Thursday, March 06, 2014

အကြွားလွန်၍ ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ မင်းသမီးချောလေးရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်

Posted by drmyochit Thursday, March 06, 2014, under | No comments


ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။
Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။
Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။
ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။
နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံးသွားရရှာပါတယ်။
ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
ရိုးရာလေး

ဖုန်းဟန်းဆက် မှောင်ခိုသန်းချီ ဝင်ရောက်မှုကြောင့် အခွန်ငွေဆုံးရှုံး

Posted by drmyochit Thursday, March 06, 2014, under | No comments


ပြည်တွင်း ဈေးကွက်သို့ သန်းနှင့်ချီသော တယ်လီဖုန်း ဟန်းဆက်များ မှောင်ခို ဝင်ရောက်မှုကြောင့် နိုင်ငံတော်က ရရှိမည့် အခွန်ငွေများ ဆုံးရှုံးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးစိုးအောင်က ပြောကြားသည်။

လူမှုဆက်သွယ်ရေးကြား နေရာယူလာသည့် သန်းနှင့်ချီသော ဟန်းဆက်များသည် ပြည်တွင်းသို့ နယ်စပ် လမ်းကြောင်းမှ အများဆုံး မှောင်ခို ဝင်ရောက်လျက်ရှိပြီး လေကြောင်းဖြင့်လည်း ဝင်ရောက်လျက် ရှိသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံမှတစ်ဆင့် မူဆယ်နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာသော ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ ဟန်းဆက်များကို လည်းကောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျပ်သိန်း ၃၀၀၀ ခန့်တန်ဖိုးရှိ ဟန်းဆက်များနှင့် မန်မိုရီကတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လည်းကောင်း ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြခဲ့ကြသည်။

ဈေးကွက်ထဲသို့ ဟန်းဆက်များ ရောက်ရှိလာပုံက မျှော်လင့်ထားသည်ထက် အံ့သြစရာများ ပိုမိုပြည့်နှက်နေပြီး ထင်သလောက် မရိုးရှင်းပေ။ တခြားဘက်တွင်လည်း လေ့လာ စုံစမ်းမှုများမှ သိရသည့် ဟန်းဆက်များ မှောင်ခို ဝင်ရောက်မှုကို ပြသနေသော ကိန်းဂဏန်းများက ထိတ်လန့်ဖွယ်ရာ အခြေအနေကို ဖော်ညွှန်းနေသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သွင်းကုန်ဌာနတွင် လိုင်စင် လာရောက် လျှောက်ထားသော စုစုပေါင်း ဟန်းဆက် အလုံးရေ ရှစ်သောင်းကျော်သာ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်ထိ အစိုးရက ချထားပေးသည့် ဆင်းကတ် အရေအတွက်မှာ ခြောက်သန်း ကျော်သွားပြီဖြစ်ရာ သွင်းကုန်ဌာနသို့ လိုင်စင်လာရောက် လျှောက်ထားသည့် ဟန်းဆက် အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်ပါက ၉၉ ရာခိုင်နှုန်းကျော်မှာ မှောင်ခို ဟန်းဆက်များ ဖြစ်ကြောင်း ဦးစိုးအောင်က ဆိုသည်။

မှောင်ခိုဟန်းဆက်များ ဝင်ရောက်နေမှုနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ နာမည်ကြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့် ဆိုင်မှ အမည်မဖော်လိုသည့် မန်နေဂျာတစ်ဦးကမူ “ကျွန်တော်တို့ကိုတော့ လာဖြန့်တဲ့ လူတွေရှိတယ်။ အသေးစိတ်တော့ မသိဘူး” ဟု ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှသည် အားကောင်းမောင်းသန် ရှင်သန်ခဲ့သော မှောင်ခို ကုန်သွယ်မှုသည် ယခုအချိန်ထိ အသက်ဝင်နေဆဲ ဖြစ်သည်။
“ကျွန်တော် သိသလောက်ဆိုရင် လက်ရှိ လိုင်စင် လာလျှောက်တဲ့အထဲမှာ တန်ဖိုးကြီးတဲ့ iPhone တို့၊ iPad တို့ လုံးဝမပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

တယ်လီဖုန်း ဟန်းဆက်များကို မှောင်ခို တင်သွင်းမှုသည် အစိုးရက အခွန်ငွေ မရရှိခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးသည့်အပြင် သုံးစွဲသူများအကြား ပိုမိုကောင်းမွန်သည့် အကျိုးခံစားခွင့် မရှိခြင်းကလည်း လုပ်ငန်းရှင်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည်။

ဟန်းဆက် တင်သွင်းမှုအတွက် အမျိုးအစားပေါ် မှုတည်၍ အခွန်ကောက်ခံလျက် ရှိပြီး ပျမ်းမျှအခွန် ကောက်ခံနှုန်းမှာ ၁၅ ရာခိုင်နှုန်းထက် မကျော်လွန်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရမူ တရားဝင် တင်သွင်းထားသည့် ဟန်းဆက် ရှစ်သောင်းကျော် အပေါ်တွင်သာ အခွန်ကောက်ခံ ရရှိထားသည်။

တယ်လီဖုန်း ဟန်းဆက်များ ပြည်တွင်းသို့ မှောင်ခို ဝင်ရောက်ရာ လမ်းကြောင်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ပြီး နယ်စပ်မှ ဖြတ်ကျော်၍ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားသည်။

နယ်စပ်မှတစ်ဆင့် ဟန်းဆက်များ မှောင်ခို တင်သွင်းရာတွင် မှောင်ခိုကုန်သွယ်သူ အချို့သည်  ပြည်တွင်းမှ သား၊ ငါး၊ ပုစွန်များကို ရေခဲပုံးဖြင့် ထည့်၍ နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့လေ့ရှိပြီး အပြန်တွင် အဆိုပါ ရေခဲပုံးအလွတ်များ အတွင်းသို့ ဟန်းဆက်နှင့် တခြား အီလက်ထရွန်နစ် ပစ္စည်းများကို ထည့်သွင်း၍ မှောင်ခို သယ်ဆောင်ကြလေ့ ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ဆိုသည်။

ထို့ပြင် ခရီးဆောင် အိတ်များအတွင်း ဟန်းဆက်များကို ထည့်သွင်း၍ မော်ဒယ်မြင့် ကားများဖြင့် မှောင်ခို စစ်ဆေးသူများကို မျက်စိလှည့်၍ သယ်ဆောင်ကြလေ့ရှိပြီး ကုန်ကားများပေါ်တွင်လည်း ထုပ်ပိုးထားသည့် အခြားကုန်စည်များနှင့် ရောနှော၍ သယ်ဆောင်ကြလေ့ ရှိကြောင်း မြဝတီ ကုန်သွယ်ရေးစခန်းမှ အမည်မဖော်လိုသည့် အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။
“လူရှိန်အောင် ပရာဒိုလို ကားမျိုးတွေနဲ့ သယ်ကြတယ်။ တော်ရုံတန်ရုံ အရာရှိတွေက မှောင်ခိုသယ်တဲ့ လူတွေလို့ မထင်အောင်ပေါ့” ဟု ၎င်းကဆိုသည်။

ဟန်းဆက်များ မှောင်ခို ဝင်ရောက်မှုအတွက် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြည်ထောင်စု ဝန်ကြီးထံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားသည်ဟု ဦးစိုးအောင်က ဆိုသည်။

ဟန်းဆက်များ တင်သွင်းရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထောက်ခံချက် လိုအပ်ပြီး အဆိုပါ ထောက်ခံချက်ရှိမှသာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လိုင်စင် လျှောက်ထားနိုင်သည်။

အဆိုပါ ထောက်ခံချက် ရရှိရန်အတွက် နေပြည်တော်ရှိ ဆယ်သွယ်ရေး ရုံးချုပ် တစ်နေရာတည်းတွင်သာ လျှောက်ထားနိုင်ပြီး လက်ရှိတွင်မူ အဆိုပါ ထောက်ခံချက်ကို ကုမ္ပဏီကြီး အချို့ကသာ ရရှိထားသည်။
“ဆက်သွယ်ရေး ထောက်ခံချက်မပါဘဲ လွတ်လွတ်လပ်လပ် လိုင်စင်လုပ်ခွင့်ရအောင် ကျွန်တော်တို့ ကျန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက တင်ပြခဲ့တာ ရှိပါတယ်။ အရပ်သားကနေ ဆယ်သွယ်ရေး ဒုတိယဝန်ကြီး ဖြစ်လာတဲ့ ဦးသောင်းတင် လက်ထက်မှာလည်း စာနဲ့ တရားဝင် တင်ပြခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အခုထိ အကြောင်းမထူးသေးပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် မှောင်ခိုကုန်သွယ်မှုကို ဖမ်းဆီးနေသည့် တရားမဝင် ကုန်သွယ်မှု ရွေ့လျား တိုက်ဖျက်ရေး အဖွဲ့ (မိုဘိုင်းတင်းမ်) သည် လုပ်ငန်းရှင်အချို့၏ ဝေဖန်မှုကို ခံနေရပြီး မှောင်ခိုဖမ်းဆီးရေး လုပ်ငန်းများကို အရှိန်တန့် ထားရသည်။

ဟန်းဆက် အပါအဝင် မှောင်ခိုတားဆီးရေးနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကမူ ဤသို့ ဆိုသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေက နိုင်ငံတကာ စည်းမျဉ်းတွေကို အကြောင်းပြုပြီး လေဆိပ်နဲ့ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းတွေကို မှောင်ခိုမစစ်ဆေးဖို့ ကျွန်တော်တို့ရဲ့ အထက်က တာဝန်ရှိသူတွေကို ခြိမ်းခြောက် တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ စံနှုန်းတွေတိုင်း ကျွန်တော်တို့ နိုင်ငံနဲ့ ကိုက်ညီတာမှ မဟုတ် တာ” ဟု ၎င်းကဆိုသည်။

မကြာမီ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကလည်း ဆင်းမ်ကတ်များ ရောင်းချတော့မည် ဖြစ်သည်။ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကမူ ၎င်းတို့၏ ဝန်ဆောင်မှု စတင်သည်နှင့်တစ်ပြိုင်နက် ဆင်းမ်ကတ် သန်း ၃၀ ရောင်းချပေးမည်ဟု မီဒီယာများတွင် ကြေညာထားပြီး မြန်မာ့ဆက်သွယ်ရေးကမူ လာမည့် ၂၀၁၆ ခုနှစ်အထိ ဆင်းမ်ကတ် သန်း ၃၀ ရောင်းချပေးမည်ဟု ဆိုသည်။

မှောင်ခိုဟန်းဆက် ဝင်ရောက်မှု ၉၉ ကျော် ရာခိုင်နှုန်းကျော်ရှိသည့် ပြည်တွင်း ဈေးကွက်အတွင်းသို့ အဆိုပါ ဆင်းမ်ကတ်များအတွက် လိုအပ်သည့် ဟန်းဆက်များကို မည်ကဲ့သို့ တင်သွင်းခွင့်ပြုမည်နည်း ဆိုသည်မှာ တာဝန်ရှိသူများ ဖြေဆိုသင့်သည့် မေးခွန်း ဖြစ်သည်။  

From: The Voice Weekly

အရပ်ပုသူများ အရပ်ရှည်သူများထက် ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ် သုတေသနဆို

Posted by drmyochit Thursday, March 06, 2014, under | No comments



အရပ်ပုသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း၊ အောက်စဖို့ဒ် တက္ကသိုလ်သုတေသန တစ်ခုက မကြာသေးမီကဆိုခဲ့သည်ဟု မတ်လ ၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပို၍ဆိုး သည်မှာ အရပ်ပုသူအများအပြားတွင် ဖြတ်သန်းကျော်လွှားရမည်ဟု ၎င်းတို့ကိုယ်တိုင် ယူဆ ထားကြသည့် လူမှုရေး ပြဿနာများစွာရှိနေတတ်ခြင်း ဖြစ်သည်။

ယခုအခါ အခြားဗြိတိန်သုတေသန တစ်ရပ်ကလည်း အရပ်ပုသူများ ဥာဏ်စွမ်းရည် ပိုနည်းကောင်းနည်း နေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိန် Sunday Times သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် အရပ်ပုသူများ အနေဖြင့် အိုင်ကျူ ပိုနိမ့်ကောင်းနိမ့်နေနိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အရပ်အမြင့်နှင့် အထွေထွေ ဥာဏ်စွမ်းရည်တို့အကြား ဗီဇပိုင်းဆိုင်ရာ ဆက်စပ်မှုကို ခန့်မှန်းနိုင်ရန်အတွက်၊ အီဒင်ဘာ့ခ်ျ တက္ကသိုလ်၏ မျိုးရိုးဗီဇနှင့် မော်လီကျူး ဆေးသိပ္ပံမှ သုတေသီများက တစ်ယောက်နှင့်တစ်ယောက် ဆွေမျိုးတော်စပ်မှု မရှိသော လူ ၆,၈၀၀ ကျော်၏ ဒီအင်န်အေများကို လေ့လာ ခဲ့ကြသည်။ သုတေသန၏ ရည်ရွယ်ချက်မှာ၊ ဤမျိုးရိုးဗီဇဆက်စပ်မှုအနေဖြင့် အခြားကျန်းမာရေးဆိုင်ရာ အကျိုးရလဒ်များ ဖြစ်ပေါ်စေခြင်း ရှိ၊ မရှိ စူးစမ်း လေ့လာရန်ဖြစ်ကာ ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ပထမဆုံးပြုလုပ်သော လေ့လာမှုလည်း ဖြစ်သည်။

ထိုတက္ကသိုလ်၏ မျိုးရိုးဗီဇနှင့် မော်လီကျူးဆေးသိပ္ပံမှ ရီကာဒိုမာရီရိုနီက Sunday Times သတင်းစာသို့ ပြောကြားခဲ့ရာတွင် “ကျွန်တော်တို့ တွေ့ရှိခဲ့ တာကတော့ အရပ်ပိုရှည်တဲ့လူတွေဟာ ပိုပြီးတော်တတ်တယ် ဆိုတဲ့ အရပ် အမြင့်နဲ့ ဥာဏ်စွမ်းရည်အကြားမှာ သေးငယ်တဲ့ ဆက်စပ်မှုတစ်ရပ် ရှိနေတဲ့ အချက်ပဲ ဖြစ်ပါ တယ်”ဟု ဆိုခဲ့သည်။

ရီကာဒိုမာရီရိုနီက “သေးငယ်တဲ့ဟူသော စကားစုကို သုံးနှုန်းသွားခြင်းနှင့် ပတ်သက်၍ချီးကျူးသင့်ပေသည်။ ခြောက်လှန့်သူတစ်ဦးအဖြစ် မရပ်တည် သော ပညာရှင်တစ်ဦးထက်ပို၍ တာဝန်သိသူ မရှိပေ။“သေးငယ်တဲ့ ဆက်စပ်မှု ဟူ၍ ရီကာဒိုမာရီရိုနီက ပြောဆိုခဲ့သော်လည်း “ကိန်းဂဏန်း အချက်အလက် အရ အရေးပါ” ကြောင်း ၎င်းက ပြောခဲ့သည်။ အရပ်ပုသူများ၏ ပိုမိုနိမ့်ပါး သော အိုင်ကျူများ၏ ၇၀ ရာခိုင်နှုန်းအား မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်း တစ်ခုအဖြစ် ယူဆနိုင်ကြောင်း သုတေသနက ညွှန်ပြနေသည်ဟုလည်း ရီကာဒိုမာ ရီရိုနီက ဆိုခဲ့သည်။

အရပ်ပုသူတစ်ဦး၏ လိမ်လည်မှုများ၊ မိသားစုအနေအထား ပုံပျက်မှုများကို ကြည့်၍ ထိုသူ၏ ဥာဏ်ပိုင်းဆိုင် ရာ အားနည်းချက်များ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းမှာ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများဖြစ်သည်ဟု အတွေးချဲ့ကာ ကောက်ချက်ချသွားနိုင်သည်။

RCSS/SSA အဖွဲ့မှ ထွက်ပြေးတိမ်းရှောင်သွားသော တပ်ဖွဲ့ဝင်အစား မိသားစုဝင်များအား ဖမ်းဆီး ခေါ်ဆောင်

Posted by drmyochit Thursday, March 06, 2014, under | No comments


ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူလင်းကျေးရွာအတွင်းသို့ ယမန်နေ့မနက်ပိုင်းက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသွားသည့်အတွက် အစားထိုးဝင်ရောက်ရမည်ဟု ပြောဆိုကာ မိသားစုဝင်များအားဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

“ ရွာထဲကို ၀င်လာပြီး ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်အစား ပြန်ဝင်ရမယ်လို့ပြောပြီး ခေါ်သွားတာပဲ၊ အဖမ်းခံရတဲ့သူက ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်ရဲ့ အစ်ကိုလို့ ပြောသွားတာပဲ ” ဟု ကျူလင်းရွာသားတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့သည် နောက်တစ်နေ့တွင် အဆိုပါရွာသို့ ထပ်မံရောက်ရှိလာပြီး အသက်(၅၇)နှစ်အရွယ် ဒေါ်နန်းရှိုးအား လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
“ ဒေါ်နန်းရှိုးမှာ သား(၂)ယောက် ရှိတယ်၊ အငယ်ကောင် ခွန်မောင်လွမ်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရှမ်းပြည် တောင်ပိုင်းတပ်က လူသစ်လုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်၊ အခု အကြီးကောင် ခွန်မောင်မြကို ထပ်မံဖမ်းသွားရာမှာ ထွက်ပြေးသွားလို့ မအေလုပ်သူကို လာဖမ်းတာလို့ သိရတယ် ” ဟု ကျူလင်းရွာနေ ဦးခွန်တိဆောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဟဲနန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူး တစ်ဦးက RCSS/SSA အဖွဲ့သည် ကျူလင်း ကျေးရွာအနီး အခြေပြုနေစဉ် အဆိုပါ ရွာသား ခွန်မောင်လွမ်း (၁၉)နှစ်မှာ လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း၊ ခွန်မောင်လွမ်းအစား RCSS/SSA အဖွဲ့သို့ ၀င်ရောက်ရန် အစ်ကိုဖြစ်သူ ခွန်မောင်မြအား ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ လမ်းခရီးတွင် ခွန်မောင်မြကလည်း ထွက်ပြေးသွားသဖြင့် မိခင်ဖြစ်သူ ဒေါ်နန်းရှိုးအား လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ တစ်ရွာဝင်တစ်ရွာထွက် ခွန်မောင်မြတို့ ညီအစ်ကို ကို ရှမ်းစစ်တပ်က လိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒီရွာတွေ မှာက ပအိုဝ့်တွေလည်း နေကြတယ်၊ အခု အဖမ်းခံရတဲ့ မိသားစုဟာ ပအိုဝ့်တွေပါ၊ ပအိုဝ့်တွေအပေါ် ရှမ်းစစ်တပ် က အမြဲတမ်း အနိုင်ကျင့်နေတာပါ၊ အခုလည်း ကြည့်လေ.. ဘာမှမဆိုင်တဲ့ မအေလုပ်သူကို ဖမ်းသွားတယ် ဆိုတော့ တရားလွန်တာပေါ့၊ ဒေါ်နန်းရှိုးကို ပြန်မလွတ်ပေးရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြသွားဖို့ စီစဉ် နေပါတယ် ” ဟု ပင်လုံမြို့နေ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်

ငါးသောင်းပေါက်တယ်ဆိုတဲ့ထီ တိုက်ကြည့်မှ သိန်းထောင့်ငါးရာပေါက်မှန်းသိ

Posted by drmyochit Thursday, March 06, 2014, under | No comments


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မတ်လ(၁)ရက်နေ့၌ အောင်ဘာလေထီကျပ်သိန်း(၁၅၀၀) ပေါက်သူ ကြင်စဦးဇနီးမောင်နှံကို မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင် ကိုယ်စားလှယ်မှ တွတ်(၅)သောင်းသာ ရရှိသည်ဟု မှားယွင်းစွာအကြောင်းကြားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့ကင်မလင်းကျွန်းရပ်ကွက်၊ ကန်သာယာ(၃)လမ်းနေကို ထိန်လင်းအောင်နှင့် မသော်တာတို့မှ ထီသိန်း(၁၅၀၀)ပေါက်သည်ကို အက္ခရာတူ ရှေ့နှစ်လုံးတူအဖြစ် တစ်စောင်ကို(၅)သောင်းကျပ်ဖြင့် (၅)စောင်တွဲအား(၂၅၀၀၀၀)ကျပ်ရသည်ဟု သွားရောက်အကြောင်းကြားရာမှ ပါလာသောထီပေါက်စဉ်ဖြင့် တိုက်ကြည့်ရာတွင် သိန်း(၁၅၀၀)ပေါက်သည်ကိုသိရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 “မတ်လ(၁)ရက်နေ့ညနေ(၄)နာရီခွဲလောက်မှာ လာအကြောင်းကြားတာပါ၊ ကျွန်တော်က သူတို့လာပြောတော့ တစ်စောင်(၂)သိန်းဆိုရင်(၅)စောင်ဆိုတော့(၁၀)သိန်းမရဘူးလားဆိုတော့ သူတို့ကလည်းပါလာတဲ့ ထီပေါက်စဉ်ကိုထုတ်ပြပြီး ကျပ်သိန်း(၁၅၀၀)ဂဏန်းကို ဒီလိုတိုက်ရတယ်လို့ပြောရင်းနဲ့ ကြည့်လိုက်တော့ ကျွန်တော်ထိုးထားတဲ့(၅)စောင်တွဲမှာပေါက်ဂဏန်းပါနေတာသိရတာပဲ။”ဟု ပုသိမ်မြို့မှ ကျပ်သိန်း(၁၅၀၀)ထီ ပေါက်ခဲ့သူ ကိုထိန်လင်းအောင်က ပြောသည်။

အဆိုပါ ထီ(၅)စောင်တွဲအား ၄င်းတို့မင်္ဂလာဆောင်မည့် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့နံနက်မတိုင်မီ ဖေဖေါ်ဝါရီလ (၁၉)ရက်ညပိုင်းက မင်္ဂလာဆောင်တွင်ကမ်းမည့်ကဒ်များ သွားယူစဉ် လမ်းတွင် ထိုးခဲ့ခြင်းဖြစ်ပြီး၊ မိသားစု အတွင်း၌ (၂) ကျပ်တန်ထီခေတ်ကလည်း အမြင့်ဆုံးဆုဖြစ်သည့်(၁၀)သိန်းဆု ပေါက်ခဲ့ဘူးကြောင်း ၄င်းက ဆက်ပြောသည်။

ပုသိမ်မြို့မှထီဆိုင်ကြီးများကို ရန်ကုန်ပင်ရင်းဆိုင်မှ ပေါက်ဂဏန်းထွက်ပြီး အချိန်ပိုင်းအတွင်း အကြောင်း ကြားလေ့ ရှိသော်လည်း ကိုယ်စားလှယ်များက မည်သည့်ဒေသမှပေါက်သည်ကို ဆက်လက် ကြည့်ရှုပြီး အကြောင်းကြားလေ့ရှိသည်။

ကိုယ်စားလှယ်များအကြောင်းကြားမှု ပျက်ယွင်းသဖြင့် ပေါက်သူမှာ မိမိထီပေါက်မှန်းမသိရှိသဖြင့် သိန်းဆုအကြီးစားများပင် မကြာခဏနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူနေသဖြင့် ထီထိုးထားသူများအနေဖြင့် ကိုယ်စားလှယ်များအကြောင်းကြားသည်ကို မစောင့်ဘဲထီပေါက်စဉ် ၀ယ်ကာ တိုက်ကြည့် ကြစေလိုကြောင်း ပုသိမ်မြို့မှ ထီဆိုင်ပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့က ထီပေါက်စဉ်နဲ့ တိုက်ကြည့်ပြီးမှ အရင်ဆုံးငါးသောင်းဆုကနေစပြီး တွတ်ရတဲ့ ဆုသေးတွေ ကို လိုက်လျှော်ပေးတယ်။ အဲ့ဒီနေ့ကလည်းတွတ်(၅)သိန်းရတဲ့ လူတစ်ယောက်ကို သွားပေး ရင်းနဲ့ ၀င်သွား တာပါ၊ ကျွန်တော်တို့ သိန်း(၁၅၀၀)ပေါက်နေတယ်ဆိုတာ အဲ့ဒီအချိန်ထိမသိခဲ့ပါဘူး။ လိမ်ချင်ရင်တော့ သူတို့ငြင်းတဲ့ (၁၀)သိန်းကို ချက်ချင်းပေးခဲ့မှာပေါ့ဗျာ။ ပါသွားတဲ့ထီပေါက်စဉ်တောင် ထုတ်မပြဘူး။”ဟု သိန်း(၁၅၀၀) ဆုကို မှားယွင်းကာသွားရောက်ပေးလျှော်ခဲ့သူ ပုသိမ်မြို့မှ ထီကိုယ်စားလှယ် ကိုစိုးသူကျော် ကပြောသည်။

မတ်လ(၁)ရက်နေ့က (၃၀၂) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ကျပ်သိန်း(၁၅၀၀)ဆုမဲ အဖြစ် (တ-၆၅၆၉၉၈) ထွက်ပေါ်ခဲ့ကာ ပုသိမ်မြို့တွင် ယခုတစ်ကြိမ်ကျပ်သိန်း(၁၅၀၀)ဆုမဲပေါက်ခဲ့မှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ထီဆိုင်ပိုင်ရှင်များထံမှသိရသည်။

မျိုးမင်းထွန်း (မြစ်မခ)

၁၅ နှစ်အရွယ်ကောင်လေးရဲ့ အိပ်ခန်းထဲကိုခိုးဝင်ပြီး လိင်ဆက်ဆံခဲ့တဲ့ အပျိုကြီး တရားစွဲခံရ

Posted by drmyochit Thursday, March 06, 2014, under | No comments



အသက်အရွယ် မရောက်သေးတဲ့သူကို နေထိုင်ပေါင်းသင်းမိပါက အရေးယူ ခြင်း ခံရလိမ့်မယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ အမေ ရိကန်နိုင်ငံ၊ အရီဇိုနားမှာ ရှိတဲ့ (၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အိမ်နီး နားချင်းဖြစ်တဲ့ အရွယ်မရောက်သေးတဲ့ (၁၅)နှစ်အရွယ် ကောင်ကလေးရဲ့ အိမ်ကိုခိုးဝင်ပြီး အတူအိပ်စက်ခဲ့လို့ ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ကီရီဂွန်ဇာလက် အမည်ရ အမျိုးသမီးဟာ ကောင်လေးရဲ့အိမ်ကို ခိုးဝင် ရောက်လာပြီးတဲ့နောက် အရက်တွေသောက် သုံးကာ နှစ်ကြိမ်တိုင်တိုင် ချစ်တင်းနှောခဲ့ကြပါတယ်။ နံနက်နှစ်နာရီ ရောက်တဲ့အခါ ကောင်လေးရဲ့ အမေက သားဖြစ်သူရဲ့ အခန်းထဲမှာ အသံကြားလို့ သွားရောက်ကြည့်ရှုခဲ့ပါ တယ်။

ဒီအချိန်မှာ အ၀တ်ဗလာနဲ့ အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ပြီး၊ ကောင်လေးရဲ့ အမေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ အ၀တ်ဗ လာနဲ့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့လို့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိ သွားခဲ့ပါတယ်။ ဒီနောက် မိနစ်(၃၀)ခန့် အကြာမှာ ထွက်ပြေးသွားတဲ့ အမျိုး သမီးက ကောင်လေးအိမ်ကို ပြဿနာလာရှာခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ကောင်လေးရဲ့အမေက ရဲစခန်း ကို တိုင်ကြားခဲ့ ပါတယ်။ ရဲတပ်ဖွဲ့ ဝင်တွေဟာ ကီရီဂွန်ဇာလက်ကို ခေါ်ယူမေးမြန်းတဲ့အခါ လိမ်လည်ပြောဆိုခဲ့ပါတယ်။ ကောင်လေးကို မေးမြန်းတဲ့အခါ အခန်းထဲကို ရောက်လာသူ ကီရီဇွန်ဇာလက် ဖြစ်ပြီး၊ အရက်ပုလင်းကိုလည်း ယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ ဝင်တွေဟာ ကီရီဂွန်ဇာလက်ကို လိမ်လည်ပြောဆိုမှု၊ အရွယ်မရောက်သေးသူနဲ့ ပျော်ပါးမှု စတဲ့စွဲ ချက်တွေ တင်ထားတယ်လို့ သိရပါတယ်။

The Messenger

Tuesday, March 04, 2014

တောမီးလောင်ကျွမ်းမှုများကြောင့် ကွာလာလမ်ပူတွင် မီးခိုးမြူများဆိုင်းနေ

Posted by drmyochit Tuesday, March 04, 2014, under | No comments

အင်္ဂါနေ့တွင် ကွာလာလမ်ပူနှင့် ပတ်ဝန်းကျင် ဒေသအချို့၌ မီးခိုးမြူများ ဖြစ်ထွန်းပြီး လေထုမှုန်မှိုင်း ဝေဝါးလျှက် ရှိသည်။ ကျန်းမာရေး ပညာရှင်များက လေထု၏ သန့်စင်မှု အခြေအနေသည် ကျန်းမာရေးကို ထိခိုက်စေနိုင်လောက်သည့် အနေအထားမျိုး ဖြစ်နေကြောင်း သတိပေးခဲ့

မလေးရှားနိုင်ငံတွင် မိုးခေါင်ပြီး ရာသီဥတု ပူပြင်းသဖြင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ကာ ကွာလာလမ်ပူ မြို့တော်ထိ မီးခိုးမြူများ ဆိုင်းနေကြောင်း သိရသည်။ အင်္ဂါနေ့တွင် ကွာလာလမ်ပူနှင့် ပတ်ဝန်းကျင် ဒေသအချို့၌ မီးခိုးမြူများ ဖြစ်ထွန်းပြီး လေထုမှုန်မှိုင်း ဝေဝါးလျှက် ရှိသည်။ ကျန်းမာရေး ပညာရှင်များက လေထု၏ သန့်စင်မှု အခြေအနေသည် ကျန်းမာရေးကို ထိခိုက်စေနိုင်လောက်သည့် အနေအထားမျိုး ဖြစ်နေကြောင်း သတိပေးခဲ့သည်။ အပူပိုင်းဒေသတွင် ကျရောက်သော မလေးရှား နိုင်ငံအနေဖြင့် မိုးခေါင်မှုများ ဖြစ်ပေါ်လေ့ ရှိဖူးသည့်တိုင် လက်ရှိ (၂)လတာမျှ ဆိုးဆိုးရွားရွား အပူလှိုင်းဖြတ်နေမှုကမူ သာမန်ထက် ရှည်ကြာနေသည်။

အချို့သော ဒေသများတွင် ရေကို ခွဲတမ်းစနစ်ဖြင့်ပင် အသုံးပြုနေရကြောင်း သတင်းများက ဆိုသည်။ အပူချိန် မြင့်တက်မှုနှင့်အတူ တောမီးလောင်ကျွမ်းမှုများလည်း ဖြစ်ပေါ်နေရာ အင်္ဂါနေ့တွင် ကွာလာလမ်ပူ၏ လေထုညစ်ညမ်းမှု ညွှန်ကိန်း (API)သည် (၁၅၀)မှတ်ထိ ရောက်ရှိလာခဲ့သည်။ ကွာလာလမ်ပူမြို့ နေရာ အများ စုနှင့် စီးပွားရေး အချက်အချာ ဒေသဖြစ်သော ဆီလန်ဂေါတို့တွင် လေထုသည် မီးခိုးမြူများ ဆိုင်းလျှက် ရှိနေကြောင်းလည်း သိရသည်။ API ညွှန်ကိန်း (၁၀၀)နှင့် (၂၀၀)ကြား ပမာဏသည် ကျန်းမာရေးအတွက် မသင့်တော်သည့် အဆင့်မျိုးဟု ယူဆနိုင်သည်။

ကွာလာလမ်ပူတွင် ရှေ့ဘက်သို့ မြင်နိုင်စွမ်းသည် (၁)ကီလိုမီတာအောက်ထိ ကျဆင်းနေပြီး နာမည်ကျော် Petronas အမြွှာမျှော်စင်ကြီးကိုပင် မြူများရစ်ဝိုင်းပြီး မှုန်ဝါးနေစေကြောင်း မျက်မြင်များကဆိုသည်။ ပြီးခဲ့ သည့် သီတင်းပတ်ကလည်း မလေးရှား၏ အိမ်နီးချင်း အင်ဒိုနီးရှား နိုင်ငံတွင် တောမီးလောင်ကျွမ်းမှု များမှတစ်ဆင့် မီးခိုးမြူများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ ယမန်နှစ်ကလည်း အင်ဒိုနီးရှား တောမီးများမှတစ်ဆင့် အနီးရှိ စင်္ကာပူတွင် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အဆိုးရွားဆုံး မီးခိုးမြူ ပိတ်ဖုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံ အချင်းများသည့် အခြေအနေမျိုးပင် ဖြစ်ပေါ်ခဲ့သည်။

From: Planet Myanmar Network

လီယိုနာဒို အော်စကာဆုမရသည့်ကိစ္စ ဟောလီးဝုဒ်တွင် လူပြောများနေ

Posted by drmyochit Tuesday, March 04, 2014, under | No comments


လီယိုနာဒို၏ ပရိသတ် အများအပြားက အရည်အချင်း ရှိသော်လည်း အော်စကာဆု မရနိုင်ဘဲ ဆက်တိုက် လွဲချော်နေသည့် မင်းသားအတွက် မခံမရပ်နိုင်ဖြစ်ကာ Twitterတွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်

(လီယိုနာဒိုနှင့် မိခင်ဖြစ်သူအား အော်စကာဆုပေးပွဲတွင် တွေ့ရစဉ်)

အော်စကာ ဆုနှင်းသဘင်တွင် လီယိုနာဒို ဒစ်ကာပရီယို အကောင်းဆုံး မင်းသားဆုနှင့် လွဲချော်သွားသည့်နောက် ယင်းဖြစ်ရပ်သည် ဟောလီးဝုဒ်တွင် လူပြောအများဆုံး ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။ လီယိုနာဒို၏ ပရိသတ် အများအပြားက အရည်အချင်း ရှိသော်လည်း အော်စကာဆု မရနိုင်ဘဲ ဆက်တိုက် လွဲချော်နေသည့် မင်းသားအတွက် မခံမရပ်နိုင်ဖြစ်ကာ Twitterတွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် Twitterတွင် #GiveLeoAnOscarနှင့် #PoorLeoဆိုသော အကြောင်းအရာများဖြင့် ရေးသားမှုသည် အများပြားဆုံး အမြင်ဖလှယ်ရာ ခေါင်းစဉ်များ ဖြစ်လာကြသည်။
(လီယိုနာဒို အော်စကာဆုနှင့်လွဲချော်မှုကို သရော်ထားသည့်ပုံ)

အသက်(၃၉)နှစ်ရှိ လီယိုနာဒိုသည် The Wolf of Wall Street ဇာတ်ကားဖြင့် အော်စကာဆုအတွက် တစ်ပြေးခဲ့သော်လည်း လက်တွေ့တွင်မူ Dallas Buyers Clubမှ မက်သရူး မက်ကွန်နက်ဟေးကသာ ဆုရသွားခဲ့သည်။ လီယိုနာဒို အော်စကာဆု မရရှိခဲ့သည်နှင့် ပတ်သက်ပြီး Social Mediaများတွင် နောက်ပြောင်ထားသည့် ပုံများလည်း ပျံ့နှံ့လာသည်။ ပြီးခဲ့သည့်နှစ်က အော်စကာ ဆုနှင်းသဘင်တွင် ဂျနီဖာလောရင့်စ်နှင့် အန်းဟက်သာဝေးတို့ ဆုလက်ခံယူပြီး ဟက်ဟက်ပက်ပက် ရယ်မောနေပုံတွင် “စိတ်မပူပါနဲ့ လီယိုရယ်၊ နောက်တစ်ခါဆိုရင်တော့ မင်းဆုရပါလိမ့်မယ်လို့ သူတို့တွေ ပြောနေကြတာပဲ”ဆိုသော စာတန်းကို ပုံညွှန်းစာ တပ်ထားပြီး မျှဝေကြသည်။


လီယိုနာဒိုက အော်စကာဆုကို လုပြေးနေပုံ ဓာတ်ပုံဖြတ်ညှပ်ကပ်များကိုလည်း တွေ့ရသေးသည်။ လီယိုနာဒို အနေဖြင့် အော်စကာ ဆန်ခါတင် စာရင်းတွင် (၄)ကြိမ်မြောက် ပါဝင်ပြီး (၄)ကြိမ်လုံး လွဲခဲ့ရခြင်း ဖြစ်သည်။ ဆုပေးပွဲတွင် လီယိုနာဒိုအား The Wolf of Wall Street ဒါရိုက်တာ မာတင် စကော်ဆီဆီက သွားရောက် နှစ်သိမ့်နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၎င်းတို့(၂)ဦးသည် ဘဝတူများ ဖြစ်ကြပြီး စကော်ဆီဆီသည်လည်း ဒါရိုက်တာအဖြစ် အော်စကာဆုရရန် (၇)ကြိမ်မြောက် ဆန်ခါတင်အဆင့်ဝင်ပြီး လွဲချော်သွားခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

ပြည်တွင်းသို့ ၀င်လာနေသည့် ကုန်ပစ္စည်းများ အရည်အသွေးမမီ၍ စားသုံးသူများ နစ်နာ

Posted by drmyochit Tuesday, March 04, 2014, under | No comments

စူပါမားကက်တစ်ခုတွင် ရောင်းချနေသေည့် စားသောက်ကုန်များအားတွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေသည့် ပစ္စည်းအများစုမှာ အရည်အသွေးမမီသောကြောင့် ပြည်တွင်းရှိ စားသုံးသူများအတွက် အင်မတန် အန္တရာယ်များနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ အကြံပေး ဒေါက်တာမောင်အောင်က ပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေသည့် ကုန်ပစ္စည်းအများစုမှာ အတုများဖြစ်နေပြီး တချို့မှာ အရည်အသွေးမမီသည့်ပစ္စည်းများ၊ သက်တမ်းလွန်ခါနီးပစ္စည်းများ ပါဝင်နေပြီး အဆိုးဆုံးမှာ ဆေးဝါးအတုများ ၀င်ရောက်နေခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်တွင်းရှိ စားသုံးသူများအတွက် အင်မတန် အန္တရာယ်များနေပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် အမျိုးသားရေးတာဝန်တစ်ခုကဲ့သို့ ပြည်သူများ ၀ိုင်းဝန်းကူညီရန် လိုအပ်ကြောင်း ဒေါက်တာမောင်အောင်က ယခုလ ၂ ရက်က မန္တလေးမြို့ တွင် ပြုလုပ်သည့် စားသုံးသူကာကွယ်ပေးရေးနှင့်ပတ်သက်သည့် အခမ်းအနားတစ်ခု၌ ပြောသည်။

‘‘ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက နယ်စပ်တွေက၀င်နေတဲ့ ကုန်တွေဟာ တရားမ၀င် ၀င်ရောက်နေတာတွေ များနေတယ်။ တရုတ်ဘက်ကတော့ အကုန်လုပ်မှာပဲ။ မြန်မာကုန်သည်တွေရဲ့ ကျင့်ဝတ်ပိုင်းတွေလည်း ဆိုင်တယ်။ ဒီဘက်က ကုန်သည်တွေအနေနဲ့က ကိုယ့်အကျိုးကိုပဲမကြည့်ဘဲ တိုင်းပြည်အကျိုးကိုကြည့်ပြီးမှ စီးပွားရေးလုပ်ဖို့လည်း လိုတယ်’’ ဟု ဒေါက်တာမောင်အောင်က ပြောသည်။
         
နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ၀င်ရောက်လာသည့် ပစ္စည်းတော်တော်များများမှာ စစ်ဆေးခံရမှုမရှိသလို တရားဝင်လိုင်စင်များလည်းမရှိဘဲ ပြည်တွင်းမှ စားသုံးသူများလက်တွင်း ရောက်ရှိမှသာ ကျန်းမာရေးနှင့် မသင့်လျော်ဘဲ အန္တရာယ်များနေသည်ကို သိရှိရသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးသူများအတွက် စားသုံးသူရေးရာကာကွယ်ပေးရေး ကိစ္စရပ်များမှာ အရေးတကြီး ဖြေရှင်းရမည့် ပြဿနာဖြစ်နေကြောင်း ၎င်းက ဆက်လက် ပြောသည်။
         
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရာတွင် မန္တလေးမြို့မှာ ဂိတ်ပေါက်တစ်ခုကဲ့သို့ ဖြစ်နေသည့်အတွက် ယင်းကဲ့သို့ တရားမ၀င်ကုန်ပစ္စည်းများ၏ ဆိုးကျိုးကို အများဆုံးခံစားနေရကြောင်း ဖြစ်နိုင်လျှင် တရုတ်ပြည်နယ်စပ်မှ သွင်းနေသည့် ကုန်ပစ္စည်းများကို  အမည်မည်းစာရင်း သွင်းပေးစေချင်ကြောင်း မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ယင်းအခမ်းအနားတွင်   ၀င်ရောက်ဆွေးနွေးခဲ့သည်။
         
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခု ရှိနေပြီး ယိုးဒယားနိုင်ငံ နယ်စပ်တွင် ခြောက်ခု၊ တရုတ်နိုင်ငံ နယ်စပ်တွင် လေးခု၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ နယ်စပ်များတွင် နှစ်ခုစီ အသီးသီး ဖွင့်လှစ်ထားသည်။

Author: အေးမွန်ရာပြည့်
7day Daily

SMS Backup & Restore Pro V 7.04 For Android(Latest Version)

Posted by drmyochit Tuesday, March 04, 2014, under | No comments


Android OS ဖုန်းတွေထဲက Message တွေကို တခြားဖုန်းထဲကိုရွှေ့ချင်လို့ Backup ယူထားချင်ရင်ပဲဖြစ်ဖြစ် ၊ ဒီအတိုင်း အပြင်မှာထုတ်ပြီး သိမ်းဆည်းထားချင်ရင်ပဲဖြစ်ဖြစ် ၊ Backup ထုတ်ယူထားတဲ့ Message တွေကိုတခြားဖုန်းထဲပြန်ထည့်ချင်ပဲဖြစ်ဖြစ် အခုပေးမယ့် SMS Backup & Restore Pro v7.04 for Android ကိုအသုံးပြုပြီး Backup လုပ်နိုင်/ Restore လုပ်နိင်ပါတယ်။ Message တွေ Backup ထုတ်ထားချင်တဲ့ဖုန်းမှာရော ၊ Message တွေကိုထည့်ချင်တဲ့ တစ်ဖက်ဖုန်းမှာရော SMS Backup & Restore ဆော့ဝဲရှိထားဖို့လိုအပ်ပါတယ်။ SMS Backup & Restore Pro v7.04 for Android ကို Google Play မှာ 1.99 ဒေါ်လာ နဲ့ဝယ်ယူရရှိနိုင်သလို အောက်ကလင့်ခ် မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။





ရတနာပုံနှင့် True Corp ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Posted by drmyochit Tuesday, March 04, 2014, under | No comments


မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် ရတနာပုံ အများပိုင်ကုမ္ပဏီနှင့် ထိုင်းအခြေစိုက် နာမည်ကျော်ဆက်သွယ်ရေး လုပ်ငန်းစုကြီး True Corporation တို့ အကျိုးတူပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် အကြီးဆုံးဆက်သွယ် ရေးကုမ္ပဏီဖြစ်သည့် True Corp သည် ရတနာပုံ အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရတနာပုံ အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးကလည်း The Voice သို့ အတည်ပြု ပြောကြားသည်။

လက်ရှိ ဆွေးနွေးနေမှုများ အပြီးသတ်နိုင်ခဲ့ပါက ရတနာပုံက ၅၁ ရာခိုင်နှုန်း နှင့် True Corporation က ၄၉ ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ၁၅ နှစ်ကြာ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း ရတနာပုံ အများပိုင်ကုမ္ပဏီထံမှ သိရှိရသည်။

“လောလောဆယ် ကျွန်တော်တို့ ဆွေးနွေးနေဆဲပါ။ အောင်အောင်မြင်မြင် ပြီးသွားရင် ကုမ္ပဏီဘုတ်အဖွဲ့နဲ့ SET (Stock Exchange of Thailand) တို့ကို အသိပေးပြီး ကြေညာသွားပါမယ်” ဟု True Corporation မှ ဘဏ္ဍာရေးအရာရှိချုပ် Noppadol Dej-Udom က ပြောကြားသည်။

ရတနာပုံ အများပိုင် ဆက်သွယ်ရေး ကုမ္ပဏီသည် ယခုလ (မတ်လ) အတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး လိုင်စင်ရယူရန် စီစဉ်ထားပြီး ယခု နှစ်လယ်ပိုင်းတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

“လက်ရှိမှာ သူတို့က အားအနည်းဆုံးလို ဖြစ်နေတော့ သူတို့လည်း အကောင်းဆုံး ပြင်ဆင်နေတာ ဖြစ်မှာပါ။ ပြိုင်ဘက် တွေကလည်း အင်အားကြီးတော့ သူတို့အနေနဲ့ လုပ်သင့်တာကို လုပ်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။

အခြား ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့် MPT ကလည်း အရင်းအနှီးနှင့် နည်းပညာပိုင်း ထပ်မံတိုးချဲ့ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို ရွေးချယ်နေပြီး ယခုလအတွင်း အတည်ပြု ကြေညာဖွယ် ရှိသည်။

Ref & Credit: The Voice Weekly

ပါးစပ်ပိတ် ခေါ်ဆောင်ကာ သားမယား ပြုကျင့်ဟုဆို

Posted by drmyochit Tuesday, March 04, 2014, under | No comments


ထန်းတစ်ပင် မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေသူနှစ်ဦးက သားမယား ပြုကျင့်ခဲ့သည် ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့ သည်။

အဆိုပါနေ့တွင် ထန်းတစ်ပင်မြို့နယ် ကြာအင်းကျေးရွာအုပ်စုနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အစ်မဖြစ်သူနေအိမ်သို့ တစ်ဦးတည်း လမ်းလျှောက်ထွက် လာစဉ် ယခင်က ခင်မင်ရင်းနှီးခဲ့ သည့် ကျော်သူရ(ခ) ငမုတ် (၂၀ နှစ်) နှင့်ရှိုင်းကို(၂၃ နှစ်)တို့ ညီအစ်ကိုနှစ်ဦးတို့က ရွာလယ် လမ်းဘေး ကွင်းစပ် အရောက် ပါးစပ်ပိတ်ပြီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ကျော်သူရ(ခ)ငမုတ်က သားမယား သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း ဆိုကာ ထိုအမျိုးသမီးက ရဲထံတိုင်တန်းခဲ့သည်။

တော်လတဲ့နယ်မြေရဲစခန်းက(ပ) ၁၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်အရေး ယူထားကြောင်းသိ ရသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

မတ် ၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Posted by drmyochit Tuesday, March 04, 2014, under | No comments


မတ် ၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်မြောက်ပိုင်းမှာ တိမ်အနည်း ငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ   တိမ်ကင်းစင်နေပါတယ်။

Slide2မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၅ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၅ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပုံမှန်အပူရှိန်ထက် သိသိသာသာ ပိုနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ လောက်ရှိထိ ရှိတဲ့အတွက် နေပူထဲကို အကာအကွယ်မဲ့ သွားလာခြင်းက တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပုံမှန်ထက် အနည်းငယ် ပိုနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၇ ကနေ ၈ လောက်ထိရှိနိုင်ပါတယ်။

မတ် ၅ ရက်နေ့အတွက် နေ့အပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၈ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။

မတ်  ၅ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။ မိုးရေချိန်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာ ၂၄ နာရီအတွင်း ၁ မီလီမီတာမှ ၂ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့ရဲ့ အနောက်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

From: DVB

တရုတ်နိုင်ငံသား ဘီလီလျံနာများ အံ့သြစရာနှုန်းနဲ့ တိုးတက်လာ

Posted by drmyochit Tuesday, March 04, 2014, under | No comments


Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှု စာရင်း မှာ တရုတ်နိုင်ငံရဲ့ ထင်ပေါ်မှုဟာ ဒီနှစ်ရဲ့ အားအကောင်းဆုံး အလားအလာတစ်ရပ် ဖြစ်နေတယ်လို့ အယ်ဒီတာ Randall Lane က CNBC ကို မတ်လ ၄ရက်နေ့မှာ ပြောသွားပါတယ်။

၂၀၁၄ခုနှစ် စာရင်းမှာ တရုတ်က ဘီလီလျံနာ (၁၅၂)ယောက်ကို မှတ်ပုံတင်သွားပါတယ်။ မနှစ်က (၁၂၂) ယောက်ပဲရှိခဲ့တာဆိုတော့ ၂၅ရာခိုင်နှုန်းတောင် တက်လာတယ်ပေါ့။ ဟောင်ကောင် ကလည်း ဘီလီလျံနာ (၄၅) ယောက်ကို မှတ်ပုံ တင်ထားပါသေးတယ်။

“ဒါဟာ ဒီနှစ်ရဲ့ အကြီးမားဆုံး အလားအလာ ဖြစ်နိုင်ပါတယ်။ တရုတ် ပြည်မကြီးထဲကချည်း လူသစ် ဘီလျံနာ အယောက် (၃၀) ကျော်ရလာတာလေ။” လို့ အယ်ဒီတာ Lane ကပြောပါတယ်။
Ref:cnbc.com
From : Trend Myanmar

BMI ဒီလိုလေး တွက်ချက်ကြမယ်

Posted by drmyochit Tuesday, March 04, 2014, under | No comments


ဆေးပညာမှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရွယ်အစား၊ အလေးချိန်ဟာ ပုံမှန်ရှိ၊ မရှိ သိဖို့အတွက် BMI(Body Mass Index) ခေါ်တဲ့ စံသတ်မှတ်ချက် နှုန်းထားတွေနဲ့ တွက်ချက် ကြတယ်။

Body-ခန္ဓာကိုယ်၊ Mass-အလေးချိန်၊ Index-စံသတ်မှတ်ချက် BMIဆိုတာ ခန္ဓာကိုယ် အလေးချိန်ကို စံသတ်မှတ်ပြီး တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

ဥပမာ အရပ်၅ပေ ရှိတဲ့ လူတစ်ယောက်ရဲ့ ခါးဆိုက်ဟာ ၃၂ ဆိုကြပါစို့။ ဘေးကကြည့်ရင် အရပ်ပုပု၊ ဗိုက်စူစူနဲ့ သူ့ကို ဝတဲ့ အမျိုးအစားထဲ ထည့်ရမှာပေါ့။ ဒါပေမယ့် ခါးဆိုက် ၃၂ ရှိတဲ့ နောက်တစ်ယောက်ရဲ့ အရပ်အမောင်းက ၆ပေရှိရင်တော့ သူ့ကို ဝတယ်မဆို နိုင်တော့ ဘူးလေ။ ဒါဟာဘာလဲဆိုရင် အချိုးချ ကြည့်လိုက်တာပဲ။ ဒီလိုပဲ BMI ဆိုတာ အရပ်အမောင်းနဲ့အလေးချိန်ကို စံသတ်မှတ်ထားတဲ့ unit တစ်ခုနဲ့ အချိုးချ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

စံသတ်မှတ်ချက်အရ

အလေးချိန်- ကီလိုဂရမ်(kg)နဲ့ တွက်တယ်။

အရပ်အမောင်း- မီတာ(m)နဲ့ တွက်ရတယ်။ (cm ကို 100နဲ့ စားရင် metre ရတယ်)

BMI ရဲ့တွက်ချက်ရန် ပုံသေနည်း

BMI=weight(kg)/height(m2)

if you weigh 70 kg and are 1.55 metres tall, your BMI is 70/(1.55 x 1.55), which is 29.

ဥပမာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၅၅ မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMI တွက်ကြည့်တဲ့အခါ ၂၉ ရရှိပါတယ်။

if you weigh 85 kg and are 1.7 metres tall, your BMI is 85/(1.70 x 1.70), which is 29.

ဥပမာ အလေးချိန် ၈၅ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၇ မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMIတွက်ကြည့်တဲ့အခါ ၂၉ ရရှိပါတယ်။

BMI Classed As Health Risk

Less than 18.5 Underweight Some health risk

18.5 to 24.9 Ideal Normal

25 to 29.9 Overweight Moderate health risk

30 to 39.9 Obese High health risk

40 and over Very obese Very high health risk

BMI 18.5အောက်ရှိရင် ပုံမှန်ထက် အလေးချိန်နည်းတယ်။

BMI 25ကျော်ရင် အလေးချိန်များတယ်လို့ သတ်မှတ်ထားတယ်။

BMI 30 ကျော်မှ ဝတယ်လို့ စတင် သတ်မှတ်တယ်။ ရောဂါ ထူပြောနိုင်တယ်။

BMI 40ကျော်ရင် အလွန်အမင်းဝတဲ့ ဖက်ရောက်သွားပြီ။ ဝိတ်လျှော့ဖို့ ကြိုးစား ရတော့မယ်။ ရောဂါထူပြောပြီး အသက်တို တတ်တယ်။

BMI တွက်ကြည့်လို့ 18.5နဲ့ 25အတွင်းဆိုရင် အကောင်းဆုံး အခြေအနေပါပဲ။ ဆက်လက် ထိန်းသိမ်း နိုင်ဖို့သာ ကြိုးစားပါလေ။

ဒေါက်တာ အေးမင်းထူး
မြ၀တီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်