Monday, December 16, 2013

မိဘများနှင့်အတူ အိပ်စက်ခြင်းက မွေးကင်းစ ကလေးများ သေဆုံးနိုင်ခြေ မြင့်တက်စေ

Posted by drmyochit Monday, December 16, 2013, under | No comments

ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့


မွေးကင်းစ ကလေးများကို သီးခြားမွေ့ရာငယ်နှင့်သာ အိပ်စက်စေသင့်ကြောင်း ဆွီဒင်နိုင်ငံမှ ကျန်းမာရေး သုတေသီများက အလေးအနက် တိုက်တွန်းလိုက်သည်။ ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့သည်။ ကလေးငယ်ကို အသက်(၃)လ အရွယ်ထိ သီးခြား မွေ့ရာလေးဖြင့် ထားရှိသင့်ပြီး ငယ်ရွယ်လွန်းသည့် ကလေးများ အနေဖြင့် မိခင်နှင့် အနီးကပ် အိပ်စက်ခြင်းကြောင့် ရုတ်တရက် သေဆုံးနိုင်ခြေ မြင့်မားလာတတ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အစောပိုင်းက ယင်းဘုတ်အဖွဲ့သည် ကလေးများ ထားရှိသည့် အခန်းထဲတွင် ဆေးလိပ်သောက်ခြင်းမျိုးကို လုံးဝရှောင်ကြည်ရန် အကြံပြုခဲ့ဖူးပြီး အရက်သောက်ထားသည့် မိဘများနှင့် အတူမအိပ်သင့်ဟု သတိပေးခဲ့သေးသည်။ သို့သော် မိဘများအနေဖြင့် အရက်သောက်မထားသည့်တိုင် ကလေးနှင့်အတူ အိပ်စက်သည့်အခါ အကောင်းပကတိ အခြေအနေမှ ရုတ်တရက် ကလေးသေဆုံးမှုမှာ သာမန်ထက် (၅)ဆမျှ မြင့်တက်နိုင်ခြေ ရှိနေကြောင်း သိရသည်။ "(၃)လအောက် ကလေးတွေကို သီးခြားခွဲသိပ်ဖို့က အရမ်း အရေးကြီးပါတယ်"ဟု အဆိုပါ ဘုတ်အဖွဲ့မှ သုတေသီ ခရစ္စတိန်း နော့ဒ်စထရန်းက ဆိုသည်။

"အကောင်းပကတိကနေ ကလေးက ရုတ်တရက် သေဆုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဒီလိုဖြစ်ရပ်တွေအပေါ် အနုစိတ် သုတေသနပြု လေ့လာခဲ့ပါတယ်။ ငယ်လွန်းသေးတဲ့ ကလေးတစ်ယောက်အတွက် မိဘနဲ့အတူ တွဲအိပ်တာဟာ ရုတ်တရက် ကလေးငယ် သေဆုံးခြင်း လက္ခဏာစု (SIDS)ကို ဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်သွားစေပါတယ်"ဟု ဂိုသင်ဘာ့ဂ် တက္ကသိုလ်မှ ကလေးဆေးပညာ ပါမောက္ခ ဂိုရန်ဝန်နာဂရန်ကလည်း ပြောကြားခဲ့သည်။ သုတေသီများက မိဘထံတွင် ရှိနေသော သာမန် အပျော့စား ရောဂါပိုးမွှား တစ်ခုခုသည် အိပ်စက်နေချိန်များတွင် ကလေးကို ကူးစက်နိုင်ပြီး ယင်းအခြေအနေသည် နုနယ်လွန်းသော အရွယ်တွင်မူ အန္တရာယ် ကြီးသွားစေနိုင်ကြောင်းလည်း ထောက်ပြထားသည်။ ထို့အပြင် ကလေးကို မတော်တဆ ဖိမိမှုမျိုး ကြုံနိုင်သည်ဟုလည်း သတိပေးထားသည်။

ဆွီဒင်သည် အနောက်ဥရောပတွင် မွေးကင်းစ ကလေးများ မိခင်နှင့် အတူအိပ်စက်သည့်နှုန်း အမြင့်ဆုံး နိုင်ငံဖြစ်သည်။ ပြင်သစ်နှင့် အမေရိကန်တို့တွင် ကလေးကို မိဘများနှင့် တစ်ခန်းတည်း အိပ်စက်ရန် ထောက်ခံသော်လည်း သီးခြားအိပ်ရာဖြင့် ထားရှိရန် ထောက်ခံထားသည်။ SIDSဟုခေါ်သော အခြေအနေသည် အသက်အလွန်ငယ်သေးသည့် ကလေးများ ရုတ်တရက် သေဆုံးခြင်းနှင့် ဆက်စပ်သော လက္ခဏာများကို ဆိုလိုပြီး ယင်းဖြစ်စဉ်၌ ရင်ခွဲစစ်ဆေးမှု ရလဒ်တစ်ခုခုဖြင့် မည်သည့်အတွက်ကြောင့် ကလေးငယ် သေဆုံးကြောင်း ရှင်းပြနိုင်လေ့ မရှိချေ။ ယင်းအခြေအနေကို Cot Deathဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

SIDSဖြင့် သေဆုံးသော ကလေးအတော်များများသည် အသက်မဆုံးရှုံးမီတွင် မည်သည့် ဝေဒနာ လက္ခဏာမျိုးမှ မပြသဘဲ အိပ်နေရင်း သေဆုံးသွားမှုမျိုး ဖြစ်လေ့ရှိသည်။ သုတေသီများက SIDS အခြေအနေကို ရှောင်လွှဲနိုင်ရန် ကလေးကို ကျောခင်းအိပ်စက်စေခြင်း၊ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လောက်သည့် နေရာမျိုး ဖန်တီးပေးခြင်း၊ ကလေးအနီးတွင် ဆေးလိပ်သောက်မှုကို ရှောင်ကြဉ်ခြင်း၊ ကလေးအိပ်သည့် နေရာအနီးတဝိုက်တွင် အပူလွန်ကဲမှု မဖြစ်အောင် ဂရုပြုခြင်းတို့ ဆောင်ရွက်ရန် အကြံပြုထားသည်။

Planet Myanmar Network

၁၀ ဘီးကား ဘရိတ်ပေါက် တောင်အောက်ထိုးကျ

Posted by drmyochit Monday, December 16, 2013, under | No comments

တောင်အောက်သို့ ထိုးကျသွားသော ၁၀ ဘီးကားကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

ကော့သောင်း ၊ ဒီဇင်ဘာ ၁၅

 ကော့ သောင်းမြို့ ခုနစ်မိုင်တောင်ပတ် လမ်းတွင် ဒီဇင်ဘာ ၁၄ရက်က ဓာတ်မြေဩဇာ အိတ်များတင် ဆောင်လာသည့် ယုဇနဆီအုန်း ကုမ္ပဏီပိုင် ၁ဝဘီးတပ်မော်တော် ကားသည် တောင်အဆင်းတွင် ကားဘရိတ် ပေါက် ကာ ချောက် ထဲထိုးကျသွားခဲ့ကြောင်း ယာဉ် မောင်းအကူထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်အချိန်တွင် ယုဇန ဆီအုန်းကုမ္ပဏီပိုင် ၁ဝဘီးတပ်ယာဉ်သည် ဓာတ်မြေဩဇာအိတ် ကြီးများတင်ဆောင်၍ အေးရိပ် ငြိမ်းရပ်ကွက်၊ တော်ဝင်သင်္ဘော ဆိပ်မှ မြို့ပတ်လမ်းအတိုင်းမောင်း နှင်လာစဉ် မြို့ပတ် လမ်းကုန်း အဆင်းတွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက်တောင်နံရံအား တိုက် မိကာ  လမ်းယာဘက်ခြမ်းသို့ပြန်လည် သွားပြီး တောင်အောက်ချောက် ထဲရှိ ရော်ဘာခြံအတွင်းသို့ ကျ သွားခဲ့ခြင်းဖြစ်ကြောင်း ယင်း ကားတွင် ယာဉ် မောင်း အကူအ ဖြစ်လိုက်ပါလာသည့် ဦးကျော် ကိုကိုက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းပြည် သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည့် အခြေအနေဖြစ် ကြောင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ သည့် အထက်ပါ ယာဉ်မောင်း အ ကူက ပြောသည်။

''ခုနစ်မိုင်တောင်ပတ်လမ်း ကို တန်ချိန်လွန်ယာဉ်တွေရော ယာဉ်ငယ်လေးတွေရော အသုံးပြု ကြတယ်၊ မောင်းကြတယ်။ ပြီး တော့လဲ ခဏခဏယာဉ်တိမ်း မှောက်မှု၊ ယာဉ်တိုက်မှုတွေဖြစ် တယ်''ဟု အသက်၅ဝကျော်အ ရွယ်ဒေသခံတစ်ဦးက မှတ်ချက် ပြုသည်။ ယင်းယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ ယာဉ်အားမဆင် မခြင်ပေါ့ဆစွာမောင်းနှင်သူ ယာဉ် မောင်းအား ဥပဒေအရအရေးယူ နိုင်ရန်အတွက် ကော့သောင်းမြို့ မရဲစခန်းတွင် ယာဉ် (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈အရ အမှု ဖွင့်ထား ကြောင်း ကော့သောင်းမြို့ မရဲစခန်းမှ သိရသည်။

Dawei Watch
Yangon Media Group

တရားမဝင် ကုန်သွယ်မှုများတွင် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေဟုဆို

Posted by drmyochit Monday, December 16, 2013, under | No comments

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅

တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ ပါဝင်ဆောင်ရွက် မှုများရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက် ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်းတာဝန်ရှိသူက ပြောဆို သွားသည်။

စီးပွားကူးသန်းတာဝန်ရှိသူ က ''သူတို့ကိုယ်တိုင်လုပ်တာတော့ နည်းတယ်။ သူတို့ပိုင်ကားတွေနဲ့ မောင်းပို့တာတွေ ရှိလာတယ်။ ကုန်သည်ကတော့ သူတို့ဘာသာ ပုံမှန်အတိုင်း တရားမဝင်သယ်ယူ တာပဲ။ ဖမ်းဆီးရတဲ့အခါ အမည်ခံ ကုန်သည် ယူမှုတွေ ရှိနေတယ်။ အရင်တစ်နေ့ကဆိုရင်  Super Custom  နှစ်စီးနဲ့ ဘီယာ ၅၇၄ဖာ တင်လာတယ်။ နောက်နေ့မှာ လာပြန်ညှိတယ်။ ပစ္စည်းက အ ကောက်ခွန်နဲ့ညှိတယ်။ ကားနဲ့လူ က ရဲနဲ့ဆိုင်တယ်။ နောက်ပိုင်း ပြန်ထုတ်သွားတယ်။ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့လဲ သိတယ်။ ပဲခူးတိုင်းအမှတ်(၁) ရဲစခန်းမှာ ဖမ်းထားတာပါ။ ကျွန်တော်တို့က Participate အဖွဲ့ဖြစ်တဲ့အတွက် သတင်းမထုတ်ပြန်တာပါ''ဟုဆို သည်။

ယင်းက ဆက်လက်၍  Mobile Teamအဖွဲ့မှ နယ်မြေငြိမ်း ချမ်းမှုမရှိသော ဒေသအတွင်းရှိ သစ်အပါအဝင် ကျောက်မျက်များ၊ ဓာတ်သတ္တုများ၊ အသားများ အား တရားမဝင်ကုန်သွယ် မှုများ ရှိနေကြောင်း၊ လက်နက်အားကိုး ဖြင့် လာရောက် ခြိမ်းခြောက် သော အဖွဲ့များအားြွှ အဖွဲ့အနေ ဖြင့် ထိပ်တိုက်တွေ့ဆုံခြင်းအား ရှောင်ရှားရလေ့ရှိကြောင်း၊ ယင်း အတွက် ဌာနဆိုင်ရာအစိုးရအဖွဲ့ အစည်းများနှင့်ညှိနှိုင်းကာ ပညာ ပေးမှုများ ဆောင်ရွက်နေသည် ဟု ဆိုသည်။

Mobile Team အဖွဲ့မှ နယ် မြေတည်ငြိမ်မှုနည်းပါးသောနေ ရာတွင်ရှိနေသည့်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများအား တင်ပြ ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန စားသုံးသူရေးရာဦးစီးဌာန ဒု- ညွှန်ကြားရေးမှူး ဦးညွန့်အောင် ထံမှ သိရသည်။

ယင်းကဆက်လက်၍ ဥပ ဒေ၏အထက်တွင် မည်သူမျှမရှိ ခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းမှု များအား အရေးယူသွားမည်ဖြစ် ကြောင်း၊ လက်ရှိတွင် မြဝတီနယ် စပ်ဂိတ်တစ်ခုတည်းမှ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ကုန်သွယ်မှုကိန်း ဂဏန်း ကွာဟ ချက် မှာ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာတစ် ဘီလီယံအထိရှိနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

DKBA အဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးစောစန်းအောင်က ''ကျွန် တော်တို့ လက်နက်ကိုင်ထားတာ စီးပွားရေးအတွက် မဟုတ်ပါဘူး။ နယ်မြေလုံခြုံရေးအတွက် ကျွန် တော်တို့က လက်နက်ကိုင်ပြီး သူ များတွေရဲ့ စီးပွားရေးကို လိုက် တိုက်ခိုက် တာမရှိပါ ဘူး။ ကိုယ့် ဒေသက ပြည်သူတွေကိုကာကွယ် ဖို့အတွက်ပါ။ ဘယ်တော့မှ စီးပွား ရေးအတွက် အသုံးချတာမရှိပါဘူး'' ဟု ဆိုသည်။

နိုင်နိုင်ဇော်
Yangon Media Group

အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်းလပ်စီစဉ်

Posted by drmyochit Monday, December 16, 2013, under | No comments


အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်းလပ်စီစဉ်ထိုင်းနိုင်ငံတွင် ပါလီမန် ဖျက်သိမ်းမှုနှင့် ရွေးကောက်ပွဲ သစ်တစ်ရပ် ကျင်းပရန် ကြေညာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့် နိုင်ငံရေး အကျပ်အတည်းတွင် အတိုက်အခံ အင်အားစုများဘက်မှ ဝင်ရောက် ရပ်တည်ကာ ကြားဝင် ဆောင်ရွက်ပေးမည် မဟုတ်ဟု စစ်တပ်က ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းစဉ် တစ်ရပ်ကို ကျင်းပပြုလုပ်ရန် စီစဉ်လိုက်ကြောင်း ထိုင်းပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြကြသည်။
ရက်သတ္တပတ် အတော်အတန် ကြာမြင့်ခဲ့သည့် ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲကြီးတွင် မိမိတို့ဘက်မှ ရပ်တည်ပေးရန် ထိုင်းစစ်တပ်ကို အတိုက်အခံတို့က အဆိုပြုခဲ့မှုအပေါ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပါကွန်းက ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်က အထက်ပါအတိုင်း ပြုပြင်ပြောင်းလဲရေး ဒိုင်ယာလော့ခ် ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် အတိုက်အခံတို့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အိမ်စောင့်အစိုးရကို လက်မခံဘဲ ၎င်းတို့ အလိုရှိသည့် ပြည်သူ့ကောင်စီက တိုက်ရိုက် ခန့်အပ်သော အုပ်ချုပ်ရေး အဖွဲ့တစ်ရပ်ကို တင်မြှောက်ရန်သာ တောင်းဆိုထားသည်။

ဤသို့သော အနေအထားတွင် ထိုင်းစစ်တပ် အနေနှင့် နိုင်ငံရေးအရ ကြားဝင် ဆောင်ရွက်ပေးပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချပေးရန် အတိုက်အခံ ခေါင်းဆောင် ဆူတက်တာဆူဘန်က အဆိုပြုခဲ့သော်လည်း စစ်တပ်ဘက်က ငြင်းဆန်ခဲ့သည်။ ဆူတက်တာဆူဘန်က စစ်တပ် ကြားဝင်ပေးရန်သာ တောင်းဆိုခဲ့သော်လည်း စစ်အာဏာသိမ်းမှု ပြုလုပ်ပေးရန် အဆိုပြုခဲ့ခြင်း မရှိဟု ပြောကြားသည်။ သို့သော် အခြားသော သတင်းများ အရ “တကယ်လို့ ခင်ဗျားတို့သာ အာဏာသိမ်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ပြည်သူတွေက ခင်ဗျားတို့ကို သူရဲကောင်းလို့ ရှုမြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့လည်း ပြဿနာကြီး ကို ဖြေရှင်းနိုင်မယ်” ဟု ဆူတက်တာဆူဘန်က ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းကို ပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံရေး ပဋိပက္ခတွင် နှစ်ဖက်စလုံးက အစစအရာရာ ရေရှည်ခံမည့် အဖြေထုတ်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားရန် လိုအပ်ကြောင်း၊ သို့အတွက်ကြောင့် စေ့စပ် ညှိနှိုင်းမှုသည်သာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းက အတိုက်အခံ အင်အားစုများကို အသိပေး ပြောဆိုသည်။ ထို့ပြင် ဒီမိုကရေစီ ရွေးကောက်ပွဲကို တရားဥပဒေနှင့်အညီ ကျင်းပပြီး ပွင့်လင်း မြင်သာမှုလည်း ရှိစေလိုကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်က ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် ထိုင်းစစ်တပ်သည် သြဇာအာဏာ ကြီးမားသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်အဖြစ် ရှုမြင်ခံထားရပြီး နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်တိုင်း ဝင်ရောက် ဖြေရှင်းလေ့ရှိသည်။ လက်ရှိ အနေအထားတွင် ဝန်ကြီးချုပ် ယင်းလပ်သည် နိုင်ငံရေး ဖိအားပေးမှုများမှ လွတ်မြောက်သွားသည့် အခြေအနေတွင် ရှိပြီး ထိုင်း လူ့အဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေး ရန်လည်း ပြင်ဆင်လျက်ရှိသည်။

BY THE VOICE JOURNAL

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

Posted by drmyochit Monday, December 16, 2013, under | No comments


ကျိုင်းတုံ ၊ ဒီဇင်ဘာ ၁၅

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။

မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။

မောင်အားကျဲနှင့် မဘူးချွန် တို့မှာ စိတ်သဘောထားချင်း မ တိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီးများရှေ့တွင် ကွာ ရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင် သွေးငယ်ဖြစ်ကြောင်း သိရသည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်း တစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်း၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက် အရ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊ လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူနိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂အရ အ မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နဒီဧရာ
Yangon Media Group

Sunday, December 15, 2013

iOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်

Posted by drmyochit Sunday, December 15, 2013, under | No comments

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော “Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။
AirDrop ကို အသုံးမပြုသည့်အခါ “Off” ထားပါ။


“Automatic downloads” ကို “Off” ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။

“Brightness” ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ “Auto Brightness” On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။

“Notification Center” မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် “On” ထားပါ။

Mail setting ရှိ “Fetch New Data” တွင် “Push” ကို “Disable” လုပ်ထားပါ။


“Location Services” ကို မလိုအပ်ပါက “Off” ထားပါ။
iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> “Reduce Motion” ကို “Enable” လုပ်ပါ။

iOS 7 ရဲ့ Wallpaper မှာ “Dynamic” နဲ့ “Stills” ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။
Siri ၏ setting ရှိ “Raise to Speak” ကို “Disable” လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။


“Spotlight Search” တွင် ရှာဖွေရန် မလိုအပ်သည်များကို “Off” လုပ်ထားပေးပါ။


Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် “Vibrations” ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။

Cellular Data setting ရှိ “LTE” ကို “Off” ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။


General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။


“Limit Ad Tracking” ကို “Enable” လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking -> Enable


အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။

    Credit to:မိုးသိကြား(www.moethagyar.info) မှ ကူးယူဖော်ပြပါသည်၊

မန်ဒဲလားကို ဇာတိရွာမှာ မြှုပ်နှံသဂြိုဟ်

Posted by drmyochit Sunday, December 15, 2013, under | No comments

 တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ နယ်လ်ဆင် မန်ဒဲလားကို သူ့ရဲ့ ငယ်စဉ်က နေထိုင်ခဲ့တဲ့ အီစတင်းကိပ်ပြည်နယ် ရှိ Qunu ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက်က မြှုပ်နှံ သဂြိုဟ် လိုက်ပါတယ်။

သူတို့ မိသားစုပိုင် မြေကွက်မှာ မမြုပ်နှံမီ လူ ၄၀၀၀ ကျော် တက်ရောက်တဲ့ နိုင်ငံတော် ဈာပန အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၇ ထောင်ဒဏ် ကျခံပြီး တိုင်းပြည်ကို လူနည်းစု လူဖြူ အုပ်ချုပ်ရေး ကနေ လက်ရှိ အခြေအနေ ရောက်အောင် ပြောင်းပေးခဲ့တဲ့ မန်ဒဲလားကို အာဖရိက ခေါင်းဆောင်များ မိတ်ဆွေနဲ့ မိသားစုဝင်များက ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မြေးတွေထဲက Nandi က အဖိုးဖြစ်သူကို ဂုဏ်ပြု ဈာပနပွဲမှာ အမှတ်တရ စကား ပြောခဲ့ပါတယ်။

ဒီတောတောင်တွေကြားမှာ ကြီးလာတဲ့ အာဖရိကရဲ့သားကောင်း ကမ္ဘာ့ခေါင်းဆောင်ကြီး ဟာ ဒီနေရာမှာ လဲလျောင်းပါတယ်။ သူဟာ ဖိနပ်မစီးနိုင်ဘဲ ကျောင်းတက်ခဲ့ရပြီး အဆင့်မြင့်ဆုံး ရာထူးကို ရယူခဲ့တယ်။ တောင်အာဖရိက သမ္မတသာမက ကမ္ဘာ့အကြီးမားဆုံး နိုင်ငံရေးသမားကြီး ဖြစ်လာတယ်။ သူ့ရဲ့ တချိန်လုံး ပြောလိုတဲ့ အချက်ကတော့ ကိုယ့်နောက်ခံထက် ဘဝမှာ ရည်မှန်းချက် ပြည့်ဖို့ လူတိုင်းမှာ ပင်ကိုယ်ပါလာတယ်လို့ သာဓက ပြသွားကြောင်း Nandi က ပြောသွားပါတယ်။

လက်ရှိသမ္မတ ဂျက်ကော့ ဇူးမား ကလည်း တောင်အာဖရိက နိုင်ငံသားတွေ အနေနဲ့ သူ့ရဲ့ အစဉ်အလာကောင်းတွေ ဆက်ထိန်းဖို့ လိုမယ် လို့ ပြောသွားပါတယ်။

အခု ဈာပန အခမ်းအနားကို မန်းဒဲလားရဲ့ ကော်ဆာ မျိုးနွယ်စု ရိုးရာဓလေ့တွေအတိုင်း စစ်ရေးအရ အမြင့်ဆုံး ဂုဏ်ပြုအခမ်းအနားနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

အထူး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ဆီကို သူ့ရုပ်ကလာပ် သယ်သွားတဲ့အခါ အမြောက် ပစ်ဖောက်ပြီး ဂုဏ်ပြုပါတယ်။။ သူ့ရဲ့ အသက်စေ့ ဖယောင်းတိုင် ၉၅ တိုင် ထွန်းထားတဲ့ စင်မြင့်ရဲ့ နောက်မှာ သူ့ရဲ့ ဧရာမ ပုံကြီး ချိတ်ဆွဲထားပါတယ်။

ကော်ဆာ ရိုးရာ ဓလေ့အတိုင်း သင်္ဂြိုဟ်ရာမှာ ကောင်းကင်ကနေ အာဖရိက အလံ သယ်ဆောင်ထားတဲ့ ရဟတ်ယာဉ် သုံးစီး ဂုဏ်ပြု ပျံသန်းပါတယ်။ အဲဒီနောက် အမြောက် ပစ်ဖေါက်ပြီး ဘင်ခရာအဖွဲ့က နောက်ဆုံး ဂါရဝတီးလုံးနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

From: BBC

လကမ္ဘာပေါ် တရုတ် စက်ရုပ်ယာဉ်ငယ် ဆင်းသက်

Posted by drmyochit Sunday, December 15, 2013, under | No comments

တရုတ်ဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင်နေ
တရုတ် နိုင်ငံ ကနေ ဒီဇင်ဘာ ၁ ရက်နေ့က လကမ္ဘာပေါ် လွှတ်တင် လိုက်တဲ့ ယူတူ စက်ရုပ် ယာဉ်ငယ်ဟာ လကမ္ဘာ မြေပြင် ပေါ်ကို အောင်မြင်စွာ သက်ဆင်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင် နေတာ လည်း ဖြစ်ပါတယ်။

တရုတ် တို့ရဲ့ အခု လကမ္ဘာ လေ့လာရေး အစီ အစဉ် အောင်မြင်မယ် ဆိုရင်တော့ ဒါဟာ အမေရိကန်နဲ့ ဆိုဗီယက် ပြည်ထောင်စု တို့ပြီးရင် တရုတ် နိုင်ငံဟာ လကမ္ဘာ ယာဉ် လွှတ်တင် နိုင်တဲ့ တတိယမြောက် နိုင်ငံ ဖြစ်လာ မှာပါ။

လကမ္ဘာပေါ် အာကာသ လေ့လာရေးယာဉ် နောက်ဆုံး လွှတ်တင် နိုင်ခဲ့ တာကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါး ကပါ။

ယူတူ အာကာသ ယာဉ်ဟာ လကမ္ဘာ ပေါ်က သက်တန့်ရောင်တန်း ကမ်းနေရာလို့ ခေါ်တဲ့ မီးတောင်ပြန့် နေရာ တခုမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ဘီး ၆ လုံးပါတဲ့ ဒီစက်ရုပ် ယာဉ်ငယ်ဟာ တနာရီကို မီတာ ၂၀၀ သွားလာ နိုင်မှာ ဖြစ်ပြီး ၃၀ ဒီဂရီ စောက် ရှိတဲ့ အစောင်းကိုလည်း တက်နိုင်မှာ ဖြစ်ပါတယ်။

From: BBC

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်

Posted by drmyochit Sunday, December 15, 2013, under | No comments

သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။


ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။

တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။

“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။

ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။

အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။

ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။

အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။

နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။

ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။

နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။

တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။

သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)

စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။

“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။

နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။

ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။

From: The Voice Weekly

Saturday, December 14, 2013

ကင်ဂျုံအွန်၏ ဦးလေးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

Posted by drmyochit Saturday, December 14, 2013, under | No comments

(ဒီဇင်ဘာ ၁၃ ရက်တွင် ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ထုတ်ပြန်ပေးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဂျန်ဆောင်သက်အား တရားရုံးသို့ ခေါ်ဆောင်လာသည့် ဓာတ်ပုံ (Photo:AFP/YONHAP))

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးဦးလေး ဂျန်ဆောင်သက်သည် နိုင်ငံ့ခေါင်းဆောင် ကို ဖြုတ်ချအာဏာသိမ်းရန် ကြိုးပမ်းသော နိုင်ငံတော် သစ္စာဖောက်သူ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA)က ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။

အသက် ၆၇ နှစ်ရှိ ဂျန်ဆောင်သက်သည် ကင်ဂျုံအွန်၏ ညွှန်ကြားပြသသူ ဆရာတစ်ဦးဖြစ်ပြီး နံပါတ် ၂ ခေါင်းဆောင်အဖြစ် ကာလရှည်ကြာ ယူဆခံခဲ့ရာမှ ရာဇ၀တ်မှု ကျူးလွန်မှုနှင့် တန်ပြန်တော်လှန်ရေး အဖွဲ့ခွဲ တစ်ခုကို ထူထောင်မှုတို့အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ စင်ပြိုင်အာဏာ ထူထောင်မှု၊ လာဘ်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲကာ မိန်းမလိုက်စားမှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည့် ဂျန်သည် ယင်းပြစ်မှုများကို စစ်ခုံရုံးတွင် ၀န်ခံခဲ့ပြီးနောက် ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၂၀၁၁ ခုနှစ်ဒီဇင်ဘာတွင် ကွယ်လွန်မှုသည် ကင်ဂျုံအွန်အား စိန်ခေါ်ပြီး အာဏာရရှိမည့် အခွင့်အလမ်းတစ်ရပ် အဖြစ် ဂျန်က ရှုမြင်ခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

၎င်းကို ''နိုင်ငံရှိ လူတန်းစားအားလုံးကို သစ္စာဖောက်သူ''၊ ''ခွေးတစ်ကောင်ထက် ဆိုးရွားသောသူ'' နှင့် ''စက်ဆုပ်ဖွယ်ကောင်းသော လူဖျင်းလူသွမ်း ဆန်ကုန်မြေလေး'' ဟု အစိုးရက သတ်မှတ် ခေါ်ဝေါ်ခဲ့သည်။

နိုင်ငံအကြီးတန်း အရာရှိတစ်ဦး ဖြစ်သည့်အပြင် ဆွေမျိုးတော်စပ်သူ ဂျန်ကို ကင်၏ ယခုကဲ့သို့ လူသိရှင်ကြား ပုတ်ခတ်သရော်ခြင်းသည် ကင်၏အာဏာချုပ်ကိုင်မှု ခိုင်မာလာခြင်း သင်္ကေတတစ်ခု ဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက သုံးသပ်ခဲ့သည်။ ကင်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အာဏာချုပ်ကိုင်မှု အားကောင်းစေရန် ကြိုးပမ်းခဲ့ပြီး သြဇာနှင့် ခြိမ်းခြောက်မှု ကြီးမားလာသော ရင်ခွင်ပိုက် နိုင်ငံရေး ဦးဆောင်သူ ဂျန်ကို မလိုလားတော့ဟု တောင်ကိုရီးယားရှိ ဆီဂျောင်တက္ကသိုလ်မှ သုတေသီ ပက်ဟက်ဆွန်းက ပြောကြားခဲ့သည်။

ယင်းပုတ်ခတ်မှုများသည် အန္တရာယ်ရှိပြီး တည်ငြိမ်မှု မရှိခြင်း၏ လက္ခဏာများဟု လေ့လာသူ အချို့က ယူဆခဲ့သည်။ ဂျန်ကို ရာထူးမှ ထုတ်ပယ်ပြီး သေဒဏ်စီရင်ခဲ့ခြင်းက မြောက်ကိုရီးယားတွင် အရာရာသည် ပုံမှန်မဟုတ်သည်ကို ပြသနေခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံရေး လေ့လာသူအဖွဲ့မှ ဆန်းစစ်လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂျန်အား ကွပ်မျက်မှုသည် မြောက်ကိုရီးယား အစိုးရ၏ အစွန်းရောက်သော ရက်စက်ကြမ်းကြုတ်မှု ဥပမာတစ်ခု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီဟာ့ဖ်က ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် သြဂုတ်လနှောင်းပိုင်းက ရည်းစားဟောင်း အဆိုတော်တစ်ဦးနှင့် အခြား လူတစ်ဒါဇင်ခန့်ကို ကွပ်မျက်ရေး တပ်ဖွဲ့ဖြင့် ကွပ်မျက်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ Chosun Ilbo က ဖော်ပြခဲ့သည်။ ဟွန်ဆိုဝူးဆိုသူ အဆိုတော်နှင့် အူဟာဆူ သံစုံတီးဝိုင်း အဖွဲ့ဝင်များသည် သြဂုတ် ၁၇ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း တရုတ်ရှိ အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု ယင်းသတင်းစာက ဆိုသည်။

Ref:AFP
Eleven Media Group

Samsung Galaxy s3 မှာ no service or emergency call error ဖြေရှင်းနည်း

Posted by drmyochit Saturday, December 14, 2013, under | No comments


Samsung galaxy s3 မှာ
No service or Emergency Calls ဆိုတဲ့ error ဖြစ်တဲ့အခါ (firmware ကြောင့်လဲ မဟုတ် Hardware ကြောင့်လဲ့မဟုတ် လိုင်းကဒ်ကလဲမဟုတ်) အဲ့လိုကြုံခဲ့မယ်ဆို၇င် ဖြေ၇ှင်းနည်း
only Galaxy S3

အောက်ပါ apk ကိုဒေါင်းလိုက်ပါ်
ဖုန်းက root access ၇ှိ၇ပါ့မယ်
busybox install ထား၇ပါ့မယ်
Go to> setting> Security> check unknow sources လုပ်ပေး
ပြီး apk ကို install လုပ်ပါ

ပြီး၇င် အဲ့ဒီapk ကိုဖွင့်ပါ

V[0,5] patch ဆိုတာလေးကိုနှိပ်ပေးပါ ခဏစောင့်ပါ Reboot ကျသွားပြီးပြန်တက်လာ၇င်နက်ဝက်မိသွားပါလိမ်မယ်



    ဆော့ဝဲလ် အားရယူရန်

From: Myanmar Mobile App

Huawei G 610-U00 Safe Mode Error ကိုဖြေရှင်းနည်း

Posted by drmyochit Saturday, December 14, 2013, under | 1 comment



Huawei G 610-U00 Safe Mode Error ကို ကျွန်တော် ဖြည်နိုင်ခဲ့တဲ့ နည်းလမ်းလေးကို ပြောပြချင်လို့ပါဗျာ သိပြီးတဲ့အကိုတွေ ကျော်ဖတ်လိုက်ပါနော် …မသိသေးတဲ့ အကို ညီများအတွက်ပါ …ကိုယ်တွေ ဖြေရှင်းခဲ့တဲ့ နည်းလေးမို့လို့ တင်ပေးလိုက်တာပါဗျာ
၁ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ …..
ကျနော်စမ်းသပ်အောင်မြင် ပြီးဖြစ်တဲ့အတွက် သေခြာသလောက်ပါပဲဗျာ။

ပို့စ်ရေးသားသူ- ကိုလင်းသူရ (Myanmar Mobile Phone Hardware Solution)
From: Myanmar Mobile App

Viber မှပိုက်ဆံပေးဝယ်ရသော sticker တွေကို hack ယူနည်း

Posted by drmyochit Saturday, December 14, 2013, under | 1 comment


Viber မှပိုက်ဆံပေးဝယ်ရသော sticker များကို vpn unlimited apk နဲ့ freedom apk သုံးပြီး sticker များကိုယူရအောင်။ Root ရှိဖို့တော့လိုပါလိမ့်မယ်။
ပထမဆုံး- vpn လေးကို install လုပ်ပါ။
♣Vpn Unlimited Apk အားဒေါင်းယူရန်♣

http://www.mediafire.com/?b6gm92d70x572sp

ပြီးရင်ဖွင့်ပေးပါ။app ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေပါလိမ်မယ်။ချိတ်လို့ရသွားရင် noti မှာ icon ပုံလေးပေါ်လာရင်ချိတ်လို့ရသွားပါပြီ။ပြီးရင် setting >> app manager ထဲက playstore ကို force stop နဲ့ data clear လုပ်ပေးလိုက်ပါ။ပြီးရင်တော့ playstore ကိုပြန်ဖွင့်လိုက်ပါ။ access တောင်းရင် access လုပ်ပေးလိုက်ပါ။
ဒုတိယ-freedom လေးကို install လုပ်ပါ။
♣freedom apk အားဒေါင်းယူရန်♣

http://www.mediafire.com/?f66nfjdp25mjif8

root access တောင်းရင် access ပေးလိုက်ပါ။အကုန်ပြီးရင်တော့ viber ထဲဝင်ပြီး sticker downloaded ဆွဲလို့ရပါပြီ။ downloaded ဆွဲရင် box တခုကျလာပါလိမ်မယ် ok နှိပ်လိုက်ပါ။ပြီးရင်နောက် box တခုက buy ကိုနှိပ်ပါ။ပြီးရင်တော့ရင် downloaded ကိုနှိပ်ပီး downloaded လုပ်လို့ရပါပြီ။

အဆင်ပြေပါစေ။

credit to:ကိုဇော်သွင် နည်းပညာ

MPT Service v.1.1 APK (Offline Service) For Android Only

Posted by drmyochit Saturday, December 14, 2013, under | No comments


အခုတင်ပေးလိုက်တဲ့ Application လေးကတော့ MPT ရဲ့ Service ကိုအသုံးပြုနေတဲ့ Android User တိုင်းရှိ ထားသင့် တဲ့ Application လေးတစ်ခုဆိုလည်းမမှားပါဘူး။ ပြည်ပမှာနေထိုင်သူတွေအတွက်အသုံးမတည့် ပါဘူးနော်။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။

ဒီ App ကနေ
Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM Internet လျှောက်ထားနိုင်ခြင်း
GSM Internet Setting ချိန်နည်းပါရှိခြင်း
GSM Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM Call Forward Service လျှောက်ထားနိုင်ခြင်း
GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM Voice Mail လျှောက်ထားနိုင်ခြင်း
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။

App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။
Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။









Download Link


Credit to : Phyo Chan ( MMSD )

မလေးရှားက မြန်မာဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ

Posted by drmyochit Saturday, December 14, 2013, under | No comments

 မြန်မာအလုပ်သမား Mr. Khua Khun Thang ကို ဟိုတယ်အရာထမ်းက ဂုဏ်ပြုနေပုံ၊ ဓာတ်ပုံ- The New Paper

 တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင် ပြန်မပေးပဲ ယူထားလိုက်ကြမယ် ထင်ပါ တယ်။ ဒါပေမယ့် မလက္ကာက ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။

တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦး အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ စင်ကာပူ အမျိုး သမီးတဦးက ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။

အမည်မဖော်ပြထားတဲ့ စင်ကာပူ အမျိုးသမီးက မလေးရှား နိုင်ငံ Jalan Merdeka အရပ်က Hatten Hotel Malacca ဟိုတယ် မှာ စီးပွားရေး လုပ်ငန်း ကိစ္စနဲ့ ၃ ရက်တာ တည်းခိုသွားခဲ့တာပါ။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက သန့်ရှင်းရေး အလုပ်သမား Mr. Khua ဟာ ဟိုတယ်အခန်း အတွင်း သန့်ရှင်းရေး ဝင်လုပ်တဲ့အခါမှာ ကုလားထိုင်တလုံး အောက်က အဲဒီ တန်ဘိုးကြီး စိန် လက်စွပ် ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ သူက ဟိုတယ်က သူ့အထက်အရာရှိကနေတဆင့် စင်ကာပူအမျိုးသမီး နေထိုင်ခဲ့ပြီး ပြန်ထွက်သွားတဲ့ အခန်းက စိန် လက်စွပ်ကောက်ရတဲ့အကြောင်း အသိပေး အပ်နှံခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေရဲ့ ဂုဏ်ကို သူ့ရဲ့ ရိုးသားမှုနဲ့ အရောင်ပြောင် ထွန်းအောင် လုပ်ပြ လိုက်တာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါဟာ အမှန်အကန် မြန်မာ့ဂုဏ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။



အိမ့်သံစဉ် ~
ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်