Wednesday, November 06, 2013

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ

Posted by drmyochit Wednesday, November 06, 2013, under | No comments

• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။
• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။
Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။ 
သတင်းပေါင်းစုံ 
ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃

Zumwalt Destroyer

Posted by drmyochit Wednesday, November 06, 2013, under | No comments

Zumwalt-class destroyers ဆိုတာ ကတော့ အမေရိကန် ရေတပ်ရဲ့ နောက်မျိုးဆက်သစ် အဆင့်မြင့် ဘက်စုံသုံး ဖျက် သဘောင်္ပဲ ဖြစ်ပါတယ်။
US navy အနေနဲ့ အစက ပိုမိုကြီး မားတဲ့ DD-21 vessel တွေထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘတ်ဂျက် မပြည့်စုံမှုကြောင့် ပိုမို သေးငယ်တဲ့ Zumwalt-class ကိုပဲ ထုတ်လုပ် ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုမှာ နံပတ်၅ နေရာမှာ ရှိတဲ့ General Dynamics ရဲ့ဌာနခွဲ တစ်ခုဖြစ်တဲ့ Bath Iron Works ကတာဝန်ယူ တည်ဆောက်တဲ့ ပထမဆုံး Zumwalt-class destroyers ကို Bath, Maine, US မှာရှိတဲ့ သူတို့ရဲ့ သဘောင်္ကျင်းမှာ စမ်းသပ် ရေချခဲ့ ပါတယ်။ ပေ ၆၁၀ ရှည်လျားတဲ့ ဒီ သဘောင်္မှာ radar reflecting angles လို့ခေါ်တဲ့ ရေဒါနဲ့ မထောက် လှမ်း နိုင်အောင် ပြုလုပ်ထားပြီး၊ inward-sloping tumblehome hull, an all-electric integrated power system, an advanced gun system အစရှိတဲ့ ခေတ်မီ နည်းပညာ တွေ တပ်ဆင်ထား ပါတယ်။ 

Tumblehome Hull
သဘောင်္ အတွင်းပိုင်းမှာ Raytheon တီထွင် ထားတဲ့ Total Ship Computing Environment (TSCE) လို့ခေါ်တဲ့ operating system ကို တင်ဆင် ထားပါတယ်။ TSCE ဆိုတာက US ရေတပ်ရဲ့ ပထမဆုံး open-architecture ကိုခေါ်ဆို တာပါ။ ဒီစနစ်ဟာ Zumwalt ရဲ့ on-board system တွေကို အတူတကွ စုစည်းပေးပြီး ထိန်းချုပ်ရာမှာ အဆင်ပြေ လွယ်ကူအောင် ပြုလုပ် ပေးပါတယ်။ သဘောင်္ သား ၁၃၀နဲ့ အထူးတပ်ဖွဲ့ ၂၈ယောက် တင်ဆောင် နိုင်ပါတယ်။ Raytheon ကတော့ သဘောင်္ရဲ့ open-architecture ကြောင့်နောက်လာမယ့် နှစ်တွေမှာ သဘောင်္ကို ပြုပြင်တာတွေ၊ အဆင့်မြှင့် တာတွေ ပြုလုပ်ဖို့ လွယ်ကူ စေမယ်လို့ ဆိုပါတယ်။ 

Ready, Aim, Fire
DDG 1000 Zumwalt သဘောင်္မှာ ဒေါင်လိုက် ဒုံးကျည် ပစ်လွှတ် နိုင်တဲ့ Peripheral Vertical Launching System ( PVLS ) ပါဝင်ပြီး PVLS အစိတ် အပိုင်း တစ်ခုစီ မှာလည်း MK57 Vertical Launching System တစ်ခုစီ ပါဝင် ကာကွယ် ပေးထား ပါတယ်။ ကွန်ပျူတာ ထိန်းချုပ် လက်နက် စနစ်ထဲမှာ 155-millimeter advanced gun systems ပါဝင်ပြီး ဒုံးကျည် ထိပ်ဖူးတွေကို ရေမိုင် ၈၃မိုင်အထိ ပစ်လွှတ် နိုင်ပါတယ်။ ဒီစနစ်ရဲ့ firepower က 155m howitzers အမြှောက် ၁၂လက်ရဲ့ ပစ်အားနဲ့ တူညီ တယ်လို့ ရေတပ်က ဆိုပါတယ်။ 


Design features and systems
Zumwalt-class destroyers တွေကို နောက်မျိုးဆက်သစ် ဖျက်သဘောင်္ တွေအဖြစ် မြေပြင် တိုက်ပွဲ တွေ၊ ရေပြင်တိုက်ပွဲ တွေနဲ့ လေကြောင်း တိုက်ပွဲတွေမှာ အသုံးပြုဖို့ US Navy က ရည်ညွှန်း ထား ကြပါတယ်။ General Dynamics’ Bath Iron Works မှာရှိတဲ့ အလုပ်သမား တွေဟာ တစ်နှစ်ပတ်လုံး ဒီသဘောင်္ တည်ဆောက် ရေးမှာ ဆက်လက် လုပ်ဆောင် ကြမှာပါ။ ၂၀၁၄ နှောင်းပိုင်း မှာ သဘောင်္ကို ရေတပ်ကို အပ်နှံဖို့ အချိန် သတ်မှတ် ထားပါတယ်။ ပထမဆုံး Zumwalt ကိုတော့ ၂၀၁၆ မှာစတင် အသုံး ပြုဖို့ မျှော်လင့်ထား ကြပါတယ်။ 

Autonomic Fire Suppression System
တိုက်ခိုက်ရေး စွမ်းရည် မြင့်မားလာ တာနဲ့အတူ Zumwalt’s Automatic Fire Suppression System က ဒီ သဘောင်္ကို damage-control system တပ်ဆင်ပေး ထားပါတယ်။ ဒီစနစ်မှာ sensors တွေ cameras တွေ အလို အလျောက် မီးငြိမ်းသတ် စနစ်တွေ ပါဝင်ပြီး Zumwalt ကိုအထိအခိုက် အပျက် အစီး တွေကို အမြန် ဆုံး တုန့်ပြန် နိုင်အောင် ကူညီပေး ပါတယ်။ 

Under Construction
သဘောင်္ရဲ့ မြေပြင်ပေါ်မှာ တည်ဆောက် နေရာကနေ ရေချတဲ့ လုပ်ငန်းကို Oct 25, 2013 မှာ လုပ်ဆောင် ခဲ့ပါတယ်။ 


Enhanced stealth capabilities
တိတ်ဆိတ်ပြီး အသုံးဝင်လှတဲ့ all-electric propulsion ကြောင့်သဘောင်္ရဲ့ inward-sloping hull design ဟာအရှိန်၊ ထိန်းချုပ် နိုင်စွမ်းနဲ့ တည်ငြိမ်မှု ရှိစေပြီး အင်ဂျင် စက်သံကိုပါ လျှော့ချပေး ပါတယ်။ 

Big ship, low profile
ရွက်တိုက် မြင့်မြင့်တွေ၊ လည်နေတဲ့ antennas တွေမပါဝင် တာကြောင့် Zumwalt-class destroyer ဟာသ တိထား မိဖို့ ခက်ပါတယ်။ လေ အေးပေး စနစ် ပါဝင်တာကြောင့် အပူထုတ် လွှတ်မှုကို လျှော့ချ ပေးပြီး လက်ရှိ သုံးနေတဲ့ Arleigh Burke-class destroyer ထက် ၄၀ ရာခိုင်နှုန်း ပိုမို ကြီးမား ပေမယ့် ရေဒါမှာတော့ စစ်သဘောင်္ ဆိုတာထက် သာမန် ငါးဖမ်း သဘောင်္ လို့ပဲ ပေါ်နေမှာပါ။ 


Images from www.newstimes.com , www.jeffhead.com, breakingdefense.com, popularmilitary, Source - CNET

Tuesday, November 05, 2013

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ချိန်နှင့် ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

Posted by drmyochit Tuesday, November 05, 2013, under | No comments


နိဒါန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံတို့မှ ခေါင်းဆောင်များ စုဝေးရာ လိုင်ဇာ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ချမှတ်နိုင်ရန်နှင့် နိုင်ငံရေး ဒိုင်ယာလော့ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ထားရှိသော မျှော်လင့်ချက်ကို အထင်အရှား ပြသခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ် မီးလျှံတို့သည် နှစ်ပေါင်း ၆၀ ကျော် နိုင်ငံ တည်ဆောက်ရေးကို ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ တောင်ပံ မဖြန့်နိုင်ရှာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ချိုးဖြူငှက်တို့သည်လည်း ငြိမ်းချမ်းရေးတေးကို မသီနိုင်ကြတော့ပါ။

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်သည့် ခေတ်

ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် မလွယ်ကူလှဟု ခေတ်အဆက်ဆက် နားလည် မှတ်သားခဲ့သော ငြိမ်းချမ်းရေး အတွေးအခေါ်တို့မှာ မဖြစ်မနေ အသွင်ကူးပြောင်းရန် လိုအပ်နေပြီ ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းဖို့ အခြေခံဥပဒေကိုပင် ပြင်ဆင်ရေးအထိ လမ်းဖွင့်ထားပြီး ဖြစ်သော မျက်မှောက် နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတို့၏ တိုးတိုက်မှုများ မတွေ့ မမြင်ကြရတော့ပေ။ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ထွန်းကားရာ မြန်မာ့မြေသည် ယနေ့တိုင် စစ်မီး မငြိမ်းနိုင်သေးသည်မှာလည်း အမှန်ပင် ရင်နာစရာ ကောင်းနေသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ဖြစ်ပေါ်ခဲ့ကြသော Ideology Clash များ၊ အကျိုးစီးပွား ထိတိုက်တိုးမှုများသည် အမျိုးသားညီညွတ်ရေး ပြိုကွဲစေခဲ့သော အကြောင်းတရားများဟု ဆိုနိုင်ပေသည်။

နိုင်ငံတော်သမ္မတကြီး လက်ထက် အမျိုးသားညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် သိသာထင်ရှားသည့် ခြားနားမှုမှာ အုပ်ချုပ်သူဘက်က ချမှတ်သည့် အိုင်ဒီယာကို အခြေခံသော၊ မိမိ စိတ်ကူးစံ Ideal ကို ချမှတ် တည်ဆောက်သော ကြိုတင် သတ်မှတ်ထားသည့် စားပွဲဝိုင်းမျိုး မဟုတ်ဘဲ သဘောထား ကွဲလွဲမှုများကို အသိအမှတ်ပြုသော လစ်ဘရယ် ပုံစံ ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အဘိဓမ္မာကဲ့သို့ နက်ရှိုင်း ကျယ်ပြန့်လှသည့် ဦးနှောက် မုန်တိုင်းဆင်ရာ အိုင်ဒီယာများကိုပင် ညနေခင်း လက်ဖက်ရည် ကြမ်းဝိုင်းတွင် ငြင်းကြခုံကြ အချီအချ ဖြစ်တတ်ခဲ့သော မြန်မာနိုင်ငံသားတို့သည် အိုင်ဒီယော်လော်ဂျီ အားသန်သည်ဟုဆိုက မှားမည် မထင်။ သခင်စိုး၏ ရဲရဲနီသည့် ကွန်မြူနစ်၊ သခင်သန်းထွန်း၏ စစ်မှစစ်သည့် ကွန်မြူနစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ မျှော်မှန်းခဲ့သည့် ဆိုရှယ်လစ်၊ ကိုကိုမောင်ကြီး၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဤသို့ ဤနှယ် ပြင်းထန်သော အစွဲများသည်လည်း ယနေ့ခေတ် မြန်မာ့နိုင်ငံရေးတွင် နေလာ နှင်းပျောက် ဖြစ်နေကြပြီ ဖြစ်သည်။ နိုင်ငံရေးပါရာ ဒိုင်းအပြောင်းအလဲတွင် နိုင်ငံရေး အတွေးအမြင်များကို အဓိကထားမှုများ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နိုင်ငံရေးသည် ဤသို့သော ခေတ်သစ် စနစ်သစ်တွင်မှာ အမျိုးသားညီညွတ်ရေး မတည်ဆောက် နိုင်လျှင် မျက်မှောက်ခေတ်သမိုင်း ရိုင်းရာ ကျပေလိမ့်မည်။
Clash of Ideal

နိုင်ငံတော်သမ္မတကြီးသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး ဟူသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပန်းတိုင်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး တာဝန်ယူစ အချိန်တွင် ဒီမိုကရေစီကို အရင်သွားသည့် ဝါရှင်တန် ပုံစံ၊ ဖွံ့ဖြိုးရေးကို အရင်သွားသည့် ဘေဂျင်းပုံစံ၊ ကြိုက်ရာ ပုံစံရွေးဟူသော ဒီဘိတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတည်ဆောက်ရေး မေးခွန်း ဖြစ်နေခဲ့ ချိန်လည်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် သမ္မတကြီးသည် မူလကတည်းက တည်ရှိခဲ့သော Clash of Ideal ကို ဒိုင်ယာလော့ဖြင့် စေ့စပ် ညှိနှိုင်းခဲ့ပြီး မတူတာခွဲလုပ်၊ တူတာတွဲလုပ် ဟူသော ယဉ်ကျေးမှု အသစ်ကို ဖော်ဆောင်ခဲ့ရသည်။ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပြီး ပင်မရေစီးဖြစ်သော လွှတ်တော်နိုင်ငံရေးသို့ ရောက်ရှိခဲ့ကြသည်။ ဤသည်မှာ Adjustment of Interest ကို ညှိယူသော နည်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရလဒ်မှာ အားလုံး သိသည့်အတိုင်းပင် ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး မျက်နှာစာတွင်တော့ ထိုမျှ မလွယ်ကူလှသလို စိန်ခေါ်မှုများမှာလည်း မနည်းမနော ရှိနေပေသည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးဟူသော ပန်းတိုင်များ တူညီနေကြပြီ ဖြစ်သော်လည်း နည်းလမ်းများတွင် အချင်းများနေမှု များမှာလည်း ဒီမိုကရေစီ၏ ဗီဇသဘောဟု နားလည်ကြရန် လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရက်တိုက်ဇေးရှင်းသည် မည်သည့် ပုံစံနှင့်မျှ မျဉ်းတန်း သဘောယူ၍ မရသောကြောင့် မြန်မာပုံစံ မြန်မာ မော်ဒယ်လ်သည် ဒီမိုကရေစီ သဘောတရားများ အတွက် အသစ်တစ်ရပ်ရပ် ဖြစ်လာပေလိမ့်မည်။ တိုင်းရင်းသားများ၏ ခေတ်အဆက်ဆက် ပျောက်ဆုံးခဲ့သည့် အိပ်မက်များကို ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြောကြားထား ပြီးဖြစ်ရာ အိပ်မက်အတွက် စိတ်ကူးစံများ အကျေအလည် ညှိနှိုင်းနိုင်ရေးသာ အရေးကြီးမည် ဖြစ်သည်။ သယံဇာတ ကျိန်စာဟု နိုင်ငံတကာပဋိပက္ခ လေ့လာသူများက တံဆိပ်ကပ်ကြသည့် မငြိမ်းချမ်းသေးသော နယ်မြေ ဒေသများမှာလည်း သဘာဝသယံဇာတ အရင်းအမြစ်များ အုံနှင့်ကျင်းနှင့် ရှိနေကြသည်မှာ အမှန်ပင် ဖြစ်နေသည်။ သယံဇာတ မရှိသောကြောင့် ဖွံ့ဖြိုးရေး ပန်းတိုင်သို့ အချိန်တိုတိုအတွင်း လှမ်းလျှောက် နိုင်ခဲ့ကြကုန်သော တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်တို့မှာ အာရှမော်ဒယ်လ် အသစ်ကိုပင် ဖန်ဆင်းနိုင် ခဲ့ကြသည်။ သယံဇာတ ကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းစစ်မီးသို့ သက်ဆင်းကြကုန်သော ကမ္ဘာတစ်ဝန်းမှ နိုင်ငံများတွင်လည်း လက်နက်ကိုင် နိုင်ငံရေး၊ စစ်ဘုရင်ဝါဒများအကြား ပိတ်မိကာ ဆင်းရဲတွင်း နစ်ခဲ့ကြရသည့် ခေတ်ပြိုင် သင်ခန်းစာများ မှိုလို ပေါက်အောင် ရှိနေကြသည်။ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ ထူထောင်တည် ဆောက်နေကြသော လက်ရှိကာလသည် သင်ခန်းစာများကို သင်ခန်းစာများ ဟူ၍ ပီပီပြင်ပြင် သိမြင နားလည်လာကြရန် အရေးကြီးနေပြီ ဖြစ်သည်။
ကမ္ဘာမကျေ သီချင်းဖြင့် နိဒါန်းဖွင့်ခြင်း

ကိုလိုနီလက်အောက်မှ ရုန်းထ လွတ်မြောက်ပြီးစ မြန်မာနိုင်ငံသည် ခွင့်တူညီမျှ ဝါဒဖြူစင်သည့်မြေ ဖြစ်ရန် ကြွေးကြော်ခဲ့ကြသော်လည်း ဝါဒဖြူ ခြင်း၊ ဝါဒနီခြင်းတို့ဖြင့် Clash of Ideal ထောင်ချောက်သို့ ကျရောက် ခဲ့ရပေသည်။ အားပါလှသည်၊ မာန်ပါလှသည်၊ ဇာတိမာန် ထက်သန်စေသည်ဟု မိမိတို့ အားလုံး ခံယူခဲ့ကြသော နိုင်ငံတော် သီချင်းပါ၊ ကမ္ဘာမကျေဟူသော နိဒါန်းသည်ပင်လျှင် ဥဒါန်းမကျေစေသော ပြည်တွင်းစစ်ကို ဖန်တီးလေခဲ့ရော့သလား စဉ်းစားစရာ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ အိမ်နီးချင်း နိုင်ငံများကိုပဲ ကြည့်ကြည့်၊ ဒေသတွင်း နိုင်ငံများကိုပဲ မျှော်မျှော် အောက်တန်း နောက်တန်းကျနေသော အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သိမြင်ကြရန် လိုအပ်သည်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး တေးသံများ ဖုံးလွှမ်းနေပြီဟု မြင်ယောင်ကြည့်လျှင် စစ်မီးလျှံတို့ ဝင်းဝင်းတောက်နေသော နယ်စပ်ဒေသများ အစောဆုံး နိုးထလာသည့် စီးပွားရေးဇုန်ကြီးများ ဖြစ်လာပေ လိမ့်မည်။

စိတ်ကူးစံအမျိုးမျိုး ရှိကြကုန်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေနှင့်လည်း Reality Analysis နှင့် Future Analysis ကို ကောင်းစွာအသုံးချ၍ သန်း ၆၀ အနိုင်ရရှိရေးကို ရှေးရှုကြရန် မျှော်လင့်မိသည်။ ပွင့်လင်းလာသော ယနေ့ခေတ်တွင် သမိုင်း၏ လိုအပ်ချက်၊ သမိုင်း၏ လမ်းညွှန်မှု စသည်တို့ မရှိသင့်တော့ပါ။ အမျိုးသားညီညွတ်ရေးကို မတည်ဆောက်နိုင်သရွေ့ နေ့လား ညလား မသိ ရေရေရာရာ မရှိနိုင်သော သန်း ၆၀ ၏ အိမ်နိမ့်စံဘဝများ ကျွတ်တမ်း ဝင်ကြဦးမည် မဟုတ်ပါ။ အမျိုးသား ညီညွတ်ရေးအတွက် လက်ရှိ ရောက်ရှိနေကြသော ဆုံမှတ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးသည် သမိုင်းအဆက်ဆက် မကြုံဖူးသော အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်သည်ကို သတိပြုကြစေလိုသည်။ ဖက်ဒရယ်ကို ခေါင်းခါခြင်းများ၊ ဒီမိုကရေစီအသံ နားပိတ်ထားခြင်းများ လားလားမျှ မရှိတော့သည့် ယခုရောက်ရှိနေသော နိုင်ငံရေး မြေညီကွင်းသည် ငြိမ်းချမ်းရေးအတွက် တံခါးခေါက်သံများပင် ဖြစ်နေသည်။
ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံရေး ပွတ်တိုက်မှုများသည် ဒီမိုကရေစီ၏ သဘောသဘာဝဟု ခံယူထားပြီး ပွတ်တိုက်မှုများကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်းသွားသင့်သည်ဟု ယူဆထားသူ ဖြစ်သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် အသစ်ဖြစ်ထွန်းခဲ့သော မတူတာခွဲလုပ် တူတာတွဲလုပ်သည့် နိုင်ငံရေး ယဉ်ကျေးမှုသည် ၂၀၁၃ နှစ်ကုန်ပိုင်းသို့ ရောက်ရှိချိန်တွင် ခွဲလုပ်နေကြသော မတူသည်များကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်း အဖြေရှာသော နိုင်ငံရေး ယဉ်ကျေးမှု အသစ်သို့ ဆက်လက် ဆွဲတင်နေကြသည်မှာလည်း အမျိုးသား ညီညွတ်ရေးအတွက် မျှော်လင့်စရာ များစွာ ကောင်းနေပေသည်။

အမျိုးသားညီညွတ်ရေး မရှိသမျှ ကာလပတ်လုံး ဟိုလူ့အောက်ကျို့ရ ဒီလူ့အောက်ကျိုးရ ဖြစ်နေဦးမည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ စကားသည် ယနေ့ အချိန်အထိ မှန်ကန်နေဆဲ ဖြစ်နေသည်မှာလည်း လွတ်လပ်ရေး မရခင်ကတည်းက တည်ရှိခဲ့ကြကုန်သော ကွဲရာဇဝင်နှင့် ချသမိုင်းများကို ယနေ့ခေတ်တိုင် ဆက်လက် သယ်ဆောင်နေကြ သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသော ဂိုဏ်းဂဏ နိုင်ငံရေးနှင့် အကွဲအပြဲ အစဉ်အလာများကို ဆင်ခြင်ဉာဏ်ဖြင့် ပယ်ရှားနိုင်ကာမှ တန်ကာကျပါမည်။

ဆိုဗီယက်အုပ်စုနှင့် အမေရိကန်အုပ်စုတို့ ကမ္ဘာ့မြေပုံများ ကိုင်၍ အားပြိုင်ခဲ့ကြသော စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်မားဆုံး အချိန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသော ပန်းတနော်သား မြန်မာသံအမတ်ကြီး ဦးသန့်ကို သီဟိုဠ် (သီရိလင်္ကာ) သံအမတ်ကြီးက ဤသို့ ညွှန်းဆိုခဲ့သည်။ အတ္တတံခွန်ထူခြင်း၊ ရန်လိုခြင်းနှင့် လက်သီး လက်မောင်းတန်းလျက် အာပေါင်အာရင်း သန်ခြင်းတို့ကို ခွန်အားဟု ယူဆကြသော ဤခေတ်ကြီးတွင် ဦးသန့်၌ရှိသော ခွန်အားမှာ တသီးတသန့် ခြားနားနေ၏။ ဦးသန့်၏ ခွန်အားမှာ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အား ဖြစ်သည်။၊ ကမ္ဘာစစ်ကြီး ဖြစ်ပွားနိုင်သော မီးတောက်များကို မြန်မာနိုင်ငံသား ဦးသန့်သည် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားတို့ဖြင့် ဖြေရှင်း အောင်နိုင်ခဲ့သည်။

ဦးသန့်ကို မွေးဖွားခဲ့သော မငြိမ်းချမ်းသေးသည့် မြန်မာ့မြေတွင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသား တည်ဆောက်ရေးအတွက် လတ်တလော လိုအပ်နေသည်မှာ စစ်ကို ခုံမင်သော၊ စစ်ဘုရင် အလံတော်များ မဟုတ်ရဘဲ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေနှင့် သန်း ၆၀ အနိုင်ရရှိရေးအတွက် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ ပေးသနားရန်သာ မျှော်လင့်မိပေသည်။

မှူးဇော်

Like & Share ပေးခြင်းဖြင့် မိဘများကို ရှာဖွေပေး လိုက်ကြရအောင်ဗျာ.. သနားစရာ ကောင်းပါတယ်.... ဘေးကင်းပြီး အမြန် ပြန်လည် တွေ့ရှိပါစေ...

Posted by drmyochit Tuesday, November 05, 2013, under | No comments


မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့

Posted by drmyochit Tuesday, November 05, 2013, under | 1 comment

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမ ဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

ဆိုင်ကယ် (၂)စီးခိုးယူသူအားဖမ်းဆီးရမိ

Posted by drmyochit Tuesday, November 05, 2013, under | No comments

ရန်ကုန်၊ နိုဝင်ဘာ ၅

၃၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ စန်းလွင်ဦး (ဘ)ဦးကြည်သန်း၊ လှိုင်သာယာမြို့နယ်နေသူအား ဖမ်းဆီးရီမန်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ စန်းလွင်ဦးသည် ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိ
နေ့က ပဲခူးမြို့နယ်၊ ဈေးပိုင်း ညွန့်ရုပ်ရှင်ရုံအနီး ရပ်ထားသော Dream စာတမ်းပါ HONDA -125 အစိမ်း/အပြာရောင် လိုင်စင်မဲ့ဆိုင်ကယ်
(၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိနေ့ကပင် ပဲခူးမြို့နယ်၊
ဈေးကြီးအနီးရပ်ထားသော Dream စာတမ်းပါ SUNYOKE -110 အနက်ရောင်လိုင်စင်မဲ့ဆိုင်ကယ် (၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၄/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် 
အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

credit>> Yangon police

ထိုင်းဘုရင့်မြေးတော်မလေး အခု ဆီးဂိမ်းမှာ မြင်းစီးဝင်ပြိုင်မယ်

Posted by drmyochit Tuesday, November 05, 2013, under | No comments

သူကတော့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစား နည်းမှာ ၀င်ပြိုင်မယ့် ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ မြေးမတော် Princess Sirivannavari ဖြစ်ပါတယ်။ 
စွဲဆောင်မှု ရှိပြီး Fashion ကျကျ ၀တ်ဆင် တက်တဲ့ သူဟာ Forber မဂ္ဂဇင်းကပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် "20 Hottest Young Royals" မှာ နံပါတ် ၁၆ ရခဲ့ဖူး ပါတယ်။ 

ထို့အပြင် အားကစားနည်း များကို စိတ်ဝင်စားပြီး ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ ကြက်တောင် အားကစား နည်းမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစားနည်း ပြိုင်ပွဲကို သွားရောက် ကြည့်ရှု ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှ လက်ခံ ကျင်းပမည့် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ ဆိုလာ ပါတယ်။

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ (အသက် (၁၈) ပြည့်မှ ဖတ်ပါ)

Posted by drmyochit Tuesday, November 05, 2013, under | 4 comments

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

သတင်းမီဒီယာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြု

Posted by drmyochit Tuesday, November 05, 2013, under | No comments

်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး ဘူးသီးတောင်၊ မောင်တော ဒေသ တွင် ဘက်စုံထောင့်စုံမှ ထိရောက်သော ပေါင်းစပ်ညှိနှိုင်း ထားသည့် လုံခြုံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် သာလွန်ကောင်းမွန်သည့် အစီအမံများဖြင့် အမြန်ဆုံးချမှတ် စတင် အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြည်ထောင်စု အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှား၍ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ ရေတို၊ ရေရှည်တွင် ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ရေးဆွဲ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိ သည့်အပြင် ယခုအဆို တွင်ပါရှိသည့် တင်ပြချက်များကိုလည်း အလေးထား သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အဆိုကို မှတ်တမ်းတင် ထားနိုင်ရေး စဉ်းစား သုံးသပ်နိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က အဆိုကို မှတ်တမ်း တင်ထားရှိရန် ဆုံးဖြတ် ခဲ့ကြောင်းသတင်း ရရှိသည်။

ကိုရီးယားနိုင်ငံ ဂုဏ်ထူးဆောင် ခရီးသွား သံတမန်ဘွဲ့ ခန့်အပ်ခံရတဲ့ မော်ဒယ် တင်မိုးလွင်

Posted by drmyochit Tuesday, November 05, 2013, under | No comments

အနုပညာလောက မှာ မော်ဒယ် မိခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ Talents & Models အေဂျင်စီ တည်ထောင်သူ တင်မိုးလွင် က အောက်တို ဘာ ၇ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်ပြီး ကိုရီးယား နိုင်ငံ ရဲ့ခရီးသွား ဝန်ကြီး ဌာန ကပေးအပ် တဲ့ ဂုဏ်ထူးဆောင် ခရီး သွား သံတမန် ဘွဲ့ကို သွားရောက် ယူခဲ့ပါ တယ်။ ကိုရီးယား ကုန်သွယ်မှု အဖွဲ့အစည်း၊ မြန်မာ နိုင်ငံ ကုန်သွယ်မှု အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင် နေတဲ့ ကိုရီးယား လုပ်ငန်းရှင် များရဲ့ ထောက် ခံပေးအပ်မှုကြောင့် ရရှိခဲ့ ခြင်းဖြစ်တယ် လို့ သိရပါတယ်။ ဂုဏ်ထူး ဆောင် ခရီးသွား သံတမန်ဘွဲ့ကို ခန့်အပ် ခြင်း ခံရတဲ့ မော်ဒယ် တင်မိုးလွင်က

“ကိုရီးယားနိုင်ငံရဲ့ ခရီးသွား ဝန်ကြီးဌာန ကနေပြီးတော့ ခန့်အပ် တဲ့ ဂုဏ်ထူးဆောင် ခရီးသွား သံတမန် ဘွဲ့ကို သွားပြီးတော့ ယူရတာ ဖြစ်ပါတယ်။ အခုလို ဒီဘွဲ့ကို ယူခွင့် ရတဲ့ အတွက်လည်း တအား ဂုဏ်ယူမိပါ တယ်။ သူတို့အနေ နဲ့ကလည်း မမို့ကို ဘယ်လို ရှာတွေ့သွားခဲ့လဲ ဆိုတော့ ကိုရီးယား သံရုံး၊ မြန်မာပြည် မှာရှိတဲ့ သံ ရုံးတော်တော်များများ နဲ့ ပွဲတွေကို လုပ်ကိုင် ဆောင်ရွက်ပေးလေ့ ရှိတယ်။ ဒီလိုပဲ မမိုးက အမြဲတမ်း ကူညီပေး လေ့ရှိတယ်။ ကိုရီးယား သံရုံးမှာလည်း မမိုး ရဲ့ နာမည် List ရှိတယ်။ အဲဒီ တော့ မြန်မာပြည် ကိုရောက်နေတဲ့ ကိုရီးယား ကုန်သွယ်မှု အဖွဲ့အစည်း ကလည်း မြန်မာပြည်ကို စရောက်ကတည်းက မမိုး တို့ရဲ့ကုမ္ပဏီနဲ့ ဆက်သွယ် တယ်။ အဲဒီ သံရုံးရယ်၊ အဖွဲ့ အစည်းတွေရယ် ၊အခုမြန်မာပြည်မှာ ရှိနေတဲ့ ကိုရီးယား လုပ်ငန်းရှင်တွေ ရဲ့ ထောက်ခံမှုတွေ နဲ့ပေါ့လေ။ မမိုးရဲ့ Profile ကိုလိုချင်ပါတယ်။ မမိုးရဲ့ Data တွေကို သိချင်ပါတယ် ဆိုလို့ သူတို့နဲ့ မိတ်ဆက်တဲ့ အခါမှာ ဒီဘွဲ့ကို ခန့်အပ်ပေးခြင်း ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်ကနေ သံတမန် တစ်ဦး လိုချင်တယ် လို့ သူတို့ရဲ့သံရုံး ကိုပြောလိုက်တဲ့ အခါမှာ သံရုံးနဲ့ အဆက်အသွယ် ရှိတော့ သံရုံးကနေ ရွေးချယ် ပေးလိုက်တာပေါ့။ သံရုံးရယ် ၊မြန်မာနိုင်ငံက ကုန်သွယ်မှု အဖွဲ့ အစည်း ရယ်၊ မြန်မာနိုင်ငံက ကိုရီးယား လုပ်ငန်းရှင်တွေ ကထောက်ခံပေး လိုက်တာပါ” လို့ ပြောပြခဲ့ ပါတယ်။ ကိုရီးယားနိုင်ငံ ကို သွားရောက် ဖြစ်ခဲ့တုန်း က အတွေ့ အကြုံများ နဲ့ ပတ်သက်ပြီး လည်း တင်မိုးလွင်က “ဟိုမှာတော့ သံတမန် တစ်ယောက် အနေနဲ့ သူတို့ရဲ့ ဒေသမြှင့်တင်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ အလှအပ၊ ကျန်းမာရေး ၊ဖက်ရှင်၊ စားသောက်ကုန် ၊ယဉ်ကျေးမှု အဲဒီဟာတွေကို တစ်နေရာစီ လိုက်လေ့လာ ဖြစ်ခဲ့ရတယ်။ အမှန်တော့ မမိုးက ဘယ်လိုမှ အချိန်မရပါဘူး။ အခုမြန်မာပြည် မှာရှိတဲ့ ကိုယ့်ရဲ့ အလုပ် တွေ၊ ကိုယ်လုပ်နေတဲ့ ပရဟိတတွေ ကပေါင်းစုံကနေ ဝင်ရောက် လုပ်ဖြစ် နေတဲ့ အတွက် ဒီလိုမျိုး အလုပ်လုပ်ဖို့ ဆိုတာ အချိန်က မရှိသလောက် ပါပဲ။ ဒါပေမဲ့ လည်း သူတို့အနေ နဲ့လည်း တကယ် လိုအပ်တယ်။ မြန်မာပြည် အနေနဲ့လည်း တကယ် လိုအပ်တဲ့ အတွက် အချိန်ပေးပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသွားအောင် သံ တမန် အနေနဲ့ လုပ်ပေးရခြင်း ဖြစ်ပါတယ်။ မမိုးဝါသနာ ပါတဲ့ အတွက်အခုလို လုပ်ခွင့်ရတဲ့ အတွက် ဂုဏ် လည်းယူပါတယ်” လို့ ပြောပါတယ်။

သိမ့်သိမ့်

မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်

Posted by drmyochit Tuesday, November 05, 2013, under | No comments

မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်း တို့အား လွှတ်တော်၌ ဆွေးနွေး စဉ်းစားရန် အဆိုကို ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် တင်သွင်း ရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ 
ြ်ပည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက အဓိက ပြင်ဆင်သည့် အကြောင်းအရာမှာ ဝင်ငွေခွန် ဥပဒေအရ အခွန်ကောက်ခံနိုင်ရန် အတွက် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ အသီးသီးတွင် ''ဝင်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်'' ဆိုသည့် အခွန်ကင်းလွတ်ခွင့် ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်ကောင်စီဝင်များ၏ လစဉ်ချီးမြှင့် ငွေများကို နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် အရလျှော့ချ၍ ခံစားလျက်ရှိကြပါကြောင်း၊
သို့ရာတွင် သက်ဆိုင်ရာ ဥပဒေများ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ချီးမြှင့်ငွေများကို ယခုတိုင် လျှော့ချပြင်ဆင်ခြင်း မပြုလုပ်ရသေးသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေ ပြဋ္ဌာန်းချက် အတိုင်း မခံစားဘဲ ယခုတိုင် လျှော့ချ၍ ဆက်လက် ခံစား မည် ဆိုပါက သက်ဆိုင်ရာ ဥပဒေများ၌ လျှော့ချပြင်ဆင် ပြဋ္ဌာန်းပေးရန် လက်တွေ့ကျကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
ဥပဒေပြဋ္ဌာန်း ချက်အတိုင်း မခံစားခြင်းသည် ယာယီသဘော မဟုတ်ဘဲ သက်တမ်းအားဖြင့် ထက်ဝက်ကျော်ခဲ့ပြီဖြစ်ရာ သက်ဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရန် အချိန်သင့်ပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ စရိတ်နှင့် အဆောင် အယောင် သတ်မှတ်ချက်များသည်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့်တရား စီရင်ရေး နယ်ပယ်(၃)ရပ် စလုံး အတွက် ဖြစ်နိုင်သမျှ ညီညွတ်မှု ရှိအောင် ပြင်ဆင်ပြဋ္ဌာန်း သင့်သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်း ဥပဒေကြမ်း အပေါ် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များ အတိုင်း အတည်ပြုဆောင်ရွက်နိုင်ရန် တင်ပြအပ်ပါကြောင်းဖြင့် ကော်မတီ၏ အစီရင်ခံစာကို တင်သွင်း ခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာအခမ်းအနားများ

Posted by drmyochit Tuesday, November 05, 2013, under | No comments

မင်္ဂလာအခမ်းအနားသည် လူ့ဘဝတွင် အတော်အတန်ကုန်ကျစရိတ်များသော ကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။ အမေရိကန်နိုင်ငံတွင် မင်္ဂလာဆောင်တစ်ခုအတွက်ပျမ်းမျှ ကုန်ကျငွေမှာ ဒေါ်လာ သုံးသောင်းရှိသည်ဟုသိရသည်။ဂုဏ်သိက္ခာရာထူးကြီးသူများ၊ငွေကြေးချမ်းသာသူများ၊ ထင်ပေါ်ကျော်ကြားသူများ ဘုရင့်ဆွေတော်မျိုးတော်များ စသူတို့သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသော မင်္ဂလာအခမ်းအနားကြီးများကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အများဆုံး မင်္ဂလာ အခမ်းအနားငါးခုကို ဖော်ပြလိုက်ပါသည်။

(၁) Prince Charles နှင့် Lady Diana

ပျမ်းမျှကုန်ကျငွေ- ဒေါ်လာ သန်း ၁ဝဝ

ဝေလမင်းသားချားလ်နှင့် မင်းသမီးချောဒိုင်ယာနာတို့၏ ၁၉၈၁ခုနှစ်ကျင်းပခဲ့သော မင်္ဂလာအခမ်းအနားသည် ကမ္ဘာ ပေါ် တွင် ကုန်ကျစရိတ်အများဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ၂ဝ၁၁ ခုနှစ်တွင်သူ့၏ သားကြီးဝီလျံပြုလုပ်ကျင်းပခဲ့သော စိန့်ပေါလ် ဘုရားကျောင်း (St.Paul’s Cathedral) တွင် ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ငါးပေရှိေ သာ မင်္ဂလာကိတ် ပေ၂ဝ ရှည်သော သတို့သမီးဝတ်စုံတို့ သည်လည်း စိတ် ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။

(၂) Vanisha Mittal နှင့် Amit Bhatia
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာသန်း ၆ဝ

ကမ္ဘာ့စီးပွားရေးလောကတွင်အသက်ငယ်ပြီးအောင်မြင်သောစီးပွားရေး လုပ်ငန်းရှင်အာမစ်ဘာတီးယာနှင့်ကမ္ဘာ့သံမဏိသူဌေးကြီး N-Mittal ၏ တစ်ဦးတည်းသောသမီး Vanisha Mittal တို့၏ မင်္ဂလာပွဲသည် ကြားရ သူများကို အံ့သြရစေသည်။ ၂ဝဝ၄ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ပြုလုပ် ကျင်းပခဲ့ပြီး မင်္ဂလာအခမ်းအနား ဖိတ်ကြားလွှာ ကို လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းအမှတ်တို့နှင့် အတူငွေသေတ္တာထဲထည့်ပြီးပေးပို့ ဖိတ် ကြား ခဲ့သည်။ပြင်သစ်နိုင်ငံဗာ ဆိုင်းနန်းတော်ကြီး တွင် ပြုလုပ် ကျင်းပခဲ့ေ သာ မင်္ဂလာအခမ်းအနားတွင်ကမ္ဘာ့တန်ဖိုးကြီး ရှန်ပိန်များနှင့် ဧည့်ခံခဲ့သည်။

(၃) Prince William နှင့် Kate Middleton
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာသန်း ၃ဝ

မင်းသမီးချောဒိုင်ယာနာ၏ သားကြီး၊ မင်းသားဝီလျံနှင့်ကိတ် မက်ဒဲလ်တန်၏ ၂ဝ၁၁ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သော တော်ဝင် မင်္ဂလာဆောင်သည် ကမ္ဘာပေါ်ရှိ လူအများ အာရုံစိုက်ခြင်းခံခဲ့ရ သည်။ သတို့သမီး၏လည်ဆွဲတန်ဆာ မဝတ်ဆင်ခဲ့ခြင်းကပင် ပြော စမှတ် ဖြစ်ခဲ့သည်။ မင်္ဂလာပွဲတွင် အသုံးပြုခဲ့သော ပန်းတန် ဖိုးငွေမှာ ဒေါ် လာရှစ် သိန်းခန့်ရှိသည်ဟုသတင်းများကဆိုသည်။ မင်္ဂလာ အခမ်း အနားကို စိန့်ပေါလ်ဘုရားကျောင်းတော်ကြီးတွင် စီရင်ကျင်းပခဲ့ပြီး ပရိသတ်ေ ပါင်း နှစ်ဘီ လီယံ ခန့် စောင့်ကြည့်ခဲ့ကြသည်။

(၄) Wayne Rooney နှင့် Coleen Mcloughlin
ပျမ်းမျှကုန်ကျငွေ -ဒေါ်လာ ခုနစ်သန်း

၂ဝဝ၈ခုနှစ်တွင် အင်္ဂလန် ဘောလုံးသမား ရွန်းနီနှင့် သူ၏ငယ်ချစ် Coleen Meloughlin တို့ မင်္ဂလာဆောင်ခဲ့ကြသည်။ဖိတ်ကြားခံရသော ဧည့်သည်တော် ၆၅ယောက် ပါဝင်သော စင်းလုံးငှားလေယာဉ် သည် အီတလီနိုင်ငံဂျီနိုအာမြို့သို့ ရောက်ရှိလာပြီးနောက် ဒေါ်လာသန်း ၁၂ဝကျော်တန်သော ရွက်လှေစီးခဲ့ကြသည်။ ယင်းနောက် ဧည့် သည် တော်များကို ကြယ်ငါးပွင့် ဟိုတယ် တွင်ဧည့်ခံခဲ့ကြသည်။နောက်ဆုံးကမ္ဘာပေါ်တွင် အလှဆုံး နှင့် တန်ဖိုး ကြီးကြီးပေးရသော ၁၇ရာစုဖီလာနှင့် အီတလီ တံငါရွာ ကလေးဖြစ်သော ပေါ်တိုဖီဒို (Protofino) အထက်ပိုင်းအလယ်ခေတ်ဆန်း ခန်းမကြီးတစ်ခုတွင်မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

(၅) Liza Minnelli နှင့် David Gest
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာ ၄ ဒသမ ၁ သန်း

၂ဝဝ၂ခုနှစ်၊ မတ်လတွင်ပြုလုပ် ကျင်းပခဲ့သောကမ္ဘာကျော်ရုပ်ရှင် မင်းသမီး Liza Minneli နှင့် ထုတ်လုပ် ရေးပိုင်ရှင် David Gest တို့၏ မင်္ဂလာ ပွဲကို ဂရမ်မီဆု ပေးပွဲ နှင့် ခိုင်းနှိုင်းကြသည်။ နယူးယောက် မြို့ရှိနာမည်ကျော် Regent ဟိုတယ် တွင် ဧည့်ပရိသတ်ပေါင်း ၈၅ဝကျော်နှင့် ပြုလုပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ထင်ရှားကျော်ကြား သူများ စွာတက်ရောက်ခဲ့သော ယင်းပွဲသို့ အဆိုတော် မိုက်ကယ်ဂျက်ဆင်၊အဲလစ် ဇဘတ်တေလာ၊ဒိုင်ယာနက်ရို့စ်စသူ တို့တက်ရောက်ခဲ့ကြသည်။

ဧပရယ်မိုးဆက်

နိုဝင်ဘာ ၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

Posted by drmyochit Tuesday, November 05, 2013, under | No comments


ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၉၇၂ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၃၁၄.၁ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၇၈၂.၆၇ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၅၅၃.၀ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၈၆.၄၅ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၂၄.၉၂ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၅၉.၃၇ ကျပ်၊
အိန္ဒိယရူပီး တစ်ရူပီး - ၁၅.၇၄၁ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၉၁.၅၀၀ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၃၀၆.၃၃ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၃၁.၀၅၄ကျပ် သတ်မှတ်သည်။

အင်တာနက် ဘဏ်စနစ် စတင်အကောင်အထည်ဖော်

Posted by drmyochit Tuesday, November 05, 2013, under | No comments


Tuesday, November 5, 2013

ပြည်တွင်း ဘဏ်လုပ်ငန်းများတွင် Internet Banking စနစ်ကို ယခုနှစ် အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂ လိကဘဏ်အသိုင်းအဝိုင်းမှ သိရ သည်။ အဆိုပါမိုဘိုင်းဘဏ် Internet Banking စနစ်ကို လုပ် ဆောင်ရန် ပြည်တွင်းတွင်အသုံးပြုနေသော အင်တာနက်လိုင်းနှင့် အခြေခံအဆောက်အအုံ လိုအပ် ချက်များရှိနေသေးကြောင်း သိ ရသည်။ သမဝါယမဘဏ်အုပ်ချုပ် မှုဒါရိုက်တာဦးဖေမြင့်က ''ဒီနှစ် ထဲမှာပဲ Internet Banking စ လုပ်မယ်။ အဲဒါတော့ အင်တာ နက်ကောင်းဖို့လိုသေးတယ်။ အင် တာနက်မကောင်းရင် မရဘူး''ဟု ပြောသည်။

အာဆီယံဒေသတွင်း နိုင်ငံ များနည်းတူ ဘဏ်လုပ်ငန်းဖွံ့ဖြိုး ရေးအတွက် Mobile Banking စနစ်နှင့် Internet Banking စနစ် များ အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဘဏ်လုပ်ငန်း ရှင်များအသိုင်းအဝိုင်းက ဆိုသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ကျင်းပလျက် ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ''ဗဟိုဘဏ် အနေနဲ့ မိုဘိုင်းဘဏ်ကင်းစနစ် ခွင့်ပြုဖို့အတွက် စီစဉ်နေပါတယ်'' ဟု လွှတ်တော်သို့ ပြော သည်။

လက်ရှိမိုဘိုင်းဘဏ်စနစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန် မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြ ထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ် ငါးခုခန့်ရှိကြောင်း သိရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းဦးက''မြန်မာ့ဆက်သွယ် ရေးလိုင်းနဲ့ ဗဟိုဘဏ်က ခွင့်ပြု ချက်ပေးရင် ပြည်တွင်းမှာအကောင် အထည်ဖော်နိုင်မှာပါ။ လက်ရှိအ နေအထားက အီလက်ထရွန်နစ် ပေးမန့်တွေ လက်ဆုပ်လက်ကိုင် မရသေးဘူး။ Internet Banking အသေးလေးတွေဖြစ်တဲ့ အက်ပ လီကေးရှင်းလေးတွေတော့ စ တင်နေပါပြီ''ဟု ပြောသည်။

အာကာ
The Yangon Times

တစ်ဖက်နိုင်ငံတွင်း ဒုက္ခသည် အမည်ခံနေရာမှ အင်အား သိန်းဂဏန်းရှိ အလုပ် လက်မဲ့များကို ရခိုင်ပြည်နယ်အား တိုက်ခိုက်ရန် အစွန်းရောက် အဖွဲ့များက အလုံးအရင်းဖြင့် ကူညီထောက်ပံ့သိမ်းသွင်းနေသည်ဟုဆို

Posted by drmyochit Tuesday, November 05, 2013, under | No comments

Tuesday, November 5, 2013

ရခိုင်ပြည်နယ်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း အင်အားသိန်းဂဏန်းရှိ ဒုက္ခသည် အမည်ခံနေရာများတွင် အလုပ်လက်မဲ့လူလတ် ပိုင်းအရွယ်များကို မိမိတို့ပြည်နယ်အားတိုက်ခိုက် ရန် အင်အားစုတစ်ရပ်အဖြစ် အစွန်းရောက်အဖွဲ့ များက အလုံးအရင်းဖြင့် ကူညီထောက်ပံ့မှုပြု သိမ်းသွင်းပြီး သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေး
နေသည်ကိုသိရှိရကြောင်းရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆို တင်သွားရာ၌ပြောကြားသည်။

ဒေါ်ခင်စောဝေက''တစ်ဖက်နိုင်ငံ၏ ရွေး ကောက်ပွဲအကြိုကာလတွင် ပါတီကြီးနှစ်ခု အားပြိုင်မှု၊ အထွေထွေသပိတ်မှောက်မှု၊ ဆူပူ အကြမ်းဖက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားပြီး အုပ်ချုပ်ရေးယန္တရား
လျော့ရဲနေချိန်နှင့်တိုက်ဆိုင် နေသဖြင့် နယ်စပ်ဒေသတွင်ရှိသော လက်နက် ကိုင်အင်အားစုများအတွက် ထိန်းချုပ်မည့်သူ မရှိဘဲ စိတ်ကြိုက်ကြံစည်လုပ်ဆောင်နိုင်သည့် အခြေအနေမျိုးဖြစ်နေပါတယ်။ ယခုလိုအချိန်မျိုး တွင် ၄င်းတို့နှင့်ထိစပ်နေသော ဘူးသီးတောင်၊ မောင်တောဒေသ တွင်လဲ(န.စ.က)ဖျက်သိမ်းပြီး အင်အားလစ်ဟာမှု ဖြစ်ပေါ်နေသောအချိန်နှင့် တိုက်ဆိုင်ကြုံတွေ့နေ ရပါကြောင်း၊ (န.စ.က) နေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဝင်ရောက် သည်ဆိုသော်လဲ လူအင်အား အနေဖြင့် ယခင် (န.စ.က)ထက် ထောင်ဂဏန်းလျော့နည်းခြင်း၊ နယ်မြေ မကျွမ်းကျင်မှု၊ နယ်စပ်ဒေသတွင် လုံခြုံရေး ဆောင်ရွက်မှုနှင့်စစ်နည်းဗျူဟာအတွေ့ အကြုံမရှိသေးသူများဖြစ်နေခြင်း၊ အင်အား နည်းပါးမှုကြောင့် မြစ်ပေါက်၊ ချောင်းပေါက်နှင့် ကင်း စခန်းများတွင် လုံခြုံရေးအပြည့်အဝ ချမထားနိုင်ခြင်း၊ မြို့ပေါ်မှအပ လ.ဝ.က လုပ်ငန်းများ ရပ်တန့်နေခြင်းတို့ကို တွေ့မြင်ကြား သိနေရပါတယ်''ဟု အဆိုတင်သွင်း ရာတွင် တင်ပြပြောကြားခဲ့သည်။

အဆိုနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီး ဌာနဒုတိယဝန်ကြီးကပြန်လည်ရှင်းလင်းရာ ရခိုင် ပြည်နယ် မောင်တောခရိုင်သည် မြန်မာနိုင်ငံ၏ အနောက်ဘက် အစွန်ဆုံးတွင်တည်ရှိပြီး လူဦးရေ ၈၁၁ဝဝ၉ ဦးနေထိုင်ကာ ယင်းအနက် ဘင်္ဂါလီ/ နိုင်ငံခြားသားဦးရေမှာ ၇၃၈၃၉၃ ဦးရှိ၍ တိုင်း ရင်းသားဦးရေမှာ ၇၂၆၁၆ ဦးရှိသည်ဟုဆိုသည်။ နေထိုင်သူအားလုံးအနက် ဘင်္ဂါလီ/နိုင်ငံခြားသား ဦးရေက တိုင်းရင်းသားဦးရေထက် လူဦးရေ ၆၆၅၇၇၇ ဦး (ခြောက်သိန်းခြောက်သောင်း ကျော်) ပိုမိုနေသည်ကို တွက်ချက်သိရှိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲနှင့်ပြည်သူအချိုးမှာ တစ် အချိုး ၉ဝဝ ဖြစ်သော် လည်း ရခိုင်ပြည်နယ်တွင်မူ တစ် အချိုး ၅ဝဝ ဖြင့် လုံခြုံရေးတာဝန်ယူပေးထားကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန အနေဖြင့် သတင်းနှင့် ဆက်သွယ်ရေးစနစ်များကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ရန် အတွက် ဂျီအက်စ်အမ်ဖုန်း အလုံး ၁ဝဝဝကို ရခိုင်ပြည်နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေး အတွက် ရဲတပ်ရင်းအင်အားတိုးချဲ့ဆောင်ရွက် လျက်ရှိသည့်အပြင် ပင်လယ်ပြင်လုံခြုံရေးတာဝန် များကို ရေကြောင်းရဲတပ်ဖွဲ့ကဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် တရားမဝင်ဝင်ရောက်မှု များကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံ ခြင်းလုပ်ငန်းကို ဘင်္ဂလားပင်လယ်အော် နတ်မြစ်ဝမှ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ် လျှောက် ၁၆၈ဒသမ၅၆၈ မိုင်အထိ အပိုင်းလေး ပိုင်းခွဲကာဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ ဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းကရှင်းပြသည်။

The Union Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်