Monday, January 27, 2014

အင်္ဂါဂြိုဟ်မှ ရောင်ခြည်များ ကမ္ဘာပေါ်ကို ရောက်နိုင်သလား

Posted by drmyochit Monday, January 27, 2014, under | No comments



ယခုတလော Facebook စာမျက်နှာပေါ်မှာ....

"12:30 ကနေ 3:30 ထိcosmo rays (cosmo ရောင်ခြည်) ဟာ မာစ်ဂြိုဟ် ကနေကမ္ဘာပေါ်ကို ထိုးဖောက်ကျရောက်မှာဖြစ်တဲ့အတွက် မိမိရဲ့ဖုန်းများကို ပိတ်ပြီး မိမိနှင့်ဝေးရာကိုထားပါ။ ဘာကြောင့်လည်းဆိုတော့ ဒီရောင်ခြည်ဟာ အန္တရာယ်များတဲ့အတွက်ကြောင့် အားလုံးသောမိတ်ဆွေများ ဘေးကင်းပါရန်။ Nasa ကနေ BBC သတင်းဌာနကို ပြောကြားထားပါတယ်။"

....ဆိုတဲ့ သတင်းတစ်ပုဒ် ပျံ့နှံ့လာတဲ့အတွက် ဟုတ်၊ မဟုတ် ကိုသိ ချင်ကြသော သူများ၊ အာကာသနှင့် စကြ၀ဠာ Page သို့ မေးမြန်းကြသော သူငယ်ချင်း၊မိတ်ဆွေများအတွက် ဖြေရှင်းချက်လေးတစ်ခု ပေးချင်ပါတယ်။

တကယ်တော့ ဒီသတင်းဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ ကောလဟာလ သတင်းတစ်ခုပါ။ ၂၀၁၂ ခုနှစ် ဧပြီလလောက်ကလဲ ပြန်ပေါ်လာပါသေးတယ်။ အခုလည်း Facebook စာမျက်နှာမှာ ပြန်လည်ပေါ်ပေါက်လာပြန်ပါပြီ။

ပထမဦးဆုံးအနေနဲ့ ဒီသတင်းဟာ သိပ္ပံ သတင်းဌာနများမှ တရားဝင်ထုတ် လွှတ်တဲ့ သတင်းမဟုတ်ပါဘူး။ NASA နဲ့ BBC သတင်းတွေမှာလည်း မ ထုတ်ပြန်ထားပါဘူး လို့ ဖြေရှင်းပေးချင်ပါတယ်။

နောက်တစ်ခုက အင်္ဂါဂြိုဟ် (ခ) မားစ်ဂြိုဟ် ဟာ ရောင်ခြည်တွေ မထုတ်နိုင် ပါဘူး။ အင်္ဂါဂြိုဟ်မှ မဟုတ်ပါဘူး.. ဘယ်ဂြိုဟ်ကမှ Cosmic Ray မထုတ် လွှတ်နိုင်ပါဘူး။ Cosmic Rays ဆိုတာက နေ (ကြယ်) က ထုတ်တာပါ။ ဂြိုဟ်များဟာ နေမှ လာတဲ့ရောင်ခြည်ကိုသာ ပြန်လွှတ်နိုင်ပါတယ်။

နောက်ပြီး ကမ္ဘာ့လေထုဟာလည်း ဒီရောင်ခြည်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ပါတယ်။ နေ မှလာတဲ့ Cosmic Rays တွေဟာ ကမ္ဘာပေါ်ကို အမြဲတစေ ကျရောက်နေတာပါ။ လေထုက ကာကွယ်ပေး ထားလို့ ကျနော်တို့တတွေ ယခုအချိန်အထိ ကောင်းမွန်စွာ အသက်ရှင်နေ ထိုင်နိုင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ့တော့ အင်္ဂါဂြိုဟ်မှ ရောင်ခြည်များ ကမ္ဘာပေါ်ကို ကျရောက်နိုင်စရာ လုံးဝ မရှိပါ။ ကောလ ဟာလ များသာ ဖြစ်ပါတယ်။

Source: အာကာသ နှင့် စကြာဝဠာ

UWSA “ ၀ ” တပ်ဖွဲ့ဝင်မှ ဒေသခံ ရွာသားတစ်ဦးအား အနိုင်ကျင့် မိုင်းဖောက်ခွဲစဉ် “၀” တပ်ဖွဲ့ဝင် ပွဲချင်းပြီး သေဆုံး

Posted by drmyochit Monday, January 27, 2014, under | No comments



ဇန်န၀ါရီ ၂၇ ရက် ၂၀၁၄


မိုင်းပျဥ်းမြို့နယ် မိုင်းသွေးကျေးရွာနေ အိုက်ဆွတ်၏ နေအိမ်တွင် ဇန်န၀ါရီ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ရာ “ ၀ ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA အဖွဲ့မှ အိုက်နွံသည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။

UWSA “ ၀ ” တပ်ဖွဲ့ဝင် အိုက်နွံသည် အိုက်ဆွတ်အိမ်သို့ ရောက်လာပြီး အရက်တိုက်ခိုင်းသဖြင့် အိမ်ရှင်မှ အရက်ဝယ်၍ တိုက်ခဲ့ရကြောင်း ၊ အရက်မူးလာသော အိုက်နွံမှ အိုက်ဆွတ်အား အနိုင်ကျင့် ထိုးကြိတ်မှုများ ပြုလုပ်လာသဖြင့် အိုက်ဆွတ်မှ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်နေသည့် ကြားမှ ဆက်ပြီး ထိုးကြိတ်နေသဖြင့် အိုက်ဆွတ်မှ ပြန်ပြောရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း၊ အိုက်နွံမှ မိုင်းတစ်လုံးထုတ်၍ ဖောက်ခွဲခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး အိုက်ဆွတ်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ အဲဒီနေ့ည ၈ နာရီလောက်က အိုက်ဆွတ်အိမ်မှာ ပေါက်ကွဲသံကြားလို့ သွားကြည့်ကြတာပေါ့၊ UWSA “ ၀ ” တပ်ဖွဲ့ဝင် ကတော့ သေနေပြီ၊ အိုက်ဆွတ်က ဒဏ်ရာတွေနဲ့ လဲနေလို့ ဆေးရုံပို့လိုက်ရပါတယ် ” ဟု အိမ်နီးချင်း ရှမ်းအမျိုးသားတစ်ဦးဖြစ်သူ ကိုအိုက်ပန်က ဆိုသည်။
မိုင်းထိဒဏ်ရာရရှိသော အိုက်ဆွတ်အား မိုင်းပျဉ်း၌ ဆေးဝါးကုသမှု ခံယူခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသွား သည်။

မိုင်းပျဉ်းမြို့ခံတစ်ဦးက “ UWSA “ ၀ ” တပ်ဖွဲ့ဝင်တွေဟာ တရားမ၀င် လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ပြီး သောင်းကျန်းချင်သလို သောင်းကျန်းနေကြတာ ၊ မိုင်းကိုတောင် ဖောက်ခွဲရဲတယ်ဆိုတော့ ပြည်သူတွေအတွက် အရမ်းအန္တရာယ်များပါတယ် ၊ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို တာဝန်ရှိသူတွေက တားဆီး အရေးယူပေးဖို့ လိုပါတယ် ” ဟု ပြောကြားသွားခဲ့သည်။

UWSA “ ၀ ” တပ်ဖွဲ့ဝင် (၃) ဦးသည် တောင်ကြီးမြို့ ငြိမ်းချမ်းဟိုတယ်ပိုင်ရှင်အား တရားမ၀င်လက်နက်ကိုင် ဆောင်ပြီး ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား အနိုင်ကျင့် မိုင်းဖောက်ခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း

Shan News

ပါရမီကားနှစ်စီး အပြိုင်မောင်းရာမှ ဓာတ်တိုင်ဝင်တိုက် ကျိုးသွားသည့် ဓာတ်တိုင် နောက်မှ ပါရမီကားပေါ်လဲကျ

Posted by drmyochit Monday, January 27, 2014, under | No comments



ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ၀န်းကျင်က ပါရမီ ခရီးသည်တင်ကားနှစ်စီး အပြိုင် မောင်းရာမှ ရှေ့ကားက ဓာတ်တိုင် ၀င်တိုက်မိပြီး မောင်းပြေးသွားရာ နောက်ကား ပေါ်သို့ ဓာတ်တိုင်လဲကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်-အင်းစိန် လမ်းမကြီး အတိုင်းမြောက်မှတောင်သို့ ပါရမီ (၁၇၄) ယာဉ်နှစ်စီးသည် အပြိုင်မောင်းနှင်ရာမှ (၁၇၄) ယာဉ်အမှတ် ၂ဂ/၄၅၈၃ သည် ဘုရားလမ်းမှတ်တိုင်အနီးတွင် လမ်းလယ်ကျွန်း ဓာတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး ဓာတ်တိုင်လဲကျသော်လည်း
ဆက်လက်မောင်းနှင်သွားရာနောက်မှ ကပ်ပါလာသော (၁၇၄)ယာဉ်အမှတ် ၇ခ/၇၉၄၀ ပေါ်သို့ ဓာတ်တိုင်လဲပြိုကျခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများရောက်ရှိစစ်ဆေးကာ ဓာတ်တိုင်ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသော ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

မြင့်ဝေ(မြင်းခြံ)  
စံတော်ချိန် နေ့စဉ်သတင်းစာ

၂၀၁၃ မှာထွက်ခဲ့တဲ့ နန်းခင်ဇေယျာ ရဲ့ အလန်းပြက္ကဒိန် ပုံများ

Posted by drmyochit Monday, January 27, 2014, under | No comments

Nang Khin Zayar - 2013 Calendar Smart Group





မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Posted by drmyochit Monday, January 27, 2014, under | No comments


Monday, January 27, 2014

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါတယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြောရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ"ဟု ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေးမီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေတာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။

Planet Myanmar Network

လွန်ခဲ့တဲ့နှစ်က အမေရိကလေဆိပ်တွေမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းတွေက ကိုယ်ပိုင်စစ်တပ်တစ်တပ် ထူထောင်နိုင်လောက်တဲ့ အရေအတွက်မှာရှိ

Posted by drmyochit Monday, January 27, 2014, under | No comments

 
၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုလေဆိပ်မှာ ခရီးသည်တွေဆီက သိမ်းဆည်းရမိခဲ့တဲ့ တရားမ၀င်လက်နက်ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို လေဆိပ်စစ်ဆေးရေးဌာနက ထုတ်ပြန်ခဲ့ရာမှာ အမေရိက ပြည်သူတွေကို ခြောက်ခြားစေခဲ့ပါတယ်။

ဘာဖြစ်လို့ လည်းဆိုတော့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းတွေဟာ အရမ်းများပြားလွန်းပြီး ကိုယ်ပိုင်စစ်တပ်တစ်တပ်ကို အသာအယာဖွဲ့ စည်းနိုင်လောက်တဲ့ အရေအတွက် ထိကို ရှိနေလို့ ပါပဲ။ သိမ်းဆည်းရမိတဲ့ လူကိုသေစေနိုင်လောက်တဲ့တရားမ၀င်ပစ္စည်းတွေမှာ  ဆာမူရိုင်း ဓားတွေ ကနေ ပစ္စတိုတွေ၊ ကျည်ဆန်တွေ၊ လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ အပြင် ပေါက်ကွဲပစ္စည်းတွေ အများအပြားပါဝင်တဲ့ အတွက် ပြည်သူတွေ ထိတ်လန့် တုန်လှုပ်ခဲ့ရပါတယ်။

လေဆိပ်ဖြတ်သန်းရေးအရာရှိတွေဟာ အမေရိကန်ပြည်ထောင်စု လေဆိပ်တွေရဲ့ ခရီးသည် ၆၃၈ ၇၀၅ ၇၉၀ ဦးကို စစ်ဆေးခဲ့တဲ့အထဲမှာ အခုလို လက်နက်တွေကို သိမ်းဆည်းရမိခဲ့တာပါ။

အမေရိကရဲ့ လေဆိပ်တွေမှာ တစ်နေ့ ကို သေနတ်ငါးလက်လောက် အနည်းဆုံး သိမ်းဆည်းရမိပြီး အများဆုံး တွေ့ ရတာကတော့ ခြောက်လုံးပြူး သေနတ်တွေ ဖြစ်ပါတယ်။ ဒီ ရှာဖွေသိမ်းဆည်းမိတဲ့ ဖြစ်စဉ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ အဲဒီ့လက်နက်တွေဟာ ကျည်အသင့်ဖြည့်ထားတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ ဒုံးကျည်လက်နက်တွေပါ ပါဝင်ပြီး ရှားပါးသေနတ်တွေနဲ့ အလယ်ခေတ်က စစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်တာကို တွေ့ ရပါတယ်။


Ref: washingtonpost
Trend Myanmar

အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေ (ကလေးငယ်များအပါအ၀င်) ကိုအိမ်တွေထဲကဆွဲထုတ်ပြီးပစ်သတ်စေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်

Posted by drmyochit Monday, January 27, 2014, under | No comments



- ဦးလေးဖြစ်သူဂျန်ဆောင်သက် ရဲ့သားသမီး၊ ညီအစ်ကိုတွေနဲ့ မြေးတော်စပ်သူတွေသေဆုံးခဲ့ပြီဖြစ်

- မိသားစုတစ်ခုလုံးရှင်းလင်းသုတ်သင်ခံရမှုအဖြစ် တောင်ကိုးရီးယားသတင်းဌာနကအစီရင်ခံ

ကင်ဂျုံအွန်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ဦးလေးရဲ့ဆွေမျိုအရင်းအချာများကို အမိန့်အရသုတ်သင်လိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

ဂျန်ဆောင်သက်ရဲ့သားသမီး၊ညီအစ်ကိုများနဲ့ မြေးတော်စပ်သူများကိုကွက်မျက်ဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံက မီဒီယာတစ်ခုကအစီအရင်ခံတဲ့သတင်းတစ်ခုအရသိရပါတယ်။

အသက် ၆၇ နှစ်အရွယ် ဂျန်ကို ကွန်မြူနစ်စနစ်ပပျောက်ရေးကြံစဉ်မှုနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက ကွက်မျက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့မိသားစုဝင်တွေအသက်ခံရတဲ့အချိန်ကိုတော့ ရှင်းရှင်းလင်းလင်မသိသေးပေမယ့် ဂျန်ကို ကွက်မျက်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့နောက်ပိုင်းမှာ သေဒဏ်ပေးခဲ့တယ်လို့ယုံကြည်ရကြောင်း အတွင်းသိတွေက Yohap သတင်ဌာနကိုပြောပါတယ်။

အဲဒီ့ဆွေမျိုးတော်စပ်သူတွေထဲကအချို့ကို သူတို့ရဲ့နေအိမ်တိုက်ခန်းထဲကဆွဲထုတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး လိုက်ပါရန်ငြင်းဆန်တဲ့သူတွေကို ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါသတင်းများအရ အကွက်မျက်ခံရသူတွေထဲမှာ ဂျန်နဲ့ မောင်နှမတော်စပ်သူ ဂျန်ဂျယ်ဆွန်းနဲ့ သူမရဲ့ခင်ပွန်းနဲ့ ကျူးဘားနိုင်ငံဆိုင်ရာသံအမတ်ဖြစ်သူ ဂျုံယောင်ဂျင်း၊ ဂျန်ရဲ့တူဖြစ်သူ မလေးရှားနိုင်ငံဆိုင်ရာသံအမတ် ဂျန်ယောင်ချိုး နဲ့သူ့သားနှစ်ဦးတို့ပါဝင်ပါတယ်။

ဂျန်ရဲ့သားသမီးတွေနဲ့ မြေးတော်စပ်သူတွေလဲ အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။

ကလေးသူငယ်တွေအပါအ၀င် ဂျန်ရဲ့ဆွေမျိုးတွေအားလုံးအသက်ခံခဲ့ရတာဖြစ်တယ်လို့ အတွင်းသိတစ်ယောက်က အဲဒီ့သတင်းဌာနကိုပြောပြပါတယ်။

ဒီကွက်မျက်ခံရမှုဟာ ဂျန်နဲ့ပါတ်သတ်သမျှ အစအနမကျန်စေဖို့ဖြစ်တယ်လို့ အခြားသတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။

သူတို့မိသားစုကို အသတ်မခံရမီ ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြုံယမ်းနယ်ကိုခေါ်ယူခဲ့တယ်လို့ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ရဲ့ ဇနီးအပါအ၀င် တိုက်ရိုက်မတော်စပ်တဲ့ ဆွေမျိုးတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ ရပ်ဝေးကျေးလက်ဒေသတွေကို နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ဆိုပါတယ်။

Yohap သတင်းဌာနရဲ့ဒီအစီအရင်ခံစာကိုတော့ အတည်ပြုဖို့လိုအပ်နေသေးတာဖြစ်ပေမယ့် ဒီလိုပူးပေါင်းကြံစဉ်တဲ့ပြစ်မှုမျိုးကိုကျူးလွန်သူရဲ့ မိသားစုဝင်တွေကို သေဒဏ်ကဲ့သို့ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးတာဟာ မြောက်ကိုရီးယားရဲ့အစဉ်အလာဖြစ်နေပါပြီ။

ကင်ဂျုံအွန်ရဲ့ အကြံပေးအရာရှိဟောင်း ဂျန်ဆောင်သက်ဟာ များစွာသော နိုင်ငံတော်အဆင့်ပြစ်မှုတွေနဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ့ပြစ်မှုတွေထဲမှာ အာဏာသိမ်းရန်ကြံစဉ်မှု၊ သယံဇာတအလွဲသုံးစားလုပ်မှု၊ မိန်းမရှုပ်ပွေမှု၊ အာဏာအလွဲသုံးစားလုပ်မှု နဲ့ အစိုးရနဲ့မတူညီတဲ့ မျှော်လင့်ချက်များထားရှိမှုတွေပါဝင်ပါတယ်။

ဒီအာဏာရှင်အစိုးရရဲ့ ကိုယ်စားအုပ်ချုပ်သူအဖြစ်တာဝန်ယူခဲ့ဖူးသူတစ်ဦးကို ကွက်မျက်လိုက်တဲ့သတင်းဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။

ဂျန်ရဲ့သေဆုံးမှုဟာ အသက် ၃၀ အရွယ်ခေါင်းဆောင် စတင်တာဝန်ယူပြီးနောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။

ကင်မိသားစုဟာ ဒီအထီးကျန်နိုင်ငံကို အုပ်စိုးလာခဲ့တာ ဆယ်စုနှစ်ပေါင်း ၆ ခုကျော်လာပါပြီ။

ဂျန်ဆောင်သက်ဟာ ကင်ဂျုံအွန်အဒေါ်ရဲ့ခင်ပွန်းဖြစ်ပြီး ကင်ဂျုံအွန်ရဲ့ဖခင်ကင်ဂျုံအီနဲ့ ယောက်ဖတော်စပ်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဂျီဒီပီ ၉.၁ ရာခိုင်နှုန်းအထိ တိုးရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန် ပြော

Posted by drmyochit Monday, January 27, 2014, under | No comments

ဇန်န၀ါရီ လဆန်း က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ (GDP) ကို ၉.၁ ရာခိုင်နှုန်း အထိ တိုးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ၄င်းက အထက် ပါ အတိုင်း ပြောခြင်း ဖြစ်သည်။

“အကူအညီ၊ အထောက်အပံ့၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နည်း ပညာ အကူအညီတွေကို စနစ်တကျ စီမံခန့်ခွဲပြီး GDP တိုးတက်မှု ရရှိရန် စီမံထားခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆို သည်။

ပြီးခဲ့သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူလ ခန့်မှန်းထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း ပမာဏမှာ ၆.၇ ရာခိုင်နှုန်း ဖြစ် သော်လည်း လက်တွေ့တွင် ၇.၃ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်တခု ဖြစ်ကြောင်း လည်း ဦးသိန်းစိန်က ဆက်ပြောသည်။

ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ၏ ခန့်မှန်းထားချက်များ အရ မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါး အထိ မြင့်လာနိုင်သည်ဟု ပြောဆိုထားပြီး ယခုဘဏ္ဍာနှစ် အတွက် မျှော်မှန်းထားမှုမှာ ၈.၉ ရာခိုင်နှုန်း ဖြစ်သည်။

နှစ်အလိုက် GDP တိုးနှုန်း အနေအထားကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅.၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇.၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ၇.၈ ရာခိုင်နှုန်း ခန့်မှန်းထားရာ လာမည့် ၂၀၁၄-၂၀၁၅ တွင် ၉.၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ GDP တိုးနှုန်း ရည်မှန်းချက်သည် မြင့်မားသည်ဟု ပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း သမ္မတ စီးပွားရေး အကြံ ပေး ဒေါက်တာ ဇော်ဦးက ပြောဆိုသည်။

“ဘာကြောင့်ဆို IMF က တွက်ထားတယ် ဆိုတဲ့ဟာမှာလည်း အစိုးရရဲ့ကိန်းဂဏန်းတွေကို အများဆုံး အချိန်ယူထားတာပေါ့နော်၊ အခုဟာက ပြည်တွင်းမှာ ရှိတဲ့ အစိုးရတွေရဲ့ စဉ်းစားချက်က GDP ကောက်တဲ့ အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ GDP စွမ်းဆောင်မှုတွေက ကိန်းကဏ္ဍန်းတွေ ပိုပြီးရလာတယ်၊ ဒီကဏ္ဍကနေပြီး အရင်တုန်းက မသိတဲ့ဟာတွေ သိလာတယ်၊ အဲဒီအပေါ်မှာ အခြေခံ လိုက် တဲ့ အခါကြတော့ ကျနော်တို့က IMF တို့ World Bank တို့ စဉ်းစားတာထက် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားလို့ ရလာတာ ရှိတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ တွက်ချက်မှုက နည်းနည်းပိုနေတဲ့ သဘောရှိတာပေါ့”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ GDP တန်ဖိုး တိုးတက်လာသည်နှင့် အတူ ငွေဖောင်းပွမှုနှုန်း မြင့်တက်ခြင်းလည်း ရှိနေသဖြင့် တတ်နိုင်သမျှ ထိန်း ထားရန် စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆို ထားသည်။

နိုင်ငံ၏ လက်ရှိ ဘတ်ဂျက်လိုငွေ ပမာဏမှာ ၂.၇ ဘီလီယံ ဖြစ်ပြီး GDP ၏ ၄ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။

ယင်းအခြေအနေတွင် ဘတ်ဂျက် လိုငွေကို GDP ၏ ၅ ရာခိုင်နှုန်း အထက် မရောက်စေရန် ထိန်းသွားရမည်ဟု IMF နှင့် ကတိ က၀တ် များထားကာ မြန်မာနိုင်ငံက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ငွေဖောင်းပွမှုနှုန်းမှာ အစိုးရ ဘတ်ဂျက် လိုငွေပြတဲ့ ပြဿနာပေါ့၊ IMF နဲ့လည်း ကတိက၀တ် ခံပြီး အလုပ်လုပ်နေတာ ဖြစ်တယ်၊  အဲ့ဒါအရ ကျနော်တို့ဟာ လိုငွေကို ၅ ရာခိုင်နှုန်း အထက်မှာ မကျော်အောင် ထိန်းရမယ်ဆိုတဲ့ သဘောပဲ”ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု IMF က ခန့်မှန်းထားပြီး ဆက်လက် မြင့်တက်နိုင်သည့် အနေအထား ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ဧရာဝတီ

အမျိုးသားများက အမျိုးသမီးများထက် မှတ်ဉာဏ်ပိုင်း အားနည်းလေ့ရှိ

Posted by drmyochit Monday, January 27, 2014, under | No comments


အမျိုးသမီးများမှာ အများအားဖြင့် ရုတ်တရက် မှတ်မိရန် ခက်ခဲနိုင်သည့် နေ့စွဲများ၊ အမည်များကိုပင် ပြန်ပြောင်းသတိရနိုင်လေ့ ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့

ယေဘုယျအားဖြင့် အမျိုးသားများသည် အမျိုးသီးများထက် မေ့မေ့လျော့လျော့ ပိုရှိတတ်ကြောင်း သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ ယင်းအချက်သည် ယောက်ျားတစ်ဦး၏ အသက်အရွယ် ကန့်သတ်ချက်မျိုးနှင့် မသက်ဆိုင်ဘဲ ခြုံငုံ၍ သက်ရောက်ခြင်းမျိုးဟု ဆိုသည်။ အမျိုးသမီးများမှာမူ အများအားဖြင့် ရုတ်တရက် မှတ်မိရန် ခက်ခဲနိုင်သည့် နေ့စွဲများ၊ အမည်များကိုပင် ပြန်ပြောင်းသတိရနိုင်လေ့ ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ မှတ်ဉာဏ်ဆိုင်ရာ လေ့လာမှုများကို နော်ဝေး သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး အခြေအနေ၊ အကြောင်းတရားအလိုက် မှတ်ဉာဏ်ကွာခြားမှုများကို နှိုင်းယှဉ် လေ့လာခဲ့ခြင်း ဖြစ်သည်။

"ယောက်ျားတွေက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် အများအားဖြင့် အလွယ်တကူ မေ့လျော့လေ့ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်"ဟု ယင်းတက္ကသိုလ်မှ ပါမောက္ခ ဂျိုစတိန်းဟိုလ်မန်က ဆိုသည်။ "ဒီအချက်ကို အရင်က မှတ်တမ်းမှတ်ရာ လေ့လာသုံးသပ်ထားတာ မရှိပါဘူး။ နောက်တစ်ချက်က အမျိုးသား အများစုဟာ အသက်(၃၀)နဲ့ (၆၀)အတွင်းမှာ မှတ်ဉာဏ်ပိုင်း အားအနည်းဆုံး ဖြစ်နေတတ်တယ်။ ဒီတွေ့ရှိချက်တွေကတော့ ရှင်းရှင်းလင်းလင်းကြီး အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခုလေ့လာမှုကို HUNT3ဟု အမည်ပေးခဲ့ပြီး လူပေါင်း(၄၈၀၀၀)ကို သုတေသနပြု မေးမြန်းမှုများ ပြုလုပ်ကာ အချက်အလက် စုဆောင်းခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိချက်များအရ ကောင်းစွာ ပညာသင်ကြားထားသူများသည် ပညာသင်ယူမှုအပိုင်း အားနည်းသူများထက် ပိုမို၍ မှတ်မှတ်သားသား ရှိလာတတ်သည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဖိအားရှိသူများသည် မှတ်ဉာဏ်အပိုင်းတွင် သာမန်ထက် ပြဿနာများ ပိုမိုကြုံရလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

Microsoft office Professional Plus 2013 + Activator Of Microsoft ToolKit 2.4.1

Posted by drmyochit Monday, January 27, 2014, under , | No comments


Microsoft office 2013 ကို အသုံးပြုချင်သူများအတွက်တော့ အလွန်ပဲ အသုံးဝင် မယ်ထင်ပါတယ်။ ဒါလေးကတော့ ထွက်နေတာတော့ ကြာပါပီ။ ကျွန်တော်လည်း ဒါလေးကိုပဲ အခုသုံးနေပါတယ်။ အောက်မှာ activator တွေရောတင်ပေးလိုက်တယ်နော်.. အဆင်ပြေကြပါစေ..

• Microsoft Access
• Microsoft Excel
• Microsoft InfoPath
• Microsoft Lync
• Microsoft OneNote
• Microsoft Outlook
• Microsoft PowerPoint
• Microsoft Publisher
• Microsoft SkyDrive Pro
• Microsoft Visio Viewer
• Microsoft Word
• Office Shared Features
• Office Tools




ffice Toolkit 2.4.1
Support : win 8 , win 7, server 08/12 office 2010/2013 activation.
ဒါလေးက win 8  နဲ့  office 10/13 pro စမ်းပြီးသားပါ၊ 
Office ကို Activate လုပ်ချင်ရင် Office Button လေးကို Click လိုက်ပါ။

Download ToolKit 2.4.1 Here

Generic Volume License Keys for Office 2013

Posted by drmyochit Monday, January 27, 2014, under | No comments


Product G VLK (Generic Volume License Keys)
Office 2013 Professional Plus YC7DK-G2NP3-2QQC3-J6H88-GVGXT
Office 2013 Standard KBKQT-2NMXY-JJWGP-M62JB-92CD4
Project 2013 Professional FN8TT-7WMH6-2D4X9-M337T-2342K
Project 2013 Standard 6NTH3-CW976-3G3Y2-JK3TX-8QHTT
Visio 2013 ProfessionalC2FG9-N6J68-H8BTJ-BW3QX-RM3B3
Visio 2013 StandardJ484Y-4NKBF-W2HMG-DBMJC-PGWR7
Access 2013NG2JY-H4JBT-HQXYP-78QH9-4JM2D
Excel 2013VGPNG-Y7HQW-9RHP7-TKPV3-BG7GB
InfoPath 2013DKT8B-N7VXH-D963P-Q4PHY-F8894
Lync 20132MG3G-3BNTT-3MFW9-KDQW3-TCK7R
OneNote 2013TGN6P-8MMBC-37P2F-XHXXK-P34VW
Outlook 2013QPN8Q-BJBTJ-334K3-93TGY-2PMBT
PowerPoint 20134NT99-8RJFH-Q2VDH-KYG2C-4RD4F
Publisher 2013PN2WF-29XG2-T9HJ7-JQPJR-FCXK4
Word 20136Q7VD-NX8JD-WJ2VH-88V73-4GBJ7

ကျောက်ကပ်တစ်လုံးပေးအပ်ပြီး ခင်ပွန်းကို ကယ်တင်ခဲ့တာတောင် ခင်ပွန်းရဲ့ စွန့် ခွာခြင်းကို ခံခဲ့ရသူ

Posted by drmyochit Monday, January 27, 2014, under | No comments


Andy Lamb  ဟာ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့ ရောဂါကြောင့် သေလုမျောပါးဖြစ်နေခဲ့ပြီး  ၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့ ကုထုံးတွေနဲ့ သာ အသက်ဆက်ရှင်နေခဲ့ရတာပါ။ ဒါပေမယ့် အန်ဒီရဲ့ မိန်းမ စမန်သာ ဟာ သူမရဲ့ ကျောက်ကပ်တစ်လုံးကို လက်ခံဖို့ အန်ဒီကို နားချတာ အောင်မြင်ခဲ့ပြီးတဲ့နောက် အန်ဒီဟာ လူကောင်းပကတိ ပြန်ဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ စမန်သာဟာ ဒီ အစားထိုးခွဲစိတ်မှုကို ခံယူဖို့  ကျန်းမာကြံ့ခိုင်ကြောင်း ပြဖို့  အတွက် ကိုယ်အလေးချိန် သုံးစတုံ အထိ ချခဲ့ရတာပါ။  ဒီစုံတွဲ ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကို BBC ရုပ်သံလိုင်းကတောင် မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ မတည်မြဲခဲ့ပါဘူး။

အန်ဒီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာ ၂၀၁၂ ခုနှစ် သြဂတ်စ် လမှာ အန်ဒီဟာ စမန်သာ ကို စွန့် ခွာသွားခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဆုံးခန်းတိုင်စေခဲ့ပါတယ်။

ဒေဗွန်ကောင်တီ ၊ အိုင်ဗွီဘရစ်ခ်ျ မြို့ ငယ်လေးမှာ နေထိုင်တဲ့ သူတို့ စုံတွဲဟာ လူနာတင်ယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်နေကြတုန်း မှာ တွေ့ ဆုံခဲ့ကြတာဖြစ်ပြီး ပထမဆုံး ချိန်းတွေ့ မှုကို ၂၀၀၄ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အောက်တိုဘာ ၂၀၀၉ မှာ စမန်သာရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ အသက်ရှင်ဖို့ အစားထိုးပေးအပ်ခဲ့တာပါ။

အခုတော့ စမန်သာဟာ အန်ဒီကို စိတ်နာနေပြီး သူမရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ့ ဆီက ဖြစ်နိုင်ရင် ပြန်ယူချင် မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်ဒီကတော့ စမန်သာပေါ်မှာ အသက်တစ်ချောင်း အကြွေးတင်နေတယ်လို့ ဆိုခဲ့ပါတယ်။

Ref: dailymail.co.uk
Trend Myanmar

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှနဲ့ မော်ဒယ် ဇာဇာထက်

Posted by drmyochit Monday, January 27, 2014, under | No comments

ZAR ZAR HTET

ပရိသတ်ကြီးက Like အများကြီးပေးရင် ပိုကြိုးစားပေးပါ့မယ် ပြောလာတဲ့ မော်ဒယ်သရုပ်ဆောင် ဇာဇာထက်

Myanmar Hottie Model Girl: Zar Zar Htet








Name: Zar Zar Htet
Nick Name: Acid / Hottie
Job: Professional Photo Model
Education: L.L.B , Japanese Language Studies
Race: Burma
Date of Birth: 11 March 1988
Height: 5' 7"
Weight: 125 lbs
Relationship Status: Single

Facebook: ZarZar Htet
Hobby: Singing & Reading

Awards; -

Model Agency: -

ဆွဲဆောင်မှုရှိတဲ့ Body Structure အလှနဲ့ မော်ဒယ် ဇာဇာထက်

နယူးယောက်မြို့တွင် ပါဝင်ပြသသွားမည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများ

Posted by drmyochit Monday, January 27, 2014, under | No comments


အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်သွားမယ့် ရှေးဟောင်းယဉ်ကျေးမှုခေတ်ပြိုင်လက်ရာများပြပွဲမှာ မြန်မာနိုင်ငံရဲ့ပျူရှေးဟောင်း
အမွေအနှစ်လက်ရာပစ္စည်းများကို ပါဝင်ပြသသွားမှာဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။အဆိုပါပြပွဲကိုတော့ ယခု(၂၀၁၄)ခုနှစ် လာမယ့်ဧပြီလ(၇)ရက်မှ ဇူလိုင်လ(၂၇)ရက်နေ့ထိ နယူးယောက်မြို့ Metropolitan Museum of Art (MMA) ပြတိုက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပြပွဲမှာမြန်မာနိုင်ငံအနေနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းမှ ရှေးဟောင်းလက်ရာပစ္စည်းများဖြစ်တဲ့ ရှေးဟောင်းဘုရားရုပ်ပွားတော်၊ (၅)ရာစုမှ (၈)ရာစုအတွင်းရှိ ရှေးဟောင်းဒင်္ဂါးပြားများ၊ ရှေးဟောင်းကျောက်စာများကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလိုပြသဖို့အတွက်ကိုလည်း ရန်ကုန်အမျိုးသားပြတိုက်နဲ့ သရေခေတ္တရာပြတိုက်များမှာ ပစ္စည်း(၂၄)မျိုးခန့်ကို ငှားရမ်းသွားမှာဖြစ်ပြီး ပစ္စည်းတစ်ခုစီအလိုက် တန်ဖိုးသတ်မှတ်ကာ အာမခံထားရှိပြီး ပြသသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှုခေတ်ပြိုင်လက်ရာများပြပွဲမှာ ၀င်ရောက်ပြသရတာဟာ မြန်မာ-အမေရိကန်နှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ခြင်းအနေနဲ့ ပါဝင်ပြသသတာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုလက်ရာပစ္စည်းများကို နိုင်ငံတကာမှပိုမိုသိရှိလေ့လာနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါပြပွဲအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ပြင်သစ်နိုင်ငံများမှလည်း ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများကို ပါဝင်ပြသသွားကြမှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV 4

အဓမ္မကျင့်ခံရတဲ့ အိန္ဒိယ ဆေးကျောင်းသူ မြုပ်နှံသဂြုင်္ိဟ်

Posted by drmyochit Monday, January 27, 2014, under | No comments


အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ ဆေးကျောင်းသူလေးရဲ့ အလောင်းကို မိသားစုက မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ ပါတယ်။ ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့်ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြ ပါတယ်။

သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကို လေယာဉ်နဲ့ အလောင်းပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီ တို့ဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြန်လည် ရောက်ရှိ လာတဲ့ သူမရဲ့ အလောင်းကို လေဆိပ်မှာသွားရောက် ကြိုဆိုခဲ့ကြပြီး ကျန်ရစ်သူ မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရပြီး အတိုက်အခိုက်ပါ ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ မှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး ဦးနှောက်မှာပါ ထိခိုက်မှု ရှိခဲ့တာမို့ ဆေးကုသမှု ခံယူဖို့ စင်ကာပူ ဆေးရုံကို သွားရောက်ခဲ့တာပါ။ သူမရဲ့ သေဆုံးမှုအတွက် အိန္ဒိယ အာဏာပိုင်တွေက လူ ၆ ဦးကို လူသတ်မှုနဲ့ စွဲချက် တင်ခဲ့ပါတယ်။

သူတို့ဟာ ဒီလို ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း သေချာရင် သေဒဏ်ပြစ်ဒဏ် ကျခံရဖို့ ရှိတယ်လို့လည်း ရဲတွေက ပြော ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း သေဆုံးသူ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး အခုလို အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံသလို ဒီ ပြစ်မှု ကျူးလွန်သူတွေကို ဘယ်တော့မှ ခွင့်လွှတ်သည်းခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

VOA

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်