Saturday, November 02, 2013

မှတ်တိုင် (၅၉) အလွန်

Posted by drmyochit Saturday, November 02, 2013, under | 2 comments

per_ht59al_PLO

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင် အချက်အလက်အားဖြင့် အများအပြား ရှိနိုင်သည် ဆိုသော် လည်း အများစုအာရုံပြုသော အချက်မှာ နှစ်ခုသာရှိသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။

နံပါတ် (၁) မှာ ဖက်ဒရယ်အရေး ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ် သက်နေသော ကိစ္စ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Power Sharing? Resource Sharing ပင် ဖြစ်ပါ သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို သာမန်အားဖြင့် ပထမဆုံး သက်တမ်းအတွင်းတွင် မပြုသင့်ဟူသော အယူအဆများ ရှိသည့်တိုင် အစိုးရအဖွဲ့မှပင် အရဲစွန့်၍ ပြင်ဆင်သည့်ကိစ္စကို အစပျိုးလိုက်သည်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်ပင် သမ္မတကြီးအနေနှင့် သူ၏ ပထမသက် တမ်း အတွင်းမှာပင် လက်နက်ပြဿနာကို အဆုံးသတ်ရန် အာသီသ ပြင်းပြနေသည့်အလျောက် အခြေခံဥ ပဒေ ပြင်ဆင်ရေးကို အရဲစွန့်၍ ဖွင့်ဟလိုက်သည်ဟု ယူဆနိုင်ပါသည်။

တပ်မတော် အနေနှင့်လည်း ပြင်ဆင်ရေးအဆို လွှတ်တော်တွင်း ရောက်သည်မှ အစပြု၍ ပြင်ဆင်ရေးဆိုင် ရာ ကော်မတီများတွင်ပါ ပူးပေါင်း ပါဝင်နေသည်ဖြစ်ရာ ပြင်ဆင်ရေးအား မူအရ သဘောတူသည်ဟု ဆိုနိုင်ပါသည်။သို့ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော လိုက်လျောမှု အားလုံးကို တပ်မှ သဘောတူပေးရန် အလား အလာ ရှိသည်ဟု ယူဆနိုင်ပါသည်။ သို့သော် ဒို့တာဝန် အရေးသုံးပါးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခြိမ်းခြောက်နိုင်သော ကိစ္စများကိုမူကား သဘောတူပေးရန် အခက်အခဲ ရှိနိုင်သည်ဟု မျှော်လင့်နိုင်ပါသည်။ ဤတွင် ဆိုခဲ့ပါအတိုင်း လိုက်လျောနိုင်သည်များကို လိုက်လျောပေးခြင်းဖြင့် တပ်အနေနှင့် တစ်ဆင့်ချင်း Liberalization လုပ်ခြင်းကို ဥပမာကောင်း တစ်ခုအဖြစ် ပြနိုင် ပါလိမ့်မည်။ ၂၅ ရာခိုင်နှုန်း ကိစ္စနှင့် ကာ/လုံ ကိစ္စများကိုမူကား ဝေဖန်မှုအချို့ ရှိသည့်တိုင် လက်တွေ့ သဘောတွင် အလှမ်းဝေးပါ သေးသည်။

နံပါတ် (၂) မှာ သမ္မတအရည်အချင်း သတ်မှတ်ချက် ဖြစ်ပါသည်။ ပြင်ဆင်ရေးကို သံကုန်ဟစ်သည့် အခြေခံ အကြောင်းအရင်းမှာ လူထု၏ ထောက်ခံမှုကို အများဆုံးရထားသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် ကန့်သတ်ထားသည်ဟု ယူဆထားကြသော ပုဒ်မ (၅၉) ကို မနှစ်သက် ကြသည်ကလည်း အကြောင်း တစ်ခု ဖြစ်ပါသည်။ လူထုသည် သာမန်အားဖြင့် အခြေခံဥပဒေ အကြောင်းကို နီးစပ်သည်တော့ မဟုတ်ကြပါ။ ထို့ကြောင့် ကောင်း၏၊ ဆိုး၏ ဆိုသည်ကိုလည်း သာမန်အားဖြင့် တိတိပပ ဝေဖန်နိုင် သည်တော့ မဟုတ်ပါ။ ဥပဒေသမား ဆိုသူတိုင်းပင် (နိုင်ငံရေးအား အထူး စိတ်ဝင်တစား မရှိပါက) နားလည်နိုင်သည်မျိုး မဟုတ်သောကြောင့် အခြေခံလူထုက နားမလည်သည်မှာ မဆန်းလှပါ။

သမ္မတရာထူး ရမှသာ အုပ်ချုပ်ရေး ကဏ္ဍများတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည် ဆိုသည်မှာ ယထာဘူတကျသော အဆိုဖြစ်ပါသည်။ သို့သော်လည်း မသေချာမှုများ မိုးမွှန်နေသည့် ကာလတွင် အကြောင်း အမျိုးမျိုးကြောင့် ပုဒ်မ (၅၉) ကို ပြင်ဆင်ခွင့် မရခဲ့သော် နောက်ဆက်တွဲ အနေနှင့် အားသာ ချက်၊ အားနည်းချက်တို့ မည်သို့ ရှိလာနိုင်သည်ကို အကြမ်းဖျင်း လေ့လာလို၍ ယခုစာစုကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။

၁။ ပါတီတည်ဆောက်ရေး ရှုထောင့်

Power Separation သဘောတရားအရ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်သည် သီးခြားစီ ရှိရသည်မျိုး ဖြစ်သည်။ လက်ရှိပုဒ်မ (၆၄) တွင်လည်း “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့ မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဆိုထားသည်။ ထိုသို့ ကင်းကင်းရှင်း ရှင်း နေခြင်းမှာ သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်ကို မလျော်ကန်သော ပုံစံဖြင့် ပါတီ အကျိုးစီးပွားအတွက် အသုံးမချနိုင်ရန် သော်လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင် ရောထွေးမနေစေရန် လည်းကောင်း ခွဲခြားထားခြင်း သဘောမျိုးဖြစ်သည်။ ဤသည်မှာ သမ္မတစနစ် (Presidential) ၏ ဝိသေသတစ်ခုလည်း ဖြစ်ပါသည်။ ယေဘုယျအားဖြင့် သမ္မတ ဖြစ်သူသည် မိမိ၏ ပါတီတွင်း လှုပ်ရှားမှုများ တွင် လုံးဝ ကင်းရှင်းရမည်ဖြစ်သည်။ (သို့သော် နိုင်ငံတော်သမ္မတကြီး အနေနှင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ တာဝန် ယူခဲ့သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။)

ယနေ့ NLD သည် အင်စတီကျူးရှင်း သဘောအရ ဝေဖန်မှုများစွာ ခံနေရသော အနေအထားတွင် ရှိပါသည်။ မာမာချာချာ အတိုက်အခံပါတီ ဖြစ်အောင် NLD ကို များစွာ တည်ဆောက်ရဦးမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အလွန် NLD မှာ အားကောင်းသော ပါတီကြီးနေရာတွင် ဆက်၍ ရှိမရှိဆိုသည်မှာ လူတိုင်း စိတ်ဝင်စားသော မေးခွန်းဖြစ်သည်။ NLD အနေဖြင့်လည်း ယခုအချိန်တွင် Capacity အရ ယခုလောက်သာ ဖြစ်ရခြင်းမှာလည်း ဖြတ်သန်းမှုအရ သဘာဝကျပါသည်။ ဒီလောက်ကျန်အောင်ပင် မနည်း ရုန်းကန်ခဲ့ရသည်လည်း ဖြစ်ပါသည်။ သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် NLD ၏ အင်စတီကျူးရှင်း ခိုင်မာရေးအတွက် များစွာ ဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတရာထူးကို ရယူနိုင်ခြင်းသည် NLD ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေး ဆိုင်ရာ များကို (မျက်နှာစာမှ) ဆောင်ရွက်နိုင်ရန် အကန့်အသတ်သဘော ဖြစ်သွားနိုင်ပါသည်။

၂။ တိုင်းရင်းသားများ ရှုထောင့်

ဤအချက်မှာလည်း များစွာ စိတ်ဝင်စားစရာ ကောင်းသောကိစ္စဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဗျူဟာ များသည် လွှတ်တော်တွင်း မဝင်မီနှင့် ဝင်ပြီးနောက်ပိုင်းတွင် များစွာ ပြောင်းလဲမှုများ ရှိလာသည်ဟု ပြောဆိုမှုများ ရှိပါသည်။ လက်တွေ့ ပိုဆန်လာသည်ဟု သတ်မှတ်မှုများ ရှိလာပါသည်။ လက်တွေ့နှင့် သဟဇာတ ဖြစ်လာသည်ဟု ဆိုကြပါသည်။ တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် အများခန့်မှန်းချက်နှင့် ကွဲလွဲသည်မှာ လွှတ်တော်နိုင်ငံရေးတွင် အခြားသော တိုင်းရင်းသား ပါတီငယ်များဖြင့် ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးကို ထိန်းကျောင်းလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့တွင်ကား ပြည်ခိုင်ဖြိုး ထိပ်ပိုင်းနှင့် ပူးပေါင်းပြီး တိုင်းရင်းသား ပါတီအချို့၏ ဝေဖန်မှုကို ရခဲ့ရသည်မျိုး ဖြစ်နေပါသည်။

တစ်ချိန်တည်းတွင်ပင် တိုင်းရင်းသားများ (အချို့) မှ ငြိုငြင်သည့် မှတ်ချက်စကားများ ကိုလည်း ကြားလာ ရပါသည်။ တိုင်းရင်းသားအရေး အချို့တွင် ပါသင့်သလောက် မပါဟူသော စွပ်စွဲမှုများ ရှိလာပါသည်။ သမ္မတ ရာထူးအတွက် တပ်နှင့် ထိပ်တိုက်တွေ့နိုင်သည့် ကိစ္စများကိုရှောင်ပြီး တိုင်းရင်းသား ကိစ္စများတွင် နှုတ်ပိတ်နေသည်ဟု ခပ်ရမ်းရမ်း စွပ်စွဲမှုမျိုး ကြုံလာခဲ့ပါသည်။ တစ်နည်းအားဖြင့် ယင်းအမြင်များ သည်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားသော မျှော်လင့်တန်ဖိုး ကြီးမားခြင်း၏ ဘေးထွက်ဆိုးကျိုး ဟု ဆိုနိုင်မည် ထင်ပါသည်။ ယင်းသဘောများကို ကချင်ဒေသနှင့် ရခိုင်ဒေသများတွင် တွေ့ရမည်ဖြစ်ပြီး ပြီးခဲ့သည့် စင်ကာပူ ခရီးစဉ်တွင် ယင်းအသံဗလံ အချို့ကို ကြားခဲ့ရသည် များလည်း ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုသဘောထားမှာ Statesman နေရာဖြစ်သည်။ အမျိုး သားခေါင်းဆောင် (National Leader) နေရာ ဖြစ်သည်။ သို့သော် ပါတီနိုင်ငံရေး လမ်းကြောင်း လျှောက်လှမ်း ရသောအခါ မိမိပါတီ၏ အကျိုးကို ဆောင်ကြဉ်းလာရသည် ဖြစ်၍ မလွဲသာ မရှောင်သာ အခြားသော တိုင်းရင်းသားပါတီများနှင့် အကျိုးစီးပွား ယှဉ်ပြိုင်ရသည့် အနေအထားသို့ ရောက်လာပါသည်။အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်ပါ ရွေးကောက်ပွဲ ဝင်ကြသည့်ကိစ္စကို ဝေဖန်ခံရမှုများ ရှိခဲ့ပါသည်။ သမ္မတရာထူးကို လိုချင်ကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုပြီးသောအခါ ဒေါ်အောင်ဆန်း စုကြည်၏ ဆုံးဖြတ်ချက် အချို့အပေါ် “သမ္မတရာထူးနှင့် အလဲအလှယ် လုပ်သည် ဆိုသည်အထိ အမြင်စောင်းသည်များ ရှိလာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း Statesman နေရာမှ ပြောသင့် ပြောထိုက်သည်ကို ပြောသည့်တိုင် အကျိုးစီးပွားအရ ပွန်းပဲ့ရသူတို့အတွက် မေးငေါ့စရာ အကွက်ရသွားခြင်းသာ ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် NLD ၏ အစပိုင်း မူမှာ ငွေရတု ထုတ်ပြန်ချက်အရ ပြင်ဆင်ရေးဟု နားလည်မိပါသည်။ သို့သော် တိုင်းရင်းသား ပါတီအချို့က အသစ်ဆွဲရေးကို ဇောင်းပေးလာသော အခါတွင် ပြင်ဆင်ရေးအပြင်၊ အသစ်ဆွဲရေးကိုပါ ပူးတွဲ၍ အသံပြောင်းလိုက်ရသည်။ ပါတီတွင်းတွင်ပင် သဘောထားနှစ်ရပ် ရှိနေသောကြောင့် ပြောင်းသည်ဟု မှတ်ချက် ပြုသည်များလည်း ရှိသည်။ ယင်းအဖြေအတွက်လည်း လူထုဆန္ဒဆိုသည်ကို လွှဲချလိုက်ရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း NLD ကို ဝေဖန်မှုများ ကြားလာရပါသည်။

ဤတွင် စာရေးသူအနေဖြင့် နားလည်မိသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား အင်အားစုတို့၏ အသံကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အနေအထားမျိုး ဖြစ်ပါသည်။ ညှိနှိုင်းဖော်ဆောင်ခြင်း သဘောကို ဆောင်ရပါမည်။ ဒီမိုကရက်တစ် အင်အားစုတို့၏ စည်းလုံးမှုကို အလေးထားရမည့် အခြေအနေလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြင်/သစ် ပြဿနာအတွက် လူထုဆန္ဒဆိုသည်ကို ခေါင်းစဉ် တင်ရခြင်းမှာ လိုအပ်ချက်အရလည်း ဖြစ်နိုင်ပါသည်။ တစ်ဦး၊ တစ်ဖွဲ့ ဆန္ဒကြောင့် ဆိုသည်ထက် အများလက်ခံနိုင်သော အဖြေအတွက် ချဉ်းကပ်နည်း တစ်ခုအနေဖြင့် သုံးခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်က ဒီမိုကရေစီ ပါတီအတွင်းမှာပင် ဒီမိုကရေစီ မဆန်လှဟူသော မှတ်ချက်မျိုးကလည်း ရှိနိုင်သေးသည်။ သို့ဖြစ်ရာ ထိုလုပ်ရပ်အတွက် မဟာဗျူဟာ သဘောအရ မမှားပါဟု ဆိုချင်ပါသည်။ သို့သော် နည်းဗျူဟာ အရတော့ “ဘယ်လို လုပ်မှာလဲ၊ လုပ်လို့ ရပါ့မလား၊ လူထုကို ဆွဲသွင်းချင်တာလား၊ လူထုအားကို သုံးချင်တာလား” စသဖြင့်တော့ ထင်ချင်စရာ ဖြစ်သွားပါသည်။ ဤတွင် ဆိုချင်သည်မှာ NLD အနေဖြင့် Street Politic ကို လုံးဝ လိုလားမည် မဟုတ် ဆိုသည်မှာ ယုံမှားစရာ မရှိသောကြောင့် လူထုအား ဆိုသည်ကို အဓိပ္ပာယ်ကောက် မမှားရန်တော့ လိုပါသည်။ သို့သော် စိုးရိမ်သူတို့ကို မှားသည်ဟုလည်း မဆိုသာပါ။ နိုင်ငံရေးဟူသည် အချက်အလက်ပေါင်းများစွာ နှီးနွယ်နေသောကြောင့် ရှုထောင့်အပေါ် မူတည်၍ အဖြေအမျိုးမျိုး ဖြစ်နိုင်ပါသည်။ သို့သော် ယနေ့အခါ ယင်းလူထုဆန္ဒပွဲ ဆိုသည်များကပင် ပြင်ဆင်ရေးကို အလေးသာနေသည်ဟု ပြောဆိုမှုများ ရှိလာပါသည်။

Politician တို့ သဘာဝမှာ အလုပ်ဖြစ်ရေးအပြင် မိမိကို လူအများ လက်ခံရေးမှာလည်း အရေးကြီးသည်။ ထို့ကြောင့် ရဲဘော်ရဲဘက် အင်အားစုတို့၏ မျက်နှာကြည့်ရသည်များ ရှိသည်။ သို့ဖြစ်ရာ လူကြိုက်များရေး မလိုသော၊ လက်တွေ့နိုင်ငံရေး တစ်ခုတည်းကိုသာ အာရုံပြုနိုင်သော Statesman တို့နှင့် မဟာဗျူဟာ အမြင်တူခဲ့သည့်တိုင် နည်းဗျူဟာအမြင် ကွဲသည်များ ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Statesman ရှုထောင့်နှင့် Politician ရှုထောင့်တို့ အကြားညှပ်ရသည့် သဘောမျိုး ရှိတတ်ပါသည်။ သမ္မတရာထူးကို အကြောင်းပြုသောအခါ ထိုအညပ်မှာ ပိုကြီးလာတော့သည်။

၃။ အရှိနိုင်ငံရေး လိုအပ်ချက် ရှုထောင့်

မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ လည်းကောင်း၊ ပထဝီနိုင်ငံရေးအရ လည်းကောင်း စုစည်းရန် ခက်ခဲစေသော သဘာဝမျိုး ရှိသည်။ လူမျိုးစု များပြားလွန်းခြင်း ၊ သမိုင်းနှင့်ချီသော လူမျိုးရေး ပြဿနာများ ရှိခြင်း၊ ကမ္ဘာ့ ဆူပါပါဝါအရ ပြိုင်ဘက်သဖွယ်ဖြစ်သော နိုင်ငံကြီးများ အကြားတွင် ရှိခြင်းတို့သည် မြန်မာနိုင်ငံကို စုစည်းရန် ခက်ခဲသော အနေအထားမျိုးကို တွန်းပို့ နေပါသည်။ ယင်းအချက်တို့သည် ယနေ့ ဒီမိုကရေစီ တည်ဆောက်ရေးကို စိန်ခေါ်နေသော အချက်များလည်း ဖြစ်ပါသည်။

လူမျိုးစုကွဲပြားမှု များလွန်းသော နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက် ရသည်မှာ သာမန်ထက် ပိုခက်ခဲကြောင်း ပညာရှင်များက ဆိုပါသည်။အလားတူ ကမ္ဘာ့ဆူပါ ပါဝါအရ ပြိုင်ဘက် နိုင်ငံများအကြား ရှိခြင်းမှာလည်း အနေအထိုင် မတတ်လျှင် ပဲလှော်ကြား ဆားညှပ်သကဲသို့ ဖြစ်နိုင်ပါသည်။ အမေရိကန်-တရုတ် ပါဝါ ကစားမှုသည် မြန်မာနိုင်ငံအပေါ် များစွာ သက်ရောက်မှု ရှိသည်မှာ ထွေထွေထူးထူး စဉ်းစားရန် မလိုသောကိစ္စ ဖြစ်ပါသည်။ မြင်သာအောင် ဆိုရလျှင် တရုတ်အစိုးရနှင့် အဆင်ပြေစဉ်က တရုတ် နယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပါသည်။ အလားတူပင် ထိုင်းအစိုးရနှင့် အဆင်ပြေချိန်တွင်လည်း ထိုင်းနယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်မည်မှာ အသေအချာဖြစ်သည်။ ဤသည်မှာ ပထဝီ နိုင်ငံရေး၏ သက်ရောက်မှု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ကံဆိုးသည်မှာ ယင်းနှစ်နိုင်ငံလုံးနှင့် တစ်ပြိုင်နက်တည်းတွင် မဟာဗျူဟာ မိတ်ဖက်ဖြစ်ရန်ကား မလွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံတို့ကား ဆူပါပါဝါ မျှခြေ၏ တစ်ဖက်စီက ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ခုနှင့် အဆင်ပြေလျှင် နောက်တစ်ခုနှင့် စင်းလုံးချော အဆင်ပြေရန်ကား မလွယ်တော့။ ဤကား နိုင်ငံ၏ ကံကြမ္မာပင်ဟု ဆိုရမည် ဖြစ်သည်။

ယင်း အခြေအနေအောက်တွင် နိုင်ငံ၏ စည်းလုံးမှု၊ တိုင်းရင်းသား ရင်ကြားစေ့မှုကို စဉ်းစားကြည့်လို ပါသည်။ စည်းလုံးမှု၊ ညီညွတ်မှု ဆိုသည်ကား ယုံကြည်မှုတို့ ‘အမှတ်တစ်ခု’ သို့ လာရောက် စုဆုံကြခြင်းသာ ဖြစ်ပါသည်။အဆိုပါ ‘အမှတ်တစ်ခု’ ဆိုသည်ကား ဘုံအကျိုးစီးပွားလည်း ဖြစ်နိုင်သလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ်ရှိ ပုဂ္ဂိုလ်ရေး ယုံကြည်မှုလည်း ဖြစ်နိုင်သည်။ ပင်လုံစာချုပ်ကို ပြုလုပ်နိုင်ခဲ့သည် ဆိုသည်မှာ တိုင်းရင်းသားတို့၏ ဘုံအကျိုးစီးပွားကြောင့် ဖြစ်သည့်တိုင် ဗိုလ်ချုပ်အောင်ဆန်း အပေါ်ထားသော ပုဂ္ဂိုလ်ရေး ယုံကြည်မှုကို အခြေခံထားသည်လည်း ပါပါသည်။ သို့ဖြစ်ရာ အင်အားစုများကို စုစည်းနိုင်သည့် ‘ဆုံမှတ်တစ်ခု’ ရှိရန်မှာ ယနေ့ နိုင်ငံ၏ အရှိအနေအထားအရ လိုအပ်ချက်သာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ထိုဆုံမှတ်အတွက် ဖြစ်နိုင်ခြေ ရှိသူများမှာ များများစားစား ရှိလှသည် မဟုတ်ပါ။ သို့ဖြစ်ရာ ရှားရှားပါးပါး ရှိသူအချို့ကို ယင်းဆုံမှတ်တစ်ခု နေရာသို့ ရောက်စေချင်သည်။ သို့သော် သမ္မတဖြစ်မှ ထိုဆုံမှတ်နေရာကို ရောက်နိုင်သည်မျိုး တော့လည်း မဟုတ်ပါ။

၎။ ဆန့်ကျင်ဘက်အုပ်စု ရှုထောင့်

ဤသည်မှာ ပေးထားချက်ဟု လူပြောများသော အရာတို့၏ ခွင့်ပြုနိုင်ခြေဘက်မှ စဉ်းစားခြင်း ဖြစ်သည်။ သမိုင်းကြောင်းနှင့် များစွာ သက်ဆိုင်နေသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။

ယနေ့ကား ပုဒ်မ (၅၉) နှင့် ပတ်သက်၍ ပြင်ဆင်ခွင့်ရနိုင်/မရနိုင် ဆိုသည်မှာ အတပ် မပြောနိုင်သေးသော ကိစ္စဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီးက ပုဒ်မ ၅၉ ပြင်ဆင်ရေးကို ကြိုးပမ်းမည်ဟု ဆိုသည့်တိုင် တချို့ ပါတီကြီးများက တစ်ဦးတစ်ယောက်အတွက် မပြင်နိုင်ဟု ခပ်ပါးပါး ဆိုမှုများလည်း ရှိနေပါသည်။ အချို့ ပါတီတို့ကမူ ပုဒ်မ ၅၉ (စ) ကို ပြင်မပေးနိုင်ကြောင်း တည့်တည့် ပြောခြင်းများလည်း ရှိနေပါသည်။ သို့ကြောင့်ပင် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည် ဆိုဦးတော့၊ သမ္မတရာထူးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော အခြားတစ်ယောက်ကို ရွေးချယ်ထားသင့်သည် ဟူသော အကြံပြုချက်များကို ကြားနေရသည်လည်း ဖြစ်ပါသည်။

ဤတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီး ပြောခဲ့သော ‘ညွန့်ပေါင်း’ ဟူသော စကားကို ကြားယောင်မိလာပါသည်။ ထိုစဉ် ညွန့်ပေါင်းဟူသော စကားကို ကြားစဉ်က ကောင်းကောင်း နားလည်သည်တော့မဟုတ်။ ပါလီမန် (Parliamentary system) သဘောမျိုး မဟုတ်ဘဲ ဘာကြောင့် ညွန့်ပေါင်းရမှာလဲ ဟူ၍ နားရှုပ်မိဖူးသည်။ သို့သော်လည်း ပုဒ်မ (၅၉) ကို မပြင်နိုင်ပါက ဖြစ်လာနိုင်သည်ကို မျှော်ကိုး၍ ခေါင်းဆောင်နှစ်ဦးအကြား အပေးအယူများလား ဟူ၍တော့ ယနေ့အချိန်တွင် နားလည်မိပါသည်။ သေချာပေါက်တော့ အတပ်မပြောရဲပါ။ သို့သော်လည်း ပုဒ်မ (၅၉) ကို နောက်ဆုံး ပြင်ခွင့်မရပါက ညွန့်ပေါင်းဆိုသည်မှာ အကောင်းဆုံး တုံ့ပြန်နိုင်သည့် နည်းလမ်း တစ်ခုတော့လည်း ဖြစ်နိုင်ပါသည်။ ယနေ့ အနေအထား အရပ်ရပ်အရ ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဟုလည်း ယူဆစရာ ရှိပါသည်။

သို့သော် Electoral System Design အရ ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသည်။ လက်ရှိ FTPT အစား ပါတီများအကြား Power Balance ကစားနိုင်သည်ဟု ယုံကြည်လောက်သော တစ်စိတ်တစ်ပိုင်း PR ကို ပြောင်းနိုင်လျှင် ပုဒ်မ (၅၉) ကို ဖွင့်ပေးနိုင်ခြေတော့ ရှိသည်။ တစ်စိတ်တစ်ပိုင်း PR သည် ပုဒ်မ (၅၉) အတွက် ထွက်ပေါက်ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် လက်နက်ကိုင်အရေးအတွက် မဖြစ်မနေ ဖွင့်ပေးရမည့် တံခါးတစ်ချပ် ဖြစ်သည့်တိုင် အစိုးရအနေနှင့် စွန့်စားမှုများစွာ ယူထားသောကိစ္စဟု ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဖြစ်နိုင်ခြေဘက်က စဉ်းစားလျှင် တိုင်းရင်းသားအရေး အတွက် တစ်ဆင့်တက် ကျေနပ်ဖွယ်ရာများ ရှိလာနိုင်သည်ဟု မျှော်လင့်နိုင် သော်လည်း ပုဒ်မ (၅၉) အရေးမှာကား စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။ ထိုထက် များများစားစား မျှော်လင့်ရန်မှာ မဖြစ်နိုင်သေးပါ။

ပေါ်လင်းဦး
The Voice

လူသတ်မှု သံသယဖြင့် ၁၄ နှစ်အရွယ် ကလေးကို ရဲက ညှဉ်းပန်းနှိပ်စက်

Posted by drmyochit Saturday, November 02, 2013, under | No comments

မြောင်းမြ, ကလေးသူငယ် နှိပ်စက်ခံရမှု, လူသတ်မှု, ရဲတပ်ဖွဲ့
လူသတ်မှု သံသယဖြင့် တရားရင်ဆိုင်နေရသူ မောင်စိုးလင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)


ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လူသတ်မှု သံသယဖြင့် အဖမ်းခံရထားရသူ ၁၄ နှစ် နီးပါး အရွယ်ရှိ မောင်စိုးလင်း ဆိုသူ ကလေးတဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သည် အထိ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်သွားသည်ဟု သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မြောင်းမြမြို့၊ မြရတနာ ရပ်ကွက်၊ န၀ရတ် လမ်းမကြီး ဘေးရှိ အောင်ပန်းဆား စက်ဝင်း အတွင်းတွင် ဆားစက်ဝန်ထမ်း ဖြစ်သူ ဦးကျော်ဝေ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုနှင့် ပတ်သက် ၍ အိမ်နီးချင်းဖြစ်သူ ဦးသိန်းထွန်းနှင့် သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်စိုးလင်းတို့ကို မြောင်းမြ ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် လူသတ်သည် ဟု ၀န်ခံစေရန် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် ခဲ့ရာ မောင်စိုးလင်း၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်ခဲ့ ကြောင်း၊ ကျန်းမာ ရေး ဆိုးဝါးလျက်ရှိသော မောင်စိုးလင်း သည် လူသတ်မှု သံသယဖြင့် တရားရုံးတင် စစ်ဆေးမှု ခံနေရဆဲဖြစ် ကြောင်း မောင်စိုးလင်း ၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေကဧရာဝတီကို ပြောသည်။

“ကလေးက လမ်းလုံးဝ မလျှောက်နိုင်ဘူး။ တနေရာရာ သွားမယ် ဆိုရင် ကုန်းပိုးခေါ်ရတယ်။ သူ့ကို ရဲစခန်း က ထုတ်လာ တဲ့နေ့ ကတည်းက လမ်းမလျှောက်နိုင်တော့တာ။ မတ်တပ် မရပ်နိုင်ဘူး။ မတ်တပ်ရပ် ဖို့ လူတွဲရတယ်။ ရပ်နေရင် လည်း တွဲထားမှ လွှတ်လိုက်ရင် ချက်ချင်း လဲကျသွားတာ။ ပြီးတော့ ကလေးက အသက်ရှူမ၀ဘူးပြောတယ်။ အချုပ်ခန်းထဲမှာ ရေထဲကို ခေါင်းနှစ်ပြီး နှိပ်စက်တာတွေ လုပ်တဲ့ နောက်ပိုင်း ကတည်းက အဲဒီလိုဖြစ်နေတာ ပြောတယ်။ ဆီးသွားရင်လည်း သွေးနည်းနည်းပါတယ်”ဟု ဒေါ်ခင်ရွှေက ဆိုသည်။

ဦးကျော်ဝေ အသတ်ခံရပြီးနောက် နာရီပိုင်းအတွင်းတွင် ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို မြောင်းမြရဲစခန်းက ဖမ်းဆီး ခဲ့ပြီး ရက်အနည်းငယ်အကြာ ဦးသိန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့် ၄ တန်းကျောင်းသူ သမီးငယ်ကို မြောင်းမြ ရဲစခန်းက ခေါ်ယူစစ် ဆေးခဲ့ ကြောင်း၊ ရဲစခန်းတွင် ဒေါ်ခင်ရွှေနှင့် သမီးကို ၂ ရက်ကြာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီးမှ ပြန်လွှတ် ပေးခဲ့သည်ဟု သိရှိရသည်။

မြောင်းမြရဲစခန်းက လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားသော ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို ၃ ပတ်ကျော် ကြာသည် အထိ မိသားစု ၊ ဆွေမျိုးများနှင့် လုံးဝတွေ့ခွင့်မပေးဘဲ ဖမ်းဆီးပြီး ၁ လခန့် ကြာမှသာ မိသားစုနှင့် တွေ့ခွင့်ပြုခဲ့ကြောင်း ဒေါ်ခင်ရွှေက ဆိုသည်။

မြောင်းမြ ရဲစခန်းက ၁၄ နှစ်အရွယ် မောင်စိုးလင်းကို ဖမ်းဆီးစစ်ဆေးရာတွင် အမှုလက်ခံသော ဖိုင်တွဲတွင် အသက် ၁၆ နှစ်ဟု ရေးဖြည့်၍ မြောင်းမြခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် မောင်စိုး လင်း ပညာသင်ယူနေသည့်ဘုရားချောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ကိုယ်တိုင် တရားရုံး သို့ လာရောက်ပြီး မောင်စိုးလင်းသည် အသက် ၁၃ နှစ် ၁၀ လ သာရှိကြောင်း ထွက်ဆိုချက်ပေး၍ မောင်စိုးလင်း ၏ အသက်မှန် ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းနောက် မောင်စိုးလင်း ၏ အမှုကို မြောင်းမြမြို့နယ် တရားရုံးမှ အိမ်မဲမြို့ ကလေးသူငယ် တရားရုံးသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်စိုးလင်းကိုလည်း ကလေး သူငယ် တရားရုံးက အာမခံ ပေးခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များက မောင်စိုးလင်းကို စစ်ဆေးရာတွင် မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့် တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲ ၂ လုံးထား၍ အချိန်ကြာ မြင့်စွာ ဒူးထောက်ခိုင်းထားသည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း၊ မြောင်းမြ ရဲစခန်းအချုပ်တွင် ၁ လကြာ ချုပ်နှောင်ခံခဲ့ရပြီး မြောင်းမြမြို့ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ကျော့ဟန် ကိုယ်တိုင် မောင်စိုးလင်း၏ လက်သည်းခွံ ကို ဆေးလိပ်မီးဖြင့် တို့ခဲ့၍ လက်သည်းခွံကျွတ်ထွက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့်ရင်းနှီးသည့် အရပ်သားတဦးကလည်း မောင်စိုးလင်းကို ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

“သားက ပြောတယ်။ ဦးကျော်ဝေနဲ့သားနဲ့ အခေါ်အပြောလည်းမရှိဘူး။ ခင်လည်းမခင်ဘူး။ သူ့ကိုလည်း သားမသတ်ဘူး ပြောတယ်။ သားက သူ့အိမ်တောင်တခါမှ မရောက်ဖူးဘူးလို့ ပြောတာကိုမရဘူး။ ရောက်ဖူး တယ်ချည်းပဲပြောတယ်။ အဲလိုစစ်တာ သားက မဟုတ်ဘူးလို့ ငြင်းနေတဲ့အခါကျတော့ ၃ ရက်လောက် လည်းကြာရော သားကိုစပြီးရိုက်တော့ တာပဲ။ မျက်ခုံးမွှေးတွေကိုလည်း မီးနဲ့ရှို့တယ်။ ဂက်စ်မီးခြစ်နဲ့ မျက်စိကိုကပ်တယ်။ ပါးတွေနားတွေရိုက်တယ်။ နားထဲက သွေးကျအောင်ကို ရိုက်တယ်”ဟု မောင်စိုးလင်း က ဧရာဝတီသို့ ပြောသည်။

မောင်စိုးလင်း၏ ကျန်းမာရေးကို ကုသပေးနေသော ပုသိမ်မြို့မှ အထွေထွေ ရောဂါကုဆရာဝန်တဦးက “ကလေးက လမ်းမလျှောက်နိုင်တော့တာ အမှန်ပဲ ။ မတ်တပ်ရပ်မယ်ဆို သူ့ခါးရိုး၊ တင်ပါးဆုံရိုးတွေ အရမ်း နာကျင်ပုံရတယ်။ လှုပ်လို့ တော့ ရတယ်။ နာတော့ မရပ်နိုင် မသွားနိုင်ဖြစ်နေတာပေါ့။ သူက မှုခင်းနဲ့ပတ် သတ်နေတော့ အစိုးရဆေးရုံမှာ ဓာတ်မှန် ရိုက်၊ ဆေးစစ်မှုခံယူပြီး ဆေးကုသတာတွေ လုပ်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီသတင်းဌာနက မောင်စိုးလင်းညှဉ်းပန်းနှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း “စခန်းမှူးအပြင်သွားနေသည်”ဟုသာ ပြောဆိုပြီး တစုံတရာ ဖြေကြားခြင်းမရှိခဲ့ပေ။

မောင်စိုးလင်းကို အိမ်မဲမြို့နယ်ကလေးသူငယ်တရားရုံးတွင် အောက်တိုဘာ ၃၁ ရက်နေ့က ရုံးထုတ် စစ်ဆေး ခဲ့ပြီး ဖခင်ဖြစ်သူ ဦးသိန်းထွန်းကိုမူ မြောင်းမြခရိုင်တရားရုံး၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။

ပုသိမ်မြို့မှ ဥပဒေအတိုင်ပင်ခံ ဦးအောင်သူရက “အပြစ်ထင်ရှားရှိရင်တောင် ကလေးတယောက်ကို ဖမ်းမယ် ဆိုရင် ရဲအနေနဲ့ လက်ထိပ်ခတ် ပိုင်ခွင့် မရှိဘူး၊ အချုပ်ထဲမှာ ထည့်ထားလို့လည်း မရဘူး။ ရဲတပ်ကြပ်လို အဆင့်မျိုး အိမ်မှာ ထားရမှာ။ နှိပ်စက်တာတို့ ဘာတို့ကတော့ ဥပဒေမရှိ မင်းမဲ့စရိုက် လူမိုက် ဆန်ဆန် လုပ်ရပ်တွေပဲ။ အခုကိစ္စက သံသယ ရှိခံရတဲ့ကလေးက ကျန်းကျန်းမာမာ အဖမ်းခံရပြီးတော့ ကျန်းမာရေးထိခိုက်သွားတာဆိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တွေမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဥပဒေ အရ ရဲတပ်ဖွဲ့ဝင်များသည် တရားခံဟု သံသယ ရှိခံရသူ များကို ညှဉ်းပန်း နှိပ်စက်ခွင့်မရှိကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပါက ညှဉ်းပန်းနှိပ် စက်သည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် အမှုဖွင့်နိုင် ကြောင်း၊ မောင်စိုးလင်းအမှုနှင့်ပတ်သက်ပြီး မိဘအုပ် ထိန်း သူများဘက်က မိမိထံ တိုင်ကြားလာပါက စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသော ရဲတပ်ဖွဲ့ ၀င်များကို အရေးယူပေးမည်ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီ

နိုင်ငံသား အကျိုးစီးပွား ကာကွယ်ရေးဆိုကာ ကုမ္ပဏီကြီးများ ကြီးပွားတိုးတက်ရေး အတွက်သာ

Posted by drmyochit Saturday, November 02, 2013, under | No comments

B-3-11
ရန်ုကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညက လျှပ်စစ်မီး ပြတ်တောက်သွား၍ ဖယောင်းတိုင်မီး ထွန်းညှိထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဝေလင်းအောင်)

"လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည့် ကိစ္စအား အသိပေး ကြေညာခြင်း" ဟူသည့် ခေါင်းစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏ ကြေညာချက်ကို အစိုးရထုတ် သတင်းစာ၌ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ဖတ်ရှုသိရှိ လိုက်ရပါသည်။

ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှု အပေါ်မှ စတင်၍ တစ်ပြည်လုံး အတိုင်းအတာအထိ အောက်ပါနှုန်းထားအတိုင်း ပြင်ဆင်သတ်မှတ် လိုက်ပါသည်။

အများပြည်သူသုံးအတွက် ၁ ယူနစ်မှ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်။ ၁၀၁ ယူနစ်မှ အထက် ကျပ် ၅၀။ စီးပွားရေး လုပ်ငန်းရှင်များအတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀၀ အထိ ကျပ် ၁၀၀။ ၅၀၀၁ ယူနစ်မှ အထက် ကျပ် ၁၅၀ နှုန်းဖြစ်ပြီး အစိုးရ ဌာနများအတွက် ရုံးသုံးကျပ် ၅၀ နှင့် စက်မှုသုံး ကျပ် ၁၀၀ ဟု ဖော်ပြထားပါသည်။

ဤကဲ့သို့ ရုတ်တရက်နိုင်လှစွာ ဓာတ်အားခများ တိုးမြှင့်ကောက်ခံ လိုက်ခြင်းဖြင့် သုံးစွဲသူ အများပြည်သူတို့အတွက် "မြွေပူရာ ကင်းမှောင့်" သကဲ့သို့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ရာဒဏ်ချက်များဖြင့် အလူးလူး အလိမ့်လိမ့် ဖြစ်နေရချိန်၌ တစ်ပူပေါ် နှစ်ပူဆင့်လိုက်ခြင်းသာ ဖြစ်ပါသည်။

နောက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့် ရလိုက်သည့် ပုဂ္ဂလိက ကုမ္ပဏီများ၏ အကျိုးစီးပွား များ တိုးတက်ဖြစ်ထွန်းရေးအတွက် လောလောလတ်လတ် အကျိုးပြုလိုက်ခြင်းလည်း မည်ပါသည်။ ယခင် အစောပိုင်း တစ်လနှစ်လခန့်ကပင် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရေးအတွက် ကြိုတင်၍ ဟောကိန်းထုတ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား ကျွမ်းကျင်သူတို့၏ စကားကို ပြန်လည်ကြားယောင် မိပါသည်။ အစိုးရက ဥပဒေစံနှုန်း မရှိသေးဘဲ လက်ရှိ လျှပ်စစ်မီတာခထက် သုံး၊ လေးဆအထိ မြင့်တက်နိုင်သည့် နှုန်းဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်အား ပုဂ္ဂလိက ကုမ္ပဏီများသို့ ဆက်လက်ခွင့်ပြုရန် စီစဉ်လျက် ရှိကြောင်း ကြားသိခဲ့ရပေရာ "ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်" ဟု ဆိုခဲ့သော် လည်း ပြည်သူတို့၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှု မပြုဘဲ ပုဂ္ဂလိက ကုမ္ပဏီတို့၏ အကျိုးအတွက်သာ အလေးထား၍ ယခုကဲ့သို့ ဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းက စောစောကပြောခဲ့သည့် အများပြည်သူတို့၏ မျှော်လင့်ချက်ကို လွှတ်တော်ကြီးက အလေးထား အကောင်အထည် ဖော်လိုက်ခြင်းပေ ပဲ လားဟူ၍ေ၀၀ါးနေမိပါသည်။ ဒီကိစ္စနှင့် ပတ်သက်၍ ပြည်သူတို့ ၀န်းကျင်တစ်လွှား အသံဗလံများလည်း ပလူပျံလျက် ရှိပေသည်။ တကယ်တော့ မည်သို့ဆိုစေ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် အလတ်စား၊ အသေးစားများအတွက် ဈေးနှုန်းတက်သည် ပြောစေဦးတော့ တကယ်တမ်း အကျိုးအမြတ်များများ တစ်လုံးတစ်ခဲတည်း ခံစားရသူမှာ ကြီးကြီးမားမား လုပ်ငန်းရှင်ကြီးများ အတွက်သာ ဖြစ်ပါသည်။ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့် ရရှိသည့် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဧဒင်စွမ်းအင် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီ ၂၀ တို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို ခွင့်ပြုမိန့် ပေးထားခဲ့ပြီးဖြစ်သည်။

စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကျပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေက လည်း မလောက်ငဘူး။ သွားရလာရတဲ့ ခရီးစရိတ်နဲ့တင် လစာက ထက်ဝက်ကျိုးနေတာ အခုတော့ မီတာခကပါ တက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့ . . . . .

နောက်ဆုံး "ထွက်သမျှချေး ပုစွန်ဆိတ်ခေါင်းမှာစု" ဆိုသကဲ့သို့ နင့်နေအောင် ဒုက္ခပေါင်းစုံ စု၍ ခံစားကြရ မှာကတော့ အောက်ခြေက နင်းပြားလူတန်းစားများသာဖြစ်တာ ဗေဒင်မေးဖို့ မလိုအပ်တဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါသည်။ ကုန်ထုတ်လုပ်သူများ ဆိုသည်ကတော့ ဘာတွေဘယ်အရာတွေ ဘယ်သို့ပင် ဈေးတက်တက် သူတို့ထုတ်ကုန် ပစ္စည်းအပေါ် ဈေးနှုန်းတင်လိုက်ရုံသာ သဘာဝပါ။ နောက်ဆုံးမြားဦး စိုက်ခံရသူက ကျွန်တော်တို့ စားသုံးသူများသာ ဖြစ်လေရာ ကျွန်တော်တို့တွေပဲ ကံဆိုးသူ မောင်ရှင်များလော့။

ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှု ဆိုသော်လည်း ပြည်သူတို့ဘက် ငဲ့ကွက်စဉ်းစားမှု မပြုဘဲ ကုမ္ပဏီတို့၏ ထုတ်လုပ်မှုစရိတ် ကာမိစေရေးအတွက် တွက်ချက်တောင်းခံလာသည့် နှုန်းထားများအတိုင်း သဘောတူညီမှုပြုကာ ပြည်သူတို့အပေါ် စရိတ်စကများ တိုးမြှင့်ကောက်ခံ နေခြင်းမျိုးမှာ ပြည်သူတို့အပေါ် မငဲ့ကွက် မစာမနာရာ ရောက်ပေသည်။

နိုင်ငံတော် အနေဖြင့် လျှပ်စစ်ကဏ္ဍအတွက် အသုံးစရိတ်များစွာ ရင်းနှီး၍ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော်လည်း ယခုအချိန်ထိ လျှပ်စစ်ဓာတ်အား လိုအပ်မှုများမှာ ၇၅ ရာခိုင်နှုန်း အထိပင် ရှိသေးကြောင်း ကိုလည်း သိရပေသည်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် အနေအထားပေါ် ပြည်သူတို့၏ အသံများကိုလည်း ကြားသိရပေရာ "စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကျပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေကလည်း မလောက်ငဘူး။ သွားရလာရတဲ့ ခရီးစရိတ်နဲ့တင် လစာက ထက်ဝက်ကျိုးနေတာ အခုတော့ မီတာခကပါ တက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့။ ကုန်ကျမယ့် စရိတ်တွေကသာ ပိုများလာတယ်။ ပိုပြီးလျော့သွားတယ် ဆိုတာမျိုးတော့ မရှိပါဘူး" လို့ တစ်ဦးက ဆိုပါသည်။

နောက်တစ်ဦးကတော့ "လျှပ်စစ်မီး အချိန်မှန်ရမယ်လို့ အာမခံနိုင်တဲ့အချိန် သင့်တင့်တဲ့ဈေးကိုတိုးတာ အကြောင်းမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေကလည်း ကောင်းလားမေးရင် အရင်အတိုင်းပဲ။ အများပြည် သူရဲ့ နေ့စဉ်ဝင်ငွေကလည်း တိုးလာတာ မဟုတ်ဘူး။ ဓာတ်အားခ တိုးမယ်ဆိုရင်လည်း ပြင်ဆင်ချိန် ရအောင် အချိန်လုံလောက်စွာနဲ့ အသိပေးသင့်တယ်။ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ အစိုးရဖြစ် တယ်လို့ ဆိုတဲ့အတွက် အများပြည်သူကို သေချာချပြပြီးမှ လုပ်သင့်တယ်လို့ ထင်တယ်" လို့ ရင်ဖွင့်ခဲ့ပါ သည်။

ဒီကနေ့ အချိန်၌ ကုန်ဈေးနှုန်းများကလည်း ဘက်ပေါင်းစုံက တက်နေသည့် အချိန်ဖြစ်သည်။ ထို့အတူ အလုပ်အကိုင် အခွင့်အလမ်းများကလည်း ခက်ခဲလျက် အလုပ်လက်မဲ့ နှုန်းကလည်း ရာခိုင်နှုန်း ၆၀ အထိ မြင့်တက်နေချိန်ဖြစ်သည်။ အစစ အရာရာတွင် အခက်အခဲမျိုးစုံ အိမ်ငှားခဈေးနှုန်း များကလည်း မိုးထက်သို့ တိုးတက်နေချိန် ဒီလိုအချိန်မျိုးနှင့် တိုက်တိုက်ဆိုင်ဆိုင် လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်လိုက်ခြင်းက အချိန်ကိုက် ဖောက်ခွဲလိုက်လေ သလားဟု ထင်မှားဖွယ် ဖြစ်၍နေပါသည်။

ဒီကိစ္စနှင့် ပတ်သက်၍ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကတော့ ဒီလိုပြောပါ သည်။ "ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေ တဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ အတော်ကြီး မညှာမတာ လုပ်ရာကျပါတယ်။ ဒီ Impact အရမ်းကြီးတယ်။ ၂၀၀၇ ခုနှစ်က စက်သုံးဆီ ဈေးတက်သလို ဖြစ်လာလိမ့်မယ်"

နိုင်ငံတော် အကြီးအကဲများက ဆိုခဲ့ပါသည်။ နိုင်ငံတော် အစိုးရက ၁၆ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှု ကိန်းဂဏန်းများကို လျှော့ချသွားရန် ဆက်လက်ဆောင်ရွက် နေပါသည်ဟု ဆိုပါသည်။ အပြောနှင့် လက်တွေ့ လုပ်ဆောင်ချက်များ ထပ်တူညီဖို့ လိုပါသည်။ သို့မှသာ အလုပ်ဖြင့် သက်သေပြရာ ရောက်နိုင် မည် ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ပြောခဲ့ဖူးပါသည်။

ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ "နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ကာ ကွယ်စောင့်ရှောက်သည့် ဥပဒေဖြစ်ရေး" ဟု ဆိုထားခဲ့ပေရာ လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဆိုသည့် ကိစ္စကတော့ ကျွန်တော်တို့ကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ မရောက်ဘဲ လက်တစ်ဆုပ်စာ ကုမ္ပဏီကြီးများ၏ အကျိုးစီးပွား အတွက်သာလျှင် ကြည့်ရာ ရောက်မနေပေဘူးလားဟူ၍ မေးခွန်းထုတ်လာ ခဲ့သော်...။

ကမ္ဘာ့ အကောင်းဆုံးအဆင့် တိုက်စစ်အတွဲမျိုးကို မိမိပိုင်ဆိုင်ထားကြောင်း မိုယက်စ်ကြွေးကြော်

Posted by drmyochit Saturday, November 02, 2013, under | No comments


မိမိသည် ကမ္ဘာ့အကောင်းဆုံးဟု ညွှန်းဆိုနိုင်လောက်သည့် တိုက်စစ်အတွဲအဖက်ကို ပိုင်ဆိုင်ထားကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ကြွေးကြော်လိုက်သည်။

ရော်ဘင်ဗန်ပါစီနှင့် ဝိန်းရွန်နီတို့၏ အတွဲအဖက်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံးဖြစ်သလို ကမ္ဘာ့အဆင့်ထိ အမြင့်ဆုံးအခြေအနေ နှိုင်းယှဉ်နိုင်ကြောင်း မိုယက်စ်က ဆိုသည်။ လက်ရှိတွင် ပရီးမီးယား လိဂ်၌ လီဗာပူးလ်၏ ဒန်နီရယ်လ် စတားရစ်ဂ်ျနှင့် လူးဝစ်ဆွာရက်ဇ်တို့ နှစ်ဦးက အကောင်းဆုံးပုံစံ ရရှိနေသော်လည်း ရွန်နီနှင့် ဗန်ပါစီ အတွဲသာ အကောင်းဆုံးဟု မိုယက်စ်က ယုံကြည်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နှစ်သင်းလုံးမှ တိုက်စစ်အတွဲများ အပြိုင်ဂိုးသွင်းခဲ့ကြသည်။

မိုယက်စ်က "ရွန်နီနဲ့ ဗန်ပါစီတို့ဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဘယ်တိုက်စစ်အတွဲကိုမဆို ယှဉ်နိုင်ပါတယ်။ ဒီနိုင်ငံ အဆင့်လောက်ကို ကျွန်တော် ထည့်ပြောမနေတော့ဘူး။ သူတို့နှစ်ယောက် တကယ်ခြေတွေ့ပြီဆိုရင် အကောင်းဆုံးဆိုတာ ငြင်းစရာကို မရှိတော့ဘူး"ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်သည် ဖူလ်ဟမ်နှင့် ယနေ့ညတွင် ရင်ဆိုင် ကစားရ မည်ဖြစ်ပြီး ကွင်းလယ်တွင် မိုက်ကယ်ကာရစ်မှ ခြေဖနောင့် ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်ချေ။ ဗန်ပါစီသည် ခြေမနှင့် ပေါင်ခြံ အတန်ငယ် နာကျင်မှု ရှိသော်လည်း ယခုပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေဖွယ်ရှိကြောင်း သိရှိရသည်။ 

Ref: dailymail

အရမ်းလန်းတဲ့ မင်းသမီးလေး Pwint Nadi Mg

Posted by drmyochit Saturday, November 02, 2013, under | No comments










Myanmar Model Girls

Friday, November 01, 2013

အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ

Posted by drmyochit Friday, November 01, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင် အင်းစိန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း အောင်လွင်ဟိန်းမောင်းနှင်လာသည့် ရွှေအင်းဝယာဉ်လိုင်း အမှတ် ၁၈၈သည် လမ်းဘေးတွင် ရပ်ထားသည့် အငှားယာဉ်အား တိုက်မိပြီး ဘရိတ်ပေါက်ကာ ဈေးလမ်းထိပ်တွင် BB ဆလွန်းအဖြူရောင် အငှားယာဉ်ကို နောက်မှဝင်ရောက်တိုက်မိပြီး မြဂန္နမာ ဈေးအရောက်တွင်AA ကရီးနားနက်၊ ခဲရောင်အငှားယာဉ်၊ BB ဗင်အဖြူေ၇ာင်အငှားယာဉ်၊ ၂ခ ကင်တာဘောက် အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် ၆က စလွန်း မီးခိုးရောင်အငှားယာဉ်တို့အား ဆင့်ကဲ့တိုက်မိခဲ့ပြီး စတင်တိုက်မိခဲ့သည့် အငှားယာဉ်ပေါ်သို့ တက်ရန် ပြင်နေသည့် ရွှေပြည်သာမြို့နယ်နေ ကိုရွှေမြင့်(၂၅နှစ်)တစ်ဦးသာ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် ရွှေအင်းဝယာဉ်မောင်းကို ယာဉ်ဆင်မခြင်မောင်းနှင်၍ ယာဉ်များပျက်စီးပြီး လူအားဒဏ်ရာရစေအမှုအဖြစ် တိုက်ခံရသည့် ယာဉ်ပိုင်ရှင်များက တိုင်ကြားပြီး ပြစ်မှုပုဒ်မ (ပ)၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈/၂၀၂ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါဖြစ်စဉ်အား တာဝန်ယူထားသည့် မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေး ထံမှ သိရသည်။

“ကားက ၃စ ကို တိုက်တဲ့ အချိန်မှာ ဘရိတ်အုပ်ခါမှ ဘရိတ်ကျွံသွားပုံရတယ်၊ ဘရိတ်ပေါက်တဲ့အရှိန်နည်းရင် လမ်းဘေး ဆွဲကပ်လို့ရပေမယ့် အရှိန်များတော့ ရှောင်ရင်းနဲ့ ဆင့်ကဲတိုက်မှုတွေ ဖြစ်သွားတယ်၊ အဓိကက အရှိန်ပြင်းပြီး မဆင်မခြင် မောင်းနှင်လို့ဖြစ်တယ်” ဟု မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေးက ပြောသည်။

အဆိုပါယာဉ်(၇)စီးဆင့်ကဲတိုက်မူကြောင့် အင်းစိန်းလမ်းမကြီး၌ (၂)နာရီခန့် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကျပ် (၂၅)သိန်းကျော်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကားက ရပ်ထားတာ၊ နောက်က ၀င်တိုက်ခံလိုက်ရတယ်၊ လောလောဆယ်တော့ ပိုက်ဆံကတော့ ကိုယ်အရင် ကုန်ရမှာပေါ့၊ တိုက်တဲ့ယာဉ်ရဲ့ပိုင်ရှင်ကတော့ အခုမှ သိတာ၊ ယာဉ်ထိန်းက အကြောင်းထူးရင်တော့ ဆက်သွယ်မယ်ပြောတယ်” ဟု အတိုက်ခံရသည့် ယာဉ်များမှယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြစ်မှုစစ်ဆေးချက်များအရ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် အင်းဝယာဉ်လိုင်းမောင်း အောင်လွင်ဟိန်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းပူးပေါင်းကာ ဖမ်းဆီးရရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

BY ကြယ်စင်လင်း၊ မင်းမင်း(မြစ်မခ)

Facebook ပေါ်မှ ဓာတ်ပုံများကြောင့် Software ပညာရှင်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

Posted by drmyochit Friday, November 01, 2013, under | No comments

အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်

အိန္ဒိယ နိုင်ငံမှ Software ပညာရှင် တစ်ဦးသည် Facebookပေါ်မှ ဓာတ်ပုံများကြောင့် မိမိကိုယ်ကိုယ် ကြေကွဲဖွယ် အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းနှင့် ဇနီးဖြစ်သူ ဆန်ဒါဟာရာတို့သည် ဘာသာမတူကြချေ။ ချန်နိုင်းတွင် နေထိုင်သော ဆန်ဒါဟာရာနှင့် လက်ထပ်ရန် ချန်ဒန်က ရည်ရွယ်ခဲ့သော်လည်း ၎င်း၏ မိသားစုက လုံးဝ သဘောမတူဘဲ တားဆီးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချန်ဒန်သည် ချန်နိုင်းရှိ ခရစ္စယာန် ဘုရားကျောင်း တစ်ခုတွင် ဆန်ဒါဟာရာ၏ အလိုအတိုင်း လက်ထပ်ခဲ့ပြီး ယင်းအစီအစဉ်ကိုမူ မိသားစု မသိအောင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း ဆန်ဒါဟာရာက မင်္ဂလာပွဲ ဓာတ်ပုံများကို Facebookပေါ်တွင် လွှင့်တင်လိုက်သည့်အခါ ချန်ဒန်၏ ဝမ်းကွဲညီအစ်ကို တစ်ဦးက စတင်သတိပြုမိသွားသည်။ ထိုမှတစ်ဆင့် သတို့သားဖြစ်သူ ချန်ဒန်၏ မိသားစုကို အသိပေးခဲ့သည်။ ထိုအခါ ချန်ဒန်၏ မိဘများက သားဖြစ်သူကို ချက်ချင်း ဆက်သွယ်ကာ ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့သလို ၎င်း၏ အသိမဲ့မှုကြောင့် မိမိတို့ အလွန် နာကျင်ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ မိဘများထံမှ ခါးသီးသော စကားလုံးများကြောင့် ဝမ်းနည်းသွားသော ချန်ဒန်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်သော နည်းလမ်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လိုက်ရှာသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့သည့် လူသေမှုနှင့် ပတ်သက်ပြီး ရဲများက Facebookပေါ်မှ ဓာတ်ပုံများသည် အဓိက အကြောင်းရင်းဟု မှတ်ချက်ချခဲ့သည်။ စနေနေ့ မင်္ဂလာပွဲ အပြီးတွင် နောက်တစ်နေ့၌ ချန်ဒန်သည် အခန်းထဲမှ ထွက်မလာတော့ချေ။ ဆန်ဒါဟာရာက အခန်းထဲ ဝင်ရောက်ရှာဖွေရာ သေတမ်းစာ တစ်စောင်ရေးခဲ့ပြီး ဆွဲကြိုးချ သတ်သေထားသည့် ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့သည်။ ချန်ဒန်က မိမိသည် ဇနီးကို အလွန်ချစ်မြတ်နိုးသော်လည်း Facebookပေါ်မှ ဓာတ်ပုံများကို ဖယ်ရှားပေးရန် ဆန်ဒါဟာရာက ငြင်းဆန်သည်ကို စိတ်ပျက်ကြောင်းနှင့် ဘဝကို ရှေ့မဆက်လိုကြောင်း ရေးသားထားသည်ဟုလည်း ရဲများက ပြောဆိုသွားသည်။

Planet Myanmar Network

အသေးအမွှား၊ ကလေးကစားစရာ မဟုတ်ပါ

Posted by drmyochit Friday, November 01, 2013, under | No comments



“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့မှာ သေချာတယ်”

ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)

မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။

ယခုတွေ့ မြင်လိုက်ရသည်က လူသိအောင်လုပ် ပေးလိုက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး လူမသိ သူမသိနိုင်သော ကိစ္စပေါင်းများစွာ နောက်ကွယ်တွင် ရှိနိုင်သေးသည်။ ထိုအဖြစ်အပျက် များသည် ယနေ့ခေတ် လူငယ်များကို ကိုယ်စားပြုနေသည့် စဉ်းစားစရာလည်း ဖြစ်နေသည်။ သူတို့ ဘာတွေ သိနေသလဲ၊ ဘယ်လောက် သိနေသလဲ၊ ဘာကြောင့် သိနေသလဲ ဆိုသည့် အကြောင်းများမှာ မေးစရာကိစ္စများ ဖြစ်လာသည်။

မုဒိမ်းကျင့်ခံရခြင်း၏ ၈၀ ရာခိုင်နှုန်းသည် မိမိ ပတ်ဝန်းကျင်၊ မိမိ သိကျွမ်းသူများနှင့် ပတ်သက်နေကြောင်း မလေးရှားနိုင်ငံ ဆေးပညာအဖွဲ့ (MMA) ဥက္ကဋ္ဌ ဒေါက်တာ သာမာစီလန်က ဆိုပါသည်။

“မုဒိမ်းမှုဆိုတာ သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဖြစ်စေတဲ့ အကြောင်းတရားတွေလည်း အများကြီးရှိတယ်။ လိင်စိတ်ကို နိုးကြား တက်ကြွလာစေတဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က စေ့ဆော်တဲ့ တွန်းအားတွေ၊ ဖြစ်နိုင်တဲ့ အနေအထားတွေကို သတိ မမူတာတွေ၊ စူးစမ်းချင်တဲ့ ကလေးတွေရဲ့သဘာဝကို လျစ်လျူရှုထား တာတွေဟာ ကလေးတွေကို ဒီလိုလုပ်အောင် တွန်းပို့နေ သလိုဖြစ်တယ်” ဟု သူက ဆိုသည်။

ကလေးပီပီ စပ်စုခြင်းနှင့် သိချင်စိတ် ပြင်းပြခြင်းတို့ကို လူကြီးတွေက အချိန်မီ မထိန်းနိုင်လျှင် ကလေးများ မဟုတ်သည့်လမ်းသို့ ရောက်သွားနိုင်သည်။ သူပြောသည့် တွန်းအားနှင့် စေ့စော်အား များဆိုသည်မှာ မူးယစ်ဆေး၊ အရက်နှင့် ကလေးများကို အလေးမထား လုပ်ချင်ရာ လုပ်နေသည့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။

“မိဘတွေက အရေးကြီးတယ်။ သူတို့က အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတာ သိတဲ့သူ နည်းတယ်။ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကိုယ်ကျင့်တရား၊ အရှက်နဲ့ သိက္ခာတွေကို သင်ပေးဖို့ အချိန်မရှိဘူး။ သူတို့ကလည်း အဲဒါတွေကို အရေးကြီးမှန်း မသိကြဘူး။ မိသားစုအတွင်း ဒုက္ခတွေ ရောက်ပြီး စီးပွားရေးအဆင် မပြေကြရင် ပိုဆိုးသေးတယ်။ အဲဒီမိသားစုအတွင်း ကြီးပြင်းရတဲ့ သူတွေအတွက် ကတော့ အချိန်မရွေး ပေါက်ကွဲဖို့ အသင့်ဖြစ်နေတတ်တယ်” ဟု ဒေါက်တာ သာမာက ဆိုသည်။

အချို့အချက်များကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်သည်။ ကလေးတွေ ဘာကြောင့် မဟုတ်တာ လုပ်သနည်းဆိုသည့် အချက်တွင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်မနှံ့ခြင်းများကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း တွေ့ရသည်။ ထိုကလေးများကို အချိန်မီ မထိန်းသိမ်းနိုင်လျှင် သို့မဟုတ် လျစ်လျူ ရှုထားလျှင်လည်း ဤအဖြစ်မျိုးများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း သူက ထောက်ပြထားသည်။

မလေးရှား ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဟာမီဒါ ယူနွတ်က ၂၀၁၁ ခုနှစ် မတိုင်မီအထိ ကလေးသူငယ်ဆိုင်ရာ သာမန်ပြစ်မှုဟု သတ်မှတ်ခံရလောက်သည့် အမှုများကို တိုင်ကြားခဲ့ခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောကြားသည်။

သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ကလေးသူငယ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှု ခုနစ်မှုနှင့် ယခုနှစ် စက်တင်ဘာလအထိ ခြောက်မှု ဖြစ်ပွားခဲ့သည်။ ထို ၁၃ မှုစလုံးသည် အသက် ၁၃ နှစ်အောက် မုဒိမ်းမှုများ ဖြစ်နေသည်။

ထိုကဲ့သို့ မကြုံစဖူး မုဒိမ်းမှုများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီရင်ခံစာကလည်း ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကလေးသူငယ်များတွင် မဟုတ်တရုတ်ပုံများကို အချိန်မရွေး ကြည့်နိုင်သည့် အခွင့်အရေးများ ရနေကြသည်။ အထူးသဖြင့် အင်တာနက်တွင် ပက်ပက်စက်စက် တစ်တစ်ခွခွ ပုံများ၊ ဗီဒီယိုကားများကို မချိန်မရွေး ရယူကြည့်နိုင်သည်။ ထိုသို့ အလွယ်တကူ ကြည့်နိုင်စေရန် အတွက်လည်း မိုဘိုင်းလ် ဖုန်းများ၊ တက်ဘလက်များကို အလွယ်တကူ ဈေးပေါပေါနှင့် ဝယ်ယူ သုံးစွဲနိုင်သည်။ ထို့ကြောင့် ကာမ ရာဂစိတ်များ လူကြီးတွေသာမက ကလေးတွေပါ အချိန်မရွေး ပေါက်ကွဲရန် အားမြှောက်ပြုသလို ဖြစ်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုထားသည်။

“ကျွန်မ ပြစ်မှုကျူးလွန်တဲ့ ကလေးတစ်ယောက်ကို စစ်ဆေးကြည့်တော့ သူက ဟင်ဒီစကားပြော ရုပ်ရှင်ကားထဲမှာ မင်းသမီးက မလုံ့တလုံ အဝတ်အစားလေးနဲ့ ကတာကို ကြည့်ပြီး ဒီလို ကျူးလွန်ဖြစ် သွားတာလို့ ပြောတယ်။ သူက အဲဒီရုပ်ရှင်ကို ကြည့်ပြီး အသက် ၁၂ နှစ် သမီးလေးကိုသွားပြီး မဟားဒယား လုပ်တာ။ အဲဒီလိုလုပ်ဖို့ ကြိုတင် ပြင်ဆင်သွားတာတွေက သူ့မှာ အများကြီးပဲ။ အဲဒီလိုဟာတွေကို ဆောင်ထားရတယ် ဆိုတာကို သူ့အရွယ်လောက်နဲ့ ဘယ်လိုလုပ်ပြီး သိရတာလဲ။ သူက အဲဒီလို လုပ်ရတာတွေ၊ ဆောင်ရန်တွေကို အင်တာနက်ကနေ သိတာတဲ့လေ” ဟု ဒုတိယရဲမင်းကြီး ဟာမီဒါက ဆိုသည်။
ကလေးသူငယ်များသည် အထိန်းအကွပ်မရှိ အင်တာနက်သုံးခွင့်၊ ကြည့်ချင်ရာ ကြည့်ခွင့်များ ရနေသည့်အပေါ် ပြန်လည် စဉ်းစားရန် လိုကြောင်း ဟာမီဒါက ထောက်ပြထားသည်။

“သူတို့ အရွယ်တွေက ဘယ်ဟာက မှားပြီး ဘယ်ဟာက မှန်မှန်းသိမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း သူတို့ ကြည့်ရှုခံစားနေတာ တွေဟာ မကောင်းဘူးလို့ ပြောမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ဘာလုပ်နေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဂျိမ်းစ်နာရာဂမ်ကလည်း ကျောင်းများတွင် လိင်ကိစ္စကို အလေးမထားစရာ အသေးအမွှားပမာ သဘောထား နေကြခြင်းကို ပြစ်တင် ဝေဖန်ထားသည်။

“ ကျွန်တော်တို့ သိရတာတွေက လာပြီး တိုင်မှ သိကြရတာ။ လာမတိုင်တဲ့ အမှုတွေလည်း အများကြီးပဲ ရှိနိုင်တယ်။ ဒီလို ဖြစ်တာတွေကို ပြန်ပြီးသုံးသပ်ရင် ကျောင်းတွေမှာ အမျိုးသမီး အခွင့်အရေး ဆိုတာတွေကို ကောင်းကောင်း သင်ကြားခြင်း မရှိသေးဘူးဆိုတာ ထင်ရှားတယ်။ ကျောင်းတွေမှာ အဓိက အရေးကြီးတဲ့ အချက်နှစ်ချက်ကို သင်ဖို့ လိုသေးတယ်။ အဲဒါတွေကတော့ လူ့အခွင့်အရေးနဲ့ လိင်ပညာရေးဆိုတဲ့ ဘာသာရပ် နှစ်ခုဖြစ်ပါတယ်”

“ကျွန်တော် နှစ်ပေါင်း ၃၀ လောက် ကျောင်းသားတွေနဲ့ ထိတွေးဖူးပါတယ်။ အရွယ် မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုတွေ၊ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုမျိုးတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတယ်”

“ကျွန်တော်တို့ သုတေသန လုပ်ထားချက် အရကတော့ မလေးရှားနိုင်ငံမှာ တစ်ရက်ကို တရားမဝင် ကိုယ်ဝန် ဖျက်ချမှုပေါင်း ၃၀၀ လောက် ဖြစ်လာတာပါပဲ။ ဒီနိုင်ငံမှာက နှစ်ပေါင်း ၂၀ လောက် လိင်ပညာရေး ဆိုတာကို လျစ်လျူရှု ခဲ့ကြတာပါ။ ဘာသာရေးဘက်ကပဲ နည်းနည်းပါးပါး ထိန်းကျောင်းတာလေးတွေပဲ ရှိတယ်”ဟု ဂျိမ်းစ်က ဆိုသည်။

“ရှင်တို့အနေနဲ့ ကလေးတွေကို အွန်လိုင်းပေါ်မှာ ဒီအတိုင်း လွှတ်မထားကြပါနဲ့။ သူတို့ကို စောင့်ကြည့်ပါ။ ဘယ်လိုင်းတွေကို သူတို့ ဝင်ကြည့်နေကြသလဲ။ ကလေးတွေ ဆိုတာ အလွန် စပ်စုစူးစမ်းလို ကြတယ်။ ဒါကြောင့် သူတို့ကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စောင့်ရှောက်ရမယ့် အချိန်မှာ ပစ်ထားလိုက်ရင် ပန်းကောင်း အညွန့်ချိုးခံထားရသလို ဖြစ်သွား နိုင်ပါတယ်” ဟု ဟာမီဒါက ဆိုသည်။

ထိုအချက်ကို ဂျိမ်းစ်ကလည်း လက်ခံသည်။ ဆိုရှယ် မီဒီယာများကို သုံးခြင်းကအစ စောင့်ကြည့်သင့်ကြောင်း သူက ထောက်ခံသည်။ သူက…
“ကလေးတွေကို လွှတ်မထားပါနဲ့ ။ အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ မိဘတွေ၊ ညီအစ်ကို မောင်နှစ်မတွေက မဟုတ်တာတွေကို အင်တာနက်မှာ ကြည့်နေပြီး၊ အနားမှာ ရှိနေတဲ့ မူကြိုတန်း ကလေးအရွယ်လောက်ကို အလေးထားစရာ မလိုဘူးလို့ ထင်လိုက်ရင် မှားလိမ့်မယ်။ အင်တာနက်ကို မသုံးရဘူးလို့တော့ သွားပြီးမပိတ်ပင် လိုက်ပါနဲ့။ အဲဒါကပိုပြီး ဆိုးသွားလိမ့်မယ်။ အဲဒီနည်းကလည်း မထိရောက်နိုင်ဘူး” ဟု ဆိုသည်။

“ အရွယ်မရောက်သေးတဲ့ ကလေးတွေက လူကြီးတွေ ကိစ္စတွေကို အရမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် သူတို့ကို လိင်ကိစ္စနဲ့ ပတ်သက်တာတွေကို ရှင်းပြနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်က မိဘနဲ့ သားသမီးတွေကြားမှာ နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်ကြိုးကို ခိုင်မာအောင် ပိုပြီး လုပ်ရမယ်။ ရင်းရင်းနှီးနှီး သားသမီးတွေနဲ့ နေထိုင်ပြောဆိုပြီး လိင်ကိစ္စဆိုတာကို အသေးအမွှားကနေ၊ အလေးထားစရာ ကိစ္စတွေအထိ ရှင်းလင်း ပြောပြနိုင်အောင် ကြိုးစားရမယ်။ ကျောင်းတွေက မပြောရင် သူတို့နဲ့ အနီးစပ်ဆုံးက မိဘတွေပဲ ရှိတာကြောင့် မိဘတွေက ပြောရမယ်။ ဒီလို ရှင်းလင်း ပြောပြနိုင်မှ သူတို့ လမ်းမှားကို ရောက်မသွားမှာပေါ့။ သူတို့ အရွယ်ရောက်လာချိန်အထိ သာယာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးရင် စိတ်လေတာတွေ၊ တလွဲ သာယာနေတာတွေ မရှိနိုင်ဘူးပေါ့”
“ဥပဒေကြောင်း အရလည်း တားဆီးကာကွယ် ပေးထားဖို့ လိုတယ်။ အရွယ်မရောက်သေးတဲ့ ၁၂ နှစ် အရွယ်လေးတွေ အပြစ်ကျူးလွန်ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ ဥပဒေလည်း ရှိဖို့လိုတယ်” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံ မိဘများ ပညာရေးလှုပ်ရှားအဖွဲ့ (PAGE) ဥက္ကဋ္ဌ နူးဇီမာအဘဒူရာမင် ကလည်း ကျောင်းသားများကို လိင်ပညာရေးနှင့် ပညာပေးရန် အရေးကြီးကြောင်း သဘောတူသည်။ သို့သော် ပျံ့နှံ့နေသော လိင်အသားပေး ပုံများ၊ ဗီဒီယို ဇာတ်လမ်းများ နေရာတိုင်းလိုလိုတွင် အလွယ်တကူ ရရှိနေခြင်းကလည်း ပြဿနာရပ်တစ်ခု ဖြစ်ကြောင်း သူက ထောက်ပြထားသည်။ သူမ အနေဖြင့် ကျောင်းများရှိ ကွန်ပျူတာခန်းများတွင် မလိုအပ်သည့် လိုင်းများသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်ရန် ကြိုတင် ကာကွယ်ရေးစနစ် (Fire-walls) များ တပ်ဆင်ထားရန် အကြံပြုထားသည်။

“ကျောင်းသားတွေကို Facebook မသုံးရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေနဲ့ ပိတ်ပင်စရာတော့ မလိုဘူး။ သူ့အသက်အရွယ် အပိုင်းအခြားနဲ့သာ သုံးခွင့်ပြုသင့်တယ်” ဟုလည်း ဇီမာက ဆိုသည်။ သူက အင်တာနက်ကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းတို့သည့် အဖြေ မဟုတ်ကြောင်း လက်ခံထားသည်။

“မိဘတွေအနေနဲ့ အကောင်း၊ အဆိုးကို ခွဲခြားပြီး သဘောပေါက်အောင် ရှင်းပြဖို့ လိုမယ် ထင်တယ်။ အမှား၊ အမှန် ခွဲခြားနိုင်အောင် လေ့ကျင့် သင်ပေးဖို့လည်း လိုလိမ့်မယ်။ အင်တာနက်ကို အသုံးမပြုနဲ့ ဆိုပြီး ပိတ်လိုက်ရင် ဒီနေရာပိတ်၊ အခြားတစ်နေရာ ရောက်သွားမှာပဲ။ ကလေးတွေကို မလုပ်ရဆိုပြီး တားမြစ်မယ့်အစား အကျိုးရှိအောင် ဘယ်လိုသုံးရတယ် ဆိုတာတွေကို လမ်းညွှန် ပြပေးနိုင်ရင် ပိုကောင်းမယ်။ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီး ကိုယ်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိတာတွေကို ထုတ်လုပ်မှု တစ်ခုခုအနေနဲ့ ရလဒ် ပေါ်လာအောင် သုံးစွဲခိုင်းရင် ပိုကောင်းမယ် ထင်ပါတယ်” ဟူ၍ ပြောကြားချက်သည် ခေတ်သစ် မိဘများနှင့် ဆရာများအတွက် စဉ်းစားစရာ ဖြစ်သည်။

Ref: Rising Cases of Minors Raping Minors, by New Sunday Times, 2013 October

အယ်ဒီတာတစ်ဦး

The Voice Weekly

မလေးရှားနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် လိင်မှုဆိုင်ရာ ဆိုးရွားသည့် အဖြစ်အပျက်များ
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ : မလေးရှားနိုင်ငံ ဒေသဆိုင်ရာ သတင်းစာ တစ်စောင်၏ ဖော်ပြချက်အရ၊ သုံးတန်း တက်နေသော အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ယောက်သည် အိမ်နီးချင်း ၁၄ နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် မှားယွင်းဖောက်ပြားကာ ကိုယ်ဝန်ရှိလာပြီး သားယောက်ျားလေး တစ်ယောက် ဖွားမြင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် : အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား လူငယ် ရှစ်ဦးသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ကွာလာကူဘူဘာရူ မြို့ရှိ လူမနေသော အိမ်ကြီးတစ်လုံးတွင် မုဒိမ်း ပြုကျင့်မှုကြောင့် အဖမ်းခံကြရသည်။

ထိုမုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးသည် အခင်းဖြစ်ပွားသည့်နေ့ မတိုင်မီကတည်းက ကျောင်းပြေးပြီး အိမ်ကိုလည်း ပြန်မလာခဲ့ကြောင်း ဒေသဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မိန်းကလေးသည် သူ့အိမ်နှင့် မိုင် ၁၀၀ ခန့်ဝေးသည့် အိမ်ပျက်ကြီးသို့ ရောက်လာပြီး အိပ်စက်နေစဉ် ထိုသို့ မုဒိမ်းကျင့်ခံရခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် : မာလက်ကာမြို့တွင် နေထိုင်သော လေးတန်း ကျောင်းသားနှင့် နှစ်တန်းကျောင်းသား နှစ်ယောက်သည် ပထမတန်း တက်နေသည့် ကျောင်းသူလေး တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်နေသည့် ဗီဒီယိုပြကွက်များ လူကြီးများကြည့်သည့် Website တစ်ခုပေါ်သို့ တက်လာသည်။

ထိုညီအစ်ကို နှစ်ယောက်သည် ကျောင်းရှိ ကွန်ပျူတာခန်းတွင် လူကြီးကြည့် ဇာတ်လမ်းများကို ကြည့်ခဲ့ပြီးနောက် ကျောင်းမှ ကောင်မလေးကို အိမ်သို့ ခေါ်သွားပြီး မဟားဒယား ကျင့်ခဲ့ကြောင်း မိန်းကလေး၏ မိခင်က ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ဇနီးဖြစ်သူ၏ရုပ်အလောင်းကို ၃၅ ရက်ကြာ ထိန်းသိမ်းထားခဲ့သူ

Posted by drmyochit Friday, November 01, 2013, under | No comments


Friday, November 1, 2013

မလေးရှားနိုင်ငံ၊ ဒါမိုင်အင်ပီ ယံတွင်နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ရှိ ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ၎င်း၏ အသက် ၄၂ နှစ်အရွယ်ရှိ ဇနီး ဖြစ်သူ၏ရုပ်အလောင်းကို ၎င်းတို့ နေထိုင်သည့် နှစ်ထပ်အိမ်၏အိပ် ခန်းအတွင်း၌ ၃၅ ရက်ကြာ ထိန်း သိမ်းထားရှိခဲ့ပြီး အသက်ရှင်နေသူ တစ်ဦးပမာ ပြုစုစောင့်ရှောက်နေ ခဲ့သည်။

မိတ်ဆွေသူငယ်ချင်းများက ၎င်းအားဇနီးဖြစ်သူအကြောင်း မေးမြန်းကြသောအခါ ဇနီးဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း အရိပ် အမြွက်မျှပြောကြားခြင်းမရှိဘဲ မရေမရာသာဖြေဆိုခဲ့သည်။ သို့ ရာတွင် ၎င်းတို့၏ အသက် ၁၆ နှစ်အရွယ်ရှိသားဖြစ်သူက မိခင် သေဆုံးသွားကြောင်း သိရှိပြီး ဖခင်ဖြစ်သူကို မိခင်သေဆုံးသွား မှုနှင့်ပတ်သက်၍ အမှန်တရားကို လက်ခံရန် ဖြောင်းဖျနေခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုသူ က အလမ်ဒါမိုင် ရဲစခန်းသို့ အောက်တိုဘာလ ၂၆ ရက်တွင် သွားရောက်ကာ ဇနီးဖြစ်သူမှာ စက်တင်ဘာလ ၂၁ ရက်ကနှလုံး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။

ရဲများက သေဆုံးသူ၏ ရုပ်အလောင်းကို ကောင်းစွာသန့်စင် ထားပြီး အ၀တ်အစားအသစ်များ ၀တ်ဆင်ပေးထားသည်ကို တွေ့ ရှိခဲ့ရသည်။ အခန်းကိုလည်း ပုပ် ပွနေသော ရုပ်အလောင်းမှ ထွက် လာသည့်အနံများသက်သာစေရန် ရေမွှေးများဖြန်းထားသည်ကိုတွေ့ ရှိခဲ့ကြရသည်။

ရင်ခွဲစစ်ဆေးချက်အရလည်း လူသတ်မှုလက္ခဏာမတွေ့ရှိရဘဲ အိမ်နီးချင်းများကလည်း ထိုစုံတွဲ ကို အလွန်ချစ်ခင်ကြသော စုံတွဲ အဖြစ် သက်သေခံခဲ့ကြသည်။ ထို့ ကြောင့် ခင်ပွန်းဖြစ်သူမှာ ဖမ်းဆီး ခြင်းမခံခဲ့ရပေ။ သို့ရာတွင် ၎င်း သည်စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု များခံယူရမည်ဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးမှုအတွက် ၄၈ နာရီ အတွင်းအမျိုးသားမှတ်ပုံတင်ဌာန သို့ သတင်းပို့ရန် ပျက်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

Hot News Journal

ကျောင်းသူ ကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ

Posted by drmyochit Friday, November 01, 2013, under | No comments

၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ် သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမ သို့ ပြောသည်။

“ အမှုကို ကလေးမိခင်ကတိုင်တန်းထားတဲ့အတွက် အမှုဖွင့် စစ်ဆေးပေးရတယ်၊ ဒီအမှုမှာ ကောင်မလေး က အလိုတူလို့ ဖြစ်ခဲ့ပေမယ့် ၁၄ နှစ်အောက်ဖြစ်နေတဲ့အတွက် အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်ရတာပါ” ဟု ရဲအုပ်ဌေးဝင်းက ရှင်းပြသည်။

အဆိုပါ အမှုကို လှိုင်သာယာ၊ ---ရပ်ကွက်နေ မ----(၃၂)နှစ် ၊( ဈေး ရောင်း) က အမှုဖွင့် တိုင်တန်း ထားခြင်း လည်းဖြစ်သည်။

သူမသည် အောက်တိုဘာ ၂၄ ရက်က သီရိမင်္ဂလာဈေးတွင် ဈေးရောင်းနေစဉ် သမီးဖြစ်သူ မ----(၁၃နှစ် ရှစ်လ) အား နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။ ထို့နောက် ၂၅ ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ခဏအိပ်၍ နိုးစဉ်သမီးငယ်၏ ကျောင်းလွယ်အိတ်အားတွေ့၍ ကျောင်းမတက်ကြောင်း သိရှိသဖြင့် စုံစမ်းရှာေ ဖွခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ဟု ရဲထံတွင် ပြောပြထားသည်။

၎င်းနောက်လေးရက်အကြာ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီတွင် သမီးဖြစ်သူအား အမှတ် (၆)ရပ်ကွက်၊ သုခ(၁)လမ်းရှိ မအေးအေးအောင်၏ နေအိမ်တွင် တွေ့ရှိခဲ့သဖြင့် နေအိမ်သို့ ပြန်လည်ခေါ် ယူမေးမြန်းခဲ့သည်ဟုလည်း ဆက်လက်ပြောပြထားသည်။

ထို့ကြောင့် သမီးဖြစ်သူအား စကားလိုက်ပြောဖူးသူ အမည်မသိ၊ အသက် (၂၈)နှစ်အရွယ် ၊ အမျိုးသား (စုံစမ်းဆဲ) က န၀ဒေးအိမ်ရာအနီးရှိ အမည်မသိတည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး သားမယား အဖြစ် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လှိုင်မြို့နယ်ချောင်းဝကား မှတ်တိုင်ဘက်သို့ ထပ်မံခေါ်ဆောင်ပြီး မဟာတည်ခိုခန်းတွင် တစ်ပတ် ခန့် သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ဆက်ဆံခဲ့သည်ဟုလည်း တရားလိုက အမှုဖွင့်ရာတွင် ထည့် သွင်းပြောပြထားသည်။

“ဒီအမှုမှာ သားမယားပြုကျင့်ခဲ့တယ်ဆိုတဲ့လူကို ကောင်မလေးက နာမည်မသိဘူး၊ လူမမှတ်မိဘူးလို့ ထွက်ဆိုထားတယ်၊ အဲဒီတော့ သူ့ကိုစခေါ်သွားတဲ့ နေရာတွေနဲ့ သွားခဲ့တဲ့နေရာတွေကို အတည်ပြုပြီး ဖော်ထုတ်ဖို့ လုပ်နေပါတယ်” ဟု ရဲအုပ်ဌေးဝင်းက ပြောပြသည်။

ထို့နောက် ၎င်းသားမယားအဖြစ် ဆက်ဆံခဲ့သူက မိန်းကလေးအား အခြားအမျိုးသားတစ်ယောက်ထံ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည့်တန်ဆာခေါင်းလုပ်သူ တစ်ဦးထံ ရောက်ရှိသွားခဲ့သည်ဟု ရဲမှတ်တမ်း များအရ သိရသည်။

“ ဒီအမှုကို မုဒိမ်းမှု (၃၇၆)အပြင်၊ ပြည့်တန်ဆာ ရောင်းချမှု (၃၇၂)၊ ၀ယ်ယူလက်ခံမှု ပုဒ်မ (၃၇၃)နဲ့ စစ်ဆေးနေ တာပါ၊ ဖော်ထုတ်ချက်အရ နောက်ထပ်တစ်ဦး ပါဝင်ပတ်သက်နေတယ်လို့ သိရှိရတဲ့အတွက် အားပေး ကူမှု ပုဒ်မ ၁၁၄ ပါထည့်ပြီး စစ်ဆေးနေပါတယ်။ ဒီအမှုက စစ်ဆေးဆဲဆိုတော့ တိတိကျကျကြီး တော့ မပြောနိုင်သေးပါဘူး” ဟု ရဲအုပ်ဌေးဝင်း က မဇ္ဈိမသို့ ပြောသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

လွှတ်တော်သမိုင်းမှာ ရုပ်ဆိုးစေခဲ့တဲ့ဖြစ်ရပ် (သို့) သက်ငယ်လိင်အကြမ်းဖက်ခံရမှုအတွက် ပြည်သူတို့၏ ရင်ဖွင့်သံများ

Posted by drmyochit Friday, November 01, 2013, under | No comments

မြန်မာပြည်မှာ မုဒိန်းမှုဖြစ်ပွားမှုနှုန်းက လူသတ် မှုပြီးရင် ဒုတိယအများဆုံးအမှုအနေနဲ့ ဖြစ်ပွားမှုနှုန်း တက် လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

မုဒိန်းမှုကျူးလွန်သူတွေအနေနဲ့ အရွယ်ရောက် အမျိုးသမီးတွေ ကိုသာမက အရွယ်မရောက်သေး တဲ့ လူမမယ် အရွယ်အသက် ၁၂ နှစ်အောက် ကလေးတွေကို ကျူးလွန်မှု နှုန်းဟာလည်း တိုးလာခဲ့ပြီး တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ တစ်နေ့ကို နှစ်မှုနှုန်းလောက်နဲ့ ဖြစ်ပွားနေ တာကို သတင်းထုတ်ပြန်ချက်တွေ အရ သုံးသပ်ရရှိပါတယ်။

အသက် ၁၂ နှစ်အောက်ကလေးငယ်တွေကို ကျူးလွန်ကြတဲ့ သက်ငယ်မုဒိန်းမှုတွေအမှာ့  အသက် ၂ နှစ်အရွယ် ကလေးကိုတောင်မှ ကျူးလွန်ကြတဲ့ မုဒိန်းမှုတွေကိုတွေ့လာရတဲ့အတွက် လိင်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လာရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပွားနေတဲ့အတွက် သားသမီးငယ်ရှိကြတဲ့ မိဘပြည်သူတိုင်း စိုးရိမ်ပူပင်နေရတဲ့အတွက် ပြည်သူအများစုက ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းတွေကို ဟန့်တားစေနိုင်တဲ့ ပြစ်ဒဏ်မျိုးကို လိုလားနေကြတာလည်း တွေ့မြင်ရပါတယ်။

`ဒီလိုပြစ်မှုအတွက် ပြစ်ဒဏ်ကတော့ ဘယ်လောက်တောင်အားပျော့နေလို့လဲမသိဘူး၊ အခုဆိုကလေးတွေကိုတောင်မှ ကျူးလွန်နေကြတာဆိုတော့ ကျူးလွန်တဲ့ သူတွေက ဒီပြစ်ဒဏ်လောက်ကိုတော့ မကြောက်ဘူးဆိုတာ သိသာနေပြီ၊ အဲဒီတော့ ကျနော်တို့လို ပြည်သူတွေအနေနဲ့ ဖြစ်စေချင်တာကတော့ ဒီလိုပြစ်မှုတွေကို ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ်ပေးပါ၊ ကျူးလွန်မဲ့ သူတွေ နောက်မကျူးလွန်ခင်မှာ စဉ်းစားကြဖို့အတွက် ထိရောက်တဲ့ပြစ်ဒဏ်မျိုး ပေးစေချင်တယ်၊ ဒါမှသာ ကာကွယ်နိုင်ပါမယ်`လို့ ကမာရွတ်မြို့နယ်က အလယ်တန်းအရွယ် သမီး ၂ ဦးရဲ့ ဖခင်က ပြောဆိုပါတယ်။

ပြည်သူတွေရဲ့ စိုးရိမ်ပူပင်သံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ကလေးသူငယ်မုဒိန်းမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးဖို့အဆိုကို အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက အဆိုတင်သွင်းခဲ့ပါတယ်။

သို့ပေမဲ့လည်း လွှတ်တော်တွင်းမှာ အဆိုတင်သွင်းဖို့ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ် ၁၉ဦးသာရှိပြီးကန့်ကွက်ခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတောက ၃၃၁ ဦး ရှိပါတယ်။ ကိုယ်စားလှယ် ၃၃၁ ဦးကတော့ ဘာကြောင့်များ ကန့်ကွက်ခဲ့ကြတဲ့အတွက် လွှတ်တော်တွင်းမှာ မဆွေးနွေးသင့်ဘူးဆိုတဲ့ အမြင်နဲ့ပဲ ဒီကိစ္စက ရှုံးနိမ့်သွားခဲ့ရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းကတော့ ခုလို သုံးသပ်ဝေဖန်ပါတယ်။

`ဒါကိုကြည့်ခြင်းအားဖြင့်ဒါ ကျွန်မတို့လွှတ်တော်ရဲ့သမိုင်းမှာ အင်မတန်ကိုရုပ်ဆိုးတဲ့အဖြစ်လို့ မှတ်ချက်ချရမှာပဲ။ လွှတ်တော် ကိုယ်စာလှယ်ကြီးများလည်း ဒီနေရာမှာလည်းပြန်ပြီးတော့  လေးလေးနက်နက် စဉ်းစားသုံးသပ်စေ လိုပါတယ်။ ဘာ့ကြောင့် ဒီလိုအဆိုမျိုးဟာလွှတ်တော်မှာ မဆွေးနွေးသင့်ဘူး လို့ ဆုံးဖြတ်ခဲ့ကြတာလဲ။ ကျွန်မတို့နိုင်ငံဟာ အခုနကပြောခဲ့သလိုပဲ စီးဒေါ စာချုပ်အပေါ်မှာ နားလည်နိုင်စွမ်းနှုန်းပေါ့နော် ဒီဂရီပေါ့ အဲ့ဒါကအလွန်နှိမ့်ကျနေတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီဖြစ်ရပ်က အင်မတန်ကိုရုပ်ဆိုးပါတယ် အကျည်းတန်းပါတယ် ဒီသက်ငယ်မုဒိန်းမှုတွေကိုထိရောက်ဟန့်တားတဲ့အပြစ်ဒဏ် ပေးဖို့ ဆိုတာဟာ ပညာရှင်တွေကြားထဲမှာပဲဖြစ်စေ လွှတ်တော်ကိုယ်စာလှယ်တွေကြားထဲမှာပဲဖြစ်စေ အုပ်ချုပ်ရေးလူတန်းစားကြားထဲမှာပဲဖြစ်စေ အများပြည်သူကြားထဲမှာပဲဖြစ်စေ ဒီကိစ္စဟာရှုံ့ချရမယ့် ကိစ္စအပြစ်တင်ရမယ့်ကိစ္စပါ။ ဟန့်တားတဲ့အပြစ်ဒဏ်တွေပေးရမယ့်ကိစ္စ ထင်ရှားတဲ့ကိစ္စဖြစ်သော်ငြားလည်း ဘာ့ကြောင့်လွှတ်တော်ကဆွေးနွေးဖို့အတွက်ကို ပိတ်ပင်ခဲ့တာလဲဆိုတာ ကျွန်မတို့သမိုင်းကို တော့ ရုပ်ဆိုးအကျည်းတန်အော်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ် ။

လွှတ်တော်တွင်းကနေ ဒီကိစ္စကို ပြန်လည်ဆွေးနွေးဖို့အတွက် ထပ်မံစဉ်းစားသင့်တယ်လို့ ရပ်ရွာအခြေပြုလူမှုရေး လုပ်ငန်း တွေကို ဦးတည်ပြီးဆောင်ရွက်နေတဲ့  ဦးကျော်သူ (ပေါင်းကူး)ကလည်း သုံးသပ်ဝေဖန်ပါတယ်။

`ဒီကိစ္စက ပြည်သူတွေကြားမှာကြားတယ် ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ  စဉ်းစားဖြစ်တယ်။ သေဒဏ်ဆိုတာ လူ့အခွင့် အရေးရှုထောင့်ကနေ မဖြစ်သင့်ဘူးလို့ပြောတယ်။  ဒါဆိုရင် တခြားပြစ်ဒဏ်မရှိတော့ဘူးလား ။ သက်ငယ်မုဒိန်းမှုတွေဟာ ရပ်ကွက်ထဲတွေမှာလည်း တွေ့တယ်။ မီဒီယာတွေထဲမှာလည်း တွေ့တယ် ရေးကြတယ်၊ ဒါပေမဲ့ ကလေးတွေ အကာအကွယ် မဲ့နေတယ်။ အထူးသဖြင့်မြန်မာနိုင်ငံကလေးသူငယ်ကာကွယ်စောင့်ရှေက်ရေးကို ထိထိရောက်ရောက်လုပ်ပါ့မယ်ဆိုပြီးတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒါပေမဲ့ လိင်မှုအကြမ်းဖက်မှုတွေကရှိနေတယ် ဒါကိုကာကွယ်ဖို့အတွက်တော့ ပြင်းထန်တဲ့ ဥပဒေလေးတစ်ခုရှိနေသင့်တယ်။  လူတွေကြောက်သွားအောင် ရှိန်သွားလောက်အောင် လုပ်တာတော့ရှိ သင့်တယ်ထင်တယ် ။ ဒါပေမဲ့ လွှတ်တော်မှာ ခုလို ပယ်ချခုံရတယ်ဒါဟာ လွှတ်တော်က ပြည်သူ့အကျိုးကို အမှန်တကယ် ရှေးရှု့ရဲ့လားလို့ တွေးဖြစ်တယ် `

အမျိုးသမီးအဖွဲ့အစည်းများရဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်မေစပါယ်ဖြူကလည်း သူမရဲ့ အမြင်ကို ခုလို သုံးသပ်ပြောဆိုပါတယ်။

`ဒီသက်ငယ်မုဒိန်းမှုအပါအဝင်အမျိုးသမီးတွေကိုအကြောင်းအမျိုးမျိုးနဲ့အကြမ်းဖက် နေတာဟာ တကယ်တော့ ယဉ်ကျေးပါတယ်ဆိုတဲ့မြန်မာ့လူ့အဖွဲ့အစည်းမှာ ဖြစ်နေခဲ့တာအတော်ကိုကြာခဲ့ပါပြီ ဒါပေမဲ့ လည်း မီဒီယာပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့်ဒါကိုကြီးမားတဲ့ပြဿနာ တစ်ရပ်လို့မမြင်ခဲ့ရတာပေါ့နော် အခုမီဒီယာ ပွင့်လင်းလာတဲ့အခါမှာ ဒါဟာ ကြီးမားတဲ့ပြဿနာကြီးပါလားလို့ မြင်လိုက်ရတာပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ အများကြီးနောက်ကျမှ သိရတာထက် စာရင် အခု သိရတာလည်းကောင်း ပါ တယ်ပေါ့ လောလော ဆယ်မှာကျွန်မတို့ဟာယဉ်ကျေးတဲ့အဖွဲ့အစည်းမှာနေနေတာ ဘာသာရေး၊ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ် အလာတွေဟာ အမျိုးသမီးတွေကိုအကြမ်းမဖက်အောင် ဘယ်လောက် သွန်တင် ထား တယ်ဆိုတော်ငြားလည်း အမျိုးသမီးတွေကိုအကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းမှာ ဒီသက်ငယ် မုဒိန်းမှုတွေက အထင်ရှင်းဆုံးဥပမာတွေ ဖြစ်ပါတယ် အဓိ ကတော့ကျွန်မတို့ဟာဒီမုဒိန်းမှုတွေဖြစ်ပွားတာကို ဥပဒေအရ ပြစ်ဒဏ်ပေးဖို့ ကာကွယ်တားဆီးဖို့ ဆိုတာလည်းလုပ်ရမှာဖြစ်ပါတယ်` လို ဒေါ်မေစပါယ်ဖြူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ခုလို သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပေါ်နေပြီးကလေးငယ်တွေ အကာကွယ်မဲ့နေတဲ့ဖြစ်ရပ်နဲ့ လွှတ်တော်တွင်းကနေ ဆွေးနွေးဖို့ ကန့်ကွက်သူ ကိုယ်စားလှယ် ၃၃၁ ဦး ရှိနေတဲ့ ဖြစ်ရပ်ကိုတော့ AFXB ရဲ့ Country Director ဖြစ်တဲ့ ဒေါ်ကေသီရှိန် ကလည်း ခုလို ပြောဆိုလိုက်ပါတယ်။

`အဲ့ဒီသတင်းကိုကြားတဲ့အချိန်မှာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ကျွန်မအရမ်းစိတ်မကောင်း ဖြစ်တယ် ပွင့်ပွင့် လင်းလင်းပြောတာ ဘာကြောင့်လဲဆိုတော့ ကန့်ကွက်မဲများပြီးတော့ ထောက်ခံမဲ ၁၉ မဲပဲရတဲ့ကိစ္စ ဒါဟာကျွန်မတို့အနေနဲ့ ထောက်ခံတယ် ကန့်ကွက်တယ်ဆိုတဲ့စကားမှာ ရှင်းရတော့မယ်လေ ဘာကို ထောက်ခံတာလဲ ဒီလိုမျိုးမတရားတဲ့ကိစ္စကို ဒဏ်ပေးသင့်တယ်ဆိုတဲ့ကိစ္စမှာ ထောက်ခံတာဟာ မှန်သလားမှား သလား ဒါမှမဟုတ်အဲ့ဒီလိုမတရားတဲ့ကိစ္စကို ဒဏ်ပေး ရမယ်ဆိုတဲ့ဟာကို မထောက်ခံဘူးဆိုတဲ့ဟာကိုရော မှန်သလားမှားသလား ကိုယ့်ရဲ့မဲဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေရဲ့မဲဟာ ပြည်သူတွေလုံခြုံ မှုကိုထိခိုက်နေတယ် ပြည်သူတွေရဲ့သားသမီးတွေထိခိုက်နေတယ် အဲ့ဒါကိုဘာဖြစ်လို့အဲ့ဒါမျိုးတွေးမိတာလဲဆို တာကိုနားမလည်ဘူးရှင့် ။ လွှတ်တော်ကိုယ်စာလှယ်ဆို တာကျွန်မတို့ပြည်သူတွေ ကိုယ်စား ဝင်ပြောပေးနေတာ အဲ့ဒီမှာပြည်သူတွေဖြစ်နေတဲ့ ဒုက္ခပြဿနာကိုကျွန်မတို့ မပြော ရင် ကျွန်မတို့ကိုယ်စားရှေ့ ထွက်ပြောရမဲ့အစား ဒီလိုမျိုးလိင်အကြမ်းဖက်မှုအတွက်ကို သေဒဏ်ပေးတဲ့ အပြစ်မျိုးကိုကျွန်မမပြောဘူး ဒါပေမဲ့ ပြစ်ဒဏ်ကို ဘယ်လောက်ထိပေးမလဲ ပေးသင့်သလဲ ဒါမျိုးကိုကျွန်မ တို့တစ်ခုခုလုပ်သင့်တယ်ထင်တယ်။ ဒါကို Yes(or) No ဟုတ်တယ် မဟုတ်ဘူး ရှိတယ်မရှိဘူး ထောက်ခံတယ်ထောက် မ ခံဘူး အဲ့ဒီအဖြေနှစ်ခုတည်းနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးရှင့်။  ဒါဟာ လူမှုရေးကိစ္စ အမျိုးသားရေးကိစ္စ။ နောက်ပြီး တော့ကျွန်မတို့နိုင်ငံရဲ့လုံခြုံရေးကို ဖော်ပြတဲ့ကိစ္စ ကျွန်မတို့နိုင်ငံမလုံခြုံဘူးလား ဒီမေးခွန်းကအများကြီးမေးစရာ ပေါပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဒီလိုဖြစ်နေတာ ကျွန်မတို့ပတ်ဝန်းကျင်မှာ တစ်ခုခုမှားနေပြီရှင့် အဲ့ ဒီမှားနေတဲ့တစ်ခုကို ဘယ်သူရှင်းမှာလဲ ကျွန်မတို့အားလုံးပဲရှင်းရမှာ ကျွန်မတို့ကိုကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေကပဲ ရှင်းရမှာ သူတို့ရဲ့အင်းအားနဲ့ကျွန်မတို့ရဲ့ဒုက္ခတွေကို ကူညီပေးဖို့ လွှတ်တော်မှာတက်နေတယ်လို့ကျွန်မ ယူဆတာပဲ ကျွန်မအနေနဲ့ ကန့်ကွက်မဲများ ပြီးထောက်ခံမဲနည်းတဲ့အတွက်ကို ကျွန်မစဉ်းစားတာထက်အားလုံး အားလုံးက စဉ်းစားဖို့လိုတယ် ဒီမဲတွေပေးတဲ့လူတွေအားလုံးစဉ်းစားဖို့လိုသလို အဲ့ဒီလွှတ်တော်မှာမဲပေးခဲ့တဲ့ လူတွေအားလုံးလည်း ပြန်လည် စဉ်းစားကြဖို့လိုတယ် ဒါကြောင့်ခုနကပြောတဲ့လွှတ်တော်မှာ တင်သွင်းသင့်မသွင်း သင့်ခုနကဆရာမမေးတဲ့မေးခွန်း တင်သွင်းသင့် မသွင်းသင့်ဆိုတာ ကျွန်မတို့ရဲ့ဆိုရှယ် Problem ကျွန်မတို့အဲ့ဒီ နေရာမှာမတင်သွင်းရင် ဘယ်မှာတင်သွင်းမလဲရှင် ကျွန်မတို့ နိုင်ငံကြီးကို နိုင်ငံခြားကခုံရုံးမှာတင်သွင်းဖို့မလိုဘူး ကိုယ့်ရဲ့ပြည်တွင်းကိစ္စကိုကိုယ့်ဟာကိုယ် ရှင်းရမယ် ဆိုတော့ ရှင်းစရာ ဘယ်မှာရှိလဲ ဆိုတော့ဒါဟာကျွန်မတို့ အားလုံး မဲပေးတဲ့သူတွေရော မဲပေးခံရတဲ့သူတွေရော ရွေးချယ်ခံရတဲ့သူတွေရော အဲ့ဒီအပြင် ကျွန်မတို့အားလုံး အားလုံးသောသူတွေ အကုန်လုံးဟာ ဒီကိစ္စမျိုးတွေနဲ့ပတ်သက်လာရင်တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ ဒါနိုင်ငံတော် သမ္မတရှင်းမှ တရားသူကြီးချုပ်ရှင်းမှ တရားသူကြီးရှင်းမှ ရဲလုပ်မှ ဒါမျိုးမဟုတ်ဘူး အားလုံးကတစ်မျိုးသားလုံး တာဝန်နဲ့လုပ်ရမဲ့ကိစ္စ ဒါကျွန်မတို့နိုင်ငံရဲ့လုံခြုံရေးကိုဖော်ပြနေတာ ကျွန်မတို့နိုင်ငံရဲ့ယဉ်ကျေးမှုကိုဖော်ပြနေ တာ လူတွေရဲ့ လက်ခံမှုကိုဖော်ပြနေတာဆိုတော့ ကျွန်မတို့လူမျိုးကဒါမျိုးလား သိပ်နှမျောစရာကောင်းတယ် ဒါကျွန်မဖြေချင်တဲ့အဖြေပါ။

ဆက်လျက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကိုလေးစားချစ်ခင်လျက်ပါ
BY မေသင်္ကြန်ဟိန်(မြစ်မခ)

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Posted by drmyochit Friday, November 01, 2013, under | No comments

Miss International Queen ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမှ လိင်ပြောင်းသူ သညာမောင် ကိုတွေ့ရစဉ်။ Photo - EPA

ပတ္တရား ၊ အောက်တိုဘာ ၃၁


နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်း သူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ် အရွယ် ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

သူမသည် Ramkham haeng University တွင် ပညာ သင်ကြားနေသူဖြစ်သည်။ ''ဆုကြေးက ဘတ်သုံးသိန်း၊ ရတနာအစစ်တွေနဲ့ လုပ်ထား တဲ့သရဖူတစ်ခု၊ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ ကျော်ကြား တဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်း မှာ အခမဲ့ ခွဲစိတ်ကုသမှုခွင့်တို့ဖြစ် ပါတယ်''ဟု ပတ္တရားရှိသက်တမ်း အရင့်ဆုံး လိင်ပြောင်းသူ ကလပ်Tiffany's ၏ ယာယီမန်နေဂျာ နှင့် ပြိုင်ပွဲစီစဉ်သူအရီဆာဖန်သူ ဆက်က ပြောကြားခဲ့သည်။

Tiffany's ပြပွဲကို မစ္စအရီ ဆာ၏ဖခင်နှင့် စီးပွား ရေး ပါတနာတစ်ဦးက လွန်ခဲ့သည့်နှစ်၄၀ ကတည်းက စတင်ခဲ့သည်။ ရည် ရွယ်ချက်မှာ ပတ္တရားကမ်းခြေအ ပန်းဖြေစခန်းကို ဆန်းစစ်သည့် ဖျော်ဖြေမှုပုံစံဖြင့် ပံ့ပိုးရန်ဖြစ်ပြီး လိင်ပြောင်း သူများကို တရားဝင် အလုပ် အကိုင် အခွင့် အလမ်း ပေး ရန်လည်း ဖြစ်ကြောင်း သိရသည်။

Yangon Media Group

ABSDF ကျောင်းသားတပ်မတော် ဝဘ်ဆိုက် Hack ခံရ

Posted by drmyochit Friday, November 01, 2013, under | 1 comment




ABSDF ရဲ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ကျင်းပတဲ့ရက် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် ဂုဏ်ပြုလိုက်ခြင်း

 ၁) ရဲမေ ခင်ချိုဦး (ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF (မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှု အရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်) (တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင် သေးလဲဟုအငြိုးတကြီးကြိမ်းမောင်းခဲ့)

 (၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

 (၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက် တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈)ရဲဘော်ရန်အောင်(မန္တလေး)(ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉)ကိုချိုကြီး(မန္တလေး(ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

 (၁၂) ရဲဘော် အေးမြင့် ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF (ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက် အရ သံချောင်း မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

MyanmarExpress

သူငယ်ချင်းကို မနာလိုလို့ အဆိပ်ခပ်ရာမှ နှစ်ယောက်စလုံး၏ ကိုယ်ဝန်လျောကျ

Posted by drmyochit Friday, November 01, 2013, under | No comments

သြစတြေးလျနိုင်ငံတွင် သူငယ်ချင်းဖြစ်သူကို မနာလိုသည့် အသက်(၂၆)နှစ်အရွယ် Angela Maier က ၎င်းတို့သောက်သော ဖျော်ရည်အတွင်း အဆိပ်ခပ်ခဲ့ရာမှ နှစ်ယောက်စလုံး၏ ကိုယ်ဝန်များ လျောကျ ခဲ့ကြောင်း သိရသည်။

Angela Maier ဟာ သူမကိုယ်တိုင် မွေးဖွားသော ကလေးကို လိုချင်ခဲ့သူဖြစ်ပေမယ့် သုံးကြိမ်တိုင်တိုင် သားပျက် သားလျော ခဲ့သူတစ်ဦးဖြစ်သည်။

စိတ်ဓါတ်ကျနေသော Angela Maier ဟာ သူမ၏ ယောင်းမလည်းဖြစ် သူငယ်ချင်းကောင်း တစ်ဦး လည်းဖြစ်သော သူ ကလေးရသွားတော့မည်အဖြစ်ကို မခံစားနိုင်သောကြောင့် ယခုလို ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း Angela Maier က ဆိုခဲ့သည်။

Angela Maier က သူမ၏ကလေးသေဆုံးသွားချိန် ထိုစုံတွဲ၏ကလေး ကြီးပြင်းလာမှာမျိုးကို မခံစားနိုင်သော ကြောင့် ယခုလိုကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
Angela Maier နှင့် သူမ၏ သူငယ်ချင်းယောင်းမဟာ တချိန်တည်းတွင် ကိုယ်ဝန်ရှိလာကြသူတွေဖြစ်ပြီး ကလေးပစ္စည်းတွေ အတူတူဝယ်ရင်း မွေးဖွားလာမည့် ကလေးအတွက် အစီအစဉ်အတူတူချနေသူ အချင်းချင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိပ်ခတ်ခံခဲ့ရသော သူမ၏ သူငယ်ချင်းယောင်းမ ရေတစ်ခွက်တောင်းသောက်ခဲ့တာကို သူမက သားပျက် သားလျောပြီးသူတွေ သောက်ရမည့် (သူမ ယခင် သားပျက်သားလျောစဉ်က သောက် သုံး ခဲ့သော) ဆေးရည်အား ကလေးအတွက် ဆေးကောင်းတစ်ခွက်ဟုဆိုကာ သောက်မည့်ရေခွက်ထဲထည့်ခပ် သောက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးရည်သောက်သုံးပြီး သွေးဆင်းလာခဲ့သော သူမ၏ သူငယ်ချင်းယောင်းမဟာ ကလေးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

နောင်နှစ်လအကြာတွင် သူမ၏ သူငယ်ချင်းယောင်းမကို ဖိတ်ခေါ်ကာ သူမပြုလုပ်ခဲ့သည့်အတိုင်း ချောကလက်ပူ ဖျော်ရည်အတွင်းဝယ် ထိုဆေးရည်ထည့်၍ ငါသောက်ပြတာကိုကြည့်ဟုဆိုကာ သောက်ခဲ့သောကြောင့် Angela Maier ကိုယ်တိုင်လည်း ကိုယ်ဝန်ပျက်လျောကျခဲ့ကြောင်း သိရသည်။
ကလေးအခါခါလျောကျခဲ့သောကြောင့် ဘယ်လိုပင် စိတ်ဓါတ်ကျလို့ လုပ်တယ်ပဲဆိုဆို အပြစ်မဲ့သော ကလေးနှစ်ဦး၏ အသက်ကို ဆုံးရှုံးစေခဲ့သော Angela Maier အား သြစတြေးလျတရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် (၁၄)ခု ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အဆိပ်ခတ်ခဲ့ပြီး နောင်နှစ်နှစ်အကြာ ၎င်းတို့နှစ်ဦး ကိုယ်ဝန်ပြန်ရှိလာခဲ့ကြကာ ယခုဆိုလျှင် Angela Maier ဟာ သုံးနှစ်အရွယ် သမီးကလေးကို ရရှိထားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

Source : Daily Mial

Lil Kim၏ နာမည်ကျော် VMA ပွဲတက်ဖက်ရှင်ကို တုပဝတ်ဆင်ခဲ့သည့် မိုင်လီ

Posted by drmyochit Friday, November 01, 2013, under | No comments

(၁၉၉၉)ခုနှစ်က Lil Kimက VMA ဆုပေးပွဲ တက်ရောက်ခဲ့စဉ် လူပြောသူပြောများခဲ့သည့် ဝတ်စုံကို မိုင်လီက လိုက်လံတုပကာ Halloweenတွင် ဝတ်ဆင်ထားခဲ့သည်။


အဖော်အချွတ် ကြမ်းမှုများကြောင့် ပရိသတ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် ယင်းအခြေအနေကို သူမ အနေဖြင့် မတုန်လှုပ်ကြောင်း မိုင်လီဆိုင်းရပ်စ်က လက်တွေ့ ပြသလိုက်သည်။ MTV၏ VMA ဆုပေးပွဲ အစီ အစဉ် တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် အများဝေဖန်စရာ ဖြစ်ခဲ့သည့်တိုင် ယင်းအတွက် လုံးဝ နောင် တမရကြောင်း မိုင်လီက Halloween ဖက်ရှင် ရွေးချယ်မှုတွင် ထပ်မံသက်သေထူလိုက်သည်။ (၁၉၉၉) ခုနှစ်က Lil Kimက VMA ဆုပေးပွဲ တက်ရောက်ခဲ့စဉ် လူပြောသူပြောများခဲ့သည့် ဝတ်စုံကို မိုင်လီ က လိုက်လံတုပကာ Halloweenတွင် ဝတ်ဆင်ထားခဲ့သည်။ မိုင်လီသည် ဆံပင်ကို ခရမ်းရောင် ဆိုးခဲ့သလို ရင် ဘတ် တခြမ်းဖော် ထားသည့် ဖက်ရှင်ကိုပါ ဝတ်ဆင်ထားသည့် ဓာတ်ပုံကို လွှင့်တင်ခဲ့သည်။

ထို့အပြင် အသက်(၃၉)နှစ်ရှိ Lil Kimကို ရည်ညွှန်းပြီး "ပျော်စရာ Halloween ဖြစ်ပါစေ Lil Kimရေ" ဟု လည်း ရေးသားထားသေးသည်။ Lil Kim၏ ဖက်ရှင်တွင် ရင်သားကို တခြမ်းဖော်ထားပြီး မျက်စိ ရှက်လောက် ဖွယ် အစိတ်အပိုင်းမျိုးကို အပြောက်အမွှမ်း ဘော်ကြယ်များကပ်ကာ စီခြယ်ဖုံးအုပ်ထားပြီး အသက် (၂၀) အရွယ် မိုင်လီက တစ်ထပ်တည်း တုပခဲ့ခြင်း ဖြစ်သည်။ မိုင်လီသည် ယခုသီတင်း ပတ်အ တွင်း Halloween အတွက် ရည်ရွယ်ကာ ဖရုံသီးများပေါ်တွင် မဆီမလျော် ပုံရိပ်များ ထွင်းထုထားသည့် ဓာတ်ပုံ ကိုလည်း အင်တာနက်တွင် လွှင့်တင်ခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်