Wednesday, December 11, 2013

ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန်

Posted by drmyochit Wednesday, December 11, 2013, under | No comments


ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့် သော စေတနာ့ ဆောင်းပါ)

မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း(ကိုယ်ဝန် ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်း ရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ် ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ် ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။ ရာသီလာတဲ့ အချိန်အတောအတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။

ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်

မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။


ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။

ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန်

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ

စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၂) အာဟာရပြည့်ဝသော အစာစားပါ

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။

(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေးတာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။

အမှိုက်အိတ်လို မဖြစ်စေနဲ့ 

Posted by drmyochit Wednesday, December 11, 2013, under | No comments


တစ်ရက်မှာ အိမ်ဘေးနားက ဦးလေးကြီး တစ်ယောက် သူ့ တူကို ဆူတဲ့ အသံကြားလိုက်ရတယ်။ တူကလည်း တော်တော်ဆိုးပုံရပါတယ်။ စကားလည်း နားထောင်ပုံမရပါ။

ဦးလေးကြီးက လက်ထဲမှာလည်း ပလက်စတစ် အိတ်တစ်လုံးကိုင်လို့  အမှိုက်တွေ သွားပစ်မယ်နဲ့ တူပါတယ်။ ပါးစပ်ကလည်း တူလုပ်တဲ့သူကို ဆူနေတာပါ။

"မင်းတို့  လူငယ်တွေ တော်တော် ခတ်တယ်...ခေါင်းထဲမှာ တန်ဖိုးရှိတာဆိုလို့  ဘာမှ ထည့်မထားကြ ဘူး...တစ်နေ့ လာလည်း အပြင်ထွက် ပျော်ပါး..လျှောက်လည်ကြ..တစ်နေကုန်မှ အိမ်ပြန်လာတယ်...ပြီးရင် စားကြ သောက်ကြ၊ ဒါလုပ်ပြီးရင် အိပ်ယာထဲ တန်းဝင်ကြရော..."

" ဦးလေးကလည်း..ကျွန်တော်တို့ က ဒီချိန်လေး ဒီလိုနေရတာကို..ဦးလေးတို့ တုန်းကလည်း နေခဲ့တာပဲ ...နောက်ကျရင်ကျွန်တော်လည်း အလုပ်တွေဘာတွေ လုပ်တော့မှာကို..."

" အေး ငါတို့ တုန်းက နေခဲ့တာမှန်တယ်..အချိန်နဲ့ ခါနဲ့  ထွက်တာကွ...ပြီးရင်လည်း အိမ်မှာလည်း ၀ိုင်းကူသေးတယ်..ကိုယ့်အတွက်လည်း ကြိုးစားဖို့ တော့ အမြဲတွေးနေတာ....မင်းတို့ က လွန်လွန်း တယ်....တစ်နေ့ လည်း အပျော်၊ တစ်နေ့ လည်းအပျော်...ကြာရင် ငါ့လက်ထဲက အမှိုက်အိတ်လို ဖြစ်သွား မယ်..သုံးမရတဲ့ ပစ္စည်းတွေ ထည့်ထားခံရလို့ ..လမ်းဘေးအမှိုက် တောင်းထဲ ခုလို အစွန့် ပစ်ခံရမယ်ကွ.."

ဒီဦးလေး ပြောတာ ဟုတ်တာပဲ လို့ တွေးမိပါတယ်။ အိတ်တစ်လုံးဟာ မကောင်းတဲ့ ပစ္စည်းစုပ်တွေ ထည့် ထားလို့ သာ အမှိုက်တောင်းထဲရောက်တာပေါ့။ တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ ထည့်ထားကြည့်ပါလား လမ်းဘေး ဘယ်ရောက်ပါ့မလဲ။ အိမ်မှာပဲ ချိတ်ထားခံရမှာပေါ့။

လူတစ်ယောက်ဆိုလည်း သူသာ တန်ဖိုးရှိအောင် လူ့ ပတ်ဝန်းကျင်မှာ နေကြည့် ဘယ်သူမှာ ချောင် မထိုးဘူး၊ မစွန့် ပစ်ကြပါဘူး။ လူ့ တန်ဖိုးမဲ့အောင် နေတဲ့သူကတော့ အမှိုက်အိတ်လိုပဲ ဘယ်သူမှ အရေး မလုပ် လမ်းဘေးမြောင်းထဲ ပစ်ခံရမှာ သေချာတယ်။

လူဟာ တန်ဖိုးရှိလာအောင် မိမိကိုယ်တိုင် နေထိုင်တတ်ရမယ်။ လုပ်ကိုင် ဆောင်ရွက်တတ်ရမယ်။ ဒီတန် ဖိုးကို အကဲဖြတ်တဲ့နေရာမှာတော့ ပတ်ဝန်းကျင်က အဓိက ကျတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း ပြစ်ထား လို့ မသင့်ဘူး။ အထိုက်အလျောက်သူတို့ အမြင်မှာ အဆင်ပြေအောင် နေတတ်ရမယ်။

ပတ်ဝန်းကျင်ဆိုတာလည်း ဂရုစိုက်စရာမလိုပါဘူး၊ ကိုယ်နေချင်သလို နေလိုက်မယ်၊ ငါက ဘာပူစရာ ရှိလည်း မိဘတွေကလည်း ချမ်းသာတာပဲ စားလို့ တောင် မကုန်ပါဘူး။ ဘာမှမတတ်လည်း ထိုင်စားလို့ ရတယ်၊ဘာမှ မလုပ်ဘူးကွာ ဆိုရင်တော့ကျိန်းသေပါတယ်၊ ဒီလိုလူစားမျိုးဟာ လူ့ အမှိုက်ဖြစ်မှာပါပဲ။

တစ်ချိန်မှာတော့ လူ့ အမှိုက်ဆိုတာ စွန့် ပစ်ခြင်းကို ခံရဦးမှာ မလွဲဘူး။ ဒါကြောင့် ကိုယ့်ဟာ အသိတွေ၊ တန်ဖိုးရှိတဲ့ ပညာရပ်တွေ စတဲ့ ပစ္စည်းကောင်းတွေထည့်တဲ့ အိတ်မျိုးပဲ ဖြစ်နေပါစေ။ မကောင်းတဲ့ အလေ့ အကျင့်တွေ၊ အပြုအမူတွေလို ပစ္စည်းစုပ်တွေထည့်ထားခံရတဲ့ အိတ်မျိုး မဖြစ်ပါစေနဲ့ ဆိုတာကို ရေးသား တင်ပြလိုက်ပါတယ်။

True Man

တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း

Posted by drmyochit Wednesday, December 11, 2013, under | No comments



၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ကားကိုဆက်မောင်း၍  သာကေတ  အေးနန္ဒာ တည်းခိုခန်းအနီး အရောက်  ကားရပ်သဖြင့်  ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ်  ဖုန်းကို  လုယူရိုက်ခွဲကာ  မနုနုထွေး  ၀တ်ဆင်ထားတဲ့  စိန်လက်ကောက်  (၁)ကွင်းကို  ဆွဲချွတ်လုယူ  မောင်းနှင်သွားသည့်အတွက်  မနုနုထွေး  က  ၉.၇.၂၀၁၃ ရက်နေ့မှာ  သာကေတနယ်မြေရဲစခန်းမှာ  အမှုဖွင့်ခဲ့ရာ  ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်း တစ်ပုဒ်  ပါရှိခဲ့ပါသည်။ …..။

အဆိုပါ  သတင်းနဲ့  ပတ်သက်လို့  ကာယကံရှင် အောင်နိုင်ဦးက  ၄င်းနဲ့  မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက  သမီးရည်းစားဖြစ်ခဲ့ပြီး  မနုနုထွေး  ယခုလုပ်ကိုင်နေတဲ့  H2O  အမည်ဖြင့်  Decoration  လုပ်ငန်းကို  နှစ်ဥိးသား  အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက်  မိဘများ“  သဘောဆန္ဒအလျောက်  လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း  H2O  လုပ်ငန်းမှ  ငွေကြေးပစ္စည်း တစ်စုံတစ်ရာ  မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့  ကိုအောင်နိုင်ဦးသည်  ၄င်းအလုပ်ရုံတွင်  သူငယ်ချင်း  ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့  စကားပြောနေစဉ်မှာပင်  မနုနုထွေးက  ဗိုလ်ကြီး  ကျော်ကျော်ထွေးထံ  ဖုန်းဖြင့်  ထမင်းစားဖိတ်ခဲ့လို့  အောင်နိုင်ဦးလည်း  လိုက်သွားပြိး  အပြန်မှာ  ဗိုလ်ကြိး ကျော်ကျော်ထွေး၊ မနုနုထွေးနှင့်အတူ  ကိုအောင်နိုင်ဦး မောင်းသည့်ကားနဲ့  ပြန်လည်ခဲ့ကြောင်း၊ တာမွေက  ဘရိုက်စတား  ဆံပင်ညှပ်ဆိုင်မှာ  အောင်နိုင်ဦး  ဆံပင်ညှပ်တဲ့ အချိန်မှာလည်း  မနုနုထွေးတို့  ၂ ဥိးလည်း  ထိုင်စောင့်နေ ခဲ့ကြောင်း၊ ၄င်းနောက် အောင်နိုင်ဦးဟာ  ဗိုလ်ကြိး ကျော်ကျော်ထွေးကို  လိုက်ပို့ပြီး  မနုနုထွေးနဲပပြန်လည်စဉ်မှာပင်  လက်ထပ်ယူရန် ပြောဆိုရင်း  သန်လျင်ဘက်  ရောက်ကာ  စကားအခြေအတင်ဖြစ်ပြီးပြန်လ်ာစဉ်  သန်လျင်တံတားအဆင်းအရောက်  ကားရပ်စဉ် မနုနုထွေးမှ  ကားပေါ်မှ  ဆင်းပြီး  ၄င်းကို ရိုက်နေတယ်ဟု  အော်သဖြင့်  ၀ိုင်းကြည့်နေတဲ့လူအုပ်ကို  ရှင်းပြပြီး  မနုနုထွေးအား  ကားပေါ်ခေါ်တင်သည့်အခါ  မလိုက်ဘဲ  ဆက်အော်နေသဖြင့်  ထားခဲ့ပြီး  ကားကိုမောင်းလာခြင်းဖြစ်ကြောင်း  ၄င်းဖြစ်စဉ်အား မနုနုထွေးမှ  ချဲ့ကားပြီး  တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုင်ချက်မှာပါတဲ့  လုယူသွားတဲ့  စိန်လက်ကောက်ဟာလည်း  အောင်နိုင်ဦးက  မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့  လက်ကောက်ဖြစ်ကြောင်း သိရှိရပါသည်။

မနုနုထွေးက  ဘယ်လိုဘဲ  စွပ်စွဲတိုင်ကြားခဲ့သော်လည်း  ဖြစ်စဉ်ကို  ရဲတပ်ဖွဲ့က  စစ်ဆေးပြီး ဥပဒေရုံးအဆင့်ဆင့်ကို  အကြံညာဏ် တောင်းတဲ့အချိန်မှာတော့  စွပ်စွဲချက်ဟာ  မမှန်ကန်ဘဲ  သာမန်စကားများရန်ဖြစ်မှု ပုဒ်မ ၃၅၄/၅၀၆/၃၂၃/၄၀၃ နဲ့ဘဲ  အကြံပြုခဲ့ တယ်လို့  သိရှိရကာ  သာကေတတရားရုံးမှာ  ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်းနှင့်  စိန်လက်ကောက်  လုယူသွားကြောင်း  မမှန်ကန် တိုင်ကြားတဲ့  မနုနုထွေးကို  ကိုအောင်နိုင်ဦးက  ပုဒ်မ ၂၉၄/၃၂၃/၅၀၀ ဖြင့်  ပြန်လည် တရားစွဲဆိုထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရပါသည်။

Thit Htoo Lwin မှ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်

Posted by drmyochit Wednesday, December 11, 2013, under | No comments




မောင်တော၊ ဒီဇင်ဘာ ၁၀

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် နှစ်နိုင်ငံ အကျဉ်းသားများကို အပြန်အလှန် လဲလှယ်ခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။

ထိုင်းငါးဖမ်းသင်္ဘောတွင် လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသား ငါးဦးသည် ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပိုင်နက်တွင် နယ်မြေကျူးကျော်မူဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်လည် လွှဲပြောင်းပေးခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား လူငယ်နှစ်ဦးမှာလည်း လွန်ခဲ့သည့် ခြောက်လခန့်က ငါးဖမ်း ထွက်ရာမှ မြန်မာပိုင်နက်တွင် ဖမ်းဆီးခံခဲ့ရသူ များဖြစ်ကြောင်း ယင်းအစည်းအဝေး တက်ရောက်ခဲ့သူ တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းမှ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက လွှဲပြောင်း ပေးလိုက်သည့် မြန်မာနိုင်ငံသား ငါးဦးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ နှစ်ဦး၊ ကျောက်တော်မြို့နယ်မှ တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်မှ တစ်ဦးတို့ဖြစ်ပြီး ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar အကျဉ်းထောင်တွင် ထိန်းသိမ်းခံ ခဲ့ရကြောင်း ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွတ်မြောက်လာသူ များကို တောင်ပြိုလက်ဝဲ လူမှုကူညီရေး အသင်းက ငွေကျပ်တစ်သောင်းစီ လှူဒါန်းခဲ့ပြီး ၄င်းတို့ကို စစ်တွေမြို့ရှိ လူမူကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ လူဝင်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး က ပြောကြားသည်။

(ခင်မောင်အေး)
The Voice Weekly

Hobbit ကျေးရွာလေးကို Lego တုံးများဖြင့် ဖန်တီးပြခဲ့သည့် ဆယ်ကျော်သက်နှစ်ဦး

Posted by drmyochit Wednesday, December 11, 2013, under | No comments

အသက်(၁၇)နှစ်ရှိ ဘလိတ်ခ်ဘေအာနှင့် အသက်(၁၈)နှစ်အရွယ် ဂျက်ဘစ်တနာတို့သည် ယင်းရွာငယ် ပုံတူလေးအတွက် နာရီပေါင်း (၄၀၀)ကျော် အချိန်ယူ တည်ဆောက်ခဲ့

Hobbit ဇာတ်ကားများကို နှစ်သက်သည့် ပရိသတ် နှစ်ဦးသည် Hobbitကျေးရွာလေး တစ်ခုကို လက်တွေ့ ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ကစားစရာ Legoတုံးလေး (၈၀၀၀၀)ကို အသုံးပြုပြီး အလွန်အနုစိတ်သည့် Hobbitရွာငယ်လေး တစ်ခု၏ ပုံစံငယ်ကို ဖန်တီးခဲ့ကြသည်။ အသက်(၁၇)နှစ်ရှိ ဘလိတ်ခ်ဘေအာနှင့် အသက်(၁၈)နှစ်အရွယ် ဂျက်ဘစ်တနာတို့သည် ယင်းရွာငယ် ပုံတူလေးအတွက် နာရီပေါင်း (၄၀၀)ကျော် အချိန်ယူ တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားမှ လူငယ်လေး နှစ်ဦးသည် တောင်ထွတ်ပေါ်တွင် စီတန်း ဆောက်လုပ်ထားသည့် အိမ်ပုလေးများနှင့် ကျေးရွာတစ်ခုကို အရောင်အသွေး စုံလင်သော Legoတုံးလေးများဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျေးရွာလေးတွင် လေရဟတ်လေးတစ်ခု၊ ချောင်းငယ်လေးနှင့် ဈေးကလေးတို့ကိုပင် ထည့်သွင်း ဆောက်လုပ်ထားသေးသည်။ အဆိုပါ ပုံစံငယ်လေးသည် (၅၆)လက်မ အမြင့်ထိရှိပြီး အလေးချိန် ပေါင်(၂၀၀)ထိ လေးလံကြောင်းလည်း သိရသည်။


ဒီဇင်ဘာလလယ်တွင် ရုံတင်မည့် Hobbit ဇာတ်ကားသစ် The Desolation of Smaug အမီ ယခုရွာငယ်လေးကို တည်ဆောက်ခြင်းဟု ဘလိတ်ခ်က ရှင်းပြခဲ့သည်။ "ကျွန်တော်က Legoတုံးလေးတွေနဲ့ သဘာဝ ရှုမျှော်ခင်းပုံလေးတွေ တည်ဆောက်ရတာကို သဘောကျပါတယ်။ Lord of the Ringsထဲက ပုံတွေကိုလည်း တည်ဆောက်ဖူးတယ်။ ဒါပေမဲ့ ဒီလက်ရာကတော့ အနုစိတ် အနိုင်ဆုံးပဲ"ဟု ဘလိတ်ခ်က ပြောကြားသွားသည်။

Planet Myanmar Network

မံစီမြို့နယ်အတွင်းက ရှမ်းရွာ(၁၄)အား တစ်ရွာလျှင် လူ(၁၅)ဦး ပေးပို့ရန် ရွာလူကြီးများထံ KIA မှ ဖိအားပေးဆင့်ခေါ်

Posted by drmyochit Wednesday, December 11, 2013, under | No comments


ဒီဇင်ဘာ ၁၁ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ဗန်းမော်-နန်းခမ်း လမ်းတစ်လျှောက်ရှိ မန်ဝိန်းကြီးတိုက်နယ်အတွင်းက ရှမ်းရွာ( ၁၄ )ရွာအား တစ်ရွာလျှင် လူ(၁၅)ဦးစီ KIA တပ်သားသစ် စုဆောင်းရေး စစ်သင်တန်းသို့ ပေးပို့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ KIA မှ ဖိအားပေး ဆင့်ခေါ် စာပို့ထားကြောင်း ဒေသခံများထံမှတဆင့် သိရှိရပါသည်။

မန်စီမြို့နယ်အတွင်း မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများ၌ ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များတွင် KIA က တပ်သားသစ်စုဆောင်းရေး အဓမ္မဖမ်းဆီးမှုများကြောင့် လယ်ယာလုပ်ငန်းခွင်မှ လူငယ်အများစုသည် မြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊

KIO ရဲ့ မဟာဗျူဟာလေ့လာရေးဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲတွေဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီးတော့ တိုက်ဖျက်နိုင်စွမ်းလဲရှိတဲ့ "ဆောင်းပိုး နွေမြက်"

Posted by drmyochit Wednesday, December 11, 2013, under | No comments


ကြားဖူးတဲ့ သူတွေလဲ ကြားဖူးကြပါလိမ့်မယ်။မြန်မာပြည်မှာတော့ ဆောင်းပိုး နွေမြက် လို့ခေါ်ပြီး Ophiocordyceps sinensis လို့ခေါ်တဲ့ ဒီဆောင်းပိုး နွေမြက်ဟာ တကယ်တမ်းတော့ မှိုမျိုးတစ်မျိုးဖြစ် ပါတယ်။သူရဲ ပိုးတုံးလုံး လို့အမည်ရတဲ့ ပိုးတုံးလုံးကိုယ်မှာ ကပ်ပါးအဖြစ် ဒီမှိုလေးတွေက နေထိုင်ကြပါ တယ်။ ဆောင်းရာသီမှာ ပိုးတုံးလုံးဟာ ကျက်စားပြီးတော့ နွေရာသီမှာ မြေကြီးထဲကို ၀င်ရောက် အိပ်စက် ကြပါတယ်။သူတို့ အိပ်စက်နေတဲ့ အချိန်မှာ ကပ်ပါးမှိုလေးတွေက မှိုအဖြစ်နဲ့ မြေကြီး အပြင်ထိုး ဖောက် ကာ အပင်ပေါက်လာကြတာကို ဆေးနည်းနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။

အဲဒီ ပိုးတုံးလုံးတွေကို တိဗက်၊ဂန်ရှု၊ယူနန်နဲ့ မြန်မာပြည်မြောက်ပိုင်းတွေမှာ တွေ့ရပြီးတော့ အမြင့်ပေ ၁၀၀၀၀ ကျော်တဲ့ ဒေသတွေမှာ ကျက်စားကြပါတယ်။

အာရှတိုင်းရင်းဆေးတွေမှာတော့ အစောဆုံးအနေနဲ့ တရုတ်နိုင်ငံ တန်မင်းဆက်လက်ထက်မှာ အားဆေး အနေနဲ့ အသုံးပြုခဲ့ကြပြီးတော့ နောက်ပိုင်းမှာ နိုင်ငံတော်တော်များများကို ပျံ့နှံ့သွားပါတယ်။၁၉၉၃ ခုနှစ်မှာတော့ အနောက်နိုင်ငံတွေက လက်ခံအသုံးပြုလာပြီး သုတေသနပြုမှုတွေ စတင်ခဲ့ပါတယ်။

သုတေသနပြုလချက်တွေအရ

(၁) ကြွက်တွေကို စမ်းသပ်ကြည့်တဲ့အခါ ကြွက်တွေရဲ့ ရိုးတွင်းချဉ်ဆီနဲ့ အစာစနစ်မှာ မကောင်းတဲ့ ဆဲလ်တွေ ဖြစ်ပေါ်လာမှုကို တားဆီးပေးပါတယ်။

(၂) အသည်းကိုကာကွယ်ပေးပြီးတော့ အင်ဆူလင်နဲ့ ဟော်မုန်းဆိုင်ရာတွေကို တည်ငြိမ်စေပြီးတော့ မျိုးပွားမှုကို အားပေးပါတယ်။ဒါကြောင့် တရုတ်နန်းတွင်းမှာ ယခင်က ကာမအားဆေး အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။

(၃) ၂၀၁၃ မတ်လမှာ ပြုလုပ်ခဲံတဲ့ Cordyceps Sinensis documented သုတေသနစာတမ်းမှာ ဒီဆေးမှာ Cordycepin တွေပါဝင်ပြီးတော့ ၄င်းဟာ အကိုက်အခဲပျောက်စေတဲ့ အာနိသင်ရှိတယ်ဆိုတာ ရှာတွေ့ခဲ့ပြီး တော့ ဂေါက်ရောဂါနဲ့ လေးဖက်နာရောဂါလို ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

(၄) အင်အားပြည့်ဖြိုးနိုင်ပြီးတော့ တရုတ်ပြည်မှာတော့ အားဆေးအဖြစ်အသုံးပြုကြပြီး အားအင်တွေကို မြန်မြန်ပြည့်ဖြိုးစေပါတယ်။ဆစ်ဒနီ အိုလံပစ်မှာ တရုတ်အားကစားသမားတွေ ဒီပိုးကို သောက်သုံးပြီး အားအင်ဖြည့်ရာမှာ အားအင်အမြန် အဆန်ပြည့်တာကြောင့် အားကစားသမားတွေ မသုံးဖို့ ပိတ်ပင်ခဲ့ပါ တယ်။

(၅) အခုနောက်ပိုင်း ရှာဖွေချက်တွေအ၇ ဒီပိုးမှာ ကင်ဆာဆဲလ်တွေ စားသောက်တဲ့ ပရိုတင်းတစ်မျိုးကို တိုက်ဖျက်နိုင်ပြီးတော့ ကင်ဆာဆဲလ်တွေ အစာပြတ်အောင် ထိန်းထားနိုင်စွမ်းရှိပါတယ်။ကင်ဆာဆဲလ်တွေ အနေနဲ့ အစာ မစားရတဲ့ အခါမှာ မကြီးထွားတော့ပဲ သွေးကင်ဆာလို ကင်ဆာဆိုရင် ပျောက်ကင်းနိုင် ပါတယ်။

နောက်ပိုင်း ကမ္ဘာနဲ့အ၀ှမ်း အသုံးပြုလာကြတာကြောင့် ဒီပိုးဟာ ဈေးနှုန်းမြင့်တက်လာပါတယ်။အထူးအဖြင့် တိဗက်ဒေသက ဒေသခံတွေဟာ ဒီပိုးကို တောင်တန်းတွေပေါ်မှာ လိုက်လံရှာဖွေပြီး သူဌေးဖြစ်ကုန်ကျပါ တယ်။ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကနေ ၈၀၀၀၀ အထိဈေးနှုန်းရှိပြီးတော့ အ၀ယ် လိုက်နေတဲ့ ပစ္စည်းလဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကချင်ဒေသမှာ ထွက်ရှိပြီး ဂန်လန်ရာဇီနဲ့ ခါကာဘိုရာဇီ အနီးတစ်ဝှိုက်မှာ ရရှိနိုင်ပါတယ်။ ဒေသအခေါ် "ရှီဗဒီး" လို့ခေါ်ပြီးတော့ မြစ်ကြီးနားနဲ့ တနိုင်၊ဆွမ်ပရာဘွမ် ဒေသတွေမှာ ရရှိနိင်ပါတယ်။

“ရိုဟင်ဂျာ အမည်ခံပါတီဝင်နှင့် ပါတီများ အရေးယူမည်”

Posted by drmyochit Wednesday, December 11, 2013, under | No comments


နိုင်ငံရေးပါတီများ အတွင်း ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်ထားသူများ ရှိကြောင်း သက်သေ အေ ထာက် အထား ပြနိုင်ပါက ယင်းပါတီအား ဖျက်သိမ်းသည် အထိ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်မှ အရေး ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မေလ ၅ ရက်တွင် နေပြည်တော်ရှိ သမ္မတ လယ်တောရိပ်သာ၌ နိုင်ငံတော် သမ္မ တနှင့် နိုင် ငံရေး ပါတီ များ တွေ့ ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယင်း သို့ ပြောကြား ခဲ့သည်ဟု တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

“ရိုဟင်ဂျာ ဆိုပြီးတော့ သူတို့ဟာ သူတို့ ပြောတဲ့သူ ပါတီမှာရှိတယ်ဆိုရင် အဲဒီပါတီက အဲဒီလူကို ပါတီကနေ ထုတ် ပယ်ပေးရမယ်။ အဲလိုထုတ်ပယ်မပေးဘူး ဆိုရင် အဲဒီပါတီကို ဖျက်တဲ့အထိ အရေးယူမယ်လို့။ အဲလို ပွင့်ပွင့်လင်းလင်း သူ(ဦးတင်အေး) ပြောတယ်”ဟု ဦးကျော်မြင့်က ဆိုသည်။

ထို့ပြင် ရိုဟင်ဂျာအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ နိုင်ငံရေးပါတီ မှတ်ပုံလာတင်ပါက လက်ခံ မည်မဟုတ်ကြောင်း ဦးတင်အေးက ရှင်းပြခဲ့သည်ဟု ဦးကျော်မြင့်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နိုင်ငံသားဖြစ်မှု ကို ပြည် လည် စစ်ဆေး မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာ ခဲ့သည်။

From: 7Day Daily

Window Error တတ်ခြင်းမှ ကာကွယ်ပေးသော Registry First Aid Standard 9.2.0 Build 2188 + Resgister Key

Posted by drmyochit Wednesday, December 11, 2013, under | No comments


ဒီနေ့ သူငယ်ချင်းများကို ဆော့ဝဲလ် တခုနဲ့ မိတ်ဆက်ပေးပါမယ်။ Registry First Aid Standard 9 ဖြစ်ပါတယ်။ သူကတော့ Window သုံးတာ ကြာလာလို့ လေးလာတာတွေ ပြီးရင် ကွန်ပြူတာက ပုံမှန်မဟုတ်ပဲ Error ဘောက် တွေ တခုပြီးတခု တတ်နေတဲ့ သူတွေအတွက် အဆင်ပြေစေမှာပါ။ ဒီဆော့ဝဲလေးသာသုံးကြည့်လိုက်ပါ။

ကွန်ပြူတာ အဖွင့်ပိတ်မှာ Error တတ်တာတွေ ဖြစ်နေတဲ့ သူငယ်ချင်းတွေ အတွက် ဒီဆော့ဝဲလေး တင်ပေးလိုက်တာပါ။ PC Perfpormance အားလုံးကို Fix and Clean လုပ်ပေးပြီး စက်ကိုမြန်ဆန်စေသလို Error တက်ခြင်းကလဲ ကင်းဝေးစေပါတယ်။ တကယ် ကို ဆောင်ထား သင့်တဲ့ ဆော့ဝဲလေးဖြစ် ပါတယ်။ တောင်း ထားတဲ့ သူငယ်ချင်းတွေ အတွက် တင်ပေးလိုက်တာပါ။

Full Version သုံးလို့ရအောင် Resgister Key ပါ ထည့်ပေးထားပါတယ်။ ဆော့ဝဲလ်ကို Install ပြီးတာနဲ့ Text ဖိုင်က Key ကိုကော်ပီထည့်ပြီး Full အဖြစ်အသုံးပြုနိုင်ပါပြီ။
အားလုံး စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Download Registry First Aid Standard 9

အားလုံးအဆင်ပြေပါစေ.......။

ဇော်မင်းသန်းဆိုဒ်မှ

အဖြစ်များသော ကျန်းမာရေး ပြဿနာများနှင့် ဖြေရှင်းနည်းများ

Posted by drmyochit Wednesday, December 11, 2013, under | No comments


သမ်းခြင်း

သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။

ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။

ယားယံခြင်း

အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှား ပစ်တဲ့ အတွက် အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့် ယားယံ ခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာ တွေနဲ့ ကိုယ်တိုက် ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့ ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာ က မပျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း

မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့
အကြောင်းတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင်
လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊
အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ်
မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး
စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ
အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

ကြို့ထိုးခြင်း
သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး
ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး
ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊
ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက်
ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို
နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။

ကြက်သီးမွေးညင်းထခြင်း
သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့
မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က
အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။
ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ
လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း
သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့်
တိရစ္ဆာန်တွေကို ကြောက်လန့်အောင်ခြိမ်းခြောက်နိုင်ပါတယ်။

နှာချေခြင်း
သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့
တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ
အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို
ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့
ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့
ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို
လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က
တုံ့ပြန်မှုကို ဖိနှိပ်တာပါ။

ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး
အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ
ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့
ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို
အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို
လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး
ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင်
ထိန်းသိမ်းပေးပါတယ်။

ကြွက်တက်ခြင်း
ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင်
အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ်
လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports
Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။
နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။

နားအူခြင်း
အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို
ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့်
ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ
ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။

အစာအိမ်ထဲမှာ အသံမြည်ခြင်း
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။
လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမဲ့
အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း
ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။

ခြေ၊ လက်ကျဉ်ခြင်း

ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး
အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့
အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ
သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ
ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှု
ပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို
ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။

ကြယ်မြင်ခြင်း

သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း
အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။
ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ
ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့
မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ
ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့

Posted by drmyochit Wednesday, December 11, 2013, under | No comments


Wednesday, December 11, 2013

မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။

မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်းချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက် အရောက်ချစ်ရေးဆိုနိုင်ဘို့၊မိမိအပေါ်တိမ်းညွတ်မှုရှိမရှိ၊စတဲ့သတင်းချက် လက်တွေ ရဘို့ အပျိုခေါင်းဆောင်( သို့) အောင်သွယ်တော်ကို အားကိုးရ ပါတယ်။ အဓိက ကတော့ မိမိနှစ်သက်တဲ့မိန်းမပျိုအိပ်တဲ့ နေရာအတိကျ ကို သိဘို့ သတင်းအချက်လက်ရဘို့ အရေးကြီးပါတယ်။အပျိုခေါင်းဆောင် " သို့" အောင်သွယ်တော်က လည်းမိန်းမပျိုကို ကနေ့ည အိမ်အောက်လူပျို လှည့်သူလာမယ်ဆိုတာ ပြောပြီးဘယ်သူဘယ်ဝါမပြောဘူး။ ညဘက်ရောက် ရင် ကာလသားက အဖေါ်ခေါ်ပြီးသော်လည်းကောင်း တစ်ဦးတည်းသော် လည်းကောင်း ခွေးခြေတစ်လုံးကို သယ်ဆောင်သွားရပါတယ်။ မိန်းမပျိုအိမ် အောက်ရောက်ရင် အသင့်ဆောင်လာတဲ့ တုတ်(သို့)၀ါး စသဖြင့် မိန်းမပျို အိပ်တဲ့ကြမ်းကို ခေါက်ပြီး နှိုးသလို အချို့က ကြမ်းကြားသေးသေးထဲ ၀င်နိုင်အောင် ၀ါးကို အနည်းငယ်ချွန်တဲ့ဝါးနဲ့နိုးပြီး မိမိရောက်ပြီဖြစ်ကြောင်း အသိပေးရပါတယ်။ မိန်းမပျိုက မိမိအိပ်တဲ့ ခေါင်းရင်း ကြမ်းပြင်ကြားကနေ စကားပြန်ပြောပါတယ်။ ကာလသားက ခွေးခြေပေါ်ထိုင်ပြီး စကားကို အချီကျ ပြောသလို စကားထှာသဘောလဲပြောတတ်ကြတယ်။

ဘယ်သူဘယ်ဝါဆိုတာလဲမေးရင်း နဲ့အပြန်လှန်စကားပြောတဲ့ဓလေ့သာ ဖြစ်တယ်။ မိန်းမပျိုက မနှစ်သက်ရင် စကားပြန်မပြောလည်းနေနိုင်တယ်။ စကားပြန်မပြောရင် ကာလသားက ပြန်လှည့်ရတတ်ပါတယ်။ အခုလူပျိုလှည့်ခြင်းမှာ ချစ်သူရှိပြီးသား မိန်းကလေးဖြစ်နေရင်လဲ သွား ရောက်လူပျိုလှည့်လို့ရသလို ရင်ဖွင့်ချစ်ရေးဆိုခွင့် ရှိပါတယ်။ အခု လူပျို လှည့်နည်းမှာ ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းမလုပ်ဘို့စောင့်ထိမ်းရ သလို အများထင်သလို လက်ဝင်လို့ရတဲ့ကြမ်းပေါက်လဲ မရှိပါဘူး။ အခု လူပျိုလှည့်နည်းမှာ အိမ်ထောင်သည် လုံးဝ လိုက်ပါခွင့်မရှိပါဘူး။ ကာလ သားဟာ ပထမဦးဆုံးလူပျိုလှည့်ခြင်း ဖြစ်ခဲ့ရင်နောက်နေ့မှာ ဘယ်မိန်းမပျို အိမ်အောက် လူပျိုလှည့်ခဲ့ စကားပြောခဲ့တာ မိမိဖြစ်ကြောင်းကြေငြာပေး ရပါတယ်။ အဲသလို ကြေငြာပေးမှ ရပ်သိရွာသိဖြစ်ပြီး မိန်းမပျိုကလည်းည ကမိမိကို လူပျိုလှည့် ချစ်ရေးဆိုသူဘယ်သူလဲဆိုတာ သိဘို့လိုပါတယ်။ အခုလူပျိုလှည့်နည်းမှာ အဓိကအရေးကြီးတာက မိန်းမပျိုအိပ်တဲ့နေရာ အတိကျသိဘို့အရေးကြီးပါတယ်။ တခါတလေ အဆင်မပြေမူလေးတွေ ချွတ်ချော်တဲ့ နေရာပေးမိခြင်း ဖြစ်ခဲ့ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ မိန်းမပျိုဖခင် အိပ်တဲ့နေရာ တုတ်နဲ့ထိုးမိသူများလဲရှိတတ်ကြပါတယ်။ မိန်းမပျိုအိပ်တဲ့နေရာ ဖြစ်ပေမဲ့ အဲဒီညမှ အခြားသူတစ်ဦး အိပ်လိုက်တဲ့ အခြေနေတွေလည်းဖြစ်တတ်ပါတယ်။မူးရစ်သောက်စားပြီးလူပျိုလှည့်သွား ရင် လဲ အဆင်မပြေပါဘူး။ ဒါ့ကြောင့် အောက်နိုက်ခြင်းလို့ လွယ်လွယ် အမည်ပေးလိုက်တဲ့ လူပျိုလှည့်ဓလေ့မှာ ရိုင်းစိုင်းတဲ့ အပြုမူမရှိဘဲ ယဉ်ကျေး သိမ်မွေ့ရတဲ့ဓလေ့တစ်ခုသာဖြစ်တယ်။ " ကျမကို ကြိုက်လို့အောက်နိုက်လာ ကျမ မကြိုက်တော့တုတ်နဲ့ထိုး အဖေနိုးတော့ တုတ်နဲ့လိုက် သူထွက်ပြေးတော့ ခွေးလိုက်ကိုက် " လို့ လူရွင်တော်တွေ ပြက်လုံးထုတ်တတ်ပါတယ်။ အခု ဓလေ့ကို ရှေးကျတဲ့ မွန်ရွာအချို့မှာ ကျင့်သုံးဆဲဖြစ်ပေမဲ့ မြို့ပေါ်တွေ မှာ မရှိတော့ပါဘူး။ မွန်လူမျိုးများရဲ့နာမည်ကြီးပြီးထူးဆန်းတဲ့ လူပျိုလှည့်ခြင်းဓလေ့ဖြစ်ပြီး ကိုယ်ထိလက်ရောက် မကျုးလွန်အောင် ထိမ်းသိမ်းယဉ်ကျေးရတဲ့ ဓလေ့သာဖြစ်ပါတယ်။

မွန်တို့ဌာနေ ရာမည

Battery Booster (Full) v 6.8 for android(Latest version)

Posted by drmyochit Wednesday, December 11, 2013, under | No comments



Battery Booster Full အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်ဒီဇင်ဘာလ(7)၊2013 ရက်နေ့မှာ ထွက်ရှိလာတာလေးကို ပြန်တင်ပေးလိုက်ပါတယ်..

Android  ဖုန်းကိုင်ဆောင်သူတိုင်း ဘက်ထရီ အားအကုန်လွယ်တဲ့ ပြသာနာ ဖြစ်ဖူးကြမှာပါ ..ဘာကြောင့်ဖြစ်ရသလဲဆိုတော့ Battery Manangement ကောင်းကောင်းမလုပ်တတ်လို့ပါပဲ.

 .ဒီဆော့ဝဲလ် လေးကတော့ ဘက်ထရီ manangement  ကောင်းစြွ ကိုင်တွယ်နိုင်မှာ ဖြစ်သလို တခြားတခြားသော  features များစွာနဲ့  မိမိဖုန်းကို တစ်ဖက်တစ်လှမ်းကနေ အကျိုးပြုပေးမှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးက မိမိဖုန်းရဲ့ battery charge(battery charge မှာဆိုရင် မိမိဖုန်းရဲ့ battery usage ကို ခြေရာခံလိုက်ကြည့်ပေးမယ့် auto updating live chart ပါဝင်)  battery capacity, temperature, voltage, etc တွေ နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အချက်အလက်တွေ ကို အချိန်နဲ့တစ်ပြေးညီပေးစွမ်းထားမှာ ဖြစ်ပါတယ် …..ဒါအပြင် Battery Tweak မှာ ဆိုလည်း အားလုံး လိုချင်ကြတဲ့ Smart  Battery Saver, wifi and bluetooth စတာတွေ ပါဝင်မှာဖြစ်ပါတယ်။ Battery Booster v6.8 for Android ကို Google Play မှာ 7.69 ဒေါ်လာနဲ့ ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပြီး Myanmar Mobile App Store မှာတော့ Freedownload ရယူနိုင်ပါပြီ.

    Battery Booster(FULL) အားရယူရန်


From: Myanmar Mobile App

ရဲစခန်း သွားတိုင်ကြားသူကို ပါးရိုက်လွှတ်တဲ့ ပလိပ်မြို့ ရဲစခန်း (ပေးစာ)

Posted by drmyochit Wednesday, December 11, 2013, under | No comments


ပါးရိုက်ခံရသူ မဥမ္မာရွှေ

ဖြစ်ရပ်မှန် ကိုတင်ပြပါရစေ သစ်ထူးလွင် ပြည်သူ့အသံ ...

ဖြစ်စဉ်မှာ ၂၉. ၁၁.၂၀၁၃ (၂၄း၀၀) ချိန်ခန့်ကကျွန်မ(မဥမ္မရွှေ )၏ နားကပ်ကို ပလိပ်မြို့ ၀န်ထမ်းကွက်သစ်နေ ဒေါ်ခင်၏သမီးမှဖြုတ်ယူသွားပြီးပေါင်စားသောကြောင့်... .ပလိပ်ရဲစခန်းသို့သွားရောက်ပြီးအားကိုတကြီးတိုင်ကြားစဉ်..
စခန်းပေါက်သို့အရောက်တွင်ယခင်တပ်ရင် ၁၄ တွင်အတူနေခဲ့ကျဘူးသော်တပ်ဖွဲ့ဝင်များ၏
နာမည်များကိုအော်ခေါ်မိခဲ့ပါသည် ။

ထိုကဲ့သို့အော်ခေါ်နေစဉ်တပ်ကြပ်လှထွဋ်ပါ(၄)ဦးမှဘာလို့အော်တာလည်းဟုမေးပြီး လက်ထဲကဘာတွေလည်းဟုမေးရာ ကျွန်မမှာ ခွေးများကိုက်မှကြောက်၍ကျောက်ခဲများ ကောက်လာရခြင်း ဖြစ်ကြောင်းပြောပြခဲ့ရာ တပ်ကြပ်လှထွဋ်မှကျောက်ခဲတွေလွှင်ပစ်လိုက်ဟုပြောရာ ကျွန်မမှ ကျောက်ခဲများလွှင်ပစ်ပြီးတပ်ကြပ်လှထွဋ်မှညည်းကဘာကောင်မလည်းဟုမေးပြီး ပါးကိုရိုက်ခဲ့ပါသည်။ အဲလို့ပါးရိုက်စဉ်ကျွန်မမှရှောင်လိုက်၍မရိုက်မိပါ။ နောက်ထပ် ထပ်ပြီး ပါးမရိုက်ရန် လက်အုတ်ချီတောင်ပန်ပြီး အထတွင်တပ်ကြပ်လှထွဋ်မှ ညည်းက ဘာကောင်မလည်း
ဟုမေးပြီးဗိုက်သို့ခြေထောက်ဖြင့် အားကုန်ကန်ကျောက်၍ ယခုချိန်တွင် ပလိပ်တိုက်နယ်ဆေးရုံတွင်
ဆေးကုသမှုခံယူလျက်ရှိပါသည်။

၆.၁၂.၂၀၁၃အချိန်တွင် ပုလိပ်ရဲစခန်းသို့တိုင်ချက်ရေးဖွင့်ခဲ့ရာ ယခုချိန်ထိတပ်ကြပ်လှထွဋ်အား ဘာတစ်ခုမှအရေးယူ ခြင်း မရှိခဲ့သေးပါ။ ကျွန်မမှ လူသတ်တရာခံလည်း မဟုတ်ပါ၊ ဓါးပြလည်း မဟုတ်ပါ၊ နိုင်ငံရေးသမားလည်းမဟုတ်ပါ၊ ဖောက်ခွဲရေးသမားလည်းမဟုတ်ပါ စခန်းကိုအားကိုပြီး လာချိန်တွင် ယခုလို့နိုင်ထပ်စီးနှင်း လုပ်တာမျိုး ကြီးတော့လုပ်တာတော့ မကောင်းပါ၊ တာဝန်ရှိသူ အထက်လူကြီးများ၏ ညွန်ကြားစာများမှာ ပြည်သူလုထုနှင့် စကားပြောရာတွင်ပြေပြစ်စွာပြောဆိုရမည်ပြည်သူ၏ ယုံကြည်ကိုးစားမှုကိုရယူရမည်ပြည်သူချစ်သော ရဲဖြစ်အောင်လုပ်ရမည်ဟု ညွန်ကြားထားသောလည်း တပ်ကြပ်လှထွဋ်မှအထက်လူကြီးများ၏ညွန်ကြားစာများကိုဖိဆန်နေလျက်ရှိပါသည်။

ဒီလို့ဥပဒေမဲ့လုပ်တဲ့သူကိုတာဝန်ရှိသူများမှထိရောက်စွာအရေးမယူနိုင်ခဲ့ချင်းမရှိသည်အတွက်ရဲတပ်ဖွဲ၏ဂုဏ်သိက္ခာကျဆင်းလျက်ရှိပါသည်။

သို့ဖြစ်ပါ၍တာဝန်ရှိသူ အဆင့်ဆင့်မှ တပ်ကြပ်လှထွဋ်အား ဥပဒေအကြောင်းအရ အရေးယူ ပေးနိုင်ရန်အသိပေး အပ်ပါသည်။

ဌင်းဖြစ်ရပ်မှန် အား အချိန်မရွေး ..  မဥမ္မာရွှေ အား
မေးမြန်းနိုင်ပါသည်..ဖုန်း ၀၉ ၄၀၂၅၆ ၈၅၁၇

ယခုချိန်ထိ ပလိပ်တိုက်နယ်ဆေးရုံတွင် တက်ေ၇ာက်နေ၇စဲဖြစ်ပါသည်....

by Thit Htoo Liwn (မူရင်း ပေးစာ အတိုင်း ဖော်ပြပေးခြင်း ဖြစ်ပါသည်။)

ကမ္ဘာ့ အအေးဆုံးနေရာ ဂြိုဟ်တုမှ သိရှိ

Posted by drmyochit Wednesday, December 11, 2013, under | No comments

အန္တာတိက အရှေ့ပိုင်းက ရေခဲပြင်
ကမ္ဘာ့ မြေမျက်နှာပြင်ပေါ်မှာ ၂၀၁၀ ခုနှစ် တုန်းက အပူချိန် ရေခဲမှတ်အောက် ၉၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ အအေးဆုံး နေရာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာ့ကို လှည့်ပတ်နေတဲ့ ဆက်သွယ်ရေး ဂြိုလ်တု တွေမှာ တပ်ဆင်ထားတဲ့ အပူချိန်တိုင်းတာတဲ့ ကိရိယာတွေက တဆင့် အန္တာတိကတိုက် အရှေ့ပိုင်းက ရေခဲတောင်ထိပ်ရဲ့ အောက်ဘက်နား ကုန်ပြင်မြင့် တနေရာမှာ အအေးဆုံး နေရာတွေကို စမ်းသပ်တွေ့ရှိမိခဲ့တာ ဖြစ်ပါတယ်။

မီတာ ၄၀၀ အမြင့်ရှိတဲ့ ရေခဲ တောင်စောင်းထိပ် အပေါက်မှာ အနိမ့်ဆုံး အပူချိန်ကို တိုင်းတာ သိရှိရတာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ နှင်းနဲ့ ရေခဲဆိုင်ရာ အချက်အလက် ဌာနက ဒေါက်တာ တက်ဒ် စကမ်ဘော့စ်က ပြောပါတယ်။

From: BBC

ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ

Posted by drmyochit Wednesday, December 11, 2013, under | No comments

နီပေါနိုင်ငံ၊ လုမ္ဗဏီ ဥယျာဉ်အတွင်း၌ သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဗိမာန်နေရာဟောင်း တစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရား၏ သမိုင်းကြောင်းကို ယခုထက် ပိုမို၍ ထဲထဲဝင်ဝင် အထောက်အထား ရှာဖွေနိုင်မည့် သာသနိက အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို သုတေသီများက တူးဖော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ နီပေါနိုင်ငံ၊ လုမ္ဗဏီ ဥယျာဉ်အတွင်း၌ သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဗိမာန်နေရာဟောင်း တစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် သစ်ပင်တစ်ပင်ကို ကာကွယ်ဆောက်လုပ်ထားသည့် အခြေအနေဟု ယူဆရသည်။ ဗုဒ္ဓဝင် မှတ်တမ်းများအရ ဗုဒ္ဓ၏ မယ်တော်ဖြစ်သော မာယာဒေဝီသည် သစ်ကိုင်းတစ်ခက်ကို လက်ဖြင့်ဆွဲလျှက် ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။ လုမ္ဗဏီရှိ မာယာဒေဝီ ဘုရားကျောင်း နေရာတွင် တူးဖော်တွေ့ရှိသည့် ယခုဗိမာန်ဟောင်းသည် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်နေဖွယ် ရှိကြောင်း ပညာရှင်များက ယုံကြည်နေသည်။

ဘီစီ(၆)ရာစုလက်ရာဟု ယူဆရသည့် အဆိုပါ သစ်သားကိုယ်ထည် အဆောက်အအုံသည် ဗုဒ္ဓနှင့် စပ်လျဉ်းသမျှ အစောဆုံး၊ သက်တမ်းအရင့်ဆုံးအဖြစ် မှတ်တမ်းတင်ရမည့် တူးဖော်တွေ့ရှိမှု ဖြစ်လာမည်ဟုလည်း သုတေသီများက ယူဆထားသည်။ ၎င်းကို လေ့လာခြင်းဖြင့် ဗုဒ္ဓဖွားမြင်သည့် ခုနှစ်ကို ပိုမိုတိကျစွာ တွက်ချက်အဖြေထုတ်နိုင်ရန်လည်း ၎င်းတို့က မျှော်လင့်ထားသည်။ ဂေါတမဗုဒ္ဓအဖြစ် ပွင့်ထွန်းလာမည့် သိဒ္ဓတ္ထ အလောင်းအလျာ မင်းသားကို ဘီစီ(၆၂၃)ခုနှစ်က ဖွားမြင်သည်ဟု အများစုက ယူဆထားသည်။ သို့သော်လည်း သုတေသီ အချို့က ယင်းထက်နောက်ကျပြီး ဘီစီ(၃၉၀)မှ (၃၄၀)ကြားတွင် မွေးဖွားခဲ့ခြင်းက ဖြစ်နိုင်ခြေ ပိုများကြောင်းလည်း ပြောဆိုထားကြသည်။

>ဗုဒ္ဓနှင့် ပတ်သက်၍ သမိုင်းဝင် အချက်အလက် အထောက်အထားများကို တူးဖော်တွေ့ရှိထားသမျှသည် လက်ရှိအချိန်တွင် ဘီစီ(၃)ရာစုထက် ပိုစောသော မှတ်တမ်းမျိုး မရှိချေ။ ထိုကာလသည် အသောကမင်းကြီး စိုးစံနေသည့် ခေတ်အပိုင်းအခြားလည်း ဖြစ်သည်။ သုတေသီများက မာယာဒေဝီ ဘုရားကျောင်း ဗဟိုချက် နေရာတွင် တူးဖော်မှုများ ပြုလုပ်နေစဉ် ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘုရားဖူးများက ဝန်းရံကာ ဝတ်ပြုရှိခိုးခဲ့ကြသည်။ ပညာရှင်များ တွေ့ရှိသည့် အရာသည် သစ်သားကိုယ်ထည် တစ်ခုဖြစ်ပြီး အလယ်ဗဟိုတွင် ဟောင်းလောင်းဖြစ်နေသည်။ အမိုးအကာလည်း မပါချေ။ ထို့နောက်ပိုင်းတွင် အုတ်သားဖြင့် အပေါ်မှ အုပ်မိုးကာ ဘုရားကျောင်းများ တည်ထားခဲ့သည်ဟု ယူဆရသည်။

ယခုတွေ့ရှိသည့် ပစ္စည်းကို ရေဒီယိုကာဘွန် ထောက်လှမ်းမှုကဲ့သို့ ခေတ်မီနည်းပညာများဖြင့် သက်တမ်း တွက်ချက်သွားရန် ပညာရှင်များက ရည်ရွယ်ထားသည်။ "လုမ္ဗဏီမှာ (၆)ရာစုဘီစီထက် ပိုစောတဲ့ ဗုဒ္ဓဝင် အထိမ်းအမှတ် ပစ္စည်းတစ်ခု တူးဖော် တွေ့ရှိတာဟာ ဒါပထမဆုံး ဖြစ်ပါလိမ့်မယ်"ဟု ဒါဟမ် တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် ပရော်ဖက်ဆာ ရော်ဘင်ကိုနင်ဂမ်က ပြောကြားခဲ့သည်။ ၎င်းဦးဆောင်သော နိုင်ငံတကာ ပညာရှင် အဖွဲ့ကို National Geographicက ထောက်ပံ့ကူညီခဲ့သည်။ ၎င်းက "ဒီတွေ့ရှိမှုဟာ ဗုဒ္ဓနဲ့ ဆက်နွယ်သမျှ တစ်ကမ္ဘာလုံးမှာ အစောဆုံး အထောက်အထားလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဗုဒ္ဓဝင်နဲ့ ပတ်သက်ပြီး သင်ကြားမှုတွေ၊ ယုံကြည်မှုတွေအရ သမိုင်းကြောင်း ကွဲပြားမှုတွေ အများကြီး ရှိခဲ့တယ်။ ဒီတွေ့ရှိမှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ စကားရည်လုပွဲတွေကို ဖယ်ရှားပေးနိုင်မယ့် မီးရှူးတန်ဆောင်လည်း ဖြစ်နိုင်ပါတယ်"ဟုလည်း ဆိုသည်။

ကိုနင်ဂမ်က မိမိတို့၏ ရှာဖွေတွေ့ရှိမှုသည် လုမ္ဗဏီ တည်တံ့ရေး ဆက်လက်ထိန်းသိမ်းနိုင်ရန် အထောက်အပံ့ ဖြစ်လာစေမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ ဗုဒ္ဓဖွားမြင်ရာ အရပ်သည် ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် UNESCOက သတ်မှတ်ထားသည့်တိုင် လက်တွေ့တွင် ယိုယွင်းမှုများစွာဖြင့် စောင့်ရှောက်ထိန်းသိမ်းနိုင်မှု အားနည်းလျှက်ရှိသည်။ "ဒီတွေ့ရှိမှုကနေ ဗုဒ္ဓဘယ်လိုဖွားမြင်တယ် ဆိုတာကို ပိုပြီး နားလည် အဖြေရှာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြည်တွင်းလေကြောင်းဌာန ဝန်ကြီး ကူမာ ရှရက်စ်သာကလည်း ပြောကြားခဲ့သည်။ ၎င်းက "နီပေါ အစိုးရ အနေနဲ့ ဒီလို ထင်ရှားထူးခြားတဲ့ နေရာတစ်ခုကို ထိန်းသိမ်းဖို့အတွက် အပိုဆောင်း အားထုတ်မှုမျိုး လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိပါတယ်"ဟုလည်း ၎င်းက ဝန်ခံသွားသည်။

Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်