Monday, December 09, 2013

တောင်ကြီးမြို့၌ နေအိမ်တစ်လုံးတွင် ဗုံးပေါက်ကွဲမှုဖြစ် လူတစ်ဦးဒဏ်ရာရ

Posted by drmyochit Monday, December 09, 2013, under | No comments


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ အိမ်အမှတ် (၁၈၈)၊ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်(၄၈)နှစ်၏ နေအိမ်တွင် ဒီဇင်ဘာလ(၈)ရက်ည (၁၀း၄၀) နာရီတွင် ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ အိမ်ရှင်၊ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည် ယင်းနေ့ညက နေအိမ်အပေါ်ထပ်မှ အောက်ထပ်သို့ အဆင်းလှေကား အုတ်ခုံပေါ်တွင် (လက်လုပ်ဗုံးဟုယူဆရသော) အရာတစ်ခုကိုနှင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု တောင်ကြီးမြို့နယ်မြေခံသတင်းတပ်ဖွဲထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်မှာ ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညိုးပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံ အရိုးကုသဆောင် အခန်း(၃)တွင် ဆေးကုသမှုခံယူနေရကြောင်း လူနားအား သွားရောက်ကြည့်ရှူခဲ့သူ မသီတာက ပြောသည်။

" ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ကမိသားစုဝင်(၄)ယောက်နဲ့အလုပ်သမား(၆)ယောက် စုစုပေါင်း(၁၀)  ယောက်ကို တောင်ကြီးမြို့မရဲစခန်းမှာခေါ်ယူစစ်ဆေးပါတယ်။ ပြည်နယ်ရဲမှူးနဲ့အဖွဲ့ကလည်း လာရောက် ကြည့်ရှုစစ်ဆေးပြီးသွားပါပြီး။"ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည်  ရှမ်းပြည်နယ်၏ ဆိတ်အမဲကန်ထရိုက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟုသိရှိရပြီး ယခုဖြစ် စဉ်နှင့်ပတ်သက်၍ တောင်ကြီးအမှတ်(၁) မြို့မရဲစခန်းမှ ဒုရဲမှူး စခန်းမှူး ဥာဏ်လှိုင်ဦးက ပ နံပါတ် ၃၁၃ /၂၀၁၃ ပေါက်ကွဲ ၅ ဖြင့် တရားလိုပြုအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


BY ဧပြီ-ရှမ်းပြည်နယ် (မြစ်မခ)

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်

Posted by drmyochit Monday, December 09, 2013, under | No comments

ကွတ်ခိုင်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ် အစားများ ဝတ်ဆင်ထားသည့် အမျိုး သားနှစ် ဦးက အသက် ၃၅ နှစ်အရွယ် ကချင် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေ မည် ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ် ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြား သည်။

ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကို ဒီဇင်ဘာလ ၂ ရက်နေ့က ရဲအဝတ်အစားများ ဝတ်ဆင်ပြီး လက်ထိတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ မူးယစ်ဆေးဝါးရှိ မရှိ နေအိမ်နှင့် အဆိုပါ အမျိုးသမီး ကိုယ်ပေါ်တွင် လိုက်လံ ရှာဖွေခဲ့ပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ဆိုသည်။

ယင်းဖြစ်ရပ်ကို အခင်းဖြစ်ပွားသည့် ညတွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ထံသို့လည်း ဆက်သွယ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်မှုတွင် အမှန်တကယ် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ပါက ယင်းတပ်ဖွဲ့ဝင်များကို အရေးယူသွားမည် ဖြစ်ပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းထောက်လှမ်းရေး အဖွဲ့သုံးဖွဲ့ ဖွဲ့၍ ဆောင်ရွက်နေကြောင်း ကွတ်ခိုင်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စိုင်းကိုကိုလတ်က ပြောကြားသည်။

“လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်းလက်မ ပြတ်ပြတ်သားသား အရေးယူမယ်။ အဓမ္မပြုကျင့်တာ ရဲတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သံသယဝင်စရာ ဖြစ်နေရင်တော့ ရဲတပ်ဖွဲ့ရဲ့ သိက္ခာလည်း ကျဆင်းပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွတ်ခိုင်မြို့မရဲစခန်း ပြစ်မှုပုဒ်မ - ၃၇၆ အရ အမှုဖွင့် အရေးယူ ထားကြောင်း ကွတ်ခိုင် မြို့မရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

(နေမျိုးနွယ်)

The Voice Weekly

နာမည်ကောင်း မရသည့်တိုင် နာမည်ပျက် စာရင်း မဝင်မိဖို့ လိုသည်

Posted by drmyochit Monday, December 09, 2013, under | No comments


BY အခွင့်အလမ်း

နာမည်ကောင်း မရသည့်တိုင် နာမည်ပျက် စာရင်း မဝင်မိဖို့ လိုသည်နာမည်ကောင်း တစ်ခုရဖို့၊ လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ အတွက်တော့ အချိန်ယူ ရပါသည်။ ထိုကြာရှည်သော ကာလအတွင်းတွင် လည်း အမှားနည်းနိုင် သမျှနည်းအောင် တည်ဆောက် ရပါသည်။ ဂုဏ်သတင်းမွှေး ဖို့အတွက်တော့ အချိန်ယူရသည့် သဘော ဖြစ်သည်။ နာမည်ပျက် ချင်လျှင် တစ်ခဏ အတွင်း၊ တဒင်္ဂအတွင်း အမည်တစ်ခုသည် ပျက်သွားဖို့ လွယ်သည်။ ဂုဏ်သတင်း ကောင်းရဖို့ အတွက်တော့ လူတွေအပေါ် မည်မျှကောင်းကျိုးပြု ခဲ့သည်ဟူသော အချက်သည် လွန်စွာ အရေးကြီးသည်။ တိုယိုတာ ကုမ္ပဏီသည် Prius ကားတစ်မျိုး ကိုထုတ်လုပ် လိုက်သောကြောင့် ကားစီးသူ များအကြား Prius ကြောင့် နာမည်ကြီးခဲ့ သည်။ Prius ကြောင့် ဂုဏ်သတင်းမွှေးခဲ့ သည်။ ဆီစားအံ့မခန်း သက်သာကြောင့်ဖြစ် သည်။
တစ်ဂါလံကို မိုင် (၅ဝ)ရအောင် မောင်းနိုင်သည်။ မော်တော်ယာဉ် သုံးစွဲသူ များအကြိုက်ဖြစ်စေသည်။ GE သည်လည်း ထို့အတူ လူတွေလေးစား ဂုဏ်ပြုမှုဖြစ်လာ အောင် လူထု အကျိုးပြုလုပ်ငန်းများ အနေ ဖြင့် လေအားလျှပ်စစ် ထုတ်လုပ်မှုများတွင် လည်းကောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင်လည်း ကောင်း တီထွင်ဖန်တီးပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့သည်။ လောင်စာစွမ်းအင် သက်သာစေခြင်းကြောင့်လည်း GE ကို Ecomagination ဟုပင်ခေါ်ဝေါ်လာ သည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လည်း အနည်းဆုံးဖြစ်စေသည်။ လေထု ညစ်ညမ်းမှုကိုလည်း လုံးဝမဖြစ်စေသော ကြောင့်ဖြစ်သည်။ Starbucks ကိုလည်း ကော်ဖီစိုက်ပျိုးသောစိုက်ပျိုးရေးသမားများ က ဂုဏ်ပြုကြသည်။

ကမ္ဘာပေါ်တွင် Starbucks ကြောင့် ကော်ဖီစိုက်ပျိုးသူများ ဝင်ငွေတိုးစေခဲ့သည်ကား အမှန်ဖြစ်သည်။ Starbucks မတိုင်မီက ထင်ရှားသော အမှတ်တံဆိပ်များရှိခဲ့ဖူးသည်။ သို့သော် လည်း ထိုအမှတ်တံဆိပ်များထင်ရှားမှုသည် သူ့လုပ်ငန်း၊ သူ့ကုမ္ပဏီအတွက်သာဖြစ်စေ သည်။ ကော်ဖီတောင်သူများအတွက်ကား အကျိုးမပြုခဲ့၊ Starbucks သည် ကော်ဖီ စိုက်ပျိုးသူတောင်သူများအတွက်ပါ အကျိုး ပြုစေသောကြောင့် ကော်ဖီလောကတွင် Starbucks ၏ဂုဏ်သတင်း Reputation မွှေးပျံ့ခဲ့သည်။ Reebok သည်လည်း ထို့အတူပင်ဖြစ်သည်။ Reebok တွင် အလုပ်အကိုင်တစ်ခုရဖို့အတွက်တော့ အလွန်ခက်ခဲသည်။ အကြောင်းကတော့ သူ့အလုပ်သမားများကို အလွန်ဂရုစိုက် သောကြောင့်ဖြစ်သည်။ အလုပ်သမားများ ရပိုင်ခွင့်နှင့်ပတ်သက်လာလျှင် အပြည့်အဝ ပေးသည်။

ထို့အတူ ကောင်းသောအင်္ဂါရပ်များနှင့် ပြည့်စုံသောကုမ္ပဏီလုပ်ငန်းများ၊ ဂုဏ် သတင်းမွှေးသောလုပ်ငန်းများရှိသကဲ့သို့ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်ပြီး အား နည်းခဲ့သောလုပ်ငန်းများလည်းရှိခဲ့ပါသည်။ ပမာအားဖြင့် Walmart ဆိုလျှင် တစ်ချိန် က သူ၏ဝန်ထမ်းများသည် လုပ်ခလစာ နည်းနေမှုများ၊ လုပ်ငန်းခွင်အတွင်း ရသင့် ရထိုက်သောအခွင့်အရေးများ နစ်နာဆုံးရှုံး သွားမှုများကြောင့် ကျယ်ကျယ်လောင် လောင်အရေးဆိုမှုများ၊ သတင်းစာဂျာနယ် များတွင် သတင်းအဖြစ်ဖော်ပြခံရမှုများရှိခဲ့ ဖူးသည်။ Nike လည်း ထို့အတူပင်ဖြစ် သည်။ သို့သော်လည်း ဖြစ်ပုံကတစ်မျိုးဖြစ် သည်။ သူကတော့ ကလေးလုပ်သားများ ခိုင်းစေခဲ့မှုဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်း တစ်ပါးတွင် ဖွင့်လှစ်ထူထောင်ထားသော Nike လုပ်ငန်းများတွင် ကလေးလုပ်သား များခိုင်းစေမှုကြောင့် နာမည်ပျက်သော သဘောလည်းရှိခဲ့သည်။

ထို့ကြောင့် လုပ်ငန်း၏နာမည်သည် အရေးကြီးသည်။ နာမည်ကောင်းစာရင်း reputation တွင် မပါနိုင်သည့်တိုင်အောင် နာမည်ပျက်စာရင်း Blacklists များတွင် မဝင်မိဖို့ အရေးကြီးလာသည်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုအတွက် နာမည်ကောင်းရဖို့ အတွက် အောက်ဖော်ပြပါအချက်ကြီး (၅)ချက်ကို ဂရုစိုက်ရန်လိုအပ်သည်ဟု လည်း လေ့လာသူများကသုံးသပ်ကြသည်။ ၁။ ကုမ္ပဏီလုပ်ငန်းတစ်ခုအနေဖြင့် မိမိထုတ်လုပ်လိုက်သော ကုန်စည်နှင့်ဝန် ဆောင်မှုများသည် အမှန်တကယ်အရည် အသွေးပြည့်မီခြင်းရှိမရှိ၊ စံချိန်စံညွှန်းကိုက် မကိုက်၊ ဂရုတစိုက်ထုတ်လုပ်သည်လားဟူ သောမေးခွန်းကို မှန်မှန်ကန်ကန်ဖြေတတ် ဖို့ အရေးကြီးသည်ဟုဆိုပါသည်။ အကယ် ၍ ထိုမေးခွန်းကိုမဖြေနိုင်ပါက နောက်မေး ခွန်းများလည်း မေးရန်မလိုတော့ဟုဆိုပါ သည်။ ထိုအချက်သည် အခြေခံအချက်ဖြစ် သည်။ မိမိရောင်းချလိုက်သည့် ထုတ်ကုန် သည်ပင်လျှင် အမှန်အကန်မထုတ်လုပ် သောလုပ်ငန်းအတွက်တော့ နာမည် ကောင်းဆိုသည့် Reputation လည်း ရှိမည်မဟုတ်တော့ပါ။

၂။ ကုမ္ပဏီအနေဖြင့် တည်ငြိမ်သော အမြတ်အစွန်းများရရှိမှု/ရှိမရှိဆိုသည့် အချက်ကို သုံးသပ်ရန်လိုသည်။ အမြတ် အနေဖြင့် များခြင်း၊ နည်းခြင်းဆိုသည် သဘောထက်၊ ပုံမှန်ရရှိနေသောအမြတ် အစွန်းကိုဆိုလိုသည်။ ထိုသို့သောအမြတ် အစွန်းသည် ကာလအတော်ကြာသည် အထိ ထိန်းသိမ်းထားနိုင်စွမ်းရှိသော လုပ်ငန်းများသည် ဖောက်သည်မပျက်သော ကြောင့်ဖြစ်သည်။ ဖောက်သည်မပျက်သည့် အကြောင်းရင်းမှာလည်း လုပ်ငန်းအပေါ် ယုံယုံကြည်ကြည်သုံးစွဲနေသောကြောင့်ဖြစ် သည်။

၃။ လုပ်ငန်းများစီမံခန့်ခွဲအုပ်ချုပ်ပုံ အနေအထားသည် ထင်သာမြင်သာရှိသော စီမံခန့်ခွဲမှုဖြစ်မဖြစ်ဆိုသည့်အချက်လည်း ဆန်းစစ်ရန်လိုသည်။ ရေလိုက်၊ ငါးလိုက်၊ သင့်သလိုအုပ်ချုပ်၊ တော်သလိုစီမံ၊ ဖြစ်သလို စီမံသောလုပ်ငန်းများစွာရှိသည်။ စီမံခန့်ခွဲ မှုညံ့ဖျင်းသောလုပ်ငန်းအတွက် နာမည် ကောင်းထိန်းသိမ်းရန်ခက်ပါမည်၊ အကြောင်းမှာ နာမည်ကောင်းမရှိသော ကြောင့်ဖြစ်သည်။
၎။ လုပ်ငန်းတွင် လုပ်ငန်းအတွက် လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံသော လုပ်သားအင်အားခန့်ထားမှု ပြည့်စုံမှုရှိမရှိ ဆိုသည့်အချက်များကိုလည်း ဂရုစိုက်ရန် လိုပါသည်။ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ ပုံမှန်အနေ အထားတွင်ရှိမရှိဆိုသည့်အချက်သည် အရေးကြီးသည်။ လုပ်ငန်းတစ်ခုလုပ်ကိုင် ရာတွင် မကြာခဏအရေးပေါ်အခြေအနေ လုပ်ကိုင်နေရခြင်းများ၊ မကြာခဏ အိုဗာ တိုင် (Overtimes) ဆင်းနေရမည်ဆိုပါက ထိုလုပ်ငန်းသည် Reputation ရရှိရန် မလွယ်ပါ။
 ၅။ လုပ်ငန်းများအနေဖြင့် လူမှုရေး ဆောင်ရွက်မှုများ၊ ဘာသာရေးပွဲတော်များ၊ နှင့် အခါကြီးရက်ကြီး၊ နိုင်ငံတော်နှင့်ဆိုင် သော ပွဲလမ်းသဘင်များတွင် ပါဝင်မှုရှိမရှိ ဆိုသည့်အချက်ကိုလည်း ဆန်းစစ်ရန်လိုပါ မည်။ အချို့သောလုပ်ငန်းများသည် လုပ်ငန်းရှင်အနေဖြင့်သာ လူမှုရေး၊ ဘာသာ ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းရှိကြသည်။ သို့သော်လည်း လုပ်ငန်းအမည်ဖြင့်ပါဝင်မှု အတွက်တော့ နည်းတတ်ပါသည်။ ယနေ့ မျက်မှောက်အခြေအနေတွင် လုပ်ငန်းရှင် အနေဖြင့် ဘာသာရေး လူမှုရေးလုပ်ငန်း များတွင် ပါဝင်ခြင်းထက်၊ လုပ်ငန်းအနေ ဖြင့် ပါဝင်လာမှုအသွင်ပြောင်းလာပါသည်။ တစ်နည်းအားဖြင့် လူထုကြားတွင် လုပ်ငန်း ရှင်ထက်၊ လုပ်ငန်းကို လူသိပိုခံသည့် သဘောမျိုးဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် လူသိခံခြင်း၊ လုပ်ငန်းအနေဖြင့် လူသိခံခြင်း ဆိုသည်မှာလည်း လုပ်ငန်းအနေအထား ပေါ်များစွာမူတည်နေ ပါလိမ့်မည်။

အချို့သောလုပ်ငန်း များသည် စုပေါင်း ပိုင်ဆိုင်သည့်လုပ်ငန်းများ Employee Owned Company များဖြစ်နေလျှင် လုပ်ငန်းအနေဖြင့် လုပ်ဆောင်တတ်ကြ သည်။ အချို့လုပ်ငန်းများသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းမျိုး Mutual Company လည်းရှိတတ်ပါသည်။ ထိုလုပ်ငန်းမျိုးများတွင် လုပ်ငန်းရှင်အနေဖြင့် ရပ်တည်လို့မရပါ။ လုပ်ငန်းအနေဖြင့်သာ လှုပ်ရှားဆောင်ရွက်ရပါသည်။ နောက်တစ် မျိုးကတော့ သမဝါယမလုပ်ငန်း (Cooperative) များဖြစ်သည်။ တစ်ဦးတစ် ယောက်အမည်ဖြင့် လုပ်ငန်းကိုအမည် ကောင်းခံလို့မရသော လုပ်ငန်းမျိုးများဖြစ် သည်။ နောက်ဆုံးတစ်မျိုးမှာ Benefit Corporation များဖြစ်သည်။ လူမှုရေး အကျိုးအလို့ငှာ ထူထောင်ထားသော လုပ်ငန်းမျိုးများဖြစ်သည်။
ထိုသို့သော လုပ်ငန်း မျိုးများသည် တစ်ဦးတစ်ယောက် ကောင်းဖြင့် လုပ်ဆောင်ထားသောလုပ်ငန်း မျိုးမဟုတ်သောကြောင့် လုပ်ငန်း အတွက် သာ နာမည်ကောင်းရယူနိုင် ပါသည်။ အမည်ကောင်း လက်မှတ်အတွက် လူတိုင်း၊ လုပ်ငန်း တိုင်းသည် ကြိုးစားကြ သည်ချည်း သာဖြစ်သည်။ သို့သော်လည်း လူတိုင်းအတွက်ကြိုးစားရာတွင် Individuals သဘောမျိုးရယူသွားခြင်းရှိသကဲ့သို့ အဖွဲ့အစည်းသဘောမျိုး (Institutions) အနေဖြင့်လည်း ရယူနိုင်ပါသည်။ သို့သော် လည်း နာမည်ကောင်းအတွက် အရေးကြီး သောအချက်မှာ လုပ်ငန်းတစ်ခု အနေဖြင့် Institutional Factors သဘောမျိုးအရ ဖွဲ့စည်းထား သော်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း သဘောမျိုး Individual Reputation ရယူမည် ဆိုလျှင် ထို Reputation ကို ရယူထား သူအတွက် အလွန်အန္တရာယ်များ သည်ကိုတော့ သတိ ချပ်ရန် လိုပါမည်။

 
ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)

အခွင့်အလမ်း

Format Factory v3.2.1 (Latest Version) Video Format တခုမှ ကိုယ်ကြိုက်တဲ့ Format အမျိုးမျိုး ပြောင်းနိုင် တဲ့ ဆော့ဝဲလ်

Posted by drmyochit Monday, December 09, 2013, under | No comments


Format Factory ကိုတော့ ကွန်ပြူတာသုံးသူတိုင်း လူတိုင်းလိုလို သိပြီးသား ဖြစ်မှာပါ။ FB မှာ သူငယ်ချင်း တယောက်က တောင်းထားလို့ နောက်ဆုံးထွက် Version ဖြစ်တဲ့ v3.2.1 ကို တင်ပေးလိုက်တာပါ။ အွန်လိုင်းကနေ ဒေါင်းထားတဲ့ Video ဖိုင်တွေကို အခွေ ထဲ ကူးထည့်ဖို့ AVI, MPEG2 အစရှိတဲ့ Format အဖြစ် ပြောင်းပြီး အခွေ Burn ဖို့ အဆင်ပြေပါတယ်။

Video ဖိုင်တခုကို MPG, WMV, 3GP, FLV, SWF, MP4, AVI, အစရှိတဲ့ Format အဖြစ် ပြောင်းရ ရုံတင်မကပဲ အသံဖိုင် WAV, WMA, OGG, MP3, AAC, AMR, အစရှိတဲ့ အသံ Format အဖြစ်သို့လည်း ပြောင်းရတဲ့ အတွက် အတော်လေးကို အဆင်ပြေပါတယ်။ Free Software ဖြစ်တဲ့ အတွက် Install ပြီးတာနဲ့ အဆင်သင့် သုံးရုံပါပဲ။

စိတ်ဝင်စားရင် အောက်မှာဒေါင်းလိုက်နော်။

Download Format Factory v3.2.1 (Latest Version)


ကိုဇော်မင်းသန်းဆိုဒ်မှ

ရေချိုးနေတဲ့ အမျိုးသမီးရဲ့ ပန်းချီကားတွေ ဝင်းခိုင် တစ်ကိုယ်တော်ပြ

Posted by drmyochit Monday, December 09, 2013, under | No comments


ပန်းချီကားတွေ ပြသတဲ့အပေါ် မြန်မာအစိုးရက ထိန်းချုပ်မှုတွေ ဖယ်ရှားပြီး တဲ့နောက်မှာတော့ လွတ်လပ် တဲ့ အနုပညာတွေကို တင်ပြတဲ့ ပန်းချီဝင်းခိုင်ရဲ့ တစ်ကိုယ်တော်ပြပွဲကို ဒီဇင်ဘာ ၆ရက်နေ့မှာ နှစ်ရက်ကြာ ပြသနေပါတယ်။

ရေချိုးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝအလှတွေကို ရေးခြယ်ထား တဲ့ ပန်းချီကား ၂၇ကားနဲ့အတူ အခြား အကြောင်းအရာတွေ တင်ပြတဲ့ကား ၁၄ ကားကို ပန်တျာလမ်းက Trish Gallery မှာ ပြသနေ ပါတယ်။

ပန်းချီဆရာ တင်အောင်ထိုက်၊ ရဲမြင့်(ရှေ့သို့)၊ ကျော်ရှိန်း၊ လှသိန်းအောင်၊ မြင့်ဆွေလှိုင်၊ စောတင့်ဝေ၊ ခင်မောင်သန်းဦး၊ ဖိုးစန်း၊ မျိုးမြတ်မင်း၊ သက်နိုင်စိုး၊ အောင်ဇော်မိုး၊ မြခိုင်တို့ စုစည်းပြီး ရေဆေးပန်းချီကား ၁၂ဝကိုလည်း မြန်မာ့ဂုဏ်ရည်လမ်းက AMT ပြခန်းမှာ ပြသထားပါတယ်။

ရေဆေးပန်းချီကားတွေ သီးသန့်ကို ပန်းချီဆရာ ၁၂ယောက်ရဲ့လက်ရာတွေနဲ့ စုစည်းထားပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ အထိ ပြသသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒီမှာ ဗီဒီယိုဖိုင် ကြည့်လို့ရပါတယ်။

စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း အွန်လိုင်းတွင် ဖော်ပြ

Posted by drmyochit Monday, December 09, 2013, under | No comments



ဘာလင် ၊ ဒီဇင်ဘာ ၈ ။ ။ ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။

အသက်၃၁နှစ်အရွယ်ရှိ ပြီး ဝီကီလိစ်ပိုင်ရှင် ဂျူလီယန် အက်ဆန့်ခ်ျ၏ ချစ်သူဟောင်း အဖြစ် သတင်းထွက်ပေါ်ခဲ့သော မစ္စဟာရစ်ဆန်သည် စနိုဒင်ကို ဟောင်ကောင်၌ သွားရောက်တွေ့ ဆုံခဲ့ပြီး အီကွေဒေါနှင့် မော်စကို ခရီးစဉ်များကို အတူတကွခရီး ဆက်ခဲ့သည်ဟု သိရသည်။

ရုရှားသို့ရောက်ရှိချိန်တွင် အမေရိကန်က စနိုဒင်၏ ပတ်စ် ပို့စ်ကို တရားမဝင်ရုပ်သိမ်းခဲ့ပြီး မစ္စဟာရစ်ဆန်သည် စနိုဒင်၏ နိုင်ငံရေးခိုလှုံခွင့်အတွက် နိုင်ငံ ပေါင်း ၂၁နိုင်ငံသို့ နိုင်ငံရေးခိုလှုံ ခွင့်လျှောက်ထားပေးခဲ့သည်ဟု သိရသည်။ နိုင်ငံရေးခိုလှုံခွင့်ရရှိ ရန် မျှော်လင့်ထားခြင်းမရှိဘဲ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာအစိုးရများ၏ တုံ့ပြန်မှုကို စမ်းသပ်ချက်တစ်ခုအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအနည်း ငယ်သာ စနိုဒင်ဘက်မှ ရပ်တည်ခဲ့သည် ဟု မစ္စဟာရစ်ဆန်က ဆိုသည်။

ထို့နောက် စနိုဒင်နှင့် မစ္စ ဟာရစ်ဆန်တို့သည် ရုရှားလေ ဆိပ်တွင် ရက်ပေါင်းလေးဆယ် ခန့် ဘာကာနှင့်ပီဇာများစားကာ ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးခဲ့သည် အထိ နေထိုင်ခဲ့ရကြောင်းနှင့် ၎င်းတို့ လေဆိပ်၌ပိတ်မိနေစဉ် အင်တာနက် အဆက်အသွယ် ရရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ် ပေါ်လာသော သတင်းများကို စောင့်ကြည့်ခဲ့ ရကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

ဇွန်လ တွင် ဟောင်ကောင်မှ ရုရှားသို့ ခရီးစဉ်ပြီးနောက် ပထမဆုံးအ ကြိမ်ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မစ္စဟာရစ်ဆန်သည် မိမိအ နေဖြင့် အမေရိကန်နှင့်ဗြိတိန်မှ အလိုရှိနေသူတစ်ဦးဖြစ်ကြောင်း ဟာသနှော ကာပြောဆိုခဲ့ပြီး ယခု အခါတွင် ဂျာမနီရှိ ဘာလင် တွင် နေထိုင်နေကြောင်း သိရှိရသည်။

မစ္စဟာရစ်ဆန်သည် စနို ဒင်အား ကူညီခဲ့သည့်အတွက် ရင် ဆိုင်ရမည့်ပြဿနာများကို ကြို တင်သိသည့်တိုင် ယခုလုပ်ဆောင် ခဲ့သည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မေးလ် အွန်လိုင်းဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

Ref: Mail Online
Yangon Media Group

အတိတ်ကို တွေးတောမနေပဲ လက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာ စဉ်းစားပါတယ် လို့ဆိုတဲ့ သရုပ်ဆောင် ဂန္တ၀င်

Posted by drmyochit Monday, December 09, 2013, under | No comments


စန္ဒီ

လတ်တလော အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ပရိသတ် တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ အားလုံးပွက်လောရိုက်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဂန္တ၀င်ကတော့ ‘အခုချိန်မှာအနုပညာအလုပ်တွေ ကိုအကောင်းဆုံးလုပ်ကိုင်ပြီးရပ်တည်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အတိတ်ကို တွေးတောမနေပဲလက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာစဉ်းစား ပါတယ်’လို့ ပြောပြခဲ့ပါတယ်။

ဂန္တ၀င်ဟာ သြစတြေးလျမှာ တစ်လကြာသွားရောက် သီဆိုဖျော်ဖြေခဲ့တာမို့ သြစတြေးလျ မှာတွေ့ကြုံလာ ခဲ့ရတဲ့ အမှတ်တရတွေနဲ့အတူ သူ့ရဲ့ခံစားချက်အချို့ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ ‘အစ်မက သြစတြေး လျကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ တစ်လကြာသွားရောက်ဖျော်ဖြေရတဲ့ အတွက်လည်း အရမ်းပျော်ပါ တယ်။ ဂုဏ်လည်းယူမိပါတယ်။ သြစတြေးလျမှာရှိတဲ့ နေရာတော်တော် များများကိုလျှောက်လည် ဖြစ်ခဲ့ တယ်။ အဲဒီလိုလျှောက်လည်ခဲ့ တုန်းကဆို ကိုယ့်ကိုယ်ကိုယ် ပင်ပန်းလို့ ပင်ပန်းရမှန်း၊ အချိန်တွေကုန် သွားမှန်းတောင် မသိခဲ့ပါဘူး။ သြစတြေးလျမှာ အစ်မရဲ့ ပရိသတ်တွေ နဲ့လည်းတွေ့ခဲ့ရပါတယ်။ အစ်မက သင်္ကြန်၊ ခရစ္စမတ်၊ နယူးရီးယားရောက်တိုင်း သီချင်းနဲ့ ဖျော်ဖြေ ဖြစ်တယ်။ အဆိုဘက်ကို ၀ါသနာပါပါ တယ်။ စီးရီးထုတ်ဖို့လည်း စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ အကောင်အထည် ဖော်ဖို့က လိုပါသေးတယ်။ အတွဲ အခွေ တွေလောက်ပဲ ပါဝင် သီဆိုသွားဖြစ်မှာပါ။ အဆိုနဲ့ ပတ်သက်တဲ့ လေ့လာမှု ကတော့ အိမ်မှာသီချင်း နားထောင်ဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားသီချင်းခွေတွေ ကြည့်ပြီးနားထောင် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သီဆို ဖျော် ဖြေမှု တွေကို ပရိသတ်တွေက လက်ခံအားပေးကြပါတာတွေ့ရလို့ အရမ်းပီတိ ဖြစ်ရပါတယ်။ ရှေ့ ဆက်ပြီး အနုကညာလောကမှာ သီချင်းဆိုဖို့နဲ့ သရုပ်ဆောင် နှစ်မျိုးလုံးလုပ်ကိုင်သွားဖို့ဆိုတာ ချိန်ရအုံး မှာပါ။ အရင်ကတည်းက ကိုယ်ကသရုပ်ဆောင် အလုပ်လုပ်လာခဲ့တဲ့သူဆိုတော့ နှစ်မျိုးလုံးလုပ်ဖို့ ကျတော့ ပိုပြီးတာဝန်ကြီးတယ်လို့ အစ်မအနေနဲ့ ထင်ပါတယ်။’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် လူ ၂၇ ဦးကို စင်ကာပူရဲ ဖမ်းဆီးထား

Posted by drmyochit Monday, December 09, 2013, under | No comments

Little India တွင် လူ ၄၀၀ ခန့်က ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြသည် (ဓာတ်ပုံ – Reuters)


စင်ကာပူနိုင်ငံ Little India ခေါ်သော အရပ်တွင် ယမန်နေ့ညက လူ ၄၀၀ ခန့်က ကားများကို မီးရှို့ဖျက်ဆီး ဖြစ်ပွားခဲ့ပြီး ယခုအခါ စင်ကာပူ ရဲတပ်ဖွဲ့က လူ ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်မှ နိုင်ငံသားများ အများအပြား လာရောက်အလုပ်လုပ်ရာ ရပ်ကွက်ကြီးတွင် ဘတ်စ်ကားတစီးက နိုင်ငံခြားသား အလုပ်သမားတဦးအား တိုက်မိရာက စပြီး လူအုပ်ကြီးက အဆိုပါ ဘတ်စ်ကား၊ ရဲကားများနှင့် သူနာပြု ကားတို့ကို ဖျက်ဆီး မီးရှို့ခဲ့ကြသည်။ ယင်းဖြစ်ရပ်တွင် လူ ၁၈ ဦး ထိခိုက် ဒဏ်ရာရပြီး အများစုသည် ရဲအရာရှိများဖြစ်သည်။

“မနေ့ညက ဖြစ်ခဲ့တဲ့ Little India က ဆူပူအုံကြမှုဟာ အတော်အတင့်ရဲတဲ့ ဖြစ်ရပ်ပါ။ ရဲအရာရှိတွေလည်း တော်တော်များ များ ဒဏ်ရာရသွားတယ်။ မော်တော်ယာဉ်တွေလည်း ဖျက်ဆီးခံရလို့ ပျက်ဆီး ဆုံးရှုံးသွားတယ်။ အခြေအနေကတော့ အခု ထိန်းချုပ်ထားနိုင်ပြီး စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကသူ၏ ဖေ့စ်ဘုတ်တွင် ရေးသား ထားသည်။

သူက ဆက်လက်ပြီး “ဘယ်လိုအကြောင်းကြောင့် ဆူပူမှုစခဲ့တာဖြစ်ပါစေ ဒီလို ဖျက်လိုဖျက်ဆီး၊ ရာဇဝတ်သားတွေလို လုပ် တဲ့ အပြုအမူ အကြမ်းဖက်မှုမျိုးကို ခွင့်လွှတ်လို့မရဘူး”ဟုလည်း ဆိုသည်။

ပြစ်မှု ကျူးလွန်သူများကို စင်ကာပူနိုင်ငံ၏ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ကြီးချုပ် လီရှန်လွန်း က စင်ကာပူနိုင်ငံသားများအား အေးချမ်းစွာ နေကြရန်လည်း တိုက်တွန်း ပြောဆိုထားသည်။

ယခု နိုင်ငံခြားအလုပ်သမား အုံကြွမှုသည် နှစ် ၄၀ အတွင်း စင်ကာပူတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လူဦးရေ ၅ ဒဿမ ၃ သန်းရှိသော ကြွယ်ဝချမ်းသာသည့် ကျွန်းနိုင်ငံပေါ်တွင် လာရောက်အလုပ်လုပ်နေကြသော နိုင်ငံခြားသား အလုပ်သမား ၁ ဒဿမ ၃ သန်းအရေး ပိုအာရုံစိုက်လာစရာဖြစ်သည်။

ပြီးခဲ့သောနှစ်များအတွင်း အလုပ်ရှင်များက ခေါင်းပုံဖြတ်၍ လုပ်ခနည်းအလုပ်သမားများ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်သားများအကြား မကျေနပ်ချက်များ ပေါ်ထွက်လာသလို မနှစ်ကလည်း တရုတ်နိုင်ငံမှ လာပြီး ဘတ်စ်ကားမောင်းနေကြသော အလုပ်သမား ၁၇၀ ၏ တရားမဝင် ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ခဲ့သည်။

စင်ကာပူနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ High Commissioner က ယနေ့ ကြေညာချက်တစောင်ထုတ်ပြန်ရာ ဘတ်စ်ကားအတိုက်ခံရသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားသည် ပြဿနာ စတင်ဖန်တီးသူ အဖြစ် သတင်းမီဒီယာတချို့၏ ဖော်ပြမှုအပေါ် ငြင်းဆိုသွားခဲ့ပြီး အဓိကရုဏ်းဖြစ်ပွားမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးတလေမျှ မပါဝင်ခဲ့ကြောင်း၊ ၄င်းတို့ နိုင်ငံသားများအား အေးချမ်းစွာ နေထိုင်ရန်နှင့် တရားဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ယနေ့ နံနက်ပိုင်းက အခင်းဖြစ်ပွားခဲ့သည့် Little India အရပ်တွင် ပိတ်ဆို့တားမြစ်မှုများ မရှိတော့ပဲ ပုံမှန်အခြေအနေအတိုင်း ဖြစ်နေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း နောက်ဆုံးရရှိသော သတင်းများက ဆိုသည်။ သို့ရာတွင် ဆိုင်အများအပြား ပိတ်ထားဆဲ ဖြစ်သည်။

စင်ကာပူနိုင်ငံသားများအဖို့ ယခုဖြစ်ရပ်သည် ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကို အမှတ်ရစရာ ဖြစ်လာစေသည်။ စင်ကာပူ၏ နောက်ဆုံးအကြိမ် လူမျိုးရေးအဓိကရုဏ်းမှာ ၁၉၆၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူများစု တရုတ်များနှင့် လူနည်းစု မလေးတို့အကြား တင်းမာမှုကြောင့် ဖြစ်သည်။



ဧရာဝတီ

THE LADY-KILLERS FILES (မိန်းမပျိုလေးများ အပျော်ကျူးတာလား၊ ကိုယ်ကိုကိုယ် ဖျက်ဆီးနေကြတာလား)

Posted by drmyochit Monday, December 09, 2013, under | No comments


Casanova ဒါမှမဟုတ် Lady Killers တွေလို မြာပွေတတ်တဲ့ သူတွေက အပြောညက်ပြီး အပျော်ကျူး ကြသူ တွေလား၊ ကိုယ့်ကိုကိုယ် ဖျက်စီး နေကြတဲ့ စိတ်ခံစားမှု မူမမှန်သူ တွေလား။

ယောက်ျားတွေမှာ မိန်းမ တွေကို ညို့ယူဖို့ ဗျူဟာတွေ ရှိကြပါတယ်။ သူတို့ သုံးတတ်တဲ့ ဗျူဟာတွေနဲ့ သူတို့ရဲ့ အတွင်းက စိတ်အခြေအနေကို လေ့လာ ကြည့်ကြ ရအောင်လား။ ဇာတ်ညွှန်း ရေးဆရာ Paul Janka တစ်ယောက် ပထမတန်းစား 'မ'ညှို့ရှင် ဖြစ်ခဲ့တုန်း ကဆိုရင် သူ့မှာ သေ ချာ စမ်းသပ် ထားတဲ့ ဗျူဟာ တစ်ခု ရှိခဲ့ပါတယ်။ အရပ်မြင့်မြင့် ရုပ်ချောချော ဟားဗတ် ကျောင်းထွက် Janka ဟာလမ်းပေါ်မှာ တွေ့တဲ့ သူ့ပစ် မှတ်ကို ချစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ အပြောလေးနဲ့ ချဉ်းကပ်ပြီး တစ်နေ့နေ့ တစ်ခုခု သွားသောက် ရအောင်လို့ စလိုက်တာပါ။ အခြေအ နေတွေ ကောင်းနေ ရင်တော့ Janka ကသူ့အခန်း အနီးမှာရှိတဲ့ အေးအေးဆေးဆေး ထိုင်လို့ရတဲ့ တစ်နေရာမှာ တွေ့ကြပါတယ်။ "မိန်းမ တွေဟာ စိတ်ညို့ရ လွယ်ပြီး သူတို့ အကြောင်းတွေကို ပြောတတ် ကြပါတယ်။" လို့ Janka ကပြောပါတယ်။ အဲဒီတော့ သူက ချိန်းတွေ့တဲ့ နေရာ လေး အကြောင်းလို စိတ်ခံစားမှုကို ဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုကို စလိုက်ပြီး မိန်းမတွေကို ရင်ဖွင့်စေ ပါတယ်။ ညနေစောင်း လာပြီဆို သူ့မဒီကို အထိအတွေ့တွေ စပေးပြီး တုန့်ပြန်မှုကို လေ့လာ ပါတယ်။ နောက်တွန့် သွားသလား၊ တိမ်းညွတ် လာသလား စသဖြင့်ပေါ့။ သူနဲ့အိမ် လိုက်လာမယ့် မိန်းမမျိုး မဟုတ်ဘူး ဆိုရင် အချိန်နဲ့ ငွေကို ချွေတာတဲ့ အနေနဲ့ ချိန်းတွေ့ချိန်ကို ခဏလေးနဲ့ ဖြတ်လိုက် ပါတယ်။ ဒါပေမယ့် မိန်းမတွေက ပါလာကြတာ များပါတယ်။ Janka ဟာမိန်းမ အယောက် တစ်ရာကျော်နဲ့ အိပ်ခဲ့ဖူး ပါတယ်။



Janka ဟာသူ့ဗျူဟာကို အသက် သုံးဆယ် နီးနီးမှာ အကောင်းဆုံး ဖြစ်အောင် ပြုပြင်ယူ နိုင်ခဲ့ ပါတယ်။ "နယူးယောက်မြို့မှာ သိမ်းသွင်းခြင်း - လူလွတ်တို့ အတွက် နည်းပညာ" "Getting Laid in NYC: Technology for the Single Man" လို့အမည် ပေးထားတဲ့ စာမျက်နှာ ၁၇မျက်နှာရှိ လုပ်ထုံး လုပ်နည်း စာစဉ်လေးကို ရေးသားခဲ့ ပါသေးတယ်။ ဒီစာအုပ်ကို အင်တာနက် ပေါ်မှာ ရယူနိုင် ပါတယ်။ အခုတော့ တစ်လင် တစ်မယား စနစ်ကို ပျော်ရွှင်စွာ ကျင့်သုံးပြီး ခြေငြိမ်သွား ပြီဖြစ်တဲ့ Janka ဟာသူ့ရဲ့ မြာပွေတဲ့ နေ့ရက် တွေကို ပြန်ပြောင်း ပြောပြ ပါတယ်။ "မိန်းမ တစ် ယောက်ဆီမှာ ကျွန်တော် လိုချင်တာ ရှိနေပြီ ဆိုရင် သူ့ဝတ်လဲတော်ကို လှစ်ဟဖို့ အခြေအနေ ဖန်တီးရ တာပေါ့ဗျာ။ မိန်းမ တစ်ယောက်ကို မိ မွေးဖမွေး အတိုင်း မြင်ရတာ ဘာနဲ့မှ မတူဘူးဗျ။ လက်ဆောင် ထုပ်ကို ဖွင့်ရသလို ပဲပေါ့။ စိတ်လှုပ်ရှားဖို့ အကောင်း ဆုံး ကတော့ အဲဒီ အ ခြေအနေကို ရောက်အောင် ကျွန်တော် ဘယ်လောက် မြန်မြန် ဖန်တီး နိုင်သလဲ ဆိုတာပါပဲ။" မြာပွေသူ လူရှုပ်လူပွေ တွေဟာ သူတို့ရဲ့ စွမ်း အင်တွေ အတော် များများကို မိန်းမ များနိုင် သမျှ များများနဲ့ အိပ်စက်နိုင်ဖို့ မြှုပ်နှံထား တတ်သူ တွေပါ။ သူတို့ဟာ နှစ်လိုဖွယ် နေတတ် ကြ ပြီး (ဒီလို နေတတ်မှလည်း ဖြစ်မှာပါ။) မိန်းမတွေရဲ့ စိတ်ခံစားမှု အကြောင်းတွေကို နောကြေနေ တတ်ကြလို့ မိန်းမတွေ တစ်ခါတည်း မြောက် ပြီး ကြွေသွား လောက်အောင် လုပ်တတ်ကြ သူတွေပါ။ ဒါပေမယ့် ဒီအကျင့်ဟာ သူတို့လိုက်တဲ့ မိန်းမတွေ အတွက် သာမက သူတို့ကိုယ် တိုင် အတွက်ပါ အပျက် သဘောတွေ ရှိနေတတ် ပါတယ်။ မိန်းမတွေကို တစိုက်မတ်မတ် လိုက်နေရလို့ သူတို့ရဲ့ အလုပ်ရှေ့ရေးနဲ့ လူမှု ဆက်ဆံ ရေး တွေမှာ အာရုံတွေ နည်းသွား ပါတယ်။ မိန်းမကျမ်း ကျေသူ တစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ လူ့စိတ်ကို လှည့်ဖျား ကိုင်တွယ် တတ်တဲ့ အ ကျင့်ဟာလည်း ကိုလူရှုပ်တို့ ခြေရှုပ်ပြီး သေချာ အခြေချ တော့မယ် ဆိုရင် သူတို့ကို ဒုက္ခပြန် ပေးတတ် ပါတယ်။



Janka ငါးနှစ် အရွယ်မှာ မိဘတွေ ကွာရှင်းခဲ့ ကြပါတယ်။ သူ့အဖေဟာ လမ်းတကာ လှည့်ပြီး မိန်းမအရှာ ထွက်ခဲ့တာကို အားကျခဲ့ တာတွေကို သူအမှတ်ရ နေတတ် ပါတယ်။ "ယောက်ျား ပြည့်တန်ဆာ လောက်နီးနီးကို ဖြစ်ခဲ့တာ။" လို့ Janka ကပြောပြပါတယ်။ စိတ်ကုထုံး ပညာရှင်နဲ့ "အထိ မခံသော ယောက်ျား" "The Irritable Man" စာအုပ်ကို ရေးတဲ့ Jed Diamond ကတော့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ဆွဲ ညှို့သူ တွေဟာ ဖခင် အုပ်ထိန်းမှု လွတ်ပြီး ကြီးပြင်းလာ သူတွေ ဖြစ်တတ် ကြပါတယ်လို့ ဆိုပါတယ်။ ဖခင် တစ်ယောက်လို စံပြုရမယ့် သူမ ရှိဘဲ ကြီးပြင်း လာရတာမို့ သူတို့ကို လူတွေ လက်မခံ မှာကို စိုးရိမ်ပြီး စိတ်လုံခြုံမှု မရှိတတ် ကြဘဲ မိန်းမတွေကို ဖြားယောင်း သွေး ဆောင်ပြီး ကုစားတတ် ကြပါတယ်လို့ Diamond ကဆိုပါတယ်။ Janka ကိုယ်တိုင် ကလည်း သူ့ရဲ့ မြာပွေတဲ့ အကျင့်ဟာ သူအသက် ၁၇နှစ် အထိ ကြိုး သိုင်း အကျီင်္ကို ဝတ်ဆင်ပြီး ကြီးထွား ရင့်ကျက်မှု နောက်ကျတာ၊ ကောလိပ်ရောက် တဲ့အထိ လူပျိုစစ်စစ် အဖြစ်နဲ့ ကုန်ဆုံးခဲ့ ရတာနဲ့ ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ သူက ဒီလိုပြော ပါသေးတယ်။ "အထက်တန်း ကျောင်းတုန်းက အခွင့်အရေး တွေကို နမော်နမဲ့နဲ့ လက်လွတ်ခံ ခဲ့ရပါတယ်။ အထက်တန်း အောင်တော့ ကြိုးသိုင်း အကျီင်္ မဝတ်တော့ဘဲ ဆိုင်ကယ် တစ်စီးရ လာတာရယ်၊ သဲသောင်ပြင် ဘော်လီဘော ကစားပြီး အသားအရေ ကြေးနီရောင် ဖြစ်လာတာ တွေကြောင့် အရာရာက ပြောင်းလဲစ ပြုလာတာပါ။" အရောင်းရဆုံး စာရင်းဝင် မှတ်တမ်း တစ်ခုဖြစ်တဲ့ "The Game: Penetrating the Secret Society of Pick Up Artists" "ကစားပွဲ - မြာပွေသူ တို့၏ လျှို့ဝှက် အသိုင်းအ ဝိုင်းထဲ ထွင်းဖောက် ဝင်ရောက်ခြင်း မှတ်တမ်းများ" စာအုပ်ကို ရေးသားခဲ့တဲ့ Neil Strauss ကလည်း ဒီလို အခြေအနေ တွေဟာ သူတွေ့ဖူးတဲ့ ကို လူပွေတို့ရဲ့ ဘဝ အခြေအနေ တွေနဲ့ ထပ်တူပါပဲလို့ ဆိုပါတယ်။ ဘဝင်စိတ်က ဘယ်က ဖြစ်လာတာ လဲဆိုရင် အရင် အထက်တန်း ကျောင်း တုန်းက လူမသိ သူမသိ ရှက်ရွံ့တတ်သူ တစ်ယောက်ဟာ ဘားသို့မဟုတ် ပါတီတစ်ခုကို ရောက်ပြီး မိနစ်ပိုင်းအတွင်း လူတိုင်းက စိတ်ဝင်စား မှုကို ရရှိတဲ့အခါ ဖြစ်ပေါ်လာ တာပါလို့ ဆိုပါတယ်။



မိန်းမတွေကို များနိုင်သမျှ များများလိုက် နေချင်ကြတဲ့ စိတ်ဆန္ဒရဲ့ အဓိက သော့ချက်က ကိုယ့်ကိုကိုယ် တန်ဖိုးထား လေးစားမှု ပြဿနာတွေ ကြောင့်လို့ Diamond က ယုံကြည်ပါတယ်။ "မြာပွေသူ တွေဟာ အမြဲ ပျော်ပါး နေကြတယ်လို့ ထင်နိုင်စရာ ရှိပေမယ့် သူတို့ဟာ တကယ်တော့ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်လုံခြုံမှု မရှိကြဘူး" လို့ဆိုပါတယ်။ "ကျွန်တော် လူလွတ် ဘဝတုန်း ကတော့ မိန်းမလိုက်လို့ ဖြစ်ပေါ် လာတဲ့ စွဲဆောင်နိုင်မှုနဲ့ ကိုယ့်ရဲ့ အစွမ်းအစ တွေကို နှစ်သက် ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က SAT စာမေးပွဲ ဖြေမယ့် ကျောင်းသား တွေကို စာပြခဲ့ပြီး ကျွန်တော့်ရဲ့ တီထွင် ကြံဆနိုင် စွမ်းတွေ အားလုံး ရပ်တန့် နေပါတယ်။ အခုတော့ ကိုယ့်အစွမ်းအစကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ကျေနပ် လာပြီမို့ မိန်းမလိုက်ပြီး သက်သေ ပြစရာ မလိုတော့ ပါဘူး။" လို့ Janka ကပြောပါတယ်။ "လူတကာနဲ့ အိပ်စက်ရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ထဲက တွန်းအားက တစ်ခါတစ်ခါမှ ဖြစ်တာမို့ စွဲလမ်းမှု ဖြစ်စေပါတယ်။" လို့အသုံးချ စိတ်ပညာရှင် Nando Pelusi က ဆို ပါတယ်။ "အအောင်မြင်ဆုံး ငပွေးတစ်ယောက် တောင်မှ နောက် အခြေအနေ တစ်ခု ဘယ်လို ဖြစ်လာ လိမ့်မယ်ဆိုတာ မသိနိုင်ပါဘူး။ အမြဲ တမ်း အောင်မြင် နေတာ မဟုတ်ဘဲ တစ်ခါတစ်ခါမှ ဖြစ်ပေါ် ရရှိလာတဲ့ အရာတိုင်းဟာ လူစိတ်ထဲမှာ စွဲလမ်းမှုကို ဖြစ်စေတတ် ပါတယ်" လို့ သူက ဆိုပါတယ်။ ယောက်ျားသား တွေရဲ့ ကိုယ့်ကိုကိုယ် ခံယူချက် ကလည်း အသော မသတ်နိုင်တဲ့ အဖော်အသစ် ရှာဖွေရေး ဖြစ်စဉ်ကို အားပေးရာမှာ ပါဝင်နေ ပါတယ်။ "များလေ ကောင်းလေလို့ ခံယူထားရင် မတူတာတွေ များများ လိုက်ရှာ ဖြစ်သွားပြီး ရလာလေလေ ထပ်ရှာဖို့ စိတ်တွန်းအား ပိုလာလေလေ ဖြစ်လာ တာပါ။ သူတို့ဟာ တစ်ယောက် ပြောင်းတိုင်း လိင်ကိစ္စမှာ ကျွမ်းကျင် လာပေမယ့် လိင်ကိစ္စ သက်သက် ကြောင့်တော့ မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်တည်းနဲ့ ဆက်ဆံရင် ရိုးသွားတတ် ကြပါတယ်။



မြာပွေသူ တွေဟာ စိတ်ပိုင်း ဆိုင်ရာ မူမမှန်မှု အရိပ်အယောင် တွေလည်း ပြတတ် ပါတယ်လို့ "Without Conscience" "ဆင်ခြင်တုံ တရား ကင်းမဲ့၍" စာအုပ်ကို ရေးသားသူ University of British Columbia မှဂုဏ်ထူးဆောင် ပါမောက္ခ Robert Hare ကဆိုပါတယ်။ "သူတို့တွေဟာ Brad Pitt လိုစွဲဆောင်မှု မရှိ သရွေ့ မိန်းမတွေကို ဖြားယောင်း သွေးဆောင် နေကြဦး မှာပါ" လို့သူက ဆိုပါတယ်။ သစ်စိမ်းချိုး ချိုးသလို မ နှစ်မြို့ဖွယ်ရာ နည်းလမ်း တွေကို သူအပါအဝင် အခြား လူပွေတွေ ဘယ်လို သုံးတတ် ကြသလဲ ဆိုတာကို သူ့စာအုပ် ထဲမှာ အသေးစိတ် ရေး သား ထားပါတယ်။ ကိုလူရှုပ် တစ်ယောက် မိန်းကလေး တစ်ယောက်ကို အိပ်ရာ ထဲမှာ နမ်းနေတယ် ဆိုပါစို့။ မိန်းကလေးဟာ ရှေ့ဆက် မတိုး နိုင်ဖို့ ကြိုးစား ရုန်းနေတဲ့ အချိန်မှာ အေးတိအေးစက် အမူအရာနဲ့ ရုတ်တရက် ခွာလိုက်ပြီး laptop ထဲမှာ email ထစစ်လိုက် သလိုပေါ့။ တဒင်္ဂ အခိုက်အတန့်မှာ သူမဟာ သင့်ရဲ့ ဂရုစိုက်မှုကို ကြည်နူးစွာ ခံစားနေပြီး ရုတ်တရက်ကြီး ဒါတွေ အားလုံးကို ပြန်ရုပ်သိမ်း လိုက်သလို ဖြစ်သွား တာမျိုးပါ။ Janka ကတော့ သူလှည့်ဖြား ခဲ့တဲ့ တစ်ခု တည်းသော အချက်က သူအရက် မသောက် တတ်တာကို သောက်တတ် ဟန်ဆောင်ခဲ့ တာပါပဲလို့ ပြောပါတယ်။ မိန်း ကလေး တွေနဲ့ ပတ်သက်ပြီး သူက အကြံအစည် တွေနဲ့ မလှည့်ဖျား ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လိင်စိတ် မွှန်ထူလို့ လိင်ဆက်ဆံ လိုစိတ်တွေ မဖြစ်မနေ လုပ်ရတော့ မတတ် ပြင်းပြ နေခြင်းဟာ စိတ်ဝေဒနာ ရှင်တွေမှာ တွေ့ရ တတ်တဲ့ စိတ်ခံစားမှု တိမ်ခြင်းနဲ့ တခြားသူ အပေါ် တွယ်ငြိမှု မရှိနိုင် ခြင်းစတဲ့ လက္ခဏာ တွေနဲ့ အလားသဏ္ဍာန် တူပါတယ်လို့ Hare ကဆိုပါတယ်။ ဒါပေမယ့် လူတစ်ဦး က မိန်းမတွေနဲ့ လိုက်အိပ် နေရုံနဲ့တော့ သူဟာ စိတ်ခံစားမှု ဝေဒနာ တစ်ခုခု ရှိတယ် လို့တော့ ပြောလို့ မရပါဘူး ဆိုတာ သတိပြု ဖို့လည်း ပြော သွားပါ သေးတယ်။ Janka ကတော့ သူပွေလီခဲ့တဲ့ နေ့ရက် တွေကို ရှက်စိတ် နည်းနည်း လေးမှ မဖြစ်မိ ပါဘူးတဲ့။ ဒါပေမယ့် ခုလက်ရှိမှာ အချစ်ရေး ဖြောင့်ဖြူးဖို့ အတွက်တော့ အတတ်ပညာ အသစ်တွေချည်း သူလေ့လာ ခဲ့ရပါတယ်။ "ကျွန်တော် အရင်တုန်းက လူ့အန္ဓ တစ်ဦးလို နေလာ ခဲ့တာပါ။" မိန်းမတွေကို မျှားခေါ်တာမျိုး မဟုတ်ဘဲ မိန်းမ တစ်ယောက်ကို သူ့ဘဝမှာ နေရာပေးဖို့ ကြိုးစားခဲ့တာ ခုဆို သူရလဒ်ကောင်း တွေ ရရှိခံစား နေရပါပြီ။ "ကျွန်တော့် ကောင်မလေးရဲ့ နွေးထွေးမှု၊ အားပေးမှုနဲ့ အချစ် တွေဟာ မိန်းမလိုက် ရတဲ့ စိတ်လှုပ်ရှား မှုထက် အများ ကြီး သာလွန် ပါတယ်လို့ သူက ပြောသွား ပါသေး တယ်။


သင်လည်းပဲ မြာပွေသူ တစ်ယောက် ဟုတ်မဟုတ် အောက်ပါ မေးခွန်းတွေကို မိမိကိုယ်မိမိ မေးကြည့် နိုင်ပါတယ်။ တဒင်္ဂ ဆန္ဒအတွက် လိင်ဆက်ဆံရပြီး ရလာတဲ့ စိတ်ခံစားမှု ဒီလှိုင်းအပေါ် တွယ်တာ နေခြင်း ဟာ သင့်ဘဝရဲ့ တခြားသော အစိတ်အပိုင်း တွေကို ထိပါးလာ စေပါ တယ်။ တဏှာကို ခုံမင်စွဲလမ်း နေတာလား၊ ပေါ့ပေါ့ပါးပါးပဲ အပျော်ရှာ ချင်နေတာ လားဆိုတာကို ဆန်းစစ် ကြည့်လိုက် ကြရအောင်။

(၁) သင့်အတွက် အရေးကြီးတဲ့ သူတွေကို သင့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထား ပါသလား။

(၂) သူငယ်ချင်း တွေရဲ့ ကာမပိုင် ဇနီးမယား တွေနဲ့ ပွေရှုပ်ခြင်း မပြုတော့ပါလို့ မိမိကိုယ်ကို ကတိတွေ ပေးပြီး တည်ရန် ခက်ခဲနေ ပါသလား။

(၃) မစားကောင်းတဲ့ အသီးကို စားမိနေ ပါသလား။

ဒီမေးခွန်း သုံးခုလုံးကို 'ဟုတ်တယ်' လို့ဖြေခဲ့ရင်တော့ သင့်ရဲ့ လိင်မှုဘဝဟာ အကျိုးထက် အဆိုးဘက်ကို ဦးတည် နေပါပြီ။ စိတ်ပညာရှင် Nando Pelusi ကတော့ လိင်စိတ်ရှိ နေနိုင်ပေ မယ့်လည်း မလုပ်မဖြစ် လုပ်ရမယ် ဆိုတဲ့ စိတ်အယူကို ခွာချဖို့ အကြံပြု ပါတယ်။ သင့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို သတိပေး နေရမှာ က "ရနိုင်ပေမယ့် အရယူဖို့ မလိုဘူး" ဆိုတာပါပဲ။ ကိုယ့်ကိုကိုယ် အဖိုးမတန် သလို ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ မိန်းမတွေ ဆီကနေ ကိုယ့်ကို လူမှု အသိုင်းအဝိုင်းက လက်ခံကြ တယ်ဆိုတဲ့ ခံစားမှုကို သက်သေထူဖို့ လိုတယ် ဆိုတဲ့ စွဲလမ်းမှု ပြဿနာ တွေအတွက် စိတ်ကုထုံး တွေက အကူအညီ ပေးနိုင်ပါ လိမ့်မယ်။

The Lady Killers Files

အမျိုးသမီးများကို ဦးတည် လုယက်မှု မြင့်တက်ခဲ့သည့် မုံရွာတွင် ဒုရဲအုပ် အမျိုးသမီးကို တည်ကြက်လုပ်၍ လုယက်သူများအားဖမ်းမိ

Posted by drmyochit Monday, December 09, 2013, under | No comments

မုံရွာ၊ ဒီဇင်ဘာ ၈

တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက လမ်း မကြီး များတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲ စခန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒုရဲအုပ် အမျိုးသမီး စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို ထည့်စေပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီးနင်းခဲ့ရာ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ကန်သာယာ ဘုရားအနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်က အိတ်ကို ဆွဲယူခဲ့သည့်အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ် အမျိုးသားနှင့် ကြိုတင် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ လုယက်သူတွေက အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ ဆိုင်ကယ်နောက်က အိတ်လုတဲ့လူကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့ ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့သည့် မုံရွာမြို့မစခန်းမှူး ဦးကျော်ကျော်ညွှန့်က ဆိုသည်။

ဖမ်းဆီးရမိထားသူမှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်မှုတွင် ပါဝင်ဆက်နွှယ်သော နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်းလေးဦး ဖမ်းမိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး ဆရာဝန်တစ်ဦး ပထမဆုံးအကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇ နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့် ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်ပြီး ပြန်လာသည့် ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။

ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။

The Voice Weekly

တရုတ်ခရီးမှာ ရန်ကုန်က ဝတ်သွားတဲ့အတိုင်း၂ ရက်တိတိ နေခဲ့ရသူများ

Posted by drmyochit Monday, December 09, 2013, under | No comments



တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါတယ်။

တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook) ဒီရုပ်ရှင် ပွဲတော်ကို မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အောင်ခိုင်၊ Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ခင်စန္ဒာမြင့်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲတော်သွားရောက်မှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး

“ကျနော်တို့ တဖွဲ့လုံးက တရုတ်စကား ပြောတတ်တဲ့သူ တယောက်မှ မပါဘူး ဆိုတော့ သွားတဲ့ရက်မှာ ကျနော်တို့ လေယာဉ် အကူးအပြောင်းလုပ်တဲ့ ကူမင်းမြို့မှာ လေယာဉ်ချိန် ပြောင်းသွားတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းကနေ တာဝန်ယူပြီး ဟိုတယ်တခုကို ပို့ပေးတယ်။
စကား လုံးဝ မပေါက်တဲ့အတွက် လန့်လည်းလန့်တယ်။ စိတ်လည်း ပူတယ်။ ညကြီး ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖုန်းဆက်လို့ မရဘူး။ ရင်ခုန်စရာလေးနဲ့ အမှတ်တရ တခုလေးပါ။ နောက်တနေ့ ရောက်တော့လည်း ကူမင်းကနေ ပွဲတော်လုပ်တဲ့ ၀ူဟန်မြို့ကို လေယာဉ် အဆင်ပြေပြေနဲ့ ရောက်ပေမဲ့ ဟိုရောက်တော့ ကျနော်တို့ရဲ့ အိတ်တွေ မပါလာဘူး။
ခရီးသွားတုန်း ၀တ်ထားတဲ့ အ၀တ်အစားတွေ ကျနော်တို့ တဖွဲ့လုံး နှစ်ရက်ဆက်တိုက် ၀တ်လိုက်ရတယ်။ ပြန်တွေးကြည့်တော့ ပျော်စရာကြီးဗျ။ ပွဲတော်က တရုတ်ရုပ်ရှင် ပွဲတော် ပါတယ်၊

International ရုပ်ရှင်ပွဲတော် ပါတယ်။ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲ ပွဲတော်ရှိတယ်။ အဲဒီထဲက ပွဲတော်တခုကို ဒီကနေ ၀တ်သွားတဲ့ နှစ်ရက်စာ အ၀တ်အစားနဲ့ ကျနော်တို့ တက်လိုက်ရတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ International ရုပ်ရှင်ပွဲတော်မှာ ပြပွဲတင် ၂၈ ကားရှိပြီး အဲဒီ ၂၈ ကားထဲမှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားပါတယ်။

“ပြပွဲဝင်တဲ့ကားတွေကို သူအချိန်နဲ့သူ ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးတာမျိုးတွေ မရှိပါဘူး။ အခြား ရုပ်ရှင်ကား ကြည့်ဖို့လည်း အခွင့်အရေး မရပါဘူး။
ကျနော်တို့ကို နောက်တရက်မှာ ဧည့်သည်တွေ အနေနဲ့ သူတို့ မြို့တွင်းနေရာများကို လိုက်ပို့ပါတယ်။ လည်ဖို့ ပတ်ဖို့ စီစဉ်ပေးတယ်။ Dinner တွေ ဖိတ်ကျွေးတယ်။
တရက်က International ရုပ်ရှင် ဆုပေးပွဲ တက်ရပါတယ် ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ပြပွဲမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် ဆုပေးပွဲကို ရုပ်ရှင်ရုံ တရုံမှာ အကျဉ်းရုံး ပြုလုပ်တာ ဖြစ်ပြီး တရုတ်ရှပ်ရှင် ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားကို အကြီးအကျယ်၊ အခမ်းအနားဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။

“ဆုပေးပွဲကတော့ ကျနော်တို့ဆီမှာလိုပါပဲ၊ တင်ဆက်မှုတွေ၊ ဆုတဆုနဲ့ တဆုကြားမှာ Performance တွေ၊ သီချင်းဆိုတာတွေ၊ တင်ဆက်တာတွေကို ခမ်းခမ်းနားနား လုပ်ပါတယ်။
ပြီးတော့ ထူးခြားတာက ပွဲမစခင်မှာ Celebrity တွေ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ Red Carpet (ကော်ဇောနီ) လျှောက်တဲ့ အခမ်းအနား ပါဝင်ပါတယ်။
ကော်ဇောနီ လျှောက်တဲ့ အခမ်းအနားကို စနစ်တကျ သီးသီးသန့်သန့် စီစဉ်ထားတာပါ။
၅ နာရီမှာ ကော်ဇောနီလျှောက်ဖို့ စမယ်ဆိုရင် ၄ နာရီလောက် ကတည်းက တဖွဲဖွဲ ရောက်လာပြီး နားနေခန်းထဲမှာ နေကြတယ်။ ၅ နာရီမှာ ကော်ဇော်နီ စလျှောက်တယ်။
ကော်ဇောနီပေါ် ပရိသတ်တွေရော၊ စာနယ်ဇင်းတွေရော၊ ကင်မရာမန်းတွေရော တက်လို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြတယ်။
အဲ့ဒီတော့ ကျနော်တို့ဆီမှာလို ၀ရုန်းသုန်းကား ရှုပ်ပွနေတာတော့ မရှိဘူး” လို့ စိုင်းစိုင်းခမ်းလှိုင်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

တရုတ်နိုင်ငံ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ် လမ်းလျှောက်ရတာနဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲ ၀င်တဲ့ လမ်းကြောင်းပေါ် လျှောက်ရတာ ခံစားမှု ကွာခြားလားဆိုတာနဲ့ ပတ်သက်ပြီး

“ဘယ်လိုပဲ ခမ်းနားအောင် ပြင်ဆင်ထားပေမဲ့လည်း ဒီပရိသတ်က ကိုယ့်ပရိသတ်မှ မဟုတ်တာ။ ဘယ်သူမှ မသိဘူး။
ဒီအတိုင်းပဲ လျှောက်တယ်ဆို လျှောက်သွားတာပဲပေါ့။
သူတို့မင်းသားတွေ အတွက်ကတော့ သူတို့ပရိသတ်တွေနဲ့ ပျော်စရာကောင်းမှာပေါ့၊
ကျနော်ကကျတော့ ကျနော့်ပရိသတ်က ဒီမှာပဲရှိတာကိုး၊
ဒီမှာ ကျနော်တို့ကို ချစ်တဲ့လူတွေ ပရိသတ်တွေ ရှိတယ်ဆိုတော့ ကော်ဇောနီပဲ လျှောက်ရ လျှောက်ရ ကော်ဇောမပါပဲ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်ပရိသတ်ကြားမှာ လျှောက်သွားရတဲ့ အရသာကိုပဲ ပိုကြိုက်တာပေါ့။ ပိုပြီးပျော်တယ် ” လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ကားကို တရုတ်နိုင်ငံရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ပြသမှုနဲ့အတူ အတွေ့အကြုံ ရချင်လို့၊ ရောက်ဖူးချင်လို့ စိုင်းစိုင်းခမ်းလှိုင်က သွားခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပေမဲ့ နောက်ထပ် ရုပ်ရှင်ပွဲတော်တွေကို သွားဖို့ မပြောတတ်သေးဘူးလို့ သိရပါတယ်။

ခင်လေးမြင့်
မူရင်း - အလင်းတန်းဂျာနယ် အောက်တိုဘာ ၇

အလင်းတန်းဂျာနယ်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။

ဧရာဝတီ

ရေနှင့်မတည့်သောကြောင့် ငိုလျှင်ပင် မျက်ရည်ကြောင့်သေနိုင်သောမိန်းကလေး

Posted by drmyochit Monday, December 09, 2013, under | No comments

ဝေလပြည်မြောက်ပိုင်း ဖလင့်မြို့၌ နေထိုင်သော အသက်၂၇နှစ်အရွယ်ရှိ ကက်တီဒဲလ်အမည်ရှိ မိန်းကလေးသည် ရေနှင့်ဓာတ်မတည့်သောကြောင့် ငိုမိလျှင်ပင် မျက်ရည်ကြောင့် သေနိုင်သည်ဟုဆိုသည်။ သူသည် ပြင်းထန်သော ရေနှင့် ဓာတ်မတည့်သည့် Aquagenic urticariaဟုခေါ်သော ရောဂါရှိပြီး တစ်ကမ္ဘာလုံး၌ ယင်းရောဂါမျိုးရှိသူ ၃၅ဦးသာ တွေ့ဖူးရာ အလွန်ရှားပါးသော ရောဂါဖြစ်သည် ဟုဆိုသည်။ သူသည် ငိုလိုက်လျှင်ပင် အလွန်နာကျင်သော အနီကွက်များ ဖြစ်ပေါ်လာသည် ဟုဆိုသည်။ သူသည် အဆိုပါရောဂါကြောင့် သူ၏ အလုပ်အကိုင်ဖြစ်သော အကသင်တန်း ဆရာမအလုပ်မှ ထွက်ခဲ့ရသည်။ သူ၏ အခြေအနေသည် ပိုမိုဆိုးဝါး၍ လာနေရာ သူသည် ယင်းကြောင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည် ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အသက်၁၆နှစ် အရွယ်တွင် အာသီးဖြတ်ပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အား ဖြန့်ချိရေး ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ အင်ဒီ(၃၂နှစ်)က အချိန်ပြည့် စောင့်ရှောက်ပေး နေရကြောင်း သိရသည်။


 ပြည်မြန်မာ

ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း

Posted by drmyochit Monday, December 09, 2013, under | No comments

ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော် ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာ လိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက် သာ အစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့်အနေအထားမရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ယင့်လတ်ခ် အစိုးရကိုဆန္ဒပြနေတဲ့သူတွေကတော့ ယင့်လတ်အစိုးရက ကြားဖြတ်အစိုးရအဖြစ်လုပ်ဆောင်နေတာကိုလည်း အပြီးနှုတ်ထွက်ပေးရမယ်။ ပြည်သူကိုယ်စားပြုလွှတ်တော်(ပြည်သူ့ ကောင်စီ) ဖွဲ့ စည်းဖို့ ကိုပဲ တောင်းဆိုနေတုန်းဖြစ်ပါတယ်။ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ်ရဲ့  မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားပေးရမယ်လို့ တောင်းဆိုနေပါတယ်၊

လက်ရှိဖွဲ့ စည်းပုံအရ 45 ရက်အတွက် ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိလူထုထောက်ခံမှုအရပြောရမယ်ဆိုရင် ယင့်လတ်ခ် ချင်န၀ပ် ပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီ(ထိုင်း အတွက်ပါတီ) ကပဲ မဲအများစုရမယ့် အနေအထားဖြစ်ပါတယ်။ ဖုယာထိုင်း ပါတီက အနိုင်ရပြီး အစိုးရထပ်လုပ်မယ်ဆိုရင် လက်ရှိဆန္ဒသူတွေက ဆက်လက်ပြီး ဆန့် ကျင် ဆန္ဒကြဦးမှာဖြစ်တယ်၊ အကြောင်းပြချက်က တိုင်းပြည်ငွေအလွဲသုံးစားမှုနဲ့ ထောင်ဒဏ် 2 နှစ် အပြစ်ပေးခံထားရလို့ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ် ကြောင့် တိုင်းပြည်အတွင်းမှာစိတ်ဝမ်းကွဲမှုတွေဖြစ်ခဲ့ရတယ်။ မိသားစုကိုယ်ကျိုးစီပွားရှားအကြီးအကျယ်ရှိခဲ့တယ်။ ထပ်စင် ချင်န၀ပ် မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားရမယ်လို လို့ တောင်းဆိုနေတာကြောင့်ဖြစ်ပါတယ်။

တခါလက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ ဆိုရင် ထပ်စင် ချင်န၀ပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန့် ကျင်ဆန္ဒပြကြမှာဖြစ်ပါတယ်။ ရှပ်နီတွေရဲ့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ 3 နှစ်က ရှပ်နီတွေဆန္ဒပြတာကို အင်အားသုံးပြီဖြိုခွင်းခဲ့ရာမှာ လူပေါင်း 100 နီးပါးသေဆုံးပြီး 2500 လောက်ဒဏ်ရာရခဲ့တယ်တယ်။ ဒီလိုသွေးစွန်းတဲ့လက်တွေကို အစိုးရလုပ်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုမှုရှိနေပါတယ်။
ဒီလိုနိုင်ငံရေးတင်းမာမှုတွေအပေါ် ပညာရှင်တွေရဲ့ ထောက်ပြချက်တွေ အမျိုးမျိုးရှိနေပါတယ်။

တချို့ ပညာရှင်တွေ တင်ပြတာကတော့ လွှတ်တော်ဖျက်သိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ထိုင်းနိုင်ငံရေးမှာ ဘာတွေပြုပြင်ချင်သလဲ ဖွဲ့ စည်းပုံကို ဘာတွေပြင်ချင်သလဲဆိုတာ ကို တိုင်းပြည်အကျိုးကိုရှေ့ ရှူပြီး အတိအကျပြောကြားပြီးမဲစွယ်ပါ၊ လွှတ်တော်အမတ်အများဆုံး ရတဲ့ ပါတီက မဲစွယ်ထားတဲ့အတိုင်း ပြင်ပို့ တိုက်တွန်းပါတယ်။

တချို့ ပညာရှင်တွေတင်ပြတာက လာမယ့်ရွေးကောက်ပွဲဟာ ဖွဲ့ စည်းပုံ ပြင်ရေးအတွက် အဓိကဖြစ်တယ်၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲရေး ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် အဓိကလုပ်ဆောင်ရမယ်။ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဖွဲ့ စည်းပုံဖြစ်လာရေးဆွဲရမယ်။ ဒီတော့မှာ နိုင်ငံရေးတည်ငြိမ်မယ်လို့ ပြောနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရေးရှေ့ အလားအလာကတော့ ဘယ်ကိုဦးတည်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘီဘီစီ ၀င်းမြင့် BBC Winmit's

Facebook,Web တွေပေါ်က ဗွီဒီယိုတွေ ဒေါင်းလုတ်ဆွဲမရပါဘူးဆို သူတွေအတွက် Video downloader

Posted by drmyochit Monday, December 09, 2013, under | No comments

ဒီဆော့ဝဲလ်လေးကတော့ မိမိတို့  facebook ,web တွေက ဗွီဒီယိုတွေ  download ဆွဲရတာ အဆင်မပြေသူတွေအတွက် ဖြစ်ပါတယ် … ဒီဆော့ဝဲလ်လေးက တခြားဆော့ဝဲလ်လေးတွေထက်အသုံးပြုရတာ ပိုပြီး လွယ်ကူ မြန်ဆန်တာ ကိုတွေ့ရပါတယ် .ပထမ ဆော့ဝဲလ်လေးကို  install ထားလိုက်ရုံပါပဲ..

ပြီးရင် မိမိဒေါင်းချင်တဲ့ ဗွီဒီယိုဖိုင်ပေါ်မှာ  လက် ခလေး သုံးစက္ကန့် လောက်ဖိထားရင် မျှားလေးနဲ့ တက်လာပါလိမ့်မယ် …ရွေးပေးလိုက်ပါ … အော်တိုဒေါင်းနေတာကို တွေ့ရပါမယ် ..





   Download Here:
    Mirror Download link: http://www.mediafire.com/download.php?wfdb1ly9jq2bdz5

From: Myanmar Mobile

အသက် ၁၈ နှစ်လောက် ပုံစံမျိုးတော့ ရိုက်လို့မရဘူး အေးမြတ်သူ

Posted by drmyochit Monday, December 09, 2013, under | 12 comments


အေးမြတ်သူ အသက်(၁၈)နှစ် လောက်ပုံစံမျိုးတော့ ရိုက်လို့မရ တော့ဘူး။ အေးမြတ်သူ အသက် (၂၈)နှစ်ဖြစ်ပြီလေ။ (၁ဝ)နှစ်ကြာ သွားတဲ့အချိန်မှာဖြတ်သန်းလာတဲ့ Life နဲ့မျက်လုံးတွေ၊ လူ့ရဲ့ဟန်ပန် အမူအရာတွေကမတူတော့ဘူး။ (၁၈)နှစ်မှာ အရမ်းလွတ်လပ်မယ်၊ ပေါ့ပါးမယ်၊ ဘယ်သူ့ကိုမှလူမထင် တာလည်းဖြစ်ရင်ဖြစ်မယ်။ မထီမဲ့ မြင်ပုံစံလည်းဖြစ်နိုင်တယ်။ အသက် (၂၈)နှစ်မှာ အရာရာအားလုံးကိုဆင် ခြင်နိုင်ပြီ၊ တွေးတောနိုင်ပြီ။ မျက်လုံး တွေရော၊ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ရော၊ ကိုယ့်ရဲ့ဟန်ပန်လှုပ်ရှားပုံ၊ ကိုယ့်ရဲ့အသိဥာဏ်တွေ ကအစအား လုံးပြောင်းလဲ သွားတယ်။
အသက် (၁၈)နှစ်နဲ့အခုရောက်နေတဲ့ (၂၈) နှစ်ကိုတိုင်းတာကြည့်လိုက်တဲ့အခါ အရမ်းကွာခြားသွားတယ်။


အရင် တုန်းကတော့ မထီမဲ့မြင်ပုံစံမျိုး လောကကြီးကိုအရွဲ့တိုက်တဲ့မိန်းမ တစ်ယောက်ပုံစံမျိုးဖြစ်နိုင်ချေရှိ တယ်။ ငယ်ဂုဏ်လည်းရှိတာကိုး။ လူကငယ်ဂုဏ်ရှိတော့ လှတယ်ဆို တဲ့စိတ်လည်းရှိတော့ တစ်ခါတလေ လူတွေအားလုံးကိုမထီမဲ့မြင်ပုံလေး တွေရှိတတ်တယ်။ ခနဲ့တဲ့စိတ်ကူး လေးတွေရှိတယ်။ အဲဒါကမှားလား၊ မှန်လားအရှေ့မှာမသိသေးဘူး။ ဆယ်နှစ်စာဖြတ်သန်းတဲ့အခါကျမှ ခနဲ့တာဟာ ကောင်းလား၊ ဆိုးလား၊ မထီမဲ့မြင်လုပ်တာက ကောင်းလား၊ ဆိုးလား၊ လူတွေကရွဲ့နေတာက ကောင်းလား၊ ဆိုလားဆိုတာ ကိုယ် ကသိလာပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ Life ကများ လာပြီ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် စဉ်းစားတတ်လာတယ်။ တွေးခေါ် တတ်လာတယ်။
အဲဒီအတွက် လူ့ ရဲ့နေထိုင်ပြောဆိုပုံက အများကြီး ကွာခြားသွားတယ်။ အဲဒါကြောင့် လူတွေက မိန်းမတွေအသက်ကြီး ရင်ရင့်ကျက်လာကြတယ်လို့ပြော ကြတယ်။ အဲဒီစကားကို အေးမြတ် သူလက်ခံလို့ရတယ်။ အေးမြတ်သူ က အသက်(၃ဝ)မှာ မိန်းမတစ် ယောက်ဟာ တည်ငြိမ်ရင့်ကျက်မှုရှိ တယ်လို့ယူဆတယ်။ အသက်(၁၈) နှစ်လောက်မှာလှတာကငယ်လို့သာ ငယ်ဂုဏ်ရှိလို့လှတာ။ တကယ် Perfect လှတာက ၂၅၊ ၂၆၊ ၂၇ အဲဒီ ပတ်ဝန်းကျင်မှာလှတာက ပြီးပြည့် စုံတဲ့အလှလို့ယူဆတယ်။ အဲဒီလို အချိန်မှာ ကိုယ့်ရဲ့တွေးခေါ်မှုတွေ၊ စဉ်းစားမှုတွေအများကြီးရှိသေးတာ ကိုး။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်