Thursday, February 06, 2014

အမျိုးသမီးတစ်ဦးကို ရက်စက်စွာ အသတ်ခံရသည့်အမှု (၃)ရက်အတွင်း ခက်ခက်ခဲခဲ ဖော်ထုတ်နိုင်ခဲ့

Posted by drmyochit Thursday, February 06, 2014, under | No comments


မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊ မကွေးမြို့၊ ခွေးတိုင်းရိုး သုသာန်ဟောင်း၏ တောင်ဘက် ရှိ ကန္တာရတော ထဲတွင် အမျိုး သမီးတစ်ဦးကိုရက်စက်စွာအသတ် ခံရမှုကို မကွေးခရိုင်ရဲတပ်ဖွဲ့က (၃)ရက် အတွင်း လူသတ်တရားခံ ကို ခက်ခက်ခဲခဲ ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း သတင်းရသည်။
ဖြစ်စဉ် မှာ -၂၉.၁.၂၀၁၄ ရက် မွန်းတည့် ၁၂ နာရီအချိန် ခန့် မကွေးမြို့၊ ချမ်းမြေ့သာယာ ကျေးရွာ အနီးခွေး တိုင်း ရိုးသုသာန် ဟောင်း၏ တောင်ဘက်ရှိကန္တာရ တောထဲတွင် အမျိုးသမီးတစ်ဦး အလောင်း တွေ့ရှိကြောင်း သေ ဆုံးသူမှာ မနီနီမြင့် (၂၅)နှစ် (ဘ) ဦးဘမော်၊ ဈေးရောင်းအမှတ် ၁၀ က/၂ မေတ်္တာလမ်း၊ စိုးပေါ် မင်းရပ်ကွက် နေထိုင်သူဖြစ် ကြောင်း၊ ၄င်းသည် ကျောက်ပန်း တောင်းမြို့နယ် ပွေးကျစ်ရွာမှ မကွေးမြို့သို့ ပြောင်းရွှေ့နေထိုင် သည်မှာ တစ်လခွဲခန့်သာ ရှိပြီ ဖြစ်ကြောင်း သူမတွင် အသက် (၄)နှစ်အရွယ် သားတစ်ယောက် ရှိကြောင်း၊ သူမ၏ခင်ပွန်းမှာသက် နိုင်လင်း ယာဉ်နောက်လိုက်ဖြစ် ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ညီဝမ်း ကွဲတော်စပ်သူ ကိုနေလင်းထွန်း ၏ ယာဉ်တွင် ယာဉ်နောက်လိုက် လုပ်ရန် ခရီးထွက်သွားကြောင်း ရဲက စုံစမ်းသိရသည် ဆို၏။

သေဆုံးသူ မနီနီမြင့်၏ ၀ဲ ဘက်မေးရိုးအောက်တွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀မ်းဗိုက်အလယ် ၌ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ယာဘက်ရင်အုံအထက် ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံး နေကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် အရိုးမပါ သော ငါးမန်းသွား ဓားဦးချွန် (၈) လက်မခန့် ဓားတစ်ချောင်း ပုဆိုး ဟောင်း အနီကွက်တစ်ထည်နှင့် နီညိုရောင် ကတ်္တီပါ အမျိုးသမီးစီး ၀ဲဘက်ဖိနပ် တစ်ဖက်ကို စစ်ဆေးတွေ့ရှိရရကြောင်း သိရ သည်။

၎င်းမနီနီမြင့် အသတ်ခံရမှု နှင့်ပတ်သက်၍ ၄င်း၏ခဲအိုဖြစ်သူ ကိုနေလင်းထွန်း ရန်ကင်းရပ်ကွက် (၁)လမ်း အမှတ်(၁၀၃)နေထိုင်သူ မှ လူသတ်တရားခံကို ဥပဒေနှင့် အညီ အရေးယူပေးပါရန် တရား လိုပြုလုပ် တိုင်တန်းသဖြင့် မကွေး မြို့မရဲစခန်းက (ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီးလူသတ်တရားခံ ကို အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁-၂-၂၀၁၄ ရက်တွင် ထူးခန့်ကျော် (၂၀)နှစ်၊ ရွာသစ်ရပ်ကွက်၊ (၁၈) လမ်း၊ မကွေးမြို့နေထိုင်သူကို မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့၌ လက်ရဖမ်းဆီးရမိခဲ့ပြီး ၄င်း ထူးခန့်ကျော်ကလည်း မိမိတစ်ဦး တည်း ပြစ်မှုကျူးလွန်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်း ရသည်။

ဟင်္သာ(တောင်တွင်းကြီး)

Facebook အလွန်သုံးစွဲခြင်းသည် သစ္စာမရှိခြင်းကို ဖြစ်ပေါ်စေသည် ဟုသိရ

Posted by drmyochit Thursday, February 06, 2014, under | No comments


ဖေ့ဘုတ် အလွန်အကျူးသုံစွဲခြင်းအပေါ် လေ့လာမူတစ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ " ကျမဒီဖေ့ဘုတ်ပေါ်မှာ ရှိနေလေလေ သူအဲဒီအပေါ်မှာ တွေ့မြင်သွားမှာ စိုးရိမ်လေလေ။ သံသယ စိတ်တွေ သိပ်လွန် ကဲနေခဲ့ တယ်လေ " လို့ Kate Wise ဆိုသူက ပြောခဲ့ပါတယ်။

" သူတို့အမြဲပြောတယ် ဒီအရာလေးဟာ ရွေးချယ်မူ အရာတွေအားလုံးရဲ့ လွတ်လပ်မူ လေးတစ်ခုပါတဲ့ "

" ထိုရွေးချယ် မူကို ပြုလုပ်ပြီး ချိန်မှာတော့ ဒီအရာဟာ လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာ သိရှိခဲ့ရပါ တယ်"

အခု Facebook ရဲ့ ဆိုးကျိုးကို သိပ္ပံပညာအားဖြင့် အတည်ပြုလိုက်ပါပြီ။ ဆိုက်ဘာစိတ်ပညာ၊ လူအပြုအမူ၊ ဆိုရှယ် နက်ဝက်ဘ် ဂျာနယ်တွေမှာ လေ့လာမူတစ်ရပ်က အဆိုပါ ဖေ့ဘုတ်သက်ရောက်မူ အကြောင်းကို ရေးသား ဖြန့်ဖြူး ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြောကြားချက်အရ Facbook ပေါ်မှာ အချိန်ကြာကြာ အချိန်ဖြုန်းလေလေ သင့်တို့ရဲ့ မျက်စိတွေဟာ ပိုပြီး ကျယ်ကျယ်ဝန်းဝန်းရောက်ရှိလေလေ ဖြစ်ပါတယ်။ ဆိုလိုတာက ယောကျာင်္းလေးနဲ့ မိန်းကလေးတေတွေ့ဖို့ အချိန်းအချက်ပိုမိုရရှိစေကာ ဖောက်ပြားဖို့အတွက် လမ်းစတွေ ရှိလာတာကို ဖြစ်ပါတယ်။

CBS လော့အိန်ဂျလစ်ရဲ့ သတင်းအရ ချစ်သူတွေနဲ့ ခင်ပွန်း (သို့) ဇနီးသည်တွေဟာ ဖေ့ဘုတ် ပေါ်က ဖော်ပြချက်အပေါ်သူတို့ရဲ့ပါတနာ( လက်တွဲဖော်) ရဲ့ ခြိမ်းခြောက်မူကိုခံစားနေရပါတယ်။ လို့သိရပါတယ်။ အခြားတစ်ယောက်နဲ့အတူ ပြန်လည်ဆက်သွယ်မူ လိမ်ညာမူတွေနဲ့ အဓိက ဖျားယောင်း မူတွေထဲမှာ တစ်ခု ဖြစ်လို့ပါပဲ။ မိတ်ဆွေတို့၏ လက်တွဲဖော်ရဲ့ သတိပေးခြင်းကို ခံရလိမ့်မှာ ဖြစ်ပြီး အကြောင်းကတော့ ဖေ့ဘုတ်ဟာ ထိုသို့အရာတွေအားလုံးကို သိစေနိင်တဲ့ နေရာတစ်ခု ဖြစ်ပြီး မိတ်ဆွေတို့ရဲ့ Relationship ကို ပြိုကွဲစေပါလိမ့်မယ်။

ဖေ့ဘုတ်ဟာ နောက်ဆုံးသစ္စာရှိတဲ့ လူသတ်သမားပါလို့ တစ်ယောက်သောသူက ပြောခဲ့ပါတယ်။ တကယ်လည်းဖေ့ဘုတ်ဟာ (ပုန်းကွယ်နေတဲ့ သစ်သီး )နောက်တစ်ယောက်ကို ငြိတွယ်နိင်အောင် ကူညီပေးနိင်တယ်လို့ မြင်နေရပါတယ်။ ထို ကဲ့သို့သော အကြောင်းအရာတွေကို စိတ်ပညာရူထောင့်မှ လေ့လာချက်အရ ထိုဖြစ်ရပ်များသည် အနည်းငယ်သော Like လုပ်ခြင်း၊ Chat Box , Comment Box တို့မှ ပရောပရိလုပ်ခြင်းတို့မှ စတင်နိင်ကြောင်း၊ မီးတောက်နဲ့တူသော ပျက်စီးထိခိုက်နစ်နာမူများကို မြင်ရတဲ့ အချို့ အရာတွေ ဖြစ်ကြောင်း သိရပါတယ်။ နောက်ကျနေတဲ့ညအခါမျိုးတွေမှာ နာမည်သိတဲ့ တစ်စုံတစ်ယောက်ကို ဖေ့ဘုတ်မှာ ရှာပြီး Bang Bang လုပ်ရက အစပေါ့။

ဟုတ်ပါတယ်။ အဲဒီ Bang Bang နဲ့ မိတ်ဆွေတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ သေဆုံးသွားပါလိမ့်မယ်။

ဒါပေမဲ့ အဆိုပါ ဖြစ်ရပ်တွေဟာ တကယ်ပဲ သစ္စာမရှိမူတွေကို ဧကန်ဖြစ်စေမှာလား ?

အစိတ်အပိုင်းတစ်ခုအနေနဲ့သာ Facebook ပေါ်က ကျတော်တို့ရဲ့ ယိုယွင်းမူတွေကိုမကြည့်ဘဲ ကိုယ်ကိုယ်ကို စိတ်ချလက်ချနေနိင်ဖို့အတွက် သူတို့မရှိဘဲ ပိုပြီးကောင်းကောင်းမွန်နေနိင်မှာလား ဆိုတာ တွေးဖို့ရှိပါတယ်။ ဂုဏ်ကျက်သရေတွေအတွက် Club ထဲက ဘားတန်းဒါး တစ်ယောက်လို သူတို့ရဲ့ နောက်ဆုံးတင်တဲ့ ဓာတ်ပုံတွေ၊ Update တွေကို မကြည့်ပဲနဲ့ လေ။ ကျတော်တို့ အဲဒီလို လုပ်ကြမလား ? ဖေ့ဘုတ်ပေါ်မှာမှ မဟုတ်ပါဘူး။ အပြင်မှာလည်း ရပ်တည်မူနှစ်ခု အတွက် ( ငါးနှစ်ကောင်ဖမ်းပြီ) ဥာဏ်ကောင်းစွာဖြင့် သူတို့တွေရဲ့ ချစ်သူကို မျက်နှာချိုသွေးပြီး နေနိင်တာပါပဲ။

Aung Heine ( Smart Pro Journal)

မလေးရှားတွင် ဖမ်းဆီးခံရသူများ မြန်မာ မှန်ကန်မှသာ အထောက်အထားပေးမည်

Posted by drmyochit Thursday, February 06, 2014, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက် လုပ်ကိုင် မှုကြောင့် ဖမ်းဆီးခံရသည့် လုပ်သား များကို နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် မြန်မာနိုင်ငံ သား ဖြစ်သူများကိုသာ အထောက်အထား ထုတ်ပေး သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအရာရှိက ပြောကြားသည်။

မြန်မာနိုင်ငံ သား မှန်ကန်ကြောင်း သန်းခေါင်စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် တင်ပြနိုင်လျှင် နေရပ်ပြန်ခွင့် ရရန် မြန်မာသံရုံးက တရားဝင် အထောက်အထား (CI) ထုတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသား မှန်ပါက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် အစီအစဉ်ကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာများကို နေရပ်ပို့ရန် စီစဉ်ရာတွင် တရားဝင် အထောက်အထား မရှိဟုဆိုကာ မြန်မာသံရုံးက အဆိုပါ မြန်မာများကို လက်မခံဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ပြောဆိုကြောင်း မလေးရှားနိုင်ငံပိုင် သတင်းစာဖြစ်သည့် BERNAMA သတင်းစာတွင် ဖော်ပြသည်။

မြန်မာသံရုံးက နိုင်ငံသား မဟုတ်ကြောင်း ငြင်းဆို ခံထားရသူများမှာ မြန်မာစကား ပြောတတ်သော်လည်း ၎င်းတို့တွင် အထောက်အထား မရှိသဖြင့် နေရပ်ပြန်လာရန် အစိုးရက လက်မခံခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်သည့် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး အစီအစဉ်တွင် နိုင်ငံခြားသား ၁၅၀၀၀ ကို စစ်ဆေးခဲ့ပြီး ယင်းအနက် နိုင်ငံခြားသား ၃၀၀၀ ခန့်ကို ဖမ်းဆီးထား ကြောင်း BERNAMA သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားအနက် အင်ဒိုနီးရှားနိုင်ငံသား ၁၀၆၄ ဦး၊ မြန်မာ ၃၄၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃၃၁ ဦး အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဇန်နဝါရီလ ၃၀ တွင် ဖော်ပြသည့် BERNAMA သတင်းတစ်ရပ်တွင် ပါရှိသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် အင်ဒိုနီးရှား ၅၆၃ ဦး၊ မြန်မာ ၁၁၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁၁၃ ဦးတို့ကို မူရင်းနိုင်ငံ ပြန်ပို့ပြီး ဖြစ်သည်ဟု Datuk Alias Ahmad က ပြောဆိုကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် ဖမ်းဆီးခံရသူများကို ခုနစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံသံရုံးက ကျခံရမည်ဖြစ်ပြီး ပြန်ပို့ခံရသည့် လုပ်သားများသည် နောက်တစ်ကြိမ် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် မပြုကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားသည်။

မလေးရှားရောက် တရားမဝင် မြန်မာများ အဖမ်းအဆီးမခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Idenity) ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Oppositeyes

မြန်မာလူငယ်တွေ ပေါ်ပင်မလုပ်ပါနဲ့

Posted by drmyochit Thursday, February 06, 2014, under | No comments

ဒီဆောင်းပါးရေးမယ် ရေးမယ်နဲ့ ခုမှပဲ ရေးဖြစ်တော့မယ်။ မြန်မာလူငယ်တွေ ကို ခပ်နာနာလေး ပြောပြီး ဆုံးမမယ့် ဆောင်းပါး ဖြစ်နေတော့ သေချာလည်း စဉ်းစားခဲ့ရတာပါ။ ခု ရေးပါမယ်။ မညာတမ်း၊ အားမနာတမ်း ပြောရ ရင် မြန်မာ လူယ်အချို့ဟာ ပေါ်ပင် အရမ်းကြိုက်တယ်။ ခေတ်သုံး ဘမ်းစကားနဲ့ ပြောတာပါ။ ဆိုလိုရင်းက မြန်မာလူငယ် အချို့ တွေ အရမ်း နာမည်ကြီးချင်ကြတယ်။ အလွယ်လန်းကို လိုက်တယ်။ အပျော်မက်တယ်။

"ဒီတော့ အနီးစပ်ဆုံး ကြည့်လိုက်တဲ့အခါမှာ အလွယ်လန်းလိုက်ပြီး အပျော်လည်းမက်ရ၊ နာမည်လည်း ကြီးလို့ ရတဲ့ အကောင်းဆုံး လျှောက် လမ်း တစ်ခုက အနုပညာ လမ်းကြောင်း ဖြစ်နေပါတယ်။"

ခုနေ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မိတ်ဆွေ ၇ ယောက်ရှိရင် အနည်းဆုံး ၁ ယောက်လောက်က အနုပညာနဲ့ ဆက်စပ်တဲ့ အလုပ်လုပ်နေပါတယ်။ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် အနုပညာနဲ့ တစ်နည်းမဟုတ် တစ်နည်းဆက်စပ်ပြီး မော်ဒယ်လိုလုပ်၊ သရုပ်ဆောင်လို လို၊ အဆိုတော်လိုလို၊ ဂီတ သမားလိုလို၊ ဓာတ်ပုံ သမား လိုလို အရမ်းများပါတယ်။ အဲ့လို များလို့ အပြစ်ပြောတာ မဟုတ်ပါဘူးနော်။ ဒါတွေ ဟာလည်း တိုင်းပြည်မှာ လိုအပ်နေတဲ့ အရာတွေပါပဲ။

အမေရိကန်မှာ ဟောလိဝုဒ်ကို မြို့သီးသန့်ခွဲလိုက် အကြောင်းအရင်း ရှိပါတယ်။ ဒါကတော့ အနုပညာ အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအလေ့အထနဲ့ သာမန်လူ အသိုင်းအဝိုင်းက ယဉ်ကျေးမှု အလေ့အထိ ဆီးကူးသွားမှာ စိုးလို့ ဖြစ်ပါတယ်။ ဟောလိဝုဒ်က အနုပညာသယ်တွေ သူတို့မြို့ထဲ မှာ ဖြစ်သလိုနေ၊ ဖြစ်သလို သွားလို့ ဂရုစိုက်မယ့်သူ မရှိပါဘူး။ သို့ပေမယ့် အခြားမြို့တစ်ခုခုကို ထွက်လိုက်ရင် အနည်းနဲ့ အများ လူ ဂရုစိုက်ခံရပြီး မီဒီယာ ကင်မရာ လက်ချက်ကနေလည်း မလွတ်ပါ။ ဒါကြောင့်ပဲ ဥာဏ်ပညာအမြော်အမြင်ကြီးတဲ့ အမေရိကန် အစိုးရ များက အနုပညာ လုပ်ငန်းများကို သီးသန့်လုပ်ကိုင်ပြီး တိုင်းပြည်အတွက် အထောက် အကူ ပြုဖို့ မြို့တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အိုင်တီလုပ်ငန်းနဲ့ ပက်သက်ရင် ဆီလီကွန် တောင်ကြားမှာ စုဝေးစေ သလို၊ လောင်းကစား လုပ်ငန်းအတွက် လက်စ်ဗီးကပ်မှာ စုဝေးစေပါတယ်။ စတော့ရှယ်ယာ အတွက် Wall Street မှာ စုဝေးစေပြီး နိုင်ငံ အစိုးရ ရုံး စိုက်ဖို့အတွက် ဝါရှင်တန်ကို ရွေးချယ်ပါတယ်။ အာကာသနဲ့ သဘာဝ သုတေသန လုပ်ငန်းအတွက် အရီဇိုးနား မှာ ရုံးစိုက်စေပါတယ်။ စိုက်ပျိုးရေးအတွက် တက္ကဆက်နဲ့ ဗာဂျီနီးယား၊ မော်တော်ယာဉ် စက်မှု လုပ်ငန်း အတွက် မစ်ချီးဂန်း အစရှိသဖြင့် ကွဲပါတယ်။

ဒီလိုခွဲတယ်ဆိုတာ ခွဲချင်တိုင်း ခွဲတာ မဟုတ်ပါဘူး။ ကဏ္ဍတွေ ရောစပ် ပူးကပ်သွားမှာစိုးလို့ ဖြစ်ပါတယ်။ အနုပညာ လုပ်ချင်သူများအတွက် တစ်နေရာ၊ စီးပွားရေးအတွက် တစ်နေရာ၊ စိုက်ပျိုးရေးအတွက် တစ်နေရာ၊ အိုင်တီ အတွက် တစ်နေရာ အစရှိသဖြင့် သေချာ ခွဲထားပါတယ်။

လက်ရှိ ရန်ကုန်မြို့ကြီးကတော့ အားလုံး ပေါင်းစုံပါတယ်။ အိုင်တီလုပ်ငန်း များ စုဝေးပါတယ်။ အနုပညာ လုပ်ငန်းများ စုဝေးပါတယ်။ ပျော်စရာ စုဝေးပါတယ်။ စီးပွားရေး လုပ်ငန်း စုဝေးပါတယ်။ အစိုးရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေ ကိုတော့ နေပြည်တော်ကို ပြောင်းလိုက်ပါပြီ။ ကျန်တာ အများစုကတော့ ရန်ကုန်ဟာပဲ အဓိက အချက် ချာ ကျတဲ့ နေရာ တစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီတော့ ရန်ကုန်မှာ နေထိုင်၊ ကြီးပြင်းလာတဲ့ ကလေးများ၊ လူငယ်များဟာ သူတို့ ပတ်ဝန်းကျင်မှာ လူတန်းစား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လုပ်ငန်းပေါင်း စုံကို မြင်တွေ့ရပါတယ်။ မြင်တွေ့ရမှုအထဲမှာ သူတို့ ဥာဏ် အမှီ လွယ်ဆုံး၊ အလွယ်တကူ အသွားနိုင်ဆုံးက အနုပညာလုပ်ငန်း ဖြစ်လို့နေပါတယ်။ သီချင်း ဆိုပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲ၊ ဓာတ်ပုံ ပြိုင်ပွဲ၊ သရုပ်ဆောင် ပြိုင်ပွဲ အစရှိသဖြင့် စာရွက်စာတမ်း ပညာရေး အထောက် အကူ ပြုစရာ သိပ်မ်လိုတဲ့ လမ်းကို လွယ်တကူ ရွေးတတ်ကြ ပါတယ်။ ဝင်ရတာ လွယ်ကူ တာကြောင့်တင် မကပဲ လူတကာ ဂရုစိုက်ခံချင်စိတ်၊ လူတကာ အထင်ကြီးလေးစား၊ အချစ်ခံချင်စိတ်က ပိုပြီးတော့ ကြီးထွားလာပါတယ်။

နဂိုကတည်းက ပညာရေး စနစ် လိုအပ်ချက်ရှိနေသေးတဲ့ မြန်မာပြည်မှာ အထင်ကြီးခံချင်ကြ၊ အလေးစား ခံချင်ကြ၊ ဂရုစိုက်ခံချင်ကြ တဲ့ လူငယ်တွေက အနုပညာ လုပ်ငန်းကို လွယ်တကူ ရွေးချယ်လိုက်ကြ ပါတယ်။ ဒီလိုရွေး လို့ အပြစ်မဆိုလိုပါဘူး။ ရွေးချယ်မှုထဲမှာ အမှန်တကယ် ထိုးဖောက် အောင်မြင်သွားသူ များလည်း လက်ချိုးရေ မရအောင် အတော်လေးများပါတယ်။ ဒီ အနုပညာအလုပ်က လွယ်လည်း မလွယ်ပါဘူး။ ဝင်ရတာ လွယ်ပေမယ့် ရပ်တည်ဖို့ လွယ်ပေမယ့် အောင်မြင်ဖို့ ခက်ခဲတဲ့ လမ်း ဖြစ်ပါတယ်။

ဒါနဲ့ပဲ အောင်မြင်ဖို့အတွက် တစ်နည်းမဟုတ် တစ်နည်းကြိုးပမ်းကြ၊ ရုန်းကန်ကြ၊ ကြိုးစားကြရင်းနဲ့ အသက်တွေ ကြီးလာပြီး တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ဟာ အတော်လေး ကျဆင်းသွားရ ပါတယ်။
"ဒီတော့ မိမိ အကြားအမြင် ဗဟုသုတနဲ့ ပက်သက်ပြီးတော့ များစွာ လေ့လာသင်ယူဖို့ လိုသလို၊ ပေါ်ပင် နာမည်ကြီးချင်စိတ်၊ အထင်ကြီးခံချင်စိတ်၊ အောင်မြင်စိတ်တွေကိုလည်း သေချာသုံးသပ်ရပါမယ်။ ဒါတွေကို ဖျက်ရမယ်။ ဖျောက်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီအရာတွေ ရရှိဖို့အတွက် အနုပညာနဲ့ မဟုတ်ပဲ အခြား ဘယ်နည်းလမ်းနဲ့ ငါကြိုးစားနိုင်သေးသလဲ ဆိုတာကို သုံးသပ်စေဖို့ ဖြစ်ပါတယ်။"

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ဆိုတာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ဖွံ့ဖြိုးဖို့ လိုအပ် ပါတယ်။ ဒီတော့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှာ ထူးချွန်ထက်မြတ်တဲ့ လူ့စွမ်းအား အရင်း အမြစ် များ ရှိဖို့ လိုအပ် ပါတယ်။ အိမ်တစ်အိမ်ကို သံချောင်းတွေချည်းနဲ့ ဆောက်လို့မရသလို၊ အုတ်ချည်း သက်သက်နဲ့ လည်း ဆောက်လို့ မရပါဘူး။ အုတ်နဲ့ သံချောင်း အချိုးကျပြီး အခြား လိုအပ်တဲ့ အဆာပလာ စုံလင် ပါမှ အိမ်ကောင်းကောင်း တစ်လုံး ထွက်လာစေတာ ဖြစ်ပါတယ်။ အလားတူပါပဲ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုး တိုး တက်ဖို့ အတွက် ကဏ္ဍပေါင်းစုံက လူငယ်များ အချိုးကျ ပါဝင်ဖို့ လိုတယ်ဆိုတာကို တိုက်တွန်း အကြံပြုရင်း စေတနာထား ရေးသား လိုက်ရ ပါတယ်။

အောင်ခမ်း ( ရိုးရာလေး ) 

၁၃ နှစ်ကို ၆၂ နှစ်အမျိုးသားကြီးက အဓမ္မကျင့်ရန် ကြံ

Posted by drmyochit Thursday, February 06, 2014, under | No comments


တိုက်ကြီးမြို့နယ်တွင် ဆိတ်ကျောင်းနေသည့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို အရက် မူးနေသည့် အသက် ၆၂ နှစ်အမျိုးသားကြီးက အဓမ္မပြုကျင့်ရန် လုပ်ဆောင်သည်ဆိုသည့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု စခန်းမှူး ရဲအုပ်သန်းဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုမှာ ဖေဖော်ဝါရီ ၄ ရက် က ဖောင်ကြီး-ပဲခူး ကားလမ်းဘေး နှင်းဆီမြိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိတ်ကျောင်းနေသည့် အဆိုပါမိန်းကလေးငယ်ကို တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကျေးရွာတစ်ခုရှိ အသက် ၆၂ နှစ်အရွယ် အမျိုးသားက ဆိတ်များပြသပေးရန် ပြောဆိုပြီးနောက် အဓမ္မပြုကျင့်ရန် ကြံစည်အား ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ကလေးငယ်၏ မိသားစုဘက်က တိုင်တန်းထားသည်။

အဆိုပါ အမျိုးသားကြီးမှာ အရက်မူးနေပြီး မိန်းကလေးငယ်ကို ဂျိုးဖြူပိုက်လိုင်းအနီးတွင် တွန်းလှဲပြီး သားမယားပြုကျင့်ရန် ကြိုးစားလုပ်ဆောင်ခဲ့သဖြင့် မိန်းကလေးက ရုန်းကန်ထွက်ပြေးလာရသည်ဟုလည်း ဆို ထားသည်။

ထို့ကြောင့် အသက် ၄၅ နှစ်ရှိမိခင်ဖြစ်သူက သမီးငယ်အားအဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်သူကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

“တိုင်တန်းခံထားရသူက အဖိုးကြီးပါ၊ သူပြစ်မှုကျူးလွန်ကြောင်း ရဲစခန်းမှာ ၀န်ခံထားပါတယ်။ ကျွန်တော် တို့ သူ့ကိုအဓမ္မမှု ကျူးလွန်ရန် ကြိုးစားအားထုတ်မှုနဲ့ ဆက်လက်အရေးယူသွားမှာပါ”ဟု ရဲအုပ်သန်းဦးက ရှင်းပြခဲ့သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို တိုက်ကြီးရဲစခန်းက (ပ)၄၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်ရန် အမှုကို စစ်ဆေးတည်ဆောက်နေသည်ဟု ရဲစခန်းက ဆိုထားသည်။


ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။ 
Mizzima - News in Burmese 

မြန်မာအိမ်ဖေါ်တွေပေးရတဲ့ ဝန်ဆောင်ခ အစိုးရနဲ့ ခွဲဝေယူမည်

Posted by drmyochit Thursday, February 06, 2014, under | No comments

ဟောင်ကောင်ကို အိမ်ဖေါ်အဖြစ် သွားရောက် လုပ်ကိုင်မယ့် မြန်မာ အမျိုး သမီးတွေဟာ ဝန်ဆောင်ခ အဖြစ် အလုပ်ရှာပေးတဲ့ မြန်မာနိုင်ငံ က အေဂျင်စီကို တစ်ဦးလျှင် ကျပ်ငွေ သိန်း ၂၀ လောက်နဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁ သောင်း ၆ထောင် ပေးရမှာဖြစ်တဲ့အတွက် ဒါဟာ အာရှတိုက်အတွင်း အိမ်ဖေါ် အဖြစ် လုပ်ကိုင်ဖို့ ဝန်ဆောင်ခ အများ ဆုံးပေး ရတာဖြစ်တယ် လို့  ဟောင်ကောင် မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ တဲ့ South China Morning Post သတင်းစာက ဗုဒ္ဓဟူးနေ့ မနေ့က ဖေါ်ပြလိုက်ပါတယ်။

မြန်မာအိမ်ဖေါ်တွေ ဟောင်ကောင်ကိုစေလွှတ်တဲ့ လုပ်ငန်းအတွက် မြန်မာနိုင်ငံရှိ Gold Mine International အေဂျင်စီက ဟောင်ကောင်ဒေါ်လာ ၁ သန်းခန့် ရင်းနှီးမြှုပ်နှံထားတယ်လို့  အဲဒီအေဂျင်စီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ဟောင်ကောင်လုပ်ငန်းရှင်က ဆိုပါတယ်။ အခုလို အလုပ်အကိုင် ရှာဖွေပေးခယူတာဟာ တရားဝင်ပါတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် အလုပ်သမားအရေး အကျိုးဆောင်သူတွေကတော့ အခုလောက်များပြားတဲ့ အလုပ်ရှာဖွေပေးခ ကို မြန်မာအလုပ်သမားတွေအနေနဲ့ ပြန်လည်ပေးဆပ်ဖို့ အခက်အခဲရှိကြောင်းနဲ့ ဟောင်ကောင်မှာသွားရောက်ပြီး အိမ်ဖေါ်အဖြစ်လုပ်ကိုင်မယ့် မြန်မာအမျိုးသမီးတွေအနေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လာရောက်လုပ်ကိုင်တဲ့ အိမ်ဖေါ်တွေထက်ပိုပြီး အကာအကွယ်မဲ့နိုင်တဲ့အရေးကိုလည်း စိုးရိမ်ပူပန်ကြောင်းပြောဆိုကြပါတယ်။ သူတို့က မြန်မာအိမ်ဖေါ်တွေကို ကူညီစောင့်ရှောက်မယ့် လူမှုအထောက်အကူအဖွဲ့အစည်းတွေ ဟောင်ကောင်မှာ မရှိသေးဘူးလို့ ထောက်ပြကြပါတယ်။

မြန်မာအိမ်ဖေါ်တွေကို အလုပ်ရှာပေးတဲ့ ဟောင်ကောင် Golden Mind Employment Agency အလုပ်သမား ရှာဖွေပေးရေးအေဂျင်စီရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Law Yiu-Keung ဆိုသူကတော့ မြန်မာအိမ်ဖေါ်တွေအနေနဲ့ အခုပေးရမယ့် ဝန်ဆောင်ခအတွက် တစ်လကို ဟောင်ကောင် ဒေါ်လာနှစ်ထောင်နှုန်း အရစ်ကျပြန်လည်ပေးဆပ်နိုင်ကြောင်းနဲ့ အဲဒီဝန်ဆောင်ခကို မြန်မာအစိုးရနဲ့  ဒေသခံမြန်မာအေဂျင်စီက ခွဲဝေယူမှာဖြစ်ကြောင်း ပြောပါတယ်။ တဆက်တည်းမှာပဲ မြန်မာအိမ်ဖေါ်တွေအနေနဲ့ တစ်လကို လစာအဖြစ် ဟောင်ကောင်ဒေါ်လာ လေးထောင်ကျော် ရနိုင်တဲ့အတွက် ဒါဟာ မြန်မာပြည်မှာထက် ငါးဆလောက်ပိုရတာပဲလို့လည်း သူက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ ရွှေ့ ပြောင်း အလုပ် သမားရေး ရာဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်ဝေဦး က ဟောင်ကောင်အလုပ်သမားအေဂျင်စီတွေဟာ မြန်မာနိုင်ငံမှာ အင်မတန် တက် တက်ကြွကြွ လာရောက်လုပ်ကိုင်နေကြတယ်လို့ ပြောဆိုကြောင်း၊ ဒါပေမယ့်လည်း ပြည်ပကို သွားရောက် လုပ်ကိုင်မယ့် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေးမြန်းရာမှာတော့ အဲဒီ ညွန်ကြားရေးမှူးက ဖြေဆိုဖို့ငြင်းပယ်ကြောင်း စသဖြင့် South China Morning Post သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။

RFA Burmese

လူငယ်တွေကို Sex အကြောင်း ပြောကြရအောင်

Posted by drmyochit Thursday, February 06, 2014, under | No comments

ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့် ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထား ခဲ့၍ ဖြစ်သည်။

ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်း တယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့ တယ်” ဟု မပန်းအိခိုင်က ပြောသည်။

သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့် အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန် တွင် အစိုးရဝန်ထမ်း သားဖွားဆရာမတဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့ အစည်း အတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည် ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။

“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။

ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။

ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။

သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။

မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။

အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။

Sex ကိစ္စ တခုတည်း မဟုတ်ပါ

အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။

“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။

သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နား မလည်ကြောင်းပြောသည်။

“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။

မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။

၈ တန်းကျောင်းသူဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့် အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာ ရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။

လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။

လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။

အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။

ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။

မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။

အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။

“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။

၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။

ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။

“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။

ဘယ်လိုပဲ ခေါ်ခေါ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။

“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။

“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”

“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။

လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။

မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။

“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။

ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။

ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။

HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။

လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။

အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။

မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်” ဟု မဖြူဖြူဝင်းက ပြောသည်။

Samantha Micheals ၏ The Safe Sex Talk, Burmese Style ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။

လိင်မှုခင်းတွေကို ဗာတီကန်က ကာကွယ်ပေးတယ်လို့ ကုလ ဖော်ပြ

Posted by drmyochit Thursday, February 06, 2014, under | No comments

ခရစ်ယာန် ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်မှုဆိုင်ရာ မတရားမှုတွေ ပြုလုပ်နေတာကို ဗာတီကန်က အကာအကွယ် ပေးနေ တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ကလေးပေါင်း ထောင်နဲ့ချီပြီး ခရစ်ယာန် ဘုန်ကြီးတွေရဲ့ မုဒိမ်းကျင့်မှုနဲ့ လိင်မှုဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကော်မတီရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားပါတယ်။

ကလေးတွေအပေါ် စော်ကားသူတွေနဲ့ အဲဒီ မတရားမှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိသူ ဘုန်းကြီးတွေ အားလုံးကို ဗာတီကန်အနေနဲ့ ရာထူးက ချက်ချင်း ထုတ်ပယ်ပစ်ရမယ်လို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဗာတီကန်အနေနဲ့ ဒီအမှုတွေရဲ့ စာရင်းကို ဖွင့်ချပြရမယ်လို့လည်း တောင်းဆိုလိုက်ပြီး ကျူးလွန်ခဲ့သူ ဘုန်းကြီးတွေကို ပြစ်ဒဏ်စီရင်ဖို့နဲ့ သားကောင် ဖြစ်ခဲ့ရသူတွေကို နစ်နာကြေးပေးဖို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗာတီကန်ဟာ မကြာခင် ကြေညာချက် တစောင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

BBC Burmese

Wednesday, February 05, 2014

ပြည်သူ့ရင်ပြင်ရှေ့ အပန်းဖြေနေသော လူငယ်အဖွဲ့ ကားဖြင့်လိုက်တိုက်ခံရ

Posted by drmyochit Wednesday, February 05, 2014, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က အပန်းဖြေနေသော လူငယ်သုံးဦးထံသို့ လူငယ်တစ်စု ရောက်လာပြီး ရန်စခံရမှုကြောင့် ပြဿနာ မဖြစ်ရန် ၎င်းတို့ ပါလာသော ယာဉ်နှစ်စီးဖြင့် နေအိမ်သို့ မောင်းလာစဉ် အဆိုပါ လူငယ်တစ်စုက ယာဉ်ဖြင့် လိုက်တိုက်ခဲ့ကြောင်း ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြစတြေးလျနိုင်ငံ GMC အကယ်ဒမီကျောင်းတွင် အနုပညာ ဘာသာရပ် တက်ရောက်နေသော စမ်းချောင်းမြို့နယ်၊ ရှမ်းရိပ်သာလမ်းတွင် နေသူ ကိုကောင်းမြတ်သည် ယင်းနေ့က ၎င်း၏ သူငယ်ချင်းနှစ်ဦးနှင့်အတူ ကိုယ်ပိုင်ယာဉ် နှစ်စီးဖြင့် ပြည်သူ့ရင်ပြင်ရှေ့၌ လာရောက် အပန်းဖြေနေစဉ် လူငယ်လေးဦး ရောက်ရှိလာကာ ရန်စကား ပြောသောကြောင့် ရှောင်ထွက် ကာ နေအိမ်ပြန်ရန် ယာဉ်ပေါ်တက်စဉ် အဆိုပါ လူငယ်အဖွဲ့က “ရိုက်သတ်ပစ်မယ်၊ ကားကို မီးရှို့ပစ်မယ်” ဟု ခြိမ်းခြောက ပြောဆိုကာ ၎င်းတို့ ယာဉ်နောက် လိုက်လာပြီး အလုံလမ်းမကြီးရှိ အင်တာနေရှင်နယ် ဟိုတယ်ရှေ့တွင် ယာဉ်နောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ကိုကောင်းမြတ်၏ တိုင်ကြားချက်အရ သိရှိရသည်။

“လူငယ်ချင်း စကားများရာက ယာဉ်နဲ့ လိုက်တိုက်ခံရလို့ တိုင်ကြားထားတဲ့ ကားနံပါတ်ကို က.ည.န ရုံးထံ သတင်းပေးပို့ပြီး မေးမြန်းထားတယ်။ လတ်တလော စုံစမ်းဆဲ ဖြစ်တာကြောင့် ကားနဲ့ဝင်တိုက်တဲ့အဖွဲ့က ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး” ဟု ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရန်စခံရသောကြောင့် မောင်းထွက်ပြေးလာစဉ် အဆိုပါ လူငယ်လေးဦးခန့်မှာ ဟာရီယာ အမျိုးအစားယာဉ်ဖြင့် နောက်မှလိုက်လာပြီး ကိုကောင်းမြတ်၏ SURF အမျိုးအစားယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သောကြောင့် ယာဉ်နောက်တံခါး ပိန်ချိုင့်ကာ မှန်များကွဲခြင်း၊ အမိုးပိန်ချိုင့် ပျက်စီး ဆုံးရှုံးခဲ့ခြင်း တို့ကြောင့် (ပ)၂၄/၁၄၊ ပုဒ်မ ၂၇၉/၄၂၇/၅၀၆/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

ဖုန်းကတ်များလာပြီ မကြာမီမျှော်

Posted by drmyochit Wednesday, February 05, 2014, under | No comments


ရေးသားသူ- ဆွေမွန်၊ နိုင်လင်းအောင်

မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ကတ် ပိုင်ဆိုင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နံရံကပ်ကြော်ငြာသင်ပုန်းတွင် ထီပေါက်စဉ်တိုက်သလို ရင်ခုန်စွာဖြင့် မျှော်လင့်စောင့်စားနေရဆဲဖြစ်သည်။

ထို့အတူ မိုဘိုင်းအင်တာနက်လိုင်းသုံးစွဲသူများမှာလည်း အ၀ိုင်းလေးလည်နေသည်ကို တစ်မိနစ်လျှင်နှစ် ကျပ် (သို့မဟုတ်) တစ်မိနစ်လျှင်လေးကျပ်ပေး၍ ထိုင်ကြည့်နေရဆဲဖြစ်သည်။

ညံ့ဖျင်းလှသည့် ဆက်သွယ်ရေးစနစ်နှင့် မိုဘိုင်းဆင်းမ်ကတ် အခက်အခဲပြဿနာကို ဇန်န၀ါရီ ၃၀ ရက်က အော်ပရေ တာလုပ်ငန်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့သည့် ပြည်ပ ကုမ္ပဏီနှစ်ခု က ဖြေရှင်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြသည်။

“အားကိုးပါတယ် တယ်လီနောရယ်။ ကျွန်တော်တို့ဒေသ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်းသားရွာမှာ အခုချိန်ထိ ဖုန်းပြောလို့မရသေးပါ။ အဓိကလိုအပ်နေတာကတော့ တာဝါတိုင်ပေါ့။ အမြန်လေးလုပ်ပေးပါ”ဟု ရွာခံတစ်ဦးက တယ်လီနော၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆက်သွယ်ရေးလိုင်စင် တရားဝင်ရရှိပြီးဖြစ်သည့် တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာကုမ္ပဏီများက ဆက်သွယ်ရေးဝန်ဆောင်မှုများကို ခြောက်လမှ ရှစ်လအတွင်း လုပ်ကိုင်ပေးသွားမည်ဟု ကတိပြုပြော ဆိုထားကြ သည်။

ထို့အပြင် ဆင်းမ်ကတ်ဝယ်ယူသည်နှင့် အင်တာနက်စနစ်ပါ တစ်ပါတည်းပါနိုင်ဖွယ်ရှိပြီး ကျပ် ၁၅၀၀ ၀န်းကျင်ရှိ သည့် ဆင်းမ်ကတ်များကို နေရာတိုင်း၊ ဒေသတိုင်းလိုလိုတွင် လိုသလောက် အလွယ် တကူ ၀ယ်ယူ ရရှိနိုင်ရန် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုဖြစ် သည့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများကပြောသည်။

“ဖုန်းတွေစချပေးကတည်းက လတိုင်းလျှောက်လည်း မပေါက်ဘူး။ ထပ်ပြီးမလျှောက်ချင်တော့ဘူး။ ကုမ္ပဏီတွေရောင်းမယ့် ဖုန်းစောင့်တာမှ ဟုတ်ဦးမယ်။ မဲနှိုက်စရာလည်း မလိုဘူးဆိုတော့ ပိုတောင်ကောင်းသေးတယ်”ဟု အသက်(၄၀)အရွယ် အိမ်ရှင်မတစ်ဦးကပြောသည်။

အသက်အရွယ်အလိုက်၊ နေရာဒေသအလိုက် လူတိုင်းလိုအပ်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများမှာ ကွဲပြားမှုများရှိသော်လည်း ၀န်ဆောင်မှုကောင်းကောင်းလိုချင်သည့် ဆန္ဒကတော့ တစ်ထပ်တည်းကျသည်။ မိုဘိုင်းဖုန်းမရရှိသည့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများရှိ ပြည်သူများက မိုဘိုင်းဖုန်း အသုံးပြု လိုကြ သည်။ မိုဘိုင်းဖုန်းရရှိသော်လည်း ဆက်သွယ်ရေးတာဝါတိုင် အလုံအလောက်မရှိသည့် နေရာများရှိ ပြည်သူ များက ကြည်လင်ပြတ်သားစွာပြောဆိုနိုင်မည့် မိုဘိုင်းကွန်ရက်ကို မျှော်ကြသည်။ မိုဘိုင်းဖုန်းလိုင်း အနည်း ငယ် အဆင်ပြေသည့် မြို့နေလူထုမှာလျင်မြန်ပြီး နိုင်ငံတကာအဆင့်မီသုံးနိုင်မည့် အင်တာနက်လိုင်းကို တောင့် တကြသည်။

“နောက်ပိုင်းကုမ္ပဏီတွေ ၀င်လာလို့ လိုင်းမြန်မြန်လေးသုံးလို့ရပါစေလို့ပဲ ဆုတောင်းရမယ်”ဟု အသက် (၂၃)နှစ် အရွယ် ကိုဝေလင်းကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီနှစ်ခုမှာ မြို့ကြီးများတွင် လက်ရှိအသုံးပြုနေသည့် 2G စနစ်အစား 3G စနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အချို့သော မိုဘိုင်းဖုန်းလိုင်းပင် အဆင်မပြေနိုင်သေးသည့် ရပ်ကွက်/ကျေးရွာ များတွင် 2G စနစ်ကိုသာ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တယ်လီနောမြန် မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ပြောကြားသည်။

“3G ကို နေရာတိုင်းမှာ ကာဗာဖြစ်အောင် လုပ်ပေးထားမှာပါ။ Social မီဒီယာ အသုံးပြုလို့ရမယ်။ အကုန်လုံး သေသေချာ ချာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းဆက်သွယ်နိုင်အောင် ၀န်ဆောင်မှု လုပ်ပေး သွားမှာ ဖြစ်ပါတယ်”ဟု အော်ရီဒူးမြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးဆင်းမ်ကတ်များ အလွယ်တကူဝယ်ယူရရှိနိုင်ရန်သာမက အခြားသော မိုဘိုင်း ၀န်ဆောင် မှုများပါ ပေးသွားမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုစနစ်များ၊ Value Added ၀န်ဆောင်မှုများကိုပါ တစ်ပါတည်း သုံးစွဲနိုင်ရန် အဆိုပါကုမ္ပဏီနှစ်ခုက လုပ်ဆောင်သွားမည်ဟုဆိုသည်။

“ဆင်းမ်ကတ်တွေမှာ အင်တာနက်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အင်တာနက်အတွက် သတ်သတ်လျှောက် ထားစရာမ လိုအပ်ပါဘူး။ တကယ်တမ်း အင်တာနက်သုံးတဲ့အခါမှာသာ သုံးစွဲတဲ့ကျသင့်နှုန်းထားပေးရမှာပါ။ နှုန်းထား ကိုလည်း အတတ်နိုင်ဆုံးသက်သာအောင် ဆောင်ရွက်သွားမယ်”ဟု မစ္စတာ Petter Furberg က ပြောကြားသည်။

နိုင်ငံတကာကုမ္ပဏီနှစ်ခုအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀၀ ၀န်းကျင်ဖြင့် ရောင်းချပေး မည်ဖြစ်ရာ ခေါ်ဆိုခနှုန်းထားများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်ဖြင့် ၀န်ဆောင်မှုပေး သွားရန် အော်ပရေ တာလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိစဉ်ကတည်းက ထုတ်ပြန်ထားသည်။ သို့သော်လည်း ၎င်းတို့သတ် မှတ်သည့် နှုန်းထားများကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ တင်ပြပြီးမှ သာ ယှဉ်ပြိုင်လုပ်ဆောင်ရမည့် အော်ပရေတာများအားလုံး လက်ခံနိုင်မည့်နှုန်းထားတစ်ခုကို လုပ်ကိုင်စေ မည်ဖြစ်ကြောင်း လွတ်လပ်စွာတရားဝင်ထိန်းသိမ်းမည့်အဖွဲ့အစည်း (Independent Regulator)အဖြစ် ပြောင်း လဲ လုပ်ကိုင်မည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက် ကပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်သည့် အင်တာနက်စနစ်အတွက် 3G ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်ထားသော်လည်း ပြည်တွင်းအနေအထားအရ သုံးစွဲသူများအနေဖြင့်လည်း 4G စနစ် ဆောင်ရွက်ရန်မှာ မလွယ်ကူသေးကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးဦးဇော်မင်းဦးကပြောသည်။

“3G ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကတော့ ချက်ချင်းဖြစ်လာမှာပါ။ သုံးမယ်၊ မသုံးဘူးဆိုတာ အဆင်ပြေ၊ မပြေဘဲ ကြည့်ရမယ်။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ကတော့ တစ်ခါတည်း 4G ပေးလိုက်တော့ လည်း ဟန်းဆက်ကလည်း ဈေးကြီးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က လိုက်နိုင်ပါ့ မလား ဆိုတာ ကြည့်ရဦးမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

လက်ရှိတွင် အစိုးရအော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ပြည်တွင်းမိုဘိုင်းဝန်ဆောင်မှုများကို ပေးနေ သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကလည်း မြို့ကြီးများတွင် 3G စနစ် ဆောင်ရွက်ပေးနေသော် လည်း သုံးစွဲရ ခက်ခဲ မှုရှိနေဆဲဖြစ်သည်။

လက်ရှိတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ပြည်တွင်းသို့ မိုဘိုင်းဖုန်းယူဆောင်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ပြည်တွင်း မှ မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ယူအသုံးပြုနိုင်ရန် စမ်းသပ်နေဆဲသာဖြစ်သည်။ သို့သော် ပြည်ပဆက်သွယ်ရေးအော်ပရေ တာနှစ်ခုတွင် အဆိုပါစနစ်ကို မိုဘိုင်းဖုန်းရောင်းချသည်နှင့် တစ်ပြိုင်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။

“International Call လည်း ခေါ်လို့ရပါတယ်။ အခြားနိုင်ငံကယူလာရင်လည်း အော်ရီဒူးနက်ဝါ့ခ်ကို သုံးပြီးတော့ Roming အနေနဲ့ သုံးလို့ရမယ့်အပြင် အော်ရီဒူးမြန်မာပြည်ဆင်းမ်ကတ်ကို နိုင်ငံတကာမှာ သုံးလို့ရမယ့် Roming Service ကို ကြိုးစားနေပါတယ်။ ထည့်ပေးမှာပါ”ဟု အော်ရီဒူးမြန်မာကုမ္ပဏီ အမှုဆောင် အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးလိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုနှင့် မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ အနေဖြင့် ၀န်ဆောင်မှု ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း အရည် အသွေးကောင်း မွန်သော ၀န်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီကိုသာ ရွေးချယ်မှုလုပ်လာနိုင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဦး ကပြောသည်။

“သေချာတာကတော့ အော်ပရေတာက လေးဦးဖြစ်သွားမယ်။ အသုံးပြုသူတွေအနေနဲ့ ရွေးချယ်ခွင့် ရှိလာမယ်။ အရင်တုန်းက တစ်ယောက်ကိုတစ်ခုပေးနိုင်တယ်ဆိုရင် အခုဆိုရင် လေးဦးဆိုတော့ လေးခုပေးလာနိုင် မှာဖြစ် တဲ့အတွက် နောက်ပိုင်းမှာ ပစ္စည်းလည်းပေါလာမယ်။ ဈေးကျလာနိုင်တယ်။ ၀န်ဆောင်မှုပိုကောင်းလာမယ်။ တစ်ဦးတည်းမဟုတ်တော့ဘဲ အပြိုင်အဆိုင်ဖြစ်လာမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းအတွက် အဓိကလိုအပ်သည့်အသံစနစ်၊ အချက်အလက်ဝန်ဆောင်မှုစနစ်များအပြင် 3G စနစ်မှ 4G စနစ်အထိ ဆောင်ရွက်ပါက ရေဒီယိုစနစ်များပါ ပါဝင်လာမည်ဖြစ်ပြီး ပြည်တွင်းတွင် မသိရှိခဲ့သည့် ဆက်သွယ်ရေး ၀န်ဆောင်မှုစနစ်အသစ်များ၊ တီထွင်ဆန်းသစ်မှုများပါ ထွက်ရှိလာနိုင်ကြောင်း ဦးဇော်မင်းဦး က သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီနှစ်ခုက လိုအပ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ကနဦးအနေဖြင့် ကုန်ကျ စရိတ်သက် သာမှုရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ဖွယ်ရှိရာ အဆိုပါကုမ္ပဏီ များ၏ မိုဘိုင်းကွန်ရက် ခက်ခဲလာမည်ကို စိုးရိမ်စရာရှိသည်။

“ပြည်ပအော်ပရေတာတွေအနေနဲ့ ဖုန်းတွေကို မြန်မြန်ချမယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးမှာ တာဝါတိုင် တွေ ဆောက်ပြီးသားရှိတဲ့အတွက် ကနဦးအနေနဲ့ အဲဒီတာဝါတိုင်တွေမှာ အငှားအနေနဲ့ တွဲပြီးတော့ လုပ်သွားမှာဖြစ်ပေမယ့် သီးခြားအနေနဲ့လည်း အပြိုင်အဆိုင်လုပ်သွားမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖုန်းလိုင်းတွေ ကောင်းလာမှာဖြစ်သလို အင်တာနက်မြန်နှုန်းတွေလည်း ကောင်းလာမယ်။ ၀န်ဆောင်မှုတွေကိုလည်း အပြိုင်လုပ်ဆောင်ပေးသွားပါမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းကပြောသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း လိုင်း ခုနစ်သန်းကျော်သာ ရောင်းချပေးပြီး မိုဘိုင်းဈေးကွက်ေ နရာတစ်ခုကို ရယူထားသော်လည်း လာမည့်ရှစ် လအတွင်းတွင် ပြည်ပကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ဈေးကွက်ရယူတော့မည်ဖြစ်ရာ အရည် အသွေးကောင်း မွန်သည့် ၀န်ဆောင်မှုများကိုသာ ရွေးချယ်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းစတင်ချိန်မှစ၍ ၂ နှစ်အတွင်း ပြည်သူများ နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင် မည် ဟုယုံကြည်ကြောင်း လူကြီးမင်းဖုန်းဆိုင် မန်နေးဂျင်းဒါရိုက်တာ ဦးပြည်စိုး ထွန်း ကပြောသည်။

“လောလောဆယ် မြန်မာပြည်အတွက် လိုအပ်တာတော့ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်းခေါ်လို့ရဖို့ အလို အပ်ဆုံး ပါပဲ”ဟု အော်ရီဒူးမြန်မာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူတစ်ဦးက ပြောကြား ထားသည်။ ။

ဓာတ်ပုံ- လင်းဘိုဘို/အီးပီအေ
7Day News Journal

ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက် ကျေးရွာသားများနှင့် ထပ်မံတွေ့ဆုံ

Posted by drmyochit Wednesday, February 05, 2014, under | 1 comment

နိုင်ငံရေးသမားတွေအပေါ် ရိုင်းရိုင်းပျပျပြောဆိုမှုနဲ့ ဝေဖန်ခံနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သူပြောဆိုခဲ့တဲ့ မကွေးတိုင်း သစ်ရာကောက်ကျေးရွာကို မနေ့ညနေက ထပ်မံသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သစ်ရာကောက်ကျေးရွာသားတွေနဲ့ တွေဆုံစဉ်က “ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ” လို့ ပြောဆိုခဲ့ပြီး လူမှုပတ်ဝန်းကျင်မှာ ဝေဖန်ခံနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သူပြောဆိုခဲ့တဲ့ မကွေးတိုင်း သစ်ရာကောက်ကျေးရွာကို မနေ့ညနေက နောက်တကြိမ် သွားရောက်ခဲ့တာပါ။

ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် ၀န်ကြီးလာတောင်းပန်မယ်ဆိုတဲ့သတင်းတွေကြောင့် မနေ့က သစ်ရာကောက်ကျေးရွာ အထကကျောင်းဝန်းထဲမှာ ဒေသခံ ၄၀၀ ကျော် လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးက “ကျေးရွာမှာရှိတဲ့ အထောက်ကူပြု အဖွဲ့ဖြစ်ဖြစ်၊ မြို့နယ်မှာရှိတဲ့ အထောက်ကူအဖွဲ့ဖြစ်ဖြစ်၊ အဲ့တော့ ဒီအဖွဲ့တွေနဲ့ ပေါင်းစပ်စစ်ဆေးပြီး ဒီဟာက အရေးကြီးတယ်၊ ဘယ်ဟာကတော့ ချက်ချင်းလိုတယ်ဆိုတဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး ကျေးရွာက လိုအပ်ချက်နဲ့ နိုင်ငံတော်က လုပ်ပေးနိုင်တဲ့ ကွာဟချက်ကို ညှိပြီး ဖန်တီးပေးနိုင်မှာ။ ရွာကလိုအပ်ချက်တွေထဲမှာ အရင်တုန်းက သမ၀ါယမရှိလား။ ဒါတွေကို သုံးသပ်ပြီးတော့ လုပ်ပေးတဲ့အခါမှာ စည်းစည်းလုံးလုံး တရွာနဲ့တရွာရှိဖို့လိုတယ်။ တရွာနဲ့တရွာ တည်ငြိမ်မှုမရရင် ဘယ်သူ့အတွက်မှ အကျိုးအမြတ်မရှိဘူး” လို့ ပြောပါတယ်။

ဝန်ကြီးလာပြီး တွေ့ဆုံခဲ့ပေမယ့် ပုံမှန်တွေ့ဆုံပွဲတခုသာဖြစ်ခဲ့တယ်လို့ ဒေသခံ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးနေ၀င်းစိုးက အခုလိုပြောပါတယ်။

“ပုံမှန်ဟောပြောပွဲ လုပ်သလိုပါပဲ။ သမ၀ါယမ စနစ်အကြောင်း၊ မွေးမြူရေးအကြောင်းတို့ အဲဒါတွေပဲ ပြောသွားတယ်။ ကျန်တာကတော့ ထူးခြားတာ ဘာမှ မတွေ့ဘူး။”

ဝန်ကြီးပြောသွားတဲ့ စကားဟာ တနိုင်ငံလုံနဲ့ချီပြီး ပြောဆိုသွားတဲ့အတွက် တောင်းပန်ရင်လည်း ကျေနပ်လို့ မရဘူးကြောင်း သစ်ရာကောက်ကျေးရွာဒေသခံ ဦးကျော်သူက ပြောပါတယ်။

“ကျနော်တို့က ကျေနပ်လို့ မရဘူး။ မင်းတို့ သစ်ရာကောက်ကျေးရွာသားတွေကို ငါတို့က ဂရုမစိုက်ဘူး၊ ပါးရိုက်ပြီး ထောင်ထဲထည့်မယ်လို့ ပြောရင် ကျေနပ်လို့ရတယ်။ အခုဟာက တနိုင်ငံလုံးနဲ့ ယှဉ်ပြီးတော့ နိုင်ငံရေးသမားတွေကို မင်းတို့ ကြိုက်သလိုပြော၊ ငါက နယ်လှည့်ပါးရိုက်လာတာဖြစ်တဲ့အတွက် တောင်းပန်ရင် တနိုင်ငံလုံးကို တောင်းပန်ရမယ်။ ကျနော်တို့မှာ ကျေအေးပိုင်ခွင့်မရှိဘူး။ သူက ဘာလိုလဲ မေးတယ်လေ။ ကျနော်တို့လိုတာ ပြောတယ်။ မပေးနိုင်ဘူးဆိုရင်လည်း ၀န်ကြီးတယောက်အနေနဲ့ အေးအေးဆေးဆေးပဲ ကျနော်နဲ့ မဆိုင်ဘူး၊ ကျနော့်မှာ ပေးပိုင်ခွင့်မရှိဘူး၊ လုပ်ခွင့်မရှိဘူးဆိုပြီး ငြင်းလိုက်ရင် ရတာပဲ။ ကျနော်တို့တောင်းတာကလည်း ရေသန့်တဲ့ဟာကို တောင်းတာပါ။”

ဇန်န၀ါရီ ၂၈ ရက်နေ့က ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မကွေးတိုင်း သစ်ရာကောက်ကျေးရွာကိုလာတဲ့အချိန် သုံးမရတဲ့ ရေကို သုံးလို့ရအောင် လုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ပြီးနောက် ၀န်ကြီးပြန်ပြောလိုက်တဲ့ စကားကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်ခဲ့ရတာပါ။

တနင်္သာရီတိုင်း ပုလုံးတုံတုံးကျေးရွာနဲ့ မကွေးတိုင်း သစ်ရာကောက်ကျေး၇ွာ ၂ ခုမှာ ဒေသခံရွာ သားတွေ ကို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို အရေးယူဆောင်ရွက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက မနေ့ကလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ပါတယ်။

By မျိုးဇော်လင်း (DVB)

ဦးအုန်းမြင့် ဒေသခံတွေကို ပြောကြားနေစဉ်

မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့တဲ့ ညီအစ်ကိုသုံးယောက်

Posted by drmyochit Wednesday, February 05, 2014, under | No comments


ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့  အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။

ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။

ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။
သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။

အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။

ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။

ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။

ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။

Ref: Dailymail

Trend Myanmar

IOS 7 (IOS 7.0 To IOS 7.0.5) များကို Jailbreak ပြုလုပ်နိုင်မည့် Evasi0n1.0.5Tool ဗားရှင်းအသစ် ထွက်ရှိလာ

Posted by drmyochit Wednesday, February 05, 2014, under | No comments



iOS 7 (iOS 7.0 to iOS 7.0.5) များကို Jailbreak ပြုလုပ်နိုင်မည့် evasi0n1.0.5tool ကို update ထုတ်ပေးလိုက်ပြန်ပါပြီ.iOS 7.0 through 7.0.5 တင်ထားတဲ့ Iphone,ipad,iPod touch, iPad and iPad mini models များကို အဆင်ပြေစွာ jailbreak ပြုလုပ်နိုင်ပြီဖြစ်ပါတယ်.။အခုအသစ်ထွက်ဗားရှင်းကိုတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ တရုတ် networks နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ iphone5s and 5c များအတွက် ထွက်ရှိထားတဲ့ iOS7.0.5 ကိုပါ အဆင်ပြေပြေ jailbreak ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။အသစ်ထွက်ရှိလာတဲ့Jailbreak tool အသစ်ကိုအောက်မှာရယူနိုင်ပါတယ်.



ServerOsVersionLink
box.comMac OS X1.0.5SHA1: a81a7128113a7610371a2f9f99933a1dbd153c42
box.comWindows1.0.5SHA1: 5e09dfac4b4a0361492961109da72f6f18020d59
Mega.co.nzMac OS X1.0.5SHA1: a81a7128113a7610371a2f9f99933a1dbd153c42
Mega.co.nzWindows1.0.5SHA1: 5e09dfac4b4a0361492961109da72f6f18020d59


From: Myanamr Mobile App

မြန်မာ့သွေးစစ်ရှိတဲ့ ပုဂ်္ဂိုလ်တွေကို တိုင်းပြည်ရဲ့ အထွတ်အထိပ် ပုဂ်္ဂိုလ်ဖြစ်စေချင်ရင် ၅၉ (စ) ကို မပြင်ဘဲ ထားသင့်တယ်

Posted by drmyochit Wednesday, February 05, 2014, under | No comments

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၃)ပုဒ်မ ၅၉ ပါပြဋ္ဌာန်းချက်များ ထောက်ခံပွဲ အားပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက် နေ့လယ် ၅နာရီတွင် ဗိုလ်စိန်မှန်အားကစားကွင်း၌ ကျင်းပပြုလုပ် ခဲ့ပြီးယင်း ပုဒ်မ ၅၉ ထောက်ခံပွဲသို့တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး နယ်ပယ်မှထင်ရှားသူများကို ပုဒ်မ ၅၉(စ) ထောက်ခံပွဲသို့ တက်ရောက်အားပေးခဲ့ခြင်းနှင့် ယင်းပုဒ်မပြင်ဆင် သင့်/မသင့် အပေါ် သဘောထားအမြင်များ၊ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များ စုစည်းရေးသားတင်ပြ လိုက်ပါသည်။

ဦးအောင်သိန်းလင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ဒီပုဒ်မ ၅၉ ထောက်ခံတဲ့ပွဲလုပ် တဲ့ဟာကို တက်ရောက်လာတာဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ ကိုထောက်ခံတယ်ဆိုတဲ့သဘောပါ။ ပုဒ်မ ၅၉ မှာပါတဲ့ ၅၉ (စ) ဆိုတာကလည်း ရေရှည် တိုင်းပြည်အကျိုးအတွက်ရည်မျှော် ပြီး မပြင့်သင့်ပါဘူး။ ဒီ ၅၉ (စ)ဆိုတာက ခုမှ ဆွဲပြီးရေးထည့်ထားတာ မဟုတ်ဘူး။ ဟိုအရင် ၁၉၄၇ ခုနှစ်နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၇၄ မှာ လည်းပါတာ ပဲလေ။ဆိုလိုတာက နိုင်ငံခြား ရဲ့ သြဇာလွှမ်းမိုးခံနိုင်စရာရှိရင် အဲဒီသူ ဟာ လွှတ်တော်အမတ်တောင်ဖြစ် ခွင့်မရှိ ဘူးဆိုပြီးပါတာလေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှာ ဖော်ပြထားသလို တိုက်ရိုက်အားဖြင့် မပါဝင်သော်လည်း ၄၇ ဥပဒေမှာတော့ ပုဒ်မ ၇၄ မှာ ပြဋ္ဌာန်း ထားတာ ပဲ။ ၁၉၇၄ ဥပဒေကကျတော့ အဲဒီအချိန် နိုင်ငံရေးက တစ်ပါတီစနစ် ဖြစ်နေတယ်။ ပါတီစုံစနစ်ချင်းအတူတူဆိုရင် တော့ ၁၉၄၇ နဲ့ ဒီ ၂၀၀၈ ပါ ပြဋ္ဌာန်း ချက်က ဆိုလိုချက်ရည်ရွယ်ချက်ချင်းတူ ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းလိုလိုမှာ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွား ရေးအရသော်လည်းကောင်းအစဉ်တစိုက် ကြိုးပမ်းနေကြတာပဲလေ။ အဲဒီတော့ သူတို့ သြဇာလွှမ်းမိုးဖို့ လမ်းဖွင့်ပေးသလိုဖြစ်စေ မယ့်အချက်တွေကို ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါမှဖြစ်မှာ လေ။ ဒါတောင်မှ မြန်မာနိုင်ငံအပေါ် ပြည်ပ ဖိအားတွေက အမျိုးမျိုးရှိနေတာ လေ။ ကျွန်တော်တို့ နိုင်ငံကလည်း ခုမှ ဖွံ့ဖြိုးတိုး တက်မှုကိုဦး တည်နေတာဆို တော့ တိုင်းတစ်ပါးသြဇာခံမဖြစ်ဖို့တော် တော်ကို သတိလည်းထားနေရတာလေ။ ယခင်တိုင်း တစ်ပါးလက်အောက်နှစ် ၁၀၀ ကျော်ကျခဲ့တဲ့ ဆိုးမွေတွေကလည်း ခု ထက်ထိ ခံနေရတုန်း ပဲလေ။ ဒါကြောင့် ဒါကို အများကြီး သတိထားရမယ်။

ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ပုဒ်မ ၅၉ (စ) ရဲ့ ရေရှည်သက်ရောက်မှု နဲ့ လားရာကပြောရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တစ်ဦးတစ်ယောက် အတွက်ရည်ရွယ်ပြီးဆွဲတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အတွက်၊ အမျိုးသားအကျိုး စီးပွားကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ရေရှည်ကိုမျှော်ပြီး ဆွဲရတာဖြစ်တယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားရေရှည်အဓွန့် ရှည်ဖို့ အတိတ်မှာဖြစ်ပြီးခဲ့တာတွေထဲက အားနည်းချက်၊ အားသာ ချက်တွေကို သင်ခန်းစာယူပြီး တိုင်းပြည်အကျိုး အတွက်လိုအပ်လို့ထည့်သွင်းရေးဆွဲထားတဲ့ ဥပဒေဖြစ် တယ်။ တစ်စုံတစ်ယောက် အတွက်ဆိုရင် အဲဒီအတွက်သက်တမ်းဆို တာ တိုတိုလေး။အရှည်ကြီးကို ရည်ရွယ်ပြီး ဆွဲရတဲ့ အခန်းကဏ္ဍမှာ တစ်စုံတစ်ယောက် အတွက်၊ သက်တမ်းတိုလေးတစ်ခုအတွက် လုပ်လို့မရဘူး။ ၅၉ (စ) ဆိုတာ ဘယ်နိုင်ငံ မှာမဆို ကိုယ့်နိုင်ငံကိုရေရှည်အကျိုးစီးပွား အတွက်လုပ်ကြသလို ကာကွယ်ကြသလို မျိုးပါပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့ အရေးပဲ။ တလောက မြန်မာပြည်ကို အလည်လာတဲ့ အင်္ဂလန်ကအာရှရေးရာဝန် ကြီးက ၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉ (စ) ဆိုတာ ၄၇ ဥပဒေမှာရော၊ ၇၄ ဥပဒေမှာရော မပါဘူးလို့ပြောတယ်။ ခုနကပြောသလို တစ်နိုင်ငံရဲ့အရေးနဲ့ တစ်နိုင်ငံရဲ့ အရေး က မတူဘူး။ တစ်နိုင်ငံရဲ့ဖြစ်စဉ်နဲ့ တစ်နိုင်ငံ ရဲ့ ဖြစ်စဉ်နဲ့က တူတာမဟုတ်ဘူး။ တစ် နိုင်ငံရဲ့ ဥပဒေနဲ့ တစ်နိုင်ငံရဲ့ ဥပဒေ နဲ့ကလည်း ထပ်တူကျဖို့ဆိုတာမဖြစ်နိုင် ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဆိုတာက အဲဒီနိုင်ငံရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ပဲ။ အချုပ်အခြာအာဏာဆိုတာ နာမည် ပဲရှိကြီးသူများခိုင်းသမျှလုပ်သူ များသြဇာ ဖြစ်နေ ရင် နိုင်ငံတစ်နိုင်ငံအနေနဲ့ အလွန် ပဲသိက်္ခာကျဆင်းတယ်။ ဒါကြောင့် ၅၉ (စ) ဆိုတာပြင်စရာ မလိုဘူး။ မြန်မာနိုင်ငံ ရဲ့ လွတ်လပ်ရေးဆိုတာ အသက်သွေးချွေး တွေပေးပြီးမှရလာခဲ့တာလေ။ ဒီတော့ ဒီလွတ်လပ်ရေး အဓွန့်ရှည်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ ဒီ အတွက်အားလုံးမှာ တာဝန်ရှိ တယ်။


ဦးနေမျိုးဝေ (ဥက္ကဋ္ဌ၊ မတူကွဲပြားရေးနဲ့ ငြိမ်းချမ်းရေးပါတီ)

နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ကျင့်သုံးတဲ့ ဥပဒေတွေကို ဘယ်ဥပဒေတွေကိုထောက် ခံတယ်။ ဘယ်ဥပဒေတွေကို ကန့်ကွက် တယ်ဆိုတာ အဲဒီနိုင်ငံကပြည်သူတွေပဲ လုပ်တယ်။လူထုရဲ့ ပြဋ္ဌာန်းခွင့်ကပဲအဓိက ကျတယ်။ အဲဒီလူထုကို ကျွန်တော်တို့ ဘာကြောင့် ပြဋ္ဌာန်းချင်လဲဆိုတာရှင်း ပြရမှာ ကျွန်တော်တို့အလုပ်ပဲ။ ရလဒ် ကအဲဒီမှာပဲ။ ၅၉ (စ) ပြင်ချင်တဲ့သူ တွေလည်း ပြိုင်ကြပါ။ မပြင်ချင်တဲ့ ကျွန်တော်နဲ့ ပြိုင်မယ်။ ဒီပုဒ်မက လူတစ် ဦးတစ်ယောက်ကိုရည်ရွယ်ပိတ်ဆို့ထား တယ်ဆိုရင် ဒီအချက်နဲ့ ညီသမျှ ဒီဓားနဲ့ ခုတ်ခံရမှာပဲလေ။ ငြိတဲ့ သူကတစ်ယောက် ထဲကအများကြီးလား။ မိမယ့်သူကအများ ကြီးပဲ။ ဒီလိုမျိုးငြိမယ့်သူတွေတစ်နိုင်ငံ လုံးမှာ အများကြီးပဲ။ ဒီဓားနဲ့ အခုတ်မခံ ရဲဘူးလား။ နိုင်ငံတော်သမ္မတနဲ့ အရည် အချင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အရည်အချင်းနဲ့တူသလား။ ဘယ်သူကို ပိုတင်းကျပ်ထားသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးကို ကျွန်တော်လုပ်လာတာ ကြာပြီ။ နိုင်ငံတစ်ခုမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ဘယ်နိုင်ငံ ပဲကြည့်ကြည့် လိုတိုးပို့လျှော့လိုမျိုးသွားနေတာသတိထား မိလား။ တင်းကျပ်လိုက် ပြန်ကျယ်ပြန့် လိုက်နဲ့ သွားနေတာပဲ။ နောက်ဥပဒေ တစ်ခုပြဋ္ဌာန်းပြီးရင် အဲဒီမှာပဲ တည်တံ့ နေတာမျိုးရှိသလား။ ဟန်မူရာဘီ ရဲ့ကီုဓ ဥပဒေမျက်လုံးတစ်လုံးဖောက်ရင်မျက်လုံး တစ်လုံးပြန်ဖောက်ခံရတဲ့ ဥပဒေမျိုး ခုခေတ်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ သုံးသေးလား။ အဲဒီလိုပဲ။ ၄၇ တုန်းက လျှော့ပေါ့ထားရင်တောင် ၂၀၀၈ မှာ တင်းကျပ် လိုက်လို့ရတယ်။ တင်းကျပ် ထားရင်တောင်မကြာခင်လျှော့ လိုက် လို့ရတယ်။ လက်ရှိအမြင်အရ ၂၀၀၈ ဟာ ပျော့လွန်းနေသေးတယ်။ အမတ် အရည်အချင်းကိုတောင် သမ္မတ အရည် အချင်းလို ချဖို့ဆန္ဒပြုမှာ။ မကြာခင် အဲဒီ လို သဘောထားတွေ ထွက်လာပါလိမ့် မယ်။


ဦးတင်မောင်ဦး (ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်)

ဒီ ၅၉ (စ)နဲ့ ပတ်သက်ပြီး ရေရှည် ဖြစ်လာမယ့်အကျိုးဆက်တွေက အများ ကြီးပဲ။ တလောက ကျွန်တော် လွှတ်တော် မှာ ဒီကိစ္စပြောတယ်။ မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ စိမ့်ဝင်နေတဲ့ နိုင်ငံခြားငွေ တွေက စနစ်တကျ ထိန်းကျောင်း ဖို့လိုတယ် ဆိုပြီးတော့ ပြောခဲ့တယ်။ နည်းပေါင်းစုံ နဲ့ ပြည်တွင်းကိုနိုင် ငံခြားငွေတွေ ၀င်နေတယ်။ မြန်မာနိုင်ငံအတွက် ဘာလုပ်မှာလဲ။ဒါ တွေကိုလေ့လာသုံးသပ်ပြီးတော့ဒီ အချက် တွေကို မပြင်သင့် ဘူးလို့ မြင်တယ်။ တကယ်လို့ ပြောရရင် ပုဒ်မ ၅၉ (စ)မှာ အဆင့်က (၅) ဆင့်ရှိတယ်။ ကိုယ်ကိုယ် တိုင်၊ ကိုယ့်ရဲ့မိဘ၊ ကိုယ့်ရဲ့ ဇနီး၊ ခင်ပွန်း၊ ကိုယ့်ရဲ့သား၊ သမီးပြီးရင် ဇနီး၊ ချွေးမ စသဖြင့်ပေါ့နော်။ အဲဒီမှာ နံပါတ် (၅) ကို ပြင်ရင်ဘာဖြစ်မလဲ။ နံပါတ် (၄) ကို ပြင်လိုက်ရင်ဘာဖြစ်မလဲ။ ဒီ (၅) ဆင့်ကို ပြင်မယ်ဆိုရင် ကျွန်တော့်အမြင်အရတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် နံပါတ် (၅) အဆင့်ဖြစ်တဲ့ သမက်၊ ချွေးမ ဒီ လောက်တော့ ပြင်ကောင်းပြင်လို့ရရင် ရမယ်။ ကျန်တာတွေ ပြင်လိုက်မယ်ဆိုရင် တော့ တိုင်းပြည်အတွက်ရင်လေးဖွယ်ရာ အခြေအနေတွေ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် မပြင်သင့်ဘူးလို့ ထင်တယ်။ ကမ္ဘာကြီးကိGlobelizeဖြစ်နေတာကို လက်ခံပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူး ပြောင်းဆက် ဆံမှုတွေ မြန်ဆန်နေတာ လည်း ၀မ်းသာစရာပါပဲ။ သို့သော်ဒီလို ပြောင်းလဲနေခြင်းသည် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက အမေရိကန်ကိုသွားအတု ယူလို့မရဘူး။ ကိုယ့်အမျိုး၊ ကိုယ့်ဇာတိ မာန်နဲ့ပဲသွားနေကြရတာ။ အမျိုးသား ယဉ်ကျေးမှုလည်း ပျောက်လို့မရဘူး။ ဒါကြောင့်ပြောချင်တာ တလောကလာ တဲ့ အင်္ဂလန် အာရှရေးရာဝန်ကြီးက ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၅၉ (စ) က ၄၇ ဥပဒေမှာရော၊ ၇၄ ဥပဒေမှာရော မပါဘူးလို့ပြောတယ်။ သူ့အနေနဲ့ မြန်မာ နိုင်ငံအကြောင်း ဘယ်လောက်သိသလဲ။ မြန်မာနိုင်ငံမှာ ဘယ်နှရက်နေဖူးသလဲ။ သူမြင်ပြီး သူပြောသွားတာက သူ့ရဲ့လို လားချက်အတွက် မြင်တာ။ မြန်မာနိုင်ငံ ကို ယနေ့ တရုတ်၊ အိန်္ဒိယစသဖြင့်ဘယ် နိုင်ငံပဲဖြစ်ဖြစ်ချစ်လွန်းလို့တော့ လာကူ နေတာမဟုတ်ဘူး။ သူ့အကျိုးစီးပွားအတွက် ခံစားလာကူကြတာ အခုအာဆီယံဖွဲ့တာ ကောင်းတယ်။ ကုလသမဂ္ဂဖွဲ့ ထားတာ ကောင်းတယ်။ သူတို့တွေဒီလိုပြောတာ ဟာ မြန်မာ့သယံဇာတတွေလိုချင်လို့လား။ နောက် ဆုံးမြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာကိုလိုချင်လို့လား။ ဒီ ၅၉ (စ) ပြင်ဖို့ ဖိအားပေးနေတာတွေက ဒါတွေကို ကျွန်တော်တို့စဉ်းစားထားရမယ်။ ပြောရ ရင် ကျွန်တော်တို့ငယ်ငယ်ကသင်ရတဲ့ မဟော်သဓာ ဇာတ်တော်ထဲက အမေရင်း နဲ့ ဘီလူးမလိုပဲ။ ကျွန်တော်တို့ကအမေ ရင်း။ ခုဝေဖန်နေတဲ့ ပြည်ပနိုင်ငံတွေက ဘီလူးမပဲ။ သူတို့က အကျိုးကိုမျှော်ပြီး အမေယောင်ဆောင်နေတာ။ သူတို့တွေကတော့ လက်ပြုတ်ပြုတ်ြေ ခပြုတ်ပြုတ်ဆွဲ မှာပဲ။ အမေအစစ်မှ မဟုတ်တာလေ။ ပြည်ပနိုင်ငံတွေအားလုံးကိုတော့မဆိုလို ပါဘူး။ ၅၉ (စ) ဟာ တစ်ဦးတစ်ယောက် ကိုရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကြီးဟာ နိုင်ငံတော် အကျိုးအတွက် ရေရှည်ကိုမျှော်ပြီးရေး ဆွဲထားတာ။ ဘယ်သူ့ကိုမှ ပိတ်ဆို့ဖို့ ရည်ရွယ်ထားတဲ့ဥပဒေ လည်းမဟုတ်ပါဘူး။ ဒီ ၅၉ (စ) ကို နိုင်ငံတော်အကျိုးအတွက် ပြင်မယ်ဆိုရင်လက်ခံမယ်။ လူတစ်ဦး တစ်ယောက်အကျိုး၊ အဖွဲ့အစည်းတစ်ခု အကျိုးအတွက်ကိုတော့လုံးဝမထောက်ခံ ဘူး။


ဦးလွင်ဦး (ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်)


ကျွန်တော်တို့အနေနဲ့က ပုဒ်မ ၅၉ (စ) ပြင်သင့်၊ မပြင်သင့်ဆိုတဲ့ အပိုင်းမှာ ပြင်ပေးလို့ရတဲ့ အပိုင်းရှိ တယ်။ ပြင်ပေး လို့ရတဲ့ အပိုင်းသည်သမက်တွေ၊ချွေးမတွေ ဆိုတဲ့နေရာအပိုင်းလောက်အထိတော့ပြင် ပေး လို့ရတယ်။ သားသမီး၊ ခင်ပွန်းမပါရ ဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး။ မြန်မာ နိုင်ငံရဲ့ သမ္မတသည် နိုင် ငံတော်ရဲ့ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သလို နိုင်ငံ တော်ရဲ့ အထွတ်အထိပ်မှာရှိနေတဲ့ ပုဂ်္ဂိုလ် ဖြစ်တယ်။ ဒီလိုမျိုးပုဂ်္ဂိုလ်အတွက်ရွေးချယ် မှုစံနှုန်းတွေမှာ စံမီလိုက်မီဖို့တော့လိုလိမ့် မယ်။ စံမမီတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ အလုပ်လုပ်တာမျိုးတော့မဖြစ်စေချင်ဘူး။ ဒါအဓိကပဲ။ နောက်တစ်ခုကတော့ ယခင်ဖွဲ့စည်း ပုံတွေမှာမပါဘူးဆိုပြီး ၅၉ (စ)ကို ဝေဖန်နေတဲ့သူတွေအနေနဲ့ရော ၄၇ ဥပဒေ ပုဒ်မ ၇၄ ကို သေသေ ချာချာ ရောဖတ်ပြီးပြီလားလို့မေးချင်တယ်။ အဲဒီတုန်းက ပုဒ်မ ၇၄ ဆိုတာလွှတ်တော် အမတ်ဖြစ်ရမယ့် အရည်အချင်းဆိုင်ရာ ပြဋ္ဌာန်းချက်နော်။ နိုင်ငံတော်သမ္မတ အရည်အချင်းတောင် မပါသေးဘူး။ အမတ်တစ်ယောက်ဖြစ်ဖို့လိုတဲ့ ကန့်သတ် ချက်ကိုတောင်သေသေချာချာဖတ်ရဲ့လား လို့။ မျက်စိစုံ မှိတ်ပြီးပြင်မယ်။ ပြင်မယ်ပဲ လုပ်နေလို့တော့မရဘူး။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့မြေပုံပေါ်မှာ တည်တံ့ခိုင်မြဲစေချင်သလား။ ဖွဲ့စည်း ပုံအရ ကျင်းပတဲ့ (၅) နှစ်တစ်ကြိမ်ရွေး ကောက် ပွဲတွေမှာ မြန်မာ့သွေးစစ်ရှိတဲ့ ပုဂ်္ဂိုလ်တွေကို တိုင်းပြည်ရဲ့ အထွတ်အထိပ် ပုဂ်္ဂိုလ်ဖြစ်စေချင်သလား။ အဲဒါဆိုရင် တော့ ဒီပုဒ်မ ၅၉ (စ) မပြင်ရေးကိုဘဲ ထောက်ခံသင့်တယ်။

By Hot News Journal

Valentine’s Day မှာ အချစ်နဲ့ Sex ကို မရောထွေးပါနဲ့(လက်မထပ်ခင် အတူနေသူများဖတ်ရန်)

Posted by drmyochit Wednesday, February 05, 2014, under | No comments



Wednesday, February 05, 2014

လက်ရှိမြန်မာနိုင်ငံမှာ လူငယ်တွေရဲ့အကြား Sex Education နဲ့ပတ်သက်ပြီး ဗဟုသုတ ပျံ့ပွားမှု ဘယ်လောက် ရှိနေသလဲ၊ ဒီအပေါ်မှာ လူငယ်တွေက ဘယ်လိုလက်ခံသလဲ၊ ပညာပေးဖြန့်ဝေမှုတွေ အနေနဲ့ရော ဒီလိုပညာပေးရာမှာ ဘယ်လို အခက်အခဲ အတွေ့အကြုံတွေ ရှိသလဲဆိုတာကို မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသမီး ဆရာဝန်များအဖွဲ့က ဒေါက်တာ ဒေါ်နုနုဆွေကို ဧရာဝတီ အယ်ဒီတာ အေးချမ်းမြေ့ က တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။ အခု မြန်မာပြည်က လူငယ်တွေ၊ ဆယ်ကျော်သက်တွေအတွက် Sex Education ပေးနိုင်မှုက အိမ်နီးချင်း နိုင်ငံတွေလောက် မလုပ်ပေးနိုင် သေးတဲ့အခြေအနေမှာ ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ ဒီလို Sex ကိစ္စကို စမ်းသပ်ပြီဆိုရင် ဆောင်ရန် ရှောင်ရန်တွေက ဘာတွေရှိနိုင်မလဲ။

ဖြေ။ ။ အဲဒီကိစ္စတွေကို အရင်တုန်းက Sensitive issue ဖြစ်တဲ့အတွက် ဘယ်သူမှလည်း မလုပ်ကြဘူး။ ကျမတို့က ဆရာဝန်အသင်း အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ကျောင်းတွေမှာ သွားပြီး ၆ တန်းကနေ ၁၀ တန်းအထိ အမျိုးသမီး လေးတွေကို စုလိုက်တယ်။ စုပြီးရင် မသဘာဝ ဘာညာပြောတယ်။ သူတို့က သိသင့်သမျှကို သိထားသင့်တယ်။ မသိဘဲနဲ့ စမ်းသပ်တာ အန္တရာယ်များတယ်။ အလင်းရောင်လေးရှိတဲ့ နေရာကို သွားတာ ကောင်း တယ်လေ။ မှောင်ထဲကို မသိဘဲနဲ့ စမ်းတဝါးဝါးသွားတာ မကောင်းဘူး။ အရမ်း စိုးရိမ်စိတ်ပိုတဲ့ လူကြီးတွေကတော့ ဒါတွေကို ဒီလို အရွယ်လေးတွေမှာ သိအောင် ပြောလိုက်ရင် သူတို့တွေရဲ့ စိတ်ကို နှိုးဆွသလို ဖြစ်မလား ဆိုပြီးတော့ ဆောင်ရန်ရှောင်ရန် မရောက်ခင်မှာကို အတိုက်အခံ လုပ်ပြီးတော့ အမျိုးသမီးဆရာဝန်အဖွဲ့က မသဘာဝ ဆယ်ကျော်သက်ဘဝ ဆိုပြီးတော့ ပြောတယ်။ အဓိက ကတော့ ဆောင်ရန် ရှောင်ရန်တွေက ဆယ်ကျော်သက်လို့ ပြောလိုက်ပေမယ့် အမျိုးသမီးတွေ ဘက်က ပိုပြီးတော့ နစ်နာဆုံးရှုံးနိုင်ချေ များတယ်လေ။ အဲဒါကြောင့် အမျိုးသမီးတွေကို ပိုပြီးတော့ ဦးစားပေးပြောတယ်။ လူနေမှုစနစ်က တံခါးဖွင့်ဆို၊ ဖွင့်နေတဲ့ အချိန်မှာ အကုန်လုံးဝင်လာမယ်။ အဲဒီမှာ ကိုယ်က နည်းမှန်လမ်းမှန် အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ ရှာဖွေမှာပဲလေ။ ဒါ စူးစမ်းတဲ့ အရွယ်၊ အဲဒီမှာ မဟုတ်တဲ့၊ မမှန်တဲ့ အချက်တွေတွေ့ရင် အန္တရာယ် အရမ်းများတယ်။ အဲဒါကို မျှော်တွေးပြီးတော့၊ အတိုက်အခံလုပ်ပြီးတော့ ကျောင်းတွေမှာ မ သဘာဝကိစ္စ ပြောတယ်။

အရေးကြီးတဲ့ အန္တရာယ်က ကိုယ်ဝန်တခုတည်း မဟုတ်ဘူး။ လိင်ကတဆင့် ကူးစက်တဲ့ STD လို့ခေါ်တဲ့ အရာတွေရဲ့ အန္တရာယ်။ AIDS ပဲ လူတွေက ကြောက်တာ။ အသည်းရောင် အသားဝါပိုးတွေ၊ အဲဒါတွေကလည်း တသက်လုံး လူလုံးမလှဘူးလေ။ နောက်ဆက်တွဲ ကင်ဆာတွေ၊ ဘာတွေ ဖြစ်တယ်။ အဲဒါမျိုး ဆိုးကျိုးတွေ အများကြီးရှိတယ်။ ဘယ်အသက်အရွယ် မဆို လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေက အန္တရာယ် ဖြစ်တယ်ပေါ့။ ကိုယ်ဝန်ရတယ် ဘာဖြစ်လဲ။ ကိုယ်ဝန်ရသွားရင် ဖျက်ချလိုက်မယ်။
ဖျက်ချပြီးရင် နောက်အပျိုလိုပဲ နေပြီးတော့ အိမ်ထောင်ပြုကြမယ် ပေါ့နော်။ ဒီလူနဲ့ပဲ ယူရင်လည်း ယူမယ်ပေါ့။ အဲဒီလိုမျိုးတွေ တိမ်တိမ်လေးမတွေးဖို့ပေါ့နော်။ ကိုယ့်အတွက်က ဘယ်လောက် အန္တရာယ်များလဲ၊ ကိုယ်ဝန် ဖျက်ချတာရဲ့ နောက်ဆုံး အောင်မြင်သွားတဲ့ လူတွေက ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြတယ်လို့ လူတွေက ထင်တယ်။

ဒါပေမယ့် တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ တကယ်လို့ ဒီလူနဲ့ မဟုတ်ဘဲ၊ ကိုယ့်ကို တန်ဖိုးထားတဲ့ လူနဲ့ အိမ်ထောင်ကျပြီး ကလေးယူမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အချိန်ကျရင် မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်တဲ့ သားအိမ်ကနေ လမ်းကြောင်းတွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ ပိုးဝင်တယ်၊ အနာဖြစ်တယ် ဆိုရင် အနာရွတ်တွေ ဘာတွေက သားဥပြွန် ဆင်းတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်တယ်။

နောက်ပြီး ဒီထက်ပိုဆိုးတာက မီးယပ်ပိန်၊ မီးယပ်ခြောက် ဖြစ်တာ။ အိမ်ထောင်ပြုတဲ့အချိန်မှာ ကိုယ့်အိမ်ထောင်ရေး သာယာမှုမရှိတာပေါ့။ ဒါတွေက လူတွေမသိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့။

မေး။ ။ ဒီကိစ္စတွေမှာ မိန်းကလေးတွေကို ပညာပေးတယ်ဆိုတော့ ယောက်ျားလေးတွေကရော အန္တရာယ် မရှိနိုင်ဘူးလား။

ဖြေ။ ။ အဲဒီဟာတွေကို လုပ်တာကျတော့ ဆရာဝန်အသင်းမှာ Reproductive health ဆိုတာ၊ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး ဆိုတာ ရှိတယ်။ အဲဒါကတော့ Mobile Educator တွေ ဆင်းပြီးတော့ ပြောတယ်။ အဲဒီမှာ ယောက်ျားလေး တွေကို ဘာပြောလဲဆိုတော့ သူတို့က ကိုယ်ဝန်မရနိုင်လို့ ကိစ္စမရှိတာ မဟုတ်ဘူး။ နောက် ကိုယ့်ဆီကနေ တဆင့် STD ကို ဖြန့်ဖြူးတဲ့ ကိစ္စဟာ အလွန် အရေးကြီးတယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ အကြောက်ဆုံးကတော့ တသက်လုံး ကုနေရမယ်၊ လူမှုအသိုင်းအဝိုင်းထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာလေ။ အဲဒီလိုဆို သူ့လုပ်အားကိုလည်း ဆုံးရှုံးမယ်၊ သူကို ဝိုင်းစောင့်ရှောက်ရတဲ့ လူတွေအတွက်လည်း လုပ်အားဆုံးရှုံးမယ်။ တိုင်းပြည်အတွက်လည်း တိုးတက်ဖွံ့ဖြိုးမှုမှာ နှေးနိုင်မယ် ပေါ့နော်။ အနှောင့်အယှက် ပြုနိုင်တဲ့ ကိစ္စရပ်အားလုံးကို ကျမတို့က ကူညီပြီးတော့ တိုက်ဖျက်ပေးတာပေါ့။ မှန်ကန်တဲ့ အသိ သူတို့မှာ ရှိသွားအောင်ပေါ့။ လူငယ် တော်တော်များများက ဒါကိုလုပ်၊ ဒါမလုပ်နဲ့ဆို မကြိုက်ဘူး။ ဘာလုပ်လဲ ဆိုတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်မယ် ဆိုသလိုလေ သူတို့ ယုံကြည်စိတ်ချတဲ့၊ သူတို့အားကိုး စိတ်ချတဲ့ လူကိုပဲ ပြန်ပြီးတော့ Educate လုပ်စေတယ်။ Educate ဆိုတာ ပြောတော့ လွယ်တယ်။ အခုနောက်ပိုင်း ကမ္ဘာမှာ Health Education က Education နဲ့ မပြီးဘူး။ Health Promation နော်၊ Promation လာရမယ်။

မေး။ ။ အခုနောက်ပိုင်းမှာ မလိုချင်ဘဲရတဲ့ ကိုယ်ဝန်ကိစ္စ၊ အဲဒါတွေက ဘယ်လောက်အထိ များလာလဲ။

ဖြေ။ ။ အရမ်းများတယ်။ ကိုယ် လက်တွေ့လုပ်နေတဲ့ ဆေးခန်းမှာဆိုရင်လေ အမျိုးကောင်း သမီးလေးတွေလည်း ရောက်လာတယ်။ သူတို့ဟာ ပိုက်ဆံလိုချင်လို့လည်း မဟုတ်ဘူး၊ အပျော်ရှာချင်လို့လည်း မဟုတ်ဘူး။ ကံမကောင်း အကြောင်း မသင့်လို့ ဖြစ်မယ်။ စောစောကလို Sex Education မရှိတဲ့ဟာ အဓိက အချက်လို့ ထင်တယ်။ ရည်းစားရှိတဲ့ ကောင်မလေး တယောက်ကို သမီးရေ ဒီလိုတော့ မနေနဲ့ ဘယ်အချိန်က ကိုယ်ဝန်ရှိနိုင်တယ်။ ဒါတွေ ကိုယ့်ကို ကျူးလွန်မခံနဲ့ ပြောလိုက်လို့ ရှိရင် ဘယ်အချိန်ကတော့ ဖြစ်နိုင်တယ် ဆိုပြီး အဲဒီအချိန်မှာ တခါတည်း ပါသွားမှာ။ အဲဒါ ဆိုရင် ဘယ်အချိန်မှာ နေလို့ရတယ် ဆိုတာကြီးပါ သင်ပေးသလိုမဖြစ်အောင် အဲဒါ အရမ်းအန္တရာယ် ကြီးတယ် ဆိုတာတော့ ပြောတတ်ဖို့ လိုတယ်။ ကျမတို့က ရယ်စရာပြောတယ် ပေါ့နော်။ ကလေးတွေကို ခိုးစားနည်း သင်အပေးနဲ့ဆိုတာ ကိုယ်ပြောကာမှ သူတို့ ခိုးစားတတ်သွားရင် ဒါကြီးကို ကိုယ်ဝန်လည်း မရနိုင်ပါဘူးကွာဆိုပြီး အဲဒီလိုမျိုး Attitude ဘက် ရောက်သွားမှာ၊ အရမ်း အန္တရာယ်များတယ်။

မေး။ ။ ငယ်ရွယ်တဲ့အချိန်မှာ၊ ဥပမာ – ၁၄ နှစ်ကနေ ၁၆ နှစ်ပေါ့။ အဲဒီလိုဝန်းကျင်မှာ ကိုယ်ဝန်ဆောင်မိ၊ ကိုယ်ဝန်လွယ်မိရင် အန္တရာယ် ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ ဆေးပညာ အလိုအရတော့ ၁၈ နှစ်ကနေ ၃၅ နှစ်ဟာ ကိုယ်ဝန်ဆောင်ရတာ အသင့်လျော်ဆုံးပဲလို့ ပြောတယ်။ ရုပ်ခန္ဓာ အရတော့ အန္တရာယ်တွေတအား မများဘူးပေါ့နော်။ လူတွေက ထင်တယ်၊ ငယ်ငယ်ရွယ်ရွယ် ဆိုရင် အန္တရာယ်တွေ များတယ်လို့။ အမှန်မှာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ စိတ်ကြောင့်၊ စိတ်ဖိစီးမှုတွေရှိပြီးတော့ ရုပ်ခန္ဓာ အားနည်းတာတို့ မစားနိုင်တာတို့ သူတို့ အဆင်သင့် မဖြစ်ရင် သူတို့ အပေါ်မှာ ဒါကြီးက စိတ်ဒဏ်ရာ ရမယ်လို့ ထင်တယ်။ တကယ် အန္တရာယ် များတာကတော့ ၃၅ နှစ်ကျော် ၄၀ သက်ကြီးပိုင်း သားဦးမွေးတာ။

မေး။ ။ အခုအချိန်မှာ Valentine’s Day ကလည်း နီးလာပြီလေ။ Valentine’s Day ဆိုတာ အရင်တုန်းက မြန်မာပြည်မှာ သိပ်ခေတ်မစား ပေမယ့် အခု နောက်ပိုင်း အရမ်း ခေတ်စားလာတယ်။ အဲဒီလို ရက်တွေမှာ စုံတွဲတွေ အတူနေကြမယ် ဆိုတာမျိုး ဖြစ်လာတဲ့အခါကျတော့ အဲဒီနေ့ အတွက်၊ လူငယ်စုံတွဲတွေ အတွက် စကား လက်ဆောင် တခုလောက် ပေးပါလား။

ဖြေ။ ။ လူငယ်တွေအတွက်တင် မကဘူး၊ အဓိက ကတော့ ဘေးက ဝိုင်းဝန်းပြီး မြှောက်ပေးနေတဲ့ မီဒီယာတွေရယ်၊ စီးပွားရေးသမားတွေရယ် အဲဒါတွေကစပြီး ပိတ်ရမှာ။ ကလေးဆိုတာတော့လေ ဒီလိုပဲ မြှောက်ပေးတော့ သူတို့ဟာသူတို့တော့ ဟုတ်တယ်ထင်နေမှာပဲ။ ဘေးက အရမ်းလိုတယ်။ ကိုယ့်ရဲ့ စီးပွားရေးပေါ့။ ကိုယ့်နာမည် ကြော်ငြာတခု အတွက်၊ မြန်မာနိုင်ငံရဲ့ သားကောင်းရတနာ လေးတွေကို ချောက်ထဲ တွန်းမပို့ စေချင်ဘူး။ အဲဒီနေ့ဆို ဟိုတယ်တွေ ပြည့်လို့ဆိုတာ ကြားတယ်။ တည်းခိုခန်း တွေမှာ အကုန်ပြည့်နေတယ် ဆိုတော့ ဒါ မဖြစ်သင့်ဘူးလေ။ တံခါးဖွင့်တာ ဟုတ်တယ်။ သို့သော် တံခါးဖွင့်လာရင် စောစောက ပြောသလို ဖုန်တွေ သဲတွေ ဝင်လာတဲ့အထဲမှာ ဒီဖုန်ကတော့ အဆိုးဆုံးပဲ။ ဘဝပျက်နိုင်တဲ့ ဖုန်မှုန်တွေ။ အဲဒါတွေကိုတော့ ကာကွယ်ရမယ်ဆိုတော့ ဘေးက ပံ့ပိုးမှုကို ဝိုင်းဝန်းပြီးတော့ပေါ့နော်၊ ဥပမာ – သီချင်းဆို ပြိုင်ပွဲ၊ ဒီလို ရိုးရိုးသားသား လေးတွေတော့ ကောင်းပါတယ်။

ဒါပေမယ့် မြန်မာ့ရိုးရာ အစဉ်အလာ ရှိတယ်လေ။ ကိုယ့်ဟာကိုယ် ယူကာမှသာ ယူရော ဒီရည်းစား တယောက် အနေနဲ့ ဘာဖြစ်လို့ ဒီလိုပေါ်တင်ကြီး ဒါ ကျမချစ်သူပါလို့ မိန်းကလေးတွေ အနေနဲ့ရော ပြတာတော့ မကောင်းဘူး။ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါကတော့ ကိုယ့်အမြင်ပဲ။ နေရာ တကာမှာ ခေတ်ဆန်လွန်းတာ၊ နိုင်ငံခြားကနေ ပုံတူကူးချတာတော့ မကောင်းဘူး။ လူငယ်တွေကို ဘာပြောချင်သလဲ ဆိုတော့ စကားတခွန်းက ချစ်တာက ချစ်ပါ၊ ချစ်လို့ရတယ်လို့။ နောင်တချိန်မှာ နောင်တရစရာ ဆိုတာ ပြန်ပြင်လို့ရမယ့် အမှားဆိုရင် တော်သေးတယ်။ ကိုယ့်ဘဝကို အရိပ်မည်း ထိုးမယ့်ဟာမျိုးကို ဘယ်လိုမှ မလုပ်ပါနဲ့၊ ချစ်သူထားတဲ့အရွယ် ဆိုတာလည်း တနည်းနည်းတော့ ဝေဖန်နိုင်ပြီ၊ စဉ်းစားနိုင်ပြီ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း တန်ဖိုး ထားပါ။ အချစ်နဲ့ Sex ကို မရောထွေးပါနဲ့၊ စောင့်စည်းပြီးတော့ သစ္စာရှိတဲ့ အချစ်ကသာ ဘဝလမ်းကို ဖြောင့်ဖြူးနိုင်ပါတယ် ဆိုတာ ပြောချင်ပါတယ်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်