Saturday, February 08, 2014

ယာဉ်တိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ ယာဉ်မောင်းက ဓားဖြင့်လိုက်ခုတ်

Posted by drmyochit Saturday, February 08, 2014, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ် ဂန္ဓမာလမ်းထောင့်ရှိ မီးပွိုင့်တွင် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က မီးပွိုင့် မီးနီ ပြထားသောကြောင့် ယာဉ်များ ရပ်ထားစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ရာ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည့် အတိုက်ခံရသူကို ယာဉ်နှစ်စီးတိုက်မှု ကျူးလွန်ခဲ့သူ ယာဉ်မောင်း အမျိုးသားက ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ချော်တွင်းကုန်းဘက်မှ ရှစ်မိုင် မီးပွိုင့်ဘက်သို့ Total ရေနံကုမ္ပဏီမှ အသက် ၄၁ နှစ်အရွယ်ရှိ ဦးအောင်သီဟ မောင်းလာသော KIA SORENTO SUV အမျိုးအစားယာဉ်သည် အဆိုပါ ဂန္ဓမာလမ်းထောင့် မီးပွိုင့်အရောက် မီးနီမိ၍ ရပ်ထားစဉ် ၎င်းယာဉ်နောက်မှ MAZDA RX-8 အမျိုးအစားယာဉ်က ဝင်တိုက်မိသောကြောင့် ယာဉ်တိုက်မိသည့် နေရာကို ဦးအောင်သီဟက ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူနေစဉ် အဆိုပါ MAZDA RX-8 ယာဉ်မှ ယာဉ်မောင်း အမျိုးသားက အရှည် တစ်ပေခန့်ရှိ မြက်ခုတ်ဓားဖြင့် ဦးအောင်သီဟကို လိုက်ခုတ်သောကြောင့် ထွက်ပြေးခဲ့ရကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဓာတ်ပုံရိုက်လို့ စကားများရာက ဖြစ်ကြတာ။ ရန်ကုန်မြို့မှာ အသေးအမွှား ယာဉ်တိုက်မှုဖြစ်တာက လူတိုင်းအတွက် နေ့စဉ် ကြုံတွေ့နေရတာဆိုတော့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းပြောကြရင် ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။ လတ်တလော ဓားနဲ့လိုက်ခုတ်တဲ့သူက အင်းစိန်၊ ဖော့ကန် ရပ်ကွက်မှာ နေတယ်လို့ စုံစမ်း သိရှိထားတယ်” ဟု မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟု တိုင်ကြားခံရသူကို မရမ်းကုန်း မြို့မရဲစခန်းမှ (ပ)၃၇/ ၁၄၊ ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ပြီး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်သော နေရာများရှိ မီးပွိုင့်အချို့တွင် မီးစိမ်းမှ မီးနီပြောင်းစဉ် မီးဝါ အချက်ပြမှုများ မရှိခြင်း၊ မီးပွိုင့်အချို့မှာ ပျက်နေခြင်းများကြောင့် ယာဉ်များ အရှိန်လွန်ပြီး တစ်စီးနှင့်တစ်စီး ယာဉ်တိုက်မှုများ နေ့စဉ် ဖြစ်ပွားနေသည်ကို ကြုံတွေ့နေရကြောင်း မြို့တွင်း အငှားယာဉ်မောင်းများထံမှ သိရသည်။

The Voice Weekly

ရန်ကုန် မီးပွိုင့် ယာဉ်တိုက်မှု တခုအား တွေ့ ရစဉ် 

ပါတီပွဲများတွင် ဝင်ဆံ့လှသူ တစ်ဦးမဟုတ်ဟု အမ်မာဝပ်ဆန် ဝန်ခံ

Posted by drmyochit Saturday, February 08, 2014, under | No comments


Harry Potter ဇာတ်ဆောင် မင်းသမီးက သူမသည် ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အတန်ငယ် မနေတတ် မထိုင်တတ်နှင့် ကျင့်သားမရ ဖြစ်နေတတ်သည်ကို မပြင်နိုင်သေးကြောင်း ဆိုသည်။

သူမသည် ဆိုရှယ်ကျကျ အသိုင်းအဝိုင်းတွင် ဝင်ဆံ့လှသူ တစ်ဦးမဟုတ်ကြောင်း အမ်မာဝပ်ဆန်က ဖွင့်ဟ ပြောကြားခဲ့သည်။ Harry Potter ဇာတ်ဆောင် မင်းသမီးက သူမသည် ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အတန်ငယ် မနေတတ် မထိုင်တတ်နှင့် ကျင့်သားမရ ဖြစ်နေတတ်သည်ကို မပြင်နိုင်သေးကြောင်း ဆိုသည်။ အသက်(၂၃)နှစ်ရှိ ဗြိတိသျှ မင်းသမီးလေးက "ကျွန်မနဲ့ ပတ်သက်ပြီး ချီးကျူးစကားတွေ မျိုးစုံ ကြားဖူးခဲ့ပါတယ်။ ဒါပေမဲ့ ပါတီပွဲတွေနဲ့ ပတ်သက်လို့တော့ မပါခဲ့ဘူး။ ကျွန်မက ရှက်တတ်တယ်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာလည်း နည်းနည်း ဂွတီးဂွကျ ဖြစ်နေတတ်တယ်။ အထူးသဖြင့် ကိုယ်ရောက်နေတဲ့ ပါတီကို မကြိုက်ဘူးဆိုရင် ဒါမျိုးက ပိုသိသာတယ်"ဟု ဆိုသည်။
အမ်မာက "တစ်ခါတစ်လေတော့လည်း ရေချိုးခန်းထဲ သွားပြီး တစ်ယောက်တည်း နေနေတယ်။ မျက်စိအရမ်းရှုပ်လာရင် ကျွန်မစိတ်ကို အနားပေးဖို့ လိုတယ်လေ။ ကျွန်မရဲ့ အလုပ်အကိုင် သဘောအရ ပါတီပွဲတွေနဲ့ ဖယ်ခွာနေလို့တော့ မရပါဘူး။ ဒါပေမဲ့ ကျွန်မက စိတ်ရှုပ်လွယ်တယ်။ တစ်ခါတစ်လေမှာ စကားများများ ပြောသင့်ပေမယ့် ဆိုးဆိုးရွားရွား စကားနည်းနေတတ်ပြန်ပါတယ်"ဟုလည်း ဝန်ခံခဲ့သည်။ သူမက အတန်ငယ် အသက်ရလာချိန်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ ချဉ်းကပ်မှုများ၌ ပိုမိုရင့်ကျက်လာသည်ဟု ခံစားမိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

"ကျွန်မခုဆို ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်တတ်လာပြီ။ တစ်ယောက်တည်း ရင်ဆိုင်ရမယ့် အခြေ အနေတွေ အတွက် ပြင်ဆင်တတ်လာတယ်။ စိတ်ဖိစီးမှုတွေကို ဘယ်လို တွန်းလှန်ရမယ် ဆိုတာကိုလည်း သိလာပါတယ်။ ပတ်ဝန်းကျင်မှာ ကောင်းတဲ့ အပေါင်းအသင်းရော၊ ဆိုးတဲ့အပေါင်းအသင်းပါ ရှိလိမ့်မယ်။ ဒါတွေကို ကိုယ့်ဖာသာ ရွေးနုတ်ပြီး သိရလိမ့်မယ်။ ကိုယ်က အရာရာကို လုပ်နိုင်တဲ့သူ မဟုတ်မှန်းလည်း နားလည်ဖို့ လိုပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ရောကိုယ်ပါ အနားယူရတာမျိုးကို မဖြစ်မနေ ရွေးချယ်ရပါလိမ့်မယ်"ဟုလည်း အမ်မာက ပြောဆိုသွားသည်။

From : Planet Myanmar Network 

( ချစ်သူများနေ့ ) တကယ်ချစ်တဲ့ သူတွေအတွက် ဝတ္တုလက်ဆောင်

Posted by drmyochit Saturday, February 08, 2014, under | No comments


အလွန်ချစ်ကြသော ချစ်သူနှစ်ဦး ရှိပါတယ်။ ရည်စား သက်တမ်းကလည်း အတော်ကြာပြီ ဆိုတော့ ၎င်းတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ အခြားသူတွေ အားကျလောက်အောင် လည်း အလွန်လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကောင်မလေး၏ ချစ်သူဟာ ခရီးတစ်ခု သွားပါတယ်။ ကံမကောင်းစွာပဲ ကားမှောက်ခဲ့တယ် ဆိုပါတော့။ ဒါကြောင့် ကောင်လေး၏ လက်တွေ ခြေထောက်တွေ အကုန်လုံးကို ဖြတ်လိုက်ရပါတော့တယ်။
ဒါကြောင့် ဆေးရုံးမှာ ရက်ပေါင်း အတော်ကြာအောင် ဆေးကုသမှုတွေ ခံယူရပါတယ်။ ဆေးရုံမှာ ရက်အတော်ကြာ နေပြီးနောက် ဆေးရုံကနေ ဆင်းရပါတော့တယ်။ ခြေမရှိ ၊ လက်မရှိနဲ့ ဆိုတော့ အလွန်ပဲ ဒုက္ခရောက်တာပေါ့။

ကောင်လေးဟာ အလွန်ပဲ စိတ်ဓာတ်ကျ သွားပါတော့တယ်။ ဘယ်လောက်ထိတောင် စိတ်ဓာတ်ကျသွားလည်း ဆိုတော့ လူ့လောကထဲမှာ မနေချင်တော့လောက်အောင် ကောင်လေးစိတ်ဓာတ် ကျသွားပါတော့တယ်။

ထိုအချိန်ကနေ စပြီး ကောင်လေး၏ ချစ်သူဟာ မညဉ်းမညူဘဲနဲ့ ကောင်လေး၏ ဝေရာ ဝစ္စတွေကို ရက်ပေါင်း များစွာ၊ လပေါင်း များစွာ၊ နှစ်တွေ ကြာအောင် ပြုစု စောင့်ရှောက် ပေးခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုရင် ကောင်လေး သွားချင်တဲ့ နေရာတိုင်းကို ဂုံးပိုးပြီး လိုက်ပို့ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ ကံမကောင်းဘူးလို့ပဲ ဆိုရမှာလား မသိပါဘူး။ လက်ထပ်ခါနီးမှ အခုလို အဖြစ်ဆိုကြီးနဲ့ တိုက်ဆိုင်စွာ ကြုံတွေ့ လိုက်ရတယ်။ အလွန်ဝမ်းနည်း စရာလည်း ကောင်းလွန်ပါတယ်။ အခုလက်ရှိ အတိုင်းဆို သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။

တစ်နေ့ ဆေးရုံကို သူတို့နှစ်ယောက် သွားကြတယ်။ ဆရာဝန်ဆီက မင်္ဂလာ သတင်းတစ်ခုကို ကြားသိ လိုက်ရတယ်။ အဲဒါကတော့ လူကောင်း ပကတိလိုမျိုး ခြေထောက်နှင့် လက်တွေကို အစားထိုးပေးမယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် သူတို့ ချစ်သူနှစ်ဦး အရမ်းပျော်သွားကြပါတယ်။ ကောင်မလေး ဖြစ်သူဆိုရင် ပျော်လွန်းလို့ မျက်ရည်တွေတောင် ကြပါတယ်။

ဒီလိုနဲ့ ကောင်းလေး၏ အစားထိုး ကုသတဲ့ အောင်မြင်သွားပါ တော့တယ်။ လူကောင်း ပကတိလိုမျိုးတော့ မဟုတ်ပေမယ့် သွားလာလှုပ်ရှား လို့ရနိုင်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက် မင်္ဂလာဆောင်လိုက် ကြပါတယ်။

ကံဆိုးမှုတွေကို သူတို့နှစ်ယောက် ရင်ဆိုင် ကြုံတွေ့လိုက် ရပေမယ့် ကောင်မလေးဟာ ကောင်လေး၏ အပေါ် စိတ်ပျက် ငြီးငွေ့ခြင်း မရှိဘဲ ပြုစု စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ကောင်မလေး၏ စိတ်ဓာတ်ကို လေးစားဖို့ ကောင်းလွန်းပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာတော့ အတူ ဘဝလက်တွဲဖော် ဖြစ်သွားကြပါတယ်။

ကောင်မလေးသာ အဲဒီလိုပြုစု ယုယ မှုတွေ မပေးဘူးဆိုရင် ကောင်လေးဟာလည်း လူ့လောကမှာ ရှိတော့မည် မဟုတ်ပါဘူး။ သူတို့ချစ်သူနှစ်ဦးဟာ အရင်လိုမျိုး ပျော်ရွှင်စရာကောင်းပြီး၊ အများအားကြထိုက်တဲ့ ဆုံတွဲ ဘဝကိုလည်း ပြန်လည်ရောက်ရှိလို လာမည်မဟုတ်ပါဘူး။

အချစ်ဆိုတာဟာ အေးချမ်းမှုတွေကိုပဲ ပေးတာ မဟုတ်ပါဘူး ပှုလောင်တွေကိုလည်း ရရှိစေပါတယ်။ ပှုလောင်မှုတွေ ရရှိလာချိန်မှာ မခံစားနိုင်ဘူးဆိုလျှင် ရင်ထဲမှာ အချစ်စစ် မဟုတ်လို့ပါ။

From : ကျော်လင်းနိုင် (MM Social Sky)

(၁၄)နှစ်အရွယ် ၇ တန်းကျောင်းသားနှစ်ဦး ပျောက်ဆုံးနေ

Posted by drmyochit Saturday, February 08, 2014, under | No comments



ရန်ကုန်၊ ဖေဖော်ဝါရီ ၈။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ (၁၄) နှစ်အရွယ် ၇ တန်း ကျောင်းသားနှစ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နေအိမ်မှ မုန့်ထွက်ဝယ်မည်ဟုပြောဆိုပြီး ထွက်ခွာသွားရာ ယခုအချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိပဲ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ ကလေးနှစ်ဦးမှာ မောင်သီဟဇော် -မွေးနေ့(၂၄-၃-၂၀၀၀)၊ အဖ-ဦးသန်းမြင့်ထွန်း၊ အမိ-ဒေါ်စိုးစိုးလှ၊ အိမ်အမှတ် ၁၁၅/ခ အဝေရာလမ်း၊ အမှတ် (၁၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နှင့် မောင်အောင်ချမ်းမြေ့ -မွေးနေ့(၇-၃-၂၀၀၀)၊ အဖ-ဦးမောင်မောင်နိုင်၊ အမ-ဒေါ်သင်းသင်းမြတ်၊ အိမ်အမှတ် က/၂၇၈ မေတ္တာလမ်း၊ လှိုင်သာယာမြို့နယ် နေသူကလေးနှစ်ဦးတို့ဖြစ်ကြပြီး၊ ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။ မိဘများမှာ လွန်စွာစိုးရိမ်ပူပန်လျှက်ရှိကြပြီး၊ အဆိုပါကလေးနှစ်ဦးကို တွေ့ရှိပါက မိခင်ဖြစ်သူ ဒေါ်စိုးစိုးလှ ဖုန်းနံပတ် 09-73220206 သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန် တင်ပြအပ်ပါသည်။

(ကျေးဇူးပြု၍ ဖြန့်ဝေပေးကြပါခင်ဗျာ)

Hinthata HumanRights 

Friday, February 07, 2014

တက္ကသိုလ်ဝင်တန်းကျောင်းသားများအရေး ထည့်စဉ်းစားသင့်ဟု ဦးခင်အောင်မြင့်ထောက်ပြ

Posted by drmyochit Friday, February 07, 2014, under | No comments

နေပြည်တော်၊ မဇ္ဈိမ

 မြန်မာ့ပညာရေးတွင် “ဘဝ တစ်ဆစ်ချိုး” ဟု အများ လက်ခံ ထားသည့် တက္ကသိုလ်ဝင်တန်း ကျောင်း သားများ အောင်ချက်မြင့် မားရန် ဆရာများ၏ သင်ကြားမှု အပိုင်းနှင့် စာမေးပွဲ စစ်ဆေးမှု အပိုင်း တို့ကို ထည့်စဉ်းစားသင့်သည်ဟု အမျိုး သား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဖေဖော်ဝါရီ ၇ရက်က အမျိုးသား လွှတ်တော်တွင် ပြောသည်။

“ကျောင်းသားမိဘ သဘောမျိုးနဲ့ ကျွန်တော် ခံစားမိတာကတော့ သင်ကြားမှု ဒီဂရီနဲ့ စစ်ဆေးမှု ဒီဂရီကြားထဲမှာ ကွာဟချက်များရှိရသလား။ ဒီပညာရေးနဲ့
ပတ်သက်လို့ ဆွေးနွေးနေ၊ တိုင်ပင်နေ၊ ညှိနှိုင်းနေတဲ့ အခါမှာ ထည့်စဉ်းစား စေချင်တာပေါ့ ” ဟု ဦးခင်အောင်မြင့်က ထောက်ပြပြောဆိုသည်။

တက္ကသိုလ်ဝင်တန်းများ၏ ဆယ်နှစ်တာကာလအတွင်း အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနက လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားပါလား ဟူသည
ရန်ကုန်တိုင်းအမတ် ဒေါက်တာမြင့်ကြည်၏ မေးခွန်းကို ဝန်ကြီးက ဖြေပြီးပြီးခြင်း ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ ဆယ်စုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်းမှာ ပျဉ်းမျှ ၃၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် “ပျဉ်းမျှ ၃၀ ရာခိုင်နှုန်းဆိုရင် ၇၀ ရာခိုင်နှုန်းတွေ ဘာဖြစ်ကုန်မလဲလို့ စဉ်းစားတိုင်း၊ စဉ်းစားတိုင်း စိတ်မကောင်းပါဘူး။ ဒါလေးတွေကိုလည်း ထည့်စဉ်းစား ပေးပါ” ဟု ၎င်းကပြောသည်။
ဒေါက်တာမြင့်ကြည်၏ မေးခွန်းဖြစ်သည့် ၁၀နှစ်တာ အောင်စာရင်းကို “ဆန်းစစ်လေ့လာမှု ပြုထားခြင်းမရှိ” ဟု ပညာရေးဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြန်ဖြေခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ်အတွင်းက အောင်ချက် ရာခိုင်နှုန်းများကိုသာ ဖတ်ပြသွားသည်။

ဒုဝန်ကြီးဖတ်ပြသည့် စာရင်းအရ ၂၀၀၆-၀၇ ပညာသင်နှစ်မှ ၂၀၁၁-၁၂ အထိ အများဆုံး အောင်ချက်ရာခိုင်နှုန်းမှာ ၃၅ ရာခိုင်နှုန်းကျော်အထိသာရှိခဲ့သည်။
“စာမေးပွဲ အောင်စာရင်းထွက်တိုင်း၊ ထွက်တိုင်းမှာ ကျွန်တော့အနေနဲ့ စိတ်မကောင်းဘူး။ စိတ်မကောင်းတာ ကိုယ်ချင်းစာလို့ပါ။
ကျသွားတဲ့ကလေးတွေက များလို့။ များတဲ့အခါကျတော့ သူတို့ဘဝတွေ ဘယ်လိုဖြစ်ကုန်မလဲ” ဟု ဦးခင်အောင်မြင့်က ဆိုသည်။
ဦးခင်အောင်မြင့်ပြောသကဲ့သို့ အောင်ချက်ရာခိုင်နှုန်း မြင့်မားရန်မှာ ဆရာအင်းအားလုံလောက်မှု၊ သင်ထောက်ကူပစ္စည်းပြည့်စုံမှု၊ ဆရာတို့၏ သင်ကြားမှု စွမ်းရည် မြင့်မားမှု တို့မှာ အဓိက စိန်ခေါ်ချက်ဖြစ်နေသည်ဟု အထက်မြန်မာပြည်၏ အခြေခံပညာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် မွန်တိုင်းရင်းသား ဦးနိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။

မြန်မာပညာရေး အရည်အသွေးနိမ့်ကျရခြင်းမှာလည်း “ပညာရေးဌာနကို မကျွမ်းကျင်တဲ့သူတွေ ရောက်လာလို့” ဟု ဦးနိုင်ငွေသိန်းက ဝေဖန်ခဲ့သေးသည်။

Mizzima - News in Burmese

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ

Posted by drmyochit Friday, February 07, 2014, under | No comments

အင်တာနက်စာမျက်နှာတွေမှာ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် အသုံးပြုသူတွေ ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတွေ မကြာခဏ တွေ့နေရပါတယ်။ ဒီလို စမတ်ဖုန်းပေါက်ကွဲမှု တွေ ဖြစ်ပေါ်နေတာ နှစ်တွေ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပေါက်ကွဲတဲ့ စမတ်ဖုန်း တွေ ဟာ ထုတ်လုပ်သူ ရဲ့ မှားယွင်းမှု လည်း တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အသုံးပြုသူရဲ့ မပြုလုပ်သင့် တဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေ ရှောင်ကြဉ် သင့် တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ စမတ်ဖုန်း ကို ဖြစ်စေ ဘက်ထရီ ကိုဖြစ်စေ အပူချိန်များတဲ့ နေရာ မှာ မထားသင့်ပါ။ အထူးသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

၂။ စမတ်ဖုန်းကို Overclock ပြုလုပ်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ စမတ်ဖုန်း ဟာ အလွန်ပူနေရင် အလုပ်မခိုင်းစေဘဲ အနားပေးထားသင့်ပါတယ်။

၃။ လူတော်တော်များများက ညဘက် အိပ်ရာ ၀င်ရင် အားသွင်းလေ့ရှိကြပြီး အိပ်ယာ နားမှာ ပဲ အားသွင်းတတ်ကြပါတယ်။ အားသွင်းတဲ့ နေရာ ကို အိပ်ယာ နဲ့ ဝေးဝေး ထားသင့်ပါတယ်။ အိပ်ယာ မ၀င်ခင်အားသွင်းသင့်ပြီး အိပ်ယာ ၀င် မှ အားသွင်းခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

၎။ ထုတ်လုပ်သူ ရဲ့ Battery, Charger တွေကို ပဲ အသုံးပြုသင့်ပါတယ်။

၅။ စမတ်ဖုန်း ကို ရေနဲ့ မထိမိစေရန် ဂရုစိုက်သင့်ပါတယ်။

ဒါတွေကတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ဂရုစိုက် သင့် တဲ့ အကြောင်းအရာတွေ ပဲဖြစ်ပါတယ်။

Ref:Myanmar Digital Life Journal


မီးလောင်ရာလေပင့်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့

Posted by drmyochit Friday, February 07, 2014, under | No comments




ဖေဖော်ဝါရီလ ၂ရက်နေ့က ကုန်သည်ကြီးများဟော်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ Kenneth Rotက မြန်မာအစိုးရဟာ မီဒီယာဖိနှိပ်မှုတွေ ပြုလုပ်ဆဲဖြစ်ကြောင်းပြောခဲ့သဗျ။

အဲဒီထဲမှာ ပြီးခဲ့တဲ့အပတ်က ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခုလိုလက်လွှတ်စံပယ် ပြောခဲ့တယ်ဗျ။
ဂျာနယ်လစ်တွေအနေနဲ့ ပြည်သူတွေသိသင့်တဲ့အကြောင်းအရာကို ရေးသားဖော်ပြတဲ့အတွက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူတာ၊နိုင်ငံတော်သစ္စာဖောက်မှုအဖြစ်သတ်မှတ်တာတွေဟာ မဖြစ်သင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကိုယ်လုပ်သင့်တာကို လုပ်နေကြတာပဲ။ကိုယ့်ရဲ့ ခံစားချက်တွေ၊အမြင်တွေကို ဖော်ပြသူတွေအနေနဲ့ ရာဇ၀တ်ဥပဒေနဲ့ အရေးယူတာမျိုးမဖြစ်သင့်ပါဘူး။ တရားမ ဥပဒေနဲ့ပဲ အရေးယူသင့်တယ်တဲ့ဗျ။

ဒီဂျာနယ်မှာ ဘယ်လိုသတင်းတွေ ယူခဲ့ပြီး ၊ဘယ်လိုသတင်းတွေတင်ခဲ့တယ်၊ ဘယ်သူတွေရဲ့စကားကို ဘယ်လိုကိုးကားခဲ့ပြီး ဘယ်လောက်ခိုင်မာမှုရှိခဲ့တယ်၊နိုင်ငံအပေါ် ဘယ်လိုရိုက်ခတ်နိုင်ပြီး ဘယ်အထိ    အန္တရာယ်ကြီးတယ်ဆိုတာ ထည့်မတွက်ဘဲနဲ့ နိုင်ငံကြီးသားမပီသစွာ ထင်ရာမြင်ရာစွတ်ပြောလိုက်တာ အဆင့်မရှိတာပဲဗျ။

ဒီလူဘယ်နိုင်ငံသားလဲ မသိပေမယ့် ဘယ်နိုင်ငံမှာမဆို မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေကိုတော့တိတိကျကျ လေးစားလိုက်နာရမှာ ဘယ်နိုင်ငံသားမဆိုပါ။ဒါကို တစ်ဘက်ပိတ်နားနဲ့ ဆင်ခြင်မဲ့စွာ ဘက်လိုက်ပြောတာတော့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလိုပါပဲဗျာ။

ကျုပ်ပြောမယ်။အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ၀ိကလိကိုပေးပို့ခဲ့တဲ့ စနိုဒန်ကို ဒီတိုင်းလွှတ်ထားလား။အူရားဖားလျားနဲ့ အသဲအသန်ခဲမှန်ပြီး လိုက်တောင်းနေတုန်းမဟုတ်လား။
ဘင်လာဒင်သုတ်သင်မှုမှာ ပါဝင်ခဲ့တဲ့ နေဗီဆီးလ်တစ်ယောက်ရဲ့ ရေးသားထုတ်ဝေမှုကိုရော ဒီတိုင်းလျစ်လျုရှုထားသလား။ဒါသဘောလောက်ပဲပြေတာတာ။

ပင်တဂွန်စစ်ဌာနချုပ်နဲ့ စမ်းသပ်ဧရိယာ၁၀မိုင်ပတ်လည်ကို ၀င်ရင်ဘယ်လို၅မိုင်အတွင်းဝင်လာရင် ဘယ်ညာဆိုတာတွေကရောဗျ။

မြန်မာပြည်သူတွေကို ခပ်အအ၊ခပ်နုံနုံတွေမှတ်နေတာလား။

ကျုပ်တို့ မြန်မာပြည်မှာမှ သတင်းသမားက ဥပဒေအထက်ရောက်ရမှာလား။

သတင်းသမားဆိုတိုင်း တံခါးမရှိ၊ဓားမရှိ သွားချင်ရာသွား၊လုပ်ချင်ရာလုပ်၊ရေးချင်ရာရေး တင်ချင်ရာတင် တရားစီရင်ခွင့်မရှိတော့ဘူးလား။

သူတို့တင်တဲ့ သတင်းအဆင့်ကရော ဘယ်လောက်မှန်ကန်တိကျမှုရှိသလဲ။

နျူကလီးယာ၊ဓာတုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာသိတရားဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုမှာ ဒီလိုစက်ရုံတွေရှိနေတယ်လို့ မဟုတ်တမ်းတရားသတင်းရယူပြီး မမှန်မကန်သတင်းပေးဖော်ပြတာ ကို ကျုပ်တို့အစိုးရက မျက်နှာလွှဲခဲပစ်နေရမှာလား။

ခင်ဗျားဇရှိရင် မြောက်ကိုရီးယားနဲ့တရုတ်၂နိုင်ငံထဲက တစ်နိုင်ငံလောက်ပဲသွားပြီး အဲဒီစကားမျိုး ပြောကြည့်။ အရိုးဆွေးအောင် ထောင်ထဲမအောင်းရရင် ကျုပ်လည်လာဖြတ်။  ကုန်ကုန်ပြော ရရင် အမေရိကန်(ဒါမှမဟုတ်) အစ္စရေးမှာ ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီစကားမျိုးပြောရင်တောင် ဟိုက ခင်ဗျားကိုဇိကိုင်ပြီး မောင်းထုတ်ကြမှာ.။

စောက်ရှက်မရှိ အနောက်ဘက်ငါးပိဆိုတာတာ ခင်ဗျားလိုလူမျိုးကိုပြောမှန်း ခုမှပဲကျောင်းမှန်းကန်မှန်း သိတော့တယ်။

"... ပြည့်တန်ဆာမတို့၌ ပျော်ပွေ့ခြင်း (သို့) မိမိဇနီး၌ မတင်းတိမ်နိုင်ခြင်း ..."

Posted by drmyochit Friday, February 07, 2014, under | No comments



ဣတ္ထိဓုတ္တဖြင့် တရားဝင်မိန်းမတစ်ယောက် မျှနှင့် အားရကျေနပ်မှုမရှိဘဲ မိန်းမများစွာကို ယူဆောင် ပေါင်း သင်း သည့် မိန်းမအယူများသော သူကို ကြီးပွားချမ်းသာမှုကို ပျက်စီးကြောင်းဟု ဟောတော်မူ ပါတယ်။

“သေတိ ဒါရေဟိ အသန္တုဋ္ဌော၊ဝေသိယာသု ပဒုဿတိ။

ဒုဿတိ ပရဒါရေသု၊တံ ပရာဘဝတောမုခံ”

ထိုဂါထာရဲ့ဆိုလိုရင်းက မိမိလက်ရှိမယားနှင့် မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ မိန်းမပျက်၊ မိန်းမပေါ့တို့နှင့် ပျော်ပါး မှု သူတစ်ပါး ဇနီးမယားကို ခိုးယူပေါင်းသင်းသူတို့သည်လည်း ပစ္စည်း ဥစ္စာ၊ဂုဏ်သတင်း၊ ကျန်း မာရေး စသည်တို့မှ ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဆက်လက်ဟောကြားတော်မူသည်။

ပြည့်တန်ဆာမဟုခေါ်သော မိန်းမပျက်၊ မိန်းမပေါ့တို့နှင့် ပျော်ပါးလိုက်စားလေ့ရှိသော သူတို့သည် လွန်စွာ စဉ်းစားဆင်ခြင် ဥာဏ်နည်းပါး၍ အမှန်ကို သိမြင်နိုင်ခဲလှသည်။ သူတစ်ပါး ဇနီးမယားတို့၌ သွားလာ ပေါင်းသင်းမှုသည်လည်း သံသရာအပြစ်ခံရသည်ကိုထားဘိဦး။

မိမိမှာလင်ယောက်ျားရှိလျှက်နှင့် တခြားယောက်ျားအား ဆက်ဆံတတ်သော မိန်းမ၏ ယုတ်ညံ့သော ကိုယ်ကျင့်တရား။

ယောက်ျားတစ်ဦးတစ်ယောက်နှင့် သာမဟုတ် ဆိတ်ကွယ်ရာ၌ တွေ့သမျှယောက်ျားနှင့် ဆက်ဆံတော့မည် ဖြစ်ခြင်း။ ထိုထိုသဘောရှိသော မိန်းမမှာမြင့်မြတ်သော စိတ်နေသဘောထားနှင့် သန့်ရှင်းစင်ကြယ်သော ရုပ်ရည်အဘယ်မှာရှိနိုင်ပါတော့မည်နည်း။

ပုထုဇဉ်တို့သဘာဝ တဏှာရာဂကို ထိန်းသိမ်းနိုင်ခြင်းမရှိ သေးသည်မှန်သော်လည်း ဇနီးမောင်နှံအစုံဖြင့် နေထိုင်ခြင်းသည် ဖောက်ပြန်သော တဏှာကို ထိန်းကျောင်းနိုင်ရန်ဖြစ်သည်။ လောကဓမ္မတာ ယောက်ျား၊ မိန်းမ အစုံဖြင့် နေထိုင်ခြင်းသည် ဖောက်ပြန်သော တဏှာကို ထိန်းကျောင်းနိုင်ရန်ဖြစ်သည်။ လောကဓမ္မတာ ယောက်ျားမိန်းမ သဘောတူစွာ လက်ထပ်မင်္ဂလာပြုလုပ်ပေး၍ ကာမဂုဏ်အာရုံနှင့် ပျော်ပျော်ပါးပါး လင်မယားအသွင် နေထိုင်ကြခြင်းဖြစ်၏။

ဤသို့ နေထိုင်စေခြင်းဖြင့် ယောက်ျားမှာလည်း လင့်ဝတ္တရား မပျက်ကွက်၊ မိန်းမများလည်း မယားဝတ္တရား မပျက်မကွက်စေဘဲ အတူတကွ စီးပွားရှာကာ နေထိုင်ကြခြင်းဖြင့် လူတို့၏ ဝတ္တရား ပြည့်စုံ၍ တရားသဖြင့် နေထိုင်ကြသည်ဟု ဆိုနိုင်ပေသည်။ ထိုလင် မယားစုံတွဲတို့၏ အရေးကြီးဆုံး ဝတ္တရားမှာလည်း မိမိလင် မိမိ မယားမှလွဲ၍ တစ်ပါးသော ယောက်ျားမိန်းမတို့ကို ပြစ်မှားဖောက်ပြန်ခြင်းမှ ရှောင်ရှားကြရန်ဖြစ်သည်။

ကိုယ်ပိုင်ဇနီးမယားရှိပြီးဖြစ်ကြပါလျက် တဏှာရာရလွန်ကဲ၍ မိမိမယား၌ မတင်းတိမ်နိုင်ဘဲ တဏှာ၏ အလိုသို့လိုက်၍ ပြည့်တန်ဆာမ၌ ဝင်ထွက်သွားလာ၏။ (သို့မဟုတ်) သူတစ်ပါးတို့၏ ဇနီးမယား၌ လွန်ကြူး သွားလာခြင်းကိုပြု၏။ ထိုသို့ပြုလုပ်ခြင်းသည် အိမ်ထောင်ဦးစီးယောက်ျားအဖို့ အဆိုးရွားဆုံး ဝတ္တရား ပျက်ကွက်မှုကြီးပင်ဖြစ်သည်။

ကာမတဏှာ၏ သဘောသည် နွားဆိုး နွားရိုင်းနှင့်တူ၏။ သူတစ်ပါးစိုက်ပျိုးထားသော ပဲခင်း၊ပြောင်းခင်း စသည်တို့ကို ဝင်၍ စားရမှ တင်းတိမ်သော နွားဆိုးကဲ့သို့ ကာမတဏှာလွန်ကြူးသူသည်လည်း သူတစ်ပါး ပိုင်နက်၊ သူတစ်ပါးဇနီးမယားတို့၌ လွန်ကြူးပျော်ပါးရမှ တင်းတိမ်၏။ သူတစ်ပါးမယား၌ အခွင့်မသာလျှင် အများသွားလာရန် လွယ်ကူသော ပြည့်တန်ဆာမ၌ ဝင်ထွက်၍ ကာမတဏှာ၏ အလိုဆန္ဒကို ဖြည့်ရလေသည်။
ပြည့်တန်ဆာမ၌ သွားလာဝင်ထွက်ပြုခြင်းကား

၁။ဂုဏ်ကျက်သရေ ဆုတ်ယုတ်ခြင်း။

၂။ငွေ ကြေး ဥစ္စာကုန်ခြင်း။

၃။သေလောက်သော အနာရောဂါရတတ်ခြင်းစသော ဆိုကျိုးများကို ကြုံတွေ့ရတတ်သည်။

သူတစ်ပါးဇနီးမယား၌ ပြစ်မှားကျူးလွန်သော ပရဒါရကံ၏ ဆိုကျိုးကား

၁။အပါယ်ငရဲ၌ ကြာရှည်ခံရပြီး လူဖြစ်ပါက မိန်းမဘဝ၌ကြိမ်ဖန်များစွာဖြစ်ရခြင်း။

၂။ယောင်္ကျားမဟုတ်၊မိန်းမမဟုတ်၊နပုန်း၊ပဏ္ဍုက်အဖန်ဖန်ဖြစ်ရခြင်း။

၃။ကုဋ္ဌနူနာစွဲကပ်ခြင်း။

၅။သက်တမ်းမစေ့ခင် သေခြင်း။

၆။သူတစ်ပါးသတ်၍ သေခြင်းများ ခံစားရလေသည်။

“ဣတ္ထိ ဘဏ္ဍာန မုတ္တမံ”ဟူ၍ ဘုရားရှင်ဟောတော်မူချက်အရ ယောက်ျားဖြစ်သူတို့ ပိုင်ဆိုင်သမျှတွင် မိန်းမ ဘဏ္ဍာသည် ယောက်ျားအတွက် အမြတ်ဆုံး ဘဏ္ဍာပစ္စည်းဖြစ်၏။ သူတစ်ပါး မိန်းမကို ခိုးသူသည် အမြတ်ဆုံး ဘဏ္ဍာကိုခိုးရာရောက်သောကြောင့် အကြီးဆုံး အပြစ်ထိုက်သည်။ မယားခိုးသူမှာ ရပ်ရွာထဲတွင် ခိုးဆိုးလုယက်တိုက်ခိုက်နေသော ခိုးသားဓားပြတို့ထက် အပြစ်ကြီး၏။ အဘယ့်ကြောင့်ဆိုမူ ရွှေငွေဥစ္စာသည် ပြင်ပမှာတည်သော ဗဟိဒ္ဓပစ္စည်းမျှသာဖြစ်၍ မိန်းမ၏သန္တာန်မှာရှိသော ကာမသုခ ယောက်ျားအတွက် ကိုယ်ပိုင်အဇ္ဈတ္တပစ္စည်းမည်သောကြောင့် ဖြစ်၏။

စင်စစ်ကာမအာရုံဖြင့် ယောက်ျားမိန်းမ ပျော်မြူးကြခြင်း၊ အလုပ်သည် မျက်စိမရှိသော တဏှာဘီလူး ပူးဝင်၍ သာနှစ်သက်ပျော်ပါးနိုင်ခြင်းဖြစ်သည်။ တဏှာဘီလူး ပူးဝင်ခြင်းမရှိဘဲ သန့်ရှင်းစင်ကြယ်သော စိတ်ရှိသူတို့ အတွက်မူအလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြုအမူပင်ဖြစ်၏။ ကာမတဏှာစရိုက်အားကြီးသူ တို့သည် မိန်းမဆိုလျှင် စက်ဆုတ်လေ့မရှိကြ။ လွန်စွာနှစ်သက်မြတ်နိုးကြ၏။ မိန်းမကို အထူးအဆန်းလုပ်၍ အထင်ကြီးတတ်ကြသည်။

မိန်းမ၏ “ကာမသမ္ဖဿ”အတွေ့အထိကို အထင်ကြီး နှစ်သက်တတ်သူများအဖို့ ကာမစည်းစိမ်၌ အားမရ မတင်းတိမ်နိုင်ဘဲရှိတတ်၏။ ထိုသူတို့ပင်လျှင် ကိုယ်ပိုင်ဇနီးမယားနှင့် မရောင်ရဲနိုင်ဘဲ ပြည့်တန်ဆာမနှင့် ပျော်ပါးခြင်း ၊သူတစ်ပါးဇနီးမယား၌ လွန်ကြူးခြင်းတို့ဖြစ်တတ်ကြသည်။

ကာမစရိုက်အားနည်းသူတို့ကား မိန်းမ၌ စက်ဆုတ်ရွံရှာသော စိတ်ရှိကြကုန်၏။ မိမိကိုယ်ပိုင်ဇနီးမယားမှာပင် မနှစ်သက်စက်ဆုတ်ဖွယ်ရာများ လျက်ရှိတတ်ရာ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ အဘယ်မှာ နှစ်သက်မြတ်နိုး လွန်ကြူး လိုစိတ် ရှိပါအံ့နည်း။

မိန်းမမြင်တိုင်း လက်ညှိုးထိုးလွန်ကြူးလိုစိတ်ရှိသူတို့၏ စိတ်မှာ အလွန်အံ့သြဖွယ်ကောင်း၏။ ထိုသူများမှာ ပြည့်တန်ဆာမနှင့် ဆက်ဆံပျော်ပါးတတ်၍ ပရဒါရကံကို ကျူးလွန်တတ်သော ကျက်သရေ မင်္ဂလာမဲ့၍ စိတ်ဓာတ်နုံချာ အောက်တန်းကျသောသူများ ဖြစ်လေသည်။

မေတ္တာဖြင့် ဖွဲ့စည်းထားသော ဇနီးမောင်နှံတို့၌ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိရှိ မြတ်နိုးကြင်နာစွာဖြင့် ကိုယ်လင် ကိုယ့်မယားအချင်းချင်း ချစ်ခင်ကြင်နာကြပါက ပျိုရွယ်သူတို့သည် အနာမဲ့စွာ အသက်ရှည်ကြ မည်ဟု ဆိုလေသည်။ထိုမှဆက်၍ ထိုမိခင်မျိုး၌ ဖြစ်ပွားသော သန္ဓေသားမှာ ဓာတ်ခိုက်၍ လိမ္မာယဉ်ကျေး သော သားကောင်းသမီးကောင်း ထွန်းကားတတ်၏။သားစဉ်မြေးဆက် အဆက်ဆက်တို့မှာလည်း အသက်ရှည်ခြင်း၊ကျန်းမာခြင်း စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ဥာဏ်ပညာကြီးမြင့်ခြင်းဟူသော ဂုဏ်တို့နှင့် ပြည့်စုံနိုင်မည်ဖြစ်ကြောင်းဟောတော်မူလေသည်။

သို့ဖြစ်၍ မိမိတို့၏ ရင်သွေးမျိုးဆက်သစ်တို့အား

၁။မကျန်းမာခြင်း။

၂။အသက်တိုခြင်း။

၃။မကြီးပွားခြင်း။

၎။စိတ်သဘောထား သေးသိမ်ခြင်း။

၅။ပညာဥာဏ်နုံနဲခြင်း။

၆။ဗဟုသုတ နည်းပါးခြင်း။

၇။အမျိုးကိုမစောင့်ရှောက်နိုင်ခြင်း။

စသော အကျိုးယုတ်တို့မှ ကင်းစင်၍ ပျက်စီးခြင်းဘေးဝေးကြစေရန် မိမိဇနီးမယားမှတစ်ပါး အခြားသော မိန်းမတို့၌ လွန်ကြူးပျော်ပါးခြင်းမှ ရှောင်ရှားကြပါလျှင် သားကောင်းသမီးမြတ်တို့ သန်မြန်စွာ ထွန်းကားနိုင် ကြမည် ဖြစ်လေသတည်း။

ကျမ်းကိုး ။ ။အရှင်ဓမ္မပီယ(မြောင်)၏ ပျက်စီးခြင်းဘေးဝေးကြပါစေစာအုပ်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

-

— အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ်)
သူတော်ကောင်းတို့ လျှောက်သောလမ်း

ချစ်သူများနေ့မှ မိန်းကလေးတွေ ဆင်ခြင်နိုင်ပါစေ။ကိုယ့်ကိုကိုယ့် ကာကွယ်ကျပါ။

Posted by drmyochit Friday, February 07, 2014, under | No comments



“အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ” _ Dirty drugs ညစ်ညမ်းဆေးတွေ

• “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” နဲ့
• “ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ” ကိုတင်လက်စနဲ့ တပုဒ်တင်ပါရစေ။ အမှန်က သင်္ကြန်ကာလနီးမှ တင်ဘို့ပါ။ မနှစ်က ရာသီဆေးစာအနေနဲ့ ရေးခဲ့တာပါ။
• “ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီ” ကိုတော့
(ဘလော့ခ်) မှာဘဲ တင်ထားပါတယ်။

သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့် တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော် ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။

လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက် ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလို ပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာ သာမြင် လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ် တာ လည်း သတိထားပါ။ ဒီဆေးကို “ယင်ကောင်” တမျိုးကနေ ထုတ်တာပါ။ “အညှီရှိရင် ယင်အုံတယ်” မဟုတ် ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲ မှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့် တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခု အပြုခံရပြီး မှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ဒေါက်တာတင့်ဆွေ

၇-၂-၂၀၁၄ မှ ၁၃-၂-၁၄ ထိ ၇ရက်ဟောစာတမ်း

Posted by drmyochit Friday, February 07, 2014, under | No comments

တနင်္ဂနွေ

ရည်ရွယ်ချက်များနေသည်။ တစ်ခုပြီး မှ တစ်ခုလုပ်လျှင်အောင်မြင်မှုရမည်။ သင်၏ မေ့လျော့ပေါ့ဆ မှု့ကြောင့် လုပ်ငန်းမှာ စိတ်ရှုပ်မှုတွေ ကြုံလိမ့်မည်။ ချစ်သူ နှင့် လည်း အဆင်မပြေမှုတွေ ကြုံမည်။ ကတိတစ်ခု လွယ်လွယ်မပေးလေနှင့် ။ လူခင်ခြင်း မုန်းရတတ်သည်။ ကား ၊ ဆိုင်ကယ် အရမ်းမမောင်းနှင့် ရုတ်တရက်ခိုက်မိမည်။ ပစ္စည်းကျပျောက် မည်။ လူလိမ် ငွေလိမ် ခံရမည်။ မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ပြုဖြစ်မည်။ အလုပ်ပြောင်းရွှေ့ဖြစ်မည်။

အကျိုးပေးဂဏန်းမှာ - ၃၊ ၆၊ ၄။

အထူးဟော - လူယုံမထားရ။

ယတြာ - တနင်္ဂနွေ နေ့နံနက်တွင် တနင်္ဂနွေနံဘုရားကို ရေအိုး ကိုရေသန့် အပြည့်ထည့်ပြီး ကပ်လှူပါ။ လိုရာဆုတောင်းပါ ပြည့်၏။

တနလာၤ

ပျော်စရာကောင်းသောနေ့တွေဖြစ်တယ်။ လူချစ်လူခင်များမည်။စာမေးပွဲတွေလည်းအောင်မြင်မည်။ ချစ်သူတွေလည်း များမည်။ အချစ်လက်ဆောင်လေးတွေလည်းရမည်။ ခရီးယာယီလေးတွေရောက်မည်။ အပေါင်းအသင်း အကူအညီလည်းရမည်။ စက် ၊ ယာဉ် ၊ မြေ တို့ ၀င်မည်။ အကြီးအကဲတို့ရဲ့ အထင်လွဲမှားကြုံရတတ်သည်။ သို့သော် အဆင်ပြေမှုရမည်။စီးပွားရေး ကိုယ်ပိုင်အလုပ်များ အဆင်ပြေမည်။ အလုပ်အကိုင်တိုးတက်ပြောင်းလဲမှုကြုံမည်။ သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်ကိန်းရှိ၍ ဆင်ခြင်ပါ။ ရစရာငွေတို့ ရလာမည်။ အတိုက်အခံ တွေ ကြား အောင်မြင်မှုရမည်။

အကျိုးပေးဂဏန်း - ၄၊ ၂၊ ၆။

အထူးဟော - အဆင်ပြေမည်။

ယတြာ - တနင်္လာနေံနံနက် တွင် အိမ်ဘုရားကို ကံ့ကော် (၁၅) ညွန့် ကပ်လှူပါ။

အဂါၤ

ငါ့စကား နွားရမပြောနှင့်။ လူယုံမထားနှင့်။ လူပေါင်းမှားကိန်းရှိတယ်။ ငွေကြေးကိစ္စ ၊ အချစ်ရေးကိစ္စ ရှုပ်မည်။ အတိုက်အခံတွေကြားက အောင်မြင်မှုရမည်။ မရောက်ဘူးတဲ့ ခရီးရောက်မည်။ ၀မ်းဗိုက် ရောဂါ ဖြစ်စရာရှိတယ်။ အန္တရာယ် မရှိပါ။ အချစ်လက်ဆောင်လှလှလေးတွေ ရမည်။ ဓာတ်ပုံလှလှလေးတွေရမည်။ ပျော်စရာခရီးလေးတွေထွက် ဖြစ်မည်။ အလုပ်မှာ ရှုပ်စရာတွေ ရှင်းသွားမည်။ စီးပွားရေး ၀င်ငွေ အဆင်ပြေမည်။ ရွှေ ၊ စက် ၊ မြေတို့ ၀င် ၊ ထွက် မည်။

အကျိုးပေးဂဏန်း - ၃၊၁၊ ၉

အထူးဟော - လူယုံမထားရ။

ယတြာ - အင်္ဂါ နေ့နံနက်တွင် အင်္ဂါနံဘုရားကို အုန်းဆွမ်း နှင့် ဘယာကြော် (၈) ခုကပ်လှူပြီး ဆုတောင်းပါ မုချပြည့်မည်။

ဗုဒ္ဒဟူး

ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်၍ ဂရုစိုက်ပါ။ သင့်ရည်မှန်းချက်တွေ မုချအောင်မြင်မည်။ ခရီးယာယီ တစ်ခု မရည်ရွယ်ဘဲ သွားရမည်။ ချစ်သူထံမှအချစ်လက်ဆောင်ရမည်။ လက်၊ ခြေတို့ ခိုက်မိတတ်၍ သတိထားသွားလာပါ။ စီးပွားရေး လုပ်လျှင် ၀င်ငွေ ကောင်းလာမည်။ ပညာရေး စာမေးပွဲ ဖြေဆိုသူများ အောင်မြင်မည်။ အင်တာဗျူးဖြေပါက အလုပ်ရမည်။ သူတစ်ပါးချစ်သူကို အရမ်းမကူညီရ။ ကြားက ပြဿနာတက်လာမည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အလုပ်အကိုင်ကောင်းမည်။ လုပ်တူကိုင်ဖက်ခြင်း စိတ်ဝမ်းကွဲတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၁၊ ၆၊ ၎

အထူးဟော - အောင်မြင်သူဖြစ် မည်။

ယတြာ - ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်း ကပ်လှူပါ။

ကြာသပတေး

ရည်ရွယ်ချက်၊ရည်မှန်းချက် များအောင်မြင်မည်။ လုပ်ငန်းဟောင်းအပြင်လုပ်ငန်းအသစ်များပါလုပ်ဖြစ်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမှုတွေဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ စကားများတတ်သည်။ မရည်ရွယ်သော ခရီး ရောက်မည်။ မလုပ်ဘူးသော အလုပ် လုပ်ရမည်။ အပေါင်းအသင်းအသစ်တွေ တွေ့မည်။ လက်ဆောင်ရမည်။ စက် ၊ ပစ္စည်း ၊ ရွှေထည် ပြောင်းလဲ ၀င်ထွက်မည်။ အိမ်ပြောင်းကိန်း (သို့) အိမ်ပြင်ရကိန်းမြင်သည်။ ကိုယ်ပိုင်စီးပွားရေး လုပ်လျှင်အောင်မြင်မည်။ မြေကိစ္စ ၊ ငွေကိစ္စ ၊ ပစ္စည်းကိစ္စ များအတွက် ပြဿနာ အသေးအဖွဲ ရှုပ်တတ်သည်။ မမျှော်လင့်ဘဲ မိန်းမ၊ ယောင်္ကျားရမည်။ ရှိနေသော ချစ်သူနှင့် စိတ်ဝမ်းကွဲပြီး ပြန်ခေါ်မည်။

အကျိုးပေးဂဏန်း ၅၊၀၊၁။

အထူးဟော- ဆန္ဒတွေ ပြည့်ဝ မည်။

ယတြာ - ကြာသပတေး နေ့ နံနက်တွင် ကြာသပတေးနံဘုရားကို အောင်သပြေလှူပါ။

သောကြာ

ပြုပြင်မှု ပြောင်းလဲမှုတွေ ဖြစ်မည်။ အဟောင်းကို အသစ်မလုပ်နှင့်။ သေတ္တာစုတ် ဆေးမချယ် နဲ့ ဆိုတာလို ဖြစ်မည်။ လူသစ် ၊ စိတ်သစ် လှုပ်ရှားမှု ရဲ့ရင့် တည်ကြည်မှု တွေ ဖြစ်လာမည်။ အကြီးအကဲ တို့၏ အကူအညီ ရမည်။ လက်ဆောင်တွေရမည်။ ခရီးယာယီ သွားရမည်။ ရုတ်တရက် ထိခိုက်မိတတ်၍ ဂရုစိုက်ပါ။ စာမေးပွဲ ဖြေဆိုမှု့ အောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ မိသားစု ရဲ့ အထင်လွဲ မှားမှု ပျောက်မည်။ မိသားစုကို အလုပ်အကျွေး ပြုဖြစ်မည်။

အကျိုးပေးဂဏန်း ၈၊၁၊၆။

အထူးဟော- ကံကောင်းမည်။

ယတြာ- သောကြာနေ့ တွင် အိမ်ဘုရားကို သစ်ခွပန်းကပ်လှူပါ။

စနေ

စိတ်ကူးရှိတာတွေ ဆက်တိုက်လုပ်ဖြစ်တော့မည်။ လုပ်လိုက်တိုင်းလည်း သူများထက် ပို၍ အောင်မြင် မည်။ ခရီးဝေး ယာယီ တစ်ခုရောက်မည်။ ကျန်းမာရေး ၊ စီးပွားရေး ၊ ပညာရေးတွေ ကောင်းနေမည်။ ငွေပျောက် ၊ ပစ္စည်းပျောက် လူလိမ် ငွေလိမ် ခံရတတ်၍ ဂရုစိုက်ပါ။ အချစ်ရေးကံကောင်း သည်။ အချစ်လက်ဆောင်လေးတွေရမည်။ စပ်တူရှယ်လုပ်ငန်းတွေ အောင်မြင်မည်။ စာမေးပွဲအောင်မြင်မည်။ ၀န်ထမ်းအလုပ် ရာထူးတက်မည်။ နယ်ဝေး ၊ ပြည်ပ ခရီးများ ရောက်ဖြစ်မည်။

အကျိုးပေးဂဏန်း - ၇၊၀၊၂။

အထူးဟော - ကံကောင်းမည်။

ယတြာ - ငွေ ၁၀၀ ကျပ် ကို ထွက်ရော့ ၁၀၀ ၀င်လာခဲ့ သိန်း၁၀၀ ဟု ဆိုပြီး စွန့်ကြဲ ပံ့သကူပြုပါ။


ပုဆိုးချွတ်ခံရသည်ကို ရှက်သဖြင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသတ်သော

Posted by drmyochit Friday, February 07, 2014, under | No comments

မင်္ဂလာဒုံမြို့နယ်တွင် ခုနစ်တန်း ကျောင်းသား တစ်ဦး စာသင်ကျောင်းတွင် အချင်းချင်း ပုဆိုးချွတ်စနောက် ခံရသဖြင့် အရှက်ရကာ နေအိမ်တွင် မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံရဲစခန်း တာဝန်ရှိသူများသည် စမ်းဝကြီးရပ်ကွက်၊ ဇေယျာသီရိလမ်း၊ အမှတ် (၁၆) နေ အိမ်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ညနေ ၄ နာရီခွဲအချိန် သတင်းအရ သွားရောက်စစ်ဆေး ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ် အထက (၅)တွင် တက်ရောက်ပညာသင်ကြားနေသည့် ခုနစ် တန်းကျောင်းသား မောင်အောင်ဇင်ဦး (၁၃)နှစ် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းသည် နေအိမ်အပေါ်ထပ် ၈ ပေခန့်အမြင့်ရှိ ထုပ်တန်းတွင် (၁၄) ပေအရှည် ရှိ ချည်ကြိုးအဖြူအား နှစ်ခေါက်ခေါက်လျက်နှစ်စတွဲ တစ်ဖက်ချည်ထားပြီး ကျန်နှစ်တွဲတစ်ဖက်တွင် ကွင်းချောပုံသဏ္ဍာန်ပြု လုပ်၍ လည်ပင်းစွပ်လျက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ဆေးရာ သေဆုံးသူသည် ကျောင်းတွင် ကျောင်းသားအချင်းချင်း နောက်ပြောင်ရာမှ ပုဆိုး ချွတ်ခံရသည့်အတွက် အရှက်ရကာ စိတ်ထိခိုက်ပြီး ဆွဲကြိုးချသေဆုံးခြင်း ဖြစ်သည်ဟု ကနဦးအနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေဆုံးသူအလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ထားပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် မင်္ဂလာဒုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၄ဖြင့် အမှုစစ် ဒု-ရဲမှူးဝင်မြင့် (စခန်းမှူး)က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


ကျောင်းသူလေးဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံး

Posted by drmyochit Friday, February 07, 2014, under | No comments

မြစ်ကြီးနား ၊ ၇-၂-၂၀၁၄

ကချင်ပြည်နယ် တနိုင်းမြို့ ၊ တနိုင်းတံတား အထက် ၂ မိုင်ခန့် အကွာတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းသူ ၄ ဦး တနိုင်းချောင်း အတွင်း ရေဆင်းချိုး ရာမှ ရေနစ် သေဆုံးခဲ့ရာ တနိုင်း မြို့မ ရဲစခန်း မှ ဒုတိယ ရဲအုပ် ပေါ်ထွန်း နှင့် တပ်ဖွဲ့ဝင်များ က သွားရောက် စစ်ဆေးရာ ဆဋ္ဌမတန်း ကျောင်းသူများ ဖြစ်ကြသည့် မဂျာဖာထောင် ၁၂ နှစ် ၊ မဂျာဘရင်း ၁၂ နှစ် ၊ မဆိုင်းထွယ်ပန် ၁၃ နှစ် နှင့် မဆိုင်းနူးပန် ၁၃ နှစ် တို့အား တနိုင်း ချောင်းအတွင်းမှ ဆယ်ယူ ရရှိပြီး ၄င်းတို့ ၄ ဦးအား တနိုင်း ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသူ ၄ ဦး သေဆုံးမှုအား ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် - မဟုတ် သိရှိနိုင်ရန် တနိုင်းမြို့မ ရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်၍ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady

ကားကို ၀ါးစားတဲ့ခွေး

Posted by drmyochit Friday, February 07, 2014, under | No comments



ဖေဖော်ဝါရီ ၆ ရက် ၂၀၁၄ ခုနှစ်

စာဖတ်ပရိသတ်အနေနဲ့ အရင်ကတော့ ခွေးကလူကို ကိုက်တာ ၊ လူကခွေးကို ကိုက်တာ စတာမျိုးတွေ ကြားဖူးမှာပေါ့။ အခုကတော့ ခွေးက ကားကို ကိုက်စားပစ်တာပါ။

ကားအလွန်စွဲလမ်းရူးသွပ်သူ တစ်ယောက်ဟာ သူ့ရဲ့ ပေါင် ၈၀၀၀၀ တန် Aston Martin ရဲ့ ကားဘီးအဖုံးနားတ၀ိုက်ကို သူမွေးထားတဲ့ ခွေးမလေးက ကိုက်ပစ်လိုက်တာ မွစာကို ကျဲနေတာပါပဲတဲ့။ အသက် (၄၂)နှစ်ရှိပြီဖြစ်တဲ့ Royston Grimsteadတစ်ယောက် အိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့ရဲ့ Luce လို့အမည်ရတဲ့ အမွှေးပွ နားရွက်ရှည် အိမ်မွေးခွေးမလေးဟာ သူ့ဇိမ်ခံကားကြီးရဲ့ fiberglass ဘောင်တွေကို ကိုက်ပစ်ထား တွေ့ရပါတယ်။ ပျက်စီးမှုဟာ ကာလတန်ကြေးနဲ့တွက်မယ်ဆိုရင် ပေါင် ၃၀၀၀ ဖိုးလောက်တောင် ရှိပါတယ်။

ခွေးတွေရဲ့အပြုအမူတွေကို ကျွမ်းကျင်သူရဲ့ အဆိုအရတော့ Luce ဟာ အရင်တုန်းကတော့ သူ့ပစ္စည်းဘယ်တစ်ခုကိုမှ ကိုက်ဖြတ်ထားခြင်း မရှိပေမယ့် အခုတစ်ခါမှာ ကိုက်ခဲ့တယ်ဆိုတာဟာ သူမရဲ့ သခင်အဝေးကို ရောက်နေတဲ့အချိန်မှာ သူမအနေနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုခဲ့ပါတယ်။

ကားပိုင်ရှင် Mr Grimstead က “ အိမ်ကိုရောက်တဲ့အချိန် သူမကိုယ်ပေါ်မှာ အဖြူရောင်အမွှေးတွေနဲ့ ဖုံးအုပ်နေတော့ ငှက်တကောင်ကို ဖမ်းမိထားတယ်လို့ပဲ ထင်ခဲ့တာ။ ဘယ်ဟုတ်မလဲ ။ အဲဒါ ကားက fiberglass တွေဖြစ်နေတာကိုး” လို့ ပြောပါတယ်။ “Luce က ဒီလိုလုပ်ပြီးနောက်ပိုင်း ကျွန်တော့်ကို ရှောင်ဖယ်ဖယ်လုပ်နေ ခဲ့ပြီး နောက်တစ်နေ့မှာတော့ တခြားပိုင်ရှင်တွေဆီ ရောက်သွားပါတယ်။ ပိုင်ရှင်အသစ်တွေကို ကျွန်တော် ဒီအကြောင်း မပြောလိုက်ဘူး။ ပြောလိုက်မယ်ဆို နောက်နေ့ ကျွန်တော့်ရဲ့အိမ်တံခါးရှေ့မှာ သူမကို ပြန်တွေ့ရမှာ ကျိန်းသေတယ်လို့” လို့လည်း ဆိုပါသေးတယ်။

ကားပိုင်ရှင်က “ဒါကိုမြင်ရတဲ့အချိန်မှာ ကျွန်တော်ရယ်နေရုံပဲ တတ်နိုင်တယ်။ ကျွန်တော်မှ မငိုတတ်တာပဲလေ။ သူမအပြစ်လုပ်ထားတယ်ဆိုတာလည်း သူမကိုယ်သူမ သိနေပုံရပါတယ်။ ဘာကြောင့်လဲဆို သူမမျက်နှာကို ကြည့်လိုက်လေ။ အပြစ်ရှိနေတဲ့ မျက်နှာငယ်လေးနဲ့”တဲ့။ ဒီလိုနဲ့ပဲ သူဟာ ခွေးမလေးကို သူများကိုပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

သြော် - ရှာရှာဖွေဖွေကို အတော်လည်း ကိုက်နိုင်တဲ့ ခွေးမလေးပါလားနော်။

Ref:dailymail.co.uk

မြန်မာနဲ့ နိုင်ငံတကာမှာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်း အိုဘားမားပြော

Posted by drmyochit Friday, February 07, 2014, under | No comments

အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ မနက် ၀ါရှင်တန် ဒီစီမြို့မှာ ပြုလုပ်တဲ့ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ စားရင်း ဆုတောင်းပွဲပြုလုပ်တဲ့ အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြော ကြား တဲ့အထဲ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာနဲ့ပတ် သက်ပြီး ပြောကြားသွားရာမှာ အာရှဒေသက မြန်မာနဲ့ တရုတ်နိုင်ငံ တို့ကိုလည်း ထည့်သွင်း ပြောကြား သွား ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးအတွက် အခရာ ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အိုဘားမားက  ၀ါရှင်တန်မြို့တော် မှာကျင်းပတဲ့ အမေရိကန် ရိုးရာ National Prayer Breakfast ခေါ် နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

နှစ်ပေါင်းများစွာ အမှောင်ဖုံးခဲ့တဲ့ခေတ်ကနေ လူထုကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်၊ မြန်မာနိုင်ငံ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြန်လည် ပါဝင်လာနိုင်ရေးဟာ ခရစ်ယာန်နဲ့ မူဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအ၀င် အခြေခံ လွတ်လပ်ခွင့်တွေကို ဘယ်လောက် လေးစားတယ်ဆိုတဲ့ အပေါ် မူတည်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတအိုဘားမား ပြောဆိုသွားတာပါ။

ဘာသာရေးလွတ်လပ်ခွင့်ဟာ အမျိုးသားလုံခြုံရေးအတွက် အရေးပါသလို အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးဆက်ဆံရေးမှာ အဓိက လက်ခံထားတဲ့ မူဝါဒ တခုဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ သူ တရုပ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်ကလည်း ခရစ်ယာန် ဘာသာဝင်တွေ၊ တိဘက် ဗုဒ္ဓဘာသာဝင်တွေနဲ့ Uyghur မူဆလင်တွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုတဲ့အကြောင်း အလေးအနက် ပြောဆိုခဲ့ တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော်မှာ နှစ်စဉ် ဖေဖော်ဝါရီလရဲ့ ပထမဆုံး ကြာသာပတေးနေ့တွေမှာ ကျင်းပလေ့ရှိတဲ့ National Prayer Breakfast ခေါ် နှစ်ပတ်လည် ၀တ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ဘာသာတရား အယူအစွဲ မရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအ၀ိုင်းက အထူးဧည့်သည်တော်တွေအပြင် ပြည်တွင်းနဲ့ ပြည်ပက ဘာသာရေးခေါင်းဆောင်တွေကို လည်း ဖိတ်ကြားလေ့ရှိပါတယ်။

အမေရိကန် သမ္မတနဲ့  လွှတ်တ်ာအမတ်တွေ၊ ပြည်နယ်ပေါင်းစုံက စီးပွားရေးလုပ်ငန်းရှင်တွေ ခေတ် အဆက်ဆက်ပါဝင် တက်ရောက်လေ့ရှိပြီး ဒီနှစ် အခမ်းအနားဟာ ၆၁ နှစ်မြောက် ကျင်းပတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

ဇော်ဝင်းလှိုင် (VOA)

အမေရိကန်သမ္မတ Barack Obama ၀ါရှင်တန် ဒီစီ၊ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ ဆုတောင်းပွဲ အခမ်းအနား တက်ရောက် မိန့်ခွန်းပြော (ဖေဖော်ဝါရီ ၆၊ ၂၀၁၄)

Thursday, February 06, 2014

အမျိုးသမီးတစ်ဦးကို ရက်စက်စွာ အသတ်ခံရသည့်အမှု (၃)ရက်အတွင်း ခက်ခက်ခဲခဲ ဖော်ထုတ်နိုင်ခဲ့

Posted by drmyochit Thursday, February 06, 2014, under | No comments


မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊ မကွေးမြို့၊ ခွေးတိုင်းရိုး သုသာန်ဟောင်း၏ တောင်ဘက် ရှိ ကန္တာရတော ထဲတွင် အမျိုး သမီးတစ်ဦးကိုရက်စက်စွာအသတ် ခံရမှုကို မကွေးခရိုင်ရဲတပ်ဖွဲ့က (၃)ရက် အတွင်း လူသတ်တရားခံ ကို ခက်ခက်ခဲခဲ ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း သတင်းရသည်။
ဖြစ်စဉ် မှာ -၂၉.၁.၂၀၁၄ ရက် မွန်းတည့် ၁၂ နာရီအချိန် ခန့် မကွေးမြို့၊ ချမ်းမြေ့သာယာ ကျေးရွာ အနီးခွေး တိုင်း ရိုးသုသာန် ဟောင်း၏ တောင်ဘက်ရှိကန္တာရ တောထဲတွင် အမျိုးသမီးတစ်ဦး အလောင်း တွေ့ရှိကြောင်း သေ ဆုံးသူမှာ မနီနီမြင့် (၂၅)နှစ် (ဘ) ဦးဘမော်၊ ဈေးရောင်းအမှတ် ၁၀ က/၂ မေတ်္တာလမ်း၊ စိုးပေါ် မင်းရပ်ကွက် နေထိုင်သူဖြစ် ကြောင်း၊ ၄င်းသည် ကျောက်ပန်း တောင်းမြို့နယ် ပွေးကျစ်ရွာမှ မကွေးမြို့သို့ ပြောင်းရွှေ့နေထိုင် သည်မှာ တစ်လခွဲခန့်သာ ရှိပြီ ဖြစ်ကြောင်း သူမတွင် အသက် (၄)နှစ်အရွယ် သားတစ်ယောက် ရှိကြောင်း၊ သူမ၏ခင်ပွန်းမှာသက် နိုင်လင်း ယာဉ်နောက်လိုက်ဖြစ် ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ညီဝမ်း ကွဲတော်စပ်သူ ကိုနေလင်းထွန်း ၏ ယာဉ်တွင် ယာဉ်နောက်လိုက် လုပ်ရန် ခရီးထွက်သွားကြောင်း ရဲက စုံစမ်းသိရသည် ဆို၏။

သေဆုံးသူ မနီနီမြင့်၏ ၀ဲ ဘက်မေးရိုးအောက်တွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀မ်းဗိုက်အလယ် ၌ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ယာဘက်ရင်အုံအထက် ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံး နေကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် အရိုးမပါ သော ငါးမန်းသွား ဓားဦးချွန် (၈) လက်မခန့် ဓားတစ်ချောင်း ပုဆိုး ဟောင်း အနီကွက်တစ်ထည်နှင့် နီညိုရောင် ကတ်္တီပါ အမျိုးသမီးစီး ၀ဲဘက်ဖိနပ် တစ်ဖက်ကို စစ်ဆေးတွေ့ရှိရရကြောင်း သိရ သည်။

၎င်းမနီနီမြင့် အသတ်ခံရမှု နှင့်ပတ်သက်၍ ၄င်း၏ခဲအိုဖြစ်သူ ကိုနေလင်းထွန်း ရန်ကင်းရပ်ကွက် (၁)လမ်း အမှတ်(၁၀၃)နေထိုင်သူ မှ လူသတ်တရားခံကို ဥပဒေနှင့် အညီ အရေးယူပေးပါရန် တရား လိုပြုလုပ် တိုင်တန်းသဖြင့် မကွေး မြို့မရဲစခန်းက (ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီးလူသတ်တရားခံ ကို အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁-၂-၂၀၁၄ ရက်တွင် ထူးခန့်ကျော် (၂၀)နှစ်၊ ရွာသစ်ရပ်ကွက်၊ (၁၈) လမ်း၊ မကွေးမြို့နေထိုင်သူကို မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့၌ လက်ရဖမ်းဆီးရမိခဲ့ပြီး ၄င်း ထူးခန့်ကျော်ကလည်း မိမိတစ်ဦး တည်း ပြစ်မှုကျူးလွန်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်း ရသည်။

ဟင်္သာ(တောင်တွင်းကြီး)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်