Saturday, December 14, 2013

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ

Posted by drmyochit Saturday, December 14, 2013, under | No comments


How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။


1. Be Confident

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

2. Be Patience

ဟုတ်ပါတယ် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Remember, she's only a girl တဲ့။ မိန်းကလေးကို မိန်းကလေးလို့ပဲ မြင်ပါလို့ဆိုပါတယ်။ စကားများ ချင်များမယ်။ အတင်းပြောချင်ပြောမယ်။ ပစိပစပ်နိုင်ချင် နိုင်မယ်။ ဒါကို အရေးတယူလုပ်လို့ အချက်ကျ လိုက်ပြောနေတဲ့ အမျိုးသားမျိုး၊ အချက်ကျ တုန့်ပြန်တတ်တဲ့ အမျိုသားမျိုးတို့ကို အမျိုးသမီးတို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

3. Compliment her

Girls love compliments တဲ့။ သူတို့ကို ချီးမွမ်းတာ ကြိုက်တတ်ကြပါတယ်။ ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သူ့ကို ရုပ်လှတာလေးပဲ ဖြစ်ဖြစ်၊ စကားပြောကောင်းတာလေးပဲ ဖြစ်ဖြစ် ချီးမွမ်းပေးလိုက်လို့ အပန်းမကြီးဘူးလေ။ ဒါဆိုရင်လည်း မိန်းကလေးက ယင်းကောင်လေးကို နှစ်သက်လာမှာပါ။

4. Try out her favourite

အကြိုက်လိုက်သူအောင် ညှိရမယ်လို့ ဆိုလိုပါတယ်။ ဒါကလည်း အများအားဖြင့်တော့ မှန်နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ ကြိုက်တဲ့ အစားအစာ တူတာမျိုး၊ အရောင်ကြိုက်တူတာမျိုး၊ သီချင်းကြိုက် တူတာမျိုး တို့က ကောင်းတယ်လို့ ဆိုပါတယ်။ လွယ်လွယ် စဉ်းစားကြည့်တော့ တီဗီကြည့်တဲ့အခါ ချယ်နယ် တစ်ခုတည်းကိုပဲ နှစ်ယောက်အကြိုက်တူလို့ ကြည့်တာ အကောင်းဆုံးပဲလေ။ အကြိုက်တူပြီဆိုရင်လည်း မိန်းကလေးများ နှစ်သက်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။

5. Be funny

ဒါကတော့ အားလုံး လက်ခံမှာပါ။ မိန်းကလေးများက သူတို့ကို ပျော်အောင်၊ ရယ်နေအောင် လုပ်ပေးတတ်သူကို သဘောကျ နှစ်သက်တာ အမှန်ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကို လူရွှင်တော်၊ လူပေါကြီးတော့ မဖြစ်မခံနဲ့ပေါ့။ လူပေါဖြစ်နေရင်လည်း အမျိုးသမီး နှစ်သက်သဘောကျဖို့ Chance နည်း ပါတယ်။ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာလေး ကို ပြသနိုင်ရင် ရပါပြီ။

6. Share things with her

မျှဝေပါတဲ့။ မုန့်ခေါ်ကျွေးတာမျိုး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလေး ပေးလိုက်တာမျိုး၊ သူကြိုက်တဲ့ သီချင်းဖွင့်ပေးတာမျိုး၊ ကူး ပေးတာမျိုး၊ စာအုပ်ရှိလည်း ငှားလိုက်တာမျိုး၊ စာရှင်းပြတာမျိုး။ အဲ့လို Share လုပ်ပေးနေတာကိုက အမျိုးသမီးကို နှစ်သက်တာပါ။ (ဘဏ်စာအုပ်ကတော့ နောက်မှ Share ပေါ့. kidding)


7. Tell her things.

မိမိမှာ ရှိတဲ့ လျှို့ ဝှက်ချက်ကိုပြောပြပါ။ လျှို့ ဝှက်ချက်ဆိုလို့ မီးခေတ်သေတ္တာ နံပါတ်တို့ ၊ APM ကဒ် Password တို့ မဟုတ်သေး ဘူးလေ။ အခြားလူတွေ မသိသေးပဲ သူမတစ်ယောက်တည်း ကိုပဲ ပေးသိ ပါတယ်ဆိုတဲ့ အကြောင်းအရာ မျိုးလေးပဲ ပြောဖို့ ပါ။ ပြီးတော့ ဒါကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောနဲ့ သူနားလည်အောင်ပြောပြရပါမယ်။ ဒါဆိုရင် မိန်းကလေးက ယင်းကောင်လေးအပေါ် ပိုယုံကြည်လာပြီး "ငါဟာ သူရင်ဖွင့်စရာလူ တစ်ယောက်ပါလား" လို့ ထင်မြင်လို့ ပျော်ကောင်းပျော်ပါလိမ့်မယ်။

8.Listen her things

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို နှစ်သက်ရင် သူ့အကြောင်းတွေရင်ဖွင့်တတ်ပါတယ်။ မပြောပဲနဲ့တော့ ဇွတ်အတင်း သွားမမေးရဘူးလေ။ ဒါဆိုရင် ပိုလို့တောင် အမြင်ကပ်သွားနိုင်ပါတယ်။ သူရင်ဖွင့်လာရင်လည်း ရင်ဖွင့်သမျှကို ရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှထုတ်မပြောပါနဲ့။ အဲ့လို ထုတ်မပြော ပါဘူးဆိုတာကိုလည်း သူသိအောင် ကိုယ်က နေပြရမယ်။ စိတ်ဝင်စားပြရမယ်။ ပြန်ပြီးတော့ ဆွေးနွေးပေးရမယ်။ ဒါဆို သူ့အပေါ် နားလည်ပေးနိုင်တဲ့ သူပါလား ဆိုပြီး မိန်းကလေးက ယင်းကောင်လေး အပေါ် ပိုလို့ ယုံကြည်လာစေ ပါတယ်။

9. Be Real

အရေးအကြီးဆုံး အချက်ပါပဲ။ အထက်က ပြောခဲ့တဲ့အတိုင်း ငါ ဒီလို သွားလုပ်လိုက်မယ်လို့ သွားမလုပ်လိုက်ပါနဲ့။ နေဝင်ပြီး နေထွက်သလို အမှန်တရားကလည်း ဖုန်းကွယ်လို့ မရဘူးလေ။ သူအထင်ကြီး ပါစေတော့ ဆိုပြီး တစ်ချက်ပြီးတစ်ချက် ဟန်ဆောင်ပြီး ချည်းကပ်ရင်၊ သရုပ်ဆောင်ရင် တစ်နေ့တော့ ပေါ်မှာပဲ။ ပိုလို့တောင် အထင်သေး သွားနိုင်ပါတယ်။

ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး မဟုတ်သူများနဲ့ ပြောဆို ဆက်ဆံတဲ့အခါ Tell her things နဲ့ Try out her favourite ကို ချန်ထားပါ။ ကိုယ့်အကြောင်း ပြောပြတာတို့။ သူ့အကြိုက်လိုက်လျော တာတို့က ကိုယ်ချစ်တဲ့သူဆီမှာပဲ လုပ်သင့်တာလေ။ ဒါကို မိန်းကလေး တိုင်းမှာ လိုက်လုပ်နေရင် အဲ့လူ မရိုးတော့တာ အမှန်ပဲ။ (သတိထားကြနော်)။

အားလုံး ဗဟုသုတတိုးနိုင်ကြပါစေ။
--
အောင်ခမ်း ( ရိုးရာလေး )

စင်္ကာပူမော်ဒယ် ၃ ဦးကို လမ်းပေါ်မှာ တိုက်ခိုက်

Posted by drmyochit Saturday, December 14, 2013, under | No comments

ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊  Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

Ziyi Kuek  ဆိုတဲ့ တယောက်က   FHM  မဂ္ဂဇင်းမော်ဒယ်ပါ။

အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ်မှာ ကော်ဖီဆိုင်ထိုင်ဖို့အသွား ပြဿနာဖြစ်တယ် လို့ သတင်းမျာ ရေးထားပါတယ်။

 ဆိုင်ရောက်ခါနီး လူဆယ်ယောက်လောက်ပါတဲ့ အုပ်စုတခုနဲ့တွေ့ရမှာ သူတို့ထဲက အမူးလွန်နေသူတဦးက ကားကို ရှေ့က ပိတ်ရပ်တယ်လို့ ဆိုတယ်။

ဟွန်းတီးပေမယ့် ဖယ်မပေးဘူး၊ ကားမှန်ကို ထုနှက်တယ် ကားဘေးကို ကန်တယ်လို့ ဆိုတယ်။

အဲဒီနောက် ကားဆက်မောင်းလာရာမှာ  ဟိုလူက ကားနောက်လိုက်လာပြီး ကားကို ကန်ကျောက်တယ်၊ ကားတံခါးကို ဆွဲဖွင့်ပြီး ရန်ရှာတယ်၊ ဒါနဲ့ ပြဿနာ တက်ကြတယ်လို့ သတင်းမှာ ရေးပါတယ်။

လူအုပ်ထဲကတယောက်က သူ့ကို ဆက်မလုပ်ဖို့ ရပ်ဖို့ ပြောသေးတယ်လို့ ဆိုတယ်။ သို့သော်လည်း အဲဒါထက် ပိုပြီး မဟန့်တားကြဘူး မဆွဲကြဘူး တဲ့။
အဲဒီလူအုပ်က အသက်ဘယ်အရွယ်တွေဖြစ်တယ်၊ ဘယ်နိုင်ငံသားတွေဖြစ်ဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း သတင်းထဲ မတွေ့ရပါ။

ခပ်လှမ်းလှမ်းဆိုင်ထဲက ပရိသတ်များကလည်း ဒီတိုက်ခိုက်မှုကို ၀င်ရောက် ဟန့်တားခြင်း မရှိဘူးလို့ ဆိုတယ်။

မော်ဒယ်တွေက အဲဒီလူကို ပြန်ပြီးတိုက်ခိုက်ချိန်မှာ ရဲကား ရောက်လာတယ်၊ ဟိုလူလည်း ထွက်သွားတယ်လို့ ဆိုတယ်။

ဘယ်သူမှန်း မသိရတဲ့ အဲဒီလူကို သူတို့ တရားစွဲချင်တယ်၊  ကား ဘော်ဒီ အပျက်အစီးအတွက် လျော်ကြေး တောင်းလိုတယ်၊ အဲဒီနေရာမှာ ရဲပတ္တရောင်လှည့်တာ နည်းနေတယ်လို့ မော်ဒယ်တွေက ဆိုပါတယ်။

 FHM  မဂ္ဂဇင်းမော်ဒယ် Ziyi Kuek  က သူ့ဖေ့စ်ဘုတ်မှာ သူတို့ ဒဏ်ရာရပုံတွေကို တင်ထားပါတယ်။

သတင်းမှာ ဖော်ပြထားတဲ့ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။




ဧရာဝတီ

ဆယ်တန်းအမှတ်နဲ့ ကောလိပ်ဝင်ခွင့်၊ ဘာသာရပ်ရွေးချယ်မှု လူငယ်တွေအတွက် ထိခိုက်ဟု Crown ပြော

Posted by drmyochit Saturday, December 14, 2013, under | No comments



မြန်မာပြည်ပညာရေးစနစ်က ဆယ်တန်းအောင်မှတ်ကိုအခြေခံပြီး တက္ကသိုလ်နဲ့ ဘာသာရပ်တွေကို ရွေးချယ်စေ တာကြောင့် မြန်မာလူငယ်တွေ ပညာသင်ကြားရေးမှာ ဝါသနာနဲ့ ဘာသာရပ် ထပ်တူ မကျဖြစ်နေ တယ်လို့ Crown Education က ဒီဇင်ဘာ ၁၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဒီလို ပညာရေးစနစ်ကြောင့် မြန်မာလူငယ်တွေ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းထဲ ဝင်ရောက်တဲ့အခါ နေရာကောင်းရဖို့ အခက်အခဲရှိတယ်လို့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ဆိုပါတယ်။

ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာကျင်းပတဲ့ ပညာရေးဆွေးနွေးပွဲမှာ ပြည်ပနိုင်ငံတွေက တက္ကသိုလ်တွေမှာ ကျောင်းတက်ချင်တဲ့ မြန်မာလူငယ်တွေ ကိုယ့်ရဲ့မျှော်မှန်းချက်နဲ့ ကျောင်းရွေးချယ်မှုကို ပြောဆိုခဲ့ကြပါတယ်။

ကျောင်းသားလူငယ် ၇ဝကျော်လောက် တက်ရောက်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေး တံခါးဖွင့်လိုက်တဲ့အခါ နည်းပညာနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေ ခေတ်နောက်မကျစေဖို့ ဆွေးနွေးခဲ့ကြပြီး လူငယ်တွေအနေနဲ့ ဘယ်ဘာသာရပ်တွေကို တကယ်စိတ်ပါဝင်စားမှု ဘယ်လိုရှိလဲဆိုတာ ဆန်းစစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

အနာဂတ်အတွက် ဘယ်လိုဘာသာရပ်တွေ ရွေးချယ်ရမလဲဆိုတဲ့အကြောင်း ဆွေးနွေးပွဲကို Crown Education က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

Video Link>>>>> Click

by Kamayut Media

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း

Posted by drmyochit Saturday, December 14, 2013, under | No comments


ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်း ကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေး တဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါ တယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေး နတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

ကျောင်းသား အဆောင်များကိစ္စ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်

Posted by drmyochit Saturday, December 14, 2013, under | No comments


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် တက္ကသိုလ် အသီးသီးတွင် အဆောင်များ ထားရှိမှုနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက အရေးပေါ် ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က The Voice သို့ ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ နေထိုင်စေသော အဆောင်များမှာ တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်လျက်ရှိသော အဆောင်များ ဖြစ်သောကြောင့် ယခင် နေထိုင်သူ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို တာဝန်ရှိသူများက အဆောင်များမှ နှင်ထုတ်သည်ကို လက်မခံနိုင်ကြောင်း၊ ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အဆောင်များ ဖော်ထုတ်ခြင်းကို တစ်ညီတစ်ညွတ်တည်း ကန့်ကွက် ရှုတ်ချကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကဲ့သို့ တက္ကသိုလ် ဆရာ ဆရာမများ နေထိုင်သည့် အဆောင်တွင် ကျောင်းသူ ကျောင်းသားများကို ထားခြင်းသည် ဆရာနှင့် ကျောင်းသားကြား ဆက်ဆံရေးကို ပျက်ပြား စေနိုင်သောကြောင့် ရေရှည်တွင် မည်သို့မျှ ကောင်းကျိုး ဖြစ်ထွန်းစေမည် မဟုတ်ကြောင်း၊ ရေရှည်တွင် လိမ်လည် လှည့်ဖြားနေသော အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန အနေဖြင့် အပြီးတိုင် စွန့်လွှတ်ချိန်တန်ပြီ ဖြစ်ကြောင်း အပါအဝင် အချက်ကိုးချက် ပါဝင်သော အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“တက္ကသိုလ်က အဆောင်တွေက ကျောင်းစာသင်ခန်းနဲ့ နီးနေတော့ မိန်းကလေး အဆောင်သူတွေအတွက် အဆင်မပြေဘူး၊ အဲဒီအဆောင် နေရာတွေကလည်း အရင်က ဆရာမ၊ ဝန်ထမ်းတွေ နေခဲ့တဲ့ အဆောင်ဆိုတော့ ဆရာ၊ ဆရာမတွေ နေစရာမရှိလို့ ဒုက္ခရောက်နေတယ်” ဟု ဦးဇော်မျိုးလှိုင်က ပြောကြားသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပါဝင် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရှိရသည်။

ပညာရေးဝန်ကြီးဌာန အနေနှင့် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူများကို အဆောင် လက်ခံပေးမည် ဖြစ်ပြီး ကျန်တက္ကသိုလ်၊ ကောလိပ်များတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး အဆောင်ထားမည် ဖြစ်ကြောင်း နိုဝင်ဘာလက နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

Status Bar Mini PRO v 1.0.102 for android

Posted by drmyochit Saturday, December 14, 2013, under | No comments



Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် မိမိတို့ဖုန်းရဲ့ Status Bar ကို မိမိကိုယ်တိုင် ပြုပြင်နိုင်မယ့် ဆော့ဝဲလ်လေး Status Bar Mini Pro ကိုတင်ပေးလိုက်ပါတယ်..ဒီဆော့ဝဲလ်ကို အသုံးပြုပြီး Status Bar မှာ မိမိထားလိုရာကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်..font size, color, order, location, transparency, and layout စတာတွေကိုလည်း လိုသလို ပြောင်းလဲအသုံးပြုနိုင်မှာပါ..  Google play မှာ ၁၀ ဒေါ်လာပေးဝယ်ယူရမှာ ဖြစ်ပြီး Myanmar Mobile App Store မှာ Freedownload ရယူနိုင်ပါပြီ..

    Status Bar Mini Pro ဆော့ဝဲလ် အားရယူရန်


From: Myanmar Mobile App

TSF Shell v2.0 Apk 9MB

Posted by drmyochit Saturday, December 14, 2013, under | No comments


TSF Shell အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 12 လ12 ရက်နေ့ထွက် Update လေးတင်ပေးလိုက်ပါတယ်နာမည်ကြီး App မို့လို့သူရဲ့အသုံးဝင်ပုံတော့ တော်တော်များများသိပီးသားပါ
google play မှာ လူကြိုက်များပြီး 539 ဘတ်တန်တဲ့ application လေးဖြစ်ပါတယ်
Launcher တွေထဲမှာ ကျွန်တော်အနှစ်သက်ဆုံးဖြစ်ပါတယ်
Launcher effect မှာ icon တွေရဲ့လှုပ်ရှားမှုတွေကို  စက်ဝိုင်းသဏ္ဍာန်၊လေးထောင့်သဏ္ဍာန်၊face in/fade out စသဖြင့် အမျိုးမျိုးနဲ့ သုံးသူတိုင်းအကြိုက်တွေ့ကြပါတယ် …3D စတိုင် လေးဖြစ်တာကြောင့် ကြည့်ရတာ အမြင်ဆန်းစေပါတယ် အခု ဗားရှင်းမှာ အရင်ကထက်ပိုလန်းလာတယ်
https://play.google.com/store/apps/details?id=com.tsf.shell
မှာလေ့လာပြီး ကြိုက်ရင် အောက်လိပ်စာမှာရယူနိုင်ပါတယ်
mirrorcreator(or) miloshare





From: Myanmar Mobile App

Floating Toucher 2.5 for android

Posted by drmyochit Saturday, December 14, 2013, under | No comments


Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် အသုံးဝင်ဆော့ဝဲလ် Floating Toucher လေးတင်ပေးလိုက်ပါတယ်..အခုနောက်ပိုင်း ဖုန်းသူတိုင်း အသုံးပြုတာတွေ့ရပါတယ်.ဒီဆော့ဝဲလ်လေးက Easy Touch လိုမျိုးပါ.ဒါပေမယ့် Easy Touch ထက်ပိုတဲ့ Features များစွာပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်.. လွယ်လွယ်ကူကူနဲ့  Home Screen မှာ ထားသုံးနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်အလန်းလေး ပါ.. အသုံးဝင် features များကတော့ အောက်ပါအတိုင်းပါ..

Features list:
1. Clear memory
2. Back/Home button (Need ROOT)
3. Favor apps
4. Recent apps
5. Battery display
6. Lock screen
7. System switches
-Screen brightness
-Ring mode
-Bluetooth
-Wi-Fi
-GPS
-APN (Mobile network)
-Rotation
-Flashlight
-Airplane mode

ရယူအသုံးပြုချင်သူများအောက်ပါလင့်မှာ Download ရယူနိုင်ပါပြီ..

    Floating Toucher v 2.5 ဆော့ဝဲလ် အားရယူရန်

From: Myanmar Mobile App

မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်

Posted by drmyochit Saturday, December 14, 2013, under | No comments



မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျိုးသား ဘောလုံးပွဲစဉ် လက်မှတ် ပြင်ပပေါက်ဈေးမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရောင်းချပေးသော လက်မှတ်ဈေးထက် လေးဆခန့် မြင့်တက်လျက် ရှိကြောင်း မြန်မာ-ထိုင်း ဘောလုံးပွဲစဉ် လက်မှတ် မှောင်ခိုဈေး ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သုဝဏ္ဏ အားကစားကွင်း အတွင်း ကျင်းပသည့် ဘောလုံးပွဲစဉ်တိုင်း၏ လက်မှတ်များကို ရိုးရိုးတန်း နှစ်ထောင်ကျပ်၊ အထူးတန်း လေးထောင်ကျပ်ဖြင့် ရောင်းချပေးခဲ့သော် လည်း မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် လက်မှတ် ဝယ်ယူလိုသူ များနေသဖြင့် မှောင်ခို ဈေးကွက်တွင် ရိုးရိုးတန်း ကျပ်ရှစ်ထောင်၊ အထူးတန်း ကျပ်တစ်သောင်းခွဲအထိ မြင့်တက် သွားခြင်း ဖြစ်ကြောင်း လက်မှတ်မှောင်ခို ရောင်းဝယ်သူများထံမှ သိရှိရသည်။

မြန်မာနှင့် ထိုင်းအမျိုးသား ဘောလုံးအသင်းတို့၏ ပွဲစဉ်အတွက် ကျန်ရှိသည့် လက်မှတ် နှစ်သောင်းအနက် တစ်သောင်းကို တစ်စောင်လျှင် အထူးတန်း ကျပ်လေးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင်ဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ၊ အောင်ဆန်း၊ ပဒုမ္မာနှင့် စလင်း အားကစားကွင်းများတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ ရောင်းချပေးရာ ဝယ်ယူများပြား လွန်းသောကြောင့် လက်မှတ်ဈေး မြင့်တက်သွားခြင်း ဖြစ်သည်။
“ကြည့်ချင်မှတော့ ရတဲ့ဆီက ဝယ်ရတာပေါ့၊ အထူးတန်းကို တစ်သောင်းခွဲ ပေးရတယ်၊ ရိုးရိုးတန်းက ရှစ်ထောင်တဲ့၊ ရိုးရိုးတန်းဆိုရင် တော်တော်များများ ဝယ်လို့ရတယ်၊ မနက်ဖြန်ဆိုရင် ဒီထက်ပို ဈေးကြီးနိုင်တယ်” ဟု မှောင်ခိုဈေးကွက်မှ လက်မှတ် ဝယ်ယူခဲ့သူ ဦးစိန်လှမောင်က ရှင်းပြသည်။ လက်မှတ် ရောင်းချချိန်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ် ထားသော်လည်း နံနက် ၁၁ နာရီဝန်းကျင် ကတည်းက ဆက်လက် ဝယ်ယူ၍ မရရှိတော့ကြောင်း အောင်ဆန်း အားကစားကွင်း ရှိ လက်မှတ် အရောင်းဌာနသို့ လာရောက် စောင့်ဆိုင်း ဝယ်ယူသူများက ပြောကြားသည်။

“ကျွန်တော်တို့ မနက် ၁၀ နာရီ မထိုးခင်ကတည်းက တန်းစီနေတာ၊ နာရီဝက်လောက်နေတော့ ကုန်ပြီလို့ ပြောတယ်၊ ကျွန်တော်တို့ရှေ့မှာ လက်မှတ်ရသွားတဲ့ သူက ရာဂဏန်းလောက်ပဲ ရှိမယ်၊ တစ်နေရာကို လက်မှတ် နှစ်ထောင့်ငါးရာ ရတဲ့ဟာကို ဒီလူလောက်နဲ့ ကုန်သွားတယ် ဆိုတာတော့ နားမလည်ဘူး” ဟု ဒဂုံ အထက (၁) မှ နဝမတန်း ကျောင်းသားတစ်ဦးက ဆိုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တွင် ပါဝင်သည့် မြန်မာနှင့် ထိုင်းနိုင်ငံ ဘောလုံးအသင်းတို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏ လူငယ်အားကစားဝင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ယင်းနေ့ နံနက် ၁၀ နာရီတွင်လည်း ကျန်ရှိသည့် လက်မှတ် တစ်သောင်းကို သုဝဏ္ဏ အားကစားကွင်းတွင်ပင် ထပ်မံရောင်းချပေးမည် ဖြစ်သည်။

BY THE VOICE JOURNAL

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ

Posted by drmyochit Saturday, December 14, 2013, under | No comments

မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင်ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ဆိုရမယ့် အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ကစားကြမှာပါ။ အုပ်စု ပထမ ၂ ပွဲမှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ထားသလို၊ ထိုင်းကလည်း တီမောကို ၃ ဂိုး ၁ ဂိုး ၊ အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားတာကြောင့် ၂ သင်းစလုံးဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် နဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ထိုင်းပွဲဟာ အုပ်စုမှာ အဆုံးအဖြတ်ပေးမယ့် ပွဲတပွဲဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ အခုချိန်မှာ နိုင်စိတ်အပြည့်ရှိနေတယ်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။

"မြန်မာအသင်းကတော့ ထိုင်းကိုအနိုင်ကစားမှာပေါ့။ အရေးကြီးတဲ့ ပွဲစဉ်လည်းဖြစ်တယ်။ ကိုယ့်အိမ်ကွင်းမှာလည်း ကစားတာဖြစ်တယ်။ အနိုင်ကစားမယ်။"

မေး- ထိုင်းနဲ့ကန်မယ့်ပွဲအတွက် အသင့်ဖြစ်နေတယ်ပေါ့။

" ဟုတ်တယ်။ အသင့်ပဲ။"

မေး- ဒီပွဲမှာ အသင်းမှာ ဒဏ်ရာရတဲ့သူ မပါနိုင်တဲ့သူ အနေအထားကရော ဘယ်လိုရှိပါသလဲ။

" ဒဏ်ရာရတဲ့သူလည်း အဲ့ဒီ့ဒဏ်ရာတွေက သေးသေးမွှားမွှားပဲ အဲ့ဒီ့ဒဏ်ရာတွေကို အကုန်မေ့ပြီး သူတို့အကုန် ကစားကြမှာ။ ဗိုလ်လုပွဲအတွက် နှလုံးသွင်းပြီး ကစားမှာ။"

ထိုင်းအသင်းဟာ ဘောလုံးအပေးအယူ တိကျပြီး၊ ကွင်းလယ်အားကောင်းသလို၊ ရတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းတသင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့ ကစားတဲ့အခါမှာ ဘာတွေကို အထူးသတိထားဂရုစိုက်ဖို့လိုမလဲ။  ၀ါရင့် အားကစားဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောတာကတော့

"အဲ့ဒီ့ကြားထဲမှာ ကျနော်ပြောသလို သူတို့က တချက်ထိ ညာပေး၊ နှစ်ချက်ထိ ညာပေး၊ လူတွေကြားထဲကနေ နောက်တန်းကြားထဲကနေ ကျော်ကျော်ပြီး ချပေးတာတွေ အဲ့တာတွေ ပေးတာကောင်းတယ်။ အဲ့တာကိုဖျက်နိုင်မှ ကျနော်တို့က နည်းနည်း အခွင့်အရေးသာမယ်ပေါ့နော်။"

အုပ်စု B မှာ ထိုင်းက အင်ဒိုနီးရှားကို အနိုင်ရလိုက်တဲ့အတွက် ၊ မြန်မာအသင်း နဲ့ ထိုင်းနဲ့ ပွဲရလဒ်ဟာ အုပ်စု B မှာ ဘယ်အသင်း အုပ်စု ပထမနေရာ ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလိုလည်း ဆိုရမှာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာအသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေး သုံးသပ်တာကတော့ -

" မြန်မာအသင်းက ပြီးခဲ့တဲ့ ကစားတဲ့ နှစ်ပွဲဆိုရင်တော့ တော်တော်လေး ကြိုးစားပမ်းစား၊ ကစားရမှာပဲဗျ။ ထိုင်းကလည်း ကျနော်တို့ကို နိုင်လိုက်ရင် အကြိုဗိုလ်လုပွဲ တက်ဖို့ သေချာသွားတဲ့ အနေအထား ရှိတယ်လေ။ နောက်ဆုံးပွဲက သူက ကမ္ဘောဒီးယားနဲ့ကစားရမှာ။ သူတို့က ကျနော်တို့ကို အနိုင်ကစားမှာ၊ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့လည်း ကြည့်တဲ့ပရိတ်သတ်ရော၊ ကိုယ့်မြေပေါ်မှာရော၊  နောက်ပြီး တသင်းနဲ့တသင်းက ပြောပလောက်အောင် ကွာခြားတာ မရှိတော့ မြန်မာအသင်းက အနိုင်ကစားဖို့တော့ လိုတယ်။ မတော်တဆ ခြေချော် လက်ချော် ရှုံးခဲ့ရင် အင်ဒိုနီးရှားကို ကစားဖို့ခက်မယ်။ အင်ဒိုနီးရှားကလည်း ကျနော်တို့ကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ အင်ဒိုနီးရှားနဲ့ပွဲကတော့ ကျနော်ပြောရဲပါတယ်။ မြန်မာ အသင်းနိုင်ဖို့များပါတယ်။ ထိုင်းနဲ့ကတော့ ငါးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းပဲ၊ အမှားများတဲ့အသင်း ရှုံးမယ်။ အမှားနည်းတဲ့အသင်းနိုင်မယ်။ ပြောလို့မရဘူး။ အင်ဒိုနီးရှား ကို သေချာပေါက်ပြော လို့ရတယ်။ ကမ္ဘောဒီးယားနဲ့ကစားတဲ့ပွဲရော ကျနော်တို့ မြန်မာလက်ရွေးစင်အသင်းကို နိုင်နိုင်တဲ့ အဆင့်မရှိဘူး ကျနော်တော့ သုံးသပ်မိတယ်။"

မေး- ဦးခင်မောင်ထွေးက ထိုင်းနဲ့ပွဲကို ဘယ်လိုထင်လဲ။

"မြန်မာအသင်းက နည်းနည်းလေး တသင်းလုံး ညီညီညွတ်ညွတ်နဲ့ အင်တိုက် အားတိုက် ကစားရင် အနိုင်ရဖို့များပါတယ်။"

လာမယ့် ၁၆ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်မှာတော့ မလေးရှားအသင်းက လာအိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပြီး၊ စင်ကာပူအသင်းက ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

From:VOA

အီရန်မှာ ပျောက်နေတဲ့ အမေရိကန် CIA အတွက် ထောက်လှမ်းဟုဆို

Posted by drmyochit Saturday, December 14, 2013, under | No comments

အီရန်မှာပျောက်နေတဲ့ Robert Levinson

လွန်ခဲ့တဲ့ ၇ နှစ်နီးပါးက အီရန်နိုင်ငံမှာ ထူးထူးခြားခြား ပျောက်သွားခဲ့တဲ့ အမေရိကန်အမျိုးသားဟာ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA အတွက် လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် သတင်းဌာန နှစ်ခုက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရပ်ခြားလုပ်ငန်းခွင်တွေမှာ ပါဝင်လုပ်ကိုင်ခွင့်မရှိတဲ့ စီအိုင်အေက သုံးသပ်သူ ပညာရှင်တွေ အတွက် အငြိမ်းစား FBI ၀န်ထမ်းတဦးဖြစ်တဲ့ Robert Levinson က ထောက်လှမ်းရေး အချက်အလက်တွေကို ရှာဖွေစုဆောင်းပေးခဲ့တယ်လို့ အေပီ နဲ့ ၀ါရှင်တန်ပို့စ် သတင်းစာတွေက ဖော်ပြခဲ့တာပါ။

၂၀၀၇ ခုနှစ် မတ်လတုန်းက အီရန်နိုင်ငံက Kish ကျွန်းကို အလည်သွားတုန်း Levinson ပျောက်သွားခဲ့တာပါ။ အဲဒီခရီးဟာ သူ့မိသားစုနဲ့ အမေရိကန်အစိုးရ အရာရှိတွေက သူ့ကိုယ်ပိုင် လုပ်ငန်းခရီးစဉ်တခုနဲ့ သွားခဲ့တဲ့ ခရီးလို့ပြောခဲ့တာပါ။ မစ္စတာ Levinson ဘယ်မှာ ရှိနေလဲ ဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ အီရန်သမ္မတ Hassan Rouhani တို့ ၁၅ မိနစ်ကြာ ဖုန်းနဲ့ စကားပြောစဉ်အတွင်း သမ္မတ အိုဘားမားက မေးမြန်းခဲ့တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ အမေရိကန်ဘက်က နောက်ဆုံးရခဲ့တဲ့ သတင်းဟာ မစ္စတာ Levinson အနောက်တောင်အာရှက တနေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ ၂၀၁၁ ခုနှစ်က အစီရင်ခံစာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ ပျောက်သွားတဲ့အချိန်မှာ မစ္စတာ Levinson ဟာ အမေရိကန်အစိုးရ ၀န်ထမ်းတဦး မဟုတ်ဘူးလို့ ဆိုပြီး၊ မစ္စတာ Levinson စီအိုင်အေ အတွက် အလုပ်လုပ်နေတာ ဟုတ်မဟုတ် ဆိုတာ အပါအ၀င်၊ အသေးစိတ် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ ပြောခွင့်ရသူက ငြင်းဆန်ခဲ့ပါတယ်။

အေပီနဲ့ ၀ါရှင်တန်ပို့စ် သတင်းဌာနတွေကတော့ - မစ္စတာ Levinson ဟာ ၁၉၈၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ အီရန်သံတမန်တဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလိုရှိနေတဲ့၊ အီရန်ခေါင်းဆောင်တွေနဲ့လည်း နီးစပ်တဲ့ Dawud Salahuddin ထံကနေ ထောက်လှမ်းရေး အချက်အလက်တွေ ရယူဖို့ အီရန်ကို သွားခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Friday, December 13, 2013

မိန်းမယူပြီးမှ ချီးစားစုန်း မှန်းသိ၍ ပြန်ကွာရှင်းခဲ့ရသူ

Posted by drmyochit Friday, December 13, 2013, under | 3 comments



လွန်ခဲ့သော နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…
ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှံဟု ပြောစမှတ်ပြုကြပါသည်…
အဘယ့်ကြောင်းနည်းဟု ဆိုသော် သူတို့ ဇနီးမောင်နှံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော စကားပုံနှင့်အညီတဦးကိုတစ်ဦးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။
ကိုဖိုးမောင်မှာ တောင်ယာများစိုက်ပျိုးထွန်ယက်ပြီးချိန် တွင် အင်းရဲကြီးသို့ သွားပြီး .. ဖိုးစံမှတ် ဟု နာမည်ကြီးသော အင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ပါသည် … (ဖိုးစံမှတ် ( တစ္ဆေများအား ငါးဖမ်းခိုင်းသူ ) အကြောင်းကို အလျင်းသင့်လျင်ဖော်ပြပေးသွားပါမည် .. ။ ) ဆက်ကြရအောင် … ကိုဖိုးမောင်သည် လယ်ယာရိတ်သိမ်းချိန်တွင်ရွာ ကို ပြန်လည်၍ ရောက်ရှိလာပြီး လယ်ရိတ်သိမ်းပါသည် ..။
ထိုသို့ ကိုဖိုးမောင် အင်းရဲကြီးသို့ သွားချိန်တွင် သူ၏ ဇနီးမှာ ဘေးအိမ်ရှိ အပျိုကြီး တို့ ညီအစ်မတို့ အိမ်တွင် ယက်ကန်း ခက်သော အလုပ်ကို လုပ်ကိုင်ပါသည်.. ။
ထိုကဲ့သို့  နေထိုင်လာခဲ့သည်မှာ လက်ထပ်ပြီး ၃ နှစ်ကြာသည် အထိ ရှိပြီဖြစ်သည်…။
ကိုဖိုးမောင်နှင့် ကျနော် ခင်မင်သည်မှာ လည်း ၂ နှစ်ခန့် ရှိပြီ ဖြစ်ပြီး အင်းတွင် အလုပ်လာရောက်လုပ်ကိုင်ရင်း ညီအကို သမျှ ခင်မင်ရင်းနှီးမိခြင်းဖြစ်သည် … ကျနော် က တော့ အင်းရဲလေးဘက်မှာနေထိုင်တာပါ …
လယ်ယာရိတ်သိမ်း ချိန် သို့ ရောက်ရှိလာချိန် တွင် ကို ဖိုးမောင် သည် ရွာပြန်ဖို့ အကြောင်းဖန်လာခဲ့ ပါပြီ… ကျနော် ကတော့ လူပျို လူလွတ်မို့  ရွာ မပြန်ဘဲ ကိုဖိုးမောင်တို့ ရွာကို အလည်လိုက်ခဲ့ပါသည် …
ထိုရွာကလေးသည် အတော်ကို သာယာပါသည် .. ရွာထိပ်တွင် လူငါးယောက်ဖက်စာလောက်ရှိသော ပညောင်ပင်ကြီး တစ်ပင်ရှိပြီး နွယ်ပင်ကဲ့သို့ သော အမျှင်များ ထူထပ်စွာ ကျရောက်နေပါသည် …
ကိုဖိုးမောင်၏ဇနီးနာမည်မှာ မယ်မှုံဖြစ်ပြီး ရုပ်ရည် မှာ ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ အချိုးကျလှပါသည် ..။
ကိုဖိုးမောင်တို့ ရွာကိုရောက်ပြီး ၂ ရက်ခန့် အကြာ ထိုနေ့ ကလပြည့်ည.. အိုက်စပ်စပ်နှင့်ခြင်များ ကလည်း ကိုက်လှသည်… အချိန်ကတော့ သန်းခေါင်ကျော်ကျော် မိုးမလင်း တလင်းလောက်ရှိပြီထင်… အင်း အိမ်ရှေ့ ကွက်ပျစ်လေးတွင် သွားရောက်ထိုင်ပြီး ဆေးလိပ်ဖွာရန် နောက်ဖေး မီးချောင်သို့ မီးခြစ်သွားအယူ… ကိုဖိုးမောင်တို့ အိပ်ခန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည် ..
အား……လာ..လားးးးးးးးးးး ကိုဖိုးမောင်သည်.. ခေါင်းမရှိ ခန္ဓာ ကိုယ်ကြီးကို ဖတ်ပြီး အိပ်နေပါလား….. ကျနော့် ခေါင်းရှိ ဆံပင်မွှေးများ ထောင်သွားပြီး ကြက်သီးများဖျဉ်း ခနဲ ထသွားပါသည် ….
ကျနော့ အတွက် တော်တော့်ကိုတုန်လှုပ်နေပါသည် .. ဒီရွာမှ ထွက်ပြေးလျှင်ကောင်းမလား…. အင်း… လမ်းမှာ ခေါင်းပြတ်နေတဲ့ “ ချီးစားစုန်းမ နဲ့ တွေ့ ရင် ” မဖြစ်သေးပါဘူး ကိုဖိုးမောင် ကို နှိုးမှ ဖြစ်မယ် …
“ကိုဖိုးမောင်…ဟေ့လူ ထထ … ခင်ဗျား မိန်းမကို ကြည့်ပါဦး …. ” ကိုဖိုးမောင် လန့် သွာပြီး ထပြေးပါသည် …ပြီးတော့ ကျနော့် ကိုဘယ်လိုလုပ်ကြမလဲ ဟုမေးသည် … ထိုမိန်းမ၏ခေါင်းမှာ ပြတ်သွားသလိုမျိုး တုံးတိကြီးဖြစ်ပြီး…သွေးတော့မှမရှိပေ..
ကျနော် စဉ်းစားမိတာ တခုရှိပြီ… ကျနော် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး တရော်ကင်ပွန်း ခေါင်းလျှော်ရည် စိမ်ထားသော ဇလုံကြီး ကို ၄င်း မိန်းမ အနားသို့ ယူလာပြီး တရော်ကင်ပွန်းများ သုတ်လိမ်းလိုက်ပါသည် ..
ထိုအချိန်တွင် စူးဝါးစွာအော်သံကို အိမ်အနောက်ဖက် မန်ကျည်းပင်အောက်မှကြားလိုက်ရပြီး .. ကျနော် ဆင်းကြည့်လိုက်တော့ … မီးလုံးကြီးတစ်လုံး လေပေါ်မှာ ပျံလာတာကိုတွေ့ လိုက်ရတယ် … ကျနော်လည်း ကြောက်ပြီး အိမ်ပေါ်ကိုတက်ပြေးပြီး ကိုဖိုးမောင်ကို ပြောပြပါတယ် … ထိုမီးလုံးကြီးမှာ … အိမ်ထဲသို့ မဝင်ဘဲ အိမ်တံခါးဝမှာ တဝဲလည်လည် လုပ်နေပါတယ်…. ကျနော်နှင့်ကို ဖိုးမောင် အတင်းပြေးဆင်းပြီး အော်ပါတော့သည် …. ထိုအချိန်တွင် ဘေးအိမ်မှလူများ နိုးလားကြပြီးကြည့်ကြပါတော့သည်…
ချီးစားစုန်းမ မှာ ၄င်း၏ ခန္ဓာကိုယ် တွင် တရော်ကင်ပွန်းများ သုတ်လိမ်းထား၍ တပ်မရဘဲဖြစ်နေပါသည်… အိမ်ရှေ့  နှင့် အိမ်ပြင် တွင် ၄င်းမီးဝင်းဝင်းတောက်နေသော ခေါင်းပြတ်ကြီးမှာ ဝင်လိုက်ထွက်လိုက်နှင့်ရှိနေပါသည် ..။
မိုးလည်းလင်းတော့မည် …. ဘေးမှသူများက ဂရုဏာ သက်ဝင်လာပြီး ထိုသုတ်လိမ်းထားသော တရော်ကင်ပွန်း များ ကို သုတ်ပေးရန်ပြောလာကြပါသည် … ထိုရွာသားများထဲမှ သတ္တိ ခပ်ကောင်းကောင်း ယောကျာင်္း ၃ယောက်ခန့်  က ထို စုန်းမ ကို မောင်းထုတ်ပြီးအိမ်ပေါ်သို့  တက်ရောက်ကာသုတ်လိမ်းထားသော တရော်ကင်ပွန်း များကို အဝတ်တခုဖြင့် ဖယ်ရှားပေးလိုက်ပါသည် ..
ထိုအခါ ကျမှ ၄င်းစုန်းမသည် … သူက ခန္ဓာကိုယ်တွင် ပြန်လည်တပ်ဆင်၍ ရသွားပါသည် ..
ကိုဖိုးမောင်လည်း ထိုမိန်းမကို ဆက်မပေါင်းဝံ့တော့ဘဲ…ကျနော်တို့ ရွာကို အပြီးလိုက်လာပါတော့သည် ..
နောက်ပိုင်းကြားရသော သတင်းများအရ ထိုရွာမှ သူများက သူတို့ ၏ ကလေးများကြောက်လန့်မည် စိုးသောကြောင့် ရွာ အပြင်သို့ မောင်းထုတ်လိုက်ကြောင်း ကြားသိရပါသည် …။
ထိုဖြစ်ရပ်သည် အဖွား ၁၆ နှစ်သမီး အရွယ်တွင် အဘိုး(အဖွား၏အဖေ) ပြောပြခဲ့ဖုးသော သူတွေ့ ကြုံခဲ့ ဖူးသော ချီးစားစုန်း မ တစ်ယောက် အကြောင်းဖြစ်ပါသည် ..။ ယခုအဘွားသည်အသက် (၇၀) ဝန်းကျင်ခန့် ရှိနေပါပီ … ။

Zuu

၁၃ဝဝ ပြည့်အရေးတော်ပုံ ခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ သမီး

Posted by drmyochit Friday, December 13, 2013, under | No comments

မြန်မာ့သမိုင်းမှာ အထင်ကရ ၁၃ဝဝ ပြည့် ရေနံမြေ အရေးတော်ပုံကြီးရဲ့ သူရဲကောင်း အာဠာဝက သခင်ဘိုးလှကြီး ရဲ့ သမီးရင်းချာ တဦး အခုထိ အသက်ရှိထင်ရှား ရှိနေပါတယ်။

မစုစုနွေး၏ ညာဖက်ကပ်လျှက်က ချိတ်လုံချည်အဝါ စိမ်းပြာရင့်အပေါ်ဝတ်၊ တံဖက်ပတ်ထားသည့် သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူ ၊ ဓာတ်ပုံ- မစုစုနွေး

 ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံ စိန်ရတု နှစ်ပတ်လည်နေ့မှာ အလုပ် သမား၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး ရဲ့
ချောက်ရေနံမြေက သမိုင်းဝင်ကျောက်တိုင်ရှေ့မှာ အမှတ်တရ ဓာတ်ပုံမှာ သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူနဲ့ အတူ မှတ်တမ်း ရိုက်ကူးထားပါတယ်။

အခုလို ကိုလိုနီခေတ် အလုပ်သမား ခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ မျိုးဆက် သမီးဖြစ်သူနဲ့ ယခင် စစ် အာဏာရှင်အစိုးရလက်ထက် အလုပ်သမား၊ လယ်သမားတို့ရဲ့ အားထားရာ ခေတ်သစ် အမျိုးသမီး
ခေါင်းဆောင် မစုစုနွေးတို့ရဲ့ အခု ဓာတ်ပုံထဲက မြင်ကွင်းဟာ သမိုင်းကွင်းဆက်တွေရဲ့ ချိတ်ဆက်မှုကို ဖော်
ပြနေတာလည်း ဖြစ်ပါတယ်။

သခင် ဘိုးလှကြီးမှာ သားသမီး ၆ ဦးထွန်းကားခဲ့ပြီး အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယမြောက် သမီးဖြစ် သူ ဒေါ်ကျင်ကျင်ဝေ သာ ကျန်ရစ်ပါတယ်။ ဒေါ်ကျင်ကျင်ဝေကတော့ အခုအခါ မကွေးတိုင်း နတ်မောက်မြို့ မှာ နေထိုင်ပါတယ်။

သမိုင်းရဲ့ အဖိုးတန်သူရဲကောင်း တဦးရဲ့ မျိုးဆက်ဟာ အခုလို သက်ရှိထင်ရှားရှိနေခြင်း အပေါ် မျိုးဆက်သစ်တို့ အတွက် ခွန်အားတခုကို မွေးဖွားစေမှာ ဖြစ်ပါတယ်။



အိမ့်သံစဉ် ~

ကလေးငယ်နှစ်ဦးကို မိဘများမရှိခိုက် သတ်သွားသည့် တရားခံဖမ်းမိ

Posted by drmyochit Friday, December 13, 2013, under | No comments



မိဘများအလုပ်သွားနေစဉ် ကလေးငယ်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့်တရားခံက ၎င်းသတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု အုတ်ဖိုမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါတရားခံသည် ကလေးများနှင့်ပတ်သက်၍ စိတ်ရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်လေးနှစ်ခန့်က အိမ်ထောင်ကွဲခဲ့ရာတွင် ကလေးများက ၎င်းင်း၏ဇနီးနှင့်အတူ ပါသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ယင်းစိတ်အစွဲအလမ်းကြောင့် ကလေးများကိုမြင်လျှင် ချစ်ခင်ကြင်နာတတ်သော်လည်း ကလေးများကမူ စိတ်ရောဂါရှိသူတစ်ဦးဖြစ်သောကြောင့် ၎င်းကို ကြောက်ရွံ့ကြသည်ဟု ဒေသခံများက ပြောကြားသည်။

အခင်းမဖြစ်ပွားမီတစ်ရက်က အသတ်ခံရသည့်ကလေးများနေအိမ်သို့  အဆိုပါတရားခံက ရောက်ရှိခဲ့ရာ ကလေးများက ပုန်းနေခဲ့ပြီး မိခင်ဖြစ်သူ ပြန်လာသည့်အခါ ကလေးများက ၎င်းကိုကြောက်ရွံ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် မိခင်ဖြစ်သူက ဂရုမစိုက်မိခဲ့ဘဲ အခင်းဖြစ်ပွားမည့်နေ့ နံနက်တွင် အလုပ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ကလေးများ၏မိခင်ကပြောသည်။

ထို့အပြင် ကလေး၏ဖခင်ဖြစ်သူနှင့် အခင်းမဖြစ်ပွားမီ ဆယ်ရက်ခန့်က စကားများခဲ့ရာ ၎င်းက ““လူကြီးကိုမလုပ်ရလျှင် ကလေးများကို လုပ်မည်””ဟု ကြိမ်းမောင်း စကားဆိုခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်သည် ဒီဇင်ဘာ ၆ ရက် နံနက်က အသက် (၆)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက်(၂)နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် မိဘများအလုပ်သွားနေစဉ်အချိန်၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ တရားခံဖြစ်သူကို ထိုနေ့ညနေကပင် ဖမ်းဆီးရမိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားခံကို အုတ်ဖိုမြို့နယ် ရဲစခန်းက ပုဒ်မ(၃၀၂)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7day Daily

ခရစ္စမတ်ကာလတွင် ခရစ်ယာန်ဘာသာဝင် များကို မွတ်ဆလင် အကြမ်းဖက်များ တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိဟု အင်ဒိုနီးရှား သတိပေး

Posted by drmyochit Friday, December 13, 2013, under | No comments


အင်ဒိုနီးရှားနိုင်ငံတွင် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလ တို့၌ မွတ်ဆလင် အကြမ်းဖက်သမားများက ခရစ်ယာန် ဘာသာရေး ဝတ်ပြုသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ကောင်း စီစဉ်နေဖွယ် ရှိသည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ အစွန်းရောက် အကြမ်းဖက်သမား များသည် ၄င်းတို့ ပစ်မှတ်ထားသော နေရာများကို ဗုံးထောင်ရန် ဦးတည် လှုပ်ရှားနေသည့် လက္ခဏာများ တွေ့နေရ ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲချုပ် ဆူတာမန်က ပြောကြားသည်။
"အကြမ်းဖက်သမား တွေဟာ နေရာတကာမှာ သူတို့ဆဲလ်တွေ ရှိပြီးတော့၊ တကယ်လည်း လှုပ်ရှားနေကြတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီ အကြမ်းဖက်သမားတွေကို လိုက်လံ ရှာဖွေနေပါတယ်" ဟု ၄င်းက ပြောကြားသည်။

သို့သော် သံသယရှိသော အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်၍မူ အသေးစိတ် တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။

အင်ဒိုနီးရှားတွင် ရှိသော လူနည်းစု ခရစ်ယာန် ဘာသာဝင်များမှာ လွန်ခဲ့သော နှစ်များအတွင်း အစ္စလာမ္မစ် အစွန်းရောက် များ၏ ဖိအားပေးမှုကို ပိုမိုခံလာရပြီး၊ မွတ်ဆလင် အစွန်းရောက်များက ခရစ်ယာန် ဘုရား ကျောင်းများပိတ်ရန် ဖိအားပေးခြင်း၊ ခရစ်ယာန်များ ဝတ်ပြုဆုတောင်းရာ နေရာ အပြင်ဘက်တွင် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် အင်ဒိုနီးရှားရှိ ခရစ်ယာန် လူနည်းစုအပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းကိုမူ ၂၀၁၁ ခုနှစ်က အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ ဆိုလို ခရစ်ယာန်ဘုရားကျောင်းကို အသေခံဗုံးခွဲ တိုက်ခိုက်ပြီးနောက် ထပ်မံပြုလုပ်ခြင်း မရှိတော့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် ၂၀၀၀ ပြည့်နှစ်က ဘုရားရှိခိုးကျောင်း များသို့ ခရစ္စမတ် လက်ဆောင်အဖြစ် ပေးပို့ထားသော လက်ဆောင်ထုပ် များမှ ဗုံးပေါက်ကွဲမှုကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးများ အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပြီး လူများစွာ ထိခိုက် ဒဏ်ရာရခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ်က အနောက်နိုင်ငံသား များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဘာလီကျွန်း ဗုံးခွဲ တိုက်ခိုက်ခံရခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် အများစု ပါဝင်သော လူ ၂၀၂ ဦး သေဆုံးခဲ့ပြီးနောက် အင်ဒိုနီးရှား အစိုးရက နိုင်ငံတွင်းရှိ အစ္စလာမ္မစ် အကြမ်းဖက်ကွန်ရက်ကို ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်