Thursday, November 07, 2013

ဖြစ်ပျက်ကိုမြင် ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်ဆုံး၍ ကောင်းဆုံးနိဗ္ဗာန် ငြိမ်းဝင်စံ

Posted by drmyochit Thursday, November 07, 2013, under | No comments




ကြောင်းကံဓမ္မ ပေါင်းဆုံခမှ မြင်ကြားနံစား ထိသိများကား သိညားဝိညာဉ်

ပေါ်ရစဉ်တည်း ဣဌ အနိဌ ထိုနှစ်ဝကား ဒွါရအာရုံ ပေါင်းကာဆုံ၍

ပေါ်မှန်ဝိညာဉ် သိစိတ်စဉ်တည်း ပေါ်လျှင်ခဏ ဖြစ်ပျက်ရ၏ ဓမ္မပေါ်စု

ဥာဏ်တင်ရှုက ပေါင်းစုငါးဖြာ ပေါ်ခန္ဓာတည်း ပညာဥာဏ်ဓာတ်

မြဲယှဉ်ကပ်က ကျင့်မြတ်တရား ဥာဏ်မြင်ပွား၏ ဟောကြားဗုဒ္ဓါ ဒေသနာကြောင့်

ခန္ဓာကြောင်းရင်း သိမှန်ခြင်းတည်း ဖြစ်ရင်းတွေ့ကြုံ ကောင်းဆိုးစုံသည်

အာရုံခံဓာတ် ခြေသတ်မှတ်၍ ပေါ်အပ်တရား ဖြစ်စဉ်ပွား၏ တွေ့ညားဣဌ

အနိဌနှင့် ဖြစ်ရဧကန် သိဝိညာဉ်ကို ဥာဏ်ယှဉ်ဝိပဿ် ရှုမြင်မှတ်က

ဖြစ်ပျက်ကိုမြင် ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်ဆုံး၍ ကောင်ဆုံးနိဗ္ဗာန် ငြိမ်းဝင်စံတည်း.......

ရတနာ လင်္ကာရ

ဟာသ

Posted by drmyochit Thursday, November 07, 2013, under | No comments

မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”

“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့

“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
~သေးထွက်ရီရသောဟာသများ~

မိုးပျံကား တီထွင်မှု နယ်ပယ်တွင် ဦးဆောင်နေသည့် AEROMOBIL 2.5

Posted by drmyochit Thursday, November 07, 2013, under | No comments

ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများအား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မိုးပျံကားများ အပြိုင်အဆိုင် တီထွင်နေမှု နယ်ပယ်မှ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုအဖြစ် AeroMobil 2.5က ဦးဆောင်နေပြီဟု ဆိုရပေမည်။ ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများ အား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မော်တော်ကား တစ်စင်းအဖြစ်မှ လေယာဉ်ငယ် တစ်စင်း အသွင် အလွယ်တကူ ကူးပြောင်းနိုင်သည့် AeroMobil 2.5သည် လတ်တလော စမ်းသပ်မှုများအရ အထင် ကြီး လောက်ဖွယ် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ AeroMobil 2.5သည် လမ်းပေါ်တွင် မော်တော်ကားတစ်စင်းအဖြစ် အမြင့်ဆုံး မြန်နှုန်း တစ်နာရီ (၉၉)မိုင်ထိ မောင်းနှင်နိုင်သည်။
သို့သော်လည်း အတောင်ပံများကို ဆန့်ထုတ်လိုက်ပြီး လေယာဉ်ငယ် တစ်စင်းအနေဖြင့် ပျံသန်းသည့်အခါ တစ်နာရီလျှင် (၁၂၄)မိုင်နှုန်းထိ မောင်းနှင်နိုင်ကြောင်း တွေ့ရှိရသည်။ ဒီဇိုင်းပညာရှင် နှစ်ဦးဖြစ်သည့် စတီဖန်ကလိန်းနှင့် ဂျူရက်ခ်ဗာကူလစ်ခ်တို့ ပူးပေါင်းတီထွင်သော မော်တော်ကားလေးကို ယခုအခါ ဝေဟင်နှင့် မြေပြင် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်သည်။ အဆိုပါ ပညာရှင် နှစ်ဦးလုံးသည် ဆလိုဗက်ကီးယားရှိ ဘရာတီဆလာဗာ ဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
"လမ်းပေါ်မောင်းနေတဲ့ အချိန်မှာတော့ အတောင်ပံတွေကို ခေါက်ထားဖို့ လိုပါတယ်"ဟု စတီဖန်က မှတ်ချက်ပြုခဲ့သည်။ ယခုမော်တော်ကားလေးကို မွန်ထရယ်လ်တွင် ကျင်းပသည့် AeroTech လေကြောင်း ပြပွဲ၌ စွမ်းရည်ပြ ပျံသန်းပြခဲ့သည်။ "တကယ်တော့ မိုးပေါ်ပျံနိုင်တဲ့ မော်တော်ကားမျိုးကို တီထွင်နိုင်ဖို့ (၁၉၉၀)လောက်ကတည်းက ကျွန်တော်တို့ ကြိုးစားခဲ့ကြတာပါ။ ပထမဆုံး မော်ဒယ်လ်က တော်တော့်ကို အချိုးမကျဖြစ်ခဲ့ပြီး ပြဿနာတွေလည်း တော်တော်များခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်တို့ ပိုကောင်း အောင်၊ အမှားပိုနည်းအောင် ပြင်ဆင်လာခဲ့တယ်။ လက်ရှိ မော်ဒယ်လ်ကတော့ လေကြောင်းပျံသန်းမှု ဆိုင်ရာ သုတေသီတွေက မှတ်ချက်ကောင်းကောင်း ပေးထားတဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ"ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တာတီရာနာ ဗီဘာက ပြောကြားခဲ့သည်။ AeroMobil ကုမ္ပဏီသည် ၎င်းတို့၏ မော်တော်ကားလေးကို နည်းပညာပိုင်း ဆက်လက်မြှင့်တင်ရန် သုတေသနပြုနေဆဲဖြစ်သည်။
ယခုမော်တော်ကားသည် သာမန်ဓာတ်ဆီဆိုင်လေး တစ်ခုတွင်ပင် ဆီဖြည့်နိုင်သည့် လောင်စာမျိုးကိုပင် အသုံးပြုမည် ဖြစ်သည်။ "ကြိုက်တဲ့ဓာတ်ဆီဆိုင် ထိုးရပ်ပြီး ဆီဖြည့်လို့ရပါတယ်။ လေယာဉ်ဆီ မလိုပါဘူး။ အင်ဂျင်ကတော့ Rotax 9212 ULSကို သုံးထားပါတယ်"ဟုလည်း တာတီရာနာက ရှင်းပြခဲ့သည်။ အပေါ့စား သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် ယင်းမော်တော်ကားလေးသည် ဆီအပြည့်ဖြည့်ထားပြီးပါက မိုင်ပေါင်း(၃၁၀)ထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။ ထိုအချိန်တွင် ကားလေး၏ အကျယ်မှာ (၁)မီတာခွဲမျှသာ ရှိသည်။ အကယ်၍ တောင်ပံများကို ဆန့်ထုတ်လိုက်လျှင်မူ (၈)မီတာကျယ်သည့် နှစ်ယောက် စီး လေယာဉ်ငယ်လေးအသွင် ပြောင်းလဲသွားမည် ဖြစ်သည်။ လေယာဉ်အနေဖြင့်မူ ဆီအပြည့် ဖြည့်ပြီး ချိန်၌ မိုင်ပေါင်း(၄၃၀)ထိ မရပ်မနား ဆက်တိုက်ပျံသန်းနိုင်ကြောင်းလည်း သိရှိရသည်။

Source: Planet Myanmar Network

အင်းလေးဒေသ ဟိုတယ်ဇုန်တွင် စက်လှေဆိပ် လုပ်ငန်းအတွက် BOTစနစ်ဖြင့် လုပ်ကိုင်ရန် နိုဝင်ဘာ ၈ရက် နောက်ဆုံးထား တင်ဒါခေါ်ယူ

Posted by drmyochit Thursday, November 07, 2013, under | No comments

အင်းလေးဒေသ ဟိုတယ်ဇုန်တွင် စက်လှေဆိပ် တည်ဆောက်ခြင်းလုပ်ငန်း အတွက် BOT စနစ်ဖြင့် လုပ်ကိုင်လိုသော လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူရာ၌ နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားကာ သတ်မှတ်ထားကြောင်း အင်းလေးဒေသ ဟိုတယ်ဇုန် ဖော်ထုတ်ရေး ဦးစီး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်းလေးဒေသ အတွင်း၌ ပွင့်လင်းရာသီ ဝင်ခါစတွင် ခရီးသွား ဝင်ရောက်မှုနှုန်း တိုးတက်လျက်ရှိရာ ခရီးသွားများကို ဆွဲဆောင်မှု ပိုမိုရရှိရေးအတွက် အဆင့်မြှင့်တင်ရန် စက်လှေဆိပ်များကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် BOT စနစ်ဖြင့် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို အောက်တိုဘာ ၂၄ ရက်အထိ တင်ဒါလျှောက်ထားမှု လက်ခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှုများ ကြပါတယ်။ ရွေးချယ်ခေါ်ယူမှာဖြစ်လို့ လုပ်ငန်းကို အသေချာ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းရှင်တွေ ပါဝင်လာဖို့ အရေးကြီးပါတယ်။ တင်ဒါပိတ်ရက် နီးလာပြီ။ အမြန်လာရောက် လျှောက်ထားစေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ တင်ဒါလျှောက်ထားသူများ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများအတွက် တင်ဒါအာမခံကြေး ပေးသွင်းရန် လိုအပ်ပြီး တင်ဒါလုပ်ငန်း တစ်ခုထက် ပိုမိုတင်သွင်း လိုပါက မိမိတင်သွင်းလိုသော လုပ်ငန်းတစ်ခုချင်းစီ အတွက် တင်ဒါအာမခံကြေး ပေးသွင်းရမည် ဖြစ်သည်။ လျှောက်ထားလွှာများကို အင်းလေးဒေသ ဟိုတယ်ဇုန် ဖော်ထုတ်ရေး ကော်မတီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ တောင်ကြီးမြို့ သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လုပ်ဆောင်ရမည့် လုပ်ငန်းများမှာ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟိုတယ်ဇုန် အတွင်းရှိ ကျောက်လမ်းခင်းခြင်း လုပ်ငန်း၊ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ရေပြွန်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ လမ်းလယ်ကျွန်း ပြုလုပ်ခြင်း လုပ်ငန်း၊ ကျောက်အုတ်သရိုးစီ ရေမြောင်းပြုလုပ်ခြင်း၊ လူသွားစင်္ကြံ ပြုလုပ်ခြင်း လုပ်ငန်းနှင့် လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို. စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသား တစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စွဲချက်တွေနဲ. ဂျကာတာမှာ ယနေ. တရားရုံးတင်

Posted by drmyochit Thursday, November 07, 2013, under | No comments

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို. စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသား တစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စွဲချက်တွေနဲ. ဂျကာတာမှာ ယနေ. တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။ 
စွဲဆိုထားတဲ့ ပုဒ်မတွေအရ ပြစ်မှုကျုးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင်သူဟာ သေဒဏ် ကျခံရဖွယ် ရှိနေပါတယ်။ 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတွေ ဖိနှိပ် သတ်ဖြတ် ခံရတဲ့အတွက် အသက် ၂၉ နှစ်အရွယ် Separino ဟာ အစ္စလမ်မစ် အစွန်းရောက်တွေနဲ. ပူးပေါင်းပြီး သံရုံးကို လက်စားချေ ဗုံးခွဲဖို. စီစဉ်ခဲ့တာ ဖြစ်တယ်လို. တရားခွင် အပြန်အလှန် လျှောက်လဲချက်တွေမှာ ဖော်ပြထားပါတယ်။ 
Saparino နဲ. အပေါင်းအပါ တစ်ဦး စီးနင်းလာတဲ့ မော်တော် ဆိုင်ကယ်ကို မေလ ၃ ရက်က ရဲတပ်ဖွဲ.က ရပ်တန်. စစ်ဆေးရာမှာ သူတို. လွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံးတွေ တွေ.ရှိရတယ်လို. သိရပါတယ်။ သူတို. ငှားရမ်း နေထိုင်တဲ့ အိမ်မှာလဲ ဖောက်ခွဲရေး ပစ္စည်းတွေ တွေ.ရှိခဲ့ပါတယ်။ 

ရက်အနည်းငယ် အတွင်းမှာ ဒီကိစ္စကို ကြိုးကိုင်သူ Sigit Indrajid နဲ. အခြား နှစ်ဦးကို ရဲက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ 
သူနဲ. အတူ ဖမ်းဆီး ခံရသူ အခြား လေးဦးကိုလဲ နောက်ပိုင်းမှာ ရုံးတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ စွပ်စွဲချက်တွေကိုတော့ သူတို. အားလုံးက အပြစ် မရှိကြောင်း ငြင်းဆိုထားကြပါတယ်။ 

တရားလိုပြ ရှေ.နေက Saparino ဟာ ဂျကာတာ မြို.လယ်က ဗလီ ၀တ်ကျောင်း တစ်ခုမှာ အစွန်းရောက် ဘာသာရေး သမားတွေရဲ. ဟောပြောချက်တွေကို နှစ်လ ရှည်ကြာ နားထောင်ရင်းက အစွန်းရောက် ၀ါဒီ တစ်ဦး အဖြစ် သွပ်သွင်းခြင်း ခံခဲ့ရတယ်လို. တရားခွင်မှာ လျှောက်လဲခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုရဲ. လက်သည် Abu Bakar Bashir ရဲ. ဟောပြောချက်တွေကိုလဲ သွားရောက် နားထောင်လေ့ ရှိတယ်လို. သတင်း ရရှိပါတယ်။

သူတို.ရဲ. ဗုံးပြုလုပ်နည်း သင်ယူရာ နေရာက အင်တာနက်ဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်သူတွေဟာ facebook ကတဆင့် ဆုံတွေ.ခဲ့ကြတာလို. သိရှိရပါတယ်။ 

Source: BBC Burmese

သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော် မြတ်ကြီး၌ မသိုးသင်္ကန်း ရက်လှူပူဇော်ပွဲ ကျင်းပမည်

Posted by drmyochit Thursday, November 07, 2013, under | No comments

၂ဝဝ၆-၂ဝဝ၇ ခုနှစ်နောက်ပိုင်း မှစ၍ အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ဖြစ်ခဲ့သည့် သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီး၏ မသိုးသင်္ကန်း ရက်လှူ

ပူဇော်ပွဲကြီးကို ခြောက်နှစ်ကြာပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့ရှိ တခြားတန်ခိုးကြီးဘုရား စေတီတော်များ နည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ပြောကြားခဲ့သည်။

အဆိုပါ မသိုးသင်္ကန်း ရက်လှူပူဇော် ပွဲကြီးကို နိုဝင်ဘာ ၁၆ ရက်တွင်စတင်ပြီး နိုဝင်ဘာ ၁၇ ရက်နံနက် ၄ နာရီတွင် ကမ္ဘာအေး စေတီတော် မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဘုရားဆင်းတုတော် ခုနစ်ဆူတို့တွင် ကပ်လှူပူဇော်မည် ဖြစ်သည်။ ''ဒီမသိုးသင်္ကန်း ရက်လှူပူဇော်ပွဲကို မလုပ်ဖြစ်တာလည်း ခြောက်နှစ်တာ၊ ခုနစ်နှစ်နီး ပါးလောက် ရှိနေပါပြီ။ ဒီနှစ်မှာ ပြန်လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့ပြီးတော့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်တယ်။ ပြီးတော့ ရွှေတိဂုံဘုရားမှာ လုပ်သလိုပြိုင်ပွဲ လုပ်ပြီး ဆုချီးမြှင့်သွားမှာပါ။ ဒါကြောင့် ပြိုင်ပွဲစလုပ်မယ့် နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီမှာ ရင်ပြင်တော်မှာပဲ ဖဲကြိုးဖြတ်ဖွင့်ပေးပြီး နောက်နေ့မနက် ၄ နာရီအထိ ၁ဝ နာရီအတွင်း ပြီးအောင်ရက်မယ်။ ရက်ကန်းစင်တော် ခုနစ်ခုမှာ အသင်း ငါးသင်းနဲ့ အဖွဲ့အစည်းနှစ်ခုတို့က ရက်လုပ်ယှဉ်ပြိုင်ပြီး မသိုးသင်္ကန်း ကပ်လှူပူဇော်မှာ ဖြစ်ပါတယ်။ ဆုအနေနဲ့ ပထမဆုက နှစ်သိန်းခွဲ၊ ဒုတိယဆု နှစ်သိန်း၊ တတိယဆု တစ်သိန်းခွဲနဲ့ နှစ်သိမ့်ဆုလေး ဆုချီးမြှင့်မှာပါ။ ပထမ၊ ဒုတိယ၊ တတိယဆုတွေမှာလည်း ငွေသားအပြင် ပူးတွဲအနေနဲ့ ငွေဖလားရယ်၊ ဂုဏ်ပြုကတ်ပြားရယ် ထပ်မံပါဝင်ပြီး နှစ်သိမ့်ဆုတွေကတော့ ဖလားနဲ့ ဂုဏ်ပြုကတ်တွေပဲ ချီးမြှင့်မှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မသိုးသင်္ကန်း ဆုချီးမြှင့်ခြင်းကို ဂေါပကအဖွဲ့မှ ဦးမြင့်သိန်းနှင့် စက်မှုအထည် လုပ်ငန်းမှ ရက်ကန်း ပညာရှင်များက ပူးပေါင်း၍ အကဲဖြတ်ကြမည်ဖြစ်ကာ ဌာပနာတိုက် အတွင်းမှ ငွေဘုရားဆင်းတု ကိုယ်တော်ကြီးအား ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် ရဟန်းသံဃာတော် ကိုးပါးကို အရုဏ်ဆွမ်း ကပ်လှူခြင်း မသိုးသင်္ကန်း ကပ်လှူပြီးနောက် တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စိတ်ကြွ ဆေးပြား များ နှင့် ဆေးပြား ထုတ်လုပ် သည့် စက်များ သိမ်းဆည်း ရမိ …

Posted by drmyochit Thursday, November 07, 2013, under | No comments

တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု မယ်ဖုံးလုံ ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဘာဘီချောင်း အနီး တစ်ဝိုက်တွင် စိတ်ကြွ ရူးသွပ်ဆေး ပြားများနှင့် ဆေးပြား ထုတ်လုပ်သည့် စက်များ သိုဝှက်ထားကြောင်း သတင်း ရရှိ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက နိုဝင်ဘာ ၅ရက် ညနေပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးရာ ဘာဘီချောင်းစပ် အနီးရှိ ချုံအတွင်း၌ ဝါးရွက်ခြောက် များဖြင့် ဖုံးအုပ်ဝှက်ထားသော ဆာလာအိတ် ငါးလုံးအား ပိုင်ရှင်မဲ့ တွေ့ရှိရသဖြင့် တာချီလိတ် မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုသို့ သယ်ဆောင်၍ သက်သေများ ရှေ့တွင်ဖွင့်ဖောက် စစ်ဆေးရာWY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၆ဝဝဝ ပြားပါ ရှစ်ထုပ် နှင့် ၂ဝဝပြား ၁ဝထုပ်၊ စုစုပေါင်း ၅ဝဝဝဝပြား၊ တန်ဖိုးကျပ်သိန်း ၁ဝဝဝခန့်၊ စိတ်ကြွ ဆေးပြားထုတ်လုပ်ရန် အသင့် ရောစပ်ထားသည့် ပန်းရောင် အဖက်တမင်း အမှုန့် တစ်ထုပ်လျှင် ၁ ကီလိုပါ ၁ဝထုပ်နှင့် သုညဒသမ ၃၆ကီလိုပါ တစ်ထုပ်၊ စုစုပေါင်း ၁ဝဒသမ ၃၆ကီလိုခန့်နှင့် နီညိုရောင် အဖက် တမင်း အခဲ ၂ဒသမ ၆ကီလို၊ စုစု ပေါင်း တန်ဖိုးကျပ် ၂၅၉၂သိန်း၊ အနံ့ဆေးရည် ၃၅ဝ မီလီလစ်တာပါ တစ်ပုလင်း၊ အရောင်ဆေးရည် သုညဒသမ ၅လစ်တာပါ တစ်ဘူးတို့ နှင့်အတူ အမြင့် ၂ပေ ၁ဝလက်မ ခန့်ရှိ စိတ်ကြွ ဆေးပြားရိုက် စက်တစ်လုံး၊ အမြင့် ၂ပေခန့်ရှိ စိတ်ကြွ ဆေးပြားရိုက်စက် တစ်လုံးတို့အား သိမ်းဆည်း ရမိခဲ့ပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများနှင့် ထုတ်လုပ်သည့် စက်များ၏ တရားခံအား ဖမ်းဆီးရမိရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Wednesday, November 06, 2013

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ

Posted by drmyochit Wednesday, November 06, 2013, under | No comments

• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။
• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။
Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။ 
သတင်းပေါင်းစုံ 
ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃

Zumwalt Destroyer

Posted by drmyochit Wednesday, November 06, 2013, under | No comments

Zumwalt-class destroyers ဆိုတာ ကတော့ အမေရိကန် ရေတပ်ရဲ့ နောက်မျိုးဆက်သစ် အဆင့်မြင့် ဘက်စုံသုံး ဖျက် သဘောင်္ပဲ ဖြစ်ပါတယ်။
US navy အနေနဲ့ အစက ပိုမိုကြီး မားတဲ့ DD-21 vessel တွေထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘတ်ဂျက် မပြည့်စုံမှုကြောင့် ပိုမို သေးငယ်တဲ့ Zumwalt-class ကိုပဲ ထုတ်လုပ် ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုမှာ နံပတ်၅ နေရာမှာ ရှိတဲ့ General Dynamics ရဲ့ဌာနခွဲ တစ်ခုဖြစ်တဲ့ Bath Iron Works ကတာဝန်ယူ တည်ဆောက်တဲ့ ပထမဆုံး Zumwalt-class destroyers ကို Bath, Maine, US မှာရှိတဲ့ သူတို့ရဲ့ သဘောင်္ကျင်းမှာ စမ်းသပ် ရေချခဲ့ ပါတယ်။ ပေ ၆၁၀ ရှည်လျားတဲ့ ဒီ သဘောင်္မှာ radar reflecting angles လို့ခေါ်တဲ့ ရေဒါနဲ့ မထောက် လှမ်း နိုင်အောင် ပြုလုပ်ထားပြီး၊ inward-sloping tumblehome hull, an all-electric integrated power system, an advanced gun system အစရှိတဲ့ ခေတ်မီ နည်းပညာ တွေ တပ်ဆင်ထား ပါတယ်။ 

Tumblehome Hull
သဘောင်္ အတွင်းပိုင်းမှာ Raytheon တီထွင် ထားတဲ့ Total Ship Computing Environment (TSCE) လို့ခေါ်တဲ့ operating system ကို တင်ဆင် ထားပါတယ်။ TSCE ဆိုတာက US ရေတပ်ရဲ့ ပထမဆုံး open-architecture ကိုခေါ်ဆို တာပါ။ ဒီစနစ်ဟာ Zumwalt ရဲ့ on-board system တွေကို အတူတကွ စုစည်းပေးပြီး ထိန်းချုပ်ရာမှာ အဆင်ပြေ လွယ်ကူအောင် ပြုလုပ် ပေးပါတယ်။ သဘောင်္ သား ၁၃၀နဲ့ အထူးတပ်ဖွဲ့ ၂၈ယောက် တင်ဆောင် နိုင်ပါတယ်။ Raytheon ကတော့ သဘောင်္ရဲ့ open-architecture ကြောင့်နောက်လာမယ့် နှစ်တွေမှာ သဘောင်္ကို ပြုပြင်တာတွေ၊ အဆင့်မြှင့် တာတွေ ပြုလုပ်ဖို့ လွယ်ကူ စေမယ်လို့ ဆိုပါတယ်။ 

Ready, Aim, Fire
DDG 1000 Zumwalt သဘောင်္မှာ ဒေါင်လိုက် ဒုံးကျည် ပစ်လွှတ် နိုင်တဲ့ Peripheral Vertical Launching System ( PVLS ) ပါဝင်ပြီး PVLS အစိတ် အပိုင်း တစ်ခုစီ မှာလည်း MK57 Vertical Launching System တစ်ခုစီ ပါဝင် ကာကွယ် ပေးထား ပါတယ်။ ကွန်ပျူတာ ထိန်းချုပ် လက်နက် စနစ်ထဲမှာ 155-millimeter advanced gun systems ပါဝင်ပြီး ဒုံးကျည် ထိပ်ဖူးတွေကို ရေမိုင် ၈၃မိုင်အထိ ပစ်လွှတ် နိုင်ပါတယ်။ ဒီစနစ်ရဲ့ firepower က 155m howitzers အမြှောက် ၁၂လက်ရဲ့ ပစ်အားနဲ့ တူညီ တယ်လို့ ရေတပ်က ဆိုပါတယ်။ 


Design features and systems
Zumwalt-class destroyers တွေကို နောက်မျိုးဆက်သစ် ဖျက်သဘောင်္ တွေအဖြစ် မြေပြင် တိုက်ပွဲ တွေ၊ ရေပြင်တိုက်ပွဲ တွေနဲ့ လေကြောင်း တိုက်ပွဲတွေမှာ အသုံးပြုဖို့ US Navy က ရည်ညွှန်း ထား ကြပါတယ်။ General Dynamics’ Bath Iron Works မှာရှိတဲ့ အလုပ်သမား တွေဟာ တစ်နှစ်ပတ်လုံး ဒီသဘောင်္ တည်ဆောက် ရေးမှာ ဆက်လက် လုပ်ဆောင် ကြမှာပါ။ ၂၀၁၄ နှောင်းပိုင်း မှာ သဘောင်္ကို ရေတပ်ကို အပ်နှံဖို့ အချိန် သတ်မှတ် ထားပါတယ်။ ပထမဆုံး Zumwalt ကိုတော့ ၂၀၁၆ မှာစတင် အသုံး ပြုဖို့ မျှော်လင့်ထား ကြပါတယ်။ 

Autonomic Fire Suppression System
တိုက်ခိုက်ရေး စွမ်းရည် မြင့်မားလာ တာနဲ့အတူ Zumwalt’s Automatic Fire Suppression System က ဒီ သဘောင်္ကို damage-control system တပ်ဆင်ပေး ထားပါတယ်။ ဒီစနစ်မှာ sensors တွေ cameras တွေ အလို အလျောက် မီးငြိမ်းသတ် စနစ်တွေ ပါဝင်ပြီး Zumwalt ကိုအထိအခိုက် အပျက် အစီး တွေကို အမြန် ဆုံး တုန့်ပြန် နိုင်အောင် ကူညီပေး ပါတယ်။ 

Under Construction
သဘောင်္ရဲ့ မြေပြင်ပေါ်မှာ တည်ဆောက် နေရာကနေ ရေချတဲ့ လုပ်ငန်းကို Oct 25, 2013 မှာ လုပ်ဆောင် ခဲ့ပါတယ်။ 


Enhanced stealth capabilities
တိတ်ဆိတ်ပြီး အသုံးဝင်လှတဲ့ all-electric propulsion ကြောင့်သဘောင်္ရဲ့ inward-sloping hull design ဟာအရှိန်၊ ထိန်းချုပ် နိုင်စွမ်းနဲ့ တည်ငြိမ်မှု ရှိစေပြီး အင်ဂျင် စက်သံကိုပါ လျှော့ချပေး ပါတယ်။ 

Big ship, low profile
ရွက်တိုက် မြင့်မြင့်တွေ၊ လည်နေတဲ့ antennas တွေမပါဝင် တာကြောင့် Zumwalt-class destroyer ဟာသ တိထား မိဖို့ ခက်ပါတယ်။ လေ အေးပေး စနစ် ပါဝင်တာကြောင့် အပူထုတ် လွှတ်မှုကို လျှော့ချ ပေးပြီး လက်ရှိ သုံးနေတဲ့ Arleigh Burke-class destroyer ထက် ၄၀ ရာခိုင်နှုန်း ပိုမို ကြီးမား ပေမယ့် ရေဒါမှာတော့ စစ်သဘောင်္ ဆိုတာထက် သာမန် ငါးဖမ်း သဘောင်္ လို့ပဲ ပေါ်နေမှာပါ။ 


Images from www.newstimes.com , www.jeffhead.com, breakingdefense.com, popularmilitary, Source - CNET

Tuesday, November 05, 2013

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ချိန်နှင့် ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

Posted by drmyochit Tuesday, November 05, 2013, under | No comments


နိဒါန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံတို့မှ ခေါင်းဆောင်များ စုဝေးရာ လိုင်ဇာ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ချမှတ်နိုင်ရန်နှင့် နိုင်ငံရေး ဒိုင်ယာလော့ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ထားရှိသော မျှော်လင့်ချက်ကို အထင်အရှား ပြသခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ် မီးလျှံတို့သည် နှစ်ပေါင်း ၆၀ ကျော် နိုင်ငံ တည်ဆောက်ရေးကို ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ တောင်ပံ မဖြန့်နိုင်ရှာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ချိုးဖြူငှက်တို့သည်လည်း ငြိမ်းချမ်းရေးတေးကို မသီနိုင်ကြတော့ပါ။

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်သည့် ခေတ်

ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် မလွယ်ကူလှဟု ခေတ်အဆက်ဆက် နားလည် မှတ်သားခဲ့သော ငြိမ်းချမ်းရေး အတွေးအခေါ်တို့မှာ မဖြစ်မနေ အသွင်ကူးပြောင်းရန် လိုအပ်နေပြီ ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းဖို့ အခြေခံဥပဒေကိုပင် ပြင်ဆင်ရေးအထိ လမ်းဖွင့်ထားပြီး ဖြစ်သော မျက်မှောက် နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတို့၏ တိုးတိုက်မှုများ မတွေ့ မမြင်ကြရတော့ပေ။ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ထွန်းကားရာ မြန်မာ့မြေသည် ယနေ့တိုင် စစ်မီး မငြိမ်းနိုင်သေးသည်မှာလည်း အမှန်ပင် ရင်နာစရာ ကောင်းနေသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ဖြစ်ပေါ်ခဲ့ကြသော Ideology Clash များ၊ အကျိုးစီးပွား ထိတိုက်တိုးမှုများသည် အမျိုးသားညီညွတ်ရေး ပြိုကွဲစေခဲ့သော အကြောင်းတရားများဟု ဆိုနိုင်ပေသည်။

နိုင်ငံတော်သမ္မတကြီး လက်ထက် အမျိုးသားညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် သိသာထင်ရှားသည့် ခြားနားမှုမှာ အုပ်ချုပ်သူဘက်က ချမှတ်သည့် အိုင်ဒီယာကို အခြေခံသော၊ မိမိ စိတ်ကူးစံ Ideal ကို ချမှတ် တည်ဆောက်သော ကြိုတင် သတ်မှတ်ထားသည့် စားပွဲဝိုင်းမျိုး မဟုတ်ဘဲ သဘောထား ကွဲလွဲမှုများကို အသိအမှတ်ပြုသော လစ်ဘရယ် ပုံစံ ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အဘိဓမ္မာကဲ့သို့ နက်ရှိုင်း ကျယ်ပြန့်လှသည့် ဦးနှောက် မုန်တိုင်းဆင်ရာ အိုင်ဒီယာများကိုပင် ညနေခင်း လက်ဖက်ရည် ကြမ်းဝိုင်းတွင် ငြင်းကြခုံကြ အချီအချ ဖြစ်တတ်ခဲ့သော မြန်မာနိုင်ငံသားတို့သည် အိုင်ဒီယော်လော်ဂျီ အားသန်သည်ဟုဆိုက မှားမည် မထင်။ သခင်စိုး၏ ရဲရဲနီသည့် ကွန်မြူနစ်၊ သခင်သန်းထွန်း၏ စစ်မှစစ်သည့် ကွန်မြူနစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ မျှော်မှန်းခဲ့သည့် ဆိုရှယ်လစ်၊ ကိုကိုမောင်ကြီး၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဤသို့ ဤနှယ် ပြင်းထန်သော အစွဲများသည်လည်း ယနေ့ခေတ် မြန်မာ့နိုင်ငံရေးတွင် နေလာ နှင်းပျောက် ဖြစ်နေကြပြီ ဖြစ်သည်။ နိုင်ငံရေးပါရာ ဒိုင်းအပြောင်းအလဲတွင် နိုင်ငံရေး အတွေးအမြင်များကို အဓိကထားမှုများ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နိုင်ငံရေးသည် ဤသို့သော ခေတ်သစ် စနစ်သစ်တွင်မှာ အမျိုးသားညီညွတ်ရေး မတည်ဆောက် နိုင်လျှင် မျက်မှောက်ခေတ်သမိုင်း ရိုင်းရာ ကျပေလိမ့်မည်။
Clash of Ideal

နိုင်ငံတော်သမ္မတကြီးသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး ဟူသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပန်းတိုင်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး တာဝန်ယူစ အချိန်တွင် ဒီမိုကရေစီကို အရင်သွားသည့် ဝါရှင်တန် ပုံစံ၊ ဖွံ့ဖြိုးရေးကို အရင်သွားသည့် ဘေဂျင်းပုံစံ၊ ကြိုက်ရာ ပုံစံရွေးဟူသော ဒီဘိတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတည်ဆောက်ရေး မေးခွန်း ဖြစ်နေခဲ့ ချိန်လည်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် သမ္မတကြီးသည် မူလကတည်းက တည်ရှိခဲ့သော Clash of Ideal ကို ဒိုင်ယာလော့ဖြင့် စေ့စပ် ညှိနှိုင်းခဲ့ပြီး မတူတာခွဲလုပ်၊ တူတာတွဲလုပ် ဟူသော ယဉ်ကျေးမှု အသစ်ကို ဖော်ဆောင်ခဲ့ရသည်။ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပြီး ပင်မရေစီးဖြစ်သော လွှတ်တော်နိုင်ငံရေးသို့ ရောက်ရှိခဲ့ကြသည်။ ဤသည်မှာ Adjustment of Interest ကို ညှိယူသော နည်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရလဒ်မှာ အားလုံး သိသည့်အတိုင်းပင် ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး မျက်နှာစာတွင်တော့ ထိုမျှ မလွယ်ကူလှသလို စိန်ခေါ်မှုများမှာလည်း မနည်းမနော ရှိနေပေသည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးဟူသော ပန်းတိုင်များ တူညီနေကြပြီ ဖြစ်သော်လည်း နည်းလမ်းများတွင် အချင်းများနေမှု များမှာလည်း ဒီမိုကရေစီ၏ ဗီဇသဘောဟု နားလည်ကြရန် လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရက်တိုက်ဇေးရှင်းသည် မည်သည့် ပုံစံနှင့်မျှ မျဉ်းတန်း သဘောယူ၍ မရသောကြောင့် မြန်မာပုံစံ မြန်မာ မော်ဒယ်လ်သည် ဒီမိုကရေစီ သဘောတရားများ အတွက် အသစ်တစ်ရပ်ရပ် ဖြစ်လာပေလိမ့်မည်။ တိုင်းရင်းသားများ၏ ခေတ်အဆက်ဆက် ပျောက်ဆုံးခဲ့သည့် အိပ်မက်များကို ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြောကြားထား ပြီးဖြစ်ရာ အိပ်မက်အတွက် စိတ်ကူးစံများ အကျေအလည် ညှိနှိုင်းနိုင်ရေးသာ အရေးကြီးမည် ဖြစ်သည်။ သယံဇာတ ကျိန်စာဟု နိုင်ငံတကာပဋိပက္ခ လေ့လာသူများက တံဆိပ်ကပ်ကြသည့် မငြိမ်းချမ်းသေးသော နယ်မြေ ဒေသများမှာလည်း သဘာဝသယံဇာတ အရင်းအမြစ်များ အုံနှင့်ကျင်းနှင့် ရှိနေကြသည်မှာ အမှန်ပင် ဖြစ်နေသည်။ သယံဇာတ မရှိသောကြောင့် ဖွံ့ဖြိုးရေး ပန်းတိုင်သို့ အချိန်တိုတိုအတွင်း လှမ်းလျှောက် နိုင်ခဲ့ကြကုန်သော တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်တို့မှာ အာရှမော်ဒယ်လ် အသစ်ကိုပင် ဖန်ဆင်းနိုင် ခဲ့ကြသည်။ သယံဇာတ ကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းစစ်မီးသို့ သက်ဆင်းကြကုန်သော ကမ္ဘာတစ်ဝန်းမှ နိုင်ငံများတွင်လည်း လက်နက်ကိုင် နိုင်ငံရေး၊ စစ်ဘုရင်ဝါဒများအကြား ပိတ်မိကာ ဆင်းရဲတွင်း နစ်ခဲ့ကြရသည့် ခေတ်ပြိုင် သင်ခန်းစာများ မှိုလို ပေါက်အောင် ရှိနေကြသည်။ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ ထူထောင်တည် ဆောက်နေကြသော လက်ရှိကာလသည် သင်ခန်းစာများကို သင်ခန်းစာများ ဟူ၍ ပီပီပြင်ပြင် သိမြင နားလည်လာကြရန် အရေးကြီးနေပြီ ဖြစ်သည်။
ကမ္ဘာမကျေ သီချင်းဖြင့် နိဒါန်းဖွင့်ခြင်း

ကိုလိုနီလက်အောက်မှ ရုန်းထ လွတ်မြောက်ပြီးစ မြန်မာနိုင်ငံသည် ခွင့်တူညီမျှ ဝါဒဖြူစင်သည့်မြေ ဖြစ်ရန် ကြွေးကြော်ခဲ့ကြသော်လည်း ဝါဒဖြူ ခြင်း၊ ဝါဒနီခြင်းတို့ဖြင့် Clash of Ideal ထောင်ချောက်သို့ ကျရောက် ခဲ့ရပေသည်။ အားပါလှသည်၊ မာန်ပါလှသည်၊ ဇာတိမာန် ထက်သန်စေသည်ဟု မိမိတို့ အားလုံး ခံယူခဲ့ကြသော နိုင်ငံတော် သီချင်းပါ၊ ကမ္ဘာမကျေဟူသော နိဒါန်းသည်ပင်လျှင် ဥဒါန်းမကျေစေသော ပြည်တွင်းစစ်ကို ဖန်တီးလေခဲ့ရော့သလား စဉ်းစားစရာ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ အိမ်နီးချင်း နိုင်ငံများကိုပဲ ကြည့်ကြည့်၊ ဒေသတွင်း နိုင်ငံများကိုပဲ မျှော်မျှော် အောက်တန်း နောက်တန်းကျနေသော အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သိမြင်ကြရန် လိုအပ်သည်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး တေးသံများ ဖုံးလွှမ်းနေပြီဟု မြင်ယောင်ကြည့်လျှင် စစ်မီးလျှံတို့ ဝင်းဝင်းတောက်နေသော နယ်စပ်ဒေသများ အစောဆုံး နိုးထလာသည့် စီးပွားရေးဇုန်ကြီးများ ဖြစ်လာပေ လိမ့်မည်။

စိတ်ကူးစံအမျိုးမျိုး ရှိကြကုန်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေနှင့်လည်း Reality Analysis နှင့် Future Analysis ကို ကောင်းစွာအသုံးချ၍ သန်း ၆၀ အနိုင်ရရှိရေးကို ရှေးရှုကြရန် မျှော်လင့်မိသည်။ ပွင့်လင်းလာသော ယနေ့ခေတ်တွင် သမိုင်း၏ လိုအပ်ချက်၊ သမိုင်း၏ လမ်းညွှန်မှု စသည်တို့ မရှိသင့်တော့ပါ။ အမျိုးသားညီညွတ်ရေးကို မတည်ဆောက်နိုင်သရွေ့ နေ့လား ညလား မသိ ရေရေရာရာ မရှိနိုင်သော သန်း ၆၀ ၏ အိမ်နိမ့်စံဘဝများ ကျွတ်တမ်း ဝင်ကြဦးမည် မဟုတ်ပါ။ အမျိုးသား ညီညွတ်ရေးအတွက် လက်ရှိ ရောက်ရှိနေကြသော ဆုံမှတ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးသည် သမိုင်းအဆက်ဆက် မကြုံဖူးသော အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်သည်ကို သတိပြုကြစေလိုသည်။ ဖက်ဒရယ်ကို ခေါင်းခါခြင်းများ၊ ဒီမိုကရေစီအသံ နားပိတ်ထားခြင်းများ လားလားမျှ မရှိတော့သည့် ယခုရောက်ရှိနေသော နိုင်ငံရေး မြေညီကွင်းသည် ငြိမ်းချမ်းရေးအတွက် တံခါးခေါက်သံများပင် ဖြစ်နေသည်။
ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံရေး ပွတ်တိုက်မှုများသည် ဒီမိုကရေစီ၏ သဘောသဘာဝဟု ခံယူထားပြီး ပွတ်တိုက်မှုများကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်းသွားသင့်သည်ဟု ယူဆထားသူ ဖြစ်သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် အသစ်ဖြစ်ထွန်းခဲ့သော မတူတာခွဲလုပ် တူတာတွဲလုပ်သည့် နိုင်ငံရေး ယဉ်ကျေးမှုသည် ၂၀၁၃ နှစ်ကုန်ပိုင်းသို့ ရောက်ရှိချိန်တွင် ခွဲလုပ်နေကြသော မတူသည်များကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်း အဖြေရှာသော နိုင်ငံရေး ယဉ်ကျေးမှု အသစ်သို့ ဆက်လက် ဆွဲတင်နေကြသည်မှာလည်း အမျိုးသား ညီညွတ်ရေးအတွက် မျှော်လင့်စရာ များစွာ ကောင်းနေပေသည်။

အမျိုးသားညီညွတ်ရေး မရှိသမျှ ကာလပတ်လုံး ဟိုလူ့အောက်ကျို့ရ ဒီလူ့အောက်ကျိုးရ ဖြစ်နေဦးမည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ စကားသည် ယနေ့ အချိန်အထိ မှန်ကန်နေဆဲ ဖြစ်နေသည်မှာလည်း လွတ်လပ်ရေး မရခင်ကတည်းက တည်ရှိခဲ့ကြကုန်သော ကွဲရာဇဝင်နှင့် ချသမိုင်းများကို ယနေ့ခေတ်တိုင် ဆက်လက် သယ်ဆောင်နေကြ သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသော ဂိုဏ်းဂဏ နိုင်ငံရေးနှင့် အကွဲအပြဲ အစဉ်အလာများကို ဆင်ခြင်ဉာဏ်ဖြင့် ပယ်ရှားနိုင်ကာမှ တန်ကာကျပါမည်။

ဆိုဗီယက်အုပ်စုနှင့် အမေရိကန်အုပ်စုတို့ ကမ္ဘာ့မြေပုံများ ကိုင်၍ အားပြိုင်ခဲ့ကြသော စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်မားဆုံး အချိန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသော ပန်းတနော်သား မြန်မာသံအမတ်ကြီး ဦးသန့်ကို သီဟိုဠ် (သီရိလင်္ကာ) သံအမတ်ကြီးက ဤသို့ ညွှန်းဆိုခဲ့သည်။ အတ္တတံခွန်ထူခြင်း၊ ရန်လိုခြင်းနှင့် လက်သီး လက်မောင်းတန်းလျက် အာပေါင်အာရင်း သန်ခြင်းတို့ကို ခွန်အားဟု ယူဆကြသော ဤခေတ်ကြီးတွင် ဦးသန့်၌ရှိသော ခွန်အားမှာ တသီးတသန့် ခြားနားနေ၏။ ဦးသန့်၏ ခွန်အားမှာ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အား ဖြစ်သည်။၊ ကမ္ဘာစစ်ကြီး ဖြစ်ပွားနိုင်သော မီးတောက်များကို မြန်မာနိုင်ငံသား ဦးသန့်သည် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားတို့ဖြင့် ဖြေရှင်း အောင်နိုင်ခဲ့သည်။

ဦးသန့်ကို မွေးဖွားခဲ့သော မငြိမ်းချမ်းသေးသည့် မြန်မာ့မြေတွင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသား တည်ဆောက်ရေးအတွက် လတ်တလော လိုအပ်နေသည်မှာ စစ်ကို ခုံမင်သော၊ စစ်ဘုရင် အလံတော်များ မဟုတ်ရဘဲ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေနှင့် သန်း ၆၀ အနိုင်ရရှိရေးအတွက် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ ပေးသနားရန်သာ မျှော်လင့်မိပေသည်။

မှူးဇော်

Like & Share ပေးခြင်းဖြင့် မိဘများကို ရှာဖွေပေး လိုက်ကြရအောင်ဗျာ.. သနားစရာ ကောင်းပါတယ်.... ဘေးကင်းပြီး အမြန် ပြန်လည် တွေ့ရှိပါစေ...

Posted by drmyochit Tuesday, November 05, 2013, under | No comments


မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့

Posted by drmyochit Tuesday, November 05, 2013, under | 1 comment

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမ ဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

ဆိုင်ကယ် (၂)စီးခိုးယူသူအားဖမ်းဆီးရမိ

Posted by drmyochit Tuesday, November 05, 2013, under | No comments

ရန်ကုန်၊ နိုဝင်ဘာ ၅

၃၁.၁၀.၂၀၁၃ရက်နေ့ ၂၃၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ စန်းလွင်ဦး (ဘ)ဦးကြည်သန်း၊ လှိုင်သာယာမြို့နယ်နေသူအား ဖမ်းဆီးရီမန်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ စန်းလွင်ဦးသည် ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိ
နေ့က ပဲခူးမြို့နယ်၊ ဈေးပိုင်း ညွန့်ရုပ်ရှင်ရုံအနီး ရပ်ထားသော Dream စာတမ်းပါ HONDA -125 အစိမ်း/အပြာရောင် လိုင်စင်မဲ့ဆိုင်ကယ်
(၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ (၅)လပိုင်း၊ ရက်မမှတ်မိနေ့ကပင် ပဲခူးမြို့နယ်၊
ဈေးကြီးအနီးရပ်ထားသော Dream စာတမ်းပါ SUNYOKE -110 အနက်ရောင်လိုင်စင်မဲ့ဆိုင်ကယ် (၁)စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၆၃၄/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် 
အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

credit>> Yangon police

ထိုင်းဘုရင့်မြေးတော်မလေး အခု ဆီးဂိမ်းမှာ မြင်းစီးဝင်ပြိုင်မယ်

Posted by drmyochit Tuesday, November 05, 2013, under | No comments

သူကတော့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစား နည်းမှာ ၀င်ပြိုင်မယ့် ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ မြေးမတော် Princess Sirivannavari ဖြစ်ပါတယ်။ 
စွဲဆောင်မှု ရှိပြီး Fashion ကျကျ ၀တ်ဆင် တက်တဲ့ သူဟာ Forber မဂ္ဂဇင်းကပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် "20 Hottest Young Royals" မှာ နံပါတ် ၁၆ ရခဲ့ဖူး ပါတယ်။ 

ထို့အပြင် အားကစားနည်း များကို စိတ်ဝင်စားပြီး ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ ကြက်တောင် အားကစား နည်းမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစားနည်း ပြိုင်ပွဲကို သွားရောက် ကြည့်ရှု ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှ လက်ခံ ကျင်းပမည့် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ ဆိုလာ ပါတယ်။

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ (အသက် (၁၈) ပြည့်မှ ဖတ်ပါ)

Posted by drmyochit Tuesday, November 05, 2013, under | 4 comments

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်