Thursday, October 31, 2013

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်

Posted by drmyochit Thursday, October 31, 2013, under | No comments

မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း  ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေး ဘဏ် (MICB)တွင် နှစ်ဦးပူးတွဲ၍ ဘဏ်စာရင်းဖွင့်ခဲ့သည်။ ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်ကို ရှေ့နေအမျိုး သမီးက ကျန်အမျိုးသမီးထံအပ်ထားခဲ့ရာ အဆိုပါငွေကြေးများနှင့် ဘဏ်စာအုပ်ကို တောင်းခံသောအခါ ပြန်မပေး ဘဲ ရှောင်နေသောကြောင့် အရေးယူပေးရန် တရားလွှတ်တော်ရှေ့နေက တရားလိုပြုကာ မရမ်း ကုန်းမြို့ မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေအမျိုးသမီးသည် တရားအားထုတ်နေသူဖြစ်၍ အမွေဆိုင်အိမ်ကို ရောင်းရာမှရရှိထားသည့် ကျပ်ငွေသိန်း ၈၇၀၀ အား ထိန်းသိမ်းပေးမည့်သူမရှိသောကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ခင်မင်ခဲ့သည့် ယင်းအမျိုးသမီးထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအတွက်သုံးစွဲရန် ငွေပြန်တောင်းရာမရ၍ မိတ်ဆွေတစ်ဦးထံ တိုင်ပင်ရာမှ ရဲစခန်းသို့လာရောက်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

““အခုတော့ အမှုဖွင့်ခံထားရတဲ့အမျိုးသမီးလည်း ရဲစခန်းကို ရောက်နေပြီ။ စစ်ဆေးနေဆဲပါ”” ဟု မရမ်း ကုန်းမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ခင်မောင်လှက ပြောသည်။

ယင်းဖြစ် ရပ်ကို ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၄၀၆ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7DAY DAILY


သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ

Posted by drmyochit Thursday, October 31, 2013, under | No comments


ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ သရဲခြောက်ခဲ့တယ်ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက် နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

သူတို့ဟာ စိတ်ကူးယဉ် ဆန်စွာဖြင့် သည်းမခံနိင်လောက်အောင် ကြောက်စရာကောင်းတယ် ဆိုတဲ့ဖြစ်ရပ် တွေ ရှိတဲ့ အိမ် ကိုမှ discounts တောင် မချခိုင်းပဲ တန်းယူတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်အမြန် ရောင်းချင်တယ် ဆိုရင်တော့ သရဲခြောက်ပါတယ်လို့သာ ဟစ်ပြီး ရောင်းပါလေ။
( ဒီမှာ ဆိုရင်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက လာကမ်းလှမ်းကြလိမ့်မယ် )

Aung Heine ( smart.com.mm )

မျက်စိညောင်း ခြင်းကို ကုသနည်းများ

Posted by drmyochit Thursday, October 31, 2013, under | No comments

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

ကြယ်စင်
မြ၀တီ

ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက်

Posted by drmyochit Thursday, October 31, 2013, under | No comments




ဇီကျန်၊ အောက်တိုဘာ ၃၀။

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အ သက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျား အင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြ သည်။

“ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စက်ရုံတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင် ရလျက်ရှိသော
ကြောင့် မိန်းကလေးတစ်ဦးဦးနှင့် တွေ့ဆုံ ကြုံကြိုက်မည့် အခွင့်အရေးမရှိခြင်းနှင့်စပ်လျဉ်း၍ စိတ်ဖိစီးမှု ခံစားရ လျက်ရှိရာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီ နေအိမ် သို့ပြန်ရောက်ခဲ့ရာတွင် ၎င်း၏ ယောင်္ကျားအင်္ဂါအား အသုံးမ၀င်ဟုဆိုကာ ဖြတ်တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင် ဖော်ပြသည်။

“ရန်ဟူ”သည် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆရာဝန်များက ယခုကဲ့သို့ ကုသ၍ မရကြောင်းနှင့် ၎င်းဖြတ်တောက်ခဲ့သော အစိတ်အပိုင်းအား ပြန်ယူခိုင်းရာ စက်ဘီးဖြင့် ပြန်ယူခဲ့သော်လည်း ယင်းအစိတ်အပိုင်းမှာ သွေးမရှိဘဲ အချိန်အတန်ကြာ ခဲ့ပြီဖြစ်၍ ပြန်လည်ဆက်စပ်ကုသ၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

လူပန်းအိမ်
People power

Ben Wee 5100S Firmware နှင့် တင်နည်း

Posted by drmyochit Thursday, October 31, 2013, under | 1 comment


မင်္ဂလာပါ......
လိုအပ်တဲ့ Firmware လေး အရင်ဒေါင်းရအောင်နော....

http://dl.dbank.com/c0k7txdhwp#

( OR )

http://dl.dbank.com/c0ypbbwnxx

အပေါ်က လင့်အတိုင်းလိုက်သွားလိုက်ပါ....တရုတ်ပြည်ကိုရောက်သွားပါမယ်....
ပုံမှာ ကျွန်တော် မြားနီပြထားတာလေးက Download Button ပါ။


SD တစ်ခုလိုပါမယ်... Formet ( fat 32 ) ရိုက်လိုက်တာကောင်းပါတယ်။
Download File လေးခုလုံး SD ထဲထည့်။
Power ခလုတ်ကို ဖိ.../၊နှိပ်ထားပါမယ်။
ဖန်လုံးတင်နေတဲ့ ရာခိုင်နှုန်းပြနေပါမယ်။
၁၀၀% ပြည့်...၊ ဘာမှမနှိပ်ပါနဲ့ဦး....သူ့ဟာသူပြန်တက်ပါစေ...။
နောက်တစ်ဆင့်ကတော့.....ပြီးပါပြီတဲ့....။

စိနစာပေ ခြေတစ်လှမ်း

Posted by drmyochit Thursday, October 31, 2013, under | No comments


စီးပွားရေးပြီးနောက် နောက်ထပ် မျက်နှာစာသစ်တစ်ခု ထပ်ဖွင့်ထားသည်။ ပေါပေါများများ မဟုတ်သော်လည်း တရုတ်သတင်းစာများ ပြည်တွင်းတွင် အတန်အသင့် နေရာယူလာသည်မှာ အတော်အတန်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဈေးဝယ်စင်တာများတွင် တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စာအုပ်ဆိုင်ကြီးများတွင် ဖတ်နိုင်သည်။ ယင်းတို့အနက် ရွှေဇာမဏီလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ တရုတ်ဘာသာဖြင့် သတင်းစာ ထုတ်ဝေခွင့်ကို ရွှေဇာမဏီ အမည်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းမှ စတင်ကာ တရားဝင် ထုတ်ဝေခွင့်ပြုခဲ့သည်။
လတ်တလောတွင် ပြည်တွင်း မီဒီယာသို့ တရားဝင် ခွင့်ပြုထားသည့် တရုတ် ဘာသာစကားသုံး အပတ်စဉ်ထုတ် ဂျာနယ် အရေအတွက်မှာ ရွှေဇာမဏီ ဂျာနယ်တစ်စောင်မျှသာ ရှိသေးသည်ဟု ရွှေဇာမဏီဂျာနယ်၏ မန်နေဂျာ ဒေါ်ချိုသက်ထွန်းက ဆိုသည်။

“အခု ကျွန်မတို့ဂျာနယ်က အစောင် ၁၆၀ လောက်ရှိပြီ။ တရားဝင် ခွင့်ပြုချက် တင်ပြီးလုပ်တာက ကျွန်မတို့ဂျာနယ် တစ်ခုလောက်ပဲ ရှိတယ်။ ကျန်တဲ့ သတင်းစာတွေကတော့ ခွင့်ပြုချက် ရှိလားမရှိလား မသိဘူး။ စင်ကာပူနဲ့ ထိုင်းကနေ လာတဲ့သတင်းစာတွေ များတယ်။ The University သတင်းစာကတော့ ထိုင်းကလာတာ” ဟု ၎င်းကဆိုသည်။

တရုတ်ဘာသာသုံး ထုတ်ဝေသည့် ရွှေဇာမဏီဂျာနယ်ကို မြန်မာနိုင်ငံသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် တရုတ်လူမျိုးများကို ပြည်တွင်း၏ ပကတိ အခြေအနေနှင့် စီးပွားရေးအကြောင်း အရာများကို သိရှိစေနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်စာပေ လေ့လာသူများ ဖတ်ရှု လေ့လာစေရန် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်ကြောင်း အဆိုပါ မီဒီယာ တာဝန်ရှိသူ ဒေါ်ချိုသက်ထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ စီးပွားရေးအရ သူတို့တွေ ထုတ်တယ်လို မမြင်ပါဘူး။ နိုင်ငံတော်ကနေ တရားဝင် ထုတ်ဝေခွင့် ပြုထားတဲ့အတွက် မြန်မာနိုင်ငံရောက် စိနတွေနဲ့ တရုတ်စာ လေ့လာတဲ့သူတွေ ဖတ် ဖို့လောက်ပဲ ထုတ်တယ်လို့ ထင်တယ်” ဟု ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက မှတ်ချက်ပြု ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်မတိုင်မီ အချိန်များတွင် တမီလ်ဘာသာဖြင့် စာစောင်များ ထွက်ခဲ့ဖူးပြီး လတ်တလောတွင် အခြားဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်သတင်းစာများ မရှိသေးကြောင်း ၎င်းကဆိုသည်။
လက်ရှိဂျာနယ်နှင့် သတင်းစာ ဈေးကွက်တွင်မူ တရုတ်ဘာသာဖြင့် ထုတ်ဝေ ဖြန့်ချိသည့် သတင်းစာနှင့် ဂျာနယ်စောင်ရေသည် သုံးစောင်ခန့်ရှိပြီး ဈေးကွက် အရောင်းရှိရုံမျှ အနေအထားတွင်သာ ရှိကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ဂျာနယ် ဖြန့်ချိရောင်းချသူ အသိုင်းအဝိုင်းအတွင်းမှ သိရသည်။
အဆိုပါ သတင်းစာနှစ်စောင်မှာ The University နှင့် World News ဟူ၍ ဖြစ်ပြီး ဂျာနယ်မှာ ရွှေဇာမဏီ ဖြစ်သည်။

“တရုတ်ဂျာနယ် ကတော့ ရွှေဇာမဏီကိုတော့ တင်တယ်။ အဲဒီဂျာနယ်ကလည်း သိပ်ရောင်း မကောင်းပါဘူး။ တစ်ပတ်ကို အစောင် ၂၀ လောက်ပဲ တင်တယ်။ တရုတ်လူမျိုးတွေပဲ ဖတ်ကြတာကို အများစုက နားမလည်တော့ ဘယ်ဖတ်ကြမှာလဲ” ဟု ဆင်တောင်ကြီးစာပေ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း The University အမည်ရ တရုတ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင် တိုးလာသည်။

ယခင်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သော ရွှေဇာမဏီဂျာနယ်မှာ အပတ်စဉ်အဖြစ် ထုတ်ဝေလာပြီး The University သတင်းစာကိုမူ တရုတ်မှ လေယာဉ်ဖြင့် တိုက်ရိုက်ပို့ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် ၂၄ လမ်းရှိ ဂျာနယ် ရောင်းချသူ တရုတ်အနွယ်ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောကြားသည်။ “တရုတ်စာတတ်တဲ့ သူအချို့ပြောတာကတော့ အခုသတင်းစာ (The University သတင်းစာ) က နယ်ပယ်စုံ ကဏ္ဍစုံတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော် စာနယ်ဇင်း ဈေးကွက်၌ တင်ရောင်းလျက်ရှိသော တရုတ်သတင်းစာနှင့် ဂျာနယ်များကို တစ်စောင်လျှင် ကျပ် ၄၀၀ ခန့်ဈေးဖြင့် ပေး၍ ၆၀၀ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချခွင့် ပြုထားပြီး တစ်လတစ်ကြိမ် သတင်းစာဖိုး ငွေသိမ်းလေ့ ရှိကြောင်း ရန်ကုန်မြို့တော် ၃၁ လမ်းအခြေစိုက် ဂျာနယ်ရောင်းချသူ ဦးအေကေက ပြောကြားသည်။

လက်ရှိ တရုတ်သတင်းစာ များသည် အစောင်ရေများစွာ မရောင်းရသေးသော်လည်း လသားခန့်သာ ရှိသေးသော မြန်မာ့ သတင်းစာဈေးကွက် အတွင်းကို အမြတ်မကြည့်ဘဲ စတင်ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။

အဆိုပါ တရုတ်ဂျာနယ်နှင့် သတင်းစာများကို တစ်စောင်လျင် ကျပ် ၆၀၀ ခန့်မှ ကျပ် ၁၀၀၀ ခန့်ထိ ရောင်းချလျက်ရှိရာ လတ်တလောတွင် ဝယ်ယူဖတ်ရှုသူ အများစုသည် မြန်မာပြည်ဖွား စိနအနွယ်ဝင် များနှင့် တရုတ်စာပေကို သင်ယူလျက်ရှိသူ မြန်မာကျောင်းသား အချို့က ဝယ်ယူဖတ်ရှုလျက် ရှိကြောင်း အဆိုပါဂျာနယ် ဖြန့်ချိရောင်းချသူများက ပြောကြားသည်။

လက်ရှိတွင် ဘာသာစကား အခက်အခဲကြောင့် တရုတ်သတင်းစာနှင့် ဂျာနယ် ရောင်းအားမှာ အားရစရာ မကောင်းသော်လည်း ပြည်တွင်း၌ တရုတ်စာပေ လေ့လာလိုက်စားသူ မြန်မာများအကြား ရပ်တည်လာနိုင်ခြေ ရှိသည်ဟု ရန်ကုန်မြို့တော်အခြေစိုက် သတင်းစာနှင့် ဂျာနယ်ရောင်းချသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
ဖတ်ရှုသူအများစုမှာ နိုင်ငံခြားသားများနှင့် လတ်တလော တရုတ်စာ လေ့လာ လိုက်စားလျက်ရှိသော ကျောင်းသားများသာ အဓိကဝယ်ဖတ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် ၂၄ လမ်းတွင် ဂျာနယ် ရောင်းချသူများက ပြောကြားသည်။

“မြန်မာတွေကတော့ သူတို့စာမှ မတတ်တာ ဘယ်လိုလုပ် ဖတ်မှာလဲ။ ဘာသာစကား အခက်အခဲကြောင့် ကျွန်တော်ကတော့ မြန်မာ့စာပေလောကကို ထိုးဖောက်နိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့စာမတတ်လို့။ သူတို့ စာတတ်တဲ့ လူကလည်း သူတို့လူမျိုးလောက်ပဲ ရှိတယ်လေ” ဟု ဦးကျော်မျိုးက သုံးသပ်သည်။

လူဦးရေ သန်း ၆၀ ရှိ မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်လျက်ရှိသော တရုတ်လူမျိုး ဦးရေမှာ ၁ ဒသမ ၆ သန်း ခန့် ရှိကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စိနတိုင်း သား တို့သည် ၎င်းတို့၏ ဘာသာစကားကို ကမ္ဘာသုံးစကားအဖြစ် ရပ်တည်လာနိုင်ရန် အသက် သွင်းလို ကြသူများလည်း ဖြစ်သည်။ တရုတ်ဘာသာကို ကမ္ဘာသုံးဘာသာ ဖြစ်ရေးသည် စိနတို့၏ အိပ်မက်။

တရုတ်ဘာသာစကား ကမ္ဘာကို လွှမ်းခြုံနိုင်ရေးအတွက် စိနတိုင်းသားတို့ ရှိရာ ဒေသတိုင်း၌ လုံ့လစိုက်ကြသူများ လည်းဖြစ်ရာ ၎င်းတို့၏ ဘာသာစကားကို အလေးထားနိုင်၊ အသုံးပြုနိုင်ရန် အတွက် ယင်းနိုင်ငံ၏ စာသုံးကျောင်းသုံး စာများတွင် အင်္ဂလိပ်ဘာသာကိုပင် နေရာပေးထားခြင်း မရှိဟု အဆိုပါ နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက် လေ့လာခဲ့သော ရန်ကုန်မြို့တော်အခြေစိုက် နာမည်ကြီး တရုတ်ဆေးဝါး ဖြန့်ချိ ရောင်းချရေး လုပ်ငန်းစုတစ်ခု၏ အဖွဲ့ဝင် ဆရာဝန်တစ်ဦးက ပြောကြားသည်။

“သူတို့ရဲ့ ကျောင်းသင်ခန်းစာ တွေမှာလည်း အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားလေ့ မရှိတာကြောင့် သူတို့က အင်္ဂလိပ်စကားကို ထမင်းစားရေသောက်တောင် မပြောနိုင်ဘူး။ မပြောကြဘူး။ သူတို့ မိခင်ဘာသာစကား ကိုပဲ စွဲစွဲမြဲမြဲ ပြောတတ်ကြပါတယ်။ တခြားနိုင်ငံတွေအထိ သူတို့ ဘာသာစကားကို ထိုးဖောက်ချင်ကြတယ်။ တရုတ်အများစုက နိုင်ငံခြားမှာ နေပေမယ့် သူတို့ဘာသာစကားကို ကောင်းကောင်း တတ်ကျွမ်းတဲ့လူ များတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာနှင့် ဂျာနယ်များ ရှိလာခြင်းသည် ပြည်တွင်းရှိ ဘာသာစကား လေ့လာသူများအတွက် အခွင့်အရေးကောင်း တစ်ရပ်ဆိုသော်လည်း မြန်မာစာပေ အရှည်တည်တံ့ရေး အတွက်မူ စိန်ခေါ်ချက် ဖြစ်လာနိုင်သည်ဟု မြန်မာစာပေလောကသား အချို့က ဆိုသည်။

ပြည်တွင်းပင်မ စီးပွားရေး လုပ်ငန်းခွင်များသည် စိနတိုင်းသားတို့၏ လက်နှင့် လွှတ်သည့် လုပ်ငန်းဟူ၍ မရှိသလောက်။ ယင်းနောက် စာပေဘက်သို့ စိနတို့တစ်စစ လှမ်းလာကြသည်။

ဟိန်းမြတ်စိုး
The Voice Weekly

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 

Posted by drmyochit Thursday, October 31, 2013, under | No comments


နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။

၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"

၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။

Via:unusualfact
အောင်ခမ်း ( ရိုးရာလေး )

ရေချိုးခန်းအတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံး

Posted by drmyochit Thursday, October 31, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၃၁

၃၀.၁၀.၂၀၁၃ရက်နေ့ ၂၁၄၅အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ သီရိမင်္ဂလာတည်းခိုခန်း၏
ရေချိုးခန်းအတွင်း၌ အမျိုးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းစန်းဦး (ဘ)ဦးဇော်အောင်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ထမီရင်လျှားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ပက်လက်အနေအထား သေဆုံးနေသည်ကိုတွေ့ရှိ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘုရင့်နောင်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမျိုးသမီးငယ်များ လျှို့ ဝှက်ကင်မရာ အန္တရာယ်မှ ကင်းဝေးရန်

Posted by drmyochit Thursday, October 31, 2013, under | No comments


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင် ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက် အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်း တွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုး ပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်း ပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါး သုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ် ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကို မျှဝေခြင်း အားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit - Original up-loader
အခမဲ့ ကြော်ငြာ

ရွှေတိဂုံစေတီတော်အောက်မှာ. (၁၀)ပေလောက်ကျယ်တဲ့ရေတွင်းနဲ့ (၆)ပေခွဲ လောက်ရှိတဲ့ လှေတစ်စင်းရှိတယ်....

Posted by drmyochit Thursday, October 31, 2013, under | 2 comments



ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီ တော်ကြီး အောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက် ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေ တစ်စီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြား ခဲ့တယ်လို့ ၁၃.၃.၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက် (၇) နှစ်သား အရွယ် မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံ ရင်ပြင်တော်ရဲ့ အရှေ့မြောက် ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီး တစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်း ပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါ တယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံး မှာယောဂီ ဝတ်နဲ့ နီဝါ ရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ် လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ တယ်။ ရေ တွင်း ဟာ ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။

ရေတွင်း ထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများ နဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေ တယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ် လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါ မရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှ တဲ့ စေတီအဆောက်အအုံ ကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲ များနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထား ပုံကရှေး ဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေ သနပြုနိုင် အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပက အဖွဲ့က လည်း မစ္စတာ အပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့ အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေ နဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရ ပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့ တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာ အမျိုး သမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေး များနဲ့ အတူ ဘောက်ထော်မှာနေထိုင် တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းပြီး ၁၃. ၃.၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါ တယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထား ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ် မံ ဖော်ပြ ရခြင်းဖြစ်ပါတယ်။

Credit - ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

ကမ္ဘာတ၀န်း ကွန်မန်ဒိုစတိုင် စီးနင်းတိုက်ခိုက်မှုများ ဆက်လက်ခြိမ်းခြောက်နေဦးမလား

Posted by drmyochit Thursday, October 31, 2013, under | No comments



အောက်တိုဘာ ၃၁။

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အကြမ်းဖက် သမားများနှင့် ယင်းတို့ကို ခြေမှုန်းမည့် တပ်ဖွဲ့များအကြား ကွန်မန်ဒို စတိုင် စီးနင်း တိုက်ခိုက်မှုများသည် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ဆက်လက်ရှိနေ ဦးမည်ဖြစ် ကြောင်း David Kilcullen က ဆိုသည်။

David Kildcullen သည် တစ်ချိန်က အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် အမေရိကန်နှင့် နိုင်ငံတ ကာ တပ်ဖွဲ့ဝင်များအတွက် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာ အကြံပေးသမားဖြစ်သည်။ လက်ရှိ အချိန်တွင် သူ၏ နောက်ဆုံးထွက်စာအုပ် Out of the Mountains: The Coming Age of The Urban Guerilla စာအုပ်တွင် အနာဂတ်ကာလ အကြမ်းဖက် စစ်ပွဲများအကြောင်း ရေးသားထားသည်။ သူက ၂၀၀၈ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းတိုက် ခိုက်မှု ပုံစံဆန်ဆန် တိုက်ခိုက်မှုများ၊ စီးနင်းမှုများ ဆက်လက်များပြားလာဖွယ် ရှိသည်ဟု ဆိုသည်။

သူက မွန်ဘိုင်းမှ တိုက်ခိုက်မှုကို မေ့၍မရကြောင်း၊ အကြမ်းဖက်သမား အများစုသည် ရှေ့ပိုင်းမှ အောင်မြင်ခဲ့သော စီးနင်းမှုများကို အတုယူပုံတူပွားကာ နောက်ထပ် တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။ ပြောင်းလဲလာသော စစ်ပွဲဓလေ့များတွင် ကြီးမားသည် ပေါက်ကွဲမှုများသည် ကွင်းဆက်သဖွယ် ဖြစ်နေကြောင်း၊ အကြမ်းဖက်သမားများသည် မြို့ပြ၏ သဘာဝနှင့် ရေစီးကြောင်းကို လေ့လာကာ လုပ်ကိုင်လေ့ရှိကြောင်း ရေးသားထားသည်။

၂၀၀၀ပြည့်နှစ်က နိုက်ဂျီးရီးယား ကဲ့သို့သော နိုင်ငံများတွင် ဆဲလ်ဖုန်း သုံးသောင်းခန့်သာ ရှိခဲ့ရာမှ လက်ရှိ အချိန် တွင် ၁၁၃သန်းမျှ ရှိလာခဲ့ပြီ။ နိုင်ငံတိုင်းသည် ထိုသို့သော ပြောင်းလဲမှုများနှင့် ရုတ်ချည်းကြုံတွေ့နေ ရပြီး ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှင့် အခြားသော ဖြေရှင်းရန်လိုသေးသည့် ပြဿာများက မိမိတို့ နိုင်ငံ၏ပြည် တွင်းရေးတွင် ပဋိပက္ခများ ယူဆောင်လာသည့် အရာများ ဖြစ်သည်ဟု သူကမြင်သည်။

မြို့ပြများ ဖွံ့ဖြိုးစည်ပင်လာခြင်း၊ မြို့ကြီးသားဘ၀သို့ ပြောင်းလဲခံယူမှုများ အရှိန်မြင့်တိုးပွားလာခြင်းကြောင့် ကမ္ဘာ့မြို့ကြီး များတွင် ရာဇ၀တ်မှုများနှင့် အကြမ်းဖက်မှုများ၏ ပစ်မှတ်များဖြစ်လာကာ လုံခြုံရေးနှင့် ပတ်သတ်သော အန္တရာယ်များကို လက်ယက်ခေါ်နေသည့်နှယ် ဖြစ်သည်ဟု Kildcullen က ရေးသားထားသည်။

Ref: ABC News

သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင် ဖွင့်ဟခဲ့သည့် အချစ်အကြောင်း

Posted by drmyochit Thursday, October 31, 2013, under | No comments












လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ ငယ်ဘဝ အကြောင်း၊ နှလုံးသားရေးရာအကြောင်း ဖတ်ရတာ မဆိုးပါဘူး။ နောက်တဆက် သမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မောင်လေးအဲရစ်ကို ချစ်လိုက်တာ" ဆိုတဲ့ နှလုံးသားရေးရာအကြောင်း ကိုယ်တိုင်ရေးလေးတွေ ရှိရင်လည်း ပို့ပေးကြပါအုံး...။ အမှန်တရားကို တင်ရဲတဲ့လူရှိရင်လည်း တင်ပေးကြပါအုံး..။

Myanmar Express

မင်္ဂလာဂုဏ်ကျက်သရေပြည့်ဝစေသည့် မင်္ဂလာအခါတော်ပေးသီချင်းနှင့် မြန်မာမင်္ဂလာဆောင်အခမ်းအနား

Posted by drmyochit Thursday, October 31, 2013, under | No comments


မြန်မာလူမျိုးတို့၏ မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာထုံးတမ်းဓလေ့တစ်ခုဖြစ်သည့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာ ဧည့်ခံပွဲ တို့တွင် မင်္ဂလာ အခါတော်ပေး တေး သီချင်း တို့ဖြင့် သီကျူး၍ အခမ်း အနား ဖွင့် လှစ်ကြလေ့ ရှိသည်။ သတို့သား ၊သတို့သမီး တို့၏ ဘိုးဘွားမိဘဆရာသမား မိဆွေသင်္ဂဟ တို့ရှေ့မှောက်၌ ချစ်ခင်စုံ မက်ပေါင်း ဖက်ကြ သည့် နှစ်ဦးသားဘဝ တည်ဆောက်မှုအစကို မင်္ဂလာဂုဏ်ကျက်သရေရှိစွာ ဝိဂြိုဟ် ပြုကာညွှန်းဆိုပေးသည်က အခါတော်ပေး သီချင်းများပင်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားတို့တွင် အခါတော်ပေး သီချင်းများ တက်ရောက်သီဆိုခဲ့ဖူးကြသည့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများကို မေးမြန်းဖြစ်ခဲ့ပါသည်။

ရန်အောင်
မင်္ဂလာဆောင်တွေမှာ သီချင်းတွေဆိုတာက ငယ်ငယ် ကတည်းက ဆိုဖြစ်တာလည်း ပါတယ်။သရုပ် ဆောင်ဖြစ်လာ တော့လည်း ခင်မင်ရင်းနှီးတဲ့ သူတွေက နည်း နည်းေ လာက် ဆိုပေးဖို့ ပြောလို့ နောက်ပိုင်းမှ ဆို ဖြစ်လာတာ။ မင်္ဂလာ ဆောင်မှာသီချင်းဆိုရင်းနဲ့ အခါတော်ပါပေးဖြစ် လာရော၊ သီချင်းဆို တဲ့အခါမှာ လည်း သီချင်း ချိုချိုေ အးအေးလေး တွေကို ရွေးပြီး ဆိုပေးရတယ်။ မင်္ဂလာရှိရှိလေးပေါ့။ သီချင်း တွေဆိုတဲ့အခါ ရင်းနှီးတဲ့ မိတ် ဆွေတွေက တစ်ဆင့်ဆို ဖြစ် တာ။အခု Royal Star ဆိုင်လေး ဖွင့် ထားတော့ အဲဒီက နေလည်း စီစဉ်ပြီးဆိုဖို့ လုပ်နေတယ်။

စည်သူလွင်
အဓိကကတော့ အလွမ်း သီချင်း၊ အဆွေးသီချင်းတွေကို နည်းနည်းရှောင်ရတယ်။  မင်္ဂလာ ဆောင်ကကျတော့ သီချင်းရွေး ချယ်မှုအပြင် အဝတ်အစားဝတ် တာကအစ တချို့မင်္ဂလာဆောင် ရှင်တွေက အနက်ဝတ်တာ မကြိုက်ဘူး။ နောက်တစ်ခါ သူများတွေမင်္ဂလာယူနေတဲ့ အချိန်မှာ ကိုယ်ကသပ်သပ်ရပ် ရပ်လေးနဲ့ သန့်သန့်ရှင်း ရှင်း လေး ဖြစ်အောင်ပေါ့။ သိပ် ဟော့ရှော့ဝတ်လို့မကောင်းဘူး။ မင်္ဂလာယူနေတဲ့ အချိန်ဆိုတော့ တီးဝိုင်းတွေ၊ ဖျော်ဖြေရေးတွေ က သာသာယာ ယာ လေးဖြစ်အောင် Support လုပ်ပေး ရတာပေါ့။ ဒါက တစ်သက်မှာ တစ်ခါဆောင်ကြရတာ ဆိုတော့ လေ။ အထူးသဖြင့် သူများကို ကိုယ်က အလုပ်တစ်ခုတည်း အတွက်သီချင်း လာဆိုပေး တာ မဟုတ်ဘဲနဲ့ သတို့သားနဲ့ သတို့ သမီးကို ဂုဏ်ပြုတာပေါ့။   တစ် ဘဝလုံးစာလက်တွဲမယ့် မင်္ဂလာ မောင် နှံတွေအတွက် ဂုဏ်လည်း ယူပါ တယ်။ပီတိလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်း
” မင်္ဂလာဆောင်ပွဲတွေ တော့ တအားကြီးသီချင်း မဆို ပေးဖြစ်ဘူး။သိတဲ့ ခင်တဲ့သူ တွေရဲ့ မင်္ဂလာပွဲလောက်ပဲ သီချင်း ဆိုပေးဖြစ်တယ်။ မင်္ဂလာပွဲ မှာလည်း ကိုယ့်သီချင်းပဲ ကိုယ် ဆိုဖြစ်ပါတယ်။ မင်္ဂလာပွဲဆို တော့ မင်္ဂလာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ယောက်နဲ့ တစ် ယောက်ချစ်တဲ့ သီချင်းတွေဆို ပေးဖြစ်တယ်။ ဝေးနေတဲ့ သီချင်းတွေ မ ဆိုပေးဖြစ်ဘူး။

အိမ့်ချစ်
” မင်္ဂလာဆောင်မှာ သီချင်း ဆိုတာက သူ့ဓလေ့ထုံးစံလေး တွေရှိတယ်။ မနက်ပိုင်းဟို တယ်မှာဆောင်တဲ့ ပွဲလေး တွေ ကို ၂ပုဒ်၊၂ပုဒ်စီဆိုရတယ်။ ညပိုင်း dinner ကျတော့ ၃ပုဒ်၊ ၃ပုဒ်စီ ဆိုရတယ်။ဒါက သဘော သဘာဝ ပေါ့။ မင်္ဂလာဆောင်ဆိုခြင်း အားဖြင့် တစ်ယောက်နဲ့တစ် ယောက်ချစ်ခင် ရင်းနှီးမှုလေး တွေရတယ်။သီချင်းရွေးချယ် မှုကျေ တာ့ မင်္ဂလာဆောင်နဲ့ လိုက် ဖက်တဲ့ သီချင်းလေးတွေပေါ့။ ဦးသိန်းတန်သီချင်းလေးတွေ ပြန်ဆိုထားတာရှိတယ်။ ” မေတ္တာရေလှိုင်း” တို့။ အချစ်သီချင်းလေး တွေ ဆို တယ်။မင်္ဂလာဆောင်တွေ ကျ တော့ လူကြီးတွေတက်ကြတယ်။အဲဒီတော့ ပရိသတ်အရွယ်စုံမျှ သိတာပေါ့။မင်္ဂလာဆောင်ပွဲတွေကို ဆိုရတာ ကြည်နူးမိပါတယ်။သတို့ သား၊ သတို့သမီးလျှောက်လှမ်း လာတဲ့အချိန်မှာ ကိုယ် ကသီချင်းနဲ့ support လုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ “
 ပေါ်ပြူလာအဖွဲ့

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

Posted by drmyochit Thursday, October 31, 2013, under | No comments


ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီး ရမိ ခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလ တွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင် ဘာလ တွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

Posted by drmyochit Thursday, October 31, 2013, under | No comments


 အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

Eleven Media

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်