Saturday, November 09, 2013
Obama ရဲ့ လက်သံကတော့ ပြောင်ပါ့
Posted by drmyochit
Saturday, November 09, 2013, under ဗဟုသုတ | No comments
7 DAYS DAILY က ရေးတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးပစ်ခတ်မှု ဖြစ်ရပ်မှန်
Posted by drmyochit
Saturday, November 09, 2013, under ပြည်တွင်းသတင်းများ | No comments
7 Days သတင်းစာ ဖတ်လိုက်ရတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
သတင်းစာဆရာကြီး ဂါဒီယန် ဦးစိန်ဝင်းရေးခဲ့တဲ့ “သတင်းကို သတင်းလိုရေးပါ” ဆိုတဲ့ စာကြောင်းလေးကို ဖျတ်ခနဲ သတိရမိတယ်။ သတင်းပါ ဖြစ်စဉ် အကြောင်းအရာကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနားမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေး အဖွဲ့က ပစ်ခတ်လိုက်တဲ့ သတင်းပါ ။ ဒီအကြောင်းအရာ ဟာ ကိုယ်နဲ့ သိပ်ပြီး ပါတ်သတ် လှတယ်တော့ မဟုတ်ပေမယ့် မီဒီယာက မီဒီယာ အလုပ် မလုပ်တော့ အဖြစ်မှန် သိနေတဲ့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါတယ်။
၈-၁၁-၂၀၁၃ ရက်နေ့ မနက် ၀၀-၄၅ မိနစ် အချိန်မှာ အရပ်သားပွဲစား (၄) ယောက် ဖြစ်တဲ့ ကိုကျော်ဝေထက် ၊ ကိုမျိုးညီညီထွေး ၊ ကိုစိုင်းဝေဖြိုး နဲ့ သူငယ်ချင်းတစ်ယောက် အပါအ၀င်အားလုံးပေါင်း၎ ယောက်က မူဆယ်ဘက်မှာ အရက်သောက် စား မူးယစ်ပြီး ပြန်လာကြပါတယ်။အဲ့ဒီအချိန် မူဆယ်၁၀၅ မိုင်ဂိတ် မှာ ဒုလက်ထောက်ညွှန်မှူး ဦးသိန်းဇော်ထွန်းလည်း ရှိနေသလို တပ်မတော် မှ လုံခြုံရေးအတွက် တာဝန် ကျနေတဲ့ ရဲဘော် ၅ ယောက်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်ဂိတ် တွေ မှာ မူးယစ်ဆေးဝါး တွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းတွေ အရ တပ်ဘက်မှ ပူတွဲတာဝန်ထမ်းဆောင်ဖို့ အတွက် တပ်မတော်သား ၅ ဦးက အမြဲတမ်း လုံခြုံရေးတာဝန်ယူပေးရပါတယ်။
အရက်သောက်ပြီးပြန်လာတဲ့ ကို ကျော်ဝေထက်တို့ အုပ်စု ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေ လုံခြုံရေးအရ အစစ်ဆေးခံဖို့ ကားတား တာကို မရပ်ပေးတဲ့ အပြင် ကားနဲ့ ၀င်တိုက်ပြီး မောင်းပြေးပါတယ်။ဝင်တိုက်ခံလိုက်ရတဲ့ ရဲဘော် (၃) ဦး ဟာ အခု အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။(ရဲဘော် ၁ ယောက်ဆိုရင် ခြေသလုံး အရိုးထက်ပိုင်း ကျိုးပြီး ငေါ့ထွက် နေ တဲ့ အဆင့်ထိရောက်ပြီး အခြေအနေတော်တော်ဆိုးပါတယ်)။ အဲ့အချိန်မှာ ကျန်တဲ့ ရဲဘော် (၂)ယောက် က ကားကို ရပ်ဖို့ ပြောနေတာတောင် မရပ်ပဲ နဲ့ ကိုကျော်ဝေထက်တို့ အုပ်စုက မောင်းပြေးခဲ့လို့အခုလို ပစ်ခတ် မှုတွေ ဖြစ်ကုန်တာပါ။
မောင်းပြေးတဲ့ (၄)ယောက်မှာ ယာဉ်မောင်းက ကိုစိုင်းဝေဖြိုးပါ။သေဆုံးသွားတဲ့ တစ်ဦးကတော့ ကိုကျော်ဝေထက်ပါ။၁၀၅ မိုင်လို နယ်စပ်ဂိတ် တွေမှာ လုံခြုံရေးက အစစ်ဆေးခံရန် ကားကိုရပ်တန့်ပေးဖို့ မေတ္တာရပ်ခံတာကို မောင်းပြေးရင် ပစ်ဖို့ ပစ်မိန့်ပေးထားပြီးသားဆိုတာ အားလုံးသိပြီးသားဖြစ်မယ်ဆိုတာကတော့ အထူးတလည် ရှင်းပြနေစရာ မလိုလောက်တော့ဘူးထင်ပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ စာဖတ်သူများအားလုံး သိလောက်ပါပြီ။အစကတည်းက သတင်းစာတွေက အဂတိ ကင်းကင်း ၊ ဘက်လိုက်မှု ကင်းကင်းနဲ့ သတင်းကို သတင်းလိုရေးရင် ဖြစ်စဉ်က ရှင်းပါတယ်။ဒါကြောင့် သတင်းဂျာနယ်တွေ ရေးတိုင်းလည်းချင့်ချိန်ယုံကြပါလို့ပဲ အကြံပေးချင်ပါတယ်။
တပ်မတော်သို့ မိမိ ဆန္ဒအတိုင်း ၀င်လိုကြသည့် အမျိုးသမီး ဗိုလ်လောင်းများ၏ အဖြစ်အပျက်အချို့
Posted by drmyochit
Saturday, November 09, 2013, under ပြည်တွင်းသတင်းများ | No comments
မြန်မာ့တပ်မတော်တွင် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှ လျှောက်ထား သူဦးရေ သုံးထောင်ခန့် ရှိသည်အထိ လျှောက်ထားသူ များပြားလျက်ရှိပြီး ကြိုတင် မကြေညာသော ကန့်သတ်ချက် အချို့ကြောင့် လျှောက်ထားခွင့် မရခဲ့သူများ ရှိနေသည်။
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအား ၁၉၆၀ ခုနှစ်တွင် ခေါ်ယူခဲ့သော် လည်း နှစ်ပေါင်း၄၀ ကျော် ကြာမြင့်သည် အထိ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးကြိမ် အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် လျှောက်လွှာများ ထုတ်ယူကာ လာရောက် လျှောက်ထား နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိခဲ့သည်။
ဗိုလ်လောင်း လျှောက်ထားသူများ၏ အရည်အချင်း သတ်မှတ်ချက်များအား နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားပြီး ဖော်ပြချက်တွင် မပါရှိသော်လည်း လာရောက် လျှောက်ထား သူများသည် မြို့နယ် အဆင့်ထက် မနိမ့်သော အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုမှ ထောက်ခံချက် လက်မှတ် ပါရှိရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် လျှောက်လွှာ လက်ခံသူ တာဝန်ခံဗိုလ်ကြီး မြတ်ကျော်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။ …
ထိုကဲ့သို့ ကြိုတင် မကြေညာထားသော ကန့်သတ်ချက်များကြောင့် လျှောက်ထားခွင့် မရရှိခဲ့သည့် မသူသူအောင်က ““ညီမတို့က နှစ်ယောက် သွားလျှောက်တာ။ ညီမက ဘွဲ့ရရှိကြောင်း ထောက်ခံစာ (ယာယီဘွဲ့လက်မှတ်)ပဲ ပါလို့တဲ့။ နောက်တစ်ယောက်က အဝေးသင် ဘွဲ့ရထားဆိုတော့ M.Sc သမား တွေ များနေလို့ အဝေးသင်သမားတွေ ခဏရပ်ထားတယ်လို့ ပြောတယ်””ဟု ပြောသည်။
သာမန် ဘွဲ့ရသူများအား ဗိုလ်လောင်းသင်တန်း တက်ရောက် အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင် ခန့်အပ်ခြင်း ခံရမည်ဖြစ်ပြီး မဟာဘွဲ့ရသူနှင့် ပါရဂူဘွဲ့ရသူများအား ဗိုလ်အဆင့်ဖြင့် စတင်ခန့်အပ် သွားမည်ဖြစ်သည်။
အဆိုပါ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်ရခြင်း ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ““အပြင်မှာ အလုပ်တွေ ရပေမယ့် ဘွဲ့နဲ့မကိုက်ဘူးလေ။ ဗိုလ်အနေနဲ့ကျတော့ တပ်ထဲမှာက ဘ၀ အာမခံချက်ရှိတယ်လေ။ ကိုယ့် မိသားစုထဲကလည်း ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ၊ တပ်ထဲကပဲ ဆိုတော့ ၀င်ဖြစ်သွားတာ”” ဟု လျှောက်ထားသူ တစ်ဦးက ပြော သည်။
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်ထားသူ ဦးရေ မည်မျှ ရှိသည်ကို နေပြည်တော် တိုင်းစစ်ရေးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံ ဖြေဆိုသူက ဖြေကြားခွင့် မရှိကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ ပြန်လည် ခေါ်ယူခြင်းနှင့် ပတ်သက်၍ ဗိုလ်အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူ ဒေါ်ခင်တိုးမြင့်က ““အန်တီတို့က အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင် တန်းနိုင်ရမယ်ဆိုပြီး တပ်ထဲဝင်ကြတာလေ။ အန်တီတို့တုန်းကတော့ တာဝန်ထမ်းဆောင်ချိန်ကစပြီး ၃ နှစ် မပြည့်ခင် အိမ်ထောင်ပြုရင် တပ်က ထွက်ရတယ်။ အခုတော့ မသိဘူး။ စလျှောက်ရင် အရည်အချင်း စစ်တယ်။ နှုတ်ဖြေ ဖြေရတယ်။ အခက်အခဲ ကျော်လွှားနည်းတို့ ဘာတို့ပေါ့ ဖြေရတယ်။ အဲဒီက အရွေးခံရပြီး မင်္ဂလာဒုံမှာ သင်တန်းတက်ရတယ်။ လက်တွေ့ ဆင်းရတယ်။ ၅ နှစ်ခွဲ လေ့ကျင့်ရေး သင်တန်း တက်ပြီး ဗိုလ်ဖြစ်တယ်။ အခုလို ပြန်ခေါ်တဲ့ အခါကျတော့ ကောင်းတာပေါ့””ဟု ပြောသည်။
နိုင်ငံပိုင် သတင်းစာများတွင် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း လျှောက်ထားသူများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူ၊ အိမ်ထောင်မရှိသူ (အပျို) ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး အရပ် ၅ ပေ ၃ လက်မနှင့် ကိုယ် အလေးချိန်ပေါင် ၁၀၀ နှင့် ပေါင် ၁၃၀ ကြားရှိသူ၊ မျက်မှန် တပ်ဆင်ထားခြင်း မရှိသူဟုလည်းကောင်း၊ အသက် သတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အသက် ၂၅ နှစ်ထက် မကျော် လွန်သူ ဟုလည်းကောင်း၊ မဟာဘွဲ့ရထားသူများ အနေဖြင့် အသက် ၂၇ နှစ်ထိ ဟုလည်းကောင်း၊ ပါရဂူဘွဲ့ ရထားသူများ အနေဖြင့် အသက် ၃၀ ထိ ဟူ၍လည်းကောင်း စသည်ဖြင့် အရည်အချင်း ကန့်သတ်ချက်များ ပါရှိသည်။
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများအား နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ လျှောက်လွှာ တောင်းခံ ရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူးခန့်ချုပ်ရုံး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)သို့ ပေးပို့ ရမည်ဖြစ်ပြီး သတ်မှတ်ချက် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ၀င်ရောက် စစ်ဆေးခံရမည်ဖြစ်၍ လျှောက်လွှာများ ရွေးချယ်ခြင်း ခံရခြင်း ရှိ၊ မရှိကို လျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် သွားရောက် စုံစမ်း မေးမြန်းနိုင်သည်ဟု ပါရှိသည်။
From: Myanmartandawsint Newspaper
ရန်ကုန်မြို့လယ်တွင် ပြည့်တန်ဆာများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီး
Posted by drmyochit
Saturday, November 09, 2013, under မှုခင်း | No comments

ယမန်နေ့ညပိုင်းက ရန်ကုန်မြို့လယ် တ၀ိုက်တွင် ပြည့်တန်ဆာ ပပျောက်ရေးအတွက် စီမံချက် ပုံစံဖြင့် လိုက်လံ ဖမ်းဆီးခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိသူ တချို့က ပြောသည်။
ညပိုင်း ၈ နာရီ ၀န်းကျင်တွင် လူစည်ကားရာ နေရာများ၌ ကျင်လည်နေကြသော လိင်အလုပ်သမ များကို ဖမ်းဆီးခြင်းကြောင့် လူအများ အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ရကြောင်း၊ သိမ်ကြီးဈေး အနီး လှုပ်ရှားနေသူ ၃ ဦးခန့် ဖမ်းဆီး ခံလိုက်ရသည်ကို မြင်တွေ့ရကြောင်း သိမ်ကြီးဈေး ဘေးတွင် ကွမ်းယာရောင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။
“မနေ့ညက ရန်ကုန်မြို့လယ်မှာ ပြည့်တန်ဆာတွေ လိုက်ဖမ်းလို့ ထွက်ပြေးလိုက်ကြတာ အများကြီးပဲ။ ဆိုက်ကား သမားတွေ ရော၊ လုပ်စားကြတဲ့ သူတွေရောပဲ။ တည်းခိုခန်းတွေပါ မကျန်ဖြစ်သွားကြတာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ဆိုသည်။
ပြည့်တန်ဆာ ဖမ်းဆီးရေးနှင့် ပတ်သက်ပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီးနေခြင်း မဟုတ်ဘဲ ရဲ လုပ်ထုံးလုပ်နည်းအရ ပြည့်တန်ဆာ ပပျောက်ရေး အတွက်သာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ မြို့နယ်ရဲစခန်းတချို့မှ သိရသည်။
ပြည့်တန်ဆာများကို လစဉ် ဖမ်းဆီးလျှက် ရှိနေပြီး အသွင်ယူ ဖမ်းဆီးမှုက အများဆုံး ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်တွင် တလလျှင် ၁၀ မှုခန့် ဖမ်းဆီးရမိနေပြီး ယခုနှစ် အတွင်း အမှုပေါင်း ၉၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလတွင် ပြည့်တန်ဆာမှု ၄ မှု ရှိနေပြီဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဧရာဝတီကို ပြောသည်။
“မီဒီယာတွေမှာ ရေးလာကြလို့ စီမံချက်ပုံစံမျိုးနဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဘက်ကလည်း ညွှန်ကြားချက် ပေးတာမျိုး ရှိတယ်။ ကျနော်တို့ မြို့နယ်မှာဆိုရင် မြို့နယ် အသီးသီးက လာလုပ်စားကြတာ၊ တခြား အလုပ်
လုပ်နေကြတဲ့ သူတွေတောင် ပါတယ်။ ဖုန်းလေးတွေ၊ အိတ်ကလေးတွေ၊ ထမင်းချိုင့် ကလေးတွေနဲ့။ သူတို့ မြို့နယ်မှာတော့ ကောင်းရောင်း ကောင်းဝယ် အလုပ်တခုခု လုပ်သလို ပုံစံမျိုးနဲ့” ဟု ကျောက်တံတား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
ထို့အပြင် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်ခွဲ၊ အသွင်ယူ ဖမ်းဆီးသော ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်၊ ကျော်ကြားမှု ဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇ (၁) ဆိုလျှင် ခံဝန် ကတိတို့ဖြင့် အရေးယူလျှက် ရှိကြောင်း၊ မှုခင်း ကျဆင်းရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ပြည့်တန်ဆာ သီးသန့် ဖမ်းဆီးရေးမျိုး မဟုတ်ဘဲ ရဲအရေးပိုင်သော အမှုအခင်းများ အားလုံးကို ဖမ်းဆီးနေခြင်းသာ ဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။တာမွေမြို့နယ်တွင် တလလျှင် ၂ ဦးခန့် အနည်းဆုံး ဖမ်းဆီးမိပြီး ဗိုလ်တထောင် မြို့နယ်တွင် တလလျှင် အနည်းဆုံး ၄ ဦး ခန့် ဖမ်းမိလေ့ရှိကြောင်း၊ ပန်းဘဲတန်း မြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီးမှုကြောင့် ၁ ဦး မိခဲ့ပြီး တလလျှင် ၁၀ ဦးခန့် ဖမ်းဆီးမိရာ ယခုနှစ် ဇန်န၀ါရီလမှ ယနေ့အချိန်အထိ အမှုပေါင်း ၉၀ ကျော်သွားပြီ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာမှ သိရသည်။
လိင်အလုပ်သမ များကို ကူညီ ဆောင်ရွက်ပေးနေသော တော်ဝင်ခရေ ကွန်ရက်က နှစ်စဉ်နိုင်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် ပြည့်တန်ဆာများကို အများအပြား ဖမ်းဆီးလေ့ ရှိသည်ဟု ဝေဖန်ထားသော်လည်း ရဲစခန်းအများစုက ထိုအချက်ကို ငြင်းဆိုကြသည်။
ပြည့်တန်ဆာ လုပ်ငန်းများသည် ပပျောက်သွားရန် မည်သည့်အချိန်တင်မှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိန်းကျောင်း သွားရန် တရားဝင် လိုင်စင်ပေးသော နည်းအပြင် နည်းလမ်း အမျိုးမျိုးရှိကြောင်း၊ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားခြင်းသည် ခေတ်၊ နေရာ၊ ပထ၀ီ အနေအထား၊ သမိုင်းကြောင်းများနှင့် များစွာ သက်ဆိုင်ကြောင်း Marie Stopes International Myanmar မှ ဒါရိုက်တာ ဒေါက်တာစစ်နိုင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို ရာဇ၀တ်မှုဟု ဥပဒေ ပြဌာန်းထားခြင်းနှင့် ပက်သက်ပြီး မိမိအနေနှင့် မှတ်ချက် တစုံတရာ မပေးလိုကြောင်း၊ လူထုနှင့် သက်ဆိုင်သော လူထု ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ ငြင်းခုံ ဆွေးနွေး အဖြေရှာရမည့် ကိစ္စဖြစ်ပါကြောင်း ၎င်းက ဆက်ပြောသည်။
“လိင် အလုပ်သမတွေကို အာဏာပိုင်တွေ ဘက်က ဥပဒေအရ အရေးယူတဲ့ အထဲမှာ ဥပဒေရဲ့ အသုံးချမှုတွေ ဖြစ်နေရတာ က တကယ်တော့ အုပ်ချုပ်ရေးတွေ ဘက်ကလည်း အခိုက်အတန့် သူတို့မှာ ပြန်ပြီး အခက် ကြုံကြရတာတွေကြောင့်
ဒီလို ဖြစ်သွားရတာပါ။ စီမံချက်လို ရဲတယောက် အမှု ဘယ်လောက် ဆိုတော့ သူတို့ ကြုံရတဲ့ အခက်အခဲကို ဘယ်သူတွေက ၀င် ဖြေရှင်းပေးမှာလဲ။ အဲဒါကြောင့်ပဲ သူတို့နိုင်တဲ့ ဘက်ကို ပြန်လုပ်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။
From:ဧရာဝတီ
Friday, November 08, 2013
မြေးအဘိုး သရဲနှင့် တွေ့ဆုံခြင်း
Posted by drmyochit
Friday, November 08, 2013, under ဗဟုသုတ | No comments
"ဟရောင်… ငါတို့ မပြန်ပဲ… ဒီရွာမှာပဲ ညအိပ်ရင် ကောင်းမလား.."
"အာ.. မဖြစ်ဘူးကွ… မနက်ဖြန် … ကျောင်းတက်ရမှာ မင်းလည်း အသိကို.. ငါတို့ ဒီည မြို့ကို ပြန် ရောက်မှ ဖြစ်မှာ…"
"ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့်.. ငါတို့ မြို့ထိပ်က သင်းချိုင်း အကြောင်းလည်း မင်းသိသားနဲ့. နေ၀င်ပီဆို ဘယ်သူမှတောင် ဖြတ်တော့တာ မဟုတ်ဘူး… ငါတို့ ဒီအချိန်သွားရင် သင်းချိုင်းကို ညလယ်ချိန်မှာ ဖြတ်ရမှာနော်…"
"ဆိုင်ကယ်နဲ့ပဲကွာ… ဘာဖြစ်လဲ… ဖြတ်တာပေါ့…"
ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း တစ်ယောက် သူတို့ရွာကို အလည်သွားရာမှ အချိန်လွန်ပြီး အိမ်ပြန်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဟုတ်လည်း ဟုတ်သည်။ ကျွန်တော်တို့ မြို့ပြင် သင်းချိုင်းက နာမည်ကြီးသည်။ သုဘရာဇာတောင် ညဘက် အလောင်းချစရာရှိရင် နေ့လည်ကတည်း က ကျွင်းတူးထားပြီး ညနေကို ကိစ္စအပြီးဖြတ်ပြီး မြို့ထဲ ပြန်အိပ်သည်။ ညနေ မှောင်စပျိုးပြီဆိုတာနဲ့ သချိုင်းထဲတွင် ခွေးလေခွေးလွင့်များမှအပ ဘာမှ မရှိတော့…။
"ဟရောင်… ဒီလိုလုပ်… လမ်းတစ်လျှောက်လုံး.. ငါတို့ ဆိုင်ကယ်စီးရင်း.. စကားပြောသွားကြမယ်.. ဒီလိုဆို အဲ့ဒီသင်းချိုင်း ဘယ်လို ကျော်လို့ ကျော်သွားမှန်းတောင် သိမှာမဟုတ်ဘူး.."
"အေး..အဲ့ဒီ အစီအစဉ်ကောင်းတယ်…"
ဒီလိုနဲ့ နှစ်ယောက်သား စကားတပြောပြောနဲ့ ဆိုင်ကယ်စီးလာလိုက်ကြတာနဲ့…. ခရီး တစ်ဝက်ကျိုး ည၁၀း၀၀ ခွဲလောက်လဲ ရောက်ရော.. ဆိုင်ကယ် ရှေ့မီးက ဖြတ်ကနဲ ကျွမ်းသွားတယ်..
"ဟ…သောက်ကျိုးနဲ…မီးသီးကျွမ်းသွားပဟ…"
"မင်းက သရဲ ကြောက်ကြောက်နဲ့ လီဗာ အသားကုန် လွတ်ဆွဲတာကိုးဟ.."
"ဟရောင်… ဒီအကြောင်း မစပါနဲ့ဆို… ခွီးတဲ့မှ… မင်းမှာ ဓါတ်မီးပါတယ်မှတ်လား.. ငါ့ကို နောက်ကနေ မီးထိုးပေး.."
ဒီလိုနဲ့ ဖြစ်သလို ဆက်မောင်းလာလိုက်ကြတာ… ည (၁း၀၀) ရောက်လည်း ရောက်ရော.. မြို့ထိပ် က သင်းချိုင်းကုန်း နားကို ရောက်လာပါရော…
"ဟရောင်… အသားကုန်ဆွဲကွာ.. လမ်းက ဖြူးနေတာပဲကို…"
ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဟိုကောင် မြှောက်ပေးတဲ့အတိုင်း လီဗာကို မိုင်ကုန်ဆွဲပြီး သင်းချိုင်းကို အမြန်ကျော်ဖို့ ကြိုးစားလိုက်တယ်..။ အဲ့ဒီအချိန်မှာပဲ..
"ဂလုတ်…ဂလုတ်…ဂလုတ်…."
"ဟ…ဘာဖြစ်တာလဲ ..ဟရောင်…"
"ဟရောင်ရေ.. သေရောဟ… ချိန်းဆက်ပြုတ်သွားတာကွ…"
"တောက်…. ဒီနေရာကို ကျော်ချင်ပါတယ်ဆိုမှ ဒီနေရာ ရှေ့မှာ လာဖြစ်ရတယ်လို့…"
"ဟရောင်… ဒီအကြောင်းမပြောပါနဲ့ဆို… လာ ဆိုင်ကယ်ကို ဒီမှာ ဒေါက်ထောက်ခဲ့.. နောက်မှ ချိန်း ဆက်ပြန်လိုက်ရှာကြမယ်…"
နှစ်ယောက်သား ကြောက်ကြောက်နဲ့ ဓါတ်မီးထွန်းပြီး ချိန်းဆက်လေးကို လိုက်ရှာနေလိုက်ကြတာ အချိန် ဘယ်လောက်တောင် တာသွားလိုက်လဲမသိဘူး… ဗြုန်းဆို…. ဓါတ်မီး ရောင်အောက်မှာ ခြေထောက်တစ်စုံ ပေါ်လာတယ်… နှစ်ယောက်သား အပေါ်ကို ဆက်မကြည့်ရဲသေးပဲ ကြောက်ရွံ့စွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်.. ပြီးမှ တံတွေးမျိုချလိုက်ပီး အပေါ်ကို ဆက် ကြည့်လိုက်တော့… အသက် ၇၀ အရွယ် အဘိုးကြီး တစ်ယောက်…
"သားတို့ အဘကို ကူညီပါအုံးကွယ်…"
"ဗျာ….."
"အဘလေ… အဘ မြေးလေးကို လာမြှပ်တာ…."
"ဗျာ…."
"ဒီလိုပါ မြေးတို့ရယ်.. အဘ မြေးလေးက မနေ့ကပဲ ၀မ်းလျှောပီး ဆုံးသွားတယ်ကွယ်.. အဲ့ဒါ မြှပ်ချင်လို့ ကူညီပါအုံးနော်…"
"အာ… အဘကလည်း… မြှပ်စရာရှိ.. နေ့လည်မြှပ်ပေါ့ဗျ… ဒါမှ မဟုတ် သုဘရာဇာ လက်အပ် လိုက်လေ…"
"အဘတို့က ဆင်းရဲပါတယ်ကွယ်… ရက်လည်ဆွမ်းတောင်မှ ခုထိ မကပ်ရသေးပါဘူး… အဘမှာ ဆွေမျိုးကလည်းမရှိ… ဒီမြေးလေး တစ်ယောက်တည်းရှိတာ…ခုတော့…ခုတော့…ကူညီပေးပါ သားတို့ရယ်.."
ကျွန်တော် ခဏမျှ စဉ်းစားလိုက်ပြီး
"ကဲ…ကဲ…. ပြီးရောဗျာ…. ဟရောင်ထ.. သွားမယ်…"
"အာ… ဖြစ်….ဖြစ်ပါ့မလားကွာ…. ငါ သင်းချိုင်းထဲမ၀င်ရဲဘူး…ပြီးတော့…ပြီးတော့.. အဲ့အဘက သရဲ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ…"
"ခွီးတဲ့မှ သရဲဖြစ်နေမှတော့.. ငါတို့ကို လာပီး အကူအညီတောင်းပါ့မလား..ခြောက်လွှတ်လိုက်မှာပေါ့ ဟ… ပိုက်ဆံမရှိလို့ပါတဲ့ဆို… သနားပါတယ်ကွာ…ကူညီလိုက်တာပေါ့..ကုသိုလ်ရပါတယ်.."
နှစ်ယောက်သား အဘနောက်ကနေ ကုပ်ချောင်းချောင်းနဲ့ လိုက်ပါသွားကြတယ်….. သင်းချိုင်း တစ်နေရာ ရောက်တော့… တူးလက်စ တွင်းလေးတစ်ခုနဲ့ ပေါက်တူး တစ်ချောင်းကို တွေ့ရတယ်..
"ဒီနေရာပဲ သားတို့ရယ်.. အဘ ဆက်မတူးနိုင်တော့လို့…သားတို့ ဆက်တူးပေးပါအုံး…"
"အဘ မြေးအလောင်းက ဘယ်မှာလဲ…"
"ဟိုးး အုတ်ဂူပေါ်မှာ တင်ထားတယ်…"
ဖျာလိပ်နဲ့ ပတ်ထားတဲ့ ၅ ပေလောက်ရှည်တဲ့ အလောင်း တစ်လောင်းကို တွေ့လိုက်ရတယ်.. အလောင်းရဲ့ပုံစံကြည့်ရတာ အသက် ၇ နှစ် ၈ ပဲ ရှိအုံးမယ်လို့ ခန့်မှန်းရတယ်..
ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် တစ်ယောက်ကလှည့် တူးလိုက်ကြတာ ခဏကြာတော့ ကလေး တစ်ယောက် ကောင်းကောင်းမြှပ်လို့ရမယ့် ကြွင်းအနေအထေား ရောက်သွားပီ…
"ပြီးသွားပီ အဘ…"
"တူးပေးပါအုံးကွယ်.. ကျယ်ကျယ်လေး… ငါ့မြေးလေး ကျပ်နေမှာစိုးလို့ပါ…"
ကျွန်တော်တို့လည်း နောက် ဆယ်မိနစ်လောက်ကြာအောင် ဆက်တူးပေးလိုက်တယ်…
"ဒီလောက်ဆို ရပီလား အဘ…"
"အေး..ရပီ..မြေးတို့ရယ်..ကျေးဇူးပါပဲ…ဒီလောက်ဆို အဘတို့ မြေးအဘိုး နှစ်ယောက်အတွက် ဆန့်လောက်ပါတယ်..."
"ဗျာ...အဘ.... ဘာ...ဘာ..ပြောလိုက်တာ...."
အဘက ဘာမှ ထပ်မပြောတော့ပဲ...
"အဘ မြေးကို တစ်ခါတည်း မြှပ်လိုက်တော့မယ်.. ခဏနော်.." ဆိုပြီး အုတ်ဂူပေါ်မှာ တင်ထားတဲ့ အလောင်းကို ပုခုံးပေါ်မှာ ထမ်းချလာတယ်..။ ပြီးတော့ ကျွန်တော် တို့ နှစ်ယောက်ရှေ့မှာ ချလိုက်တယ်..။
"သားတို့ တစ်ဖက်က ကိုင်ပေးပါလား.."
ကျွန်တော်တို့လည်း အလောင်းတစ်ဖက်ကနေကိုင်ပြီး ဆွဲမလိုက်တယ်..။ ပုပ်သိုးတဲ့ အညှီနံ့က နှာခေါင်းထဲကို အလုအယက်တိုးဝင်လာတယ်.. အဲ့ဒီအချိန်မှာပဲ.. အလောင်းကို နှစ်ဖက်မတာ မညီတာ ကြောင့် ဖျာလိပ်က အဘဖက်ကို လျှောကြသွားတယ်..။ ကျွန်တော်တို့ လက်ထဲမှာ ကျန်ခဲ့တာက….. မျက်လုံးကြီး ပွင့်ပြီး ကျွန်တော်တို့ကို ပြူးကြည့်နေတဲ့ ကလေးအလောင်းးး
"အားးးးးးးးး… ဟရောင်….လုပ်ပါအုံး….."
ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကလေးအလောင်းကို ကျွင်းထဲ ပစ်ချလိုက်တယ်..။
"ဟင်… မင်းတို့….မင်းတို့…ငါ့မြေးကို ဘာလုပ်တာလဲ…. ငါ့မြေးကို ဘာလို့ပစ်ချလိုက်တာလဲ…"
"ကျွန်တော်တို့ မရည်ရွယ်ပါဘူး..ကလေးက မျက်လုံးမပိတ်ထားတော့..လန့်ပြီး…ပစ်…ပစ်…"
"အဟင့်…အဟင့်…. အဟင့်….." ဒီအချိန်မှာပဲ…. ကျွင်းထဲက အလောင်းကနေ ကောင်မလေး တစ်ယောက်ရဲ့ ငိုသံထွက်လာတယ်…။
"ဟင်….ငါ့မြေးလေးနာလို့ ငိုနေပီ… ငါ့မြေးလေး နာအောင် လုပ်တဲ့ကောင်တွေ… ငါနဲ့တွေ့မယ်… ငါနဲ့တွေ့မယ်…"
"အားးးးးးးးး…….."
"အားးးး.. အမေရေ… ကယ်ပါအုံး…. သရဲဗျ… သရဲ…သရဲ…အဟီးးး …အဟီးး…"
ကျွန်တော်တို့ နှစ်ယောက် အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းမသိတော့ပါဘူး..။ ဆိုင်ကယ်မယူပဲ တောက်လျှောက်ကိုပြေးလာတာပါ..။ အိမ်ရောက်တော့ ဖိနပ်တွေလည်း ပါမလာတော့ဘူး.. ဟို ကောင်ဆို ဘောင်းဘီတိုလေးပဲ ပြန်ပါလာတော့တယ်…။ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ပတ်လောက် လိပ်ပြာလွင့်ပြီး ဖျားခဲ့ကြပါတယ်..။
ဒီဖြစ်ရပ်တွေ အပြီး ခြောက်လလောက် အကြာမှာ.. အသုဘပို့ရင်း သင်းချိုင်းကို နောက်တစ်ခေါက် ရောက်လာခဲ့ရပါတယ်..။ သင်းချိုင်းထဲဝင်ဝင်ချင်းပဲ ကြက်သီးတွေ ထသွားခဲ့ပြီး အားလုံးကိစ္စတွေ ပီးလို့ ကားပေါ် ပြန်တက်မယ့် အချိန်မှာ ကျွန်တော့်စိတ်ထဲ အတွေး တခု ၀င်လာပါတယ်..။ ကျွန်တော် ချက်ချင်းပဲ ကားပေါ်က ဆင်းပြီး..
"ခဏနော်… အပေါ့သွားချင်လို့…" လို့ပြောပြီး ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ နေရာကို သွားကြည့် မိပါတယ်..။ ကျွန်တော် တွေ့ခဲ့ရတာကတော့…. မြေပုံလေးနှစ်ခုကို ကပ်လျက်မြှပ်ထားတာကို တွေ့လိုက်ရပါတယ်…. မြေပုံလေးနှစ်ခုပေါ်မှာ ရေးထားတာကတော့…..
"ဦးဖိုးစိန် - အသက် (၇၂) - ၂၄-၆-၂၀၀၃
ကျော့ဖြူစင် - အသက် (၈) - ၂၄-၆-၂၀၀၃ "
အောင်ထွန်းဦး
Posted by drmyochit
Friday, November 08, 2013, under ကျန်းမာရေး | No comments

နေပြည်တော် နိုဝင်ဘာ ၅
တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ဖွဲ့စည်းကာ နေရာဒေသ အသီးသီးသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ....
နိုဝင်ဘာ ၄ ရက်တွင် ကယား ပြည်နယ် အတွင်း ရောက်ရှိနေသော အခြေပြု ကုသရေး အဖွဲ့(၁)က လွိုင် ကော်မြို့၌ အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၃၇၉ ဦး၊ အရေးပေါ် ခွဲစိတ်လူနာ နှစ်ဦး၊ သာမန် ခွဲစိတ်လူနာ ၁၂ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၂)က ဘော လခဲမြို့၌ အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှဒေသခံ ပြည်သူ ၁၄ဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)က ဖရူဆိုမြို့နယ် မာခရောရှည် ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၂)က ဒီမော့ဆိုမြို့နယ် ဒေါတမကြီး ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၉ဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)က ဒေါရောခူ ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)က ရှားတောမြို့၌ ၎င်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံပြည်သူ ၁၂၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၅)က မယ်စဲ့မြို့၌ ၎င်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၃ ဦးအား လိုအပ်သည့် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အခြေပြု ကုသ ရေး အဖွဲ့(၁)မှ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၄ ဦးတို့အား နယ်မြေခံ တပ်မ တော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှု ခံယူစေသည်။
နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)၏ ဒီမော့ဆိုမြို့နယ် ဒေါတမကြီး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် အတူ ကယားပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှု၍ အားပေးစကား ပြောကြားပြီး တိုင်းမှူးက ဒေါတမကြီး ကျေးရွာရှိ ဗုဒ္ဓဘာသာ တောင်တန်း သာသနာပြု ဆရာတော်ထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း သည်။
အလားတူ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် ဆေးကုသ ရေး အဖွဲ့များ အနေဖြင့် အခြေပြု ကုသရေးအဖွဲ့(၁)က သထုံမြို့နယ် ပိန္နဲတော ကျေးရွာတွင် အခြေ ပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၄၂ ဦး၊ အခြေပြု ကုသရေးအဖွဲ့(၂)က ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာတွင် အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉၁ ဦး၊ နယ်လှည့် ဆေးကု သရေး အဖွဲ့(၁)က ဖာပွန်မြို့နယ် ကတိုင်တိ ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁ဝဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)က ကမမောင်း ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၁ဝ၂ ဦး စုစု ပေါင်း ၅၃၅ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာပေး ဟော ပြောခြင်း၊ လက်တွေ့ သရုပ်ပြခြင်းများ ဆောင် ရွက်ပေးပြီး တပ်မတော် နည်လှည့် ဆေးကုသရေး အဖွဲ့များ မှ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၇၃ ဦး ကို နယ်မြေခံ တပ်မတော် ဆေးရုံ များသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှု ခံယူစေသည်။
ယနေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များမှ ဆေးရုံ တက်ရောက် ကုသရန် အတွက် နယ်မြေခံ တပ်မတော် ဆေးရုံ သို့ ရောက်ရှိလာသော ဒေသခံ ပြည်သူများအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းက သွားရောက် ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
ထို့အတူ ရခိုင်ပြည်နယ် အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ယနေ့တွင် အခြေပြု ကုသရေး အဖွဲ့(၁)က စစ်တွေမြို့ ဆပ်ရိုးကျ အိမ်ရာစခန်းတွင် နေထိုင် သော ဒေသခံပြည်သူ ၁၄၄ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၂)က အမ်းမြို့နယ် လုံးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၄ ဦး၊ အခြေပြုကုသရေး အဖွဲ့(၃)က သံတွဲ မြို့နယ် ဇီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံ ပြည်သူ ၁၃၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)က မောင်တော မြို့နယ် ရွှေရင်အေး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံ ပြည်သူ ၁၃၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)က ရသေ့တောင် မြို့နယ် ဘာတလေ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံ ပြည်သူ ၁၇၅ ဦး၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့ (၃)က ကျောက် တော်မြို့နယ် သရက်တစ်ပင် ကျေး ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံပြည်သူ ၁၅၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)က မြေပုံမြို့နယ် အငူရွာဟောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၂၁ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၆)က မင်းပြား မြို့နယ် ရာမောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၂ဝ၂ ဦး၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့(၇)က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာနှင့် ပတ်ဝန်း ကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၈ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၈)က ကျောက်ဖြူမြို့နယ် စနဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံပြည်သူ ၁၅ဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၉)က ရမ်းဗြဲမြို့နယ် အောင်စည်ကုန်း ကျေး ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၃၃ ဦးနှင့် နယ် လှည့် ဆေးကုသရေး အဖွဲ့(၁ဝ)က ဂွမြို့နယ် မကျီးငူ(ခေါ်)ရွှေရမြိုင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၂၅ ဦး၊ စုစုပေါင်း ၁၈၃ဝ ဦးတို့အား လိုအပ် သည့် ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာ ဟောပြော ခြင်းများနှင့် လက်တွေ့ သရုပ်ပြသ ခြင်းများ ဆောင်ရွက် ပေးကြသည်။
အခြေပြု ကုသရေး အဖွဲ့ (၂) မှ အမ်းမြို့နယ် လုံးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု များကို အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး စကား ပြောကြားပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(မြ၀တီ)
၈.၁၁.၂၀၁၃ မှ ၁၁.၁၁.၂၀၁၃ ထိ (၇) ရက်စာဟောစာတမ်း
Posted by drmyochit
Friday, November 08, 2013, under ဗေဒင် | No comments
မြစ်မခမီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏ ၇ ရက် ဟောစာတမ်း မှ ကူးယူဖော်ပြပါသည်။
တနင်္ဂနွေ
မမျှော်လင့်သော ခရီးရောက်မည်။ မရည်ရွယ်သောအလုပ် ရမည်။ မမြင်ဘူးသော သူ နှင့် ချစ်သူဖြစ်မည်။ လက်ဆောင်ကောင်းရမည်။ ရုတ်တရက် ငွေဝင်မည်။ အတိုက်အခံ တစ်ခု ဖြေရှင်းရမည်။ ခင်မင်သူရဲ့ အထင်လွဲခြင်းခံရမည်။ အကြီးအကဲ အကူအညီရမည်။ စက်၊မြေ တို့ဝင်ထွက်မည်။ မင်္ဂလာဆောင်ဖြစ်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရာထူးတက်ခြင်း ၊ စာမေးပွဲ အောင်မြင်ခြင်း ဖြစ်မည်။
အကျိုးပေးဂဏန်း ၁၊၅၊၇
အထူးဟောချက် ကံကောင်းမည်။
ယတြာ အရှေ့မြောက်ဒေါင့်အရပ်ရှိ ရဟန်းသံဃာကို တနင်္ဂနွေနေ့နံနက် ဆွမ်းကပ်ပါ။
တနင်္လာ
ဒေါသထွက်စရာ ကြုံမည်။ တရား နှင့်ဖြေပါ။ ငယ်ရွယ်သူတွေကို ဂရုစိုက်ပါ။ မထင်မှတ်မှု့တွေကြုံမည်။ ခရီးဝေးသွားရမည်။ မရောက်ဘူးသောခရီး ရောက်မည်။ ကျန်းမာရေး စီးပွားရေး ကောင်းမည်။ အကျိုးတူ ရှယ်ယာ လုပ်ပါ။ အောင်မြင်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အံ့သြစရာများ ၊ ထိတ်လန့်စရာများ ကြုံမည်။ ငွေရကိန်းမြင်သည်။ ထီထိုးပါ။ နေအိမ် ပြောင်းရွှေ့ မှု့ဖြစ်မည်။ နေရာသစ်မှာ ကောင်းကျိုးပေး မည်။ မင်္ဂလာဆောင်ဖြစ်မည်။ ယခင်ရည်းစား နှင့် အဆင်မပြေပါ။ နောက်ရည်းစားနှင့် အဆင်ပြေမည်။
အကျိုးပေးဂဏန်း ၂၊၄၊၈
အထူးဟော အဆင်ပြေမည်။
ယတြာ အရှေ့ရပ်ရှိ ရဟန်းသံဃာကို တနင်္လာနေ့ ဆွမ်းကပ်လိုက်ပါ။
အင်္ဂါ
သူများ ပြောတာ အရမ်း မယုံနှင့်။ သူများခေါ်တာ အရမ်းလိုက်နှင့်။ သူများခိုင်းတိုင်း အရမ်းမလုပ်နှင့်။ မှားတတ်သည်။ ချစ်ဟန်ဆောင်သူ တို့၏ လှည့်စားခြင်းခံရမည်။ ရည်ရွယ်ချက်များပြီး စိတ်တိုင်းမကျ ဖြစ်နေမည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်လိမ့်မည်။ ယခုတစ်ပတ်အတွင်းမှာ အောင်မြင်မှု့တွေရ မည် ဖြစ်သော်လည်း ချက်ခြင်းမရတတ်ပဲ တစ်ဆင့်ပြီးမှ တစ်ဆင့် သော် လည်းကောင်း ၊ ထစ်ငေါ့ပြီး မှ သော်လည်းကောင်း သွယ်ဝိုက်ပြီးမှ အောင်မြင်လိမ့်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော အောင်မြင်မည်။
ယတြာ အင်္ဂါနေ့နံနက်တွင် အရှေ့တောင် ထောင့်ရှိ ရဟန်း သံဃာကို ဆွမ်းကပ်ပါ။
ဗုဒ္ဓဟူး
စိတ်လေမည်။ ခရီးများမည်။ အချစ်ရေးမှာ ဆင်ခြင်၍ မရပဲ ဒဲ့ဒိုး တိုးလိမ့်မည်။ လူယုံမထားရ။ လူပေါင်း မှားမည်။ စကားပြောဆို ဆင်ခြင်ပါ။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရည်ရွယ်ချက် များမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ လူလိမ် ၊ ငွေလိမ် ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ကျန်းမာရေး ကောင်းမည်။ ကား ၊ စက် ၊ မြေဝင် ထွက်မည်။ လုပ်ငန်း ပြောင်းခြင်း ၊ အိမ်ပြောင်းခြင်းဖြစ်မည်။
အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော အထူးအောင်မြင်မည်။
ယတြာ တောင်အရပ်ရှိ ရဟန်းသံဃာကို ဗုဒ္ဓဟူးနေ့ နံနက်တွင် ဆွမ်းကပ်ပါ။
ကြာသပတေး
ချစ်သူပြောင်းလဲ မှု့ဖြစ်မည်။ ချစ်သူ အသစ်နှင့် တွေ့မည်။ အချစ်ဟောင်းနှင့် စိတ်ဝမ်းကွဲမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ခရီးဝေးယာယီ တွေရောက်မည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေးမှာ သူချစ် ကိုယ်ချစ် ၁ဦး ၊ မောင်နှမလို ခင်ရာမှ စွဲလန်းသူ ၁ ဦး ၊ ကိုယ်က မချစ်ပဲ ကိုယ့်အပေါ်ချစ်လာသူ က တစ်ဦး ဖြစ်လာမည်။ ကျန်းမာရေး ကောင်းပါတယ်။ အလုပ်အကိုင် စီးပွားရေး အသစ်အဆန်းတွေ လုပ်ဖြစ်မည်။ အောင်မြင်မည်။ မမျှော်လင့်ပဲ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
အကျိုးပေးဂဏန်း ၅၊၀၊၇
အထူးဟော အောင်မြင်မည်။
ယတြာ အနောက်အရပ်ရှိ ရဟန်းတစ်ပါးကို ကြာသပတေးနံနက်တွင် ဆွမ်းကပ်ပါ။
သောကြာ
ကျော်တော့ လှေသူကြီး ငြားတော့လှေထိုးသား ဖြစ်ကိန်းရှိတယ်။ ချစ်ဟန်ဆောင်သူက ရန်သူထက် ဆိုးမည်။ ဂရုစိုက်ပါ။ ဘယ်အရာမှ မြဲတယ်လို့ မမှတ်နှင့်။ ပြောငးလဲမှု့တွေ ပြောင်းရွှေ့မှု့တွေ ဖြစ်မည်။ ဆုံးဖြတ်ချက် မမြန်ဆန်နှင့်။ အခက်အခဲ အတိုက်အခံ တွေ ကြုံမည်။ မရေ မရာ မသေချာ သော လမ်းကို လျှောက်နေရသလို ဖြစ်နေမည်။ အတိုက်အခံ ရန်ကြုံမည်။ လုပ်တူကိုင်ဖက် ခြင်း စိတ်ဝမ်းကွဲမည်။ ငွေကုန် ကျများမည်။
အကျိုးပေးဂဏန်း - ၆၊၉၊၈
အထူးဟော အခက်အခဲ အတိုက်အခံ တွေ ကြုံပြီးမှ အောင်မြင်မည်။
ယတြာ မြောက်အရပ်ရှိ လမ်းကို သောကြာနေ့တွင် လမ်းခင်းပေးပါ။
စနေ
စိတ်ဗျာများမည်။ သူများအရေး ကိုယ့်အရေးတွေ ရှုပ်နေမည်။ ခရီးများနေမည်။ ခရီးဝေးတွေ ရောက်မည်။ ကူညီသူ ဆောက်ရွက်သူတွေကြောင့် အောင်မြင်မှု့တွေရမည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ကြိုးစားမှု့ များအောင်မြင်မည်။ အချစ်ရေး ပြန်အဆင်ပြေမည်။ ငယ်ချစ်ဦးနှင့် ပြန်ဆုံမည်။ အဝေးရောက် သူငယ်ချင်း နှင့်ပြန်ဆုံမည်။ ဖြေသောစာမေးပွဲ အောင်မြင်မည်။ အင်တာဗျူး အောင်မည်။ အလုပ်ရမည်။ နယ်ပြောင်း ရမည်။ ကိုယ်ပိုင် အလုပ်ပို၍ အောင်မြင်မည်။ ကျန်းမာရေး ပြန်ကောင်းမည်။ စက်၊ ယာဉ်၊ မြေ၊ ဝင်၊ ထွက်မည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော အဆင်ပြေ မည်။
ယတြာ စနေနေ့ နံနက်တွင် အနောက်တောင် အရပ်ရှိ ရဟန်းသံဃာကို ဆွမ်းကပ်ပါ။
လက္ခဏာဗေဒင်ပညာ
ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး
Posted by drmyochit
Friday, November 08, 2013, under | No comments
ဝုန်း...
ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။
နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။
အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။
အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။
ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။
အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။
မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။
မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။
ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။
ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။
ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။
မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။
ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။
ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။
အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။
ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။
အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။
ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။
ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။
ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။
ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။
ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။
ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။
ဟုတ်လား အန်တီလေး။
ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။
မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင် တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့  လိုက်ပြီး တွေ့ ခဲ့ရ တယ်။
ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။
ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။
မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။
ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။
တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။
ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ
ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။
ကိုမောင်မောင်(ရွှေမြို့ တော်)
From: ရိုးရာလေး
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအဖွဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးသေ
Posted by drmyochit
Friday, November 08, 2013, under ပြည်တွင်းသတင်းများ | No comments
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။
“လုံခြုံရေးအရ အမိန့်ပေး တားမြစ်ထားတဲ့ နေရာ၊ ကန့်သတ်ထားတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ပစ်မိန့် ပေးထားပါတယ်။ အဲဒီနေရာတွေက KIA/SSA လမ်းကြောင်း ရှိတဲ့အတွက် လုံခြုံရေးအရ ပစ်မိန့် ပေးထားတယ်။ အခုချိန်မှာတော့ လုံခြုံရေးယူထားတဲ့ အဖွဲ့တွေထဲက ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာကို စုံစမ်းစစ်ဆေး နေပါတယ်” ဟု ၎င်းက ဆိုသည်။
မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး ထားရှိသည့် လုံခြုံရေး အဖွဲ့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အကောက်ခွန်တို့ ဖွဲ့စည်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“မူဆယ် ၁၀၅ မိုင်နမ့်ခွန်ရွာနားမှာ ဖြစ်တယ်လို့ သိရတယ်။ တပ်မတော် ဘက်က ကားရပ်ခိုင်းတာ ကား မရပ်လို့ ပစ်လိုက်တယ်ဆိုတာ သိရတယ်။ အကောက်ခွန်ဌာန ဝန်ထမ်းတွေ ဒဏ်ရာရတယ်” ဟု မူဆယ် ၁၀၅ မိုင် အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဦးနှောက်အာရုံကြောနှင့် ထိခိုက်ဒဏ်ရာကု ဌာနတို့တွင် တက်ရောက် ကုသနေကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။
“ဒဏ်ရာရသူ တွေကတော့ ဦးခေါင်းပိုင်းနဲ့ လက်မှာ သေနတ် ဒဏ်ရာတွေနဲ့ ရောက်လာတယ်” ဟု မန္တလေး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
တပ်မတော်ဘက်မှ လုံခြုံရေး ဆောင်ရွက်နေသည့် ကားကို အဆိုပါကားက ဝင်ရောက် တိုက်မိသဖြင့် ထိုကားကို တားမြစ်ရာမှ ရပ်တန့်ခြင်း မရှိဘဲ ကားကို နောက်ပြန်ဆုတ်ရာမှ တပ်မတော်သား တစ်ဦးကို တိုက်မိပြီး ကားကို ဆက်လက် မောင်းနှင်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။
From : ..the voice
အနမ်း နဲ့ ကျန်းမာရေး (၁၈)နှစ်ပြည့်ပြီးသူများသာ ဖတ်ရန်
Posted by drmyochit
Friday, November 08, 2013, under ကျန်းမာရေး | No comments
မေး။ လူတယောက်နဲ့ တယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
ဖြေ။ mouth to mouthဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။
လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or sexual လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။
ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့ နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။
Erotic kiss လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျင်ဟာ Principal erogenous zone ကိုယ်ခန္ဓာရဲ့ လိင်စိတ် နှိုးထစေတဲ့ ပင်မနေရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။
Steps ဘယ်လို နမ်းကြသလဲ -
၁။ Moisten your lips အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။
၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။
၃။ Close your eyes နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။
၎။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ Go Dutch on the decision to French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။
၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ် လို့ရပါပြီ။
၁၁။ Read your partner's body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့ စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။
လက်တွေ့ ရှိထားသူတွေကနေ (ရှယ်) ကြတာတွေ ရှိပါတယ်-
- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ နားလည်လာကြတာပါ။
- Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။
- Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။
- Follow her lead if she wants to မိန်းကလေးကို ရှေ့ကပြေးပါစေ။
- My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။
တာဝန်အရ သတိပေးပါရစေ -
• Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။
• Ugly, dripping, oozing, puss-filled sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လို အနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။
• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုင်တယ်။
• အဖေါ်အကြောင်း ကောင်းကောင်း မသိရင် အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။
နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီး စပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။
By ဒေါက်တာတင့်ဆွေ
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ် လို့ရပါပြီ။
၁၁။ Read your partner's body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့ စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။
လက်တွေ့ ရှိထားသူတွေကနေ (ရှယ်) ကြတာတွေ ရှိပါတယ်-
- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ နားလည်လာကြတာပါ။
- Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။
- Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။
- Follow her lead if she wants to မိန်းကလေးကို ရှေ့ကပြေးပါစေ။
- My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။
တာဝန်အရ သတိပေးပါရစေ -
• Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။
• Ugly, dripping, oozing, puss-filled sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လို အနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။
• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုင်တယ်။
• အဖေါ်အကြောင်း ကောင်းကောင်း မသိရင် အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။
နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီး စပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။
By ဒေါက်တာတင့်ဆွေ
MISS UNIVERSE ပြိုင်ပွဲ၏ MISS PHOTOGENIC ဆုအတွက် မဲပေးရွေးချယ်မှု စတင် TOP 8 စာရင်းတွင် မြန်မာ အလှမယ် မိုးစက်ဝိုင် ပါဝင်
Posted by drmyochit
Friday, November 08, 2013, under အနုပညာ | No comments
MISS UNIVERSE ပြိုင်ပွဲ၏ MISS PHOTOGENIC ဆုအတွက် မဲပေးရွေးချယ်မှု စတင်လျှက်ရှိပြီး TOP 8 စာရင်းတွင် မြန်မာအလှမယ် မိုးစက်ဝိုင် ပါဝင်လျှက်ရှိသည်ဟု သတင်းရရှိသည်။ အဆိုပါ မဲပေးရွေးချယ်မှု၏ TOP 8 စာရင်းမှာ မြန်မာ၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဟေတီ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ နီကာရာဂွါ နိုင်ငံတို့ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် MISS UNIVERSE ပြိုင်ပွဲ၏ တရားဝင် မဲပေးရွေးချယ်မှု အတွက် လည်း မိမိ၏ အီးမေးလ်လိပ်စာနှင့် နိုင်ငံတို့ကို ဖြည့်စွက်ကာ မဲပေးရွေးချယ်နိုင်သည်ဟု သိရသည်။ မဲပေး ရွေးချယ်မှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သတ်မှတ်ထားသည်ဟု သိရသည်။
"မြန်မာကိုယ်စားပြု MISS တစ်ယောက်အနေနဲ့ မိုးစက်အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်နေပါတယ်။ မိုးစက် ကို ချစ်ခင်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေက မိုးစက်အတွက်တော့ ခွန်အားပါပဲ။ ဒါကြောင့် မိုးစက်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ မိုးစက် အကောင်းဆုံး ကြိုးစားမှာပါ။ ပရိသတ်ရွေး ချယ် မှုကြောင့် ရတဲ့ဆုကိုလည်း မိုးစက် အမက်မောဆုံးပါပဲ။ အခြား ဆုတွေလည်း မြန်မာကိုယ်စားပြု အနေနဲ့ ရယူနိုင် အောင် ကြိုးစားနေပါတယ်"ဟု မြန်မာအလှမယ် မိုးစက်ဝိုင်က ဆိုပါသည်။
MISS UNIVERSE ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ပြုလုပ် မည်ဖြစ်ပြီး မြန်မာကိုယ် စားပြု အလှမယ်အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလှမယ် မိုးစက်ဝိုင်သည် BEST BEKINI BODY သုံးဦးစာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရပြီး MISS UNIVERSE ဆုရရှိရန် ရေပန်းအစားဆုံး အလှမယ်များ စာရင်းတွင်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ MISS PHOTOGENIC ဆုအတွက်လည်း ထိပ်တန်းအလှမယ် ရှစ်ဦးစာရင်းတွင် ပါဝင်နေပြီး အင်တာနက်မှ တစ်ဆင့် မဲပေးရွေးချယ်မှုများတွင်လည်း မဲအရေအတွက် အများအပြား ရရှိနေကြောင်း သိရသည်။
မြန်မာအလှမယ် မိုးစက်ဝိုင်သည် MISS UNIVERSE ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရန် ပြုလုပ်ခဲ့သည့် MISS UNIVERSE MYANMAR အလှမယ်ပြိုင်ပွဲတွင် ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံ ခဲ့ရသူ တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ CALIFORNIA LUTHERAN UNIVERSITY မှ BUSINESS AND MARKETING ဘာသာရပ်အား လေ့လာသင်ယူခဲ့သူ ဖြစ်သည်။ မိုးစက်ဝိုင်သည် အမေရိကန်နိုင်ငံတွင်ပင် တစ်နှစ်ကြာခန့် အလုပ်လုပ်ကိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သူ ဖြစ်သည်

"မြန်မာကိုယ်စားပြု MISS တစ်ယောက်အနေနဲ့ မိုးစက်အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်နေပါတယ်။ မိုးစက် ကို ချစ်ခင်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေက မိုးစက်အတွက်တော့ ခွန်အားပါပဲ။ ဒါကြောင့် မိုးစက်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ မိုးစက် အကောင်းဆုံး ကြိုးစားမှာပါ။ ပရိသတ်ရွေး ချယ် မှုကြောင့် ရတဲ့ဆုကိုလည်း မိုးစက် အမက်မောဆုံးပါပဲ။ အခြား ဆုတွေလည်း မြန်မာကိုယ်စားပြု အနေနဲ့ ရယူနိုင် အောင် ကြိုးစားနေပါတယ်"ဟု မြန်မာအလှမယ် မိုးစက်ဝိုင်က ဆိုပါသည်။
MISS UNIVERSE ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ပြုလုပ် မည်ဖြစ်ပြီး မြန်မာကိုယ် စားပြု အလှမယ်အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလှမယ် မိုးစက်ဝိုင်သည် BEST BEKINI BODY သုံးဦးစာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရပြီး MISS UNIVERSE ဆုရရှိရန် ရေပန်းအစားဆုံး အလှမယ်များ စာရင်းတွင်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ MISS PHOTOGENIC ဆုအတွက်လည်း ထိပ်တန်းအလှမယ် ရှစ်ဦးစာရင်းတွင် ပါဝင်နေပြီး အင်တာနက်မှ တစ်ဆင့် မဲပေးရွေးချယ်မှုများတွင်လည်း မဲအရေအတွက် အများအပြား ရရှိနေကြောင်း သိရသည်။
မြန်မာအလှမယ် မိုးစက်ဝိုင်သည် MISS UNIVERSE ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရန် ပြုလုပ်ခဲ့သည့် MISS UNIVERSE MYANMAR အလှမယ်ပြိုင်ပွဲတွင် ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံ ခဲ့ရသူ တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ CALIFORNIA LUTHERAN UNIVERSITY မှ BUSINESS AND MARKETING ဘာသာရပ်အား လေ့လာသင်ယူခဲ့သူ ဖြစ်သည်။ မိုးစက်ဝိုင်သည် အမေရိကန်နိုင်ငံတွင်ပင် တစ်နှစ်ကြာခန့် အလုပ်လုပ်ကိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သူ ဖြစ်သည်
မြန်မာ့ မာနကိုတော့ ဘယ်သူ တွေ ဘာပြောပြော ကျွန်တော်တော့.. လေးစားတယ်ဗျာ
Posted by drmyochit
Friday, November 08, 2013, under ဗဟုသုတ | No comments
အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ လက်မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အစားထဲက မဟုတ်ပဲ တစ်သက် လုံး သိမ်မွေ့နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်စွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကလည်း ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....
ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သယ် ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံ လေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...
အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်မထည့်ထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ စစ်ကြီး ပြီးသွားတော့ မုဆိုးမ စုဖုရား လတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။
ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။
မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်းမပါပဲ ပြည်တော် မပြန်။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။
အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း တီးပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...
ကြံရာမရဖြစ်တဲ့ စုဖုရားလတ်က အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ် လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးတာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး ရှူးတိုက်။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။
မယ်ကံဆိုး သားအမိတွေရဲ့ ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့် ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...
နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့က စပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်း မ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ်လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...
မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " ဆိုပြီး အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူး။
ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီး တွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ် မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...
ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူက အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျောချ။ ဒေါသ ဖြစ်စရာ ကောင်းလိုက် လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်း ကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူ တွေ ဘာပြောပြော ကျွန်တော်တော့.. လေးစားတယ်ဗျာ...။
Thu Hlaing
Thursday, November 07, 2013
ဖြစ်ပျက်ကိုမြင် ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်ဆုံး၍ ကောင်းဆုံးနိဗ္ဗာန် ငြိမ်းဝင်စံ
Posted by drmyochit
Thursday, November 07, 2013, under ဗဟုသုတ | No comments

ကြောင်းကံဓမ္မ ပေါင်းဆုံခမှ မြင်ကြားနံစား ထိသိများကား သိညားဝိညာဉ်
ပေါ်ရစဉ်တည်း ဣဌ အနိဌ ထိုနှစ်ဝကား ဒွါရအာရုံ ပေါင်းကာဆုံ၍
ပေါ်မှန်ဝိညာဉ် သိစိတ်စဉ်တည်း ပေါ်လျှင်ခဏ ဖြစ်ပျက်ရ၏ ဓမ္မပေါ်စု
ဥာဏ်တင်ရှုက ပေါင်းစုငါးဖြာ ပေါ်ခန္ဓာတည်း ပညာဥာဏ်ဓာတ်
မြဲယှဉ်ကပ်က ကျင့်မြတ်တရား ဥာဏ်မြင်ပွား၏ ဟောကြားဗုဒ္ဓါ ဒေသနာကြောင့်
ခန္ဓာကြောင်းရင်း သိမှန်ခြင်းတည်း ဖြစ်ရင်းတွေ့ကြုံ ကောင်းဆိုးစုံသည်
အာရုံခံဓာတ် ခြေသတ်မှတ်၍ ပေါ်အပ်တရား ဖြစ်စဉ်ပွား၏ တွေ့ညားဣဌ
အနိဌနှင့် ဖြစ်ရဧကန် သိဝိညာဉ်ကို ဥာဏ်ယှဉ်ဝိပဿ် ရှုမြင်မှတ်က
ဖြစ်ပျက်ကိုမြင် ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်ဆုံး၍ ကောင်ဆုံးနိဗ္ဗာန် ငြိမ်းဝင်စံတည်း.......
ရတနာ လင်္ကာရ
ဟာသ
Posted by drmyochit
Thursday, November 07, 2013, under ဟာသ | No comments
မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”
“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
~သေးထွက်ရီရသောဟာသများ~
မိုးပျံကား တီထွင်မှု နယ်ပယ်တွင် ဦးဆောင်နေသည့် AEROMOBIL 2.5
Posted by drmyochit
Thursday, November 07, 2013, under နည်းပညာ | No comments
ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများအား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မိုးပျံကားများ အပြိုင်အဆိုင် တီထွင်နေမှု နယ်ပယ်မှ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုအဖြစ် AeroMobil 2.5က ဦးဆောင်နေပြီဟု ဆိုရပေမည်။ ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများ အား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မော်တော်ကား တစ်စင်းအဖြစ်မှ လေယာဉ်ငယ် တစ်စင်း အသွင် အလွယ်တကူ ကူးပြောင်းနိုင်သည့် AeroMobil 2.5သည် လတ်တလော စမ်းသပ်မှုများအရ အထင် ကြီး လောက်ဖွယ် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ AeroMobil 2.5သည် လမ်းပေါ်တွင် မော်တော်ကားတစ်စင်းအဖြစ် အမြင့်ဆုံး မြန်နှုန်း တစ်နာရီ (၉၉)မိုင်ထိ မောင်းနှင်နိုင်သည်။
သို့သော်လည်း အတောင်ပံများကို ဆန့်ထုတ်လိုက်ပြီး လေယာဉ်ငယ် တစ်စင်းအနေဖြင့် ပျံသန်းသည့်အခါ တစ်နာရီလျှင် (၁၂၄)မိုင်နှုန်းထိ မောင်းနှင်နိုင်ကြောင်း တွေ့ရှိရသည်။ ဒီဇိုင်းပညာရှင် နှစ်ဦးဖြစ်သည့် စတီဖန်ကလိန်းနှင့် ဂျူရက်ခ်ဗာကူလစ်ခ်တို့ ပူးပေါင်းတီထွင်သော မော်တော်ကားလေးကို ယခုအခါ ဝေဟင်နှင့် မြေပြင် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်သည်။ အဆိုပါ ပညာရှင် နှစ်ဦးလုံးသည် ဆလိုဗက်ကီးယားရှိ ဘရာတီဆလာဗာ ဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
"လမ်းပေါ်မောင်းနေတဲ့ အချိန်မှာတော့ အတောင်ပံတွေကို ခေါက်ထားဖို့ လိုပါတယ်"ဟု စတီဖန်က မှတ်ချက်ပြုခဲ့သည်။ ယခုမော်တော်ကားလေးကို မွန်ထရယ်လ်တွင် ကျင်းပသည့် AeroTech လေကြောင်း ပြပွဲ၌ စွမ်းရည်ပြ ပျံသန်းပြခဲ့သည်။ "တကယ်တော့ မိုးပေါ်ပျံနိုင်တဲ့ မော်တော်ကားမျိုးကို တီထွင်နိုင်ဖို့ (၁၉၉၀)လောက်ကတည်းက ကျွန်တော်တို့ ကြိုးစားခဲ့ကြတာပါ။ ပထမဆုံး မော်ဒယ်လ်က တော်တော့်ကို အချိုးမကျဖြစ်ခဲ့ပြီး ပြဿနာတွေလည်း တော်တော်များခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်တို့ ပိုကောင်း အောင်၊ အမှားပိုနည်းအောင် ပြင်ဆင်လာခဲ့တယ်။ လက်ရှိ မော်ဒယ်လ်ကတော့ လေကြောင်းပျံသန်းမှု ဆိုင်ရာ သုတေသီတွေက မှတ်ချက်ကောင်းကောင်း ပေးထားတဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ"ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တာတီရာနာ ဗီဘာက ပြောကြားခဲ့သည်။ AeroMobil ကုမ္ပဏီသည် ၎င်းတို့၏ မော်တော်ကားလေးကို နည်းပညာပိုင်း ဆက်လက်မြှင့်တင်ရန် သုတေသနပြုနေဆဲဖြစ်သည်။
ယခုမော်တော်ကားသည် သာမန်ဓာတ်ဆီဆိုင်လေး တစ်ခုတွင်ပင် ဆီဖြည့်နိုင်သည့် လောင်စာမျိုးကိုပင် အသုံးပြုမည် ဖြစ်သည်။ "ကြိုက်တဲ့ဓာတ်ဆီဆိုင် ထိုးရပ်ပြီး ဆီဖြည့်လို့ရပါတယ်။ လေယာဉ်ဆီ မလိုပါဘူး။ အင်ဂျင်ကတော့ Rotax 9212 ULSကို သုံးထားပါတယ်"ဟုလည်း တာတီရာနာက ရှင်းပြခဲ့သည်။ အပေါ့စား သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် ယင်းမော်တော်ကားလေးသည် ဆီအပြည့်ဖြည့်ထားပြီးပါက မိုင်ပေါင်း(၃၁၀)ထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။ ထိုအချိန်တွင် ကားလေး၏ အကျယ်မှာ (၁)မီတာခွဲမျှသာ ရှိသည်။ အကယ်၍ တောင်ပံများကို ဆန့်ထုတ်လိုက်လျှင်မူ (၈)မီတာကျယ်သည့် နှစ်ယောက် စီး လေယာဉ်ငယ်လေးအသွင် ပြောင်းလဲသွားမည် ဖြစ်သည်။ လေယာဉ်အနေဖြင့်မူ ဆီအပြည့် ဖြည့်ပြီး ချိန်၌ မိုင်ပေါင်း(၄၃၀)ထိ မရပ်မနား ဆက်တိုက်ပျံသန်းနိုင်ကြောင်းလည်း သိရှိရသည်။
Source: Planet Myanmar Network
Time in Rangoon














