Sunday, November 24, 2013

ဒီမိုကရေစီစံနှင့် ပြည်သူ့အသံ

Posted by drmyochit Sunday, November 24, 2013, under | No comments


"တိုးမြှင့်ထားသော လျှပ်စစ်မီတာခနှုန်းထားများ လျှော့ချပေးမည်မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်စမှစ၍ ကောက်ခံသွားမည်ဟု ပြည်ထောင်စု လွှတ်တော်သို့ သမ္မတသ၀ဏ်လွှာ ပေးပို့" ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ပါရှိခဲ့သည်။ သတင်း ဖော်ပြချက်အရဆိုလျှင် ပြည်သူတွေက ဘာပြောပြော လာမည့်ဘဏ္ဍာနှစ် အစပိုင်းမှစပြီး လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရေးကိစ္စကို မူလစီစဉ်ထားသည့်အတိုင်း ဆက်လက် အကောင်အထည်ဖော်မည်ဆိုသည့် သဘောပင် ဖြစ်ပါသည်။

ဒီကိစ္စနှင့် ပတ်သက်၍ လွှတ်တော်၏အသံမှာ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒရယူဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူတို့၏ ကိုယ်စားလွှတ်တော်က ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ခြင်းမှာလည်း အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဖက်ခြင်း မဟုတ်ကြောင်း ပြည်သူသည် အစိုးရအတွက်မဟုတ်ဘဲ အစိုးရသည် ပြည်သူအတွက်သာ ဖြစ်သင့်ကြောင်း ဒီမိုကရေစီခေတ်တွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်သူအား မည်သည့်အရာမျှ ဆောင်ရွက်မပေးရသေးမီ ပြည်သူထံမှ အတင်းရယူမည်ဆိုပါက လွှတ်တော်မှလည်း လက်ခံမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း သူတို့၏ သဘောထားကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

လွှတ်တော်မှလည်း မီတာခတိုးမြှင့် ကောက်ခံရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အစည်းအဝေးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို ပြပေးဖို့ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိသတင်းစာပါ သတင်းအရဆိုလျှင် သမ္မတ၏ သ၀ဏ်လွှာအရ လွှတ်တော်သို့ ပြန်လည်တင်ပြရန် မလိုတော့ဘဲ တိုးမြှင့်နှုန်းထားများအတိုင်း ဆက်လက်ကောက်ခံခွင့် ရပြီဆိုတဲ့ သဘောမျိုး သက်ရောက်နေပေသည်။ ဒီနေရာ၌ လွှတ်တော်၏ အခန်းကဏ္ဍ မပါဝင်တော့ဘဲ ပျောက်ကွယ်လျှက်ရှိနေသည်ကို တွေ့ရပေသည်။

စင်စစ် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေ ဖြင့် ပြည်သူ့ထံမှ အာဏာစီးဆင်းမှသာလျှင် ဒီမိုကရေစီ စစ်သရုပ်သကန် ပီပြင်မည် ဖြစ်ပါသည်။ ဒီတော့ ပြည်သူအများစုတို့၏ ရင်တွင်းဆန္ဒ ဖြစ်လိုသည်များကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အနေအထားသာ ဖြစ်ပါသည်။ သို့စဉ်လျှက် ယခုလျှပ်စစ်ဓာတ်အားကိစ္စတွင် ပြည်သူအများ ဖြစ်စေလိုသည်များကို မျက်ကွယ်ပြု လျစ်လျူရှုကာ သူတို့ဖြစ်လိုသည့်အတိုင်း ဖြစ်လာစေရန် လွှတ်တော်ကိုပင် ပထားလျှက် သမ္မတထံဝင်ရောက်ကာ ယခုကဲ့သို့ အကောင်အထည်ဖော်ဖို့ အဓမ္မကြိုးပမ်းမှုမှာ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရာ၌ အမည်းစက်များ စွန်းထင်းသွားနိုင်ကြောင်းကို သတိမူသင့်လှပေသည်။

နိုဝင်ဘာ ၉ ရက်က လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီးနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်သုံးသပ်ရန် တင်ပြလာသည့်အတွက် ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က လျှပ်စစ်ဓာတ်အားခနှုန်းထားအား ဒီလောက်ပဲလုပ်ဆိုလျှင် လုပ်ဖို့အသင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

နောက်တစ်နေရာ၌ နောက်ဆုံးပြောချင်တာက ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့အပေါ်မှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်ဟု ဆိုထားပါသည်။ သို့စဉ်လျှက် "တိုးမြှင့်ထားသော လျှပ်စစ်မီတာခနှုန်းထားများ လျှော့ချပေးမည်မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်စမှစ၍ ကောက်ခံသွားမည်" ဟုဆိုထားပြန်ရာ ရှေ့စကားနှင့် နောက်စကား မညီမှုအပေါ် ဘယ်အရာက အမှန်ဖြစ်မည် ဆိုသည်ကို စဉ်းစားမရအောင် ဖြစ်ရပေသည်။

မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌကတော့ ဒီကိစ္စနှင့် ပတ်သက်ပြီး "ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထုအတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ၀ ဒသမ ၃၉ ရာခိုင်နှုန်းရှိတဲ့ စက်မှုလုပ်ငန်းရှင် စီးပွားရေးလုပ်ငန်းရှင် ၄၀၀၀ နီးပါးလောက်ကိုပဲ ထိခိုက်မှာပါ" ဟူ၍လည်းကောင်း၊ မီးမရတဲ့ ပြည်သူရာခိုင်နှုန်း ၇၀ ကို မီးပေးဖို့ ကုန်ကျစရိတ် လိုတယ်" မီတာခတက်လို့ ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို မေးချင်တာက သူတို့ဘယ်သူကို ကိုယ်စားပြုပြီး ဆန္ဒပြလည်း ဆိုတာပဲ" ဆိုတဲ့အောက်ခြေလူထုနဲ့ မနီးစပ်တဲ့ ဆန့်ကျင်ဘက် စကားလုံးများနဲ့ ပစ်ပေါက်ခဲ့ပါသေးသည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ အသံဗလံများ ပွက်ထနေသည့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက်ရှိပါက သီးခြား အဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

လျှပ်စစ် ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည်ဟု သတင်းစာမှ ကြေညာပြီး နိုဝင်ဘာ ၆ ရက် ၇ ရက်များတွင် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချပေးရေးအတွက် ရန်ကုန်-မန္တလေးမြို့ကြီးများ၌ လူထုဆန္ဒပြမှုများ ရက်ဆက် ပြုလုပ်ခဲ့ကြသေးသည်။ သူတို့၏ ထုတ်ဖော်ဆန္ဒပြရာတွင် "မီတာခ တိုးမြှင့်ကောက်ခံခြင်း ချက်ချင်းရပ်၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခလျှော့ချပေး၊ မီတာခတွေတက်လို့ တိုင်းပြည်မတိုးတက် ပြည်သူတွေသာ ဘ၀ပျက်မည် မီတာခတက်ရန် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ် စာတန်းများစွာဖြင့် နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ"ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း "ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းအပေါ် ပြည်သူတို့အား ကြိုတင်၍ အသိပေးခြင်းမပြုဘဲ ရုတ်တရက် ပြောင်းလဲခြင်းသည် ဒီမိုကရေစီ ပြောင်းလဲမှုကိုသွားရန် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို စဉ်းစားမထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း" နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ပေသည်။

အမှန်စင်စစ် တိုင်းပြည်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းကြရာ၌ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်မှာ ငြင်းဆိုဖွယ်မရှိပါ။ သို့သော်လည်း နိုင်ငံတော်အစိုးရမှာသာ အဓိက တာဝန်ရှိပါသည်။ နိုင်ငံတော်၏ ကြွယ်ဝမှုအလိုက် လုပ်သင့် လုပ်ထိုက်သည်များကို စီမံခန့်ခွဲရေး တာဝန်အရ လိုအပ်သည့် ထောင့်မှ ဖြည့်ဆည်းပေးရန် တာဝန်မှာ အစိုးရ၏ တာဝန်သာ ဖြစ်ပါသည်။ ဘက်ပေါင်းစုံက အရှုံးပြနေသည် မဟုတ်ပါ။ လျှပ်စစ်ဓာတ်အားဘက်က အရှုံးပြနေသည်ဆိုဦးတော့ သဘာဝ စွမ်းအင်ဓာတ်ငွေ့ဘက်က ၀င်နေသည့် နိုင်ငံတော်၏ ဘတ်ဂျက်တွေ ဒီလောက်ကောင်းနေချိန်တွင် လိုအပ်သည့်ဘက်သို့ အစားထိုး သုံးစွဲ၍ မဖြစ်နိုင်တော့ပြီလောဆိုကာ ပြည်သူများဘက်မှ စောဒကတက် မေးလာခဲ့သော် သက်ဆိုင်ရာက အဘယ်ကဲ့သို့ ဖြေကြားမည်ကို တစ်ဆိတ်လောက် နားစွင့် ကြည့်လိုပါသည်။

ပြည်သူတို့၏ အသံကို နားစွင့်မိသည့် မလှိုင်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ကတော့ "လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံတာတွေအပေါ် ပြည်သူလူထုရဲ့ခံစားမှုတွေကြောင့်ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်" လို့ ပြောပါသည်။

ဒီမိုကရေစီအစိုးရဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားရပါမည်။ ခုလိုမျိုး မီတာခတွေကို တိုးကောက်လိုက်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုပြီး ပြောနေပေမယ့် တကယ်တမ်းကျတော့ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်စေတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်လို့ ဆန္ဒထုတ်ဖော်သူ တစ်ဦးက ပြောပါသည်။

ယနေ့ကာလသည် ဒီမိုကရေစီ နိုင်ငံတော်ဆီ ဦးတည်လျှောက်လှမ်းနေသည့် ကာလဖြစ်ပါသည်။ ယခင်ကာလဟောင်းက အငွေ့အသက်များ ကျန်ရှိမနေသင့်တော့။ ဒီမိုကရေစီ နည်းလမ်းမကျသည့် လုပ်ဆောင်မှုမှန်သမျှ ရပ်တန်းက ရပ်ကြမှသာလျှင် ပြည်သူပြည်သားများအဖို့ ၀န်ထုပ်ဝန်ပိုးများ မဖြစ်ပေါ်စေနိုင်သလို နိုင်ငံတော်၏ ပုံရိပ်သည်လည်း ဒီမိုကရေစီ ကျင့်စဉ်များဖြင့် ပိုမို၍ ပွင့်လင်း တောက်ပြောင်လာမည် ဖြစ်ပါသည်။

EMG
Written by - ရွှေဒါးမောင်လေးရည်  

ကမ္ဘာ့ခေါင်းဆောင်တို့ထဲ အဆင်းရဲဆုံး သမ္မတကြီး

Posted by drmyochit Sunday, November 24, 2013, under | No comments


တောင်အမေရိကတိုက်၏ အရှေ့တောင်ဘက်၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့အကြား၌ မြန်မာဘောလုံးပရိသတ်တို့နှင့် မစိမ်းလှသော နိုင်ငံတစ်ခုရှိသည်။ ဗိုလ်သံပေါက်အောင် ခေါ်လိုသူတချို့က 'ယူရူဂွိုင်း'ဟု ခေါ်တတ်သော်လည်း အသံထွက် အမှန်က'ဥရုဂွိုင်း' ဖြစ်ပြီး မြန်မာအသံထွက် 'ဥရုဂွေး' နှင့် အတော်နီးစပ်ပါသည်။ ယင်းနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၅ သမ္မတသက်တမ်းအတွက် ၂၀၀၉ ခု နိုဝင်ဘာ ၃၀ ရက်၌ ရွေးကောက်ပွဲအနိုင်ရ သမ္မတမှာ José Mujica ဖြစ်သည်။ သူ့အမည်ကို ဂျို့စ်မူဂျီကာဟု အသံထွက် ခေါ်မိနိုင်သော်လည်း နိုင်ငံတကာတွင် အများသိ အမည်မှန်မှာ 'ဂျိုဆေးမူဖီကာ' ဖြစ်ကာ သူ့နိုင်ငံသားများက 'ဂျိုဆေးဖူဖီကာ'ဟု စပိန်အသံထွက်ဖြင့် ခေါ်သည်ကတော့ ပိုမှန်လိမ့်မည် ထင်သည်။

၁၉၃၅ ခုနှစ်တွင် မွေးဖွားသော သမ္မတကြီး မူဖီကာသည် ၁၉၆၀ ခုနှစ်တွင် ကျူးဘားတော်လှန်ရေး၏ လှုံ့ဆော်မှုကြာင့် လက်ဝဲပြောက်ကျား တပ်ဖွဲ့ဝင်ဖြစ်လာပြီး ၁၉၇၀ ပြည့်နှစ်အထိ ယင်းဘ၀တွင် ကျင်လည်ခဲ့သည်။ သူသည် အစိုးရ၏ ဖမ်းဆီးခြင်းကို လေးကြိမ်ခံခဲ့ရပြီး ၁၉၇၁ခုနှစ်၌ နိုင်ငံရေး အကျဉ်းသားအဖြစ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ပြန်လည်ဖမ်းဆီးခံရပြီး ဤအတောအတွင်း ရဲက သေနတ်ဖြင့် ခြောက်ကြိမ်ပစ်ခတ်ခြင်း ခံခဲ့ရသည်။ ၁၉၇၃ ခုနှစ် စစ်တပ်အာဏာ သိမ်းသောအခါ စစ်အကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ခြင်းခံရပြီး ယင်းထောင်၌ ၁၄ နှစ် နေခဲ့ရသည်။ ၁၉၇၀ ခုနှစ်များအတွင်း ရေတွင်းထဲသို့ချပြီး လှောင်ထားသည်မျိုး အပါအ၀င် ဆိုးရွားစွာ ချုပ်နှောင်မှု နှစ်နှစ်ခန့် ခံခဲ့ရသည်။ ထောင်ထဲတွင် နောင်သူနှင့်အတူ 'တူပါမာရိုး' ပါတီကို အတူတည်ထောင်ပြီး အတူတွဲလုပ်ကြမည့် ခေါင်းဆောင်များနှင့် ဆုံတွေ့ခဲ့သည်။ ၁၉၈၅ခုနှစ်တွင် ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာသောအခါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ နောင်ဒီမိုကရေစီစနစ် အသားကျ လာသောအခါ သူနှင့်တူပါမာရိုးပါတီ ခေါင်းဆောင်များ အခြားလက်ဝဲခေါင်းဆောင်များကိုပါ ဆက်သွယ်ပေါင်းစည်းပြီး မုဖ်မင့်အော့ဖ် ပေါ်ပြူလာ ပါတီစီပေးရှင်း ပါတီကို တည်ထောင်ခဲ့သည်။

ဂျိုဆေးမူဖီကာသည် ၁၉၉၄ ရွေးကောက်ပွဲတွင် ဥပဒေပြုအမတ်၊ ၁၉၉၉ ၌ အထက်လွှတ်တော်အမတ်၊ ၂၀၀၅ ခုနှစ်တွင် မွေးမြူစိုက်ပျိုးနှင့် ငါးလုပ်ငန်းဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မဲဆန္ဒ ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရကာ သမ္မတဖြစ်လာသည်။ သူသည် ၂၀၀၅ ခုနှစ်တွင် တူပါမာရိုး ပါတီဝင်တစ်ဦးဖြစ်ပြီး ယခု အထက်လွှတ်တော်အမတ် ဖြစ်နေသည့် လိုရှားတိုပိုလန်စကီးနှင့် လက်ထပ်ခဲ့သည်။ သမ္မတကြီးသည် ဥရုဂွေး ခေါင်းဆောင်များအတွက် နိုင်ငံတော်က စီစဉ်ပေးထားသော ဇိမ်ခံအိမ်မျိုးမှာ နေထိုင်မည့်အစား မြို့တော်မွန်တီဗီဒီယို၏ အပြင်ဘက် ဖုန်ထူသော လမ်းကလေးအဆုံးရှိ သူ့ဇနီး၏ လယ်တောအိမ်ကလေး၌ နေထိုင်ရန် ရွေးချယ်ခဲ့သည်။ သူတို့ ရေတွင်းမှရေကိုခပ်ကာ အ၀တ်လျှော်ပြီး အိမ်ပြင်ဘက်တွင် လှန်းထားသည်ကို ဓာတ်ပုံမှာ မြင်ကြရသည်။ သမ္မတကြီးတို့ ဇနီးမောင်နှံသည် မြေကိုကိုယ်တိုင် ပြုပြင်ကာ ပန်းများ စိုက်ပျိုးကြသည်။ သူ့ဘ၀ဟန်ပန်က သူ့မဲဆန္ဒရှင်များ၏ ဘ၀နှင့် အတော်နီးစပ်တူညီပြီး နိုင်ငံတကာ aခါင်းဆောင်များနေထိုင်ပုံနှင့် သိသိသာသာ ကွာခြားနေသည်။

အထူးခြားဆုံးအချက်မှာ သမ္မတကြီးက ဒေါ်လာ ၁၂၀၀၀ နှင့်ညီသော သူ့လစာ ရာခိုင်နှုန်း ၉၀ ကိုမယူဘဲ လှူဒါန်းခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူသည် ကမ္ဘာပေါ်တွင် 'အဆင်းရဲဆုံး သမ္မတ'အဖြစ် နိုင်ငံတကာက ကင်ပွန်းတပ် အသိအမှတ်ပြုလာကြသည်။ 'ကျုပ်က ခပ်ကြောင်ကြောင် အဘိုးကြီးပုံတော့ ပေါက်နေလိမ့်မယ်။ ဒါပေမဲ့ ဒါကလွတ်လပ်တဲ့ ရွေးချယ်မှုပဲဗျာ'ဟု သမ္မတကြီးက ဆိုသည်။ သူက သူ့လစာ ရာခိုင်နှုန်း ၉၀ ကို ဆင်းရဲသားပြည်သူနှင့် လုပ်ငန်းရှင်ငယ်များသို့ လှူဒါန်းခြင်းဖြစ်သည်။ ထိုသို့ လှူဒါန်းလိုက်သည့်အတွက် သူ့ကျန်လစာမှာ ဥရုဂွေးပြည်သူများ၏ ပျမ်းမျှလစာ ဒေါ်လာ ၇၇၅ နှင့် ညီမျှသွားသည်။ ၂၀၁၀ ပြည့်နှစ်၌ သူ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို ကြေညာသောအခါ ဒေါ်လာ ၁၈၀၀ သာရှိပြီး ယင်းမှာသူ ပိုင်ဆိုင်သော ၁၉၈၇ မော်ဒယ်လ် ဗောက်စ်ဝက်ဂွန်ဘီတဲလ် မော်တော်ကားတန်ဖိုး ဖြစ်သည်။ ယခုနှစ်တွင် သူကဇနီးပိုင်မြေ၊ ထွန်စက်နှင့် အိမ်တို့၏ တန်ဖိုးထက်ဝက်စီကို ထည့်ပေါင်းလိုက်၍ ဒေါ်လာ တစ်သိန်းတစ်သောင်းငါးထောင်အထိ တိုးတက်လာခဲ့သည်။ ယင်းသည်ပင် လက်ရှိ ဒုသမ္မတဒါနီလိုအက်စ်တိုရီ၏ ပိုင်ဆိုင်မှု၏ သုံးပုံနှစ်ပုံ၊ ယခင် သမ္မတ၏ ပိုင်ဆိုင်မှုထက် သုံးပုံတစ်ပုံသာ ရှိသည်။

သမ္မတကြီးက'ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်ဆင်းရဲတယ်လို့ မခံစားရဖူးပါဘူးဗျာ။ တကယ်ဆင်းရဲတာက အကုန်အကျများတဲ့ နေထိုင်မှု ဘ၀ပုံစံအတွက် လောက်ငအောင် ရှာရင်းက ပိုပိုလိုနေတဲ့ လူတွေပဲဗျ'ဟု ဆိုသည်။ 'ဒါက လွတ်လပ်ခြင်းဆိုတာပါပဲ။ ခင်ဗျားမှာ ပိုင်တာများများစားစား မရှိတော့ဘူးဆိုရင် အဲဒီပိုင်သမျှတွေကို တည်တံ့အောင် တစ်ဘ၀လုံး ကျွန်လိုရုန်းရတာမျိုးလည်း မလိုတော့ဘူး။ အဲဒီအခါကျ ခင်ဗျားအတွက် ကိုယ်ပိုင်အချိန်တွေ ပိုရလာလိမ့်မယ်'ဟု သူကဆိုသည်။ ဥရုဂွေးသမ္မတကြီးက ၂၀၁၂ ဇွန်လတွင် လုပ်ခဲ့သည့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကွန်ဖရင့် (ယူအင်န်စီအက်စ်ဒီ)ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာမှာ 'ကျွန်တော်တို့တွေ တစ်နေ့ခင်းလုံးလိုလိုပဲ ဆင်းရဲမှုက ရုန်းထွက်နိုင်ဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရအောင် လုပ်ရမှာဆိုတာချည်း ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာတွေစဉ်းစားနေကြတာလဲ။ ကျွန်တော်တို့က ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကြီးပွားနေမှုနဲ့ စားသုံးရမှု ပုံစံတွေကို လိုချင်နေကြတာလား။ ကဲ တစ်ခုမေးမယ်။ တကယ်လို့များ အိန္ဒိယက အိမ်ထောင်စုတွေ ကားပိုင်တဲ့အချိုးဟာ ဂျာမနီနဲ့ တူတူလောက် ဖြစ်သွားမယ်ဆိုရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ။ ကျွန်တော်တို့အဖို့ အောက်ဆီဂျင် ကျန်ပါဦးမလား'ဟု မေးခွန်းထုတ်ခဲ့သည်။ နိုင်ငံတကာ ခေါင်းဆောင်များကိုလည်း အစွန်းရောက် ဖွံ့ဖြိုးလိုမှု ဥပါဒါန် စွဲကပ်နေကြသည်ဟု စွပ်စွဲလိုက်၏။

မဲဆွယ်ကာလကတည်းက နက်ကတိုင်မစည်းဘဲ ၀တ်စုံဝတ်တတ်သူ၊ ဘာသာမဲ့အဖြစ် ဘာမှမကိုးကွယ်သူ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းများစိုက်စားပြီး လယ်တောအိမ်မှာနေပြီး လစာ၏ ရာခိုင်နှုန်း ၉၀ ကို အမြဲလှူနေသူ သမ္မတကြီး မူဖီကာကို သူလုပ်သမျှ အများကကျေနပ် ထောက်ခံနေကြသည်တော့ မဟုတ်ပါ။ ကိုယ်ဝန် ၁၂ ပတ်အထိ ပဋိသန္ဓေ ဖျက်ချခွင့်ကို ယခင်သမ္မတလို ဗီတိုသုံးပြီး မပိတ်ပင်မှု၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ၀န်ဆောင်မှု တိုးတက်မလာမှုတို့အတွက် ဝေဖန်ခံရသည်မျိုး ရှိသည်။ သို့သော် ဥရုဂွေးဥပဒေအရ ၂၀၁၄ ခုတွင် သမ္မတပြန်ရွေးခွင့် မရှိသည်မှာ သေချာနေသော အသက် ၇၇ နှစ်အရွယ် သမ္မတကြီးက များစွာ ပူပန်မည့်ပုံ မပေါ်ချေ။

ဒါတင်မက သမ္မတကြီးကို နိုင်ငံတော်သမ္မတ အိမ်တော်မှာမနေဘဲ လယ်တောအိမ်မှာနေပြီး တိုင်းပြည်ကို အရှက်ခွဲရကောင်းလားဟု အတိုက်အခံကပင် ပြောသံမကြားရ။ ထို့ပြင် နိုင်ငံတကာတွင် ထူးခြားခွဲထွက်သည့် မိန့်ခွန်းမျိုး ပြောခြင်းအတွက်လည်း ပြည်တွင်းပြည်ပက အပြစ်တင်သံ ဝေဖန်သံကို မကြားရချေ။ ကံအကောင်းဆုံးအချက်က သူ့လစာ၏ ရာခိုင်နှုန်း ၉၀ ကို လစဉ် လှူဒါန်းနေသည့်တိုင် ထိုသို့လှူဒါန်းမှုမှ ဆင်းရဲ သားများနှင့် လုပ်ငန်းရှင်ငယ် ကလေးများ အကျိုးရှိနေခြင်းကို ကန့်ကွက်သူ မရှိသည့်အပြင် ထိုလှူဒါန်းမှုကို နိုင်ငံရေးတိုက်ကွက် ဖြစ်သည့်ဟု သဘောထားမည့် နိုင်ငံရေးပြိုင်ဘက် (သို့မဟုတ်) သူလစာ လှူဒါန်းနေမှု များက မိမိတို့လစာ ယူနေရသူများ၏ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်နေသည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေပြောမည့် လုပ်ဖော်ကိုင်ဖက်တို့ကို မကြုံရဘဲ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ လှူဒါန်းခွင့်ရခြင်း ဖြစ်သည်။

ကျွန်တော့်ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ဆိုကြပေမယ့် 'ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မခံစားရဘူး။ မရောင့်ရဲနိုင်သူတွေသာ ဆင်းရဲနေတာ'ဟု ပြောနိုင်စွမ်းသော၊ ဘာသာမဲ့ဆိုသော်လည်း သန္တုဿကောစ-တင်းတိမ်ရောင့်ရဲလွယ်၊ သုဘရောစ-မွေးမြူလွယ်၊ အပ္ပကိစ္စောစ-အမှုကိစ္စနည်းပါး၊ သလ္လဟုက၀ုတ္တိ-၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိ ဆိုသည့်ချမ်းသာကို နားလည်ခံစားနေသော သမ္မတကြီးမှာ ကျွန်တော်တို့အားလုံးအတွက် အဘက်ဘက်က ရှုမြင်အားကျစရာ ဖြစ်နေပါတော့သည်။

(လွတ်လပ်ပေါ့ပါးစွာ နေထိုင်သော ဥရုဂွေးသမ္မတကြီး ဂျိုဆေးမူဖီကာ)
Written by - မောင်လွင်မွန် (ကသာ)  

Saturday, November 23, 2013

ဝက်ဘ်ဆိုက်များတွင် အနုပညာရှင်များ၏ ကိုယ်ရေးကိုယ်တာများ မဖော်ပြသင့်ဟု ဒန်နီရယ်လ် ပြောကြား

Posted by drmyochit Saturday, November 23, 2013, under | No comments

လော့စ်အိန်ဂျလိစ် နိုဝင်ဘာ ၂၂ 
အင်တာနက်သတင်း ဝက်ဘ်ဆိုက်များကို အသုံးပြုသည့် အနုပညာရှင်များသည် ကိုယ်ရေးကိုယ်တာ အခွင့်အရေး များ ဆုံးရှုံးရလျက်ရှိကြောင်း ဟယ်ရီပေါ်တာမင်းသား ဒန်နီရယ်လ်ရတ်ကလေ့ခ်ျက ဖွင့်ဟပြောကြားခဲ့ကြောင်း သိရသည်။ အနုပညာရှင်များ အနေဖြင့် ကိုယ်ပိုင်သီးသန့်ဘဝကို လိုချင်ပါက တွစ်တာ သို့မဟုတ် ဖေ့ဘွတ်ခ် ဝက်ဘ်ဆိုက် အစရှိသည့် လူမှုကွန်ရက်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဖော်ပြခြင်းကို ရှောင်ရှား သင့်ကြောင်း ဒန်နီရယ်လ်က သတိပေးပြောကြားခဲ့သည်။ 
မြ၀တီ  

တောင်ကိုရီးယားနိုင်ငံက ဂြိုဟ်တုလမ်းညွှန် စနစ်ပါ Spike ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

Posted by drmyochit Saturday, November 23, 2013, under | No comments


ဆိုးလ် နိုဝင်ဘာ ၂၂ 

တောင်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါအတွင်းရှိ ကျွန်းစုများပေါ်တွင် တပ်ဖြန့်ချထားသော မြောက်ကိုရီးယား နိုင်ငံ၏ ကမ်းရိုးတန်းစောင့် အမြောက်တပ်ဖွဲ့ကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိသည့် အစ္စရေး နိုင်ငံထုတ် Spike အမျိုးအစား ဂြိုဟ်တုလမ်းညွှန် စနစ်ပါ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို အောက်တိုဘာလ အတွင်း၌ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ် နိုင်ခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံသည် အဆိုပါဒုံး ကျည်များကို ၂ဝ၁၃ ခုနှစ် မေလအတွင်း နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျွန်းစုများတွင် တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်း တောင်ကိုရီးယား မရိန်း တပ်ဖွဲ့က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

အဆိုပါဒုံးကျည်သည် အလေးချိန် ၇ဝ ကီလိုဂရမ်ရှိပြီး အကွာအဝေး ၂ဝ ကီလိုမီတာ(၁၂ မိုင်)အထိ ရောက်ရှိ ပစ်ခတ်နိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ ၏ ကျူးကျော်ရန်စမှုများကို ကာကွယ်ဟန့်တားရန် Yeonpyeong နှင့် Baengnyeong ကျွန်းတို့တွင် ကြိုတင်တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်များကို မြောက် ကိုရီးယားနိုင်ငံ၏ မြေအောက် အဆောက်အအုံများနှင့် ရွေ့လျားပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဒုံးကျည်များ တပ်ဖြန့်ချထားရခြင်းမှာ မြောက်ကိုရီးယား နိုင်ငံကမ်းရိုးတန်းမှ ၁၁ ကီလိုမီတာ (၆ မိုင်) အကွာတွင် တည်ရှိသည့် Yeonpyeong ကျွန်းအား မြောက်ကိုရီးယားက အမြောက်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်နိမိတ်အနီးတွင် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းဆောင်မှု တိုးမြှင့် ရေးကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ 

ကုန်လှေ တစ်စီးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Posted by drmyochit Saturday, November 23, 2013, under | No comments


နေပြည်တော် နိုဝင်ဘာ ၂၂ 

တပ်မတော် (ရေ)မှ စစ်ရေယာဉ်သည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်က ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်းဆောင်နေစဉ်မေယုကျွန်းအနီး မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူသော်လည်း လာရောက်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ထက်ကြပ်လိုက်လံ ဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင်အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီး ရမိခဲ့သည်။ 


အဆိုပါ ဖမ်းဆီးရမိသော ကုန်လှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ်-၁၆ မောင်းပြန်ရိုင်ဖယ် တစ်လက်နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်အိမ် တစ်ခုတို့အား သိမ်းဆည်း ရမိသည်။ 

လှေပေါ်တွင် လိုက်ပါလာသူများသည် တပ်မတော် (ရေ)မှ လိုက်လံဖမ်းဆီးစဉ် အမှောင်ထု အတွင်းလှေ ပေါ်မှ ခုန်ချ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ 





ပဋိပက္ခဒေသ ကလေးသူငယ်များ ပညာရေး EU ပံ့ပိုးမည်

Posted by drmyochit Saturday, November 23, 2013, under | No comments


နိုဘယ်လ် ငြိမ်းချမ်းရေး ဆုငွေများနှင့် စစ်ဘေးသင့်ဒေသ ကလေးသူငယ်များအတွက် ပံ့ပိုးကူညီရန် တည်ထောင်ထားသော EU Children of Peace က ရခိုင်ပြည်နယ်ရှိ ရွှေ့ပြောင်း ဒုက္ခသည်စခန်းများမှ ကလေးသူငယ်များ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံက ကလေးသူငယ် ရှစ်သောင်းကျော်တို့၏ ပညာရေးအတွက် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဥရောပ သမဂ္ဂက ထုတ်ပြန်လိုက်သည်။

ယင်းအစီအစဉ်ကို ရန်ပုံငွေ ယူရို လေးသန်း ပံ့ပိုးထားပြီး နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ကိုးခုမှတစ်ဆင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွက် Finn Church Aid အဖွဲ့အစည်းမှတစ်ဆင့် ကူညီသွားမည် ဖြစ်ပြီး ဒုက္ခသည် စခန်းများမှ ကလေးသူငယ်များအတွက် ကျောင်းပညာရေး သာမက ကျောင်းပြင်ပ ပညာရေးအတွက်လည်း ပံ့ပိုးသွားရန် ရှိကြောင်း၊ အဆိုပါ ပညာရေး ထောက်ပံ့မှုကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကလေးသူငယ် ၇,၂၅၀ ဦး အတွက် ကူညီသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် နိုင်ငံသား အခွင့်အရေးဌာနက အသေးစိတ် ထုတ်ပြန် ခဲ့သည်။

ယင်းအပြင် ပဋိပက္ခကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သော ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု များလည်း ပေးသွားမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
“ပညာရေးဆိုတာ ရေးတတ်၊ တွက်တတ်ရုံတင် မဟုတ်ပါဘူး။ ပညာရေးနဲ့ပဲ ငြိမ်းချမ်းရေးနဲ့ ရေရှည် ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်တာပါ” ဟု EU Children of Peace ဦးဆောင်သူ Ms.Kristalina Georgieva က ပြောကြားသည်။

EU အနေနှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုများ ပေးရန် ယူရို သန်း ၁၄၀ လျာထားကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly

*** အမျိုးသမီးများရဲ့ အလှဆိုတာ ***

Posted by drmyochit Saturday, November 23, 2013, under | No comments






အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာ
ရင်သားတစ်စုံလည်းပါဝင်တာမို့  ရင်းသားတွေသ ဘာဝအတိုင်း ဖွံထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာမိမိကိုယ်ကိုဆွဲဆောင်မှုမရှိတော့ဘူးလို့ ခံစားလာရပြီး၊လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းက
အဓိက အကြောင်း ရင်းဖြစ်သော်လည်း၊ အချို့သူ တွေမှာ အောက်ပါ အကြောင်းများကြောင့် အရွယ် မလွန်ခင် ကတည်းက ရင်သားတွေပျော့တွဲ လာကြရပါတယ်။
• နို့ တိုက်မိခင်များ။
• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။
• အာဟာရချို့ တဲ့သူများ။
• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့ မဟုတ်)ဘော်လီဝတ်ဆင်သူများ။
• နို့ အုံထဲရှိ ကျုံ့ /ဆန့် နိုင်သောတစ်ရှုးများ
ပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။
• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။
• ဘရာဇီယာ(သို့ မဟုတ်)ဘော်လီမပါဘဲ
ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်ခြင်း။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို
ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်းလာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။
(၁) နို့ သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့ ၂-ကြိမ်
သံလွင်ဆီဖြင့်အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့ အစွမ်းကြောင့်
ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့ သွေးလည်ပတ်မှုအားကောင်းလာပြီး
တစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း
တင်းရင်းလာစေပါတယ်။ (သံလွင်ဆီနဲ့ နို
့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျ
သွားစေနိုင်လို့  ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)
(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့ သာပင်က
နူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့
အစွမ်းသတ္တိများရှိကြပါတယ်။(အိန္ဒိယရိုးရာပရဆေးဆိုင်များနဲ့  အချို့ city
mart များတွင် fenugreek(ခေါ်)ပဲနံ့ သာပင်အမှုန့်
ခြောက်ဗူးတွေဝယ်ယူရရှိနိုင်၏) ပဲနံ့ သာပင်အမှုန့် ကို ရေနဲ
့ခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့့်အကြာရေအေး ဖြင့်သန်
့စင်ဆေးကြောပါ။
(၃) ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင် ဖြူဝင်းလှပလာစေလို
့၊ ၄င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာ
ရေအေးဖြင့် ရေချိုးသန့် စင်နိုင်ပါတယ်။
(၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။
ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊
နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့ အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီ
ဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကို
ရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိ ခြောက်သွားသော ကြက်ဥအ
ကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။
(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသား
ထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့ )၊
ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ ဖြင့် သမအောင်ရောမွှေပြီး နို့ အုံအနှံ့ 
အချိန် ၃-မိန်နစ်ခန့် ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။
အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန့် ထားပြီးနောက် ရေချိုးနိုင်ပါတယ်။
ထိုအရောအနှော ၃-မျိုးရဲ့ အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာ
တောင့်တင်းသန်မာလာစေပါတယ်။
(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး
(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီး
ဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို
သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့ အုံအ နှံ့  ၃-မိနစ်ခန့် ကြာအောင်
အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။
(၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊
ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍့ အောက်ကပင့်ကာ
အပေါ်ဘက်သို့ အသာအယာမတင်ခြင်း စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကို
တင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ့ အခြားနည်းလမ်းကောင်းများ။
(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့ /ဆန့် နိုင်အားကို
လျော့ပါးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့ ။
(၂) အယ်လ်ကိုဟောနဲ့  ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊
အမြှုပ်ထ၍ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများက
အရေပြားများကို အရွယ်မတိုင်မီအိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။
(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့ မဟုတ်)ဘော်လီ တွေမ၀တ်ပါနဲ့ ၊
အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့ မဟုတ်)ဘော်လီကို ၀တ်ထားပါ။
(ကမ္ဘာပထ၀ီမြေကြီးရဲ့  ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကို
တွဲကျစေတယ်ဆိုတာ မယုံမရှိနဲ့ နော်)
(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့ တဲ့မှုနဲ့ ဆက်စပ်နေပါတယ်။
ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့  အသားအရေ တင်းရင်းမှုကိုအားပေးသော
ဗီတာမင၊် သတ္တုဓာတ် နဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊
သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့ ၊
အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ြုဖူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊
ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့ သာရွက်၊ ခရမ်းချဉ်သီး..စသည်တို
့ဖြစ်ကြပါတယ်။
ဆေးပညာဆိုင်ရာဆောင်းပါးများ
(မှီငြမ်း။ Best Health Tips to Firm Sagging Breasts)

သရဏဂုံ ညစ်နွမ်းခြင်း လေးမျိုး

Posted by drmyochit Saturday, November 23, 2013, under | No comments


(၁) ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို မသိခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို နားမလည်က ယုံကြည် ဆည်းကပ်စိတ် အားပျော့သွားသဖြင့် သရဏဂုံ ညစ်နွမ်း၏။

(၂) ရတနာသုံးပါး၏ ဂုဏ်ကို အသိမှားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

မြတ်စွာဘုရား၏ ဂုဏ်တော်အရှိက တခြား၊ မိမိသိထားသည်က တမျိုးဖြစ်ပါက အသိမှားသောကြောင့် ယုံကြည် ဆည်းကပ်စိတ် အားပျော့၊ သရဏဂုံ ညစ်နွမ်း၏။

(၃) ဘုရား၊ တရား၊ သံဃာကို ယုံမှား သံသယဖြစ်ခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဆိုတာ တကယ် ပွင့်ခဲ့တာမှ ဟုတ်ရဲ့လား၊ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ တရားကကော တရားစစ် တရားမှန် ဟုတ်ရဲ့လား၊ ဒီတရားအတိုင်း လိုက်နာရင် အကျိုးရှိနိုင်ပါ့မလား၊ ချမ်းသာရစေနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ဒီတရားအတိုင်းကျင့်ရင် စီးပွားရေးတွေ မဆုတ်ယုတ်ကုန်ပေဘူးလား၊ သံဃာကကော ကိုးကွယ် ဆည်းကပ်ထိုက်တဲ့ သံဃာဟုတ်ပါ့မလား၊ လူတွေနဲ့ ဘာထူးသလဲ၊ အဲဒီလို စသည်ဖြင့် ရတနာသုံးပါးအပေါ်မှာ ဖြစ်စေ၊ တစ်ပါးပါးအပေါ်မှာ ဖြစ်စေ ယုံမှား သံသယ ဒွိဟစိတ် ဝိစိကိစ္ဆာစိတ်တွေ ဖြစ်နေပါက ယုံကြည် ဆည်းကပ်မှု အားပျော့သွားပြီး သရဏဂုံ ညစ်နွမ်း၏။

(၄) ရတနာသုံးပါးကို မရိုသေ မလေးစားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ရတနာသုံးပါးအကြောင်းကို သေသေချာချာ မလေ့လာ မသိရှိဘဲ၊ သာမန်မျှ မဖြစ်စလောက် အသိကလေးပေါ် အခြေခံပြီး ရတနာသုံးပါးအပေါ်မှာ အထင်သေး အမြင်သေး ရိုသေ လေးစားမှု မရှိခြင်းကြောင့် ယုံကြည် ဆည်းကပ်စိတ် အားနည်းကာ သရဏဂုံ ညစ်နွမ်း၏။

ဆောင်ပုဒ်

ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာသုံးထွေ၊ မရိုသေ၊ ညစ်လေ သရဏဂုံ။

+++++

ချမ်းမြေ့ဆရာတော်၏ “၁၉၈၅ ခုနှစ်၊ တက္ကသိုလ်ဓမ္မသဘင်၊ ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ” မှ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့ စာတိုပေစများ

သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တယ်

Posted by drmyochit Saturday, November 23, 2013, under | No comments


ရတနာသုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာ မှီခိုရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

သရဏဂုံ … သရဏဂုံလို့ ပြောနေကြသော်လဲပဲ သရဏဂုံရဲ့ အဓိပ္ပာယ်ကို တိတိကျကျ နားလည်တာက ခပ်ရှားရှားပဲ။ ယောင်ဝါးဝါးမျှပဲ နားလည်ကြတယ်။

သရဏ = အားကိုးရာ ကိုးကွယ်ရာပဲလို့
ဂမန = ယုံကြည် ဆည်းကပ်တဲ့ စိတ်။

ဒီ ‘သရဏဂမန’ကိုပဲ မြန်မာက ‘သရဏဂုံ’လို့ ခေါ်လိုက်တယ်။

ဒီတော့ သရဏဂုံဆိုတာ အားကိုး အားထားရာ ကိုးကွယ်ရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ပဲ။

ဘုရားကို သရဏဂုံလို့ မခေါ်ဘူး။
တရားကို သရဏဂုံလို့ မခေါ်ဘူး။
သံဃာကို သရဏဂုံလို့ မခေါ်ဘူး။
‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ‘သရဏ’လို့သာ ဆိုနိုင်တယ်။ ‘သရဏဂုံ’လို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သရဏဂုံဆိုတာ ယုံကြည် ဆည်းကပ်တဲ့ စိတ်မို့ပဲ။

ဘယ်သူ့ကို ယုံကြည် ဆည်းကပ်တာလဲ?
ဗုဒ္ဓ – ရှင်တော်မြတ်ဘုရားကို ယုံကြည် ဆည်းကပ်တယ်။
ဓမ္မ – တရားတော်ကို ယုံကြည် ဆည်းကပ်တယ်။
သံဃ – သံဃာတော်ကို ယုံကြည် ဆည်းကပ်တယ်။

အဲဒီတော့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာသုံးပါးက အားကိုး အားထားရာဖြစ်တဲ့ ‘သရဏ’တွေ။

အဲဒီ ယုံကြည်ထိုက် ကိုးကွယ်ထိုက် ဆည်းကပ်ထိုက်တဲ့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ယုံကြည်တဲ့ စိတ်၊ ဆည်းကပ် ကိုးကွယ်တဲ့ စိတ်က ‘သရဏဂုံ’။

+++++

သရဏဂုံ တည်သူနှင့် မတည်သူ

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်က ဆည်းကပ် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိတယ်။ အဲဒီ စိတ်ရှိသူကို သရဏဂုံတည်သူလို့ ခေါ်တယ်။

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်မရှိရင် သရဏဂုံတည်သူလို့ မခေါ်နိုင်ဘူး။ သရဏဂုံ မတည်သူပဲ။
သရဏဂုံ မတည်ရင် အဲဒီ ပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာဝင်လို့ မခေါ်နိုင်ဘူး။
သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။

+++++

ချမ်းမြေ့ဆရာတော်၏ “၁၉၈၅ ခုနှစ်၊ တက္ကသိုလ်ဓမ္မသဘင်၊ ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ” မှ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့ စာတိုပေစများ

Friday, November 22, 2013

ရှမ်းလူမျိုးစုရေးရာ အဖွဲ.ချုပ်(ကချင်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ချက်

Posted by drmyochit Friday, November 22, 2013, under | No comments

Credit>>Shan News


အမေရိကန် လက်ရွေး စင် ဘော လုံး သ မား ဟောင်း များ ဘော လုံး အားကစား နည်း စနစ်များ ပိုမို တတ်ကျွမ်း စေရန် မြန်မာ လူငယ် အားကစား သမား များအား လာရောက် ပြသ

Posted by drmyochit Friday, November 22, 2013, under | No comments


အမေရိကန် လက်ရွေးစင် ဘောလုံးသမား ဟောင်းများ ပါဝင်သည့် အားကစား သံတမန် အဖွဲ့သည် ယနေ့ ညနေ ၃နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ အားကစား ကွင်း၌ ဘောလုံး အားကစား စွမ်းရည်ပြသ ကြပြီး အလားတူ ဘောလုံးစွမ်းရည် ပြသခြင်းကို နိုဝင်ဘာ ၂၄ရက်တွင် မွန်ပြည်နယ်၌ ထပ်မံပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အားကစား သံတမန် အဖွဲ့တွင် နိုင်ငံတကာ အဆင့် ပြိုင်ပွဲများ၌ နည်းပြ လုပ်သက် နှစ် ၄ဝကျော် သက်တမ်းရှိ နည်းပြ ဂျေဟော့မန်း၊ အမေရိကန် အမျိုးသား လက်ရွေးစင် အဖြစ် ပွဲပေါင်း ၁၆၄ပွဲ ကစားထားကာ ကစားပွဲ စံချိန်တင်ထားသူ ကော်ဘီဂျူန်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံနှင့် အိုလံပစ် တတိယ ဆုရှင် အမေရိကန် လက်ရွေးစင် အမျိုးသမီး ဘောလုံးသမားဟောင်း လော်ရီဖယ်ယားတို့ ပါဝင်သည်။

၎င်းအဖွဲ့သည် လူငယ်ဘောလုံး အားကစားသမား များနှင့် တွေ့ဆုံ ၍ လေ့ကျင့်ခန်း အစီအစဉ်များကို ဆောင်ရွက်ကြကာ ခေါင်းဆောင်မှု စွမ်းရည်များကိုလည်း သင်ကြား ပြသ ပေးကြောင်း သိရသည်။

ထို့အပြင် အမေရိကန် ကားကုမ္ပဏီ ချက်ဗိုလက်နှင့် One World Football Project တို့မှ ထိုင်ဝမ်မှ ထုတ်လုပ်သည့် Chevrolet ဘောလုံးအလုံး ၅ဝဝ ကို နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်ရှိ လူငယ် ဘောလုံး အားကစားသမား များအတွက် ပေးအပ်လှူဒါန်းမည် ဖြစ်ကာယင်းအခမ်း အနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် အားကစား ကိုယ်စားလှယ် အဖွဲ့ တက်ရောက် မည် ဖြစ်သည်။

လှူဒါန်းမှု အစီအစဉ်တွင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့ အပါအဝင်အခြားပြည်နယ်များသို့ Chevrolet ဘောလုံးအလုံး ၅ဝဝဝ စုစုပေါင်းအလုံး ၅၅ဝဝ တို့အား လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အားကစား သံတမန်အဖွဲ့ လာရောက်ခြင်းနှင့် ပတ်သက်၍ ''မြန်မာနိုင်ငံမှာဘောလုံး အားကစား ဖွံ့ဖြိုးအောင် ဒီလိုဘောလုံး ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် နည်းစနစ်၊ ကစားနည်းတွေကို သိရှိတတ်ကျွမ်းစေရန် လာရောက် ဆောင်ရွက်ပြသ ပေးခြင်း ဖြစ်ပါတယ်။ သူတို့ဆီက နည်းစနစ် တွေလည်း အများကြီးရမှာပါ။ အမေရိကန် နိုင်ငံရဲ့ နာမည်ကြီး ဘောလုံး အကျော်အမော်တွေလာရောက်ပြသ တာ ဖြစ်တဲ့အတွက် ကလေးတွေ အတွက် များစွာ အထောက်အပံ့ ရမှာပါ။ 

ြ
်မာ ဘောလုံး အခြေအနေဟာလည်းတစ်ဆင့်နဲ့တစ်ဆင့် တိုးတက်လာ တာတွေ့ရပါတယ်။ အခုလည်း ဆီးဂိမ်းအတွက် အများကြီး လုပ်နေကြ တာလည်း မြင် တွေ့ပါတယ်။ အောင်မြင်ဖို့လည်း ရှိပါတယ်။ ယခု အစီအစဉ်ကဲ့သို့ ဘတ်စကက် ဘောမှာလည်း လက်ရှိပူးပေါင်း ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်ထပ် လာလုပ် ဖို့လည်း ရှိပါတယ်''ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ယဉ်ကျေးမှု ဆိုင်ရာ အရာရှိဖြစ်သူ အဲရစ်ခ် ဗွီးအီးအိုက်စ်လီက ပြောကြားသည်။
မ
န်

ဝန်းရံခ

ဖျက်သင်္ဘောများ ပိုမို ဖြည့်တင်းသွားရန် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန စီစဉ်

Posted by drmyochit Friday, November 22, 2013, under | No comments


ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံက ပင်လယ်ရေ ကြောင်း ဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့် ဆောင်ရွက် လာသောကြောင့် ဖျက်သင်္ဘောများ ပိုမို ဖြည့်တင်းသွား ရေး အဆိုပြုချက် တစ်ရပ် တင်သွင်းခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန် ရှိသူများသည် အစိုးရ၏ ကာကွယ်ရေး လမ်းညွှန် သုံးသပ်ချက်တွင် ပါဝင်သော ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ ဖွဲ့စည်းပုံ ဆိုင်ရာ စီမံချက် တစ်ရပ်အား ရေးဆွဲ ပြုစုခဲ့ကြောင်း၊ ထိုသို့ ပြန်လည်သုံးသပ် မှုနှင့် ပတ်သက်သော အစိုးရ အဖွဲ့ အတည်ပြုချက်သည် လာမည့် ဒီဇင်ဘာလတွင် ပေါ်ထွက်လာဖွယ် ရှိကြောင်း သိရသည်။

လက်ရှိကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များ အရ ဖျက်သင်္ဘော ၄၈ စင်း ဖြည့်တင်းသွားရန် တောင်းဆိုထားပြီး ဖြစ်သော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဂျပန်သင်္ဘောများကို ရန်သူ့ ရေငုပ် သင်္ဘောများနှင့် တော်ပီဒိုများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အသေးစား သင်္ဘောများ အပါအဝင် သင်္ဘော ၁ဝ စင်းခန့် ပိုမို ဖြည့်တင်းသွားလို ကြောင်းသိရသည်။

ဂျပန် တာဝန်ရှိသူများ အနေဖြင့် တင့်အရေအတွက်ကို ၇ဝဝ မှ ၃ဝဝ အထိ လျှော့ချသွားရန် အဆိုပြုလျက် ရှိပြီး ကာကွယ်ရေး ဝန်ကြီး ဌာနသည် ၎င်းတင့်များကို နိုင်ငံ မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်းနှင့် အနောက်တောင်ပိုင်းရှိ ကျူရူးကျွန်း တွင် အဓိက တပ်ဖြန့် ချထားလိုကြောင်းနှင့် လက်နက် တပ်ဆင်ထားသော ဘီးတပ် တိုက်ခိုက်ရေးယာဉ် အသစ် အစီး ၂ဝဝ ခန့် တပ်ဖြန့် ချထားသွားရန်လည်း မျှော်မှန်း ထားကြောင်း သိရသည်။

မြ၀တီ 

12 Secrets to Better Orgasms

Posted by drmyochit Friday, November 22, 2013, under | No comments

Must-read sex advice
By Kara Jesella
Just can't seem to quite get there? Or would you like your big moment to be even bigger?
We've got the dish from sex experts on how you can have your best orgasm yet.
Hit the hot spots
A friction position may help you have an orgasm during intercourse. Get on top, for example, so the top of your clitoris is rubbing directly on your partner’s pubic bone. Or lay on your back with a pillow underneath your butt.
Talk the talk
"Men really want direction," Berman says. Let your partner know when he’s on the right track, either by telling him what feels great or by moaning.
Learn on your own
You can’t talk the talk if you don’t know what turns you on. "To train your body to be orgasmic, you have to masturbate," says Danielle Cavallucci, a sex coach with sex information company Sexuality Source.
Exercise your orgasm muscles
"Kegels are the classic exercise for women who want to transform feeble orgasms into fabulous ones," sex educator Dorian Solot says. Locate these muscles in your pelvic floor by stopping yourself from peeing midstream. Then tone them by clenching when you’re not peeing. Do Kegels every day, ideally a few times a day. And keep breathing while you squeeze.
Get risky
Research shows that engaging in thrill-seeking behaviors together (whether it’s rock climbing or just going to see a scary movie) stimulates dopamine in the brain, which gets your juices flowing.
Delay the pleasure
"The longer the arousal buildup, the bigger the explosion," Solot says. Get yourself close to orgasm, then slow to a simmer. Repeat that a few times before you climax.
Focus on breathing
Tantric sex may sound new-agey, but its central tenet—focused breathing—may boost your pleasure. "You can use your breath to channel your sexual energy," sex educator Yvonne Fulbright says. Partners who breathe in tandem may slow the rush to orgasm and create a bigger buildup, which can intensify pleasure.
Explore erotica
Porn isn’t all about big penises and deep throats. Erotic movies and books can be tasteful and arousing, and the more aroused you are, the better your orgasm chances.

Berman and Fulbright suggest the Candida Royale films ($9.95 and up at adameve.com); the sex scenes are steamy, and there’s a plot. Berman also recommends literature like the Herotica series, in which women are the lead characters.
Try creative foreplay
If it takes you longer than your partner to warm up, Fulbright says, get a head start by e-mailing or texting each other sexy messages (but don’t get too graphic—e-mail is not necessarily private).
Check your meds
Women are more likely than men to take antidepressants, which are known to hurt a person’s sex life. If you’re having trouble, talk to your doctor about your meds.
Get help early
If you’re not orgasmic, advice from a pro may be helpful. Nerve damage or low testosterone could be the problem. "Your doctor can do a medical evaluation," Berman says, "or look at relationship factors." 
Relax
In a recent French study of 500-plus women, more than 70% said work stress compromised their sex drive. A low libido, obviously, lowers chances of orgasm. So ditch life’s distractions at your bedroom door.

Credit >> Health

GERMAN CLASICO, GLITTERED WITH STARS, SET FOR SATURDAY

Posted by drmyochit Friday, November 22, 2013, under | No comments



Bayern Munich travels to face bitter rivals Borussia Dortmund on Saturday in a contest that pits Germany’s two giants against each other in an eagerly anticipated rematch of last year’s UEFA Champions League Final.

Dortmund comes into the week 13 match, now known as the “German Clasico,: in second place in the German Bundesliga table with 28 points, four behind reigning treble champions Bayern at the summit. They have split the last four Germany Bundesliga titles, with Bayern earning a sandwich of trophies before and after Dortmund’s 2010-11 and 2011-12 glory.

Now under first-year manager Pep Guardiola, the men from Munich are in sterling form with four wins on the trot. They’ve won 26 of their last 29 league matches dating back to last season, and last time out they set a record by extending their unbeaten streak to 37 games. The Bavarian’s last loss? An April 2012 trip to Dortmund in which Dortmund’s deadly striker Robert Lewandowski bagged the only goal of the match? In fact, Jurgen Klopp’s side has four wins and two draws from their last six league matches with Bayern.

Credit>> soccer(Daily mail) 

အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း (Frozen Shoulder)

Posted by drmyochit Friday, November 22, 2013, under | No comments


ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ လက်က ကောင်းကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။ ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။ 
ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုးလာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယအဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်းသွားပါတယ်။ ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံးနာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်းအာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါတယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခုအနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ်တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။ ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေးပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။ 

ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ်နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြားနိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ 

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆောင်းပါးများမှ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်