Tuesday, February 11, 2014

ကျား/မ လိင်စစ်ဆေးမှု မအောင်မြင်သောကြောင့် အီရန် အမျိုးသမီးလက်ရွေးစင်အသင်းမှ ကစားသမားလေးဦး ထုတ်ပယ်ခံရ

Posted by drmyochit Tuesday, February 11, 2014, under | No comments


အီရန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာရေးအကြောင်းပြချက်နဲ့ အမျိုးသားဘောလုံးပွဲစဉ်တွေကို သွားရောက်ကြည့် ရှုခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း ဘောလုံးအားကစားနည်းဟာ အစ္စလာမ်မစ်နိုင်ငံ အီရန် အမျိုး သမီးထု အတွင်းမှာ ရေပန်းစားလျက်ရှိပါတယ်။

အီရန်နိုင်ငံရဲ့ အလွန်အောင်မြင်တိုးတက်လာတဲ့ အမျိုးသမီးပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် မှာ ကစားနေ တဲ့ ဘောလုံးသမားတွေဟာ မကြာမီ ကျား/မ လိင်ခွဲခြားစစ်ဆေးမှု ကို ခံယူသွားရမယ်လို့ အမိန့်  ချမှတ်လိုက်ပါ တယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ငံအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက ကစားသမားလေးယောက်ဟာ အမျိုးသမီး မဟုတ်ကြောင်း စစ်ဆေးတွေ့ ရှိပြီးနောက်မှာ အခုလို အမိန့် ချမှတ် လိုက်တာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေဟာ အခုဆိုရင် အမျိုးသမီးပရော်ဖက်ရှင်နယ်ဘောလုံးပွဲစဉ်တွေကို သာမက ဖူဆယ်လ် ပွဲစဉ်တွေကိုပါ ရှောင်တခင် လာရောက်ကြည့်ရှုပြီး ဆေးစစ်မှုတွေပြုလုပ်သွားမယ်လို့  သိရှိရပါတယ်။

ဒါ့အပြင် ကလပ်အသင်းတွေဟာလည်း ကစားသမားအသစ်ကို စာချုပ်ချုပ်ဆို ခေါ်ယူမယ်ဆိုရင် လိင်စစ်ဆေးမှု တွေ အရင်ပြုလုပ်သွားရမယ်လို့  သိရှိရပါတယ်။

Ref: sports.yahoo.com
From: Trend Myanmar

မလေးရှားတွင် ရခိုင်ခေါင်းဆောင်များကိုလုပ်ကြံသူသည် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒီအဖွဲ့ ဖြစ်လောက် သည်ဟု ဦးအေးသာအောင်ပြော

Posted by drmyochit Tuesday, February 11, 2014, under | No comments

[ မင်းအောင်ခိုင် ၊ ရန်ကုန် ]

ရခိုင်တိုင်းရင်း သားခေါင်းဆောင်များကို သေနတ်နှင့် ပစ် ခတ်လုပ်ကြံမှုကြီးတစ်ခု မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့ခြင်းတွင် လုပ်ကြံသူများသည် မြန်မာ စကားပြောပြီး မြန်မာနိုင်ငံမှ ၀င်ရောက်လာ သော အကြမ်းဖက်သမားများဖြစ်ကြောင်း လုပ်ကြံခံရသူများက ပြောသည်။
မလေးရှားနိုင်ငံမှ လုပ်ကြံခံရကာ အသက်မသေဘဲ မိမိတို့နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အဆိုပါ ရခိုင်တိုင်းရင်း သားခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန် မြို့ ရခိုင်ဓမ္မာရုံ၌ အဆိုပါဖြစ်စဉ်နှင့်ပတ် သက်ပြီး အထက်ပါအတိုင်း သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

““ပစ်တာကတော့ သုံးချက်တိတိ လိုက်ပစ်တယ်။ ဆိုင်ကယ်နဲ့ ရှေ့ကလူက မောင်းပြီး နောက်ကလူက သေနတ်ပစ်တာ။ “ပစ်” “ပစ်”ဆိုပြီး အော်ပြောသံကို ကြားလိုက် တယ်။ ဗမာစကားမပီဘူး၊၊ မုတ်ဆိတ်မွှေး ရှည်ရှည်နဲ့”ဟု လုပ်ကြံမှုကိုခံခဲ့ရသူ ဦးလှ မြင့်က ဆိုသည်။ ရခိုင်တိုင်းရင်းသားခေါင်းဆောင် များဖြစ်ကြသော ဦးအေးသာအောင်နှင့်ဒေါက်တာအေးမောင်တို့ ဦးဆောင်သော အဖွဲ့ဝင် ခြောက်ဦးသည် မလေးရှားနိုင်ငံ လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း၏ ဖိတ် ကြားချက်ဖြင့် ဇန်န၀ါရီ ၃၁ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် မိမိတို့ နိုင်ငံသားများအနေဖြင့် မည်သည့်နိုင်ငံ၊မည်သည့်နယ်နိမိတ်တွင် နေထိုင်စေကာမူ ထိုနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပ ဒေများကို လေးစားလိုက်နာကြရန်နှင့် ၂၀၁၅ ခုနှစ်တွင်ဖြစ်လာမည့် ရခိုင်ပြည်နယ် အစိုး ရအဖွဲ့၏ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် တတ် နိုင်သည့်ဘက်က ပူးပေါင်းပါဝင်လုပ်ဆောင် ကြရန်အတွက် သွားရောက်တွေ့ဆုံခြင်းဖြစ် ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ယင်းသို့ မိမိတို့လူမျိုးများနှင့်တွေ့ ဆုံခဲ့ပြီး ခရီးစဉ် ၆ ရက်မြောက်နေ့ ဖေဖော် ၀ါရီ ၅ ရက် မလေးရှားနိုင်ငံ၏ ဒေသစံ တော်ချိန် ည၁၀နာရီအချိန်ခန့်တွင် ယင်းနိုင်ငံ ကွာလာလမ်ပူမြို့ လောယတ်လ် ဈေးဝယ် စင်တာမှဈေးဝယ်ပြီး၊ ကားနှစ်စီးဖြင့် ထွက် ခွာလာခဲ့ကြရာ လမ်းချိုးအကွေ့ တစ်ခုအ ရောက်တွင် ကားကိုချိုးလိုက်သည်နှင့် တစ် ပြိုက်နက် ဆိုင်ကယ်ပေါ်မှနေပြီး ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင်အပါအ၀င် ၅ ဦး စီးလာသောကားကို လုပ်ကြံကာ သေ နတ်နှင့်ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ကျည် သည် ကားမှန်ကို ထိုးဖောက်ရန်ရည်ရွယ် ၍ ပစ်ခတ်ခဲ့သော်လည်း ကား၏အကွေ့နှင့် ဆိုင်ကယ်ပေါ်မှနေပြီး ပစ်ခတ်ရသည့်အ တွက် ယင်းကျည်မှာ ကားမှန်အောက် ဘေး လိုင်နာကိုသာ ထိမှန်သွားခဲ့ကြောင်း၊ နောက် နှစ်ချက် ပစ်ခတ်ခဲ့သော်လည်း BMW ကား အမျိုးအစားဖြစ်သောကြောင့် ယင်း ကျည်နှစ်ချက်မှာလည်း ကားမှန်ကိုမဖောက် ဘဲ အောက်စိုက်ကာ ကားဘော်ဒီကို ထိုး ဖောက် ၀င်ရောက်သွားကြောင်း၊ ကျည်ဖူးစ တစ်ခုကို ကားပေါ်တွင် တွေ့ရှိရကြောင်း၊ ယင်းကျည်အမျိုးအစားကို ကြည့်ခြင်းအား ဖြင့် ၉ မမ ကျည်အမျိုးအစားတစ်ခုဟု မလေးရဲအဖွဲ့ကပြောကြောင်း လုပ်ကြံခံခဲ့ ရသူများက ပြောသည်။

““သေချာမပြောနိုင်တာကလွဲရင် အချက်အလက်အားလုံးကို ခြုံငုံသုံးသပ် လိုက်ရင် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒီအဖွဲ့ ဆိုတာလောက်တော့ ပြောလို့ရတယ်””ဟု ဦးအေးသာအောင်က ပြောသည်။

Yangon Media Group 

တရုတ်မယားအဖြစ် ရောင်းစားခဲ့သည့်မိသားစုကို လူကုန်ကူးမှု ပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်

Posted by drmyochit Tuesday, February 11, 2014, under | No comments



[ မျိုးမင်းထွန်း ဧရာဝတီ(မြစ်မခ) ၊ ပုသိမ် ]

စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့နယ်မှ ၁၉ နှစ်အရွယ်အမျိုး သမီးတစ်ဦးကို တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံ၌ အလုပ်ရ မည်ဆိုပြီး လိမ်လည်ခေါ်ဆောင် ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သည့် သားအမိသား အဖသုံးဦး ကို အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ ရောင်းစားခံရသူအမျိုးသမီးငယ် မှာ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဖျင်တင်းရှန် မြို့ ထန်ချွင်းရွာတွင် ရောက်ရှိနေကြောင်း သိရသဖြင့် ပြန်လည်ကယ်တင်ရ ရှိရေး တပ်ဖွဲ့ စု(မူဆယ်)မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံး နှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအတွင်းက တစ်ရွာတည်းနေထိုင်သူ ဦး.....၊ ဒေါ်....နှင့် သမီး မ....(တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျနေသူ) တို့ သုံးဦးက ရွာသို့ရောက်ရှိလာပြီး ၎င်းင်း၏သမီးအား တရုတ်နိုင်ငံ ရှိ ဖိနပ်စက်ရုံတွင် တစ်လလျှင် တရုတ်ငွေ ယွမ် ၂၀၀၀ ခန့်ရရှိ မည်ဟုပြော ကာခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားတစ်ဦးထံ ယွမ် ၆၈၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း တရုတ်မယား အဖြစ် ရောင်းစားခံရသူ အမျိုးသမီးငယ်၏ ဖခင် ထံမှသိရသည်။

““ခေါ်သွားတဲ့ မိသားစုက မကြာ ခင်မှာ လားရှိုးကိုပြောင်းသွားတယ်။ ပြီးခဲ့တဲ့ လလောက်က သူတို့ မိသားစု ရွာ ကိုပြန်လာ တယ်။ သမီးက ဖိနပ်စက်ရုံမှာ အလုပ်ကောင်း ကောင်းလုပ်နေတယ်လို့ပြောတယ်။ ဇန်န ၀ါရီ ၄ ရက်ကမှာ သမီးနဲ့အင်တာနက်မှာ အဆက်အသွယ်ရခဲ့တယ်””ဟု အမျိုးသမီး ငယ်၏ ဖခင်ကပြော သည်။

ရောင်းစားခံရသူ အမျိုးသမီးငယ် မှ ကိုယ်ဝန်ရှစ်လရှိနေပြီဖြစ်ကြောင်းသိရ သဖြင့် တပ်ဖွဲ့စု(မူဆယ်)မှ တရား လိုပြုလုပ် ၍ ရောင်းစားခဲ့သူမိသားစုသုံးဦးကို အရေး ယူပေးရန်တိုင်ကြားခဲ့သောကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃ဝရက်က မူဆယ် မြို့မရဲစ ခန်းမှ (ပ)၁၈/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ (က)ဖြင့် အဆိုပါမိသားစုဝင်သုံးဦးကို အမှုဖွင့်အရေး ယူခဲ့ခြင်းဖြစ်သည်။

““တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ လူ ကုန်ကူးမှုတွေမှာ တရုတ်မယားအဖြစ် ရောင်း စားခံရမှုက ရာခိုင်နှုန်း အားဖြင့် ၉၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိနေတယ်။ အဲဒါကြောင့် မြန် မာအမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံကို သွားပြီး အလုပ်လုပ်မယ်ဆိုရင် အလွန် အန္တရာယ်များတဲ့အတွက် အလုပ်ကိုသွား မလုပ်သင့်ဘူး””ဟု နေပြည်တော်လူကုန်ကူး မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်း နိုင်က ပြောသည်။ 

၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ် ပွားခဲ့ပြီး တရုတ်နိုင်ငံတွင် ၅၉ မှုဖြစ်ပွား ခဲ့ ကြောင်း၊ အဆိုပါအမှုများထဲတွင် အဓမ္မမွေး စားမှုနှစ်မှု၊ အဓမ္မအလုပ်စေခိုင်းမှုနှစ်မှုဖြစ် ပြီး ကျန် ၅၅မှုမှာ မယား အဖြစ် ရောင်းစား သည့်အမှုများဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

From: Yangon Media Group

အိုဘားမားနဲ့ ဘီယွန်ဆေး ချစ်ကြိုက်ကြောင်း ပြင်သစ် မီဒီယာတို့ဖွ

Posted by drmyochit Tuesday, February 11, 2014, under | No comments


ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။

သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။ အိုဘားမား ကိုယ် တိုင် ကလည်း ဘီယွန်ဆေးက သူ ခရေဇီ ဖြစ်တဲ့ အဆိုတော် တစ်ဦး ဖြစ်ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ဖူးကြောင်း ဆိုပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကတော့ အရွယ်ငယ် မော်ဒယ် မလေး တစ်ဦးနဲ့ ချစ်ကြိုက်နေကြောင်း သတင်းထွက် ပြီးတော့ သူ့ First Lady နဲ့ အိမ်ထောင်ကွဲခဲ့ပြီ ဖြစ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ယခု အဖွခံရတဲ အိုဘားမားနဲ့ ဘီယွန်ဆေး သတင်းကတော့ ရယ်စရာ တစ်ခု အဖြစ်သာ ကျန်ရှိစေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA

Posted by drmyochit Tuesday, February 11, 2014, under | No comments

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရစစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ဂျာအင်ယန်ရွာဘက်မှာ သစ်တွေစုပုံထားကြောင်း သတင်းရလို့ ဝင်ရောက် ရှင်းလင်း ဖမ်းဆီး ရာမှာ သစ်မှောင်ခိုလုပ်နေတဲ့ သစ်အကာကွယ်ပေး KIA တွေက အစိုးရတပ်ကို ပစ်ခတ်တိုက်ခိုက်တာ ကစပြီး KIA (၂၀) ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တိုက်ပွဲမှာ KIA ဘက်က အထိနာပြီးတော့ ဆုတ်ခွာ သွားကြောင်း၊ စစ်တပ်ဘက်မှ လိုက်လံရှင်းလင်းရာ ကျွန်း၊ တမလန်းသစ်တန်ချိန် ၁၀၀၀ ခန့် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

KIA များအနေဖြင့် မကြာမီ အင်တာနက်စာမျက်နှာတွေမှာ မဟုတ်တမ်းတရားတွေနဲ့ အစိုးရစစ်တပ်တွေက သူတို့ကို စပြီးအလစ်အငိုက်တိုက်တယ်… ရွာတွေကို ဖျက်ဆီးတယ်ဆိုပြီး လျှောက်အော်တော့မှာ သေချာတယ်… KIA တွေက သူတို့ တရုတ်တွေနဲ့ပေါင်းပြီး သစ်မှောင်ခို ခိုးထုတ်နေတယ်ဆိုတာကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြောမှာမဟုတ်ဘူး… ဒီကောင်တွေက လုပ်ရပ်က ဒီအတိုင်းပါပဲဗျာ… ဒါ့ကြောင့်လည်း လာရှိုးဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းတဲ့ ဓါးပြတွေက အမြဲတမ်း သူတို့ကအမှန်… ။ ကိုယ်တိုင်ဆက်ကြေးကောက်တာ တွေ၊ ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေကို သူတစ်ပါးနိုင်ငံကိုရောင်းပြီး အကျိုးစီးပွားရှာနေတာတောင် အစိုးရစစ်တပ်က စစ်အင်အားသုံး တိုက်ခိုက်ပြီး တိုက်ပွဲတွေကို တစ်ဖက်သတ်ဖန်တီးတယ်လို့ ခုထက်ထိ အသံကောင်းဟစ်နေတုန်းပါပဲဗျာ….။

ဘာတဲ့….. “သူခိုးက လူပြန်ဟစ်နေတယ်” ဆိုတဲ့ စကားပုံက KIA အတွက် ပြောခဲ့သလား မှတ်ရတယ်…

ဒါနဲ့များ ဓါးပြသူခိုးက ဓါးပြတိုက်တဲ့နေ့ကို တော်လှန်ရေးနေ့တဲ့… ဇောင်းဟရားကလဲ လူလိမ်ပဲ… ကချင်လူငယ်တွေကို လှည့်စားပြီး ဗမာကိုတော်လှန်တဲ့နေ့တဲ့လေ… ကချင်ကတော့ ကချင်ပါပဲ… KIA ဥက္ကဌတောင် အမှန်မပြော ကူလီကူမာကောင်ကြီး ဦးဆောင်နေမှတော့ အားလုံးကလူလိမ်လူကောက်တွေချည်းပဲ…

ဒါ့ကြောင့် ကချင်ကောက်တာ မမြင်ရဘူး… ဆံပင်ကောက်တာ မြင်ရတယ်ပြောတာ… ကချင် ဖြောင့်တာ တံစဉ်ကောက်သလောက်တော့ ကျန်သေးတယ်တဲ့ဗျာ….။

Credit to:စိုင်းနော်စိုင်း
Kachin Daily News

တီဗွီဂိမ်းထဲက အပြာခန်းတွေကြည့်ပြီး ၈ နှစ်အရွယ်ညီမဖြစ်သူကို မုဒိန်းကျင့်ခဲ့တဲ့ အစ်ကို

Posted by drmyochit Tuesday, February 11, 2014, under | No comments



သူငယ်ချင်းတစ်ယောက်ရဲ့ Xbox ဂိမ်းစက်ထဲက အပြာတွေ ကြည့်ခဲ့တဲ့ ၁၃နှစ်သားကောင်လေးဟာ ၈နှစ်အရွယ် ညီမဖြစ်သူကို မုဒိန်းကျင့်ခဲတာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီအမှုဟာ အင်္ဂလန် အနောက်မြောက်ပိုင်း Blackburn မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ဥပဒေကြောင်းအရ ဒီဆယ်ကျော်သက်ကောင်လေးရဲ့ နာမည်ကို ဖော်ပြခွင့်မရှိပါဘူး။ သူကြည့်မြင်ခဲ့တာတွေကို စမ်းသပ်လိုပြီးတဲ့နောက် ၈နှစ်အရွယ် ကလေးမကို မတော်တရော် အကြမ်းဖက်မိတဲ့ အပြစ်ဒဏ်နဲ့ ကလေးမကို ကာမပိုင်းဆိုင်ရာ နည်းပေးလမ်းပြလုပ်ခဲ့မှုတွေကို ကောင်လေးဟာ အသနားခံခဲ့ပါတယ်။

သူ့ညီမကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ သူမဟာ အကောင်သေးပြီး ကိစ္စကို အမှတ်မိနိုင်လောက်တာ မို့လို့ ဆိုပြီး ကောင်လေးက ရဲတွေကိုပြောခဲ့ပါတယ်။

ဒီအမှုဟာ “ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး ကာမပိုင်းဆိုင်ရာ လေ့လာစမ်းသပ်မှု” တွေထဲကတစ်ခုလို့ ရဲတွေက သတ်မှတ်ပါတယ်။

ကောင်လေးကို ဒဏ်ငွေရိုက်ထားပြီး လူငယ်ပြစ်မှုပပျောက်ရေး အသင်းက အကြိုအမိန့်မချမချင်း မိသားစုဝင် တစ်ယောက်ယောက်နဲ့ အတူနေထိုင်ရဖို့ ရှိပါတယ်။ သူ့ရဲ့ညီမဖြစ်သူကိုတော့ ကျွမ်းကျင်တာဝန်ရှိသူတွေက အထောက်အပံ့ပေးထားပါတယ်။

အွန်လိုင်း အပြာတွေကို ကလေးတွေမမြင်မိအောင် အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့ပေးသူတွေအနေနဲ့ သေချာအောင် လုပ်ထားဖို့ တာဝန်ရှိတယ်လို့ Blackburn မြို့ ဥပဒေပြုအမတ် ကပြောခဲ့ပါတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်ကပဲ “ဒီအမှုဟာ အသက်ရှုမှားလောက်အောင်ကို ကြောက်လန့်စရာကောင်းပါတယ်။ ဒီကြောက်စရာအမှုဟာ ငယ်ရွယ်သူတွေအတွက် အပြာ ဟာ လိုလားသမျှရနေပုံ ဆက်စပ်နေပါတယ်။ အပြာနဲ့ပတ်သက်ပြီး ၀င်ရောက်ကြည့်ရှုခွင့်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့သူတွေ နားလည်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။” လို့ ဆက်ပြီးပြောပါတယ်။

Ref:ibtimes.co.uk

လက်ထပ်ပြီးစ ဇနီးမောင်နှံ၏ ကြေကွဲဖွယ် မတော်တဆမှု

Posted by drmyochit Tuesday, February 11, 2014, under | No comments

အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲ တွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။

(ကီနာဆာဗာတောင်) 


စွန့်စားမှုကို ဝါသနာကြီးခြင်းက လက်ထပ်ပြီးကာစ ပျားရည်ဆမ်း ဇနီးမောင်နှံအတွက် ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်တစ်ခု ဖန်တီးပေးလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။ စနေနေ့က အသက်(၂၈)နှစ်ရှိ အမ်ဘာဘယ်လိုစ်သည် သူမ၏ ခင်ပွန်းဖြစ်သူ ကလေတန်ဘတ္တလန်နှင့်အတူ Base Jumpခုန်ရင်း သေဆုံးခဲ့ကြောင်း ဥယျာဉ်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ Base Jump ကစားနည်းမှာ အဆောက်အအုံမြင့်များ၊ တောင်ထိပ်အမြင့်များမှ ခုန်ချပြီး လေထီးဖွင့် ဆင်းသက်ရခြင်းမျိုး ဖြစ်သည်။

ဇီယွန်အမျိုးသား ဥယျာဉ်တွင် ယင်းကစားနည်းကို တားမြစ်ထားသည်။ အမ်ဘာနှင့် ကလေတန်တို့သည် (၇၂၇၆)ပေမြင့်သည့် ကီနာဆာဗာတောင်ထိပ်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်။ အမ်ဘာက ဦးစွာခုန်ပြီးနောက် လေထီးက ပုံမှန် အလုပ်မလုပ်ခဲ့ချေ။ ယင်းအခြေအနေကို မြင်တွေ့သည့်နောက် ကလေတန်က လိုက်ပါ ခုန်ချရင်း ဇနီးကို ဖမ်းယူကယ်တင်ရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်လွတ်သွားခဲ့သည်။ အမ်ဘာ သေဆုံးချိန်တွင် ၎င်းတို့ဇနီးမောင်နှံ၏ မင်္ဂလာသက်တမ်းမှာ သီတင်း(၂)ပတ်သာ ရှိနေသေးသည်။ ကယ်ဆယ်ရေး အဖွဲ့သည် ကျောက်ချွန်ကျောက်ဆောင်များကြား ပြုတ်ကျသွားသည့် အမ်ဘာ၏ အလောင်းကို တနင်္ဂနွေနေ့တွင် ရှာတွေ့ခဲ့ပြီး ရဟတ်ယာဉ် အကူအညီဖြင့် ပြန်လည် သယ်ယူခဲ့ရသည်။ Base Jump ကစားနည်းကြောင့် ယင်းဥယျာဉ်ထဲတွင် သေဆုံးမှုသည် အမ်ဘာ၏ ဖြစ်ရပ်က ပထမဆုံးဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်မှုကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

Planet Myanmar Network

ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးများ

Posted by drmyochit Tuesday, February 11, 2014, under | No comments



“ရာမတလုံးလောက် တင် (ရှူ) ပြီးရင် လူက ပေါ့ပါးသွားတယ်၊ အိပ်ငိုက်တာ မရှိဘူး၊ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားတယ်၊ ဧည့်သည်တွေနဲ့ ဆက်ဆံရေးလည်း ပိုအဆင်ပြေတယ်” လို့ အသက် ၂၂ နှစ်အရွယ် သက်ထား က စားပွဲပေါ်မှာရှိတဲ့ ဆေးလိပ်ခွက်ကို ပွတ်သပ်နေရင်း ပြောပြပါတယ်။

ပိန်ပိန်သွယ်သွယ်နဲ့ ခပ်ညိုညို အသားရောင်ရှိတဲ့ သက်ထားက ပျော်တော် ဆက် လုပ်ငန်းလောကထဲကို ရောက်လာတာ ၅ နှစ် ကျော်ပြီလို့ဆိုပါတယ်။ အခု သူအလုပ်လုပ်နေတဲ့ ဆိုင်က ၂၄ နာရီဖွင့်တာကြောင့် အိပ်ရေးပျက် ခံနိုင်အောင် စိတ်ကြွဆေးကို သုံးတာလို့ ပြောပါတယ်။

ရာမ (မြင်းဆေး) ခေါ်တဲ့ စိတ်ကြွဆေးပြားကို မီးရှို့ပြီး ထွက်လာတဲ့ အခိုး အငွေ့ကို ရှူရ ရှိုက်ရတာလို့ ပြောပါတယ်။ ဒီဆေးကို ရှူလိုက်ရင် အိပ်ငိုက်ခြင်း မရှိတော့သလို၊ လူလည်း လန်းဆန်းတက်ကြွလာပြီး ပုံမှန်သုံးစွဲခြင်းအားဖြင့် ဗိုက်သားတွေ ကျစ်လာတဲ့ အတွက် ခန္ဓာကိုယ် အလှကိုလည်း အထောက် အကူ ဖြစ်စေတယ်လို့ သူကယုံကြည် နေပါတယ်။

ဧည့်သည် အားလပ်ချိန်တွေမှာ အိမ်သာ၊ ဒါမှမဟုတ် ဆိုင်နောက်ဖေးက လေလုံတဲ့ နေရာတွေမှာ ရှူဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်တွေကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်း သိပေမယ့် အလုပ် အတွက် အထောက်အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူးလို့လည်း သိရပါ တယ်။ ဆိုင်မှာ ပျော်တော်ဆက် မိန်းကလေး အယောက် ၂၀ ရှိတဲ့ အထဲက သက်ထား အပါအဝင် ၈ ယောက်လောက်က ရာမကို သုံးစွဲကြတယ် လို့ဆိုပါတယ်။

သက်ထား က “ဧည့်သည်များများ လာရင် လာသလို အခန်းတက်ရတယ်၊ အိပ်ငိုက်နေလို့ရှိရင် ဧည့်သည်က ဆက်ဆံရေး မပြေလည်ဘူးဆိုပြီး ဆိုင်ရှင် ကို တိုင်လို့ရင် ဆိုင်ရှင်က နောက်တယောက် ပြောင်းပေးလိုက်တယ်၊ အဲဒီအခါ ကိုယ်တက်ထားတဲ့ အခန်းခက မရတော့ဘူး၊ အဲဒါနဲ့ အိပ်မငိုက် အောင် ရာမကို သုံးဖြစ်သွားတာ” လို့ စိတ်ကြွဆေး သုံးဖြစ်ခဲ့ပုံကို ရှင်းပြပါ တယ်။

သူတို့အတွက်ကတော့ စိတ်ကြွဆေးက ဝယ်လို့မခက်ပါဘူး၊ ဆိုင်ကယ် တက္ကစီသမားတွေကို အဝယ်ခိုင်းလို့ရသလို၊ ဖုန်းဆက် လိုက်ရုံနဲ့ လာပို့နေကြ သူတွေလည်းရှိပါတယ်။ မြဝတီမြို့ပေါ်မှာတော့ မြင်းဆေး တလုံးရဲ့ ပျမ်းမျှ ဈေးက ကျပ် ၃၀၀၀ ပါ။ မြဝတီမြို့နဲ့ နီးတဲ့ သင်္ဃန်းညီနောင်မှာဆိုရင် တလုံး ကို ကျပ် ၂၅၀၀ ပဲ ပေးရတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

စိတ်ကြွဆေး သုံးတဲ့ ဧည့်သည်တချို့ လာရောက်ပျော်ပါးရင်လည်း အခန်းထဲ မှာပဲ အတူတကွ သုံးဖြစ်ကြပြီးတော့ အဲဒီလိုမျိုး အကြိုက်တူတဲ့ ဧည့်သည်တွေ နဲ့ ဆုံရင် နှစ်ဦးနှစ်ဘက် ဆက်ဆက်ရေးလည်း ပိုပြီးကောင်းတယ်လို့ သက်ထားက ပြောပြ ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ သက်ထားရဲ့ သူငယ်ချင်း ပိုးအိဖြူ ကတော့ စိတ်ကြွဆေးကို သူကိုယ်တိုင် မသုံးစွဲသလို သူငယ်ချင်းတွေ သုံးစွဲတာ ကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးတွေ သုံးစွဲပြီး ရောက်လာတဲ့ ဧည့်သည်တွေနဲ့ ကာမ ဆက်ဆံရတဲ့ အခါမှာ ငရဲကျသလိုပဲလို့ ဆိုပါတယ်။

“မူးပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ နေ (ကာမဆက်ဆံ) တာတောင် အလွန်ဆုံး နာရီဝက်ပဲ။ ရာမသုံးလာတဲ့ လူတွေနဲ့အခန်း တက်ရင် တနာရီနဲ့ လည်း မပြီးဘူး။ ပိုက်ဆံသာ ပြန်အမ်းလိုက်ချင်တယ်” လို့ စိတ်ပျက်ဟန်နဲ့ ပိုးအိဖြူက ရှင်းပြပါတယ်။

ဆိုင်ကိုလာတဲ့ ဧည့်သည် အများစုဟာ အရက်၊ ဘီယာ သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လိင်အင်္ဂါကို သဘာဝလွန် ကြီးထွားဆေးတွေ သုံးထားတဲ့ ဧည့်သည်ကလွဲရင် တခြားဧည့်သည် အမျိုးအစားတွေကို ရွေးချယ်ခွင့် မရှိဘူးလို့ ပိုးအိဖြူက ရှင်းပြပါတယ်။

ရာမသုံးပြီး လုပ်ငန်းခွင်ဝင်တာကို သဘောမကျတဲ့ ပိုးအိဖြူလည်း အိပ်ငိုက်လို့ ဆက်ဆံရေး ပျက်ကွက်တဲ့ အတွက် ဧည့်သည်က လူစားလဲခိုင်းတာ၊ တခါ တရံ အနိုင်ကျင့် ရိုက်နှက်ခံရတာတွေ အထိ ကြုံတွေ့ခဲ့ရဘူးတယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အိပ်ငိုက်တဲ့ဒဏ် ခံနိုင်ဖို့ ကော်ဖီနဲ့ လက်ဘက်သုပ်ကို အားပြုခဲ့ကြောင်း၊ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း ဧည့်သည် ပြတ်ချိန်တွေကို အိပ်ချိန်အဖြစ်ထားကြောင်း ပြောပါတယ်။

“ဧည့်သည်များများရမှ တရက်ကို တသောင်း ဝန်းကျင်လောက်ရတာ၊ ရာမ သုံးရင် ပိုက်ဆံ မကျန်တော့ဘူးလေ။ အခု ဒီဆိုင်မှာ ရာမ သုံးတဲ့လူ မှန်သမျှ လည်း ပိုက်ဆံမစုနိုင်ကြဘူး။ တချို့ဆို အကြွေးပါ တင်သေးတယ်” လို့ ပိုးအိဖြူက ရှင်းပြပါတယ်။

စိတ်ကြွဆေးတွေကို တဆိုင်တည်းနေ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ သုံးစွဲနေတာ နေ့စဉ်တွေ့မြင်ရကြောင်း၊ သုံးပြီးရင် နှစ်ည၊ သုံးညလောက်အထိ မအိပ်ဘဲ အလုပ်လုပ်နေကြလို့ ဒီမြင်ကွင်းကို မမြင်လိုတဲ့ အတွက် သက်ထား အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖြောင်းဖျ ပြောဆိုပေမယ့် မအောင် မြင်ကြောင်း စိတ်မသက်သာဟန်နဲ့ သူက ဆက်ပြီး ပြောပြပါတယ်။

သက်ထားနဲ့ ပိုးအိဖြူတို့ဟာ တနယ်တကြေးဆီက လာပြီး ဒီမှာ အလုပ် အတူတူလုပ်ကြတဲ့ သူတွေဖြစ်ပေမယ့် ညီအစ်မ အရင်းလို တယောက်နဲ့ တယောက် ဖေးမကူညီမှုတွေ ရှိကြတယ်လို့ သူတို့ နှစ်ယောက်စလုံးက ဆိုပါတယ်။ မတူညီတဲ့ ဒေသတွေက လာကြတဲ့ သူတို့နှစ်ဦးဟာ လုပ်ငန်းချင်း တူသလို ဆင်းရဲတာချင်းနဲ့ ရိုးသားမှုတွေကလည်း တူညီတာကို တွေ့ရပါ တယ်။

သက်ထား အပါအဝင် တဆိုင်တည်းနေတဲ့ သူ့သူငယ်ချင်းတွေ စိတ်ကြွ ဆေးပြား သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြနေတဲ့ ပိုးအိဖြူကို သက်ထားက ဗွေယူဟန်မရှိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ ထိုင်ကြည့် နေပြီး ပိုးအိဖြူရဲ့ ဖန်ခွက် ထဲကို ကိုကာကိုလာ အချိုရည်ကိုတောင် ထပ်ဖြည့်ပေးလိုက်ပါသေးတယ်။

သူတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ မြဝတီမြို့ပေါ်က ပျော်တော်ဆက် ရုံတွေဟာ ရာမလို့ခေါ်တဲ့ မြင်းဆေး သုံးစွဲမှုတွေနဲ့ ကင်းတဲ့ ရုံ ရှားတယ်လို့ ဆိုပါတယ်။ သက်ထားက ဒီဆိုင်ကို မရောက်ခင်မှာ ကတည်းက မြဝတီမြို့ပေါ်မှာရှိတဲ့ တခြားပျော်တော် ဆက်ရုံ သုံးရုံမှာ လုပ်ခဲ့ဘူးတယ်လို့သိရတယ်။ အဲဒီနေရာ တွေမှာကတည်းက ဒီစိတ်ကြွဆေးကို သုံးခဲ့ဘူးတာလို့ သူက ဆိုပါတယ်။

“မြို့ပေါ်မှာရှိတဲ့ ဒီလိုနေရာတွေကတော့ ဒါနဲ့ ကင်းတဲ့နေရာ ဆိုတာမရှိဘူး၊ သမီးလည်း မသောက်ရ မနေနိုင်အောင်တော့ မဟုတ်ပါဘူး၊ သူက သုံးပြီးလို့ အရှိန်ပြေသွားရင် ကိုယ်လက်တွေ နာတာမခံနိုင်ဘူး၊ အဲဒါကြောင့် အရှိန် ပြန်တင်ရင်းတင်ရင်းနဲ့ ရက်ဆက် သွားတာ။ ဟိုတလောက ရွာပြန်သွားတော့ တလလောက် လုံးဝမသုံးဖြစ်ဘူး၊ နေနိုင်တယ်။ ဒီမှာက အလုပ်နဲ့ ကျတော့ မရဘူးလေ” လို့ သက်ထားက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ စားသောက်ဆိုင် အမည်ခံနဲ့ မြို့ခံ အာဏာပိုင်တွေဆီမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ လိင်ဖျော်ဖြေရေးရုံ ၁၀၀ ကျော် ရှိပြီး အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တားမြစ်မှုတွေ မလုပ်တဲ့အပြင်၊ လိင်အလုပ် သမတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ မရှိကြပါ ဘူး။

သက်ထားက မြဝတီကို မရောက်ခင်မှာ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက် မြို့က လိုင်စင်မဲ့ လိင်ဖျော်ဖြေရေး ရုံတွေမှာ လုပ်ခဲ့ဖူးသူပါ။ ထိုင်းနိုင်ငံ ရဲတွေရဲ့ တင်းကြပ်မှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲခွင့်မရသလို၊ ဧည့်သည်နဲ့ ဆက်ဆံတဲ့အခါ ကွန်ဒုံသုံးဖို့နဲ့ ကူးစက်တတ်တဲ့ အခြေအနေနဲ့ ရောဂါတွေ အကြောင်းကို ပြည်ပမှရောက်နေတဲ့ အဖွဲ့အစည်းတချို့က ရက်ပျက်ကြေး ပေးပြီး သင်ပေးကြတယ်လို့ သူ့အတွေ့အကြုံကို သက်ထားက ရှင်းပြပါတယ်။

တရားဝင် လိုင်စင်နဲ့ ဖွင့်လှစ်တဲ့ လိင်ဖျော်ဖြေရေး ရုံတွေ မဟုတ်ပေမယ့် မဲဆောက်ဆေးရုံကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း သွေးစစ်ခြင်း၊ မိန်းမ ကိုယ် သန့်ရှင်းရေး လုပ်ငန်းများ ခေါ်ယူစစ်ဆေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်း တယ်။ အခု မြဝတီမှာက ဘာမှမလုပ်ပေးတဲ့ အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင် တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထား က စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။

အရင်က လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်လိုကြတဲ့ မြန်မာ မိန်းကလေး တွေဟာ တဘက်နိုင်ငံ မဲဆောက်မြို့မှာ သွားလုပ် ကြရပေမယ့် နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုတွေ ရှိလာတာကြောင့် ၂၀၁၀ နောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် အတိုးချ လုပ်ကိုင်လာတဲ့ မြဝတီမြို့ပေါ်က ရုံတွေကို ပြန်ပြောင်းလာကြတာပါ။

မြဝတီမြို့ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအတွက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခွင့်အရေးမျိုး မရနိုင်ကြပေမယ့် စိတ်ကြွဆေး သုံးတတ်တဲ့ လိင်အလုပ်သမတွေ အတွက် တော့ လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိနေပါတယ်။

အနီရောင် မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ ပျော်တော်ဆက် ရုံတွေထဲက မီးရောင် တွေ အောက်မှာတော့ သစ်လွင်တဲ့ အဝတ် အစားတွေ ဝတ်ဆင်ပြီး ဧည့်သည် တွေကို ဖျော်ဖြေပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လိင်အလုပ်သမလေးတွေ ရှိနေတယ်။ တချို့ကတော့ ရာမလက်က ရုန်းထွက်ဖို့ကို မေ့နေကြဆဲ ဖြစ်ပါတယ်။

ဧရာဝတီ

Monday, February 10, 2014

ဓါးနဲ့ ထိုးပြီး ချစ်သက်သေပြတဲ့ ဇနီးမောင်နှံ

Posted by drmyochit Monday, February 10, 2014, under | No comments


၉.၂.၂၀၁၄ရက်နေ့၂၃၃၀အချိန် စက်ဆန်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် လင်မယား (၂)ဦး၊ မိမိကိုယ်ကို ဓါးဖြင့်ထိုးကြသဖြင့် ဒဏ်ရာများ ရရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့တွင် ၀မ်းဗိုက်များ၌ ထိုးသွင်း ဒဏ်ရာ(၁)ချက်စီရရှိ ထားသည်ကို တွေ့ရှိရသည်ဟု Yangon Police အင်တာနက် စာမျက်မှာ ဖော်ပြထားပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်းတို့(၂)ဦးသည် အရက်သေစာ သောက်စား ထားကြပြီး စကားများကြရာမှ တစ်ဦးကို တစ်ဦးမည်မျှ ချစ်ကြကြောင်းကို သက်သေပြမည်ဟုဆိုကြကာ ခင်ပွန်းဖြစ်သူမှမိမိကိုယ်ကို ၀မ်းဗိုက်အား ဓါးဖြင့်ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဇနီးဖြစ်သူမှလည်း မိမိကိုယ်ကို ၀မ်းဗိုက်အား ဓါးဖြင့် ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ကိုယ်စီရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့(၂)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံ ယူလျက်ရှိ ပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို ဓါးဖြင့်ထိုးခဲ့ကြပြီး သေကြောင်းကြံစည်ခဲ့ကြသူ ဇနီးမောင်နှံ(၂)ဦးအား စက်ဆန်းနယ်မြေရဲ စခန်း (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Police သတင်းအရ သိရှိရပါသည်။

Yangon Police

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံရွာသား(၁၁)ဦးအတွက် တရုတ်ယွမ်ငွေ ၂ သောင်းဖြင့် ပြန်ရွေး

Posted by drmyochit Monday, February 10, 2014, under | No comments


ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၄

ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ခွဲ ကျီးကြာကျေးရွာအနီးတွင် လွန်ခဲ့သော သုံးရက်ခန့်က ၀ါးခုတ်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံရွာသား(၁၁)ဦးအား တရုတ်ယွမ်ငွေ ၂ သောင်းပေး၍ ဖေဖော်ဝါရီ (၇)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
`` ဖမ်းသွားတုန်းက (၈)ယောက်ပါ၊ အခု (၃)ယောက် ပိုလာတာပေါ့၊ အားလုံး(၁၁)ယောက် လွှတ်လာပါတယ်၊ တရုတ်ယွမ်ငွေ ၂ သောင်းပေးလိုက် ရတယ်လို့တော့ သိရတယ်´´ ဟု ကျီးကြာရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ရွာသားများအား KIA အဖွဲ့ထံမှ ပြန်လည်ခေါ်ယူပေးခဲ့သူများမှာ တရုတ်နိုင်ငံသား လောဝုနှင့် ၀ူချုန်းချုံ တို့ဖြစ်ကြောင်း၊ KIA တောင်းသော ယွမ်ငွေ ၂ သောင်းအား ကိုယ်စားလှယ်ရွာသားတစ်ဦး စေလွှတ်၍ ပေးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
KIAမှ ၀ါးခုတ်နေစဉ် ဖမ်းဆီးသွားသော ရွာသား(၈)ဦးမှာ ကျီးကြာရွာနေ ဦးလဂျောင်ဇောင်းဟောင်(၄၂)နှစ်၊ ရှီးကျန်ကျန်းဒေါ(၂၇)နှစ်၊ ဖရဲဇုန်းချမ်း(၂၁)နှစ်၊ ဇုန်းယိန်း(၂၀)နှစ်၊ ဘောမ်ဒေါ(၂၂)နှစ်၊ ဇုန်းခေါ(၂၁)နှစ်၊ စီကြူဝေ့ (၂၈) နှစ်နှင့် လုပီကျေးရွာနေ အားစီလု(၃၂)နှစ်တို့ဖြစ်ကြပြီး ထပ်မံ လွတ်မြောက် ခဲ့သော ရွာသား(၃)ဦးမှာ ကျီးကြာရွာနေ ဒေါင်ခေါင်း(၂၉)နှစ်၊ ဘွန်ယိန်း(၂၁)နှစ်နှင့် လုပီရွာနေ အားဆာ(၄၅)နှစ်တို့ ဖြစ်ကြသည်။

`` ကချင်တပ်က ဖမ်းသွားပြီဆိုကတည်းက လူသစ်လုပ်ရတော့မယ်ဆိုပြီး စိုးရိမ်ထိတ်လန့်နေကြတာ၊ အခုလို ငွေပေးပြီး ပြန်ခေါ်ပေးတဲ့ တရုတ်လူမျိုး သူဌေး(၂)ယောက်ကို ကျေးဇူးတင်ပါတယ်၊ သူတို့ ငွေကို ပြန်မဆပ် ခိုင်းပေမယ့် ကျွန်မတို့ ဘာပဲလုပ်ပေးရ လုပ်ပေးရပြန်ပြီး ကျေးဇူးဆပ်မှာပါ ´´ ဟု ပြန်လည်ရောက်ရှိလာသော ရွာသား တစ်ဦး၏ ဇနီးဖြစ်သူ မနော်ဂျာက ဆိုသည်။

ပန်ဝါမြို့ခံတစ်ဦးက `` လဝေါ်လချိတ်လည်း ကချင်၊ ဂျိမ်းဖောလည်း ကချင်ပါပဲ၊ ကိုယ့်ကချင် အချင်းချင်းကို ပြန်ဖမ်းပြီး ငွေတောင်းတဲ့ ကချင်တပ်ရဲ့ လုပ်ရပ်က အတော်အံ့အားသင့်ဖို့ ကောင်းပါတယ်၊ အခု တရုတ်တွေက ကချင်တွေကို ငွေပေးပြီး ပြန်ခေါ်ရတယ်ဆိုတော့ ကိုယ့်ကချင်ထက် တရုတ်ကတောင်ပိုပြီး ကိုယ်ချင်းစာနာတဲ့ သဘောမျိုးဖြစ်နေတယ်၊ အခုလုပ်ရပ်အတွက် KIA ခေါင်းဆောင်ပိုင်းတွေ ရှက်ဖို့ကောင်းပါတယ် ´´ ဟု ပြောကြား သွားသည်။

ကချင်အရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက `` အခုကိစ္စက ထူးဆန်းတယ်၊ KIA က ဖမ်းသွားတဲ့ ရွာသားတွေကို တရုတ်သူဌေး ၂ ယောက်က ငွေပေးပြီး ပြန်ခေါ်တယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး၊ KIA က တရုတ်ကို ကြောက်ရတော့ ငွေအယူပြပြီး ပြန်လွှတ်ပေးတာလည်း ဖြစ်နိုင်တယ်၊ နောက် တစ်ချက်က လွတ်လာတဲ့ ရွာသားတွေကို တရုတ်သူဌေးနှစ်ယောက်က ဘယ်လိုပြန်ပြီး ခိုင်းစားဦးမလဲ စောင့်ကြည့်ရမယ်၊ ရိုးရိုးသားသားနဲ့ ငွေအကုန်ခံပြီး ကူညီခဲ့တာဆိုရင် တရုတ်သူဌေး ၂ ယောက်နဲ့ အဲဒီရွာသား တွေကြားမှာ ပတ်သက်မှု တစ်ခုခုရှိနေ တာတော့ သေချာတယ်´´ ဟု ပြောကြားသွားခဲ့ပါသည်။

Credit To >> အယ်လ်နော်ဆိုင်း

ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများအားအကြမ်းဖက် မှုနှင့်သတ်ဖြတ်ခဲ့မှုစာရင်းကောက်ယူမည်

Posted by drmyochit Monday, February 10, 2014, under | No comments




Monday, February 10, 2014

ရခိုင်ပြည်နယ်အတွင်း အမျိုး သမီးများအား အကြမ်းဖက်မှုနှင့် သတ်ဖြတ်ခဲ့မှုများကို လာမည့် မတ်လတွင် စတင်စာရင်းကောက် ယူသွားမည်ဖြစ်ကြောင်း ရခိုင် အမျိုးသမီးများအစည်းအရုံးဥက္ကဋ္ဌ
ဒေါ်စောမရလင်းက ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။

လူမှုရေးအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများဖြင့် ပူး ပေါင်း၍ စစ်တမ်းကောက်ယူသွား မည်ဖြစ်ကာ ပြစ်မှုကျူးလွန်သည့် ပုဂ္ဂိုလ်များကို အရေးယူထားမှုနှင့် စစ်ဆေးပြီးစီးမှုတို့အပြင် အမှုမှန် များပေါ်ပေါက်ရေးအတွက် မည်မျှ အကျိုးသက်ရောက်သည့်ဆောင် ရွက်နေမှုနောက်ဆက်တွဲကို မည်သို့ ကာကွယ်ရန်ကိစ္စများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

''ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အကုန်လုံးကိုစာရင်းကောက် ယူသွားမှာပါ။ အမျိုးသမီးတွေရှက် ကြောက်တဲ့စိတ်တွေကြောင့် မပြော ရဲ မဆိုရဲတာတွေရှိတယ်။ အဲဒါ တွေကို ပြောရဲလာအောင်လုပ်ပေးရ မှာပါ''ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမရ လင်းကပြောသည်။
မတ်လတွင် စနစ်တကျလုပ် ဆောင်ကောက်ယူသွားမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ကြောင့်နိုင်ငံတော် အတွက် အကျိုးပြုနိုင်ရန်နှင့်ငြိမ်း ချမ်းရေးဖြစ်စဉ်များကိုဝိုင်းဝန်းပံ့ပိုးမှု ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

''တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးတွေလိုလားမယ်ဆိုရင် အမျိုး သမီးတွေ အကြမ်းဖက်ခံရမှုက ပပျောက်ဖို့ အရေးကြီးတယ်လို့ ကျွန်မတို့သုံးသပ်ထားတာရှိပါ တယ်။ ရခိုင်အမျိုးသမီးတွေက မင်းပြားမြို့နယ်မှာအသတ်ခံရတာလဲ ရှိတယ်။ ပေါက်တောမြို့နယ်မှာလဲ အသတ်ခံရတာရှိတယ်။ ကျောက် တော်ကလေးငယ်လေးတွေအသတ် ခံရတာရှိတယ်။ဒါမျိုးတွေကိုစနစ် တကျ စစ်တမ်းကောက်ယူပြီးတော့ မှ လက်စားပြန်ချေမယ့်နည်းလမ်း မျိုးမဟုက်ဘူး။ အဖြစ်မှန်တွေကို ဖော်ထုတ်ပြီးတော့မှ အဲဒီ့ဟာတွေ ကို ဘယ်လိုကာကွယ်မလဲ။ ရှေ့ ဆက်ပြီး ဘယ်လိုလုပ်သွားရမလဲ။ တည်ငြိမ်အေးချမ်းရေးကို အမျိုး သမီးတွေလက်နဲ့ဘယ်လိုကာကွယ် မလဲ။ ဘယ်လိုပူးပေါင်ဆောင်ရွက် ရမလဲဆိုတာတွေဖြစ်လာနိုင်အောင် ကျွန်မတို့ကစစ်တမ်းကောက်ယူသွား မှာပါ''ဟု၎င်းကဆက်ပြောသည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးသည် ပြည်တွင်းသို့ဝင်ပြီး စတင်ကြိုးစားဆဲကာလပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စစ်တမ်းများကောက်ကာ ပြစ်မှု ကျူးလွန်သော ပုဂ္ဂိုလ်များကို အရေးယူထားမှုအနေအထား မည်မျှ ရှိပြီးနှင့် မည်မျှအထိ စစ်ဆေးထားပြီးကြောင်း စသည်ဖြင့် အမှုမှန် များပေါ်ပေါက်ရေးကို မည်မျှအထိ အကျိုးသက်ရောက်စေရန်ဆောင်ရွက်နေသည်၊ နောက်ဆက်တွဲ မည်သို့ကာကွယ်နိုင်မည် ဆိုသောကိစ္စများကို ဒေသရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူသိရှင်ကြားဖြစ်ခဲ့သောအမှု များရှိသကဲ့သို့ လူမသိဘဲဖြစ်ခဲ့သည်များလည်းရှိကြောင်း ဆက် ပြောကြားသည်။

The Union Daily

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း

Posted by drmyochit Monday, February 10, 2014, under | No comments



လာဂို့၊ ဖေဖော်ဝါရီ ၈

နိုင်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ်ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်းလိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။

လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေသည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။

သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။

“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော် တွေ့ တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။

လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။

“ဒီနှစ်အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသားတစ်တုံးကို ၂ ပေါင်ခွဲ ကျတယ်ဆိုတော့ ကျွန်တော် တော်တော် အံ့သြသွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစားအသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။

လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

The Voice Weekly

ချွေးပေါက်ကျယ်ခြင်း

Posted by drmyochit Monday, February 10, 2014, under | No comments

ချွေးပေါက်ကျယ်တာကလည်း မိန်းကလေးတွေ အတွက် ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား? မှန်ထဲကြည့်လိုက်ရင် သူများတွေလို ညက်ညက်လေး ဖြစ်ချင်ရတာ။ မြတ်ကြည်လည်း အပါအဝင်ပေါ့။


ချွေးပေါက်လေးတွေက ခန္ဒာကိုယ်က မလိုအပ်တဲ့ အညစ်အကြေး၊ ချွေးတို့ကို စွန့်ထုတ်ပေးသလို အသားအရေ စိုပြေလန်းဆန်းဖို့အတွက် အဆီကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် အသားအရေ ခြောက်တဲ့သူတွေဟာ စိုပြေတဲ့သူတွေ ထက် ပိုပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်။ အဲဒီလိုကျတော့လည်း ကောင်းသား။

ချွေးပေါက်ကျယ်တာက မျိုးရိုးလိုက်တတ်သလို အရေပြားထဲမှာ အဆီ၊ ချေး၊ ဖုန် လေးတွေ ပိတ်မိနေတာက ချွေးပေါက်ကို ပိုပြီးကျယ်စေပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေဟာ သာမန်ထက်ပိုပြီး အဆီပြန်နိုင်၊ ဝက်ခြံပိုထွက် နိုင်ချေရှိပါတယ်။

ဘယ်လိုလုပ်မလဲ?


1) မျက်နှာကို ညစဉ် မိမိအသားအရေနဲ့ ကိုက်မယ့် facial foam နဲ့ မျက်နှာသစ်ပါ။ အရင်ဆုံးကို ရေကြက်သီးနွေးလေးနဲ့သစ်ပေးပါ။ အဲဒါက ချွေးပေါက်ကို ခနကျယ်စေပြီး အဲဒီ ချွေးပေါက်ထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးမှ ရေအေးနဲ့ပြန်သစ်ပေးရင် သန့်စင်ပြီးသားချွေးပေါက်လေးတွေ ပြန်ပြီးကျဉ်းစေပါတယ်။

2) Toner သုံးပါ။ Toner သုံးတာက ချွေးပေါက်ဘေးက ကြွက်သားလေးတွေကို တင်းပေးတာကြောင့် ချွေးပေါက်ကို မသိသာစေတော့ပါဘူး။ ဒါ့အပြင် အထဲမှာ ကပ်ငြိနေတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်လိမ်းမယ့် skincare ကို မျက်နှာမှ စုပ်ယူမှုပို အားကောင်းစေပါတယ်။

3) Oil free products များကို မှီဝဲပါ။ အဆီပါတဲ့ အလှကုန် ပစ္စည်းတွေဟာ ချွေးပေါက်ကို ပိုပြီး ထင်ရှားစေပါတယ်။

4) ဗိုက်တာမင် စီ နဲ့ ဗိုက်တာမင် အေ ပါတဲ့ အစားအသောက်ကို စားပေးပါ။ Retin A လို့ ခေါ်တဲ့ Vitamin A လိမ်းဆေးက အဆီပြန်တာ လျှော့ချပေးသလို ဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဗိုက်တာမင် စီ ကတော့ ချွေးပေါက် အရွယ် အစားကို ကျဉ်းပေးပါတယ်။ မကောင်းတဲ့ အချက်က မျက်နှာ နီပြီး အသားအရေ ခြောက်သွေ့စေပါတယ်။


5) နေရောင်ဒဏ်မှ ကာကွယ်ပါ။ နေရောင်ကြောင့် အသားအရေပျက်စီးပြီး ချွေးပေါက်ကို ပိုကြီးစေနိုင်ပါတယ်။

6) Perricone MD Intensive Pore Minimizer  L’Oreal Skin Genesis Pore Minimizing Skin အစရှိတဲ့ Pore minimizing product တွေကို လည်း အသုံးပြုနိုင်ပါတယ်။


ဒီလောက်ဆို ချွေးပေါက်ကျယ်တာနဲ့ ပတ်သက်လို့ ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။ :)
Facebook မှ မေးခွန်းမေးထားတဲ့ အစ်မ နဲ့ ညီမလေး လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။
အလှတွေ ပိုနိုင်ကြပါစေ။

Credit: Myat Kyi

မိန်းခလေးတိုင်း အဓိကသတိထားစရာ ချိုင်းနဲ့ ခံတွင်း ပြဿနာ

Posted by drmyochit Monday, February 10, 2014, under | No comments

မင်္ဂလာပါရှင့်။ ဒီနေ့ ဧကရီ အတွေ့ အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ဧကရီတို့ လို မိန်းခလေးတွေ ကိုယ့်ကိုကိုယ် သတိမထားမိပဲ အရှက်ရ စရာလေး တစ်ခုပေါ့ ။အဲဒါ ကတော့ချိုင်းမည်းမည်းတွေ၊ အာပုပ်နံ့ တွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့ အလှအ ပတရား ကိုပျက်စီးစေ ပါတယ်။
ဒီ ပြဿနာ တွေအတွက် ဘယ်လိုလုပ်မယ်ဆိုတဲ့ အဖြေ ကရှိပါတယ်။မိန်းခလေးအတော်များများ ပုံမှန် ချိုင်းမွေး ရိတ်နေတာတောင် ဂျိုင်းမည်းနေတဲ့မိန်းခလေးတစ်ချို့ ရဲ့ ချိုင်းက မည်းနေတတ်ပါတယ်ရှင့်။
ဘာကြောင့်လဲ ဆိုတော့ အရေပြား ရောင်ခြယ်ဓာတ် များနေခြင်း ဒါမှမဟုတ် အရေပြား မည်းနေခြင်းကြောင့်ပါဖြစ်ပါတယ်တဲ့။

ချိုင်းရှိ အရေပြား ရောင်ရမ်းခြင်းကြောင့်ဖြစ်သလို ဆက်တိုက် ချိုင်းမွေးရိတ်ခြင်း ၊ နုတ်ခြင်းတို့ကြောင့် ဖြစ်လာတတ်တဲ့
ချိုင်းမွေး အရေပြားအောက်ကနေ မထွက်နိုင်ခြင်း၊ ချိုင်းလိမ်းတောင့်နဲ့ မတည့်ခြင်း၊ ပွတ်တိုက်မိခြင်း တို့ကလည်း အရေပြားကို ရောင်ရမ်းကာ ချိုင်းမည်းသွားစေနိုင်ပါတယ်။

ချိုင်းမွေးရိတ်ခြင်း၊ နုတ်ခြင်းကြောင့် ချိုင်းမည်းနေပါက နုတ်ခြင်း၊ ရိတ်ခြင်းတို့ကိုရှောင်တာ အကောင်းဆုံးပါ။
မရိတ်ဘဲ ဒီအတိုင်းထားလို့ မနေတတ်ပါက ဆရာဝန်ညွှန်ကြားတဲ့ ချိုင်းမွေးအရောင်ဖျော့ဆေးကို လိမ်းပေးနိုင်ပါတယ်။
ဒါမှမဟုတ် မြန်မာရိုးရာ ငွေကုန်သက်သာစေသောနည်းလေးပေါ့ ဧကရီပြောပြပါ့မယ်။
ပရဆေးဆိုင်တွေမှာ ရောင်းတဲ့ ကျောက်ချဉ် ကို သနပ်ခါးကျောက်ပြင်မှာ
သွေးပြီး မိမိချိုင်းကို ပုံမှန်လိမ်းပေးရင်လည်း အနံကင်းစေတဲ့ အပြင် ချိုင်းအရောင်မည်းတာကိုလည်း ပျောက်ကင်းသက်သာစေပါတယ်ရှင့်။
နောက်တစ်ခုက ထုံးရည်ကြည် လေးကိုပုံမှန်သုတ်လိမ်းပေးရင်လည်းသက်သာစေပါတယ်လို့ ပြောပြပါရစေ။
အလွယ်တကူနည်းလေးကတော့ စတိုးဆိုင်မှာရောင်းတဲ့ ကာနေးရှင်းလေးအမြဲဆောင်ထားရင်တော့ အနံလေးသင်းပျံ့ လို့ ကိုကိုယ်ကို ယုံကြည်
မူ့ ကိုရရှိစေမှာဖြစ်ပါတယ်ရှင့်။

နောက်တစ်ခုက ကိုယ့်ကိုကိုယ် သတိမထားမိတဲ့ ခံတွင်းနံ့ ဆိုးခြင်းပါပဲ။
တကယ်ဆိုရင် ခံတွင်းနံ့ဆိုးစေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်းနဲ့ ရောဂါတချို့ဖြစ်တဲ့ နာတာရှည် အဆုတ်ပိုးဝင်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း တို့ပဲဖြစ်ပါတယ်တဲ့ ။
ဆီးချိုမထိန်းနိုင်တဲ့ ဝေဒနာရှင်တွေမှာ သစ်သီးနံ့လို ခပ်ချိုချိုရနံ့ ရနေတတ်ပါတယ်တဲ့။

ခံတွင်းနံ့ဆိုးတာကို ဘယ်လိုကာကွယ်မလဲ။
သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သင့်သလို တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးနဲ့ သန့်ရှင်းခြင်း လုပ်ပေးပါ။ တစ်နှစ်ကို နှစ်ကြိမ်လောက် သွားဆရာဝန်ထံပြကာ ကျောက်ခြစ်ခြင်း၊ သွားသန့်ရှင်းရေး လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ဒါတောင်မှ အနံ့မပျောက်သေးဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါတို့ ဖြစ်နေပြီလားဆိုတာ သိရအောင် သွားဆရာဝန်ထံ ပြသစစ်ဆေး ကုသခံသင့်ပါတယ်။ ပျိုပျို အိုအို မိန်းခလေးတိုင်း လူရှေ့ သူရှေ့  အရှက်မရစေအောင် အဓိက သတိပြုမိစေဖို့ ဧကရီ ဒီပို့စ်လေးကို စုဆောင်းရှာဖွေ ဖတ်ထားမိတာလေးနဲ့
မှတ်မိသမျှ ရေးတင်ပေးလိုက်ပါတယ်ရှင့်။

(စာဖတ်သူရဲ့ အားပေးစကားလေးတစ်ခွန်းဟာ စာရေးသူတွေအတွက် ပို့စ်အသစ်လေးဖြစ်စေမဲ့ အားဆေးတစ်ခွက်ပါပဲရှင့်)

ခင်မင်လေးစားစွာဖြင့် ***ဧကရီ****

Firefox ရဲ့နောက်ဆုံး ဗားရှင်း ဖြန့်ချိ

Posted by drmyochit Monday, February 10, 2014, under | No comments



Aurora လို့အမည်ပေးထားပြီး Firefox ရဲ့နောက်ဆုံး ဗားရှင်းကို တရားဝင် ကြေငြာခဲ့ပါပြီ။ အရင်ထက် ပိုမိုလွယ်ကူတဲ့ အစိတ်အပိုင်းတွေပါဝင်လာခဲ့ပြီး Chrome browser နဲ့ဆင်ကာ အနည်းငယ်လုံးဝန်းလာတဲ့ သဏ္ဍာန်ရှိလာခဲ့ပါတယ်။ သူအတွက် http://www.mozilla.org/en-US/firefox/aurora/ တွင် အခမဲ့ဒေါင်းလုပ်ခ်လုပ်နိင်ပါတယ်။

နောက်ထပ် သဏ္ဍာန်ကွဲ အာကာသပုံစံ ဖြစ်တဲ့ Firefox Nightly ကိုလည်းတွေ့နိင်ပါသေးတယ်။ သူအတွက်ကတော့ http://nightly.mozilla.org/ တွင် ဒေါင်းနိင်ပြီး OS အမျိုးအစားကွဲတွေအတွက်ပါ အဆင်ပြေအောင် ရွေးချယ်ခွင့်ပေးထားတာာကို တွေ့မြင်နိင် ပါတယ်။

Aung Heine ( Smart Pro Journal)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်