Monday, February 03, 2014

ကလေးငယ်နှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို ရဲဌာနတွင် အမှုဖွင့်

Posted by drmyochit Monday, February 03, 2014, under | No comments

ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံ စည်ခြင်း ခံရမှုနှင့် အဓမ္မပြု ကျင့်ခံ လိုက်ရမှု နှစ်ခုကို ဖေဖော်ဝါရီ ၁ ရက် တွင် အမှုဖွင့်တိုင်တန်းထားသဖြင့် သက်ဆိုင်ရာ ရဲစခန်းများက စစ်ဆေးဆောင်ရွက်နေရသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် ဇန်န၀ါရီ ၃၁ ရက် ည ၈ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အသက် (၁၀)နှစ်ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခံရမှုကို အသက် (၃၂)နှစ် ရှိ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် ၉ နာရီအချိန်မှ အိမ်ပြန်ရောက်လာသည့် သမီးငယ်ကို ပါးစပ်တွင် သွေးများစွန်းလျက်တွေ့ရှိ မေးမြန်းရာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခြင်းခံခဲ့ရ သည်ဟု သိရှိရသည်ဟု မိခင်ဖြစ်သူက ရဲအားပြောပြထားသည်။

သမီးဖြစ်သူမှာ လိုက်လံဆော့ကစားနေစဉ် အဆိုပါ အမျိုးသားက လူမနေသည့် အလုပ်သမားတန်းလျား ပေါ်သို့ ခေါ်ဆောင်ပြီး လည်းပင်းအားညှစ်၊ ပါးစပ်အား လက်ဖြင့်ပိတ်၍ အ၀တ်အစားများ ဆွဲချွတ်ကာ သားမယားပြုကျင့်ရန် ကြိုစားစဉ် သမီးငယ်မှ အော်ဟစ်အကူအညီတောင်းရာ လူများရောက်ရှိလာသဖြင့် သားမယားပြုကျင့်ရန် ကြံစည်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုထားသည်။

သားမယားပြုကျင့်ရန် ကြံစည်သူအဖြစ် သံချောင်း (၁၉)နှစ်၊ ကျောက်ထမ်းလုပ်သား အမှတ် (၁၃) ရပ် ကွက်နေသူဟု စွပ်စွဲတိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့် အရေးယူ ရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ ဇန်န၀ါရီ ၃၀ ရက်က တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဖြစ်ပွားထားပြီး အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု အသက် (၄၅)နှစ်အရွယ် မိခင်ဖြစ်သူက ဖေဖော်ဝါရီ ၁ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်။
Mizzima

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။

သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ....

Credit to Mobile House

ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့်ခုတ်

Posted by drmyochit Monday, February 03, 2014, under | No comments

ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည်ဟု မြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယောက်ျားဖြစ်သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကားများပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။

"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။

ဖြစ်စဉ်တွင် စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ်ဓါးမအား ဘေးချထားပြီး နှီးဆက်ထိုးနေစဉ် ဇနီးဖြစ်သူ မတင်မာဝင်းက ဓါးမအား ကောက်၍ နောက်မှ ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက်ခလယ်၊ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။

ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီးရဲစခန်းက (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mizzima - News in Burmese

၁၆ နှစ်သမီးလေး လင်နောက်လိုက်ပြေးသောအခါ

Posted by drmyochit Monday, February 03, 2014, under | No comments

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့် တဲ့အခါ ချစ်သော ဖေဖေ ဒီစာကိုရေး ရတဲ့အ တွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။

သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။

ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး

စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော်/

မိုဘိုင်းဖုန်းဂိမ်းအချို့ သတင်းအချက်အလက်ပေါက်ကြားနိင် ဟုသိရ

Posted by drmyochit Monday, February 03, 2014, under | No comments


နည်းပညာဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်ကာ ပညာရှင် တစ်ဦးဖြစ်သူ ဦးအောင်မြင့်ဇော်ရဲ့ ပြောကြားချက်အရ လူအများ၏ မိုဘိုင်းဖုန်းများ အတွင်းတွင် ထည့်သွင်းကစားနေကြသည့် ဂိမ်းအချို့ သည် ( angry birds & subway) အသုံးပြုသူရဲ့ သတင်းအချက်အလက် အချို့ကိုေ ပါက်ကြားစေနိင်တယ်လို့ သိရပါတယ်။ အရာရာတိုင်းကို ပေါက်ကြားစေတာမျိုးတော့ မဟုတ်ဘဲ ဥပမာ- လမ်းတွေပေါ်မှာ အနီရောင်ဝတ်ထားတဲ့သူကို ရှာချင်တယ်ဆိုရင် အနီရောင်ဝတ်ထားတဲ့သူတွေကိုသာ ရွေးပြီးတော့ စောင့်ကြည့်နေတာမျိုး၊ အရေးကြီးတဲ့ စကားလုံးတွေကို ရွေးပြီး စောင့်ကြည့်နေတာမျိုး ကိုဆိုလိုကြောင်း သိရပါတယ်။ ထို့အပြင် နည်းပညာအရ မိုဘိုင်းဖုန်းများ Root လုပ်ခြင်း၊ Jailbrek ပြူလုပ်ခြင်းတို့သည်လည်း အသုံးပြုသူရဲ့ အချက်အလက်အချို့ကို ပေါက်ကြားစေရန် ပိုမိုလွယ်ကူခြင်း ဖြစ်စေပါတယ်။ ထိုကဲသို့ ပြုလုပ်ချင်ဖြင့် Sand Box ကအလုပ်လုပ်မူ ကျဆင်းကာ app နဲ့ User data တွေနှေးသွားစေတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )
Ref:Smart Pro Journal

တန်းဖိုးနည်း CDMA 800MHz SimCard ကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၉)ခုတွင် လုံးဝ (လုံးဝ) ရောင်းချပေး မည်မဟုတ်

Posted by drmyochit Monday, February 03, 2014, under | No comments


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၂၄) ရက်မှ အစပြု၍ ရောင်းချပေးသွားမည့်ငွေကျပ် (၁,၅၀၀)တန် တန်ဖိုးနည်း SimCard အရေအတွက် (၃၅၀,၀၀၀) တွင်CDMA 800MHz, WCDMA နှင့်GSM SimCard များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်သည်။

အဆိုပါSimCard များခွဲဝေရောင်းချထားမှုအရ CDMA 800MHz SimCard များကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် လုံးဝ မရောင်းချဘဲ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင်သာ ရောင်းချပေး သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ မအူပင်မှာဆိုရင်GSM နဲ့WCDMA SimCard က အရမ်းပေါတဲ့အပြင်ပြင်ပပေါက်ဈေးက လည်း ၆ သောင်းခွဲ ၇သောင်းလောက် ပဲရှိပါတယ်။ အဓိကဈေးကြီးမြင့်တဲ့SimCard ကတော့CDMA 800MHz SimCard ပါ။ ပြင်ပပေါက်ဈေးကလည်း ၁ သိန်း ၁ သောင်းနဲ့ ၁ သိန်း ၃ သောင်းကြားမှာ ရှိပါတယ်။ ဈေးကြီးရတဲ့အကြောင်းကတော့နယ်ဝေးတွေမှာဆိုရင်CDMA 800MHz SimCard တွေက လိုင်းဆွဲအား ပိုကောင်းတော့ ပြင်ပပေါက်ဈေးပိုကြီးပါတယ်” ဟု မအူပင်မြို့နေ ကိုဝင်းနိုင်မှ ပြောကြား ခဲ့သည်။ CDMA 800MHz SimCard များကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေ သ ကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ ရောင်းချပေး သွားမည့် တန်ဖိုးနည်း ငွေကျပ် (၁,၅၀၀) တန်တန်ဖိုးနည်းCDMA 800MHz SimCard အရေအတွက် (၁၅၀,၀၀၀) အနက်ရန်ကုန်တိုင်းဒေသကြီးတွငCDMA 800MHz SimCard ကိုရောင်းချသွားမည်ဖြစ်သည်။
အောင်ရဲကျော်

Ref:Myanmar Digital Life Journal

ကင်ညာတွင် ဗလီတစ်ခုကို ရဲတပ်ဖွဲ့ စီးနင်းရာမှ (၂)ဦးသေဆုံး

Posted by drmyochit Monday, February 03, 2014, under | No comments

တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။

ကင်ညာနိုင်ငံတွင် အကြမ်းဖက်သမားများကို လှုံ့ဆော် စည်းရုံးနေကြောင်း သတင်းထွက်နေသည့် ဗလီတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။ အဆိုပါ ဗလီသည် လူငယ်လူရွယ်များကို အကြမ်းဖက်သမားများအဖြစ် ပုံသွင်းလေ့ကျင့်ပေးနေသည့် ဌာနတစ်ခုအဖြစ် နာမည်ကြီးနေသည်။

အစ္စလာမ်မစ် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်သည့် မက်စ်ဂ်ျဒ်မူဆာ ဗလီကို မိမိတို့ အနေဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။ ကင်ညာရဲတပ်ဖွဲ့က အဆိုပါ ဗလီထဲတွင် အကြမ်းဖက်သမားများကို လူသစ်စုဆောင်း စည်းရုံးနေသည်ဟု ယုံကြည်လျှက်ရှိသည်။ ဖြစ်စဉ်အတွင်း ရဲများနှင့် အစွန်းရောက် လူငယ်အချို့ ထိပ်တိုက်တွေ့ပြီး အနည်းဆုံး အစ္စလာမ်မစ် အစွန်းရောက် သွေးကြွနေသည့် လူငယ်တစ်ဦးနှင့် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။

ရဲတစ်ဦးသည် မျက်နှာတွင် ဓားနှင့်ထိုးခံရပြီး ယင်းဒဏ်ရာကြောင့်ပင် မကြာမီတွင် ကွယ်လွန်သွားခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားခဲ့သည်။ စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့များ အနေဖြင့် ဂျီဟတ်ကြွေးကြော်သံများ ရေးထိုးထားသည့် စာတန်းများ၊ Laptopကွန်ပျူတာများနှင့် DVDများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် နိုင်ငံအတွင်းရှိ ဗလီအချို့ရှေ့၌လည်း ဆန္ဒပြမှုများ ပေါ်ပေါက်လာကြောင်း သတင်းများက ဖော်ပြသွားသည်။

From: Planet Myanamr Network

ပါကစ္စတန်တွင် ရုပ်ရှင်ရုံအတွင်း ဗုံးကွဲပြီး (၃)ဦးထက်မနည်းသေဆုံး

Posted by drmyochit Monday, February 03, 2014, under | No comments

တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုတွင် လူ(၃)ဦး သေဆုံးသွားပြီး လူ(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ(၃)ဦးမျှ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ ရုပ်ရှင်ရုံ တစ်ရုံတွင် ထောင်ထားသည့် မိုင်းဗုံး ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုတွင် လူ(၃)ဦး သေဆုံးသွားပြီး လူ(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအနက် အခြေအနေ ဆိုးရွားသူများလည်း ပါဝင်နေရာ အသေအပျောက် ပမာဏ တိုးပွားလာမည်ကို စိုးရိမ်စရာ ဖြစ်နေသည်။ ပီရှာဝါတွင် ဖြစ်ပွားသော ဗုံးခွဲမှု၏ လက်သည်ကိုမူ တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။

ရဲများက ယခုဗုံးခွဲမှုသည် အသေခံ တိုက်ခိုက်မှု တစ်ခုဟု ယူဆရပြီး ဗုံးသမားသည် လူအများကြား ရောနှောထိုင်နေကာ လက်ပစ်ဗုံးများကို စနက်တံ ဖြုတ်ခဲ့ဟန်တူကြောင်း ပြောကြားခဲ့သည်။ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လက်ချက်အဖြစ် တရားဝင် ကြေညာခြင်း မရှိသေးချေ။ ပက်ရှာဝါသည် ခိုင်ဘာပက်တွန်ခါဝါ ပြည်နယ်၏ မြို့တော်လည်းဖြစ်ပြီး ယခင်နှစ်ပိုင်းများအတွင်း သေနတ်ပစ်မှုများ၊ ဗုံးဖောက်ခွဲများစွာ ဖြစ်ပေါ်ခဲ့ရာ နေရာလည်း ဖြစ်သည်။ အများစုသည် ပါကစ္စတန် အခြေစိုက် တာလီဘန်တို့၏ လက်ချက်ဟုလည်း သိရှိရသည်။

From: Planet Myanmar Network

စင်ပေါ်တက်ပြီး စာပေးခံလိုက်ရသည့် တေလာဆွစ်ဖ်

Posted by drmyochit Monday, February 03, 2014, under | No comments

တလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုးသား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစား ကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်
တေလာဆွစ်ဖ်တစ်ယောက် လူပေါင်းများစွာရှေ့မှောက် ဖျော်ဖြေနေစဉ် အတော အတွင်းမှာပင် စင်ပေါ်ထိတက်ကာ စာပေးခံလိုက်ရကြောင်း သိရ သည်။ အသက်(၂၄)နှစ်ရှိ Countryဂီတစတား အဆိုတော် မလေးသည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် အမေရိကန်မှ ခြေဆန့် ထွက်ခွာ လာပြီး ဗြိတိန်နိုင်ငံ အရောက်တွင် ယခုလို ကြုံခဲ့ ရခြင်း ဖြစ်သည်။ တေလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုး သား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်။ စင်မြင့်လုံခြုံရေး တာဝန်ခံများသည် ထိုသူ စင်ပေါ်အလစ်ပြေးတက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။


တေလာသည် သူမ၏ နာမည်ကျော် We Are Never Getting Back Together သီချင်းကို ဖျော်ဖြေနေစဉ် ထိုသူ က စင်ပေါ် တက်သွားခြင်း ဖြစ်သည်။ တေလာသည် အတန်ငယ် အံ့ဩသွားဟန် ရှိသော်လည်း ထိုပရိသတ် ကို အပြုံးနှင့် ဆီးကြိုခဲ့သည်။ ထို့နောက် ယင်းပရိသတ်က တေလာကို စကား အနည်း ငယ်ပြောပြီး စာရွက်ငယ်တစ်ခု လက်ထဲထည့်ပေးကာ စင်ပေါ်မှ ပြန်ဆင်းသွားခဲ့သည်။ လုံခြုံရေး ဝန်ထမ်း များသည် အစောပိုင်းက ၎င်းကို အကအဖွဲ့ဝင် တစ်ဦးဟုသာ အထင်မှားနေခဲ့သည်။ ပြီးခဲ့သည့် သီတင်း ပတ်ကုန် ဖျော်ဖြေပွဲတွင် ထိုသူစင်ပေါ်မှ ဆင်းလာသည့်နောက် လုံခြုံရေးများက အကြမ်းပတမ်း ဖမ်းဆီး ချုပ်နှောင် ခဲ့သည်ကို ပွဲကြည့်ပရိသတ်များက ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။



မျက်မြင်တစ်ဦးဖြစ်သော အန်ဒရူးဆင်မ်ဆမ်က "ဒါဟာ လုံခြုံရေးအဖွဲ့ရဲ့ အားနည်းမှုသက်သက်ပဲလေ။ ကျွန်တော်တော့ ရုတ်တရက် ယုံတောင် မယုံဘူး။ လူတစ်ယောက် စင်ပေါ်ကို ပြေးတက်သွားတော့ အားလုံးက အကသမားလို့ ထင်နေတာ။ နောက်မှ ဒါဟာ တစ်ခုခု အမှားအယွင်း ဖြစ်နေပြီဆိုတာ သတိထားမိလာတယ်။ အဲဒီလူကိုမြင်တော့ တေလာက ရယ်ချင်သွားပုံရတယ်။ သူက တေလာ့ကို တစ်ခုခုပြောဖို့ ကြိုးစားတယ်။ ပြီးတော့ တေလာ့လက်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်။ တေလာကလည်း ယူထားတယ်။ အဲဒီလူ ပြန်ဆင်းလာတော့မှ လုံခြုံရေးတွေက ဝုန်းဒိုင်းကြဲပြီး သူ့ကို ဖမ်းကြတော့တာပဲ။ လှေကားထစ်တွေအတိုင်း သူ့ကို တရွတ်ဆွဲပြီး ခေါ်သွားတယ်"ဟု ပြောကြားခဲ့သည်။


အခြားမျက်မြင် တစ်ဦးကလည်း "အဲဒီနားမှာ ကလေးတွေ၊ လူငယ်လူရွယ်လေးတွေ အများကြီး ရှိနေတယ်။ ဘာတွေဖြစ်နေတယ် ဆိုတာကို လုံခြုံရေးတွေက နားလည်ပုံ မရဘူး။ ကျွန်မသမီးနှစ်ယောက်က အသက်(၉)နှစ်နဲ့ (၁၃)နှစ်စီပဲ ရှိကြသေးတယ်။ သူတို့မြင်သမျှကို တုန်လှုပ်နေတယ်။ သမီးငယ်က ဒီလူထူးလူဆန်းက ဘာလို့ စင်ပေါ်ပြေးတက်သလဲ ဆိုတာကို မေးပါတယ်။ ပြီးတော့ တခြားလူတွေက ဘာကြောင့် အတင်းဆွဲချကြတယ် ဆိုတာကိုလည်း သူနားမလည်ဘူး။ ဖြစ်ရပ်တစ်ခုလုံးကို သူ့အသိဉာဏ်နဲ့ ခြုံငုံပြီး သရုပ်မခွဲနိုင်သေးဘူးလေ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တေလာသည် လန်ဒန်ဖျော်ဖြေပွဲတွင် ဖက်ရှင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး I Knew You Were Trouble၊ 22နှင့် Love Storyတို့ကဲ့သို့ လူသိများသော သီချင်းများကို ဖျော်ဖြေသီဆိုသွားခဲ့သည်။



From: planet Myanmar Network

အခြေခံ ဥပဒေ ၅၉ စ ကို မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော

Posted by drmyochit Monday, February 03, 2014, under | No comments

ဖွဲ့စည်းပုံ ပြင်ရေး ဆိုင်ရာ အစီရင်ခံစာ
ဒေါ်အောင်ဆန်းစုကြည် သ မ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အခြေခံ ဥပဒေ ၅၉ စ ကို အမျိုးသားရေး ရှူဒေါင့် ကနေ ကာကွယ်စောင့် ရှောက်ပြီး မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော ပွဲတစ်ရပ်ကို မနေ့ နေ့လယ်ပိုင်းက ရန် ကုန်မြို့ တာမွေ မြို့ နယ် ဗိုလ်စိန်မှန် အားကစား ကွင်းမှာ ကျင်းပ ခဲ့ပါတယ်။

လူ ၇၀၀ ကျော် လောက် တက်ရောက်တဲ့ အဲဒီပွဲကို ပြည်သူ လွှတ် တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည် မတူ ကွဲပြားခြင်းနဲ ငြိမ်းချမ်းရေး ပါ တီက ကိုနေမျိုးဝေ အမျိုးသားရေးဝါဒီ ကိုရဲမင်းဦးတို့ တက်ရောတ် ဟောပြော ကြပါတယ်။

ဒီပွဲကို မြန်မာအမျိုးသား ကွန်ယက်က ဦးဆောင်ကျင်းပတာလို့ ပြောပေမဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒီနေ့ပွဲကို မြန်မာအမျိုးသားရေး ကွန်ယက်အပြင် မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲတွေ အမျိုးသား ဒီမိုကရေစီ အင်အားစုက ပါတီဝင်တွေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေ ပါ ပါဝင်ကြပါတယ်။

ဒါ့အပြင် ရဟန်းတော် တွေလည်း တက်ရောက် နားထောင်တာတွေ့ ရပါတယ်။

ကြံ့ခိုင်ရေးပါတီ က နောက် ကပါတယ် ပြောပေမဲ့ ဒီနေ့ပွဲမှာ အဲဒီပါတီ က ဗဟိုကော် မတီဝင် ဦးအောင်သိန်းလင်း တက် ရောက် နားထောင်တာ ကို ဘဲ တွေ့ရပါတယ်။

အခမ်းအနားဟာ အခြေခံ ဥပဒေပညာပေး ဟောပြောပွဲလို့ ပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြင်လိုတဲ့ ၅၉ စ ကို အမျိုးသားရေးကြောင့် မပြင်သင့်တာကို အဓိက ပြောသွားတာတွေ့ ရ ပါတယ်။

ဒါ့အပြင် လွှတ်တော်က ပြင်နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို အနာဂတ် အမျိုးသား အကျိုးစီးပွါး ရှူဒေါင့် ကနေ စီစဉ် ကြဖို့ ကိုလည်း ပြောသွား ကြပါတယ်။


From: BBC

သနပ်ခါးဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ ဝေဖန်မှု ကို အမှန်အတိုင်း သိချင်တဲ့ ဝတ်မှုံရွှေရည်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ‘သနပ်ခါး’ ဇာတ်ကား ထဲမှာ ဝတ်မှုံရွှေရည်က ရဲတိုက်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ မိဘရဲ့ ဆန္ဒအရ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ခဲ့ရပေမယ့် ကိုယ်တကယ် ချစ်တဲ့သူ နဲ့ကြား ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဇာတ်ရုပ်ငြိမ်ငြိမ်နဲ့ သရုပ် ဆောင် ထားပါတယ်။ ဇာတ်ရုပ်အရ ပရိသတ်တွေရဲ့ဝေဖန် မှုကို ဘယ်လိုဖြစ် လာမလဲဆိုတာ အမှန် အတိုင်းသိချင်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်က..

“ဇာတ်လမ်းက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ အိုက် တင်နဲ့ပဲ ဇာတ်ကားရဲ့အဓိပ္ပာယ်ကို ပြသွားတဲ့ပုံစံမျိုးပါ။ ဒါက ကစ် အတွက် ဇာတ်ရုပ်အဆန်းအသစ်တစ်ခုဖြစ် တယ်။ အဲဒါကြောင့်လည်း ဒီလို နေရာမျိုးကို အရဲစွန့်ပြီး ဒါရိုက်တာရော၊ ဇာတ်ကိုရော ယုံကြည်ပြီး ရိုက်လိုက်တာ။ ပရိသတ်တွေရဲ့ ဝေဖန်သံ ကို စောင့် ကြည့်ရမှာပေါ့။ ကိုယ်တိုင်ပြန်ကြည့်တော့ ဦးမင်းထင်ရိုက်ထား တာရိုက်ချက်တွေရော၊ တင်ပြပုံတွေရောကောင်းပါတယ်။ မြင် နေကျ ဇာတ်ကားမျိုးတော့မဟုတ်ဘူး။ ရသတစ်ခုဆိုတော့ အသစ်ဖြစ်တာပေါ့။ ကစ်က အငြိမ်ပုံစံမျိုးလေးနဲ့ ဒါရိုက် တာလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင် ခဲ့တယ်။ ပရိသတ်ရဲ့ ဘယ်လိုဝေဖန်မှုမျိုးရမလဲဆိုတာ ကစ်လည်း အမှန်အတိုင်းသိချင်တယ်။ ဂရုစိုက်ပြီး လိုက်မေးဖြစ်တယ်။ ဒီကားမျိုးကဆန်းတယ်။ ဝေဖန် ပေးစေချင် တယ်။ ကစ်ကိုမြင်နေကျပုံစံ၊ ဇာတ်ရုပ် မဟုတ်တာမျိုးလည်း ဖြစ်စေ ချင်တယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဒီကားအကြောင်း ပြန်ပြီးပုံဖော်ပြီး အဖြေ စဉ်းစားကြည့်နေလိမ့်မယ်လို့ ကစ် ထင်တယ်။ အတွေးတစ်ခုကျန် တယ် ဆိုရင် ကျေနပ်ပါတယ်။ မင်းသား ရော၊ ဒါရိုက်တာရော တိုက်ဆိုင်လို့ ရိုက်ဖြစ်တာလေ” လို့ပြောပြပါတယ်။

ဝတ်မှုံရွှေရည်က ဇန်နဝါရီ ၂၆ ရက်နေ့က အောင်ဇမ္ဗူတောရ ကျောင်း တိုက်မှာ ဆရာတော်နဲ့ သံဃာ တော်များကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်း ခဲ့ပါတယ်။ လာရောက်ဘုရားဖူးမြော်သူ အယောက် လေးထောင်ကိုလည်း ကြက် သား ပလာတာကျွေးမွေးလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး..

“ကစ်က တံခွန်တိုင်လှူထားတော့ ပြီးသွားပြီ ဆိုတာနဲ့ ရေစက်ချခဲ့ တယ်။ ကိုယ့်ရဲ့ အနုပညာကြေးတွေထဲက ဖယ်ထား ပြီး တတ်နိုင် သလောက် လှူဖြစ်တာပါ။ ဒီလို အလှူလေးတွေလုပ်ရတာ စိတ်ကိုကြည်လင်စေပြီး ပီတိဖြစ်ရတယ်။ အဲဒီတော့ ပရိသတ်ရဲ့အလှူ ဒါနတွေလည်းပါတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ – ထက်လူလူ

Popular Journal

Media 7 မှ ရိုက်ကူးမည့်ဇာတ်ကားတွင် ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်ကို ထည့်သွင်းရိုက်ကူးမည်

Posted by drmyochit Monday, February 03, 2014, under | No comments


Media 7 က ယခု ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင်
Miss Universe Myanmar မိုးစက်ဝိုင်ကို ပအိုဝ် တိုင်းရင်းသူအဖြစ် ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ကြောင်း ADMA media Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က မဇ္ဈိမသို့ ပြောသည်။
ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ထိုင်းနာမည်ကျော် PEE
MARK မင်းသမီးဒါဝိကာ(Davika)၊ ထိုင်းအဆိုတော်၊ မင်းသားမို့စ် (Mos) ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် လူမင်းတို့ သရုပ်ဆောင်ရန် ရွေးချယ်ထားပြီး ယခုအခါ မိုးစက်ဝိုင်ကိုလည်း ပအိုဝ်းတိုင်းရင်းသူအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် ထပ်မံရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။

“သူက ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ လက်မခံပေမယ့် အခုဇာတ်ကား ရဲ့script ကို သေချာပြ တယ်။ သူနဲ့အကြို ညှိနှိုင်းမှုတော့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ကင်မရာပိုင်း၊ နည်းပညာပိုင်းတွေကို Kantana JK မှ အားလုံးအဓိက ပံ့ပိုးကူညီသွားမှာပါ။ ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း တချို့ကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာများ
လည်း ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်” ဟု Media 7 မှ CEO ဦးဝေမင်းမောင်က ပြောသည်။

Media 7 အနေဖြင့်နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေ ဖြင့် ပထမဆုံး
ရုပ်ရှင်ထွက်ရိုက်ရာတွင် မြန်မာကိုယ်စားပြုဖြစ်သည့် Miss Universe မိုးစက်ဝိုင်ကို ကမ္ဘာ ကသိနေခြင်းကြောင့်ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။

မိုးစက်ဝိုင်သည် miss ဆုများ ရရှိခဲ့ပြီးနောက်ပိုင်း တွင်မီဒီယာသမားများ၏ “ရုပ်ရှင်ဗီဒီယိုရိုက်ကူးမှု ရှိလာမလား” ဆိုသည့်မေးခွန်းတွင် ရိုက်ကူးမှု မရှိနိုင် ကြောင်း ငြင်းဆိုခဲ့ဖူးသူဖြစ်သည်။ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားသည် ၎င်း၏ ပထမဆုံးသော ရုပ်ရှင် ရိုက်ကူးသည့် အနုပညာခြေလှမ်းဖြစ်သည်။

အဆိုပါဇာတ်ကားတွင် PEE MARK ဇာတ်ကားမှ ထိုင်းမင်းသမီးဒါဝိကာ (Davika Hoorne)၊ စိုင်းစိုင်းခမ်း လှိုင်နှင့် Miss Universe မိုးစက်ဝိုင်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အဓိကအခြေခံ ရိုက်ကူးသွား မည် ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ရှမ်းလူမျိုး Tour Guide အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်၊ ထိုင်းနိုင်ငံသူအဖြစ် Davika တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်းပြင် ဆင်ထားပြီးဖြစ်သည်။ ၎င်းရုပ်ရှင် ဇာတ်ကားနာမည်ကို အတည်တကျ ရွေးချယ်ပြီးပါက ပရိသတ်တွေကို အသိပေးသွားမည် ဖြစ်သည်။

Media 7 က ထုတ်လုပ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းတွင် အပြီးသတ်ရိုက်ကူးသွား မည် ဖြစ်ပြီး အထင်ကရနေရာများဖြစ်သည့် အင်းလေးဒေသကို အဓိကထားရိုက်ကူးသွားမည် ဖြစ်ကာ ပုဂံ ၊ ရန်ကုန် ၊ ဘန်ကောက်တို့တွင်လည်း ရိုက်ကူးသွားမည်ဖြစ်သည်။

Mizzima - News in Burmese

MX Player Pro V1.7.23 For Android(Latest Version)

Posted by drmyochit Monday, February 03, 2014, under | No comments


MX Player (Full version-v.1.7.23) လေးပါ။Update တွေ့လို့ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျ။Android Devices သုံးစွဲတဲ့သူတွေအကြိုက် Player လေးတခုပါ။Multi -core Decoding စနစ်ပါဝင်ပါတယ်။တော်ရုံPlayer တွေမဖတ်နိုင်တဲ့ Formats တော်တော်များများကို ဖတ်နိုင်စွမ်းရှိပါတယ်။CPU Optimization Feature ပါဝင်သောကြောင့် Video ကြည့်ရှုနေစဉ်အတွင်းမှာ Zoom ကိုလိုသလို ဆွဲယူကြည့်ရှုနိုင်ပါတယ်။ပြီးတော့သူ့ရဲ့အားသာချက်ကတော့ ရုပ်ထွက်ကြည်လင်မှု့နဲ့ စာတန်းထိုး ရုပ်ရှင်များကိုပါကြည့်ရှုနိုင်ခြင်း ပါပဲ။ဒီMX Player လေးကို Google Play Store တွင်US$ 6.0 ဒေါ်လာဖြင့် ဝယ်ယူ အသုံးပြု ရမည်ဖြစ်ပြီး အောက်ကလင့်ခ်တွင် Free ရယူနိုင်ပါသည်။

ဆော့ဝဲလ်အားရယူရန်

မိမိဖုန်းနှင့်အဆင်ပြေမည့် Codec ဖိုင်များအားရယူရန်


IOS Application များကိုအလွယ်ကူဆုံး Crack လုပ်နည်း

Posted by drmyochit Monday, February 03, 2014, under | No comments

iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa) ဖိုင်များကိုအလွယ်ကူဆုံး Crack လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက် ပြန်လည်ဖြေပေးလိုက် ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်း ရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာ အသုံးချဖို့သာ ရည်ရွယ်ပါ တယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲ ထည့်သွင်း အသုံးပြုလို့ ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်း သာဖြစ်ပါ တယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီး အသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။

CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။

ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။


ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။



crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။

ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။

Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

From: Myanmar Mobile App

ကုန်တိုက်ဖောက်ပြီး အရုပ်မကို လိင်ဆက်ဆံခဲ့သူ

Posted by drmyochit Monday, February 03, 2014, under | No comments

ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။

အရုပ်မကို လိင်ဆက်ဆံခဲ့တဲ့ ကုန်တိုက်ကို ဖောက်သူလို့ သံသယဖြစ်ခံရသူကို ဖမ်းဆီးထားစဉ်၊ 
ဓာတ်ပုံ- mirror.co.uk

 ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။

ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။

သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။

(အရုပ်ဆိုတာက အ၀တ်အစားရောင်းတဲ့ဆိုင်ရှေ့တွေမှာ ထောင်ထားတတ်တဲ့ လူပုံတူအရုပ်တွေ ဖြစ်ပါလိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထားတတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ)

တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ
ဖော်ပြပါတယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါးပဲ တက်လာပါတယ်)

ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာပဲဖြစ်မယ်လို့ ပြောထားပါတယ်။

 ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်းစာတစောင်ကို ပြောပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးပါဘူး တဲ့။

ဒါကတော့ ယူကျုပေါ်မှာ ပျံ့နေတဲ့ သူခိုးက အရုပ်မကို လိင်ဆက်ဆံနေတဲ့ စီစီတီဗီမှတ်တမ်းပါ။


အိမ့်သံစဉ်
ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်