Saturday, March 15, 2014

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ

Posted by drmyochit Saturday, March 15, 2014, under | No comments



အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆နှစ်ရှိ အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော်ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ်ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုးရှိခဲ့သူဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ HIVရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးကတဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIVရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာစိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:wdam.com
Thiha Naing
Trend Myanmar

အမေရိကန်မှရရှိသော သတင်းအချက်အလက်များကြောင့် မလေးရှားလေယာဉ် ရှာဖွေရေး လုပ်ငန်းများ ပျမ်းမျှအနက်ပေ ၁၂၈၀၀ ရှိ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ပြောင်းလဲလာ

Posted by drmyochit Saturday, March 15, 2014, under | No comments

(လေယာဉ်ပျောက် ရှာဖွေရေးအတွက် ပျံသန်းရှာဖွေရမည့် ပုံစံများကို ရေးဆွဲနေသော အင်ဒိုနီးရှားလေတပ် အရာရှိတစ်ဦး)
မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် မပျောက်ဆုံးမီ ဂြိုဟ်တုတစ်စင်းသို့ အချက်ပြမှု လေးနာရီတိုင်တိုင် ပို့လွှတ်ခဲ့ကြောင်း၊ ယင်းအချက်ပြမှုက လေယာဉ်သည် မိုင်ရာချီ၍ ပျံသန်းနေခဲ့ကြောင်း ညွှန်ပြနေသည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

လေယာဉ်သည် မြေပြင်နှင့်ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီးနောက် နာရီများစွာကြာအောင် ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန်၏ သတင်းအချက်အလက်သစ်များ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှား အာဏာပိုင်များသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရှာဖွေရေး လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။

ယခင်ရရှိထားသော အချက်အလက်များအရ ခရီးစဉ် MH370 လေယာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိခဲ့ရခြေ။ "MH370 ဟာ အိန္ဒိယသမုဒ္ဒရာဝေဟင်မှာ လုံးဝပျောက်ဆုံး ခဲ့ပါတယ်" ဟု ယာယီ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြောကြားခဲ့သည်။

မလေးရှား လေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ လေယာဉ်မှ ဆက်သွယ်ရေး စနစ်သည် ရေဒါမှ ပျောက်သွားပြီးနောက် ဂြိုဟ်တုသို့ အချိန်အတော်ကြာသည်အထိ ဆက်တိုက် အချက်ပြခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်သင်္ဘော USS Kidd သည် မလက္ကာရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်နေကြောင်း အမေရိကန် ရေတပ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဖျက်သင်္ဘော USS Kidd ကို မူလက မလေးရှား အနောက်ဘက်ကမ်းရိုးတန်း ထိုင်းပင်လယ်ကွေ့တွင် နေရာချထားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာတွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၁၂,၈၀၀ ပေ (၃၉၀၀ မီတာ) ရှိသည်။

မလေးရှားလေယာဉ်အား ရှာဖွေခြင်း

မတ် ၁၄ သောကြာ

ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်ကို တောင်တရုတ်ပင်လယ်တွင် ရှာဖွေမှုကို မရပ်တန့်သော်လည်း အရှိန်လျှော့လိုက်ပြီဖြစ်ကြောင်း ဗီယက်နမ် အစိုးရက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မလက္ကာရေလက်ကြားသို့ လေယာဉ်နှင့် သင်္ဘောများ စေလွှတ်ပေးရန် မလေးရှား အာဏာပိုင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အစိုးရ၏ အဆိုပါထုတ်ပြန်ချက်သည် လေယာဉ်ရှာဖွေရန် ကြိုးပမ်းအားထုတ်မှု၏ အချက်အချာသည် မလေးရှားအနောက်ပိုင်း၊ မလက္ကာရေလက်ကြားနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့လာသော သင်္ကေတေတစ်ခုဖြစ်သည်။ ယင်းလေယာဉ်အား ရှာဖွေမှု အခြေအနေသည် အရေးပေါ်အခြေအနေမှ ပုံမှန်အခြေအနေသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ဗီယက်နမ်ရှာဖွေရေး ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ငုယင်ငေါ့ဆင်က ပြောကြားခဲ့သည်။

လေယာဉ်ပျောက်ရှာဖွေရေး ဧရိယာကို အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ တိုးချဲ့ထားကြောင်း မလေးရှားက မတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မလေးရှား လေယာဉ်သည် ပျောက်ဆုံးပြီးနောက် နာရီများစွာ ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန် သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ငြင်းဆိုခဲ့သည်။ ယခုအချိန်ထိ ရှာဖွေခဲ့သော နေရာများတွင် လေယာဉ်ကို မတွေ့ရှိခဲ့သောကြောင့် ရှာဖွေရေးဧရိယာကို ချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

Ref:AFP
Eleven Media Group

ပျောက်ဆုံး မလေးရှား လေယာဉ် အိန္ဒိယ သမုဒ္ဒရာ ဘက် တိုးချဲ့ရှာဖွေ

Posted by drmyochit Saturday, March 15, 2014, under | No comments

မလေးရှား လေယာဉ်ပျောက် ရှာဖွေရေးအဖွဲ့ သင်္ဘောရေယာဉ်များဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေကြစဉ်။ (မတ်လ ၁၂၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ရှာဖွေရေးလုပ်ငန်းတွေကို အကြီးအကျယ် နေရာ တိုးချဲ့ လုပ်ဆောင်နေတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။ ခေတ်သစ် လေကြောင်းပျံသန်းမှု သမိုင်း မှာ အထူးဆန်းဆုံး ပဟေဠိတခုကို ဖြေရှင်းနိုင်ဖို့ မလေးရှားနိုင်ငံက ဆက်လက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေတချို့ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ရေဒါထဲကနေ ပျောက်သွား ခဲ့တဲ့ Boeing 777 မလေးရှား ခရီးသည်တင် လေယာဉ်ကို နောက်ဆုံး အဆက်အသွယ် ပြတ်သွား ခဲ့တဲ့ နေရာ ကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယ သမုဒ္ဒရာ အထိ ရှာဖွေမှုတွေကို ဖြန့်ကျက် လုပ်ဆောင်နေတဲ့ အကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီး Hishammudin Hussein က သောကြာနေ့က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်းမှာလည်း အလှမ်းဝေးတဲ့ နေရာတွေအထိ ရှာဖွေမှုတွေ လုပ်နေတယ်လို့ သူက ပြောပါ တယ်။ လေယာဉ် ပျောက်ဆုံး ခဲ့တဲ့ နေရာနဲ့ပတ်သက်တဲ့ သဲလွန်စ သတင်း အချက်အ လက်သစ် တော့ သူက ထပ် မပြောနိုင်ခဲ့ပါဘူး။ ကွာလာလမ်ပူ ကနေ ဘေဂျင်းမြို့ကိုအသွား စနေနေ့က လေယာဉ်ပျောက် သွားခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်း လေယာဉ် ကနေ Satellite ဂြိုဟ်တုကို ဆက်သွယ်တဲ့ အလိုအလျောက် အီလက်ထရောနစ် သတင်းပေးပို့ချက်တွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့လည်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မနေ့က အမေရိကန် အရာရှိတွေ တင်ပြခဲ့တာမှာတော့ လေယာဉ်ရဲ့ အနေအ ထားနဲ့ ပတ်သက်ပြီး ပုံမှန် သတင်းပေးပို့ ဖို့ ကြိုးစားတဲ့ pings လို့ခေါ်တဲ့ ခပ်ဝါးဝါး ဆက်သွယ်ချက် တချို့ကို စတလိုက် ဂြိုဟ်တု ကနေ ဖမ်းယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဆက်သွယ်ချက်တွေ အရ လေယာဉ်ရဲ့ တည်နေရာကို ဖော်ပြနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သလို၊ ဒီ ဆက်သွယ်ချက်တွေ ပေးပို့ချိန်မှာ လေယာဉ် ဟာ ဝေဟင်မှာ ရှိနေ တာလား ဆိုတာလည်း ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

ဒီအတောအတွင်း ကွာလာလမ်ပူမြို့က မူစလင်တွေ စုဝေးပြီး ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ အတူ လိုက်ပါ လာ သူတွေ အားလုံး ဘေးအန္တရာယ်မရှိ အိမ်ပြန်ရောက်လာဖို့ ဆုတောင်းတဲ့ ဆုတောင်းပွဲတခုကို လေဆိပ် အနီးက ဗလီမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပြီ မလေးရှား ၀န်ကြီးချုပ် Najib Razak လည်း ဒီဆုတောင်း ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော

Posted by drmyochit Saturday, March 15, 2014, under | No comments

အိမ်ဖြူတော်ပြောခွင့်ရ Jay Carney သတင်းစာရှင်းလင်းပွဲ။

ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယသ မုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။

ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါ ၀င်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ သမုဒ္ဒရာ ထဲမှာရှိနေတယ်ဆိုတဲ့ အရိပ်လက္ခဏာ တွေ ရထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အမေရိကန် ရုပ်သံလွှင့်ဌာနတွေကို ပြောနေတာပါ။

သူ့အဆိုအားဖြင့် သတင်းအချက်အလက်အသစ်တွေ ရလာတာကြောင့် လေယာဉ်ပျောက် ရှာဖွေရေးကို အိန္ဒိယသ မုဒ္ဒရာမှာ အမေရိကန်က တိုးချဲ့လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ဂျေး ကာရ်နီ (Jay Carney) ကပြောပါတယ်။ အသေးစိတ်ကိုတော့ သူကမပြောပါဘူး။

အိန္ဒိယသမုဒ္ဒရာအထိ ရှာဖွေရေးလုပ်ငန်းကို တိုးချဲ့ဖို့ အတိအကျပြောမထားတဲ့ အခြေအနေတွေက တွန်းပို့ခဲ့ တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်န် ဟူစိန် (Hishammuddin Hussein) က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ထဲက ဝေးလံခေါင်သီတဲ့နေရာမှာလည်း တိုးချဲ့ရှာဖွေနေတယ်လို့ သူကပြောပါတယ်။

ကပ္ပလီကျွန်းနဲ့ နီကိုဘာကျွန်းတွေပေါ်ကနေပြီးတော့ အိန္ဒိယစစ်ဘက်လေယာဉ်တွေက ရှာဖွေနေပါတယ်။ အဲဒီဒေ သဟာ အများ အားဖြင့် လူမနေတဲ့၊ သစ်တောထူထပ်တဲ့ ကျွန်းပေါင်း ၅၀၀ ကျော်ရှိတဲ့နေရာပါ။ အိန္ဒိယသမုဒ္ဒရာ တွင်း ရှာဖွေရေးလုပ်ငန်းမှာ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

Friday, March 14, 2014

MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ

Posted by drmyochit Friday, March 14, 2014, under | No comments



မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။ လေယာဉ်ပေါ် ပါသွား သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” ဟု ၎င်း က ပေကျင်း ဟိုတယ် မှ ပြောကြား လိုက်သည်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိသည်။

Source: AFP
ဓာတ်ပုံ-AFP
Messenger News Journal

၂၀၁၄ မတ်လ ကံကြမ္မာဟောစာတမ်း

Posted by drmyochit Friday, March 14, 2014, under | No comments


တနင်္ဂနွေသားသမီးများအတွက် 

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်း များ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။
အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။


တနင်္လာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။
လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။
ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။
 ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်းများနှင့် တွေ့မည်။

အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။
 ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသား ချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါ များ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံ ပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။

 မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

ကြာသပတေးသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလ မျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်း များကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေး လိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။

အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

သောကြာသားသမီးများအတွက်

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
 ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။
အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။
ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။
 ခါး အောက်ပိုင်းဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။
စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

စနေသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
 မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်း ပြောခြင်း များ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီး စွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေး တတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေး တတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
 ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုး အကြီးအ ကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တ ရာယ်ဖြစ် တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံ တရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

ဆရာဟိန်းတင့်ဇော်ရဲ့ အွန်လိုင်း www.heintinzaw.com  ကနေ ကူးယူပါတယ်။

ဧရာဝတီ

တရုတ်ဂြိုဟ်တုမှ လေယာဉ်အစိတ်အပိုင်းများ ရှာတွေ့သည်ဆိုခြင်းကို မလေးရှားငြင်းဆို

Posted by drmyochit Friday, March 14, 2014, under | No comments

မလေးရှား လေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက တရုတ်ဂြိုဟ်တု၏ အဆိုပြုသော နေရာသို့ လေယာဉ်များဖြင့် သွားရောက်ရှာဖွေခဲ့သော်လည်း မည်သည့်ပစ္စည်း အစအနမျှ မတွေ့ခဲ့ရဟု ကြေညာခဲ့သည်


တရုတ်ဂြိုဟ်တုမှ ထောက်လှမ်းရှာဖွေမှုအရ ရေပြင်ပေါ်တွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းများဟု ယူဆရသည့် အရာများ တွေ့ရှိသည်ဆိုသော သတင်းကို မလေးရှား အာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ မလေးရှား လေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက တရုတ်ဂြိုဟ်တု၏ အဆိုပြုသော နေရာသို့ လေယာဉ်များဖြင့် သွားရောက်ရှာဖွေခဲ့သော်လည်း မည်သည့်ပစ္စည်း အစအနမျှ မတွေ့ခဲ့ရဟု ကြေညာခဲ့သည်။ ထို့ကြောင့် စနေနေ့ကတည်းက ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းလိုင်း ခရီးစဉ် အမှတ်(၃၇၀) လေယာဉ်ကို ရှာဖွေတွေ့ရှိရေး လမ်းစသည် ဒုံရင်းအခြေအနေအတိုင်း ပြန်လည်မှုန်ဝါး ပျောက်ကွယ်သွားခဲ့သည်။

(တရုတ်ဂြိုဟ်တုမှ ထောက်လှမ်းတွေ့ရှိခဲ့သည့် လေယာဉ်ပျက်၏ အစိတ်အပိုင်းဟု ယူဆရသည့် အရာဝတ္တု)



မလေးရှား ပြည်သူ့လေကြောင်းဌာန အကြီးအကဲ ဒါတက်ခ် အက်ဇ်ဟာရူဒင် အက်ဘ်ဒူလ်ရာမန်က ကြာသပတေးနေ့တွင် ဂြိုဟ်တုက ထောက်လှမ်းတွေ့ရှိသည်ဆိုသော နေရာ၌ သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့သည်။ “ဘာမှရှိမနေဘူး။ ကျွန်တော်တို့ အဲဒီနေရာထိ သွားရှာဖြစ်ပါတယ်။ ဘာဆိုဘာမှ ရှိမနေဘူး”ဟု ၎င်းက ဆိုသည်။ ဗီယက်နမ်ရေတပ်မှ တာဝန်ရှိသူများက အဆိုပါ နေရာတွင် မိမိတို့အနေဖြင့် အစောပိုင်းက စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးပြီးဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

(မလေးရှားအစိုးရ တာဝန်ရှိသူများအား မတ်လ ၁၃ ရက်က
ကွာလာလမ်ပူလေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်)

တနင်္ဂနွေနေ့က တရုတ်ဂြိုဟ်တုတစ်စင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြန်လည်စစ်ဆေးရာ တောင်တရုတ် ပင်လယ် တစ်နေရာတွင် အစအနများ ပြန့်ကြဲနေသည့် ပုံရိပ်မျိုးကို တွေ့ရှိခဲ့ရခြင်းဟု သိရ သည်။ ယခုအခါ လေယာဉ်ကို မလေးရှားနှင့် အရှေ့တောင်အာရှ နိုင်ငံအတော်များများက ဖြန့်ကျက် ရှာဖွေနေဆဲဖြစ်ပြီး တရုတ်နိုင်ငံကလည်း အင်တိုက်အားတိုက် ကူညီလျှက် ရှိသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် (၂၃၉)ဦး လိုက်ပါသွားပြီး အများစုသည် တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသားများ ဖြစ်ကြသည်။ လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းရင်း အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။


From: Planet Myanmar Network

ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို

Posted by drmyochit Friday, March 14, 2014, under | No comments

လေယာဉ်နဲ့ ပတ်သက်ပြီး
ဘာသဲလွန်စမှ မရသေးပါလို့ ဆို
ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေ တဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက် ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ် ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့ မလေး ရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

From: BBC

ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား ပစ်ခတ်ခံရ

Posted by drmyochit Friday, March 14, 2014, under | No comments

အစ္စလမ်မစ် အဖွဲ့တွေကို
ရှင်းလင်းပြီးသည့်တိုင်
တိုက်ခိုက်မှု ပေါ်ပေါက်လာ 
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား တစ်စီးကို မျက်နှာဖုံးစွပ် သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ စစ်တပ်အရာရှိ တစ်ဦး သေဆုံး သွားပြီး တခြား ၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ကိုင်ရို မြို့တော်မှာ အခုလို စစ်မှုထမ်းတွေ တိုက်ခိုက် ခံရတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အီဂျစ် စစ်တပ်ကတော့ မတရားအသင်း အဖြစ် ကြေညာခံထားရတဲ့ မူဆလင်ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ချက်ချင်း ဆိုသလို ပြောကြားလိုက်ပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ကတော့ စစ်တပ်ဟာ အရင်တုန်းကလည်း အခုလို စွပ်စွဲမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြီး စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ စစ်တပ် ဦးစီးချုပ် ဖီးမာရှယ် Abdel Fattah al - Sisi ဝင်ပြိုင်မယ်လို့ ကြေညာဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

From: BBC

ယနေ့ခေတ် ယနေ့အခါမှာ လေယာဉ်တစ်စင်းလုံး ပျောက်ဆုံးသွားနိုင်သလား

Posted by drmyochit Friday, March 14, 2014, under | No comments


လမ်းဘေးတစ်နေရာကနေ 911 ကိုဖုန်းခေါ်လိုက်ပါ။ တည်နေရာ ညွှန်ပြနိုင်တဲ့ GPS(Global Positioning System) ဂြိုလ်တုရဲ့ အထောက်အပံ့နဲ့ အကူအညီပေးမယ့်သူတွေ အချိန်တိုအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။

Wifi ချိတ်လိုက်တယ်ဆိုရင်ပဲ မြန်မာနိုင်ငံကနေ အင်တာနက်သုံးနေသလား၊ အမေရိက ကနေ သုံးနေသ လားဆိုတာ Google ကသိတဲ့အပြင်၊ ဘာစားရမှန်းမသိရင် အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်စာ ရင်းတောင် ရှာလို့ရပါတယ်။

ဒါလောက်ကြီး မြန်ဆန်တိကျနေတဲ့ခေတ်မှာ ခရီးသယ် ၂၂၇ ယောက်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက် လိုက်ပါ တဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်အမှတ် MH370 ဘိုးရင်း 777-20 ER တစ်စင်းလုံး အစအန ရှာမရနိုင်သေးဘူးဖြစ်နေတာ ယခုခေတ်နည်းပညာတွေ တိုးတတ်တယ်ဆိုပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ လက်ခံရပါလိမ့်မယ်။

လေယာဉ် ယာဉ်ကြောထိန်းသိမ်းသူတွေဟာရေဒါကတဆင့် လေယာဉ်ရဲ့ ရွေ့လျားမှုကို စောင့်ကြည့်ပြီး ယာဉ်ကြောထိန်းညှိပေးပါတယ်။ ဒါပေမယ့် ရေဒါမှာလည်း စက်ကွင်းဧရိယာကန့်သတ်ချက် ရှိပါတယ်။

ပင်လယ်တစ်ခုရဲ့ အလယ်ဗဟိုမှာ ရေဒါထောင်ထားလို့ အဲဒီပင်လယ်အပေါ် ဖြတ်ပျံတဲ့ လေယာဉ်မှန်သမျှကို ဖမ်းမိမယ်မဟုတ်ပါ။ ဒါ့ကြောင့် ထိန်းချုပ်စခန်းတွေနဲ့ ဆက်သွယ်ဖို့ လေယာဉ်မှူးတွေက ရေဒီယိုလှိုင်း ကတဆင့် ၂ နာရီခြား၊ ၃နာရီခြား သတင်းပို့ခြင်း(Radio Check-in)စတဲ့ အခြားသောနည်းလမ်းတွေ အသုံးပြုရပါတယ်။

သတင်းပို့ချိန် တစ်ခုနဲ့တစ်ခုအကြားမှာ လေကြာင်းထိန်းသိမ်းရေးစခန်းက သက်ဆိုင်ရာလေယာဉ်ရဲ့ တည်နေရာနဲ့ ဘယ်ကိုဦးတည်ပျံသန်းနေတယ်ဆိုတာကို အကြမ်းဖျင်းသဘောလောက်သာ သိနိုင်ပါတယ်။

AP ရဲ့ သတင်းဖော်ပြချက်အရဆိုရင် MH370 ဟာ မပျောက်ဆုံးမီ နောက်ဆုံးအချိန်မှာ စစ်ဘက်ဆိုင်ရာ ရေဒါတစ်ခုနဲ့ ဆက်သွယ်မှုရှိခဲ့တယ်လို့ သိရတယ်။ MH370 ဟာ ဗီယက်နမ်လေပိုင်နက်ထဲ ၀င်လုဆဲအချိန်မှာ Transponder (လျှပ်စစ် signal ကို လက်ခံပြီး အလိုအလျှောက် သတင်းပြန် ကိရိယာ) ကနေ သတင်းပေးပို့မှု ပြတ်သွားခဲ့တယ်ဆိုတာကို သိရတယ်။

Transponder ဟာ ရေဒါနဲ့ တွဲဖက်အသုံးပြုတာကြောင့် မပျောက်ဆုံးသေမီအထိ ပင်လယ်ကမ်းနဲ့ သိပ်မဝေးသေးဘူးဆိုတာ ပြောနိုင်ပါတယ်။

အရေးပေါ်အခြေအနေမှာ လေယာဉ်မှူးတွေက Transponder ကတဆင့် အချက်ပြသတင်း ပေးပို့နိုင် ပါတယ်။ တစ်စုံတစ်ယောက်က Transponder အလုပ်မလုပ်အောင် လုပ်လိုက်လေရော့သလား။ ဘာကြောင့် ဒီလိုလုပ်မလဲ။ နောက်တစ်ခါ သတင်းများအရ သုံးသပ်ရမယ်ဆိုရင် 9/11 အကြမ်းဖက် တိုက်ခိုက် မှုဖြစ်စဉ်တုန်းကလို ခရီးသည်တွေဆီက မိသားစုဆွေမျိုးတွေဆီကို(Distress call) ဖုန်းခေါ်တာ မျိုးလည်း မရှိခဲ့ပါ။

ရေဒီယိုလှိုင်းနဲ့ သတင်းပေးပို့တာလည်း မရှိ။ ဒါကြောင့် စက်ချို့ယွင်းတာပဲဖြစ်ဖြစ်၊ အကြမ်းဖက်သမားတွေနဲ့ လုံးထွေးသတ်ပုတ်ရ တယ်ပဲဆိုဆို သေချာတာကတော့ ဖုန်းခေါ်ဆိုဖို့တောင် အချိန်မရခဲ့ဘူးလို့ ယူဆနိုင်ပါ တယ်။ လျှပ်တပြက်အတွင်းမှာ တစ်ခုခု ဖြစ်သွားသယောင် ရှိပါတယ်။

အမေရိကန် လေကြောင်းလိုင်းများမှ လေယာဉ်များတွင် အရေးပေါ်အခြေအနေတည်နေရာပြသတင်းပို့ကိရိယာ Emergency Locator Transmitter များ တပ်ဆင်ရပါတယ်။

ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဖက်ပျံသန်းရေးအဖွဲ့က ELT များအတွက် သတ်မှတ် စံနူန်းတွေ ရှိပါတယ်။ ကမ္ဘာ့အဆင့်မီလေကြောင်းလိုင်းတွေတိုင်း သူတို့ရဲ့ သတ်မှတ်စံနဲ့ ကိုက်ညီမှုရှိ တဲ့ ELT တွေကိုသာ တပ်ဆင်ကြပါတယ်။ MH370 မှာ ELT ပါမပါ မသိရသေးပါ။

အချို့သော လေယာဉ်တွေမှာ လေယာဉ်တွင်း Wifi ထုတ်လွှတ်ပေးပါတယ်။ MH370 မှာ wifi သာရှိနေခဲ့ မယ်ဆိုရင် ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေဟာ အင်တာနက်ကွန်ယက်ထဲမှာ ရှိနေမှာဖြစ်တဲ့အတွက် တခြားဆက်သွယ်ရေးကိရိယာတွေ ပျက်စီးသွားခဲ့ရင်တောင် လက်ကိုင်ဖုန်းတွေမှာပါတဲ့ GPS ကတဆင့် တည်နေရာကို အခုသိရတာထက် ပိုသိရနိုင်မယ် မျှော်လင့်ရတယ်။

သို့သော် MH370 မှာ လေယာဉ်တွင်း Wifi ပါရှိပုံမပေါ်ပါ။

နောင်ခေတ်များတွင် လေကြောင်းထိန်းသိမ်းရေးကို ဒုတိယကမ္ဘာစစ်ကာလကတည်းက စတင်အသုံးပြုခဲ့တဲ့ ရေဒါစနစ်နဲ့ ထိန်းချုပ်လုပ်ဆောင်တော့မယ်မဟုတ်ဘဲ ပိုတိကျ၊ စက်ကွင်းဧရိယာ ပိုကျယ်တဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးကြတော့မှာ ဖြစ်တယ်။ လက်ရှိအသုံးတွင်နေတဲ့ ရေဒါ/Transponder ပူးတွဲအသုံးပြုမှုကနေ ဂြိုလ်တု/ADS-B ပူးတွဲအသုံးပြုစနစ်ကို သွားနေကြပြီ ဖြစ်တယ်။

ADS-B ဟာ ရေဒါလိုပဲ လေယာဉ်တည်နေရာကို ကြည့်နိုင် သိနိုင်တဲ့ နည်းပညာသစ်တစ်ခု ဖြစ်တယ်။ ADS-B ပါလေ ယာဉ်ဟာ ဂြိုလ်တုကတဆင့် တည်နေရာအပါအ၀င် လေယာဉ်ဆိုင်ရာ အခြားအချက်အ လက်တွေကို မြေပြင်ထိန်းချုပ်ရေးစခန်းတွေဆီကို အချိန်နဲ့တပြေးညီ ဆက်သွယ်သတင်းပို့နိုင်ပါတယ်။

ADS-B စနစ်ကို ကမ္ဘာ့လေကြောင်းလိုင်း အားလုံး အသုံးပြုလာမယ့်တစ်နေ့ မှာတော့ MH370 လို လေယာဉ် တစ်စင်းလုံးပျောက်ခြင်းမလှ ပျောက်သွားတဲ့ အဖြစ်မျိုး ကြုံရတော့မယ် မဟုတ်ပါ။ သမိုင်းမှာ ဘယ်ဆီရောက်မှန်းမသိလိုက်ရတဲ့ လေယာဉ်ပျောက်ဆုံးမှုပေါင်း ၁၀ ခုကျော် ရှိတယ်ဆိုပါတယ်။

ကွာလာလမ်ပူ-ဘေကျင်းခရီးစဉ် ပျံသန်းမယ့် MH370 ဟာ မတ်လ ၈ ရက်နေ့က ထွက်ခွာပြီး ၂နာရီအကြာမှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဒီနေ့ဆို ၅ ရက်ကြာပြီ ဖြစ်ပေ မယ့် အခုအချိန်အထိ ယူဆချက်ပေါင်းများစွာ၊ သို့လောသို့လောပေါင်းများစွာ၊ ၀တ်ပြု ဆုတောင်းပွဲများ စွာနဲ့ မျှော်လင့်နေကြဆဲပါ။

တောင်တရုတ်ပင်လယ်ပေါ် ဖြတ်သန်းနေတုန်း အဆက်အသွယ် ပြတ်သွာတာဆိုတော့ ပင်လယ်ထဲ ထိုးကျသွား တယ်သာဆိုရင် ရက်တွေ ကြာလာလေ ပင်လယ်ရေစီးကြောင့် အစရှာရတာ ပို ပိုခက်ခဲ လာလေပါပဲ။

လေယာဉ်ပျောက်ဆုံးမှုအတွက် အနည်းဆုံ နိုင်ငံပေါင်း ၈ နိုင်ငံက ၀ိုင်းဝန်းရှာဖွေနေကြပြီး အမေရိကန် ထောက်လှမ်းရေးဂြိုလ်တုက ရရှိတဲ့ ဓါတ်ပုံတွေမှာလည်း ဘာသဲလွန်စမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးပြီး နာရီပိုင်းအတွင်းမှာပဲ လေယာဉ်ပျက်ကျမှုများတွင် တွေ့ရလေ့ရှိတဲ့ လောင်စာဆီကွက် ၂ ခုကိုဗီယက်နမ်နိုင်ငံတောင်စွန်းပိုင်း တောင်တရုတ်ပင်လယ်တွင်းမှာတွေ့ရကြောင်း ဗီယက်နမ်လေ တပ်က အတည်ပြုခဲ့ပေမယ့် တခြား ဘာ အစအနမှ မတွေ့ခဲ့ပါ။

တရုတ်အစိုးရအေဂျင်စီတစ်ခုက မတ် ၉ရက်နေ့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ တောင်တရုတ် ပင်လယ်ထဲမှာ လေယာဉ်ပျက်အစအနလို့ ယူဆရတဲ့ အပိုင်းအစ ၃ ခုကို တွေ့တယ်လို့ ဆိုပြန်တယ်။

သို့ပေမယ့် ယနေ့ထက်ထိတိုင် ဂဃနဏ အတည်မပြု နိုင်ကြသေးပါဘူး ခင်ဗျား။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Thursday, March 13, 2014

ထူးဆန်းလေသောကြောက်မက်ဖွယ်ရာ.. Bermuda Triangle ( ဘာမြူဒါ တြိဂံ)

Posted by drmyochit Thursday, March 13, 2014, under | No comments



Bermuda Triangle တည်နေရာ

1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။

History

2ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။

Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)

Compass variations

3 ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။ ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။

Deliberate acts of destruction

4 Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့ ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။

နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Gulf Stream

နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။ အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့ သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။

Human Error

5 နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့ လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။

Hurricanes

6 ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့ ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်းကြောင့် နစ်မြုပ်မှုပါ။

Methane Hydrates

6 နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီးမားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

Rogue Waves

7နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves, monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို Bermuda Triangle မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။

မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များ

Flight 19

8

Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

USS Cyclops

8

ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။

Star Tiger and Star Ariel

9

ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။

Douglas DC-3

10

1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။

MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...
ရွှေမြို့တော်မှ

အလှမယ် နန်းခင်ဇေယျာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကျောင်းတော့မယ်

Posted by drmyochit Thursday, March 13, 2014, under | No comments


အလှမယ် အဖြစ် သီးသန့်ရပ်တည်ဖို့ အခက်အခဲရှိနေတာကြောင့် သရုပ်ဆောင်အဖြစ် ရပ်တည်တော့ မယ်လို့ နန်းခင်ဇေယျာက သူ့ရဲ့ ၂၆နှစ်ပြည့် မွေးနေ့မှာ ပြောလိုက်ပါပြီ။ မြန်မာပြည်မှာ အလှမယ်သီးသန့်အဖြစ် ရပ်တည်ရတာ ဘာတွေခက်ခဲနေပါသလဲ။

Miss International 2012 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် ၁၅ယောက်ထဲ ရွေးချယ်ခံခဲ့ရတဲ့ နန်းခင်ဇေယျာက အပျိုစင်ပညာပေး ဇာတ်ကားနဲ့ ဧပြီညွှန်းစာဆိုတဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့အတူ သရုပ်ဆောင် အနုပညာလောကထဲ ခြေချတော့မယ်လို့ မတ်လ ၁၂ရက်နေ့မှာ ဆိုပါတယ်။

လာမယ့် အနာဂတ်ကို ကြိုတင်မသိနိုင်တာကြောင့် ဖြတ်သန်းရမယ့် ၂၇နှစ်မြောက် ဘဝခရီးလမ်းမှာ အကောင်းဆုံးကြိုးစားမယ်လို့ ကန်တော်ပဲလေ့စ်ဟိုတယ်မှာ ကျင်းပတဲ့ သူ့ရဲ့ မွေးနေ့ပါတီပွဲမှာ အမှတ်တရ ဆိုပါတယ်။

နန်းခင်ဇေယျာဟာ Miss Internet ဆုကို ရွေးချယ်ခံခဲ့ရပြီး အလှမယ်လောကမှာ လမ်းသစ်ဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေများစွာမှာ ပါဝင်ကူညီခဲ့ပြီး ဧည့်လမ်းညွှန်အဖြစ် ရပ်တည်မှုကို အဆုံးသတ်ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်ကို လျှောက်လှမ်းတော့မှာလည်း ဖြစ်ပါတယ်။

Kamayut Media

ပဒိုင်းအရွက်ကို အသုပ်ပြုလုပ် စားသောက်သည့် အမျိုးသမီး (၂)ဦး သေဆုံး

Posted by drmyochit Thursday, March 13, 2014, under | No comments


လဲချား ၊ ၁၂-၃-၂ဝ၁၄

ဆုပ်လျှင်ဆူး ၊ ရှုလျှင်မူး ၊ စားလျှင်ရှုး ဆိုသော စကားအတိုင်း အမျိုးသမီး နှစ်ဦး ပဒိုင်းအရွက် သုတ်ဖြင့် ထမင်းစား ရာမှ သေဆုံးခဲ့မှု ဖြစ်စဉ်ကို ယမန်နေ့ နံနက် ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လဲချားမြို့ ၊ အမှတ်(၁) ရပ်ကွက် ၊ ဦးစိုင်းလောင် ၏ အိမ်တွင် လာရောက် တည်းခိုးပြီး ပန်းရံ လုပ်ကိုင် နေသော မနန်းနန်း ၂၁နှစ် (ဘ) ဦးဘိုကြီး ( ခိုချောင်း ကျေးရွာ ၊တံတားဦး မြို့နယ် နေသူ ) နှင့် မစန်းစန်းတင် ၃ဝနှစ် (ဘ) ဦးကျော်မြင့် ( ရန်ကင်းတောင် ၊ ပုသိမ်ကြီး မြို့နယ် နေသူတို့ နှစ်ဦးသည် ပဒိုင်း အရွက်သုပ်ဖြင့် ထမင်းစား ခဲ့ရာ နှစ်ဦးစလုံး အော့အန် မူးဝေ သဖြင့် လဲချားမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ သော်လည်း မသက်သာ သဖြင့် လွိုင်လင် ပြည်သူ့ ဆေးရုံသို့ လွဲပြောင်း ကုသခဲ့ရာ လွိုင်လင် ပြည်သူ့ ဆေးရုံ၌ နှစ်ဦးစလုံး သေဆုံး သွားသည်။ ပဒိုင်းသီး သုပ်စားသူ အမျိုးသမီး နှစ်ဦးအား ရင်ခွဲ စစ်ဆေးချက် အရ အစာအိမ် နှင့် အူ များ ပြတ်ထွက် နေကြောင်း သိရသည်။

Themyawadydaily

မလေးရှားလေယာဉ် ပျောက်ဆုံးမှု၌ တရုတ်မှ ခန့်မှန်းပေးထားသည့် နေရာများတွင် ဗီယက်နမ်မှ ရှာဖွေ

Posted by drmyochit Thursday, March 13, 2014, under | No comments



မတ်လ ၁၃။

တရုတ်မှ သက်မှတ်ပေးထားသော ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် အမှတ် ၃၇၀၏ အကြွင်းအကျန်များ ကျန်ရှိနိုင်မည့် ဖြစ်နိုင်ဖွယ် နေရာများအပေါ်တွင် ပျံသန်းရှာဖွေခဲ့ရာ၌ မည်သည့် အပျက်အစီး အပိုင်းအစများကိုမှ မတွေ့ရှိခဲ့ရကြောင်း ဗီယက်နမ် ရှာဖွေသူများမှ သတင်းပေးပို့ခဲ့သည်။

ပဟေဋ္ဌိဆန်သည့် မလေးရှားလေယာဉ် ပျောက်ဆုံးမှုကို ရှာဖွေနိုင်မည့် နောက်ဆုံး မျှော်လင့်ချက်များသည် ၎င်းသတင်းကြောင့် ထိခိုက်ခဲ့ရသည်။ မလေးရှားလေယာဉ် အမှတ် ၃၇၀ သည် စနေနေ့က အရှေ့တောင်အာရှ အပေါ်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လေယာဉ်နှင့် လေယာဉ်ပေါ်တွင် ပါရှိခဲ့သော လူပုဂ္ဂိုလ်ပေါင်း ၂၃၉ ဦး၏ ကံကြမ္မာကို မသိရှိရသေးသည့်အတွက် အစိုးရနှင့် လေကြောင်း ထိန်းသိမ်းရေး ကျွမ်းကျင်သူများအား ရှုပ်ထွေးစေခဲ့သည်။

လေယာဉ်ကို ရှာဖွေမှုများမှာ ကြာသပတေးနေ့တွင် ခြောက်ရက်မြောက်သို့ ဝင်ရောက်လာပြီ ဖြစ်သော်လည်း ရှာဖွေရန် ကြိုးစားမှု များမှ အချည်းနှီးပင် ဖြစ်လျက်ရှိသည်။

တရုတ်၏ ဂြိုလ်တုပုံရိပ်များမှ သက်မှတ်ထားသော နေရာများတွင် ဗီယက်နမ်မှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပါရှိသော လေယာဉ်ကို သယ်ဆောင်ဖြတ်သန်းခဲ့ခြင်း ဖြစ်ကြောင်း ဗီယက်နမ်၏ လေကြောင်းထိန်းသိမ်းရေးမှ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဒုန်လူဗန်မှ ပြောဆိုခဲ့သည်။ ကော်မတီ အနေဖြင့် ၎င်းနေရာများတွင်ပင် အခြားတစ်ဖွဲ့အား ထပ်မံစေလွှတ် လေ့လာသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်မံ ပြောဆိုခဲ့သည်။

သံသယ ဖြစ်ဖွယ် လေယာဉ် ပျက်ကျရာ နေရာမှ အစိတ်အပိုင်း တစ်ချို့ကို ဂြိုလ်တုပုံရိပ်များတွင် တွေ့ရှိခဲ့ရကြောင်း တရုတ် အမျိုးသား ကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာနှင့် စက်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းပုံရိပ်များကို လေယာဉ်ပျောက်ဆုံးပြီး နောက်တစ်နေ့ မတ်လ ၉ ရက် ၁၁ နာရီတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ဗုဒ္ဓဟူးနေ့မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်မှ လေကြောင်းထိန်းသိမ်းရေးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့်နား မလေးရှားနှင့် ဗီယက်နမ် တောင်ပိုင်းတို့ အကြားတွင် တွေ့ရှိခဲ့ရသည့် ပင်လယ်ထဲရှိ အရာဝတ္ထုများကို ကြည့်ရှုရန်အတွက် အရှေ့လောင်ဂျီကျူ့ 105.63 နှင့် မြောက်လတ္တီကျု့6.7 ကိုအောဒီနိတ်များကို တရုတ် အေဂျင်စီမှ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

REF: CNN
မြန်မာ့ခေတ်

14.3.2014 to 20.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Thursday, March 13, 2014, under | No comments


တနင်္ဂနွေ

ပျော်ရွှင်စရာ ကောင်းသော ကာလဖြစ်ပါသည်။ လိုချင်တာတွေလည်းရမည်။ စာမေးပွဲလည်း ဖြေနိုင်မည်။ ငွေကြေးလည်း ဝင်မည်။ အလုပ်ကိစ္စ တွေ အဆင်ပြေမည်။ လစာ (သို့) ရာထူးတက်မည်။ ချစ်တဲ့သူထံမှ ချစ်စကား လှလှလေး တွေကြားရပါလိမ့်မည်။ လက်ဆောင်လည်း ရအုံးမှာ ဖြစ်ပါတယ်။ ကဲ သင်ကံကောင်းပြီ စိတ်ချမ်းသာ လိုက်တော့။

အကျိုးပေးဂဏန်း - ၁၊၅၊၄။

အထူးဟော - ကံကောင်းသော နေ့ရက် တွေဖြစ်နေပါလိမ့်မည်။

ယတြာ - လူကြီးမိဘကို ကန်တော့၍ ဆုတောင်းလိုက်ပါ။

 တနင်္လာ

သင့်အတွက် အကောင်းဆုံး တုံ့ပြန် မှု့လေးတွေ ရမည့်ကာလ ဟု သတ်မှတ်လိုက်ပါ။ သင်က မှန်ကြည့်ပြီး ပြုံးပြခဲ့သလို ရှိဘူးသူတွေက သင့်ကို ပြန်ပြုံး ကြပါလိမ့်မည်။ သင်လုပ်သမျှ တွေ အဆင်ပြေပါလိမ့်မည်။ သင်ဖြေနေတဲ့ စာမေးပွဲတွေ မုချအောင်မြင်ပါမည်။ အတိုက်အခံ တွေ ကြုံလာနိုင်ပေမဲ့ သင်က အောင်မြင်သူ မုချ ဖြစ်လာပါလိမ့်မည်။ အခက်အခဲတွေ လည်း လွယ်ကူ စွာ ကျော်လွှားနိုင်ပါလိမ့်မည်။ ချစ်သူထံမှ စာ ၊ လက်ဆောင်ရပါမည်။ ကျန်းမာရေးကောင်းနေပါမည်။ အလုပ်ကိစ္စ အဆင်ပြေလိမ့်မည်။

အကျိုးပေးဂဏန်း - ၅၊၁၊၃။

အထူးဟော - ကံကောင်းမည်။

ယတြာ - တနင်္လာနေ့ မှာ ငါးအရှင် ၁၅ ကောင် ကို ဝယ်လွှတ်ပါ။

အင်္ဂါ

စူးစမ်းမှု ၊ စွန့်စားမှု ၊ စမ်းသပ်မှု တွေ များစွာ လုပ်ဖြစ်ပါလိမ့်မည်။ ကြိုးစားမှု ကောင်း၍ တိုးတက် မှု့မုချရပါမည်။ အလုပ်တွေ များနေမည်။ လက်ရှိ အလုပ်အပြင် အခြား စီးပွားရေး တစ်ခုလုပ်ဖြစ်မည်။ မြေ ၊ အိမ် ကိစ္စတွေ လုပ်ဖြစ်မည်။ သူများ အတွက် ရော ၊ ကိုယ့်အတွက် ပါ အောင်မြင်လာလိမ့်မည်။ ခရီးဝေးတွေ ရောက်မည်။ ခြေ ၊ လက် ခိုက်မိတတ်၍ ဆင်ခြင်ပါ။ ကား ၊ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ငွေစုလိုက် ရကိန်းရှိနေတယ်။ ချစ်သူတွေ များနေမယ်။ ချစ်သူဟောင်း က စိတ်ဆိုးမယ် အသစ်က လာကပ်နေလိမ့်မည်။ မခွာနိုင်လျှင် ယူရတတ်သည်။ စာမေးပွဲ ဖြေနိုင်မည်။ အောင်မြင်မည်။ ရင်းနှီးမြုပ်နှံမှု့ ကောင်းမယ်။

အကျိုးပေးဂဏန်း - ၆၊၂၊၄။

အထူးဟော - အနောက်အရပ် ခရီး ဘာမှ မလုပ်နှင့်။

ယတြာ - အုန်းဆွမ်း ဘုရားကို ကပ်ပါ။

ဗုဒ္ဓဟူး

          ရည်ရွယ်ချက်တွေ များမည်။ အလုပ်တွေ များမည်။ အောင်မြင်မှု့ရမည်။ ကြိုးစားမှု့ကောင်းသည်။ သတင်းကောင်းကြားရမည်။ စက် ၊ မြေ ၊ အိမ်တို့ ဝင်မည်။ ငွေဝင် ၊ ငွေထွက် ကြမ်း မည်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ အချစ်ရေးမှာ မလည်ရှုပ် မလုပ်နှင့်။ ပြဿနာ တက်သွားမည်။ ချစ်သူရဲ့ လှည့်စားမှု့ခံရမည်။ စာမေးပွဲ အောင်မြင်မည်။ ကျန်းမာရေး ဝမ်းနှင့်ပတ်သက်၍ ဂရုစိုက်ပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ခေတ္တခွဲနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အန္တရာယ်မရှိဘဲ ကံကောင်းသွားလိမ့်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် ဘုရားကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

သင်စိတ်ဓာတ်ကြံ့ခိုင်မှု့ ရှိပြီးဆုံးဖြတ် ပြီးလျှင် လုပ်ဖြစ်မည်။ တကယ်လုပ်၍ အဟုတ် ဖြစ်မည်။ အပေါင်းအသင်း၏ အကူအညီ ရမည်။ မမျှော်လင့်သော အလုပ် ၊ ခရီးဆောင်ရွက် ဖြစ်မည်။ ရုတ် တရက် ထိခိုက်အနာတရ ဖြစ်ကိန်းရှိ၍ ကား ၊ ဆိုင်ကယ် ဂရုစိုက် မောင်းပါ။ အချစ်ရေး နှင့် ပညာရေး မရောစေနှင့်။ စာမေးပွဲအောင်မြင်မှု့ တော့ရမည်။ ထူးချွန်မှု့ရမည်။ ကြိုးစားပါ။ ဆုတွေ ရအောင်ကို အောင်မြင်မှု့ရမည်။ လူခင်ခြင်း မုန်းရတတ်၍ ဂရုစိုက်ပါ။ မမျှော်လင့်သော နေရာက ငွေရမည်။ မရွည်ရွယ်သော သူထံမှ အချစ်ရေး ဆိုခြင်းခံရမည်။

အကျိုးပေးဂဏန်း - ၅ ၊ ၃ ၊ ၁။

အထူးဟော - ရည်ရွယ်ချက်ကြီးလေ အောင်မြင်မှု့ကြီးလာလေဖြစ်မည်။

ယတြာ -မွေးနေ့ တွင် အိမ်ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

သောကြာ

စိတ်ဓာတ်ပြောင်းလဲမှု့တွေ ဖြစ်လာမည်။ လုပ်ငန်း နှင့် ပတ်သက်၍ ကောင်းသတင်းတွေကြားရမည်။ ခရီးယာယီ ၊ ခရီးဝေးတွေ သွားရလိမ့်မည်။ အကြီးအကဲ အကူအညီ တွေ ရမည်။ စီးပွားရေး ကိုယ်ပိုင် အလုပ်တွေ လုပ်ရမည်။ လုပ်လျှင် ကောင်းသည်။ အချစ်ရေး အိမ်ထောင်ရေးမှာ ရက်တို မစဉ်းစား နှင့်။ နှစ်ရှည်အထိ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဆန္ဒမစောနှင့် ။ အတိုက်အခံ တွေ ကျော်လွှားနိုင်မည်။ သင့် ၁ယောက် အတွက် မကြည့်နှင့် သင့်မိသားစု ကို ငဲ့လိုက်ပါ။ မှားနေသော လမ်းကို မှန်အောင်မြင်ရမည့် ကာလဖြစ်နေသည်။ စက်ပစ္စည်း ချို့ယွင်း တတ်သည်။ ပစ္စည်း မေ့ပျောက်တတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၆၊၁၊၈။

အထူးဟော - အမြင်မှန်ရလိမ့်မည်။

ယတြာ - သောကြာနေ့ နံနက်တွင် အိမ်ရှေ့လမ်းကို ပြင်လိုက်ပါ။

စနေ

ရည်ရွယ်ချက်တွေ က များနေမည်။ တစ်ခုပြီး မှ တစ်ခုလုပ်ပါ။ အောင်မြင်လိမ့်မည်။ စာမေးပွဲ ဖြေဆိုမှု့ လည်း မုချအောင်မြင်ပါမည်။ ကြိုးစားမှု့လည်း ကောင်းနေမည်။ ခရီးဝေးတွေ လည်း ရောက်မည်။ ကိုယ့်အတွက် မိဘ ၊ သားချင်း အတွက် ငဲ့တတ်သူ ဖြစ်၍ အမှားနည်းပါတယ်။ အချစ်ရေး စဉ်းစား စရာတွေ များလာမည်။ ကိုယ်ချစ်တဲ့သူ တွေမှာ မိဘ သဘောမတူ တာတွေဖြစ်နေမည်။ သို့သော် မကြာမှီသဘောတူလာမှာပါ။ သင်သည် မကြာမှီ ကာလတွင် အကောင်းဆုံး လုပ်ဆောင်မှု့ ပြုလာမည့် သူ ဖြစ်လာလိမ့်မည်။ ပညာရေး သော်လည်းကောင်း ၊ စီးပွားရေး သော်လည်းကောင်း ထူးချွန်စွာအောင်မြင်မည်။ ကံဇာတာ ကောင်းလာသည်။ အောင်မြင်မှု့ ပန်းတိုင် နီးပါပြီ။ ထိုးဖောက် အောင်မြင်မည် ဖြစ်ပါသည်။ ကြိုစားထားပါ။ ကောင်းသတင်း ထပ်မံ ကျော်ကြားပါလိမ့်ဦးမည်။

အကျိုးပေးဂဏန်း - ၇၊၉၊၁။

အထူးဟော - တကယ်လုပ် အဟုတ် ဖြစ်လိမ့်မည်။

ယတြာ - စနေနေ့ နံနက်တွင် နှင်းဆီ ပန်း (၇) ပွင့်ကို အိမ်က ဘုရား ကို ကပ်၍ ဆုတောင်းလိုက်ပါ။

BY ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST)
မြစ်မခမီဒီယာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်