Thursday, February 27, 2014

ဒဏ်ရာရနေတဲ့ကြောင်ကို သေတဲ့အထိကန်ပစ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ ပတ်ကျခံခဲ့ရတဲ့ စစ်သားဟောင်း

Posted by drmyochit Thursday, February 27, 2014, under | No comments


Thursday, February 27, 2014

အသက် ၃၀ အရွယ် Anthony Delaney ဆိုသူဟာ အင်္ဂလန်နိုင်ငံ၊ ဂရိတ်မန်ချက်စတာကောင်တီ၊ Ashton-under-Lyne မြို့ လမ်းပေါ်မှာ ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့ ကြောင်တစ်ကောင်ကို သေတဲ့အထိ ကန်ပစ်ခဲ့လို့  ထောင်ဒဏ် ၁၈ ပတ် ကျခံခဲ့ရပါတယ်။ အနက်နဲ့ အဖြူကြား ကြောင်ထီးတစ်ကောင်ဟာ ကားတစ်စင်နဲ့  တိုက်မိပြီး ဒဏ်ရာရကာ လမ်းမပေါ်မှာ လဲလျောင်းနေတာကို စစ် သားဟောင်းတစ်ယောက်ဖြစ်တဲ့ အန်တိုနီက လေထဲလွင့်သွားအောင် အားနဲ့ ကန်ပစ်ခဲ့တာပါ။

ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ အန်တိုနီနဲ့ သူငယ်ချင်းတစ်စုဟာ အရက်သေစာသောက်စားမူးယစ်နေကြတယ်လို့  စစ်ဆေးသိရှိရပြီး အန်တိုနီကန်လိုက်ပြီး မကြာမီမှာပဲ ကြောင်ဟာ သေဆုံးသွားခဲ့တယ်လို့  ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

CCTV မှတ်တမ်းတွေအရ အန်တိုနီဟာ ကြောင်ကို ပထမတစ်ခါ လေထဲ
လွင့်အောင် ကန်ခဲ့ရုံမက ဒုတိယအကြိမ်ပါ နံရံဘက်ဆီလွင့်သွားအောင် ကန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ပိုင်ရှင်မသိရတဲ့ ကြောင်ထီးလေးဟာ ကားနဲ့ တိုက်မိလို့ ရတဲ့ ဒဏ်ရာတွေ
အပြင် အန်တိုနီကန်လိုက် တဲ့ ဒဏ်ချက်တွေကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို အကြောင်းကြားသူကတော့ မိန်းကလေးအုပ်စုတစ်စု ဖြစ်ပြီး အန်တိုနီတို့ သူငယ်ချင်းအုပ်စုကို မကန်ဖို့  တားမြစ်နေတဲ့ကြားထဲက သူတို့ ကိုအော်ငေါက်မောင်းထုတ်ပြီး ကြောင်ကို ကန်ထုတ်ပစ်ခဲ့တယ်လို့  ပြောကြားထားပါတယ်။

ကလေးနှစ်ယောက်ဖခင် အန်တိုနီကို တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပထမတော့ အန်တိုနီဟာ ကြောင်ကို ခံစားနေရတဲ့ ဝေဒနာက လွတ်အောင် အဆုံးသတ်ပေးခဲ့တာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမယ့် တရားရုံးမှာ ကြားနာတဲ့အချိန်မှာ သူ့ ရဲ့ အပြစ်ကို ၀န်ခံခဲ့ပါတယ်။

Ref: metro
Trend Myanmar

Gout (2) ဂေါက်-ရောဂါ (၂)

Posted by drmyochit Thursday, February 27, 2014, under | No comments



ကျွန်တော့်ရဲ့  အဆစ်များသည် အစားမှားတဲ့အခါ ယောင်ရမ်းပြီးမခံနိုင်အောင် နာပါသည်။ ခရမ်းချဉ်သီး၊ ပဲပင်ပေါက် နဲနဲစားမိရင် ဖြစ်ပါသည်။ အစားမှားတဲ့အခါ အထူးသဖြင့် ခြေဖမိုးကအရိုး၊ ခြေမျက်စိ၊ ခြေဖနောင့် ယောင်လာပြီး အခံနိုင်အောင် နာပါသည်။ တခါတလေတတောင်ဆစ်အရိုး၊ လက်ကောက်ဝတ်အရိုးနဲ့ ဒူးခေါင်းအရိုးတို့ နာပါသည်။ အခုလိုဆိုးဆိုးဝါးဝါး ဖြစ်လာတာ ၆ နှစ်ခန့် ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဆရာဝန် ညွန်ကြားချက်ဖြင့် Allouprinol 100 mg ကိုတနေ့တလုံးနေ့စဉ် သောက်ပါသည်။ သို့ပါသော်လဲအစားရှောင်သည့် ကြားမှာတခါတရံယောင်ရမ်းနာလာပါသည်။ ထိုအခါ Colchicine 0.6mg ကို ၆ လုံးခန့် သောက်ပြီးရင် လုံးဝကောင်းသွားတတ်ပါသည်။ ပုံမှန် ဆေးသောက်နေပါလျက်နဲ့ ဘာကြောင့် ခဏခဏဖြစ်ရပါသလဲ။ ဒီလိုဖြစ်တာဟာသေသည်အထိ ဖြစ်သွားမှာလား။ လုံးဝပျောက်ကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါသလား။

အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။

လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလို့ ခေါ်တယ်။ တခြားအဆစ်တွေကခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။

နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုးဆိုးဆိုးလာတတ်တယ်။ အဆစ်ကအရင်လိုအလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲအလုပ် နည်းလာနိုင်တယ်။ ကျောက်လဲတည်လာနိုင်သေးတယ်။

ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာကအတော်ကိုနာမယ်။ အပေါ်ယံအရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကိုTophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာသာမကတချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲကအရည်ကိုစုပ်ထုတ်ပြီးစစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါ သေခြာတယ်။

ဆေးကုတဲ့အခါ အရေးအကြီဒဆုံးအချက် ၂ ချက်ကိုဦးတည်ရမယ်။
၁။ ရောင်-နာနေတဲ့ အဆစ်ကိုရပ်တန်းးကရပ်စေရမယ်။
၂။ ရေရှည်အတွက် ကုသရမယ်။
၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာမနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။

• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာများတယ်။
• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲသုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကိုချပေးမဲ့ဆေးလိုနိုင်တယ်။
• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာမသတိထားဘို့ကအစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။
• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေကHyperuricemiaကို ပြင်ပေးမယ်။ တကယ်တန်းနာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။
• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာသုံးရမယ်။ စားဆေး၊ ထိုးဆေးသုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။
• နာတာသက်သာဆေးမျိုးကိုရက်တိုတိုသာသောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာဆက်သောက်ရတယ်။
• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေကအများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများစွန့်ထုတ်ပေးပြီးသွေးထဲမှာနည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။
• Allopurinol ဆေးဆိုတာကလူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကိုနည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။
• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာစစ်သင့်တယ်။
• သတိထားဘို့ကရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostatဆေးမပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေးသောက်လက်စသမားတွေကတော့ ဆေးနည်းနည်းကိုအဲလိုယုတ်တရက် ဖြစ်နေချိန်မှာဆက်သောက်လို့ ရပါတယ်။
• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylateduricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။

အလားအလာ
ဆေးမကုဘဲနေရင်လဲ ၅-၇ ရက်မှာသက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာနောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီးနာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလိုယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲသေးသေးလေးတွေ ဖြစ်လာမယ်။

နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာနားပါ။ ရေခဲတင်တာမကောင်းလှပါ။ Aspirin ပါတဲ့ဆေးရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ့ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာသက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်း-သကြား) တွေပါတာနဲ့ မတည့်ပါ။

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁၁

Wednesday, February 26, 2014

တူရကီတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Wednesday, February 26, 2014, under | No comments


တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် တာရစ် အာဒိုဂန်က သူသားကို ရဲတွေ စစ်ဆေးရေးမ၀င်ခင် ငွေတွေကို သိုဝှက်ထားဖို့ သတိပေးနေတယ်ဆိုတဲ့ အသံဖိုင် ထွက်လာတဲ့နောက်မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ ဒီအသံဖိုင်တွေဟာ လုံးဝ မစစ်မှန်ဘဲ အတုတွေ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

မတ်လကုန်မှာ ကျင်းပမယ့် ဒေသတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ၀န်ကြီးချုပ်ရဲ့ ပါတီက တရားဝင် စတင်ခဲ့ပြီးတဲ့နောက် ခုလို အသံဖိုင်တွေ ထွက်ပေါ်လာတာပါ။

အဂတိလိုက်စားမှုဆိုင်ရာ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေဟာ ၀န်ကြီးချုပ် အာဒိုဂန်နဲ့ ပတ်သက်တဲ့ နောက်ဆုံးထုတ်ဖော်မှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ၀န်ကြီး ၃ ဦးတို့ရဲ့ သားတွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ ဖမ်းဆီးခံရမှုနဲ့ အတူ ဒီ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်ရဲ့ ၁၁နှစ်ကြာ အုပ်ချုပ်မှုအတွင်း အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

From: DVB

ရွှေမဟုတ်တဲ့ အမိုက်စား ရွှေရောင်ဆွဲကြိုးဒီဇိုင်းသစ်များ

Posted by drmyochit Wednesday, February 26, 2014, under | No comments

အရင်တုန်းက ရွှေဆိုရင် ရွာကသူတွေ၊ တောကသူတွေသာ အမြတ်တနိုး ၀တ်ဆင်ကြတယ်လို့ ထင်မိခဲ့ကြ တယ်ဟုတ်။ ခုတော့ အဲ့ဒီအထင်၊ အမြင်တွေကို ထားခဲ့ပြီး ရွှေအစစ်မဟုတ်ရင်တောင် ရွှေရောင်အ ဆင်တန်ဆာ အမိုက်စားတွေ တွေ့ရင်ဝယ်သာဝယ်ထားလိုက်ပါလို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဇိုင်းအမိုက်စား ရွှေရောင်ဆွဲကြိုးတွေဟာ ခုချိန်မှာ ခေတ်အစားဆုံးဖြစ်နေလို့ပါပဲ။ ဘယ်လို ဒီဇိုင်းမျိုးလေးတွေ တွေ့ရင်ဝယ်စုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။လက်ရှိခေတ်အစားဆုံး ဆွဲကြိုးဒီဇိုင်းပါ။ လော့ကတ်ဒီဇိုင်း အပြောင်းအလဲရှိနိုင်ပေမယ့် အနုပညာရှင်တွေ တော်တော်များများ ဆွဲလေ့ရှိတာမို့ နံပါတ် (၁) နေရာမှာ ရှိနေတဲ့ ဆွဲကြိုးပါ။

၂။ဟိုးအရင်ကတည်း ခေတ်စားခဲ့တဲ့ ဆွဲကြိုးဒီဇိုင်းကို နည်းနည်းပြန်ဆန်းသစ်ထားတာလောက်ပါပဲ။ ဒါပေမယ့် ပွဲတက်အတွက် သိပ်ကိုမိုက်တဲ့ ဆွဲကြိုးပါ။

၃။ဒီဆွဲကြိုးဒီဇိုင်းကတော့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး အပေါ်က ထပ်ဆွဲလို့ သိပ်ကောင်းတဲ့ ဒီဇိုင်းမျိုးပါပဲ။

၎။လည်ပင်းအတိ၊ အကျပ်ပတ်ရတဲ့ ဆွဲကြိုးဒီဇိုင်းပါ။ သူ့ကတော့ လည်ပင်းအ၀ိုက် ၊ အဟိုက်အင်္ကျံတွေနဲ့ ၀တ်လို့လှပါတယ်။ မော်ဒယ်တော်တော်များများရဲ့ vote ပေးခံရတဲ့ ဆွဲကြိုးဒီဇိုင်းပေါ့။


၅။ပေါ့ပေါ့ပါးပါး ထသွားထလာအတွက် သင့်တော်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။ တွေ့တာနဲ့ လက်လွတ်မခံဘဲ ၀ယ်သာဝယ်ထားလိုက်နော်။



Ref:luckymag.com

ကွန်ဒုံး သုံးရင် လည်း သိပ်စိတ်မ ချရ ဘူး

Posted by drmyochit Wednesday, February 26, 2014, under | No comments



ရောဂါရှိ သူအမျိုး သားအိပ်ဖော်နဲ့ အတူ နေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း စိတ်မချ ရဘူး၊ ရောဂါကူး နိုင်ခြေ ရှိတယ် လို့ ရန်ကုန်အ ခြေစိုက် NOW အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါး တပုဒ်မှာ ဒီတပတ် သတိပေး ရေးသား ထားပါ တယ်။

"ကွန်ဒုံးသုံး ပေမယ့် သင့်ရဲ့ အမျိုးသမီး အင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အ ရေပြားနဲ့ ပွတ်တိုက်ထိ တွေ့ဖန် များတဲ့အခါ ကွန်ဒုံး သုံးလည်း ရောဂါကူး နိုင်တာကို သတိမူ သင့်ပါတယ်" လို့ ရေးထားပါတယ်။

အမျိုးသမီး တွေနဲ့ လိင်မှုရေးရာ ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးမှာ အဲဒီလို သတိပေး ထားတာပါ။ ကွန်ဒုံး အသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြု သင့်သူတချို့က သုံးရမှာ ဝန်လေး နေကြပါ သေးတယ်။

ကွန်ဒုံး ကုမ္ပဏီတွေ ကလည်း အသုံးပြုသူ များကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန် တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန် ချက်အရ တရုတ် ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒွန် ထုတ်လုပ်ထား တယ်လို့ ဆိုပါတယ်။

သူ့မတိုင်ခင် စံချိန်တင်ခဲ့ တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား ဆိုပြီး မနှစ်က http://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေ ထုတ်လိုက်ခါ မှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယို ကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါ တယ် လို့ အမေရိကန် အွန်လိုင်း စာမျက်နှာ ဆောင်းပါး တပုဒ်မှာ ရေးထား ပါတယ်။


ဧရာဝတီ

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

Posted by drmyochit Wednesday, February 26, 2014, under | No comments

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်
အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့် ထား သည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။

"အိန္ဒိယကနေ မွေးမြူရေးအစာ တင်သွင်းလာတဲ့ ကုမ္ပဏီဆီကနေ မုန်ညင်းဖတ်ဝယ်တယ်။ ကျွန်တော်တို့က အစာသန့်စက်ရုံဖြစ်တော့ မုန်ညင်းဖတ်တွေကို အလေးချိန်နဲ့ရေကို အဆင့်ဆင့်စစ်တဲ့အခါမှာ အလေးချိန် စီးအောင်လုပ်ထားတဲ့ ဘိလပ်မြေလို သဲတွေပါလာတာကို တွေ့ရတယ်။ ပြည်တွင်းအစာနဲ့ယှဉ်ရင် ဈေးနှုန်းနဲ့ အရည်အသွေးပိုင်း ပရိုတင်းရာခိုင်နှုန်းကလည်း ယှဉ်လို့ရလို့ ၀င်လာတာကိုတော့ တားလို့မရဘူး" ဟု ဒေါက်တာသက်မှူးက ပြောကြားသည်။

လက်ရှိ၌ မွေးမြူရေးအစာအဖြစ် အများဆုံးအသုံးပြုသည့် ဖွဲနု၊ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်များမှာ တရုတ်ပြည်သို့ ဈေးကောင်းရ၍ အ၀င်များသဖြင့် ကုန်ကြမ်းရှားပါး၍ ဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးနှုန်းသက်သာသည့် အစာကုန်ကြမ်းများကို ယခုကဲ့သို့ ပြည်ပမှ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

"ပဲနှမ်းဖတ်၊ နေကြာ၊ ပဲပုပ်ဖတ်က အိန္ဒိယကနေ၀င်ပါတယ်။ ဒီလိုအလေးချိန်စီးအောင်လုပ်ထားတာက အိန္ဒိယမှာကတည်းက ပွဲစားတွေက လုပ်လာဖို့များတယ်။ တင်သွင်းတဲ့ အစာကုန်ကြမ်းကို သေချာစစ်ဆေးဖို့လိုပါတယ်။ ရန်ကုန်ထဲကို ဒီလိုမျိုးတွေက ကွန်တိန်နာအလုံးပေါင်းများစွာနဲ့ ၀င်ပါတယ်။ ရောင်းချမယ့်သူတွေနဲ့ မွေးမြူရေးသမားတွေကိုလည်း သုံးလို့ရောင်းလို့ရတဲ့အထိ သန့်စင်ပြီးမှ သုံးပါလို့ ပြောချင်ပါတယ်"ဟု ဒေါက်တာသက်မှူးက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ မွေးမြူရေးအစာများအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများတွေ့ရှိခြင်းမှာ ဒုတိယအကြိမ်ဖြစ်၍ ပြီးခဲ့သည့်အကြိမ်များ၌ တရုတ်မှဝင်လာသည့် ပဲပုပ်ဖတ်များအတွင်း တိရစ္ဆာန်များစားသုံးပါက အန္တရာယ်ဖြစ်စေသည့် မယ်လမင်များတွေ့ရှိရပြီး သေချာစစ်ဆေးသည့်အခါ၌ Protein တက်အောင်လုပ်သည့် Calcium Carbonate နှင့် Non-Nitrogen ဓာတ်များပါတွေ့ရှိကြောင်း ဒေါက်တာသက်မှူးက ဆိုသည်။

အဆိုပါ သဲနှင့်ဓာတုဗေဒပစ္စည်းများပါဝင် မွေးမြူရေးအစာများကို စားသုံးမိသော တိရစ္ဆာန်များအနေဖြင့် အစာစားသုံးမှု လျော့နည်း၍ ကြီးထွားမှုနှုန်းလျော့နည်းကာ ထုတ်လုပ်မှုကျဆင်းခြင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကွန်တိန်နာလိုက်ကို သွင်းလာကြလို့ စစ်ဆေးမှုအပိုင်းကလည်း တစ်စိတ်တစ်ပိုင်းပဲ လုပ်နိုင်မှာပါ။ ထွက်ကုန်နိုင်ငံတွေဆီကတောင် ထိန်းချုပ်မှုမရှိဘဲ ၀င်လာတဲ့အစာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဗိုက်ထဲကို မ၀င်ပေမယ့် မွေးမြူရေးငါး စသဖြင့် သူတို့တွေရဲ့ဝမ်းထဲကိုရောက်တာဆိုတော့ ဒါကျွန်တော်တို့အတွက်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ အန္တရာယ်အများကြီးရှိတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးဝင်းစိန်က ပြောကြားသည်။

စကားလုံးမဲ့ နားလည်ကြစေဖို့ရာ

Posted by drmyochit Wednesday, February 26, 2014, under | No comments


သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။

(၁) ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့်စာလောက်ပြန်စိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင်စားနေကြောင်း သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့ အကြည့်လွှဲပြီးပြီးချင်း နောက်ထပ် (၁)စက္ကန့်စာလောက်ဖြစ်ဖြစ်ပြန်စိုက်ကြည့်လိုက်ပေါ့။
(၂) နောက်တစ်နည်းကတော့ ဆံပင်ကိုလက်နဲ့ ဆတ်ကနဲပင့်သပ်ရင်း ကြည့်လိုက်တာပါပဲ။ ပုခုံးအနောက်ရောက်သွားတဲ့ ဆံနွယ်တွေက လည်တိုင်အလှကို မြင်သာအောင်လှစ်ဟပြလိုက်သလိုပါပဲ။ ဆံပင်နည်းနည်းလေးရှည်ဖို့တော့ လိုတာ ပေါ့နော်။ ဒါဟာ သူ့စိတ်ထဲမှာသင့်ရဲ့ပုံရိပ်ကို မှတ်မှတ်ထင်ထင် စွဲမြဲသွား စေမှာဖြစ်ပါတယ်။

(၃) မိတ်ဆွေတွေဖြစ်နေပြီလား ။ ဒါဆိုရင်တော့ စကားစမြည်ပြောဆိုရာမှာဖြစ်စေ၊ သူ့ခံစားချက်တချို့ကို ရင်ဖွင့်ရာမှာဖြစ်စေ စိတ်ဝင်စားတဲ့အမူအရာမျိုးနဲ့ နားထောင်ပေးပါ။ သင်ဟာ သူပြောတဲ့အကြောင်းအရာအပေါ်မှာ စိတ်ဝင်စားမှုအပြည့် ရှိနေတယ်ဆိုတာ သူသိပါစေ။ ကြားဖြတ်ပြောခြင်းမပြုဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့) ၀ါသနာဟာ မိမိယခင်ကတည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ကြောင်းဖော်ပြပါ။ တကယ်လို့ ကြပ်ညပ်နေတဲ့လူစုလူဝေးထဲ နှစ်ဦးသားပိတ်မိနေရင်တော့ သင့်ရဲ့ ဟန်ချက်ကိုမထိန်းနိုင်ပုံမျိုး သူ့အပေါ် အနည်းငယ် ယိုင်လိုက်ပါ။ ပြီးရင်တော့ “ဆောရီး”လို့ တစ်ခွန်းလောက်ပြန်ပြောဖို့ မမေ့ပါနဲ့။

(၄) ပြုံးပါ။ သင့်ရဲ့ဖြူစင်တဲ့ သွားလေးတွေပေါ်အောင်ပြုံးပြပါ။ သာမန်အပြုအမူ ဖြစ်ပေမယ့် ဒါဟာ သူ့အပေါ် သင့်ရဲ့နွေးထွေးတဲ့သဘောထားနဲ့ ချဉ်းကပ်ဖို့ ခွင့်ပြုပေး နိုင်ကြောင်း ဖော်ပြနည်းတစ်မျိုးပါးပဲ ။ သင့်ရဲ့အပြုံးတစ်ချက်နဲ့ သူ့ကို အချိန်အတန် ကြာအောင် ငေးကြည့်စေနိုင်ရင် ဒါဟာသူ့ကို သင်ဖမ်းစားလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ကို စကားစမြည်စပြီးပြောလာပါလိမ့်မယ်။

(၅) ဟာသနှောတဲ့ရယ်စရာ အကြောင်းအရာမျိုးပြောနေတဲ့အခါမျိုးမှာ သဘောကျတဲ့ အမူအရာမျိုးနဲ့ သူ့လက်မောင်းကိုပုတ်လိုက်ပါ။ အနည်းငယ်ထိတွေ့လိုက်ခြင်းအားဖြင့် ယောက်ျားလေးများရဲ့ စိတ်ကိုနှိုးဆွလိုက်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ် စနောက်ခြင်းမျိုး မဟုတ်ဘဲ ညင်ညင်သာသာ ထိတွေ့လိုက်ခြင်းက ရိုးရိုးသူငယ်ချင်း နယ်ပယ်ထဲမှ သွေဖယ်သွားစေနိုင်ပါတယ်။

ဒီအဆင့်လေးတွေကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံမှုကို ဖွင့်ပြောစရာမလိုဘဲ တည်ဆောက်နိုင်မှာပါ။

Ref:Seventeen

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

Posted by drmyochit Wednesday, February 26, 2014, under | No comments


Wedesday, February 26, 2014

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။

“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရား မှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။

Ref:dailymail.co.uk
သီဟနိုင်
Trend Myanmar

သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ

Posted by drmyochit Wednesday, February 26, 2014, under | No comments


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တွေ့ရှိထားတဲ့ တန်ချိန် ၃၇ တန် ရှိတယ်လို့ သတင်းဖြစ်ပေါ်နေတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုးမရှိတဲ့ ကျောက်တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ ကွဲအက်သွားတဲ့ ကျောက်တုံးအပိုင်းအစတွေကို လုံးခင်းမြို့က ကျောက်စိမ်းရုံးမှာ ပြသထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီးကို ဒီလ ၉ ရက်နေ့က မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်မှာ ၁၅ တန်လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး  နယ်မြေခံစစ်တပ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းရုံးနဲ့ ရဲက လုံခြုံရေးတာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

တနင်္လာနေ့က တူးဖော်ချိန်မှာ တန် ၃၇ တန်ရှိပြီး တန်ဖိုးမရှိတဲ့ ကျောက်သာဖြစ်တယ်လို့  တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။

“ကျောက်စိမ်းမဟုတ်တော့ဘူး။ ကျောက်စိမ်းမဟုတ်တော့ဘူး ဒီဟာက။ သွားကြည့်ပြီးပြီ။ အဲ့ဒါကို မ တင်ဖို့ လုပ်လိုက်တဲ့အခါကျတော့ ထက်ခြမ်း ၇ ခြမ်း ကွဲသွားတယ်။ နောက်ပိုင်းမှာ ပြန် ပြန် မ တင်တော့ ထက်ခြမ်း အများကြီး ကွဲသွားတာ။ ကျောက်အမျိုးကိုက မဟုတ်တာ။ ကျောက် အဲ့ဒီမှာ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးမှာ ထည့်ထားတယ်လေ အဲ့ဒါကြောင့်။ ဆရာကိုယ်တိုင်ပါတယ်။”

အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတဲ့ ကျောက်တုံးကြီးကိုတော့ လုံးခင်းကျောက်စိမ်းရုံးကို သယ်ယူသွားတယ်လို့ ပြောပါတယ်။

“သယ်သွားတယ်ဆိုတဲ့ဟာက ဟိုဟာပေါ့ အရမ်း နာမည်ကြီးသွားပြီပေါ့။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အရေကျောက် ဆိုတာတွေပေါ့ အဲ့ဒါတွေ ဘာမှမဟုတ်ဘူး။ အဲ့ဒါကြောင့် အခု ကျောက်စိမ်းရုံးမှာ တည် ထားတယ်ပေါ့။ ဘယ်သူကြည့်ချင်လည်း သိရအောင်ပေါ့။ လုံးခင်းကျောက်စိမ်းရုံးမှာ တည်ထားတယ်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့ရုံးက သူတို့ မသိရှိကြောင်း ပြောဆိုခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတော့ တာဝန်ရှိသူတွေ ခရီးလွန်နေကြောင်းသာ ဖြေကြားခဲ့ပါတယ်။

ဒီကျောက်ကြီးကို တွေ့ရှိပြီးနောက်မှာတော့ ဖားကန့်ဒေသမှာ တပိုင်တနိုင်တူးဖော်တာတွေ၊ ရေမဆေးကျောက် ရှာတာတွေကို အာဏာပိုင်တွေက ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဒီလို ပိတ်ပင်တာတွေ မရှိဘူးလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ဒီလို နားလည်မှုနဲ့ လုပ်ကိုင်စားသောက်နေ တာတော့ ပုံမှန် အနေအထား ရှိပါတယ်။ အားလုံးကတော့ အခု ဒီရက်ပိုင်းမှာ စစ်တပ် အပြောင်းအလဲရှိတယ်။ စစ်တပ် အပြောင်းအ လဲဆိုတဲ့ အချိန်မှာ ဖားကန့်မှာ နဂိုက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထိုင်တယ်။ အခုက ပီ အခြေစိုက် တပ်မ ၆၆ ကနေမှ ဒီဘက် တပ်မ ၁၀၁ နဲ့ ဒီရက်ပိုင်း အတောအတွင်းမှာ သူတို့ ချိန်းကြတယ်။ အခုအခြေအနေမှာကတော့ ဒီ တပ်ပိုင်းဆိုင်ရာ အနေအထားကလည်း ပုံမှန်အနေအထား သူတို့ အရွှေ့အပြောင်းလောက်ပဲ ရှိပြီးသားပေါ့နော်။ ပြည်သူတွေကလည်း တပိုင်တနိုင် နားလည်မှုနဲ့ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ အနေအထားကတော့ လုပ်ကိုင်ခွင့်ကတော့ ရှိပါတယ်။”

ဖားကန့်ဒေသအတွင်းမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကုမ္ပဏီတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်တည်းက စတင်ပြီး လုပ်ကိုင်ခွင့်တွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ၃၇ တန်ရှိ ကျောက်ကြီးကိုတော့ တပိုင်တနိုင် တူးဖော်သူတွေက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ မြန်မာနိုင်ငံမှာ ကျောက်စိမ်းအများဆုံး ထွက်ရှိရာဒေသဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်အတွင်းကလည်း မြန်မာပြည်မှာ တန်ချိန် ၃၀၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို တူးဖော်ရရှိခဲ့ဖူးသလို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ တန်ချိန် ၁၁၅ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို တူးဖော်ရခဲ့ဖူးပါတယ်။


လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ကျောက်စိမ်း တင်ပို့မှုဟာ အမေရိကန်ဒေါ် လာ သန်း ၃၁၀ ကျော်တင်ပို့ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့  ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာလအ တွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၁၂၇၈ သန်းဖိုး တင်ပို့ထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်ထွက် ကျောက်စိမ်းတွေကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောင်းချတာတွေ ရှိနေတာကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ အများအပြားဆုံးရှုံးကြောင်း ဝေဖန်သုံးသပ်တာတွေလည်း ရှိနေပါတယ်။

From: VOA

Tuesday, February 25, 2014

ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့

Posted by drmyochit Tuesday, February 25, 2014, under | No comments


မောင်တော၊ ဖေဖော်ဝါရီ (၂၁) ရက်

မောင်တေနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ဌါနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသည့် ဘင်္ဂလီများမှာ ဇာတ်တူသားစားသကဲ့သို့ ချမ်းသာသည့် ဘင်္ဂလီနေအိမ်များကို ၀င်ရောက် ဓါးပြတိုက်ကာ ရဲတပ်ဖွဲ့ဝင်များမှ ဓါးပြတိုက်နေသည်ဟု သတင်းမှားများ ထုတ်လွှင့်ခဲ့ ခြင်းမှာ ဖြစ်ရပ်အမှန်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တိုးတိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ မြို့ပေါ်ရွှေဆိုင်များတွင် ဘင်္ဂလီလူမျိုး (၅)ဦးခန့်မှ ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချ နေကြောင်းသတင်းအရ စုံစမ်းရှာဖွေခဲ့ရာ သိန်း(၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ‘ယာဆိန်’ရွှေဆိုင်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရွှေထည်ပစ္စည်းများ လာရောက်ရောင်းချသူများမှာ အဒူမော်လောက် (ဘ) ဘာဆာမျှာ၊ အာဇီဇူရာမန် (ဘ) အဒူရှုကူရ်၊ မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း၊ မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီနှင့် အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ပြီး ၄င်းတို့ထံမှ ရွှေထည်ပစ္စည်း (၁၆)မျိုး တန်ဖိုး သိန်း(၅၅၇၇၀၀၀)ကျပ်ကို သက်သေများနှင့်အတူ တွေ့ရှိရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေထည်ရောင်းချလာသူများကို စုံစမ်းစစ်မေးခဲ့ရာ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်၍ ရရှိလာသော ရွှေထည်များဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်တိုးတိုးမှ ပြောကြားသည်။

“ပထမတော့ မသင်္ကာတဲ့အတွက် ခေါ်ယူစစ်ဆေးလိုက်တာပါ။ အဲဒီမှာ သူတို့လာရောင်းတဲ့ရွှေထည်တွေက ဓါးပြတိုက်လို့ရလာတဲ့ ပစ္စည်းတွေဖြစ်ပြီး အခုလာရောင်းတဲ့သူတွေကလည်း ဓါးပြတွေဖြစ်နေတာဖြစ်ပါ
တယ်။အဲဒီ ငါးဦးထဲမှာ တစ်ဦးပဲ အစိုးရကျောင်းထွက်ဖြစ်ပြီး ကျန်လေးဦးက ဘင်္ဂလီအာရဗီကျောင်းထွက်တွေဖြစ်နေပါတယ်။ မောင်တောမြို့မှာ ဓါးပြမှုတွေဖြစ်လို့ရှိရင် ရဲတိုက်တယ်လို့ သတင်းဌါနတစ်ချို့က မဟုတ်မမှန် သတင်းလွှင့်နေတာတွေ အခုမှ ဘင်္ဂလီတွေလက်ချက်ဆိုတာ
ဖော်ထုတ်နိုင်ပါပြီ။”ဟု ဆက်လက်ပြောပြသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၄ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

The Mirror Daily

ချုပ်နှောင်ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားရဲတပ်ဖွဲ့မှ ကယ်ဆယ်

Posted by drmyochit Tuesday, February 25, 2014, under | No comments


ဆွန်ငိုင်ပတနီ ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်းစက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင်ကြသော နေရာဒေသတစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတနီတွင် ပြီးခဲ့သောကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံ မှတစ်ဆင့်ဝင်ရောက်ကာ ကျေးကျွန် သဖွယ် ချုပ်နှောင်ခြင်းခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင်ပြီကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မလေးရှားနိုင်ငံနေ့စဉ်ထုတ် China Press သတင်းဌာနမှ ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားလေးဦး၏ အမည်ကို ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့သည် လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကျောင်း ပြုရန် အတွက် ရောက်လာခြင်းဖြစ်သော် လည်း ပွဲစား၏တောင်းခံသည့် ငွေကြေးပမာဏကို ပေးဆောင်နိုင် ခြင်းမရှိသောကြောင့် သုံးရက်အစာ ရေစာကျွေးမွေးခြင်းမရှိဘဲ အခန်း အတွင်း လှောင်ပိတ်ထားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါ သတင်းကိုရရှိသဖြင့် Lao Cai Hut Hotel ၏မီးဖိုချောင်သို့ ဖေဖော်ဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ စံတော်ချိန် ည ၁၀ နာရီက ဝင်ရောက်စီးနင်း ရှာဖွေရာ အဆိုပါ မြန်မာအမျိုးသား လေးဦးအား လက်နှင့်ခြေထောက်များ တွင် သံကြိုးများဖြင့်တုပ်နှောင်ထား သည်ကို တွေ့ရှိရကြောင်းသိရပြီး ပြန်ပေးဆွဲသူအား ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆက်လက်သိရှိရသည်။

စိုးဝင်း(sp)
MOI Webportal Myanmar

အိုဘားမား ကာမ အားတိုးဆေးများ ရောင်း

Posted by drmyochit Tuesday, February 25, 2014, under | No comments



အိုဘားမား ဟာ ကမ္ဘာ မှာ သြဇာ အာဏာ အရှိဆုံး အမေ ရိကန် ပြည်ထောင်စု ရဲ့ သမ္မတ ဖြစ် ပေမယ့် ပါကစ္စတန် နိုင်ငံ မှာတော့ သာမန် ပုဂ်္ဂိုလ် တစ်ဦး အဖြစ် သာ သတ်မှတ် ခံခဲ့ ရပါ တယ်။ ဘာဖြစ် လို့လဲဆိုတော့ ပါကစ္စတန် နိုင်ငံ မှာ တရား မ၀င် ရောင်းချ နေတဲ့ ကာမ အားတိုး ဆေးတွေ ကို အိုဘားမား အမည် နဲ့ထုတ်လုပ် ရောင်းချ နေခြင်း ကြောင့် ဖြစ် ပါတယ်။ ပါကစ္စ တန်ပြည်သူ အများစုဟာ အမေရိကန်အပေါ် ယုံကြည်မှု မရှိကြ ဘဲ အမေရိကန် နိုင်ငံ ရဲ့ (၄၄) ဦးမြောက် သမ္မတကြီး အိုဘားမားကို လေး စားမှု မရှိတာကို ဒီဖြစ်ရပ်က သက် သေ ပြသ သွားခဲ့ပါတယ်။ ပြင်သစ်အခြေစိုက် AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ ပါကစ္စတန် မှာ ရောင်း ချ နေ တဲ့ တရားမ၀င် ကာမအားတိုးဆေး တွေထဲမှာ အိုဘားမား အမှတ်တံဆိပ် ပါဝင် ကြောင်း၊ ဒါ့အပြင် ဗြိတိန်ရဲ့ အကျော်ကြားဆုံး စုံထောက်ဇာတ်လမ်းတွဲရဲ့ မင်းသားကြီး ဂျိမ်းစ် ဘွန်းအမည် တံဆိပ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ပါကစ္စတန်မှာ ကာမ အားတိုး ဆေး ရောင်းဝယ်မှုကို ပိတ်ပင်ထားပေမယ့် (၄)လုံးပါ တစ်ကဒ်ကို တစ်ဒေါ်လာနဲ့ ၀ယ်ယူ နိုင်ပါတယ်။

ဒီဆေးတွေကို အာဖဂန်နစ္စတန်က တင် သွင်းလာတာဖြစ်ပြီး ဆေးရဲ့အာနိသင်အကျိုး ဆက် ဘယ်လိုရှိ သ လဲ ဆိုတာကို သိရှိရခြင်း မရှိသလို ဓာတုဗေဒ ပစ္စည်းတွေ အများအပြား သုံးစွဲထားပုံရတယ်လို့ သုံးသပ် ခန့် မှန် ထားကြ ပါတယ်။ ဒီဆေးကို သောက်သုံးခြင်းကြောင့် အချိန်အကြာကြီး နေလို့ရတယ်ဆိုတဲ့ ယုံကြည် ချက်ရှိ နေ ကြ တယ်လို့ ဆိုပါတယ်။ အိုဘားမား တံဆိပ် ကာမ အားတိုးဆေး ဟာ ပါကစ္စတန် မှာ ပေါ်ပြူ လာဖြစ်နေပြီး ဘာသာရေးရှုထောင့် အရ အစိုးရအနေနဲ့ ပိတ်ပင်တားမြစ်သင့် ကြောင်း ဒေသခံတွေက ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လူငယ်တွေကြားမှာတော့ အိုဘားမား ကာမအားတိုးဆေးဟာ ရေပန်းစား နေတယ် လို့ သိရပါတယ်။ ပါကစ္စတန် နိုင်ငံ က ဒေါက် တာ ဆာမီလာခန်းက ““အကြမ်းဖက်မှု တွေနဲ့ အလုပ် လက်မဲ့ တွေ များပြားနေတဲ့ နိုင်ငံမှာ လူ ငယ် တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်း မှုရှိလာပါတယ်။ သူတို့ ရဲ့ ဘ၀ဟာ ခက်ခဲ ကြမ်း တမ်းလွန်းပြီး ပျော် ရွှင် မှုတွေရှိစေဖို့ ကာမအား တိုးဆေးတွေ သုံးစွဲနေကြတာပါ””လို့ ဆိုခဲ့ပါ တယ်။

By The Messenger

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

Posted by drmyochit Tuesday, February 25, 2014, under | No comments



စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း လို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်

ဖြတ်တဲ့နည်းတွေကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။

ဆေးလိပ်ဖြတ်ပြီးချိန်မှာ---ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုပါ စာရင်းနဲ့ချရေးပါ။ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ထားပြီး မနက်တိုင်း ရွတ်ပေးပါ။ ပန်းအိုးထားရှိပါ။ အခန်းထဲ

မှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက်အများကြီး ရနံ့သင်းပျံ့စေပါတယ်။ သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ကင်းတဲ့ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိလာမှာပါ။ သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။ ငွေစုပါ။နေ့စဉ်ဆေးလိပ်ဖိုးအတွက် ကုန်ကျငွေကိုစုဘူးထဲမှာ စုဆောင်းပါ။ လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကိုရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။ ။

ကြည်စင်ဝင်းသန့်
မြ၀တီ

အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းပြေးဟု ယူဆရသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရပ်ကွက် ဥက္ကဋ္ဌကို ဖမ်းမိ

Posted by drmyochit Tuesday, February 25, 2014, under | No comments


ထန်းတပင် မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းဘေးရှိ မငေးစု ကျေးရွာထိပ်တွင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၉ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းနှင် ထွက်ပြေးသည်ဟု ယူဆရသည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ရပ်ကွက် ဥက္ကဋ္ဌ ဆိုသူကို ဆိုင်ကယ် ကယ်ရီသမားများက ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ကြောင်း တက်သစ် နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို အလိုမတူ သားမယားအဖြစ် ပြုကျင့်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသည်ဟု တိုင်ကြားခံရသူ အမျိုးသားမှာ လှိုင်သာယာ မြို့နယ်၊ အမှတ် (၇)ရပ်ကွက်တွင် နေသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ရပ်ကွက် ဥက္ကဋ္ဌ အသက် (၃၀) ခန့်ရှိသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင် ဖြစ်ပြီး တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား အောက်ရှိ ကျူးကျော်တဲများ ဖယ်ရှားခဲ့စဉ်က အကွက်ချ ပုံစံများ ပြုလုပ် ရောင်းချပြီး ကျူးကျော် တဲများတွင် နေထိုင်နိုင်ရန် အတွက် အိမ်ထောင်စုစာရင်း စာရွက် အတုများကို ၎င်းအမျိုးသား အပါအဝင် လေးဦးက လက်မှတ်များ ရေးထိုးပြီး ထုတ်ပေး ခဲ့သောကြောင့် ဖေဖော်ဝါရီလ ပထမပတ်က ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အမှုဖွင့် ခံထားရသူ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

လှိုင်သာယာ မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်သူ အမျိုးသမီးငယ်သည် ယင်းနေ့ည ၈ နာရီခန့်က မိဘများ နေထိုင်ရာ ထန်းတစ်ပင် မြို့နယ်သို့ သွားရန် ဘတ်စ်ကား စောင့်နေစဉ် အသက် ၃၀ နှစ် အရွယ်ရှိ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်က မော်တော် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မိတ်ဆက် စကားပြော ကာလမ်း ကြုံသဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနင်းနိုင်ကြောင်း ခေါ်ဆိုခဲ့၍ အမျိုးသမီးငယ်က လိုက်ပါ သွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသည်။

ယင်းသို့ လိုက်ပါသွားစဉ် ထန်းတပင် မြို့နယ်၊ သီတာအေး လမ်းဆုံအရောက် ဆိုင်ကယ်မောင်းသူ အမျိုးသားက လှိုင်သာယာ မြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ တည်းခိုခန်းတွင် ပိုက်ဆံအိတ် မေ့ကျန်ခဲ့သဖြင့် ဆိုင်ကယ် ပြန်လှည့်ကာ ယူဆောင်ခဲ့စဉ် တည်းခိုခန်း အတွင်း၌ ပစ္စည်းတစ်ခု ပြစရာ တစ်ခုရှိကြောင်း ပြောဆို၍ အခန်းတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်မှာ မငေးစု ကျေးရွာတွင် ဆိုင်ကယ်ကို ရပ်ပေးရန် ပြောဆိုသော်လည်း ဆိုင်ကယ်မောင်းသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်မှ ဆိုင်ကယ် မရပ်ဘဲ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ အော်ဟစ် အကူအညီ တောင်းသောကြောင့် မောင်းထွက်ပြေးသော ဆိုင်ကယ်နောက်သို့ ရွာထိပ်ရှိ ဆိုင်ကယ် ကယ်ရီ ဆယ်စီးခန့်က နောက်မှ လိုက်ကာ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဖမ်းဆီးခင်က ပါဝင်သူ အသက် ၂၅ နှစ် အရွယ် ဆိုင်ကယ် ကယ်ရီ မောင်းသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“သူ့ကို ဆိုင်ကယ်တွေနဲ့ ပိတ်ပြီး ဝိုင်းဖမ်းခဲ့ပြီး မေးမြန်းနေတုန်း ကောင်မလေးက ဖြစ်ကြောင်း ကုန်စင် ပြန်ပြောပြမှ မုဒိမ်းကျင့်ပြီး ထွက်ပြေးတဲ့ သူမှန်း သိခဲ့တာ။ အဲဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ရဲလက် အပ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“တရားခံကို ညတွင်းချင်းဘဲ တက်သစ် စခန်းကနေ လှိုင်သာယာ စခန်းကို လွှဲပေးခဲ့တယ်။ အလိုမတူ သားမယား အဖြစ် ပြုကျင်ခဲ့သူက ကျူးကျော် နေသူတွေကို အိမ်ထောင်စုစာရင်း စာရွက်တွေ အတုလုပ်ပြီး ထုတ်ပေးခဲ့မှုနဲ့ တွံတေးမြို့နယ်မှာ အမှုဖွင့်ထားသူ ဖြစ်ပြီး အခု လှိုင်သာယာမှာ ထပ်မံ အပြစ် ကျူးလွန်ခဲ့တာကြောင့် ပြစ်မှု အားလုံးကို ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်” လှိုင်သာယာ မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဓမ္မ ပြုကျင့်ပြီး ထွက်ပြေးသည်ဟု ဆိုကာ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်ကို လှိုင်သာယာ မြို့မ ရဲစခန်းမှ (ပ) ၂၂၇/ ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိပြီး တွံတေး မြို့နယ်၊ ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အိမ်ထောင်စုစာရင်း စာရွက်များ အတုပြုလုပ် လက်မှတ် ရေးထိုးမှုဖြင့် (ပ) ၂၈/ ၁၄၊ ပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

Monday, February 24, 2014

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

Posted by drmyochit Monday, February 24, 2014, under | No comments



ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။
“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

MWD

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်