြပုံစံနဲ့ မတူတာတွေ လာဖြစ်မယ်။

၃ (စ)။ Chancroid (ရှန်ကာရွိုက်)
Haemophilus ducreyi ခေါ်တဲ့ Gram-negative bacillus ပိုးကနေဖြစ်တယ်။ နာတဲ့ အနာဖြစ်မယ်။ Inguinal lymph-adenopathy ပေါင်ခြံတက်စေ့ ရောင်တာရော မရောင်တာပါဖြစ်နိုင်တယ်။
• Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်သောက်ပါ။

၃ (ဆ)။ Granuloma inguinale (ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေ)
Donovanosis လို့လဲခေါ်တယ်။ Klebsiella granulomatis (Calymmatobacterium granulomatis) ခေါ်တဲ့ Gram-negative bacterium ပိုးကနေကူးစက်တယ်။ မနာတဲ့ အနာတွေပေါက်မယ်။ အနာက ကျယ်ကျယ်လာမယ်။ ပေါင်ခြံမှာ တက်စေ့ မရောင်ဘူး။ သွေးထွက်လွယ်တယ်။ ဆေးတွေကို အနာပျောက်တဲ့အထိ သောက်ရမယ်။
• Azithromycin, 1 g ပဌမနေ့သောက်ပါ။ နောက်မှာ 500 mg တနေ့ ၁ ကြိမ်ဆက်သောက်ပါ၊ ဒါမှမဟုတ်
• Doxycycline 100 mg orally, twice daily ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ်
• Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ်
• Trimethoprim 80 mg/sulfamethoxazole 400 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊

၃ (ဇ)။ Lymphogranuloma venereum (LGV) (လင်ဖိုဂရင်နူလိုးမား-ဗနီရီယမ်)
Chlamydia trachomatis serovars L1, L2 နဲ့ L3 ပိုးတွေကနေ ဖြစ်စေတယ်။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်တယ်။ နာမယ်။ တဘက်တည်းဖြစ်တာ များတယ်။ တခါတလေ ပိုးဝင်ခံရတဲ့နေရာမှာ Genital ulcer or papule လိင်လမ်းအနာ ပေါက်တယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၎။ Vaginal discharge ဗဂျိုင်းနာက အရည်ဆင်းခြင်း
များဆုံးက Vaginitis (ဗဂျိုင်းနား) ရောင်တာဖြစ်တယ်။ Cervicitis သားအိမ်ဝရောင်တာလဲ ဖြစ်နိုင်တယ်။ ခွဲခြားဘို့တော့ ခက်တယ်။ Trichomonas vaginalis (TV), Bacterial vaginosis (BV) နဲ့ Candida albicans ပိုးတွေကနေ ဖြစ်စေတယ်။ Neisseria gonorrhoeae (NG) နဲ့ Chlamydia trachomatis (CT) တွေလဲ ဖြစ်တယ်။ တွဲဖြစ်တာလဲ ရှိတယ်။ ခွဲခြားဘို့ ခက်ရင် (TV) နဲ့ (BV) ဆေးတွေဘဲ ပေးသင့်တယ်။ ယောက်ျားတွေမှာလဲ ဘာမှမခံစားရပေမဲ့ (TV) ဖြစ်နေတတ်တယ်။ ဒါကြောင့် အမျိုးသမီးမှာ ဗဂျိုင်းနားက ဆင်းတာဖြစ်နေရင် သူ့ခင်ပွန်း (အဖေါ်) မှာ ဘာမှမခံစားရပေမဲ့ ဆေးပေးရမယ်။

၎ (က)။ Trichomonasiasis (ထွိုင်ကို-မိုနီယေးဆစ်)
T. vaginalis ပိုးကနေ ကူးစက်တယ်။ အမျိုးသမီး အတော်များများမှာ ဒီပိုးဝင်ခံထားရပေမဲ့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ပြရင် ခပ်ဝါဝါ၊ ဝါစိမ်းစိမ်း၊ အနံ့ဆိုးတဲ့အရည် ဆင်းတယ်။ ယားမယ်၊ များတယ်။ ယောက်ျားတွေလဲ ရောဂါလက္ခဏာမပြဘဲ နေတတ်ပြီး ဖြစ်လာရင် ဆီးလမ်းက အရည်ဆင်းတာ ဖြစ်မယ်။ နှစ်ယောက် လုံးကို ဆေးကုပါ။

၎ (ခ)။ Bacterial vaginosis (BV) (ဗက်တီရီရယ်-ဗဂျိုင်နိုးဆစ်) လိင်ကတဆင့် ကူးစက်တာ မဟုတ်ဘူး။ သူ့အဖေါ်ကို ဆေးကုစရာ မလိုတတ်ဘူး။ မွေးလမ်းကြောင်းသုံး ပိုးသေဆေးပါတဲ့ သန့်ရှင်းရေး ဆေးရည်တွေ မသုံးသင့်ဘူး။
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။
• Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။
• Tinidazole 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။

၎ (ဂ)။ Candidiasis (ကင်ဒီဒိုင်ယေးဆစ်) မှိုပိုးဝင်ခြင်း
Vulvovaginal candidiasis မိန်းမကိုယ်နဲ့ မွေးလမ်းမှာဖြစ်တဲ့ ဒီရောဂါက Candida albicans ပိုးကနေဖြစ်တယ်။ အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်က ရောဂါလက္ခဏာ မပြဘူး။ ပြရင် ယားယံမယ်၊ နာမယ်၊ အရည်ဆင်းမယ်၊ အဖတ်တွေ ဆင်းမယ်။ စစ်ဆေးရင် Vulval erythema မိန်းမကိုယ် နီရဲနေမယ်။ ကုပ်ရာကနေ ရောင်နေမယ်။ ယောက်ျား အဖေါ်မှာ Balanitis လိင်တံရောင်ခြင်း Balanoposthitis ပန်းအဖျား အရေပြားရောင်ခြင်းတွေ ရှိနေနိုင်တယ်။ လိင်ကနေကူးတာ မဟုတ်တာလဲ ဖြစ်နိုင်တယ်။
• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
• Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
• Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Miconazole ဒါမှမဟုတ် Clotrimazole 200 mg vaginal pessaries မွေးလမ်းကြောင်းထဲ တနေ့ ၁ ခါ၊ ၃ ရက် ထည့်ပါ။
• Clotrimazole 500 mg vaginal pessaries တခါတည်း မွေးလမ်းထဲထည့်ပါ။ ဒါမှမဟုတ်
• Nystatin vaginal pessaries 100 000 IU တနေ့ ၁ ခါ၊ မွေးလမ်းထဲ ၁၄ ရက် ထည့်ပါ။ ဒါမှမဟုတ်
Cervicitis (NG and CT) သားအိမ်ဝရောင်ခြင်းအတွက် -
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 250 mg တခါတည်းထိုးပါ၊ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်သောက်ပါ။
မှတ်ချက်။ Doxycyclines ကို ကိုယ်ဝန်ဆောင်တွေမပေးရ။ Metronidazole ဆေးနဲ့ အရက်တွဲမသောက်ရ။
Physiological discharge ရောဂါမရှိဘဲ ဗဂျိုင်းနာ စိုခြင်း
ကျန်းမာတဲ့ အမျိုးသမီးတွေမှာ ကြည်လင်ပြီး၊ အနံဆိုးမရှိ၊ မယားတဲ့အရည် ဆင်းနိုင်တယ်။ ရာသီမလာခင်နဲ့ လာအပြီး နဲနဲပိုများနိုင်တယ်။ လလည်ရက်မှာ ပိုပြီးကျဲတယ်။ ကိုယ်ဝန်ဆောင်ရင်၊ တားဆေးသောက်ရင်၊ (IUD) ကိုယ်ဝန်တားပစ္စည်း ထည့်ထားရင် ဆင်းနိုင်တယ်။ ဆေးကုစရာ မလိုပါ။

၅။ Anorectal discharge စအိုလမ်းက အရည်ဆင်းခြင်း
ယောက်ျား-မိန်းမ စအိုလမ်းကို အကာကွယ်မပါဘဲ ဆက်ဆံရာမှာသုံးရင် ကူးစက်ရောဂါတွေ ရနိုင်တယ်။ ပိုးတွေရှိနေပမဲ့ ရောဂါလက္ခဏာ ရှိတာရော၊ မရှိတာရော ဖြစ်နိုင်တယ်။ N. gonorrhoeae, C. trachomatis, T. pallidum နဲ့ HSV တွေက အဖြစ်များတယ်။ Proctitis စအိုရောင်တာ ဖြစ်စေတယ်။
Acute proctitis ရက်တို စအိုရောင်တာဖြစ်ရင် နာမယ်၊ ဝမ်းသွားရင်နာမယ်၊ အကျိအချွဲဆင်းမယ်၊ သွေးဆင်းမယ်၊ ဝမ်းချုပ်မယ်၊ စအိုမှာ ပြည့်နေသလို၊ ဝမ်းသွားတာ မကုန်သေးသလိုနေမယ်၊ စအိုဘေးမှာလဲ နာမယ်။ LGV ကြောင့် Chronic proctitis နာတာရှည် စအိုရောင်တာဖြစ်ရင် ဝမ်းထဲ အကျိအချွဲပါမယ်။ ဝမ်းချုပ်မယ်၊ စအိုမှာ ပြည့်နေသလို၊ ဝမ်းသွားတာ မကုန်သေးသလိုနေမယ်။
စအိုနေရာ စစ်ဆေးရင် အစာဟောင်းအိမ်မှာ အကျိအချွဲနဲ့ ပြည်တွေ့မယ်၊ အထဲမှာ ရောင်နေတာ တွေ့မယ်၊ Gonococcal နဲ့ Chlamydial ကြောင့်ဖြစ်တာဆိုရင် စမ်းတဲ့အခါ သွေးထွက်မယ်။ Syphilis, Herpes နဲ့ LGV ကြောင့်ဆိုရင် အထဲမှာ အနာ မြင်ရမယ်။ LGV ကြောင့်ဆိုရင် အထဲမှာ အသားနုလို တက်နေတာတွေ့မယ်။
Gonococcal rectal infection (ဂနိုးရီးယား) ကြောင့် စအိုရောင်ခြင်းအတွက်
• Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Cefixime 400 mg တခါတည်းသောက်ပါ။
Chlamydial rectal infection (ကလာမိုင်ဒီယား) ကြောင့် စအိုရောင်ခြင်းအတွက်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 1 g တခါတည်းသောက်ပါ။
Herpetic proctitis ရေယုံပိုးကြောင့် စအိုရောင်ခြင်းအတွက်
• Acyclovir, 400 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir, 200 mg တနေ့ ၅ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir, 1 g တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir, 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။
Proctitis due to syphilis (ဆစ်ဖလစ်) ကြောင့် စအိုရောင်ခြင်းအတွက်
• Benzathine benzylpenicillin G 2.4 million IU တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500 mg ၁ဝ ရက်သောက်ပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million units ၁ဝ ရက်ဆက်ထိုးပါ။ Penicillin (ပနယ်စလင်) မတည့်သူ ကိုယ်ဝန်မရှိသူတွေကို
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500 mg daily ၁ဝ ရက်ဆက်သောက်ပါ။ Penicillin (ပနယ်စလင်) မတည့်သူ ကိုယ်ဝန်ဆောင်တွေကို
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (Erythromycin estolate ကို ကိုယ်ဝန်ဆောင်အားမပေးရ)
Proctitis due to LGV ကြောင့် စအိုရောင်ခြင်းအတွက်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်သောက်ပါ။

၆။ Lower abdominal pain ဗိုက်အောက်ပိုင်းနာခြင်း
အမျိုးသမီးတွေ ဗိုက်အောက်ပိုင်းမှာ နာနေတယ်ဆိုတာ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်လို့ ဖြစ်မယ်။ PID ဆိုတာထဲမှာ Endometritis သားအိမ်အတွင်းလွှာရောင်တာ၊ Salpingitis သားအိမ်ပြွန်ရောင်တာ၊ Tubo-ovarian abscess ပြွန်နဲ့ မျိုးဥအိမ်အနာ နဲ့ Pelvic peritonitis တင်ပါးဆုံအတွင်းဖုံးလွှာ ရောင်တာတွေ ပါတယ်။ Cervix သားအိမ်ဝကို NG နဲ့ CT အပြင် Anaerobic bacteria ပိုးတွေဝင်ရာကနေ လာတယ်။ ဒါကြောင့် ဆေးကုရင် ဒီ ပိုး ၃ မျိုး အတွက် ပေးရမယ်။ Mycoplasma hominis ကနေဖြစ်တာလဲရှိနိုင်တယ်။
ဗိုက်နာတာအပြင် Dyspareunia လိင်ဆက်ဆံတဲ့အခါနာမယ်၊ Vaginal discharge ဗဂျိုင်းနားက အရည်ဆင်းမယ်၊ Menometrorrhagia ရာသီဆင်းတာ ရက်ရော-သွေးပါ များမယ်၊ ဆီးအောင့်မယ်၊ ရာသီဆင်းရင်နာမယ်၊ ဖျားမယ်၊ ပျို့-အန်ချင်တာတွေ ခံစားရနိုင်တယ်။ PID အဆင့်ကနေ Infertility ကလေးမရနိုင်တာ နဲ့ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေ တည်တာတွေ ဖြစ်စေနိုင်တယ်။
(Gonococcal အတွက် Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ် Cefoxitin 2 g တခါတည်းထိုးပါ။) + (Chlamydial အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။) + (Anaerobic infection အတွက် Metronidazole 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။)

၇။ Scrotal swelling ကျား ကပ်ပယ်အိတ်ရောင်ခြင်း
ကျားအစိထိပ်နေရာ ရောင်တာကို Epididymitis ခေါ်တယ်။ တဖက်သာ ဖြစ်တာများတယ်။ ရုတ်တရက် နာမယ်။ နဲနဲ ရောင်နေမယ်။ Epididymis ကျားအစိထိပ် နဲ့ vas deferens သုက်ပြွန်တွေ ရောင်-နာနေမယ်။ Testis ရောင်နေတာကို Orchitis ခေါ်တယ်။ နှစ်ခုလုံးရောင်ရင် Epididymo-orchitis ခေါ်တယ်။ N. gonorrhoeae နဲ့ C. trachomatis တွေကနေ Epidiymitis ဖြစ်စေတာ များတယ်။ ဆေးသေခြာမကုလို့ အမာရွတ်ဖြစ်စဉ်ကြောင့် ကလေးမရတာ ဖြစ်သွားနိုင်တယ်။ Epididymitis ဖြစ်စေမဲ့ တခြားပိုးတွေကတော့ Tuberculosis တီဘီ၊ Filariasis ဆင်ခြေထောက်၊ E coli, Klebsiella spp., Pseudomonas aeruginosa ပိုးတွေဖြစ်တယ်။
လူရွယ်တွေမှာ ကပ်ပယ်အိတ်နေရာနာတိုင်း ဒီရောဂါမဟုတ်ပါ။ Testicular torsion အစိလိမ်ရောဂါဆိုတာ ဖြစ်နေ-မနေ စစ်ရမယ်။ ရုတ်တရက် တအားနာမယ်။ ခွဲစိတ်ကုသရတာမျိုးဖြစ်တယ်။ Trauma ထိခိုက်မိတာ နဲ့ Tumour ကင်ဆာကိုလဲ ထည့်စဉ်းစားရမယ်။ Hydrocele မုတ်ရောဂါ၊ Hernia အူကျတာ နဲ့ Varicocele အကျောထုံးတာတွေလဲ စစ်ရမယ်။
(Gonococcal infection အတွက် Ceftriaxone 250 mg တခါတည်းထိုးပါ။) + (Chlamydial infection အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်ပါ။) + (လူနာကို အနားခိုင်းရမယ်။ အနာ သက်သာဆေးတွေလဲ ပေးရမယ်။)

၈။ Inguinal bubo ပေါင်ခြံအကျိတ်
ပေါင်ခြံအကျိတ်တွေက နာမယ်၊ ပြော့စိစိနေမယ်၊ LGV နဲ့ Chancroid တွေကြောင့်ဖြစ်တာများတယ်။ Chancroid ဆိုရင် အနာပါ ဖြစ်နိုင်တယ်။ လိင်ကတဆင့်ကူးတာမဟုတ်တဲ့ ခြေထောက်အနာကြောင့် တက်စိရောင်တာနဲ့ Tuberculous lymphadenopathy တီဘီပိုးကြောင့် ဖြစ်တာတွေနဲ့ ခွဲခြားရမယ်။ အကျိတ်က ပေါက်ထွက်နိုင်တယ်။ Sinus မပျောက်နိုင်တဲ့ တလမ်းသွားအနာ ဖြစ်လာနိုင်တယ်။ ပြည်ထွက်နေ မယ်။ တော်တော်နဲ့ မပျောက်ဘူး။
• Chancroid အတွက် Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။
• LGV အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• မှတ်ချက်။ တချို့ကို ၁၄ ရက်မကပေးရနိုင်တယ်။ ပြောစိစိအကျိတ်ကို ဆေးထိုးအပ်နဲ့ စုပ်ထုတ်နိုင်တယ်။ အနာလိုခွဲတာ ပျောက်ဘို့ ကြာနိုင်တယ်။ တော်တော်နဲ့ မပျောက်ရင် အသားဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။

၉။ Neonatal conjunctivitis မွေးစကလေး မျက်စိနာခြင်း
Ophthalmia neonatorum လို့လဲခေါ်တယ်။ မွေးပြီး ၄ ပတ်အတွင်းမှာ မျက်စိနီရဲနေမယ်။ မျက်ခွံရောင်နေမယ်။ မျက်ဝတ် (ပြည်) ထွက်လို့ Purulent conjunctivitis ခေါ်သေးတယ်။ တဖက်ထဲရော နှစ်ဖက်လုံးပါ ဖြစ်နိုင်တယ်။ N. gonorrhoeae နဲ့ C. trachomatis ပိုးတွေကနေဖြစ်တာ များတယ်။ ဆေးသေခြာမကုရင် N. gonorrhoeae ကြောင့်ကနေ မျက်စိ ကွယ်သွားနိုင်တယ်။ C. trachomatis ကနေ မျက်စိအားနည်းသွားမယ်။
(Gonococcal conjunctivitis အတွက် Ceftriaxone 50 mg/kg တလုံးထိုးပါ။ 125 mg ထက်မများစေရ။ ဒါမှမဟုတ် Kanamycin 25 mg/kg တလုံးထိုးပါ။ 75 mg ထက်မများစေရ။ ဒါမှမဟုတ် Spectinomycin 25 mg/kg တလုံးထိုးပါ။ 75 mg ထက်မများစေရ။) + Chlamydial conjunctivitis အတွက် Erythromycin syrup 50 mg/kg ကို တနေ့ ၄ ခါခွဲပြီး ၁၄ ရက် တိုက်ပါ။)
မှတ်ချက်။
• ကလေးမျက်စိမှာ ပြည်ထွက်နေရင် မျက်စိအတွင်းဘက်နေ ဘေးဘက်ဆီဦးတည်တဲ့ တလမ်းသွားနည်းနဲ့ ရေကြက်အေးဆွတ်ထားတဲ့ ဂွမ်းစလေးသုံးပြီး သန့်ရှင်းပေးပါ။ Sterile saline ဆေးထိုး မိုးရေ (ဆားရည်) ကိုလဲ သုံးနိုင်တယ်။
• Ceftriaxone နဲ့ Kanamycin တခါသုံးတာနဲ့ပျောက်တယ်။ Tetracycline eye ointment သုံးဘို့ မလိုပါ။
• Chlamydial infection ဖြစ်နေရင် ပိုးသေဆေး မျက်စဉ်းနဲ့ မရပါ။ Chlamydial pneumonia နူမိုးနီးယား ဖြစ်လာမှာကို သတိထားပါ။
• မွေးလာတဲ့ကလေးမှာ Gonococcal နဲ့ Chlamydial conjunctivitis ရှိနေရင် မအေကိုရော သူ့ယောက်ျား (အဖေါ်) ကိုပါ ဆေးကုပါ။

၁ဝ။ Genital warts လိင်လမ်း ကြွက်နို့
Anogenital warts စအိုနဲ့လိင်လမ်းက ကြွက်နို့ကို Condylomata acuminata လို့ခေါ်တယ်။ Human papillomavirus (HPV) အမျိုမျိုးကနေဖြစ်စေတယ်။ HPV types 6 နဲ့ 11 တွေက ကင်ဆာမဟုတ်ဘဲ၊ HPV types 16 နဲ့ 18 တွေက ကင်ဆာ ဖြစ်နိုင်တယ်။ လိင်လမ်း ကြွက်နို့ အများစုဟာ လိင်ကတဆင့် ကူးစက်တာ ဖြစ်တယ်။ မအေကနေ ကလေး ကူးတာလဲ ဖြစ်နိုင်တယ်။ ကြွက်နို့ တလုံးထဲရော အများရောဖြစ်နိုင်တယ်။ Soft ခပ်ပြော့ပြော၊ Nonkeratinized အရောင်နု ကြွက်နို့က ပူနွေးစိုစွပ်တဲ့ အမွှေးမပေါက်ရာ နေရာတွေမှာ ပေါက်တယ်။ Firm မာတဲ့ Keratinized warts အရောင်ရင့် ကြွက်နို့က ခြောက်သွေ့တဲ့ ကိုယ်မွှေးပေါက်တဲ့ အရေပြားမှာ ပေါက်တယ်။
အကောင်းဆုံး ကုသနည်း မရှိသေးပါ။ တယောက်မှာ ထိရောက်ပေမဲ့ နောက်တယောက်မှာ အဲလောက်မဟုတ်ဘူး။ ပြန်ဖြစ်တာလဲ ရှိမယ်။
(၁) Chemical methods ဓါတုဆေးနည်း
a) Podophyllin 25% in compound tincture of benzoin ဆေးကို ဆရာ-ဆရာမကနေ ထည့်ပေးရတယ်။ ကောင်းတဲ့အရေပြားကို မထိစေရဘူး။ ၄-၆ နာရီအကြာမှာ ဆေးပြစ်ရမယ်။ နောက် တပတ်မှာတခါထပ်လုပ်ပါ။ ၆-၈ ခါဆေးထည့်လို့မှ ဒီဆေးနဲ့မတိုးဘူးလို့ ဆိုနိုင်တယ်။
b) Podophyllotoxin 0.5% solution/gel ဆေးကို ဂွမ်းစလေးနဲ့ ကိုယ်တိုင် လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် လိမ်းပါ။ ၄ ရက် နားထားပါ။ အဲလို ပုံစံအတိုင်း ၄-၅ ကြိမ်လုပ်ပါ။ ကိုယ်ဝန်ဆောင် နဲ့ ကလေး နို့တိုက်နေသူတွေကို မသုံးသင့်ပါ။
c) 80—90% trichloroacetic acid (TCA) ဆေးကို ဆရာ-ဆရာမကနေ ထည့်ပေးရတယ်။ ကောင်းတဲ့အရေပြားကို မထိစေရဘူး။ ဆေးပေါ်မှာ Talc or Sodium bicarbonate ပေါင်ဒါထည့်ပေးရင် ဆေး (အက်စစ်) အပိုတွေကို ဓါတ်ပျယ်စေမယ်။ တပတ်မှာ တခါလုပ်ပါ။ TCA ဆေးက ချက်ချင်း စားသွားတာတွေ့မယ်။ ကိုယ်ဝန်ဆောင်တွေကို သုံးနိုင်တယ်။ ၂ လနဲ့မပျောက်ရင် ဒီနည်းနဲ့မရဘူးလို့ ပြောနိုင်တယ်။
d) Imiquimod 5% cream ဆေးကို လက်နဲ့ဖြစ်ဖြစ် ဂါမ်းစနဲ့ဖြစ်ဖြစ် ညမအိပ်ခင်မှာ ထည့်ပေးနိုင်တယ်။ တပတ်မှာ ၃ ခါလုပ်ပါ။ နောက်မှာ တရက်ခြားလုပ်ပါ။ ၁၆ ပတ်အထိလုပ်ပါ။ နောက်နေ့မနက်မှာ (၆-၁ဝ နာရီအကြာမှာ) ဆပ်ပြာသုံးပြီးဆေးပါ။ ကိုယ်ဝန်ဆောင်သုံးတာ အန္တရာယ် ပေး၊ မပေး မသေခြာပါ။
(၂) Physical methods တခြားနည်းများ
a. Cryotherapy အေးခဲစေနည်း။ Liquid nitrogen, Solid carbon dioxide or Cryoprobe တခုခုကို သုံးတယ်။ တပတ် တခါ၊ နှစ်ပတ် တခါ။ မေ့ဆေးမလိုပါ။ အမာရွတ်မထင်ပါ။
b. Electrosurgery လျှပ်စစ်နည်း၊
c. Surgical removal ခွဲစိတ်နည်း။
ေ
က်တာတင့်ဆွေ

ဒါ
By HIM

ကော့သောင်း၌ တစ်နေ့ ၄၅၀၀ ရမည်ဟုဆိုကာ ထူကြီးရွာသား ရာနှင့်ချီ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား

Posted by drmyochit Friday, October 18, 2013, under | No comments


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးမြို့မှ လူတစ်ရာကျော်အားမြို့ခံပွဲစားအချို့က လိမ် ညာခေါ်ဆောင် ၍ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာ စိုက်ပျိုးရေးခြံ၌ လက်နက် များဖြင့် ပိတ်ပင်ခိုင်းစေမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ထူးကြီးဒေသခံများထံမှ သိရသည်။

ထူးကြီးမြို့၌နေထိုင်သူ အငယ်လေး(ခ)ဌေးလင်းဆိုသူမှ အလုပ်အကိုင် အခက်အခဲဖြစ်နေသည့်ဒေသခံ များအား ကော့သောင်းမြို့နယ် အတွင်းရှိ ရာဘာခြံတစ်ခုတွင်း အလုပ်လုပ်လျှင် တစ်နေ့ကျပ် ၄၅၀၀ အနည်းဆုံး ရမည်ဟု ပြောဆို စည်းရုံးကာ ထူးကြီးမြို့ခံ တစ်ရာကျော်အားအဆင့်ဆင့်လွှဲပြောင်းပို့ဆောင်၍ လမ်းစရိတ်အပါအ၀င် စရိတ်ပေါင်းစုံကို အကြွေးဟု သတ်မှတ်ကာ လုံခြုံရေးအစောင့်အရှောက်များဖြင့် အပြင်သို့ ထွက်ခွင့်မရဘဲ မူလကပြောထားသည့် လုပ်ခထက်နည်းပါးသော လုပ်အားခနှင့် ခိုင်းစေမှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

 “ဒီမှာလည်း အလုပ်ကမရှိတော့ ဟိုမှာရာဘာပင်ဆေးဖျန်းရင် တစ်နေ့ကျပ် ၄၅၀၀ အနည်းဆုံးရမယ်၊ ပြောတော့ လိုက်သွားတယ်။ ဟိုရောက်တော့ စားဖို့သောက်ဖို့ ဒန်အိုးဒန်ခွက်တွေအပြင် အလုပ်လုပ်ဖို့ ပစ္စည်းတွေကို မတန် တဆဈေးနဲ့ ပေးတယ်။ ခရီးစရိတ်အပါအ၀င် အားလုံးကို အကြွေးမှတ်ထားတယ်။ အလုပ်လုပ်တော့လည်း ရာဘာ ပင်တစ်ပင်ကိုကျပ် ၃၀ ပဲပေးပြီး ဂေါ်လီဝိုင်းခိုင်းတယ်။ မင်းတို့လုပ်နိုင်သလောက်တော့ ရမယ်ပြောထားတယ်။ ဒါပေမယ့် လူတစ်ယောက်က တစ်နေ့ကိုသေလောက်အောင်လုပ်ရင်တောင်မှ အပင် ၅၀ ကျော်လောက်ပဲ လုပ်နိုင် တာ၊အဲဒါကြောင့် တစ်နေ့ကိုအများဆုံး လုပ်နိုင်တဲ့သူက ၁၅၀၀ နဲ့နှစ်ထောင်ကျော်ကြားလောက်ပဲ ရတယ်”ဟု ထူးထူးတိုးရာဘာစိုက်ပျိုးရေးခြံမှထွက်ပြေးလွတ်မြောက်လာသူ ကိုတင်ထွေးက ပြောသည်။

ထို့ပြင် ခေါ်ဆောင်သွားသည့် ရွှေ့ပြောင်းလုပ်သားများကို စိုက်ပျိုးရေးခြံပြင်ပသို့ ပေးထွက်ခြင်းမရှိဘဲ ထူးကြီးမြို့မှ လုပ်သားများအပြင် အခြားရွေ့ပြောင်းလုပ်သား ၄၀၀ခန့်ကို တူမီး သေနတ်ကိုင်ထားသူများအပါအ၀င် အစောင့် ၅၀ ခန့်မှစောင့်နေကြောင်း ၄င်းက သူ့အတွေ့အကြုံကိုပြောပြသည်။

ထူးကြီးမြို့ခံများအား စတင်စည်းရုံးစဉ်က ခရီးစရိတ်အခမဲ့ပို့ဆောင်ပေးမည်ဆိုကာ စက်တင်ဘာလ ၁၉ ရက်နေ့က ခေါ်ဆောင်ခဲ့ပြီး ခေါ်ဆောင်သွားသူဒေသခံ အငယ်လေး(ဌေးလင်း)ဆိုသူက ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးဝင်း၌ ကုမ္ပဏီမှတာဝန်ရှိသူဆိုသူထံ လွှဲပြောင်းကာကော့သောင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထူးထူးတိုးရာဘာစိုက်ပျိုးရေးခြံသို့ရောက်ရှိသွားသည့် အလုပ်သမားများမှာ ပြင်ပသို့ထွက်ခွင့်မရဘဲ ခြံဝင်းအတွင်း ကုမ္ပဏီမှဖွင့်လှစ်ထားသည့်ဆိုင်၌ပင် မတန်တဆဈေးနှုန်းများဖြင့်အစားအသောက်များ ၀ယ်စားရခြင်း၊ အလုပ် လုပ်ကိုင်ရာတွင် ရရှိသောလုပ်အားခ နည်းပါးခြင်းကြောင့် ပြန်လိုကြသော်လည်း မိမိတို့အားမှတ်ထားသည့် အကြွေး ကျေမှ ပြန်ရမည်ဟုဆိုသဖြင့် လက်နက်ကိုင်လုံခြုံရေးများလစ်သည့် ညအချိန်တွင် ထူးကြီးမြို့ခံ လုပ်သား ၁၂ ဦးမှလျှိုထဲခုန်ချကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူတို့ထံမှ သိရသည်။

“ခြံထဲက ဆိုင်မှာက ဆန်ကြမ်းတစ်ပြည်ကို တစ်ထောင်၊ဘဲဥသုံးလုံးကိုတစ်ထောင်နဲ့ ပေးဝယ်ရတော့ရတဲ့ လုပ်အားခနဲ့ ၀ယ်မစားနိုင်ဘူး။ အလုပ်လုပ်ရတော့ မိုးကာမရှိဘူး၊ မိုးရွာထဲမှာ တစ်နေ့လုံးလုပ်ရတဲ့အခြေအနေတွေကြောင့် အဲ့ဒီမှာ ဆက်နေရင်လည်း သေမယ့်အတူတူမထူးဘူးဆိုပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးလာတာ၊ လမ်းမှာ ငါးရက် လောက်ထမင်းငတ်ပြီး လမ်းလျှောက်တာက တစ်မျိုး၊တွေ့တဲ့နေရာမှာ အကူအညီတောင်း ခရီးဆက်ပြီး ပြန်ရောက်လာတာ”ဟု ရာဘာခြံမှထွက်ပြေးလွတ်မြောက်လာသူ ကိုဇော်ထူးကပြောသည်။

ထူးကြီးမြို့ခံ ၁၂ ဦးစတင်လွတ်မြောက်ခဲ့ပြီး နောက်ထပ်အလုပ်မလုပ်လိုကြသည့်လုပ်သားများကို တစ်ဦးလျှင် အကြွေး တစ်သိန်းခွဲမှ တစ်သိန်းခုနစ်သောင်းဆပ်လျှင် ပြန်ပို့ပေးမည်ဟု ရာဘာခြံမှကမ်းလှမ်းလာသဖြင့် ကျန်ရစ်ခဲ့သူ မိသားစု ၀င်အချို့မှာ အိမ်ရောင်းခြံရောင်းဖြင့်ထူးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူရှေ့မှောက်၌ ပေးအပ်ခဲ့ရကြောင်း ဒေသခံ တို့ထံမှ သိရှိရသည်။

သို့သော် လုပ်သားအားလုံးအတွက်ပုံပြီးမှပြန်လည်ပို့ဆောင်ပေးမည်ဟု ထပ်မံပြောဆိုလာသောကြောင့် ဆင်းရဲ၍ ငွေပုံနိုင်ခြင်းမရှိသည့်ဒေသခံမိသားစုအများစုမှာ ဒုက္ခရောက်နေသဖြင့်လူ့အခွင့်အရေးအဖွဲ့များထံ အကြောင်းကြား ခဲ့သည်ဟု သိရသည်။ ထိုအဖွဲ့မှနေပြည်တော်လူကုန်ကူးမှုနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားပူပေါင်းခဲ့သည့် သတင်းကြောင့် ရာဘာခြံအတွင်း ထပ်မံကျန်ရှိနေသေးသည့်ထူးကြီးမြို့ခံလုပ်သား၆၅ဦးကို အောက်တိုဘာ လ(၁၂)ရက်နေ့ည(၇)နာရီခန့်က ခြံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ယက်(HRWDN)မှ သိရသည်။

ယခုအခါထူးကြီးမြို့အုပ်ချုပ်ရေးမှူးထံ အပ်နှံထားသည့် လုပ်သား၁၇ ယောက်စာထဲမှ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်၏ ဇာတိအလယ်စုကျေးရွာမှလုပ်သား ၅  ဦးအားပြန်လည်ခေါ်ဆောင်ရန် ပေးအပ်ထားသည့် ငွေကြေးများကို မယူဘဲကျန်ငွေကြေးများကို အငယ်လေးနှင့်သက်နိုင်ဦးဆိုသူတို့မှ ယူဆောင်သွားကြောင်းသိရသည်။

အလုပ်လုပ်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ လူများစုဆောင်းခြင်း၊ လွှဲပြောင်းပို့ဆောင်ခြင်း ၊ကြွေးမြီဖြင့် ချည်နှောင်၍ ခိုင်းစေခြင်းများ တွေ့ရှိပေါ်ပေါက်သည့်အတွက် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့် ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)အဖွဲ့မှ ပုသိမ်လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့မှဒုတပ်ကြပ်သန်းဇော်မင်းကထူးကြီးကျေးရွာသို့လာရောက်၍ ကုမ္ပဏီမှထွက်ပြေးလာသည့် အလုပ်သမားများ ကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး နေပြည်တော်ရှိလူကုန်ကူးတားဆီးကာကွယ် နှိမ်နှင်းရေးအဖွဲ့ထံသို့ အစီရင်ခံစာ တင်ပြထားသည်ဟု သိရသည်။

BY မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ)

Thursday, October 17, 2013

လာအို ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး

Posted by drmyochit Thursday, October 17, 2013, under | No comments


ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လာအိုနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားပြီဟု ယူဆရကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လာအိုလေကြောင်းပိုင် လေယာဉ်သည် မြို့တော် ဗီယန်တီအာနီမှ ပျံသန်းလာပြီးနောက် ပက်ခ်ဆီ အနီးတွင် ဆင်းသက်ရန် ချဉ်းကပ်လာစဉ် မဲခေါင်မြစ်ထဲ ပျက်ကျသွားခဲ့သည်။ ခရီးသည် (၄၄)ဦးနှင့် အမှုထမ်း (၅)ဦးတို့၏ ကံကြမ္မာသည် မျှော်လင့်ချက် မရှိနိုင်တော့ဟု ကယ်ဆယ်ရေးများက ဝန်ခံ ပြောကြားခဲ့သည်။

မဲခေါင်မြစ်ထဲတွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းများကို ကြာသပတေးနေ့၌ စတင်ရှာဖွေ တွေ့ရှိခဲ့ပြီး ဆယ်ယူမှုများ ပြုလုပ်လျှက် ရှိသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ပြင်သစ်၊ ဩစတြေးလျ၊ ထိုင်း၊ ဗီယက်စ်နမ်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အမေရိကန်တို့မှဖြစ်ပြီး လာအိုနိုင်ငံသား (၁၇)ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။ "ပက်ခ်ဆီ လေဆိပ်မှာ ဆင်းမလို့ အပြင်မှာ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် လေယာဉ်က မြစ်ထဲ ထိုးဆင်း ပျက်ကျသွားတာပါ။ ကြည့်ရတာ အရမ်းအားပြင်းတဲ့ လေတိုက်ခတ်မှု တစ်ခုနဲ့ ကြုံလိုက်ပုံပဲ။ ခေါင်းက စိုက်ဆင်းပြီး လေဆိပ်နဲ့ လွဲချော်သွားပါတယ်"ဟု လာအို ပြည်သူ့ လုပ်အားနှင့် ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရပိုင် လာအိုသတင်းအေဂျင်စီက မျက်မြင်များ၏ အဆိုကို ကိုးကားပြီး လေတိုက်ခတ်မှု အရှိန်အဟုန် အလွန်ပြင်းထန်သဖြင့် လေယာဉ်အဆင်းတွင် လွဲချော်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် တိုင်ဖွန်းမုန်တိုင်း နာရ်အီသည်လည်း ယခုလေယာဉ် ပျက်ကျမှုနှင့် ဆက်နွယ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ မြစ်ထဲတွင် အလောင်းအချို့ကို စတင်တွေ့ရှိနေပြီးနောက် ကယ်ဆယ်ရေးများက ယင်းတို့ကို ဒေသခံ ဆေးရုံတစ်ခုသို့ ပို့ဆောင်နေကြောင်းလည်း သတင်းများက ဆိုသည်။ ပျက်ကျသော လေယာဉ်သည် ATR 72-600 အင်ဂျင်နှစ်လုံးတပ် အမျိုးအစားဖြစ်ကြောင်းလည်း သိရှိရသည်။ လာအိုလေကြောင်းလိုင်းသည် သေးငယ်သော ကုမ္ပဏီလေး တစ်ခုဖြစ်ပြီး လေယာဉ် (၁၄)စင်းမျှသာ ပိုင်ဆိုင်ထားကာ ပြည်တွင်း ပို့ဆောင်ရေးကိုသာ အဓိက တာဝန်ယူပြီး ထိုင်းနှင့် တရုတ်တို့ကဲ့သို့ ဒေသတွင်း နိုင်ငံအချို့သို့လည်း ပြေးဆွဲ ပျံသန်းလျှက်ရှိသည်။

From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်