Tuesday, November 05, 2013

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

Posted by drmyochit Tuesday, November 05, 2013, under | No comments


လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
(မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်လာမည့် အချိန်နှင့် တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ တစ်ဆင့် ဗီယက်နန်ကမ်းခြေ၊ ဒါနန်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိလာမည့် နေ့ရက်နှင့်အချိန်ဖြစ်သော နိုဝင်ဘာလ ၁ဝ ရက်တွင် မြိတ်ကျွန်းစုဒေသ ကမ်းလွန်ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးတင်ပြလိုပါသည်။(ပုံတွင်ကြည့်ပါ)

နိုဝင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီ – JTWC သတိပေး ထုတ်ပြန်ချက် အမှတ်-၈ (လေဖိအားနည်းရပ်ဝန်း 30W၏ လက်ရှိ အခြေအနေ) 

05/00Z (TROPICAL DEPRESSION 30W (THIRTY) WARNING NR 008- 030 knots)
TROPICAL DEPRESSION 30W (THIRTY) WARNING #8
WTPN32 PGTW 050300
050000Z POSIT: NEAR 10.8N 119.2E
MOVING 285 DEGREES TRUE AT 20 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 13 FEET
05/00Z, WINDS 030 KTS, GUSTS TO 040 KTS
05/12Z, WINDS 035 KTS, GUSTS TO 045 KTS
06/00Z, WINDS 045 KTS, GUSTS TO 055 KTS
06/12Z, WINDS 055 KTS, GUSTS TO 070 KTS
07/00Z, WINDS 040 KTS, GUSTS TO 050 KTS
08/00Z, WINDS 030 KTS, GUSTS TO 040 KTS
09/00Z, WINDS 025 KTS, GUSTS TO 035 KTS
10/00Z, WINDS 025 KTS, GUSTS TO 035 KTS



မုန်တိုင်း(၂)လုံး အနက် HAIYAN(31W)မှာ အပူပိုင်းမုန်တိုင်း(TS) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းတွင် အင်အား အကောင်းဆုံး(အဆင့်-၄) တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအား နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

Monday, November 04, 2013

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

Posted by drmyochit Monday, November 04, 2013, under | No comments

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်မြို့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုး အဆောက်အဦးဖြင့် ရွှေဘောလုံးလောင်းကစားဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦးတို့အား ရွှေဘောလုံးလောင်းကစား ဆက်စပ်ပစ္စည်း(၂၃)မျိုးနှင့် လောင်းကြေးငွေစုစုပေါင်း (၂၂၁၉၀၀ိ/)ကျပ် ဖမ်းဆီးရမိခဲ့သဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှအိုင်းရှင်ပါ(၁၆)ဦးတို့အား (ပ)၅၆၁/၂၀၁၃ လောင်းကစားဥပဒေပုဒ်မ၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
by Myanmar News Now

အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ်

Posted by drmyochit Monday, November 04, 2013, under | No comments


သူမအနေဖြင့် အဖော်အချွတ် ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးရန် ကြုံလာသည့်အခါ မည်သို့မည်ပုံ ချဉ်းကပ် စိတ်ပိုင်းဖြတ်ခဲ့သည်ကို ကိတ်ဘော့ဆွော့သ်က ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၃၀)အရွယ်ရှိ မင်းသမီးသည် လတ်တလောတွင် Big Sur ဇာတ်ကားအတွက် Promotion အစီအစဉ်များတွင် ပါဝင်လျှက်ရှိသည်။ သူမ သရုပ်ဆောင်ထားသည့် အဆိုပါ ဇာတ်ကားကို နိုဝင်ဘာလအတွင်း ရုံတင်မည် ဖြစ်သည်။ Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြားခဲ့သည်။

"ကျွန်မ ရိုက်ရတဲ့ ပထမဆုံး ဇာတ်ဝင်ခန်းက အဝတ်အစားအားလုံး ချွတ်ရမှာလေ။ ရိုက်ကွင်းအဖွဲ့က ကျွန်မအနေနဲ့ စိတ်ပိုင်းအရ ပြန်စုစည်းဖို့ လိုမယ်ဆိုရင် တစ်ရက်နားဖို့ ပြောပါတယ်။ ကျွန်မအတွက် ရက်ရွှေ့ဖို့ လိုမလားလို့ ဒါရိုက်တာက မေးတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမှာ သေချာမှတော့ ကျွန်မ ခြေစုံပစ်ပဲ ဝင်လိုက်တော့တယ်"ဟု ကိတ်က ရှင်းပြခဲ့သည်။ မော်ဒယ်လ် တစ်ဦးလည်းဖြစ်သည့် ကိတ်သည် အဆိုပါ ဇာတ်ကားတွင် နီးလ်ကာဆာဒီ၏ အပျော်မယား ဘီလီအဖြစ် သရုပ်ဆောင်ထားသည်။ ကိတ်သည် လွန်ခဲ့သည့် (၂)လကမှ ဒါရိုက်တာ မိုက်ကယ်ပိုလစ်ရှ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ အသက်(၄၃)နှစ်ရှိ မိုက်ကယ်သည် Big Sur ဇာတ်ကားကို (၂၀၁၁)ခုနှစ်က စတင်ရိုက်ကူးရင်း ကိတ်နှင့် ဆုံစည်းကာ ချစ်သူများ ဖြစ်ခဲ့ရာ ယခုဇာတ်ကားသည် ကိတ်အတွက် အောင်သွယ်ကောင်းလည်း ဖြစ်လာခဲ့သည်။

အမေရိကန်ကို ၂၉ နာရီနီးပါး တစ်ပတ်ပတ်၍ စံချိန်တင်သူ

Posted by drmyochit Monday, November 04, 2013, under | No comments

ခတ်အဆက်ဆက်က သမိုင်းဝင် စံချိန်တင်ထားတဲ့ ဆရာ့ဆရာတွေကို ကျော်ဖြတ်လို့ အမေရိကန်က ဒရိုင်ဘာ တစ်ယောက် လက်စွမ်းပြ မောင်းနှင်ခဲ့ပါပြီ။
သူ့အမည် ကတော့ Ed Bolian လို့ အမည်ရပြီး အမေရိကန်ပြည်ထောင် အရှေ့ ဘက်အခြမ်းကနေ အနောက်ဘက်ပိုင်း ဒေသအထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ နယ်မြေ အတိအကျ အားဖြင့် Manhattan မှ Red Ball Garage ကနေ CRedondo Beach, CA က Portofino Hotel အထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်ချိန်က ၂၈ နာရီနဲ့ ၅၀ မိနစ် ဖြစ်ပြီး ယခင်က ၃၂ နာရီနဲ့ စံချိန်တင်ထားသူ Alex Roy ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
စုစုပေါင်း မိုင်ပေါင်း ၂၈၁၃.၇ မိုင်ခရီး ဖြစ်ပြီး တစ်နာရီ ၉၈ မိုင်နှုန်းနဲ့ ပျမ်းမျှ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မော်ဒယ် Mercedes-Benz CL55 AMG ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ed Bolian လို့အမည်ရတဲ့ အမေရိကန် လူငယ်က အမေရိကန်ကို အချိန်အတိုဆုံး ပတ်ပြီးမောင်းတဲ့ ဒရိုင်ဘာ တစ်ဦး အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

ဂိုးသမားဂျိုးဟတ် အနားယူရန်လို၍ ချန်လှပ်ခဲ့ခြင်းဖြစ်ဟု ပယ်လီဂရီနီ ဆင်ခြေပေး

Posted by drmyochit Monday, November 04, 2013, under | No comments


နောဝစ်ခ်ျကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အသင်းပထမဂိုးသမား ဂျိုးဟတ်ကို လူစာရင်းမှ ချန်လှပ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် မန်စီးတီးနည်းပြ ပယ်လီဂရီနီက ကာကွယ်ပြောကြားလိုက်သည်။ 
ဂိုးသမားဂျိုးဟတ်အနေဖြင့် အနားယူရန်လိုအပ်နေသောကြောင့် ယခုကဲ့သို့ အနားပေးထားရခြင်းဖြစ်ကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီးဂိုးသမား ပယ်လီဂရီနီသည် ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပါအ၀င် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း အမှားများကို ပြုလုပ်ခဲ့သောကြောင့် ပယ်လီဂရီနီ၏ ပွဲထွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။ ဂျိုးဟတ်ကို ချန်လှပ်ရန် ဆုံးဖြတ်ခဲ့ရသည့်အချိန်မှာ မိမိအတွက် ခက်ခဲခဲ့သည်ဟု နည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

တခြားသတင်းများအရ မန်စီးတီးတိုက်စစ်မှူး အဂူရိုကို လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်ကာလတွင် ကမ်းလှမ်းသွားရန် ဘိုင်ယန်မြူးအသင်းဘက်မှ စီစဉ်နေကြောင်း သိရသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာတွင် ရှိစဉ်ကတည်းက တိုက်စစ်မှူး အဂူရိုကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး ယခု ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ချိန်တွင် ထပ်မံ ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဒေါ့မွန်တိုက်စစ်မှူး လီဝမ် ဒိုစကီးကို ခေါ်ယူချင်သော်လည်း အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူနိုင်ရန် မသေချာတော့သည့်နောက် မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။

7Day Sport Journal.

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

Posted by drmyochit Monday, November 04, 2013, under | No comments

နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

“တရားခံကိုတော့ မနေ့ နေ့လည်က ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိထားလိုက်ပါပြီ။ သူ့ကိုတော့ တရားဥပဒေအရ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားရမယ်။”ဟု ရဲမှူးကြီးဦးစိန်လွင်က ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ အသက် ၂၅နှစ်အရွယ်ရှိ ကျောက်တောင်ရွာသား ဖိုးထောင်ဆိုသူက ကော့တာဟိုးရွာသူ အဆိုပါ မိန်းကလေးငယ်ကို လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာအုပ်စုဝင် ကျောက်တောင်နှင့် ကော့တာဟိုးရွာအကြားတွင် အောက်တိုဘာလ ၂၉ရက်၊ (ဗုဒ္ဓဟူးနေ့) ည ၇နာရီအချိန်က အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း အမည်မဖော်လိုသူ ကျောက်တောင်ရွာသားက ပြောသည်။

၎င်းက ဆက်လက်၍ ယင်းသို့ အဓမ္မကျင့်ရန် ကြိုးစားနှိပ်စက်နေချိန်တွင် နယ်ခြားစောင့်တပ်(ဘီဂျီအက်ဖ်)မှ စောရွှေကရင်နှင့် ဇနီးဖြစ်သူတို့က တွေ့မြင်သွားသည့်အတွက် ကျူးလွန်သူမှာ ထိုနေ့က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

ကျောက်တောင်ရွာသား ဖိုးထောင်မှာ ယခင်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် ၃နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုလို ရာဇ ၀တ်မှု ကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့သို့ တိမ်းရှောင်ခဲ့ရာ နှစ်ဖက်နိုင်ငံမှ နယ်စပ်တာဝန်ရှိသူများ၏ ၀ိုင်း ၀န်းကြိုးပမ်းမှုဖြင့် ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။

အခင်းဖြစ်ပွားမှုကြောင့် အဆိုပါကျေးနယ်ဝန်းကျင်အတွင်း ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဘာသာရေးခေါင်းဆောင်များက အချိန်မှီ လာရောက်ကာ ကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိမူ ကျောက် တောင်ရွာအနီးရှိ ထီလုံကျေးရွာမှ ရဲဝန်ထမ်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ရွာအနီးဝန်းကျင်တွင် လုံခြုံရေးယူကာ စောင့် ကြပ်နေရသေးကြောင်း ပြည်နယ်ရဲမှူးကြီးက ဆက်လက်ပြောဆိုသည်။

ပြစ်မှုကျူးလွန်ခံရသူ မိန်းကလေးငယ်မှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာကြောင့် ဘားအံဆေးရုံတွင် သွားရောက်ဓာတ်မှန်ရိုက်ခံခဲ့ ပြီး ယခု သူမ၏ရွာသို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

ကျောက်တောင်ရွာသည် လှိုင်းဘွဲမြို့၏ အရှေ့တောင်ဘက်ခြမ်း၌ တည်ရှိပြီး ၁၈မိုင်ခန့် ကွာဝေးပြီး ယခင်က အလားတူ အဖြစ်မျိုး ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရသည်။

KIC (Karen Information Center)

နှစ်ပေါင်း ၁၅၀ ကျော်တွင် ပထမဆုံး ဖြစ်ပေါ်ခဲ့သည့် မျိုးစပ်နေကြတ်မှုဖြစ်စဉ်

Posted by drmyochit Monday, November 04, 2013, under | No comments


NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထား
မျိုးစပ်နေကြတ်ခြင်းခေါ် ထူးခြားကွဲပြားသည့် နေကြတ်မှု ပုံစံတစ်မျိုးကို ကမ္ဘာအနှံ့မှ လူသန်းပေါင်းများစွာက စောင့်ကြည့်ခဲ့ကြသည်။ အထူးသဖြင့် အာဖရိက၊ ဥရောပနှင့် အမေရိက ဒေသများတွင် အဆိုပါ ဖြစ်ရပ်ကို ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထားသည်။ ယခုအခြေအနေသည် နှစ်ပေါင်း (၁၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့သည့် မျိုးစပ် နေကြတ်မှုဖြစ်သည်။ ကမ္ဘာ့နေရာအချို့တွင် လုံးဝ မှောင်အတိကျသွားပြီး အချို့သော နေရာများတွင်မူ တစ်ပိုင်းတစ်စ နေကြတ်နေသည့် ဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြရသည်။
နေသည် လ၏ ပိတ်ဆို့ခြင်းကြောင့် ကမ္ဘာမြေသို့ အလင်းရောင် ကျရောက်မှု အားနည်းသွားခဲ့သည်။ ကမ္ဘာ့တည်နေရာအလိုက် နေကြတ်ပုံကို တွေ့မြင်ရသည့် အခြေအနေ မတူညီခဲ့ချေ။ အမေရိကန်တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် မျိုးစပ်နေကြတ်မှုကို စတင်တွေ့ရှိရပြီး ထို့နောက်ပိုင်းတွင်မှ အတ္တလန္တိတ် သမုဒ္ဒရာနှင့် အာဖရိက ဒေသများတွင် တွေ့မြင်လာရသည်။ အရှေ့အလယ်ပိုင်းတွင်လည်း တစ်ဝက်တစ်ပျက် နေကြတ်နေသည့် ပုံရိပ်များကို တွေ့ရှိခဲ့ရသည်။ NASA၏ မှတ်တမ်းများအရ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်သည် (၁၈၅၄)ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က နောက်ဆုံး ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။ နောက်တစ်ကြိမ် အလားတူ ဖြစ်စဉ် ပေါ်ပေါက်ရန်မူ (၂၁၇၂)ခုနှစ်၊ အောက်တိုဘာ (၁၇)ရက်နေ့ထိ စောင့်ရဦးမည်ဖြစ်သည်။
အာဖရိကတိုက်ရှိ ဂါဘွန်နိုင်ငံသည် ယခုဖြစ်စဉ်ကို မြင်ကွင်းအရှင်းဆုံး အထင်ရှားဆုံး တွေ့မြင်ခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်သည်။ ကင်ညာနိုင်ငံ မြောက်ပိုင်းရှိ မြို့များတွင်လည်း လုံးဝ မှောင်အတိကျခဲ့ပြီး ယင်းဖြစ်ရပ်ကို ကမ္ဘာလှည့် ခရီးသည် အများအပြား အချိန်ယူ စောင့်ကြည့်ခဲ့ကြသည်။ ယူဂန္ဓာတွင် သမ္မတ ယိုဝါရီ မူဆီဗီနီကိုယ်တိုင် မူလတန်းကျောင်းလေး တစ်ခုတွင် ကလေးများနှင့်အတူ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်ကို နေကာမျက်မှန်တပ်၍ စောင့်ကြည့်ခဲ့သည်။ အဘူဒါဘီတွင်မူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကျင်းပနေစဉ် ပရိသတ်များက နေကြတ်မှုကို စောင့်ကြည့်ခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက ယခုဖြစ်စဉ်ကို အရှည်ကြာဆုံးအဖြစ် (၁)မိနစ်ကျော်သာ တွေ့မြင်ရပြီး လိုက်ဘေးရီးယား အနောက်တောင်ဘက် (၂၀၅)မိုင်အကွာ သမုဒ္ဒရာထဲတွင် အချိန်အကြာဆုံး သက်ရောက်ကြောင်း အတည်ပြုခဲ့သည်။ ယင်းဖြစ်ရပ်ကို စောင့်ကြည့်သူများ အနေဖြင့် အကာအကွယ် မပါသည့် ဗလာမျက်စိဖြင့် မကြည့်ရန်မူ နက္ခတ်ဗေဒ ပညာရှင်များက ကြိုတင် သတိပေးထားပြီးဖြစ်သည်။ သာမန်အားဖြင့် အပြည့်အဝ နေကြတ်ခြင်းတွင် လသည် နေ၏ ပုံရိပ်ကို လုံးဝ ကာကွယ်လိုက်လေ့ရှိသည်။ သို့သော်လည်း မျိုးစပ်နေကြတ်မှုတွင် လသည် ကမ္ဘာနှင့် အဝေးဆုံးနေရာတွင် ရှိနေရာ နေ၏ ပုံရိပ်ကို အပြည့်အဝ မကာကွယ်နိုင်ချေ။ အဆိုပါ ရှားပါးဖြစ်စဉ်မျိုးတွင် လ၏ တားဆီးမှုကြောင့် နေလုံးကွယ်သွားသည့်တိုင် ရောင်စဉ်စက်ကွင်းတစ်ခု တောက်ပစွာ ဖြစ်တည်နေတတ်သည်။ ၎င်းကို "မီးလျံကွင်း"ဟုလည်း ခေါ်ဝေါ်လေ့ရှိပြီး လကိုပတ်လျှက် တောက်ပစွာ ထွန်းလင်းနေလေ့ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ဂျိုကိုဗစ်နှင့် တင်းနစ်ကစားခဲ့သည့် PSG တိုက်စစ်မှူး အီဘရာဟီမိုဗစ်

Posted by drmyochit Monday, November 04, 2013, under | No comments

PSGအသင်း တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်သည် နာမည်ကျော် တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကာ တင်းနစ် ကစားပြခဲ့ကြောင်း သိရှိရသည်။ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် ဧရာမ တင်းနစ်ကြယ်ပွင့် နှစ်ဦးအဖြစ် ဂျိုကိုဗစ်နှင့် ဆွစ်ဇာလန်သား ရော်ဂျာ ဖက်ဒါရာတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ အကြိုဗိုလ်လုပွဲတွင် ဆာဘီးယား နာမည်ကျော် တင်းနစ်စတား ဂျိုကိုဗစ်က ဖက်ဒါရာကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ပွဲအပြီးတွင် ဖက်ဒါရာက ပရိသတ်များကြား ရှိနေသည့် ဆွီဒင်လက်ရွေးစင် ဘောလုံးသမားကို တင်းနစ်အတူကစားရန် ဖိတ်ခေါ်ခဲ့သည်။ အီဘရာဟီမိုဗစ်သည် ကွင်းထဲသို့ ဆင်းလာပြီး ဂျိုကိုဗစ်နှင့် အပြန်အလှန် ခေတ္တမျှ တင်းနစ်ရိုက်ခဲ့ကြသည်။


"ကျွန်တော် တင်းနစ် အားကစားပွဲတွေကို ကြည့်ရတာ သဘောကျပါတယ်။ တကယ့်လက်တွေ့တော့ မကစားတတ်ဘူး။ ခုတော့ ကျွန်တော် သင်ယူနိုင်ပြီလေ"ဟု အသက်(၃၁)နှစ်ရှိ အီဘရာဟီမိုဗစ်က ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ အီဘရာဟီမိုဗစ်သည် ဂျိုကိုဗစ်နှင့် တင်းနစ်ကစားပြီးနောက် တင်းနစ်ဘောလုံးကို ပရိသတ်များထံသို့ ခြေထောက်ဖြင့် လှမ်းကန်ပေးလိုက်ရာ ပရိသတ်များက သဘောတကျ ရှိခဲ့ကြသည်။ ဂျိုကိုဗစ်သည် ဖက်ဒါရာကို (၄-၆)၊ (၆-၃)၊ (၆-၂)ဖြင့် အနိုင်ကစားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ ဂျိုကိုဗစ်သည် နိုင်ခြေအဆင့်(၁) ရာဖေးလ်နာဒယ်လ်ကို အနိုင်ယူလာသည့် လက်ရှိချန်ပီယံ ဒေးဗစ်ဖာရာနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
credit>>popular

သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဟောပြောပွဲများ အရှိန်မြှင့်မည်

Posted by drmyochit Monday, November 04, 2013, under | No comments

သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဟောပြောပွဲများ အရှိန်မြှင့်မည်

လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကောက်ယူမည်ဖြစ်သည်။
အချိန်ငါးလခန့်သာ လိုတော့သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်၊ ရပ်ကွက်များအလိုက် အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးကပြောသည်။ “သန်းခေါင်စာရင်းကောက်ယူရာမှာ မှန်ကန်တဲ့ အချက်အလက်တွေရဖို့ သိထားသင့်တာတွေကို မြို့နယ်အလိုက် ဟောပြောပွဲတွေလုပ်သွားမှာပါ။ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်မယ့် ၀န်ထမ်းတွေကိုလည်း ဒီလကစပြီး သင်တန်းတွေပေးနေပါပြီ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်ကပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အကြိမ် ၁၀၀ ခန့် ပြုလုပ်ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကောက်ယူမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံနှင့် မိုးကုတ်မြို့နယ်များတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ပြုလုပ်ပြီးဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရန်အတွက်လည်း မြို့နယ်၊ ရပ်ကွက်များအားလုံးတွင် ကောက်ကွက်မြေပုံများ ရေးဆွဲပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ဆရာ၊ ဆရာမ ၀န်ထမ်းအင်အား ၁၁၅၀၀ ကျော်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးသတ်၊ ကြက်ခြေနီ စသည်များဖြင့် ကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက် ၂၆၉၊ ကျေးရွာ ၄၇၉၇ နှင့် ခန့်မှန်းလူဦးရေ ၇၄၂၂၈၈၃ ဦး ရှိကြောင်း သတင်းရရှိသည်။

Credit: 7Day Daily Newspaper

လူမဲ့ တိုက်ပွဲဝင် ရဟန်ယာဉ် တီထွင် အောင်မြင်

Posted by drmyochit Monday, November 04, 2013, under | No comments

အမေရိကန် လေတပ်သို့ ရောင်းချဖို့အတွက် Northrop Grumman ကုမ္မဏီက လူမောင်းစရာမလိုတဲ့ လူမဲ့ တိုက်ပွဲဝင် ရဟတ်ယာဉ်တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်လယ် မှာ အစီး ၃၀ ရောင်းချဖို့အတွက် တီထွင်အောင်မြင်ပြီးသွားပါပြီ။

Bell 407 helicopter ကိုအခြေခံလို့ ဖန်တီးထားခြင်း ဖြစ်ပြီး MQ-8C လို့ အမည်ပေး ထားပါတယ်။ ပေ ၅၀၀ ထပ်အမြင့်တော့ ပြန်သန်းနိုင်ခြင်း ရှိမရှိကိုတော့ ကုမ္မဏီက မပြသခဲ့ ပါဘူး။ တိုက်ပွဲဝင်ဖို့အတွက် ရည်ရွယ် ထားတဲ့ ပုံမှန် အရွယ်ဆိုဒ် helicopter ဖြစ်ပြီး လူလည်းမလိုတာမို့ ပတ်ပတ် လည် တံခါးပေါက် မရှိပါဘူး။ ကျည်ကာ ကိုယ်ထည်ကို အသုံးပြုမှာ ဖြစ် တဲ့အတွက်ကြောင့် ရန်သူစခန်းတွေကို ဝင်တိုက်တဲ့အခါ မကြောက်မရွံ့  မောင်းနှင်၊ ဝင်ရောက် တိုက်ခိုက်နိုင်မယ့် ရဟတ်ယာဉ် ဖြစ်ပါတယ်။

မိုင်ပေါင်း ထောင်ကျော်ခရီးကို အဝေးကနေ ထိန်းပြီး မောင်းနိုင်မယ့် ယာဉ်ဖြစ်ကြောင်း ဆိုပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ MQ 8C ရဟတ်ယာဉ် အသေးစိတ်နှစ်ကို ၂၀၁၄ ခုနှစ်မှ အသေးစိတ် ထုတ်ဖော် ပြသ မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: pocketlint
အောင်ခမ်း ( MM Social Sky )

အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး

Posted by drmyochit Monday, November 04, 2013, under | No comments

ပေါက်တီးပေါက်ရှာ တွေးကြည့်မည်ဆိုလျှင် ယုန်များ သားပေါက်နှုန်း အလွန်ကောင်းခြင်းက ယခုသုတေသန ရလဒ်ကို ထောက်ခံပေးနေသည်ဟု ယူဆရပေမည်။ သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် မုန်လာဥနီသည် အမျိုးသား တစ်ဦး၏ သုက်သွေးကို အကျန်းမာဆုံး၊ အသန်စွမ်းဆုံး စွမ်းအင်မျိုး ဖြစ်တည်လာအောင် ကူညီပေးလေ့ရှိကြောင်းလည်း ပညာရှင်များက ထောက်ခံခဲ့သည်။ အမျိုးသားများ၏ သုက်သွေးကို ကျန်းမာသန်စွမ်းအောင် မြှင့်တင်ပေးနိုင်သည့် ဓာတ်ကူ အစားအစာများတွင် မုန်လာဥနီသည် ထိပ်ဆုံးတန်းမှ ပထမချိတ်လိမ့်မည်ဟု ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက ယုံကြည်ထားကြသည်။

ယခုသုတေသန ရလဒ်သည် သုက်ပိုးအရေအတွက် တိုးပွားမှုကို ဦးတည်ခြင်း မရှိဘဲ အမျိုးသား တစ်ဦး၏ သုက်ပိုးတစ်ကောင်ချင်းစီ၏ ကျန်းမာကြံ့ခိုင်မှု အစွမ်းကို အဓိက လေ့လာထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သုက်ပိုးများက အမျိုးသမီး မျိုးဥထံ ဦးတည်ကူးခတ်နိုင်သည့် အင်အားမျိုး တိုးပွားခြင်း ရှိမရှိကို ဇောက်ချ သုတေသနပြုခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသား (၂၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို အသေးစိတ် မေးမြန်းပြီးနောက် ပညာရှင်များက ၎င်းတို့ထံမှ သုက်နမူနာများကို ရယူခဲ့ကြသည်။

ထိုအခါ အဝါရောင်၊ လိမ္မော်ရေင် သစ်သီးသစ်ဥများ အများအပြား စားလေ့ရှိသည့် အမျိုးသားများ၏ သုက်ပိုးများက သိသိသာသာနိုးကြား တက်ကြွနေသည်ကို တွေ့ရှိခဲ့သည်။ အထူးသဖြင့် မုန်လာဥနီကို ကြိုက်နှစ်သက်သူ၊ မုန်လာဥနီ ဖျော်ရည်ကို ပုံမှန်သောက်လေ့ရှိသူများ၏ သုက်ပိုးများကို ပိုမို၍ အားကောင်းလာတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင် သစ်သီးသစ်ဥများသည် ကျန်းမာရေးကို အထောက်အကူပြုသည့် Antioxidantများ ကြွယ်ဝစွာ သိုလှောင်ထားသည်။ ယင်းတို့အနက် Beta-Caoteneများ ပါဝင်ပြီး Antioxidant ဗီတာမင်Aကို ပံ့ပိုးပေးသည်။

ရလဒ်အားဖြင့် မျိုးပွားမှုနှင့် ဆက်နွယ်သည့် ဆဲလ်များနှင့် DNAများ၊ ဇီဝကမ္မအလွှာများကို ပျက်စီးစေတတ်သည့် ဓာတ်ပြုမှုများကို သိသာစွာ တိုက်စား လျော့နည်းသွားစေသည်။ ထို့ကြောင့်လည်း သုက်ပိုးများကို ဟန့်တား ပိတ်ဆို့မည့် အတားအဆီးမျိုး နည်းပါးသွားခြင်း ဖြစ်သည်။ မုန်လာဥနီ ပမာဏ အနည်းငယ်ကို တစ်ခါတစ်ရံ စားလေ့ရှိသူများသည်ပင်လျှင် သုက်ပိုးသန်စွမ်းမှုသည် သာမန်ထက် (၆.၅)ရာခိုင်နှုန်းမှ (၈)ရာခိုင်နှုန်းထိ မြင့်မားတတ်ပြီး များများစားလျှင် ပိုမို၍ အာနိသင် ရှိနိုင်ကြောင်း ယခုသုတေသန ရလဒ်က ညွှန်ပြလျှက်ရှိသည်။ အခြားစစ်တမ်းများအရ ငါးများနှင့် အချို့သော အင်များတွင် တွေ့ရှိရသည့် Omega-3 အဆီအက်ဆစ်သည်လည်း အမျိုးသားများ၏ သုက်သွေး ကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သိရသည်။ မုန်လာဥနီသည် မျက်စိကျန်းမာရေးအတွက် သင့်တော်ကြောင်းလည်း ပညာရှင်များက ယူဆထားသည်။

မြေထဲပင်လယ် အစားအစာများက အမျိုးသမီးများရဲ့ ကလေးရနိုင်ချေကို မြှင့်တင်ပေးနိုင်

Posted by drmyochit Monday, November 04, 2013, under | No comments

မြေထဲပင်လယ်စတိုင် ချက်ပြုတ်ထားတဲ့ အစားအစာများကို စားသုံးပေးတဲ့ အမျိုးသမီးများဟာ ရင်သွေး ငယ်ရနိုင်ချေ မြင့်မားတယ်ဆိုတာကို လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ၊ Loyola University Health System မှ အာဟာရဗေဒပညာရှင်များက ဟင်းသီးဟင်းရွက်များ၊ ငါးနဲ့ပဲအမျိုးမျိုး တို့နဲ့ ထုံမွှန်းထားတဲ့ မြေထဲပင်လယ်အစားအစာတွေကို စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ ပဋိသန္ဓေရနိုင်ချေ မြင့်မားတယ်လို့ ထုတ်ဖော်ပြော ဆိုထားပါတယ်။ လေ့လာမှုခေါင်းဆောင် Brooke Schantz က “ကျန်းမာရေးရှုထောင့်အရ အာဟာရ တန်ဖိုး မြင့်မားပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ် အစားအစာတွေဟာ ရင်သွေးရနိုင်တဲ့ အခွင့်အလမ်း ကိုသာ များစေတာ မဟုတ်ပါဘူး။ 
ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း စားသုံးပေးမယ်ဆိုရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို စောင့်ရှောက်ပေးနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်”လို့ ပြောကြားထားပါတယ်။
မြေထဲပင်လယ် အစားအစာတွေမှာ မပါမဖြစ်ပါဝင်တဲ့ သံလွင်ဆီဟာ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ချေကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးဟာ ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပြီး အသားကရတဲ့ ပရိုတင်းထက်စာရင် ဟင်းသီးဟင်းရွက်ကရတဲ့ ပရိုတင်းကို စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာပါဝင်တဲ့ အာဟာရဗေဒပညာရှင်များကတော့ ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးများကို တို့ဖူး၊ ပဲပြား၊ ပဲတောင့်ရှည်နဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးဖို့ တိုက်တွန်းထားပါတယ်။
Brooke Schantzuက “ကိုယ်ဝန်အောင်မြင်စွာရယူနိုင်ဖို့ အိမ်ထောင်ဖက်အမျိုးသားများရဲ့ ကိုယ်အလေးချိန်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအတွင်းမှာ ရှိဖို့လိုအပ်ပြီး အ၀လွန်နေခြင်းမရှိရပါဘူး။ အ၀လွန်ခြင်းဟာ သုက်ကောင်များရဲ့ အရည်အသွေးကို ထိန်းချုပ်တဲ့ ကျားဟော်မုန်းတွေ ကိုထိခိုက်မှုရှိစေလို့ပဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။

သက်နှင်း

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားကို ထုတ်လုပ်ရောင်းချရန် Lamborghini စီစဉ်

Posted by drmyochit Monday, November 04, 2013, under | No comments


ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားကို ထုတ်လုပ်ရောင်းချရန် Lamborghini စီစဉ်

Aventador LP 700-4 မော်တော်ကား အမျိုးအစားအတွက် အရွယ်အစား သေးငယ်သည့် ပုံတူလေး တစ်ခုကို ပြုလုပ်ခဲ့ပြီး ယင်းရွှေကား ကားရုပ်ပုံတူလေးကို ရောင်းချရန်ပင် ပေါင်စတာလင် (၂)သိန်းခွဲ ဈေးနှုန်း သတ်မှတ်ထားသည်။



Lamborghini မော်တော်ကား ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မော်တော်ကားကို ဖန်တီး ထုတ်လုပ်သွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ Lamborghiniသည် ၎င်းတို့၏ Aventador LP 700-4 မော်တော်ကားကို ရွှေသားစစ်စစ် ကိုယ်ထည်ဖြင့် ပထမဆုံးအကြိမ် ထုတ်လုပ်ရန် စီစဉ်လျှက်ရှိသည်။ အဆိုပါ မော်တော်ကားမျိုးကို သီးသန့်မှာယူသူများအတွက် Limited Editon အဖြစ်သာ ဖန်တီးမည် ဖြစ်သည်။ ယင်းမော်တော်ကား အမျိုးအစားအတွက် အရွယ်အစား သေးငယ်သည့် ပုံတူလေး တစ်ခုကို ပြုလုပ်ခဲ့ပြီး ယင်းရွှေကား ကားရုပ်ပုံတူလေးကို ရောင်းချရန်ပင် ပေါင်စတာလင် (၂)သိန်းခွဲ ဈေးနှုန်းသတ်မှတ်ထားသည်။ အမှန်တကယ် တည်ဆောက်မည့် ရွှေသား မော်တော်ကားစစ်စစ် အတွက်မူ ပေါင်စတာလင် (၄.၂)သန်းမျှ ဈေးနှုန်းကျသင့်မည် ဖြစ်သည်။


သေးငယ်သော ရွှေသားပုံတူ မော်တော်ကားလေးကို ဂျာမန်သား စက်မှုအင်ဂျင်နီယာ ရောဘတ်ဂူလ်ပန်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကားရုပ်လေးကို ဒူဘိုင်းရှိ Lamborghini ကားShowroomတွင် ထားရှိရောင်းချမည် ဖြစ်သည်။ Lamborghini၏ အဆိုအရ ကားရုပ်လေးကို ပြုလုပ်သည့် စရိတ်စကချည်း ပေါင်စတာလင် (၂)သိန်းနီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပုံစံတူ အမှန်စင်စစ် မော်တော်ကားကမူ ကမ္ဘာ့စံချိန်တင် တန်ဖိုးအကြီးဆုံး ဖြစ်လာမည်ဟု ဆိုသည်။ Lamborghiniသည် ကုမ္ပဏီ၏ နှစ်ပေါင်း(၅၀)ပြည့် တည်ထောင်မှု အထိမ်းအမှတ်အဖြစ် အဆိုပါ Limited Editionကို ဖန်တီးခြင်း ဖြစ်သည်။


Lamborghini အနေဖြင့် ရွှေသားကိုယ်ထည်ဖြင့် မော်တော်ကားအတွက် ရွေးချယ်သည့် မော်ဒယ်လ်တွင် လက်ရှိ ဈေးအမြင့်ဆုံး မော်တော်ကား အမျိုးအစားကို အသုံးမပြုခဲ့ချေ။ Aventador စီးရီးများသည် Lamborghini၏ စွမ်းအင်အမြင့်ဆုံး အမျိုးအစား မဟုတ်သေးဘဲ မကြာသေးမီက ထုတ်လုပ်ခဲ့သည့် တစ်နာရီ မိုင်(၂၂၀)နှုန်း မောင်းနှင်နိုင်သော Veneno Roadsterက ထိပ်ဆုံးနေရာတွင် ရှိနေသည်။ မြင်းကောင်ရေ (၇၅၀)အား V18 အင်ဂျင်ကို ထည့်သွင်းတပ်ဆင်ထားသည့် အဆိုပါ ပြိုင်ကားကို Lamborghiniက ဒေါ်လာ (၃.၃၆)သန်းဖြင့် ရောင်းချနေသည်။ မူရင်း Aventadorမှာမူ ပုံစံငယ် ရွှေရုပ်တုထက်ပင် အတန်ငယ် ဈေးနှုန်းလျော့နည်းကြောင်း သိရှိရသည်။

မိုင်လီဆိုင်းရပ်စ်ဖက်ရှင်နှင့် Disney ကြယ်ပွင့်လေးများ

Posted by drmyochit Monday, November 04, 2013, under | No comments

မိုင်လီဆိုင်းရပ်စ်၏ မကြာသေးမီ လပိုင်းများအတွင်း လူပြောသူပြောများခဲ့သည့် ပုံရိပ်များကို သူမကဲ့သို့ Disney နာမည်ကျော် ကြယ်ပွင့်များက လိုက်လံ ပုံတူကူးလာပြီ ဖြစ်သည်။ Disney၏ Hannah Montana ဇာတ်လမ်းတွဲများတွင် လူငယ် ကြယ်ပွင့်လေးအဖြစ် စတင်ထင်ရှားလာသော မိုင်လီသည် MTV၏ VMA ဆုပေးပွဲ အစီအစဉ် ဖျော်ဖြေမှုမှ စတင်ကာ အဝတ်အစားနှင့် တင်ဆက်ပုံ ကြမ်းတမ်း ပွင့်လင်းလွန်းလာခြင်းကြောင့် ဝေဖန်မှုများစွာ ကြုံခဲ့ရသည်။ ယခုအခါ သူမကဲ့သို့ပင် Disneyက စင်တင်ပေးခဲ့သည့် ဇာတ်ကောင်လေးများကလည်း ပုံစံတူ လိုက်လံ ဝတ်စားလာခဲ့သည်။ စိတ်ဝင်စားစရာ အခြေအနေမှာ ယခုလို တုပလာသူများသည် လူသားစစ်စစ်များ မဟုတ်ဘဲ Disney၏ ကာတွန်းဇာတ်ကောင်လေးများ ဖြစ်နေခြင်းပင်။


အီတလီနိုင်ငံ၊ ဖလော်ရင့်စ်မြို့မှ မိုက်ကယ် မော်ရစ်စီသည် Cosmopolitan မဂ္ဂဇင်းအတွက် မိုင်လီ၏ ဖက်ရှင်ဒီဇိုင်းများနှင့် Disney ဇာတ်ကောင်များကို တွဲဖက်သရုပ်ဖော် ရေးဆွဲပေးခဲ့သည်။ ဘယ်လီ၊ ဂျက်စ်မင်၊ စနိုးဝှိုက်၊ တီယန်နာ၊ မူလွန်၊ ပိုကာဟွန်တက်စ်၊ အော်ရိုရာ၊ မူလန်၊ အေရီရယ်လ်နှင့် စင်ဒရဲလားတို့သည် မော်ရစ်စီ၏ လက်ချက်ကြောင့် အပြစ်ကင်းစင်သည့် မိန်းကလေးငယ်များ အသွင်မှ မိုင်လီ၏ ဖက်ရှင်နှင့် Sexyကျနေသော ဇာတ်ရုပ်များအသွင် ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် စနိုးဝှိုက်သည် သူမ၏ အလယ်ခေတ် ဝတ်စုံကို စွန့်လွှတ်ပြီး VMA ဖျော်ဖြေပွဲတွင် မိုင်လီ ဝတ်ဆင်ခဲ့သည့် အသားကပ်ဝတ်စုံ၊ ရေမြှုပ် လက်ချောင်းကြီး တစ်ချောင်းနှင့် ဖြစ်နေခဲ့သည်။ မိုင်လီကမူ အဆိုပါ ပုံများကို အလွန်သဘောကျနေဟန်ရှိသည်။ အသက်(၂၀)ရှိ အဆိုတော် မင်းသမီးက ယင်းပုံရိပ်လေးများကို Twitterတွင် လွှင့်တင်ကာ "Disenyရဲ့ မင်းသမီးလေးတွေလေ"ဟု စာညွှန်း ရေးထိုးထားခဲ့သည်။ 

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ

Posted by drmyochit Monday, November 04, 2013, under | No comments

iPhone 6 ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာသည်။   iPhone 5S အသစ်ထွက်ပေါ်လာသည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။



Appleသည် Retina Display နည်းပညာဖြင့် အောင်မြင်မှုများစွာ ရရှိနေသည့်နောက် iPhone 6တွင်လည်း ယင်းအခြေအနေကို ဆက်လက် ခိုင်မာစေဖွယ် ရှိနေသည်။ Mac Fanက Googleထုတ် Android OS ဖုန်းများ၏ Screen အရွယ်အစား ကြီးမားလာမှုကို ယှဉ်ပြိုင်ရန်အတွက် Appleသည် (၅)လက်မအရွယ် Displayမျိုးကို စတင် အသုံးပြုလာမည်ဟု ဆိုသည်။ အကယ်၍ ယင်းသတင်း အမှန်ဖြစ်လာပါက လက်ရှိ iPhone 5Sထက် (၁)လက်မ ပိုကြီးသွားပြီး Googleထုတ် Nexus 5နှင့် Screen အရွယ်အစား တိုက်ရိုက် အားပြိုင်သွားမည့်သဘော ဖြစ်လာသည်။

Mac Fanက iPhone 6သည် Apple၏ မူပိုင်ခွင့်ရ နည်းပညာဖြစ်သော လက်ဗွေ Scanဖတ် လုံခြုံရေးစနစ်ကိုလည်း ဆက်လက် အသုံးပြုကာ Hardwareပိုင်း သိသိသာသာ မြှင့်တင်မှုများ ရှိလာမည်ဟုလည်း ရေးသားခဲ့သည်။ Apple အနေဖြင့် iPhoneများ ရောင်းချမှုတွင် ကြီးမားစွာ အောင်မြင်နေသည့်တိုင် ပြိုင်ဘက်ကြီး Samsung၏ နယ်ပယ်ချဲ့ထွင်မှုများကြောင့် ဈေးကွက်အစိတ်အပိုင်းအချို့ ဆုံးရှုံးနေကြောင်းလည်း သိရှိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်