Friday, January 24, 2014

အိန္ဒိယတွင် တရားမဝင် ကျေးရွာခုံရုံး အမိန့်ကြောင့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Posted by drmyochit Friday, January 24, 2014, under | No comments



အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ဖြစ်ပွားလေ့ရှိသော အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် လူမျိုးစု အကြီးအကဲများဖြင့် ဖွဲ့စည်း ထားသော တရားမဝင် ကျေးရွာခုံရုံး၏ အမိန့် ဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ဓားစာခံဖြစ်ခဲ့ရသော အမျိုးသမီးသည် ၎င်းနေထိုင်ရာရွာ အနီးရှိ အခြားကျေးရွာတစ်ရွာမှ မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက် မိသဖြင့် ကျေးရွာခုံရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ဆေးအပြီးတွင် ကျေးရွာ အကြီးအကဲဖြစ်သူက ၎င်းတို့ ချစ်သူ စုံတွဲကို ဓလေ့ထုံးတမ်း ချိုးဖောက်ပြီး ချစ်ကျွမ်းဝင်မှုဖြင့် ဒဏ်ငွေ ရူပီး ၂၅,၀၀၀ ချမှတ်ခဲ့ကြောင်း၊ ထိုဒဏ်ငွေကို အမျိုးသားဖြစ်သူက ပေးနိုင် သော်လည်း အမျိုးသမီး၏ မိသားစုဘက်က ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားသည်။

“သူ့ရဲ့ မိသားစုက ချမှတ်တဲ့ ဒဏ်ငွေကို မပေးနိုင်ဘူး။ ဒီတော့ အဲဒီမိန်းမနဲ့ သွားပျော်ပါးကြပေတော့” ဟု ကျေးရွာ အကြီးအကဲဖြစ်သူက ရွာသားများကို အမိန့်ပေးခဲ့ကြောင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး၏ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။

ထို့ပြင် အမျိုးသမီးနှင့် ပျော်ပါးရန် ရွာသားများကို အမိန့်ပေးခဲ့သော ကျေးရွာ အကြီးအကဲသည် အဆိုပါ အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး ဖြစ်သည်ဟု လည်း ရဲတပ်ဖွဲ့အကြီးအကဲ မစ္စတာဆက်ဒ် ဟာကာက ပြောကြားသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ တနင်္လာနေ့ ညကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိသားစုသည် ရဲစခန်းသို့ ဗုဒ္ဓဟူးနေ့ နေ့လယ်မှသာ လာရောက် တိုင်ကြားဝံ့ခဲ့ပြီး အမျိုးသမီးမှာလည်း ဗုဒ္ဓဟူးနေ့ညမှသာ ဆေးရုံ၌ စတင် ကုသမှု ခံယူခဲ့ရသည်။

လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့က ကျေးရွာ အကြီးအကဲ အပါအဝင် အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ပတ်သက်သူ ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှု တိုက်ဖျက်ရေး ဥပဒေများ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပြီး လူ့ အဖွဲ့ အစည်း အတွင်း ၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားမှုများ ရှိလာပြီ ဖြစ်သော်လည်း အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်နှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သကဲ့သို့ ကျူးလွန် ခံရသဖြင့် ရဲစခန်းတွင် သွားရောက် တိုင်ကြားလျှင်လည်း ၎င်းတို့၏ အမှုကို တက်တက် ကြွကြွ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသော ရဲအရာရှိများနှင့်လည်း ကြုံတွေ့နေရဆဲ ဖြစ်သည်။

The Voice Weekly

ဒူချီရာတန်း ပဋိပက္ခမှာ သေဆုံးသူ ၄၀ ထက်မနည်း ရှိတယ်လို့ ဆို

Posted by drmyochit Friday, January 24, 2014, under | No comments

ပဋိပက္ခ ဖြစ်ခဲ့တဲ့နေရာဒေသတွေကို လူမှု
ကူညီ ကယ် ဆယ်ရေး အဖွဲ့တွေ ဝင်ခွင့်ပြုဖို့
ကုလသမဂ္ဂက မြန်မာ အစိုး ရကို တောင်းဆို
ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဒူချီရာတန်း ရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ဒေသခံ ရွာသား တွေရဲ့ ပဋိပက္ခမှာ လူ ၄၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရတဲ့ ခိုင်မာတဲ့ သတင်းတွေရရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေးက ပြောလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအသေအပျောက်တွေ ရှိခဲ့တာကို စိုးရိမ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သင့်ကြောင်းလည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ Fortify Rights အဖွဲ့ကလည်း အဲဒီ ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အကြောင်း ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာခံတွေ ပြဿနာ ဖြစ်ခဲ့ရာက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အစိုးရဘက်ကတော့ ဒီလို သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတာကို အစောပိုင်း ကတည်းက အခိုင်အမာ ငြင်းဆို ထားပါတယ်။

အဲဒီ ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာသားတွေ ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တုန်းက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တာက လွဲလို့ လူအသေအပျောက် မရှိဘူးလို့ အစိုးရက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာသား ၁၆ ဦးကို ခေါ်ယူ စစ်ဆေး နေကြောင်းကိုလည်း အစိုးရ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ပါဝင် ခဲ့တဲ့ ရွာသားတွေဟာ ( Rohingya Solidarity Organization ) RSO အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက်မှုတွေ ရှိတယ်လို့လည်း အစိုးရဘက်က ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတဲ့ ရွာသား အယောက် ၈၀ လောက်ရှိတဲ့ အကြောင်း ဘီဘီစီကို စောစောပိုင်းက ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ကြာသပတေးနေ့က ကြေညာချက် တခု ထုတ်ပြန် ခဲ့ရာမှာ အဲဒီ အဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သွားဖို့ နဲ့ အဲဒီ ဒေသတွေကိုလည်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေကို ဝင်ရောက် ခွင့် ပြုဖို့ မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

From: BBC

အမေရိကန်တွင် မျှတသော တရားစီရင်မှုကို မမျှော်လင့်နိုင်ဟု စနိုးဒင်းစွပ်စွဲ

Posted by drmyochit Friday, January 24, 2014, under | No comments


Friday, January 24, 2014

အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အမေရိကန် ပြည်ထောင် စုက အသည်းအသန် အလိုရှိနေသော ပြည်ပြေး ထောက်လှမ်းရေး ဝန်ထမ်းဟောင်းက အင်တာနက် တွင် ၎င်း၏ အမြင်ကို ထုတ်ဖော် ရေးသားခဲ့ခြင်း ဖြစ်သည်။

မိမိအနေဖြင့် အမေရိကန် ပြည်ထောင်စုထံ ပြန်လည် သွားရောက်ခဲ့ပါက မျှတသည့် တရားစီရင်မှုကို လုံးဝ မျှော်လင့်နိုင် မည် မဟုတ်ဟု အက်ဒွပ်စနိုးဒင်းက စွပ်စွဲလိုက်သည်။ အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အချက် အလက် များကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက အသည်းအသန် အလို ရှိနေသော ပြည်ပြေး ထောက်လှမ်းရေး ဝန်ထမ်းဟောင်းက အင်တာနက်တွင် ၎င်း၏ အမြင်ကို ထုတ်ဖော် ရေးသား ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၌ ယာယီနိုင်ငံရေး ခိုလှုံခွင့် ရယူထား ရသည့် စနိုးဒင်းက မိမိ၏ ဇာတိနိုင်ငံသည် မိမိအမှုတွင် တရားမျှတသည့် စီရင်ဆုံးဖြတ်မှုမျိုးဖြင့် ကိုင်တွယ်လိမ့်မည်ဟု မယုံကြည်နိုင်ကြောင်း ဆိုသည်။

"တကယ်လို့ အမေရိကန်ကို ပြန်သွားမယ်ဆိုရင်တော့ အစိုးရအတွက်၊ ပြည်သူလူထုအတွက်၊ ကျွန်တော့် အတွက် အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လက်ရှိ ဥပဒေကြောင်းတွေ အရ အားနည်းညံ့ဖျင်းမှုတွေ ရှိနေပါတယ်။ ကျွန်တော့်လို အမျိုးသား လုံခြုံရေး ကန်ထရိုက် တာ တစ်ယောက်အတွက် ဥပဒေကြောင်းမှာ အကာအကွယ် ပေးနိုင်မှုတွေ မရှိပါဘူး"ဟု စနိုးဒင်း က မှတ်ချက်ပြုခဲ့သည်။

၎င်းက "ဒါဟာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ မျှတတဲ့ တရား စီရင် မှုမျိုး ကြုံတွေ့ဖို့ အခွင့်အရေး မရှိနိုင်လို့ပါပဲ။ ဒါကြောင့်လည်း ဇာတိနိုင်ငံ ပြန်လာပြီး ဂျူရီတွေရှေ့ မှာ ကျွန်တော့်အမှုကိစ္စကို မဖြေရှင်းနိုင်သေးတာ ဖြစ်ပါတယ်"ဟုလည်း မှတ်ချက်ပြု သွားခဲ့သည်။ အသက်(၃၀)အရွယ်ရှိ NSA အမှုထမ်းဟောင်းသည် အမေရိကန်သို့ ပြန်သွားပါက သူလျှိုမှုဖြင့် အပြင်းထန်ဆုံး စွဲချက်များကို ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

နိုင်ငံရေးအကျပ်အတည်းတွင် ထိုင်းတပ်မတော် ဝင်ရောက် စွက်ဖက်ရန် ပြင်ဆင်ထားဟု စစ်တပ်အကြီးအကဲ ပြောကြား

Posted by drmyochit Friday, January 24, 2014, under | No comments


Friday, January 24, 2014

ထိုင်းနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အကြမ်းဖက် မှုသို့ ပြောင်းလဲ ရောက်ရှိ လာပါက ဝင်ရောက် စွက်ဖက်နိုင်ရန် ထိုင်းတပ်မတော် အသင့်ပြင်ထားသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

“ပဋိပက္ခတွေကနေ အကြမ်းဖက်မှု၊ မဖြေရှင်းနိုင်မှုအထိ ရောက်သွားရင် စစ်တပ်က ဝင်ရောက် ဖြေရှင်းရ ပါလိမ့်မယ်။ နိုင်ငံကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုမှာပါ” ဟု ထိုင်းစစ်တပ်အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

အချို့သော အုပ်စုများမှာ အကြမ်းဖက် နည်းလမ်းများ၊ တရားမဝင် နည်းလမ်းများကို အသုံးပြုပြီး မတည်ငြိမ် မှုများ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေသော်လည်း ၎င်းတို့မှာ အောင်မြင်မှုရမည် မဟုတ်ဟု ဗိုလ်ချုပ် ကြီး က သတိပေးလိုက်သည်။

“အဲဒီလို လုပ်ဆောင်နေတာ ဘယ်သူတွေရှိတာ ကျွန်တော့်မှာ သတင်းအချက် အလက်တွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လုပ်ဆောင်တာရပ်ဖို့ ကျွန်တော် ထပ်သတိ ပေးချင်ပါတယ်။ ရဲတပ်ဖွဲ့က တရားဝင် အရေး ယူမှုတွေ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ သက်သေ အထောက်အထားတွေ စုဆောင်းနေ ပါတယ်” ဟု ထိုင်းတပ်မတော် အကြီးအကဲက ပြောကြားသည်။

အစိုးရ အရာရှိများကို ခြိမ်းခြောက ခြင်း၊ ရေဒီယို အသံလွှင့်ရုံများမှ တစ်ဆင့် အပြင်းအထန် ဝေဖန် ပြော ကြားခြင်း၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် လူထုကို လှုံ့ဆော်မှုတို့ကို အချို့က လုပ်ဆောင်နေပြီး ဥပဒေနှင့် မညီညွတ် သည့် လုပ်ဆောင်ချက်များကို အရေးယူသွားရန် ထိုင်းအစိုးရအဖွဲ့အပေါ် တပ်မတော်က တိုက်တွန်း ထားသည်။

ထို့အပြင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ထိုင်းစစ်သားများက နည်းလမ်းမျိုးစုံ အသုံးပြု ကာကွယ် နေကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသည်။

ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့တော်နှင့် အနီးအနားရှိ ပြည်နယ်များတွင် အရေးပေါ် အခြေ အနေ ချမှတ်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားခြင်းကြောင့် ယင်းကဲ့သို့သော လုပ်ဆောင် ချက်မျိုး လိုအပ်မှု ရှိ မရှိ မှတ်ချက်ပေး ပြောကြားရန် ထိုင်းတပ်မတော် အကြီးအကဲကို မေးမြန်း ခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ဆန္ဒပြသမားများအရေးကို ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်ပြီး ထိုင်း တပ်မတော်က နောက်တန်းမှ ကူညီထောက်ပံ့ပေးသည့် အခန်းကဏ္ဍတွင်သာ နေသွားမည်ဟု ဗိုလ်ချုပ်ကြီးက ပြောကြားသည်။

ထိုင်း အမှတ် (၁) တပ်မတော်မှာ ရဲတပ်ဖွဲ့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးကို အကူအညီပေး ရသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ဆေးရေး ဂိတ်ပေါင်း ၃၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းတပ်မတော် တပ်ခွဲပေါင်း ၄၀ ကျော် ပူးတွဲ တာဝန် ထမ်းဆောင်လျက် ရှိသည်။

ယင်းကဲ့သို့သော ထိုင်းစစ်သားများ တပ်ဖြန့်ထားခြင်းမှာ မည်သည့်ဘက်ကမျှ ပါဝင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ပြည်သူများ လုံခြုံရေးအတွက် တပ်ချထားခြင်း ဖြစ်ကြောင်း ထိုင်းတပ်မတော်က ပြောကြားသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများကြား အကြမ်းဖက်မှုများ ဖြစ်ပွား မလာစေရန် စစ်သားများကို နေရာတိုင်းတွင် တပ်ဖြန့်ချထားရန် ထိုင်းအစိုးရ ငြိမ်ချမ်းမှု ထိန်းသိမ်းရေး စင်တာကို တပ်မတော်က အဆိုပြု ထားကြောင်း ဗိုလ်ချုပ်ကြီးပရာရုချအိုရှ က ပြောကြားသည်။

The Voice Weekly

ဂျပန်နိုင်ငံသို့ တင်ပို့သည့် အစာသွပ်မုန့် များထဲသို့ ပိုးသတ်ဆေး ထည့်သွင်းခဲ့သူ တရုတ်နိုင်ငံသားအား ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်

Posted by drmyochit Friday, January 24, 2014, under | No comments


Friday, January 24, 2014

ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့သည့် အစာသွပ် မုန့်ခြောက်များထဲသို့ ပိုးသတ်ဆေးများ ကို ထိုးသွင်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ် အတွင်းက ဝန်ခံခဲ့သူ ဟူဘေး အခြေစိုက် စက်ရုံလုပ်သား တစ်ဦးဖြစ်သူ Lu Yuetingကို ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု တရုတ်နှင့် ဂျပန် မီဒီယာများက ပြောသည်။

ယင်း၏ လုပ်ရပ်ကြောင့် အစာသွပ်မုန့်ကို စားမိသူ ဂျပန်နိုင်ငံသား (၁ဝ)ဦး ဖျားနာခဲ့ကြရပြီး အသက်(၅)နှစ် အရွယ် မိန်းကလေးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ ဆက်ဆံရေး Lu Yueting သည် Tianyang အစားအစာ ကုမ္ပဏီတွင် (၁၉၉၃ မှ ၂ဝဝ၉) ခုနှစ်အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး လုပ်ခ လစာ နည်းပါးမှု၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေမှုတို့ကြောင့် အာနိသင် ပြင်းသည့် ပိုးသတ်ဆေး များကို အစာသွပ် မုန့်ခြောက်များထဲသို့ ဆေးထိုးအပ်ဖြင့် ထိုးသွင်းခဲ့သူဟု စွပ်စွဲခံထားရ သူ ဖြစ်သည်။

Lu Yueting ကို ၂ဝ၁ဝ ခုနှစ် တွင် ဖမ်းဆီးမိခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ် သည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနေရာ အများစု ပါဝင်သည့် နယ်နိမိတ်ကို တရုတ်နိုင်ငံမှ လေကြောင်း ကာကွယ်ရေး ဇုန် အဖြစ် သတ်မှတ်မှု၊ စစ်ရာဇ ဝတ်ကောင်များကို ထည့်သွင်း မြှုပ်နှံထားသည့် ယာဆူကူနီ ဂူဗိမာန် သို့ ဒီဇင်ဘာလ အတွင်းက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရဝပြုမှု တို့ကြောင့် တ ရုတ်နှင့် ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေး တင်းမာလျက် ရှိသည်။

Ref : BBC
Popular Myanmar News Journal

တောင်ဆူဒန်မှာ အပစ်ရပ်ရေး သဘောတူ

Posted by drmyochit Friday, January 24, 2014, under | No comments

အစိုးရနဲ့ သူပုန်တွေအကြား ပဋိပက္ခတွေ
အတွင်း သေဆုံးသူပေါင်း ထောင်နဲ့ချီ ရှိခဲ့

တောင်ပိုင်းဆူဒန် နိုင်ငံမှာ အစိုးရနဲ့ သူပုန်တွေ အကြား အပစ်ရပ်ရေး သဘောတူချက် တရပ်ကို အီသီ ယိုပီးယား မြို့တော် Addis Ababa မှာ လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ပါတယ်။

အဲဒီ သဘောတူချက်အရ သူပုန်တွေရဲ့ အဓိက တောင်းဆိုချက်တခု ဖြစ်တဲ့ အထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်တွေ ပြန်လွှတ်ပေးမယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။

အဲဒီ သဘောတူချက်ထဲမှာ အပစ်အခတ်ရပ်စဲမှုကို လေ့လာ စောင့်ကြည့်ရေးနဲ့ အတည်ပြုရေးတွေအတွက် လုပ်ထုံးလုပ်နည်း တခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

သူပုန်တွေဘက်က စေ့စပ် ညှိနှိုင်းရေးမှူး အကြီးအကဲက ဒီအပစ်ရပ်ရေး သဘောတူချက်ကနေ ငြိမ်းချမ်းရေး အပြည့်အဝ ရစေမယ့် အခြေအနေတရပ်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြောပါတယ်။

သမ္မတာ ဆယ်လ်ဗာ ကီယာနဲ့ သူ့ပြိုင်ဘက် ရိယက်ခ် မာချား တို့ကို ထောက်ခံသူတွေအကြား တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ လကစလို့ တောင်ပိုင်းဆူဒန်မှာ လူထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

From: BBC Burmese

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Friday, January 24, 2014, under | No comments


နေပြည်တော် ဇန်နဝါရီ  ၂၄

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်၌ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများနှင့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများက အတည်မပြုနိုင်သော သတင်းများကို အခြေခံချက်လွဲမှားစွာ ကောက်ချက်ချပြီး သတင်းများ ထုတ်ပြန်နေသည်ကို တွေ့ရှိရ ပါသည်။ ဤသတင်းမှားများ၊ စွပ်စွဲပြောဆို ချက်များသည် ရခိုင်ပြည်နယ်ရှိ လူ့ အသိုက် အဝန်းနှစ်ခု အကြား အထင်အမြင် လွဲမှားစေရန် ပုံကြီးချဲ့ ဖန်တီးပြောကြား လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယင်းသတင်းမှားများ၊ စွပ်စွဲပြောဆိုချက်များမှာ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများအား စုံစမ်းမေးမြန်းခြင်း၊ အတည်ပြုချက် ရယူခြင်းများမရှိပဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤဖြစ် စဉ်နှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် (၅) ဦးပါသည့် ရဲလှည့်ကင်းအဖွဲ့သည် ပုံမှန်လှည့် ကင်းတာဝန် ထမ်းဆောင်စဉ် မောင်တော်မြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင် ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကိုခံခံရသဖြင့် လူစုခွဲ ရှောင်ပေး ခဲ့သည်။ ယင်းသို့ လူစုခွဲတိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက်နက် နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက်ရှိပါသည်။ နယ်မြေခံရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံးကျန်ရစ်ခဲ့သူအား ပြန်လည်ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ရာတွင် တုတ်၊ ဓါးကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စုအင်အား (၅၀၀) ကျော်၏ ဝိုင်းဝန်းရန်မူမှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့်အတွက် မိမိဘက်မှ သေနတ် (၈) ချက်ဖောက်၍ သတိပေးခဲ့သည်။ ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဖက် ပြည်သူတစ်စုံတစ်ဦး တစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိခဲ့ပါ။

တာဝန်ထမ်းဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီးအား နောက်ပိုင်းရက်များတွင် ဆက်လက်ရှာဖွေ ခဲ့သော်လည်း သွေးစွန်နေသည့် ယူနီဖောင်း၊ ခါးပတ်၊ ဖိနပ် စသည့် သဲလွန်စအချို့တို့ကိုသာ တွေ့ရှိခဲ့ပါသည်။ တာဝန် ရှိသူများအနေဖြင့် မောင်တောမြို့၌ အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်များ၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများအားတွေ့ဆုံပြီး ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခဲ့ခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသအာဏာပိုင်များ၊ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ UNHCR၊ OCHA ဌာနေကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ဒုချီးရားတန်းရွာမှ ရွာသူရွာသားများကို လည်းကောင်း၊ သတင်းဖော်ထုတ်ရန် စစ်ဆေးမှုကိုစိုးရိမ်၍ တိမ်းရှောင် လာသူများကိုလည်းကောင်း တွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့ပါသည်။ ဖြေကြားချက်များအရ ယခင်ရက်များအတွင်း ဖြစ်စဉ်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တွေ့ရှိရသလို ပျောက်ဆုံးနေသူနှင့် ၎င်း၏လက်နက်အားလည်း မတွေ့ခဲ့ပါ။

လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား အကွက်ကျကျ ကြိုတင်စီစဉ်ဖန်တီးကာ တိုက်ခိုက်ခဲ့သည့် ဤသို့သော အကြမ်းဖက်လုပ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူများတွင် ရိုဟင်ဂျာညီညွတ်ရေး အဖွဲ့ဟုခေါ်သော အဖွဲ့၌ လက်နတ်ကိုင်ဆောင်မှုဆိုင်ရာသင်တန်း တက်ခဲ့သူများ ပါဝင်ကြောင်း သိရပြီး ယင်းတို့ကို ဖော်ထုတ်လျက် တရားဥပဒေအရ စီရင်နိုင်ရန် တည်ဆဲဥပဒေ ဘောင်များအတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဒေသအာဏာပိုင်များသည် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့်ပြန်လည် သင့်မြတ်ရေး တို့အတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေသည့် သိမ်မွေ့သောကာလတွင် ဘက်လိုက်မှုမရှိ သော၊ အပြုသဘောဆောင်သော၊ ရည်ရွယ်ချက်ကောင်းမွန်သော ဆောင်ရွက်ချက်များကသာ မြန်မာပြည်သူ များကို ကူညီရာရောက်မည် ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာသတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်စုံစမ်းအတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ရာ ရောက်မည ဖြစ်ပါသည်။ မြန်မာနိုင်ငံအခြေစိုက် သံတမန်များ အနေဖြင့်လည်း ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယက်နာကွန်ဗင်းရှင်းနှင့်အညီ သံတမန်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း ဖော်ပြပါအပ်ပါသည်။



Ministry of Foreign Affairs Press Release

Nay  Pyi Taw 24 Jan

It is learnt that foreign media and some international agencies are issuing Press Releases base on unjustified conclusions drawing from unverified information in relation to the incidents which took place on 13 January 2014 in  Dcheeatan (Middle) village, Maungtaw Township. Such misinformation and unjustified conclusions amount to exaggeration and distorting the situation eventually leading to misunderstanding between the tow communities in Rakhine State. It is also confirmed that those Press Releases were issued without any attempt to inquire or verify the information with responsible government officials. The truth about the situation of the incident is as follows:

During the routine patrol duty in Ducheertan (Middle) village in the vicinity on the night of 13 January 2014, a five-member police patrol team was surrounded and threatened by over on hundred Bengali mob wielding sticks and knives. As the mob advance with visible threat, the patrol team had to leave the vicinity. During the withdrawal, the leader of the police patrol team was lost in the mob. Remobilized police and security forces revisited the same vicinity in search of the lost Police Sergeant. They were again threatened by over 500 Ben gali mob armed with sticks and knives. In order to deter from being physically attached, eight warning shots were fired. However, there were no civilian injuries or causalities.

In search of the missing Police Sergeant in the following days, only clues such as blood-stained uniform, belt, and a pair of boot were discovered. The Chief Minister of Rakhine State, local authorizes, police and security personnel, religious leaders, Rakhine State Hluttaw (Parliament) Representatives, resident representatives from UNHCR and OCHA together made a tour to the area including Ducheertan Village and met with the villagers.

A planned and pre-determined violent attack on the security personnel in the line of duty is an offence punishable by law. The attackers include those who took part in the arms training courses run by so-called Rohingya Solidarity Organization-RSO.  Law enforcement agencies will continue their efforts to expose and bring them to justice within the existing framework of law.

The Union Government of the Republic of the Union of Myanmar and the local authorities are taking every step to ensure security, rule of law, justice, humanitarian access, and reconciliation in Rakhine State. At this critical juncture of political, socio-economic and administrative reform  process in Myanmar, will only unbiased, constructive and well-objective activities be helpful to the people of Myanmar.

The international media and international agencies should release only information which is verified with  responsible officials of the government. Failing to do so, releasing unverified information would tantamount to interfering internal affairs of  the host country. Resident Diplomatic Missions are also required to faithfully observe fundamental diplomatic practices in line with the 1961 Vienna Convention on Diplomatic relations.

Ministry of Foreign Affairs
Nay Pyi Taw

From: ပြန်ကြားရေးဝန်ကြီးဌာန
          Ministry of Information

ယူနိုက်တက်၏ ရလဒ်ယိမ်းယိုင်မှုကြောင့် ရဲတပ်ဖွဲ့ပါ မဆီမဆိုင် အလုပ်များ

Posted by drmyochit Friday, January 24, 2014, under | No comments

ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။

မန်ချက်စတာ ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် စပ်လျဉ်းပြီး ပရိသတ်၏ ဒေါသပေါက်ကွဲမှုက ဗြိတိန် ရဲတပ်ဖွဲ့ကိုပါ အလုပ်ရှုပ်စရာ အခြေအနေမျိုး ဖြစ်သွားစေခဲ့သည်။ ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၇) နေရာထိ စိုက်ဆင်းလျှက် ရှိနေသောကြောင့် ပရိသတ်များအတွက် စိတ်မရှည်စရာ ဖြစ်နေသည်။ 

ဆန်းဒါးလန်းနှင့် ပွဲစဉ်အပြီးတွင်မူ အရက်မူးပြီး ဒေါသထွက်နေသော ပရိသတ် တစ်ဦးက ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ် 999ထံ ဖုန်းဆက်ကာ မိုယက်စ်၏ အသင်းရလဒ် ညံ့ဖျင်းမှုကို ယခင်မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံ အသိပေး အကြောင်းကြားပေးပါရန် တောင်းဆိုခဲ့သည်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဖြစ်ရပ်ကြောင့် 999 နံပါတ်သည် အမှန်တကယ် အရေးပေါ် အခြေအနေများအတွက်သာ အသုံးပြုသင့်ကြောင်း ပြည်သူလူထုကို ထပ်မံ၍ သတိပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ရသည်။ "ညဘက်ကြီးမှာ မန်ချက်စတာမြောက်ပိုင်း၊ ခရမ့်ပ်ဆဲလ်က လူတစ်ယောက်ဟာ အရက်မူးနေပုံမျိုးနဲ့ ဖုန်းဆက်တယ်။ သူက ဆန်းဒါးလန်းနဲ့ပွဲ ရလဒ်ကို ဆာအဲလက်စ်သိအောင် ပြောပေးပါဆိုပြီး ကျွန်တော်တို့ကို ပြောခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

မန်ချက်စတာ ရဲတပ်ဖွဲ့က "ကိုယ်အားပေးတဲ့ ဘောလုံးအသင်း ရှုံးနိမ့်တာဟာ ဝမ်းနည်း စိတ်ထိခိုက်စရာမှန်း နားလည်ပါတယ်။ ဒါပေမဲ့ 999 ဖုန်းနံပါတ်ဟာ အရေးပေါ် ကိစ္စတွေအတွက်ပဲ ဖြစ်တယ်ဆိုတာကို သတိရစေချင်ပါတယ်။ တခြား စုံစမ်းစရာ ကိစ္စတွေရှိရင် ရဲတပ်ဖွဲ့ရဲ့ 101 နံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်"ဟု ကြေညာခဲ့သည်။ ထို့အပြင် ဖာဂူဆန်ကို စကားပြောလိုပါက ဘောလုံးအသင်းကို တိုက်ရိုက်ဆက်သွယ်ခြင်းကသာ ဖြစ်နိုင်ခြေ အများဆုံး နည်းလမ်းဟုလည်း ရဲတပ်ဖွဲ့က ပရိသတ်များထံ အကြံပြုသွားခဲ့သည်။ ဖာဂူဆန်သည် မန်နေဂျာ ရာထူးမှ အနားယူပြီးနောက် လက်ရှိတွင် အသင်း၌ ဒါရိုက်တာ တစ်ဦးအဖြစ် တာဝန်ယူထားသည်။

From: Planet Myanmar Network

တမင်ရည်ရွယ်၍ အနားယူနေခဲ့ခြင်း မဟုတ်ဟု ခရစ္စတန်စတီးဝပ်ဝန်ခံ

Posted by drmyochit Friday, January 24, 2014, under | No comments


Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်းများနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ခရစ္စတန် စတီးဝပ်က သူမအနေဖြင့် (၂၀၁၃)ခုနှစ် အတွင်းက ရုပ်ရှင်လောကမှ လုံးဝဥဿုံ အနားယူနေ ရန် အစီအစဉ် မရှိခဲ့ဟု ဝန်ခံပြောကြားခဲ့သည်။ Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်း များနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခရစ္စတန်သည် (၂၀၀၆)ခုနှစ် အတွင်းက ဟောလီးဝုဒ်၌ စတင်လူ သိများ လာပြီး ထို့နောက်ပိုင်းတွင် ဆက်တိုက် ရုပ်ရှင်များ ရိုက်ကူးကာ အလုပ်အလွန် ကြိုးစားသည့် မင်းသမီး တစ်လက် အဖြစ် နာမည်ကောင်း ရခဲ့သည်။ သို့သော်လည်း (၂၀၁၃)ခုနှစ်တွင်မူ သူမအနေဖြင့် ကား ရိုက်ကြဲ သွားခဲ့ပြီး ယင်းသည် အလုပ်များလွန်းသည့် အခြေအနေများကြောင့် သီးခြား အချိန်ပေး အနားယူခြင်းဟု ပရိသတ်များက ယူဆခဲ့ကြသည်။

သို့သော်လည်း ခရစ္စတန်က ယင်းအချက်ကို ပယ်ချသွားခဲ့သည်။ သူမက (၂၀၁၃)ခုနှစ်တွင် ပါဝင် သရုပ်ဆောင် သည့် ဇာတ်ကား လုံးဝ မရှိခြင်းနှင့် ပတ်သက်ပြီး "ကျွန်မအနေနဲ့ အနားယူဖို့အတွက် အချိန် အကြာကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က အခြေအနေကတော့ ကြိုတင်စီစဉ်ထားတာ လုံးဝ မဟုတ်ပါ ဘူး။ ကျွန်မက အလုပ်ကို အစွဲအလမ်း ကြီးတဲ့သူပါ။ ကျွန်မအနေနဲ့ အနားယူနေခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ တကယ် လို့ ကျွန်မအတွက် သင့်တော်တဲ့ ဇာတ်ကားတစ်ခု ဖြစ်မယ်ဆိုရင် ခရစ္စမတ်မှာလည်း ကျွန်မ အလုပ်လုပ်နေမှာပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး"ဟု ရှင်းပြခဲ့သည်။
ခရစ္စတန်က "အခြေအနေက ရှင်းပါတယ်။ မနှစ်က ကျွန်မ ဇာတ်ကားတွေ မရိုက်ခဲ့ဘူး ဆိုတာက ကိုယ့်အတွက် သင့်တော်တဲ့ ဇာတ်ရုပ်မျိုး ရှာမတွေ့လို့ပါပဲ"ဟုလည်း ဆိုသည်။ အသက်(၂၃)နှစ်ရှိ ခရစ္စတန်သည် လတ်တလောတွင် Camp X-Ray ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်နေပြီး ဇာတ်ရုပ်ပိုင်နိုင်စေရန်အတွက် အမေရိကန် မရိန်းစစ်သည်များ၏ အကူအညီဖြင့် လေ့ကျင့်လျှက်ရှိကြောင်းလည်း သိရသည်။

From : Planet Myanmar Network

Smart ပြက္ခဒိန်ပါ အလန်းစား မော်ဒယ်လ်များက ဒီလိုဆိုတယ်

Posted by drmyochit Friday, January 24, 2014, under | No comments

Smart Group Of Companies ရဲ့ ၂၀၁၄ ခုနှစ်ထုတ် ပြက္ခဒိန်မှာ သရုပ်ဆောင်ထားတဲ့ မော်ဒယ်လ်တွေရဲ့ ပွင့်လင်းမြင်သာမှု တွေဟာ အခုလက်ရှိ facebook ပေါ်မှာ ခေတ်အစားဆုံးလို့ ဆိုရမှာပါ။ ရေကူးဝတ်စုံနဲ့ အလန်းစား ပြက္ခဒိန်စာရွက်ပုံတွေကို ဓာတ်ပုံရိုက်ပြီး facebook ပေါ် တင်ကြတာ၊ ရှယ်ကြတာတွေနဲ့ facebook ကိုကိုကာလသားတွေ အလုပ်များနေကြသလို၊ တချို့ကလည်း ဒီပုံတွေကို ကြည့်ပြီး ထုံးစံအတိုင်း ဝေဖန်လေကန်မှု တွေလည်း ရှိနေပါတယ်။
Smart ပြက္ခဒိန်ပါ မော်ဒယ်လ် နန်းသီရိမောင်
ဒီပြက္ခဒိန်မှာ သရုပ်ဆောင် ပါဝင်ကြသူတွေကတော့ ခင်ရူပ၊ M ဆိုင်းလူ၊ ပက်ထရစ်ရှာ၊ သဉ္ဇာနွယ်ဝင်း၊ နန်းသီရိမောင်၊ နွယ်ဒါလီထွန်း၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ မေဆူးမောင်၊ အေးချမ်းမိုး၊ ဂျွန်မိုမိုကို၊ ပိုးအိဖြူဇင်နဲ့ ယိုးဒယား အမျိုးသမီး မော်ဒယ်လ် တဦးတို့ ဖြစ်ပါတယ်။

ဒီလိုရိုက်ချက် အလန်းများ ရိုက်ကူးခံရတဲ့ ခံစားချက်များနဲ့ လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပါဝင်တဲ့ မော်ဒယ်လ် သရုပ်ဆောင် တချို့ကို ဧရာဝတီက မေးမြန်းခဲ့ပါတယ်။

မော်ဒယ်လ်သရုပ်ဆောင် ခင်ရူပက သူ့အနေနဲ့ နှစ်တိုင်း ရိုက်ဖြစ်တဲ့အတွက် အခုနှစ်မှာလည်း ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း Smart က ဦးကျော်ကျော်လှိုင် နဲ့လည်း ခင်နေတာကြောင့် အခုလို ရိုက်ဖြစ်တာဖြစ်ကြောင်း ဟြေပါတယ်။
Smart ပြက္ခဒိန်ပါ မော်ဒယ်လ် ပက်ထရစ်ရှာ
“ဓာတ်ပုံရိုက်ရာမှာ ၀တ်တဲ့ အ၀တ်အစားပုံစံကို ပြောထားတဲ့အတွက် ကိုယ်တိုင်ပဲစီစဉ်ပြီး အသားရောင် ဘရာနဲ့ အပေါ်ကရှပ်အင်္ကျီ အသားရောင်ကို ခါးမှာစည်းပြီး ကြယ်သီးဖွင့်ပြီးတော့ ရိုက်ခဲ့တာ။ ညီမတောင် တကိုယ်လုံး ရေစိုခဲ့တယ်၊အသားကပ်ပုံစံ ဘောင်းဘီအတိုနဲ့ ရေထဲမှာ ရိုက်ခဲ့တာပါ။ ကျိုက်ထိုမြို့နားက ရေတံခွန်တခုမှာ ရိုက်ခဲ့တာ။အဲဒီလို ရိုက်ရတာ တော်တော်တော့ မိုက်တယ်၊ လွတ်လပ်တယ်၊ ချုပ်တီးရတာမျိုး မရှိဘူး၊ လုံးဝ Sexy ဖြစ်တဲ့ ပုံစံမျိုးပဲ။ ပါတဲ့ မော်ဒယ်လ်တိုင်းက ချုပ်တီးရတာမျိုး မရှိဘဲ Freedom ဖြစ်တယ်။ သူများ ဟြေဆိုဝေဖန်လာမှာကို စဉ်းစားထားလား ဆိုတော့ ဒါကတော့ ဓာတ်ပုံတပုံ ရိုက်တဲ့အခါမှာ မြန်မာဝတ်စုံနဲ့တောင်မှ လှတယ်၊ မလှဘူး ဝေဖန်မှုဆိုတာ ရှိတာပဲလေ၊ ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဝေဖန်မှုကတော့ ရှိမှာပဲပေါ့။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ကိုယ်က အနုပညာ အနေနဲ့လုပ်တော့ အနုပညာ အနေနဲ့ပဲ သတ်မှတ်ပေးကြပါ၊ ဆုံးဖြတ်ပေးကြပါလို့ပဲ ညီမကတော့ အကြံပြုချင်ပါတယ်။ ဒီလိုရိုက်တဲ့အတွက် ညီမတို့ကို အနုပညာကြေးလည်း ပေးပါတယ်။ အခုလို ရိုက်ဖြစ်တာကလည်း ကိုယ်တယောက်တည်း ချွန်ထွက်ပြီး လုပ်တာ မဟုတ်ဘဲ၊ အများနဲ့ သွားရတာဖြစ်တော့ ကိုယ့် Image မထိမယ့်ဟာမျိုး ဆိုရင်တော့ ရိုက်ရင် ရိုက်ဖြစ်မယ်ပေါ့နော်၊ သီးသန့်ကြီး ကိုယ်တယောက်တည်း ဆိုရင်တော့ ရှောင်သင့်တယ် ဆိုရင် ရှောင်ရမှာပေါ့။ လုပ်ရမယ့် အလုပ်အပေါ်မှာ မူတည်ပြီး ကိုယ်လုပ်သင့်၊ မလုပ်သင့် စဉ်းစားပြီး အလုပ်တခုကို လက်ခံတာပဲ ကောင်းပါတယ်” လို့ သူ့အယူအဆကို ဟြေပါတယ်။

Smart ပြက္ခဒိန်ရဲ့ စာမျက်နှာတိုင်းမှာ မော်ဒယ်လ် တွေရဲ့ အလန်းစား ဓာတ်ပုံတွေအပြင် ဆောင်ပုဒ်လိုလို၊ အဓိပ္ပာယ် ဖွင့်ဆိုချက်လိုလို စာတန်းတတန်းစီလည်း ပါရှိပါတယ်။
Smart ပြက္ခဒိန်ပါ မော်ဒယ်လ် ခင်ရူပ

“နားထောင်တဲ့အခါ စကားလုံးတွေရဲ့ နောက်က အဓိပ္ပာယ်တွေနဲ့ ခံစားချက်တွေကိုပါ သိဖို့လိုပါတယ်” လို့ ခင်ရူပရဲ့ ဓာတ်ပုံမှာ ရေးထားတာ တွေ့ရပါတယ်။

ဆက်လက်ပြီး ခင်ရူပက “ပထမတော့ ညီမလည်း ရှက်ပါတယ်။ ဓာတ်ပုံဆရာကလည်း ကိုယ်အလှဆုံး ဖြစ်အောင် ကြိုးစား ပြီးတော့ သူလည်း အပင်ပန်းခံ ရိုက်ပေးရတာလေ။ ဓာတ်ပုံဆရာနဲ့ညှိပြီး လုပ်ခဲ့ပါတယ်၊ ဓာတ်ပုံ ဆရာကို ရှက်တာတော့ မရှိပါဘူး။ အကောင်းဆုံး ဖြစ်အောင် အနုပညာကို အနုပညာစိတ်နဲ့ပဲ လုပ်လိုက်တော့ ရှက်တာတွေတောင် ဘယ်ရောက် သွားမှန်း မသိတော့ပါဘူး” လို့ ဧရာဝတီကို ဟြေပါတယ်။

မော်ဒယ်လ် သရုပ်ဆောင် ပက်ထရစ်ရှာကလည်း အခုလို ဓာတ်ပုံမျိုး ရိုက်ရာမှာ သူတယောက်တည်း မဟုတ်ဘဲ မော်ဒယ်လ် အများစု ပါဝင်တာကြောင့် ရိုက်ဖြစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီလိုရေကူးဝတ်စုံနဲ့ ရိုက်ခဲ့တာက သူ့ဘ၀မှာ
ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

“ညီမက Commercial ကြော်ငြာအနေနဲ့ရိုက်ခဲ့တာပါ။ ဒီလိုရိုက်ခဲ့တာကလည်း ပထမဦးဆုံးအနေနဲ့ အလုပ်သဘောအရ ရိုက်ခဲ့တဲ့သဘောပါပဲ။ ဘာခံစားမှုမှ မရှိပါဘူး၊ ကိုယ်တယောက်ထဲလည်း မဟုတ်ဘဲ မော်ဒယ်လ် တော်တော်များများ ပါလို့ ရိုက်ဖြစ်ခဲ့တာပါ” လို့ ဧရာဝတီကို ဟြေပါတယ်။

ဒီပြက္ခဒိန်မှာ ပက်ထရစ်ရှာက Two Piece ပန်းရောင် ဝမ်းဆက်နဲ့ ဆံရှည်တွေကို ဖားလျားချပြီး ရေပိုက်နဲ့ ဖျန်းပက်နေဟန် သရုပ်ဆောင် ထားပါတယ်။ သူ့ဘေးမှာတော့ ဆင်ကြီးတကောင်ရဲ့ ဦးခေါင်းပုံကို တွေ့ရပါတယ်။ လူရိုင်းမလေး တယောက် တောထဲက ဆင်ကြီးနဲ့အတူ ခေတ်ပုံစံ ရေကစားနေတဲ့ ဟန်ပါ။

“လျှို့ဝှက်ချက်ကု ထုတ်ဖော်ပြောဆို လိုက်တယ်ဆိုတာ ဒီလူကို မိမိဘဝထဲ ဆွဲသွင်းလိုက်တာနဲ့ အတူတူပါပဲ” ဆိုတဲ့ စာတန်းကတော့ ပက်ထရစ်ရှာရဲ့ ဓာတ်ပုံနဲ့ တွဲဖက် ဖော်ပြထားပါတယ်။

မော်ဒယ်လ် နန်းသီရိမောင်ကတော့ ဒီလို ရေကူးဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်ခဲ့တာက သူ့ရဲ့ အနုပညာတခုကို ချပြ လုပ်ဆောင် ခဲ့တဲ့ သဘောပါပဲလို့ ဆိုပါတယ်။

“ညီမ ၂၀၀၇ မှာ မော်ဒယ်လ် သင်တန်းတက်ရင်းနဲ့ ဓာတ်ပုံတွေဘာတွေ စမ်းရိုက်ကြည့်တယ်။ မဂ္ဂဇင်းကာဗာတွေ ရိုက်ရင်းနဲ့ လုပ်ဖြစ်ခဲ့တာပါ။ Smart ကုမ္ပဏီက ကမ်းလှမ်းတာကြောင့် ရိုက်ဖြစ်ခဲ့တာပါ။ ပက်ထရစ်ရှာတို့လည်း ပါတယ်၊ ညီမ သူငယ်ချင်း တွေလည်း အများကြီး ပါတယ်ဆိုတော့ ရိုက်ဖြစ်ခဲ့တာပါ” လို့ သူက ဧရာဝတီကို ဟြေပါတယ်။

နန်းသီရိမောင်ရဲ့ ပုံကိုတော့ သြဂုတ်လ သရုပ်ဖော်ပုံ အဖြစ် တွေ့ရမှာ ဖြစ်ပြီး Two Piece အနက်ဝမ်းဆက်နဲ့ ပက်လက် အနေအထား ရိုက်ကူးထား ပါတယ်။

“ညီမ အလုပ်တခုကိုဘယ်လို ကောင်းကောင်း လုပ်ရမလဲဆိုတာပဲ တွေးပါတယ်။ ဘယ်လို အကောင်းဆုံး ဖြစ်အောင်
လုပ်ပေးရမလဲပဲ စဉ်းစားပါတယ်။ သူတို့ဘက်က သူတို့ လိုချင်တဲ့ပုံစံရယ်၊ သူတို့လိုချင်တဲ့ ပို့စ်ရယ် မော်ဒယ်လ် အကုန်လုံးကို ဟြေပြပါတယ်။ ရိုက်နေတဲ့ အချိန်မှာလည်း အလုပ်တခုကို ဘယ်လို အကောင်းဆုံး လုပ်မလဲဆိုတဲ့ စိတ်မျိုးပဲ ရှိပါတယ်။ အနုပညာ တခုကို ချပြတဲ့ ပုံစံပါပဲလို့ ဟြေပါတယ်။ အလုပ်တခု လုပ်တဲ့အခါ ဝေဖန်မှုဆိုတာ ကောင်းကောင်းဆိုးဆိုး ရှိကြတာပါပဲ၊ အဲဒါ နဂိုကတည်း ကပါ။ ညီမ ဒီလို ဓာတ်ပုံရိုက်မှ မဟုတ်ပါဘူး၊ ညီမ အနုပညာ စလုပ်ကတည်းကပါ။ အဲဒါကိုလည်း ကြိုပြီး တွေးထားပါတယ်ရှင့်။ ညီမ အလုပ်တခုကို အကောင်းဆုံး လုပ်သွားမယ်လို့ပဲ စိတ်ကူးထဲမှာ ရှိပါတယ်” လို့ နန်းသီရိမောင်က ဟြေပါတယ်။

နန်းသီရိမောင်ဆိုတာ အရမ်းဟော့ရှော့ဖြစ်တဲ့ မော်ဒယ်လ် တယောက်လို့ လူပြောများသူပါ။

အဲဒါနဲ့ ပတ်သက်လို့ သူက “ဒါကတော့ ပရိသတ်တွေ ယူဆတဲ့ အမြင်လို့ပဲ ထင်ပါတယ်။ အခုလို ရိုက်တာလည်း International နဲ့ ပတ်သက်တယ် လို့ပဲ ညီမစိတ်ထဲမှာ တွေးလိုက်တာပါ။ International မှာတောင် ဒီလိုပဲ ရိုက်နေကြတာ ဆိုတော့ ညီမတို့လို လူငယ်တွေအနေနဲ့ လက်ခံပေးရမယ်ပေါ့၊ ဒီလောက်မှ ပွင့်လင်းမြင်သာမှု မရှိရင်တော့ ညီမအနေနဲ့
ရိုက်လို့ ရမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အရင်တွေးပါတယ်။ International နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေမှာ တောင်မှ Two Piece နဲ့ ရိုက်နေကြတာပဲလေ။ ဒါက မိန်းကလေးတယောက်ရဲ့ Body Structure ရယ်၊ Skin Complexion ရယ် ကြည့်ရတာ လေ၊ အနုပညာ အနေနဲ့ပဲ ကြည့်မြင်ပေးပါ” လို့ ဧရာဝတီကိုဟြေပါတယ်။

နန်းသီရိမောင်ရဲ့ ဓာတ်ပုံအောက်မှာတော့ “အတ္တကြီးတယ်ဆိုတာ မိမိအတွက်ပဲ စဉ်းစားတဲ့သူ မဟုတ်ပါဘူး၊ အများအတွက် စဉ်းစားတဲ့သူပါ” ဆိုတဲ့ စာတန်း ဖော်ပြထားတာ တွေ့ရပါတယ်။


မြတ်သူအောင်|Irrawaddy

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများ Sky Net သုံးနှစ်ထပ်မံပြသခွင့်ရရှိ

Posted by drmyochit Friday, January 24, 2014, under | No comments


ရန်ကုန်၊ ဇန်နဝါရီ ၂၃

ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ်များ ထုတ်လွှင့်ခွင့်ကို Sky Net အခပေး ရုပ်သံလိုင်းက သုံးနှစ်သက်တမ်း ထပ်မံရရှိခဲ့ကြောင်း ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net က ချန်ပီယံလိဂ် ပွဲစဉ်များ အပါအဝင် ယူရိုပါလိဂ် ပြိုင်ပွဲများနှင့် ဥရောပ ကလပ်အသင်းများ၏ ပြိုင်ပွဲများကို ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီအထိ ထပ်မံပြသခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ပွဲစဉ်အားလုံးကို Sky Net အားကစားရုပ်သံလိုင်း ခုနစ်လိုင်းနှင့် Free to air ရုပ်သံလိုင်း ဖြစ်သည့် MNTV တို့မှ တိုက်ရိုက် ထုတ်လွှင့်မည့်အပြင် ပွဲပြီး Highlights အစီအစဉ်ကိုလည်း ဆက်လက် ထုတ်လွှင့်မည် ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ချန်ပီယံနှင့် ယူရိုပါလိဂ် ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရသည့် ဥရောပ စူပါဖလား ပွဲစဉ်ကိုပါ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြသခွင့်လည်း ရရှိခဲ့သည်။

ရွှေသံလွင် မီဒီယာ၏ အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net သည် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်များ ပြသခွင့်ကို ၂၀၁၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်မှာ လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည့်မည် ဖြစ်သော်လည်း ယခုစာချုပ်သက်တမ်း သုံးနှစ် ထပ်တိုးရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

နာရီ အဆန်း Blub Tube Clock

Posted by drmyochit Friday, January 24, 2014, under | No comments


ယနေ့ခေတ်မှာ တီထွင်မူတွေကတော့ အံ့မခန်းပါပဲ။ အချိန်တွေကို လက်တန်းလေးတွေနဲ့ အ၀ိုင်းကြီး (ဒါမှမဟုတ်) လေးထောင့်မြင်ကွင်း တစ်ခုခုမှာ ကြည့်နေတွေ့နေကြရတဲ့ အချိန် အခု ပုံမှာတွေ့ရှိရတဲ့ အတိုင်း Tube ပုံစံနဲ့တွေ့ရှိကြရမဲ့ Blub Tube Clock ပါ။ ခေတ်သစ်မော်ဒန်နာရီတစ်လုံး ဖြစ်တဲ့ ယင်းနာရီကို ပုံမှန်နာရီတွေလိုပဲ Alarm ပေးနိင်ပြီး

နေ့စွဲများ၊ အပူချိန်များ၊ကို တိုင်းတာပေးနိင်ပါတယ်။ အသံတိတ်ပြုလုပ်ထားနိင်ခြင်း၊ Cool Operation တွေပါဝင်နိင်ပြီး ၂၄နာရီ format, 12နာရီ Format ပြောင်းနိင်ပါတယ်။ အလူမီနီယံအောက်ခြေ အခံဖြစ်ပြီး နာ၇ီအချိန်တွေကို နေ့အချိန်မှာပဲ ဖြစ်ဖြစ် ထင်ရှားစွာ တွေ့မြင်ရမှာ ပဲ ဖြစ်ပါတယ်။ ဆန်းသစ်သော ခေတ်ရဲ့ထီထွင်မူ တစ်ခုဖြစ်တဲ့ Blub Tube Clock လေးရဲ့ ဈေးနှုန်းတန်ဖိုးမှာ ဒေါ်လာ ၃၅၀ ကျသင့်မှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )
From: Smart Pro Journal

ရန်ကုန်လှိုင်မြစ်အတွင်းဖမ်းဆီးရမိခဲ့သည့် ငါးမျိုးစိတ်သစ်တစ်မျိုး

Posted by drmyochit Friday, January 24, 2014, under | No comments


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နဲ့မှော်ဘီမြို့နယ်ကြားရှိ လှိုင်မြစ်မှာ မြန်မာနိုင်ငံအတွင်း
တစ်ခါမှ ဖမ်းဆီး ရရှိမှုမရှိခဲ့တဲ့ နိုင်ငံခြားငါးမျိုးစိတ်တစ်မျိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်န၀ါရီလ (၂၃) ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။အဆိုပါငါးကိုတော့ ဇန်န၀ါရီလ(၁၉)ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငါးအမျိုးအစားဟာ ဆိုရင် Alligator gob-fish မိကျောင်းပါးစပ်နဲ့ ငါးကိုယ်မျိုးဖြစ်ကာ အရှည်(၁)မီတာခွဲခန့် ရှည်လျားတာဖြစ်ပါတယ်။

အဆိုပါငါးမျိုးဟာဆိုရင် ရေချိုငါးအမျိုးအစားဖြစ်ပြီး အများစုအနေနဲ့ တောင်အမေရိကနိုင်ငံအမေဇုန်မြစ်အတွင်း အများဆုံးတွေ့ရှိရပြီး အသားစားငါးမျိုးနွယ်စုဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့်အဆိုပါငါးဟာ မြန်မာ့ရေပိုင်နက်အတွင်း တစ်ခါမှတွေ့ရှိဖူးခြင်းမရှိသေးပဲ ပထမဆုံးအကြိမ်အနေနဲ့ ဖမ်းဆီးမိတာဖြစ်တဲ့အတွက် အဆိုပါ ငါးမျိုးစိတ်များ မြန်မာ့ရေပြင်အတွင်း ထပ်မံမျိုးပွားထားမှုရှိ၊ မရှိနဲ့အသားစားငါးဖြစ်တဲ့အတွက် အခြားငါးသယံဇာတများ ပြုန်းတီးမှုမရှိစေရေးများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင်အခုလိုဖမ်းမိခဲ့တဲ့ငါးမျိုးဟာ မျိုးစိတ်သစ်တစ်မျိုးဖြစ်တဲ့အတွက် ထိန်းသိမ်းထားရှိသွားမယ့် အပိုင်းကိုလည်း အခုလိုပြောကြားခဲ့ပါတယ်။လက်ရှိမှာမြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိရတဲ့ ငါးမျိုးစိတ်များအနေနဲ့ ရေချိုငါးမျိုးစိတ်ပေါင်း(၆၀၀)ခန့်နဲ့ ရေငန်ငါးမျိုးစိတ်ပေါင်း(၄၀၀)ကျော်ခန့်ရှိတာ ဖြစ်တယ်လို့သိရပါတယ်။

MRTV 4

`ပဋိပက္ခထပ်မံဖြစ်ပွားခဲ့သည်ဆိုသော မောင်တောဒေသသို့ နိုင်ငံတကာလေ့လာသူများ သွားရောက်နိင်ရန် အစိုးရ စီစဉ်ပေးမည်´

Posted by drmyochit Friday, January 24, 2014, under | No comments

ရန်ကုန် ဇန်န၀ါရီ ၂၄

ပီးခဲ့သည့် သီတင်းပတ်အတွင်းက ဘင်္ဂါလီ ၃၀ ထက်မနည်း အသတ်ခံခဲ့ရသည်ဟု ဆိုသော မောင်တောဒေသသို့ နိုင်ငံတကာမှ သွာေးရာက်လေ့လာနိုင်ရန် မြန်မာအစိုးရက စီစဉ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

`ဒီကောလာဟလသတင်းတွေဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ၊မစ္စတာနမ်ဘီးယား ခရီးစဉ်များနဲ့ ချိန်ကိုက်လုပ်ဆောင်လာတာလို့ ယူဆပါတယ်။ရဲတပ်ကြပ်ကြီးကို သတ်ဖြတ်တာဟာ လည်း ဒီလို ကောလာဟလာတွေထုတ်နိုင်အောင်၊ တည်ငြိမ်နေတဲ့ဒေသတွင်း တင်းမာမှုဖြစ်လာအောင် လှုံ့ဆော်တဲ့အနေနဲ့ချိန်ကိုက်ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ကြောင့် နိုင်ငံတကာက လေ့လာနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ် ´ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည် ။

သို့ရာတွင် အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖြေဆိုခြင်း မရှိသေးပေ။

မြန်မာအစိုးရက ပြည်နယ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူများအား အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်ဆိုသော မောင်တောမြို့ ဒူချီရာတန်း (အလယ်တန်းရွာ)သို့ ဇန်နဝါရီ ၂၂ရက်နေ့၌ သွားရောက်ခွင့်ပြုခဲ့ပြီး မြန်မာအစိုးရသတင်းစာများတွင် အေပီသတင်းဌာနက ရေးသားသကဲ့သို့ အရပ်သားများ သေဆုံးမှုမရှိခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၁၄ရက်နေ့၌ ဓားများ၊ ဓားရှည်များ ကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဒူချီရာတန်းကျေးရွာသားများကို လိုက်လံတိုက်ခိုက်ခဲ့သဖြင့် လူ၎ဝကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု ဖေါ်ပြထားခဲ့ပြီး အေပီ သတင်းဌာနက ယင်းကို ကိုးကားကာ သတင်း ထပ်မံရေးသားခဲ့သည် ။

“မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရသူများအား အရေးပေါ် ကူညီထောက်ပံ့မှုပေးရန်၊ အဆိုပါဒေသများသို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးဝန်ထမ်းများအား သွားရောက်ခွင့်ပေးပြီး အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် လိုအပ်သည့် မည်သည့်အရာမဆို လုပ်ဆောင်ရန် မြန်မာအစိုးရကို တောင်းဆိုပါတယ်”ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်က ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် `အချင်းဖြစ်ပွားတဲ့နေရာကို ရခိုင်ဝန်ကြီးချုပ်နဲ့ အတူ စစ်တွေမှာအခြေပြုတဲ့UNHCT, UNOCHA က ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါပြီးအဲဒီဒေသက ဒေသခံပြည်သူတွေ၊ဘာသာရေးခေါင်းဆောင်တွေကို လွတ်လပ်စွာ မေးခွင့်ရခဲ့ပြီးပါပြီ။. UN ကသူ့ဝန်ထမ်းတွေကို မေးမယ့်အစား ခိုင်မာမှုမရှိတဲ့ အရင်း အမြစ်ကိုကိုးကားပြီး ကြေညာချက်ထုတ်ပြန်တာဟာ အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ ဒီစွပ်စွဲချက်ကို ကျွန်တော်တို့ လက်မခံပါဘူး´ ဟု ဦးရဲထွဋ်က ပြောသည် ။

ဦးရဲထွဋ်က ယခု လုပ်ဆောင်ချက်များကြောင့် ရခိုင်ပြည်နယ်အတွင်း သံသယများ၊၊စိုးရိမ်မှုများ တိုးပွား စေမှာဖြစ်သည့်အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများအပေါ် ဒေသခံများက ယုံကြည်မှုလျော့ကျစေလိမ့်မည့် ဟု သုံးသပ်သည် ။


ကျော်ရဲလင်း
Popular Myanmar News Journal

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ

Posted by drmyochit Friday, January 24, 2014, under | No comments


ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာပါမယ်။


နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ တစ်ပြည်လုံးမှာအများအားဖြင့်သာယာပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်နဲ့  မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။

MRTV 4

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်