Saturday, March 22, 2014

မြန်မာ စပါးကြီးေ မြွတွေရဲ့ မှတ်ဉာဏ်

Posted by drmyochit Saturday, March 22, 2014, under | No comments

ဖလော်ရီဒါ ပြည်နယ်မှာ ရှင်သန် ပေါက်ဖွား နေတဲ့ မြန်မာ စပါးကြီး ခေါ် စပါးအုံးေ မြွကြေီး တွေဟာ မွေးရပ်ကို ခင်တွယ် တဲ့ စိတ်ရှိတယ်လို့ သုတေသီတွေက မကြာခင်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

The Royal Society journal Biology Letters ပါ ဆောင်းပါး တပုဒ် အရ ပင်လယ် လိပ်ကြီးတွေနဲ့ အလားတူ မြန်မာ စပါးကြီးေ မြွကြေီးတွေဟာလည်း နေရပ်ရင်း ပြန်နိုင်တဲ့ မှတ်ဉာဏ် စွမ်းအား ရှိတယ်လို့ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တောင်စွန်းက ပူနွေးတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ပေါက်ပွား ပေါများ နေတဲ့ မြန်မာေ မြွကြေီး တွေကို ဖမ်းမိလို့ တနေရာမှာ သွားလွှတ် ပေးလိုက်ရင်လည်း သူတို့မူလ လာတဲ့အရပ်ကို မိုင်အတော် ဝေးတဲ့ထိ ပြန်သွား နိုင်တယ်လို့ တွေ့ရှိ ခဲ့တာပါ။

ဘီဘီစီ(မြန်မာပိုင်း)

မလိုချင်ဘဲ ကိုယ်ဝန်မရအောင် သန္ဓေတားနည်းများ

Posted by drmyochit Saturday, March 22, 2014, under | No comments


သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သောအခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက်မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ်ရပါသည်။ သန္ဓေတားနည်းတစ်ခုခုကို ရွေးချယ်တော့မည်ဆိုလျှင် မိမိရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှုရှိရဲ့လားဟု စတင်စဉ်းစားရပါမည်။

မိမိရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှကာကွယ်ပေးနိုင်မည်လဲ။ ဤအချက်ကို သိရှိရန်အတွက် မိမိရွေးချယ်မည့် သန္ဓေတားနည်းကို အသုံးပြုလျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေမည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိသွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်များလျှင် သင်ရွေးချယ် မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက်ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက်ချရပါမည်။

အကယ်၍ သင်တို့စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို လုံးဝလက်မခံနိုင်သော သူများဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတားနည်းလမ်းကို အသုံးပြုသင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာပါကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံနိုင်သည်ဆိုပါက ထိရောက်မှုနည်းပြီး သက်သောင့်သက်သာရှိသော သန္ဓေတားနည်းလမ်းကို အသုံးပြုနိုင် ပါသည်။

မိမိအသုံးပြုလိုသည့် သန္ဓေတားနည်းလမ်းသည် ထိရောက်မှုရှိ/မရှိ ရွေးချယ်ဆုံးဖြတ်ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျစရိတ်ကို စဉ်းစားရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိတတ်နိုင်သည့် ပမာဏအတွင်း ရှိနေရန် လိုအပ်ပါသည်။ နောက်ထပ် စဉ်းစားရန်တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ်သောက်တတ်သူ အမျိုးသမီးဖြစ်ပါက သန္ဓေတားသောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။

အမျိုးသားဖြစ်သူ၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ သင်၏အမျိုးသားသည် သင်ရွေးချယ်သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။

HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှုရှိပါသည်။

အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။

သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)
၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)
၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။

၁။ အကာအကွယ် အသုံးပြုခြင်း
(က) ကွန်ဒုံး
ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူရရှိနိုင်ပါသည်။ အချို့ဆေးခန်းများတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။

(ခ) သားအိမ်ခေါင်းဖုံး
သားအိမ်ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေအဖုံးဖြစ်ပြီး အဖိုသုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။

(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း
သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့်စိမ်ထား ပါသည်။ လိင်ဆက်ဆံခြင်းမပြုမီ သုတ်ပိုးသတ်သည့်ဂွမ်းကို စွတ်စိုအောင်ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။

၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း
ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။

ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။

အရေပြားပေါ်တွင် ကပ်ခွာပုံစံဖြင့် ကပ်ထားနိုင်သည့် သန္ဓေတားနည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းဓာတ်များကို အဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေ တားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများကဲ့သို့ပင် ကပ်ခွာပုံစံသည်လည်း ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်းဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။

Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတားပစ္စည်းများလည်း ရှိပါသည်။ IUD သည် သေးငယ်သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါးကိရိယာတစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ်အတွင်းသို့ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်းပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင်ဟော်မုန်း ပမာဏ အနည်းငယ်ထုတ်လွှတ်ပေးအောင် ဖန်တီးထားပါသည်။ IUD တစ်ကြိမ်ထည့်သွင်းထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတားပစ္စည်းအဖြစ် အသုံးပြုနိုင်ပါသည်။

IUD အသုံးပြုခြင်းသည် ထိရောက်သော သန္ဓေတားနည်း တစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန်ရရှိနှုန်း တစ်နှစ်အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက်နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ်ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင်ပါသည်။ ပရိုဂျက်စတင်ဟော်မုန်း ထည့်သွင်းထားသော IUD များသည် သားအိမ်အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန်မဟုတ်ဘဲ သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ ၎င်းသန္ဓေတားနည်း အသုံးပြုသူအမျိုးသမီးဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ်လိုက်လျှင် သွေးပေါ်ပါသည်။

၃။ သားကြောဖြတ်ခြင်း
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေးမယူတော့ရန် သေချာသောအခါ ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ်အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ်နိုင်ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက်ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်မှ သားဥပြွန်နှစ်ချောင်း ကို ဖြတ်တောက်ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ်နိုင်ပါသည်။

၎။ မမှန်ကန်သောနည်းလမ်းများ
တချို့ အမျိုးသားများသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ရှိကြပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကလေးမရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသားအင်္ဂါမှထွက်သော အကျိအချွဲတွင် သုတ်ကောင်အနည်းငယ် ပါဝင်နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန်ရရှိစေနိုင်ပါသည်။

တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီးအင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန်မရနိုင်ဟု မှားယွင်းစွာ မှတ်ယူတတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀) အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီးဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလအတွင်း လိင်ဆက်ဆံလျှင် ကလေးမရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက်နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန်ရရှိနိုင်ခြေ ရှိပါသည်။

ကလေးမလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆများကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေတားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေတားသည့် နည်းလမ်းများအကြောင်း ပိုမိုသိရှိလိုပါက တတ်ကျွမ်းနားလည်သည့် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက် တိုင်ပင်သင့်ပါသည်။

အကယ်၍ သင်သည် သန္ဓေတားနည်းတစ်မျိုးမျိုးကို အသုံးမပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိလျှင်သော်လည်းကောင်း၊ ကွန်ဒုံးအသုံးပြုသော်လည်း ကွန်ဒုံးပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့်အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါသည်။ စာဖတ် ပရိသတ်များ မှန်ကန်သောနည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။

mwd

လေယာဉ်ပျောက် ရှာဖွေနေတဲ့ အမေရိကန် စစ်လေယာဉ်ပေါ်က သတင်းပို့ချက် (ရုပ်/သံ)

Posted by drmyochit Saturday, March 22, 2014, under | No comments


ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကြီးကို ရှာနေကြဆဲပါ။

စတုရန်း ကီလိုမီတာ သောင်းနဲ့ချီ ကျယ်တဲ့ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း ရေပြင်ကျယ်မှာ ဂြိုဟ်တုဓာတ်ပုံထဲက အပျက်အစီးလို့ ထင်ရတဲ့ အရာတွေကို ရှာနေပေမယ့် မတွေ့ရသေးပါဘူး။

အဲဒီလို ရှာနေကြတဲ့ အဖွဲ့တွေထဲက အမေရိကန်စစ်တပ်ရဲ့ ရှာဖွေရေး လေယာဉ်ပေါ်ကို ဘီဘီစီက လိုက်ပါနိုင်ခဲ့ပါတယ်။

သူတို့ ဘာတွေလုပ်နေသလဲ၊ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

BBC Burmese

လူအိုတစ်ယောက်ကို အမှိုက်လို စွန့်ပစ်တဲ့ ခေတ်ကြီး လား

Posted by drmyochit Saturday, March 22, 2014, under | No comments


Friday, March 21, 2014

မန္တလေးမြို့လယ်၊ ဒေါင်းတောင်းလို့ခေါ်ကြ တဲ့ တစ်နေရာ။ လမ်းထောင့်မှာ အမှိုက်ပစ်စရာ ကန်တစ်ခုရှိ တယ်။ ည အမှောင်ကို အခွင့် ကောင်းယူပြီး အဘွားအိုတစ်ယောက်ကို အဲ သည်အမှိုက်ကန်ထဲ စွန့်ပစ်ထား တယ်။ အဘွား အို ခမျာ ချမ်းရှာလို့ ရရာပီနန်အိတ်ခွံဟောင်း တွေကို ခြုံပြီး ကွေးနေတယ်။
လမ်း မီးတွေ မလင်းတော့ ပတ်ဝန်းကျင်က မှောင်မှောင်။ မြို့လယ်ကောင်ပေမဲ့ အန္တရာယ်ကို လွယ်မထားနိုင်သူတွေက အမှိုက်ကန်မှာ ရှူရှူ ပန်း ကြတယ်။ ပီနန်အိတ်ခွံခြုံထားတဲ့ အဘွားအို က စိုတိစိုစွတ်။ မနေသာတဲ့အခါ လူးကာလွန့် ကာ တွန့်မိ တယ်။

လှုပ်နေတဲ့ ပီနန်အိတ်ခွံဖြူဖြူကို တွေ့မြင်မိ သူတွေက ချမ်းမြသုခလူမှုကူညီရေးအသင်းကို ဆက်သွယ်လို့ အဘွားတစ်ယောက် အမှိုက်ဘဝ က လွတ်မြောက်ခဲ့ရတယ်။ နာမှုကူညီရေး၊ ကျန်းမာမှုကူညီရေး၊ သက် ကြီးရွယ်အိုများကို စောင့်ရှောက်ရေးလုပ်ငန်း တွေ လုပ်နေတဲ့ ချမ်းမြသုခလူမှုကူညီရေးအ သင်းဟာ စွန့်ပစ်ခံလူအိုတွေ တွေ့ရတာ များလာ လို့ သူတို့အတွက် နားခိုစရာ ဘိုးဘွားရိပ်သာ တစ်ခုကို တည်ထောင်ထားရပြန်ပါတယ်။ဘိုးဘွားရိပ်သာအပိုင်းမှာ အဓိက တာဝန်ယူ လုပ်အားပေးနေသူက မခင်မာနွယ်ဖြစ်ပါတယ်။ ရွှေဆံကိုင်ဘုရားဝင်းထဲက သူတို့ရိပ်သာကို ကျွန် တော် အလည်သွားတယ်။

အဆောက်အအုံကို ကိုဝေဇင်၊ မကြည်သာဆွေတို့က တာဝန်ယူဆောက်ပေးထားတာ။ အ ဘွား ၁၀ ယောက် ကျယ်ကျယ်ဝန်းဝန်း နေထိုင် နိုင်တယ်။ ဒါပေမဲ့ အဘိုးအဘွားတွေက ထပ်ခါ ထပ်ခါတိုးလာနေလို့ ရိပ်သာအဆောက်အအုံကို ထပ်ချဲ့နေရတယ်။ အဘိုးများအတွက် အဆောင်သစ် တစ်ဆောင်ကို ဝင်း ဦးထုပ်မိသားစုရဲ့ ကောင်းမှုနဲ့ အသစ်ဆောက်နေတာ တွေ့ရပါ တယ်။

မခင်မာနွယ်နဲ့အတူ အဘွားအဆောင်ထဲကို ကျွန်တော်ဝင်သွားတယ်။ အဘွားတွေက အဝတ် အစား သန့်သန့်ပြန့်ပြန့်။ သနပ်ခါးကိုယ်စီနဲ့။ ကျွန် တော်က အသက် ၈၂ နှစ်အရွယ် အဘွား ဒေါ် တင်ကြည်ရဲ့ခု တင်ဘေးမှာထိုင်ပြီး သူ့ အ ကြောင်းကို မေးတယ်။ ဒေါ်တင်ကြည်က ရပ်ကွက်တကာလည်ပြီး မုန့်စိမ်းပေါင်းရောင်း ခဲ့သူဖြစ်တယ်။ တစ်ရက်မှာ တော့ သူများရန်ဖြစ်နေတာကို ဖျဉ်တဲ့အနေနဲ့ ဝင် ဆွဲရာက သူလဲကျပြီး ဒဏ်ရာရသွားတယ်။ “နောက်က ဝင်ဆွဲတာ ဖင်နဲ့ပေါက်မိပြီး လဲ ကျလို့ တင်ပါးခွက်လျှောပြီး လမ်းမလျှောက်နိုင် တော့ဘူး”လို့ သူက ပြောတယ်။

သူနေတာက သူငယ်ချင်းအိမ်အဖီလေးမှာ ကပ်နေတာ။ အိမ်ရာထဲ လှဲနေရတော့ ဈေး မရောင်းနိုင်တော့ဘူး။ သွားချင်ရင် ဖင်တရွတ် တွန်း သွားရတယ်။ သူက သားထောက်သမီးခံ မရှိတဲ့ တစ်ခုလပ်။အသက်မွေးဝမ်းကျောင်းဖို့အတွက် နေတဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘုရားကြီးတောင်ဘက်မုခ် ကို လေးချောင်းထောက်နဲ့ ထောက်ထောက်ပြီး ဟိုနား နား၊ သည်နား နားနဲ့ သွားတယ်။ တောင်း ရမ်း စားတယ်။ လူပေးသူပေးနဲ့ ငွေစကြေးစရတဲ့ အခါ ဆိုက်ကားငှားပြီး အိမ်ကိုပြန်ရတယ်။
“သူတောင်းစားက ဆိုက်ကားငှားစီးပြန် တယ်လေ”လို့ အဘွားဒေါ်တင်ကြည်က ပြောပြီး ရယ် တယ်။
“အလှူခံစကတော့ ရှက်သေးတယ်၊ ခေါင်း ကြီး ငုံ့ထိုင်နေတာ၊ နောက်တော့ ထူးပါဘူး၊ အ လှူခံစားတာက ခိုးစားတာမဟုတ်ဘူး၊ လှူနိုင် ရင် လှူခဲ့ကြပါဦးလို့ လေသံလေးနဲ့ပြောတာ၊ ရပ် ဝေး ဘုရားဖူးတွေက ထည့်ကြပါတယ်”လို့ ဆက်ပြောတယ်။

သူ့ကိုနေခွင့်ပေးထားတဲ့သူငယ်ချင်းအိမ်ရှင် ရဲ့မြေးကလေးက အိမ်ထောင်ကျပြီ။ အဘွား ဒေါ် တင်ကြည်နေတဲ့အဖီလေးက သူတို့မောင်မယ်ရဲ့ စက်ရာဖြစ်သွားတော့ အဘွားခမျာ ဘုံပျောက် တယ်။ ချမ်းမြသုခဘိုးဘွားရိပ်သာကို သိမြင်သူ တွေက ဆက်သွယ်ပေးတယ်။
ဒေါ်တင်ကြည်က သနပ်ခါးအဖွေးသားနဲ့။ သူ့ကို ချမ်းမြသုခက တွေ့လို့ခေါ်ခဲ့စဉ်က အခြေ အနေကို မခင်မာနွယ်က ပြောပြတယ်။

“သူက ကိုယ့်ကိုယ်ကိုလဲ မနိုင်တော့ အညစ် အကြေးတွေနဲ့ ပေကျံညစ်ပတ်နေတာ၊ အနံ့ အ သက်တွေနဲ့၊ ဒီရောက်တော့ ရေချိုးပေးရ တယ်၊ သူဝတ်လာတဲ့အဝတ်အစားတောင် ချက်ချင်း လွှင့်ပစ်ရတာ၊ နံစော်နေလို့”
ကျွန်တော်က နောက်ထပ်အမည်တူ ဒေါ် တင်ကြည်တစ်ယောက်ရဲ့ ခုတင်အနီးကို ကူးခဲ့ တယ်။ နာမည်တူနှစ်ယောက်မို့ သူ့ကို ဒေါ်တင် ကြည် (ကြီး) လို့ ခေါ်တယ်။

ဒေါ်တင်ကြည်ကြီးက လေဖြတ်ထားတယ်။ ရှမ်းစုမီးရထားမြေပေါ်မှာ သားအမိ ဖြစ်သလို တဲ ထိုးနေခဲ့တယ်။ သားက မီးရထားဝန်ထမ်း။ သား ဆုံးသွားတော့ တစ်ယောက်တည်း ကျန်ရစ် တယ်။ အနီးအနားက သံယောဇဉ်ရှိသူက ထမင်း ဟင်း ကျွေးထားတယ်။ ကျွေးမွေးနေသူတွေ တောင်ငူကိုပြောင်းရတော့ အဘွားဒုက္ခတွေ့ပြီ။ ချမ်းမြသုခက သတင်းကြားလို့ သွားခေါ်တဲ့ အ ကြောင်း မခင်မာနွယ်က ပြောပြတယ်။ (မန္တလေး သူ မခင်မာနွယ်က ကျွန်တော် နာမ်စားကိုသုံးပြီး ပြောပါတယ်။)

“သူ့သားခေါင်းချတဲ့နေရာမို့ လုံးဝမလိုက် နိုင်ဘူးတဲ့၊ ကျွန်တော်တို့က အမေကြီးကို သွား ချော့ရတာပေါ့၊ ဒီမှာ သားသမီးတွေလိုပါပဲပေါ့၊ ဒါနဲ့ မျက်ရည်စက်လက်နဲ့ လိုက်လာတာ”
“လိုက်လာတုန်းက ငိုပြီးလိုက်လာတာ၊ ခု တော့ ပျော်နေပြီ”လို့ အဘွားက ပြုံးပြုံးကြီး ပြော တယ်။
အဘွား ဒေါ်တင်ကြည်ကြီးမှာ နားကပ် တစ်ရန်ရှိပါတယ်။ ဒါလေးကို အသေဆုပ်ထား တာ။ တစ်နေ့နေ့မှာ သူသေခဲ့ရင် သင်္ဂြိုဟ်စရိတ် လုပ်ဖို့ ပါ။ ဒါပေမဲ့ အခုတော့ သူက ရောင်းပစ်ချင် နေပြီ။
“ကျွန်တော်တို့ဆီမှာနေရတာ စားရတာ ပူ စရာမလိုတော့ဘူးဆိုတော့ နားကပ်လေးကို ရောင်းပေးပါတဲ့၊ မနေ့ကပဲ သူ့သားလေးဆုံးတဲ့ ရက်မို့ ချမ်းမြသုခအသင်းကို (ကျပ်) ၅၀,ဝ၀ဝ လှူချင်တယ်ဆိုပြီး လှူလိုက်တယ်”လို့ မခင်မာ နွယ်က ပြောပြတယ်။

ကျွန်တော်က အသက် ၉၀ အရွယ် အဘွား ဒေါ်ပု ခုတင်အနီးကိုသွားတယ်။ အဘွားက မျက်စိမမြင်ဘူး၊ နားလည်းလေးတယ်။ သူ့ အ ကြောင်းက ဇာတ်ဆန်တယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ အသင်းအတွင်းရေးမှူး ဦးလှ အောင်က ဖြစ်ရပ်ကို ပြန်ပြောပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး အနောက်မုခ် က တံတိုင်းဘေးမှာ မျက်မမြင်ဒေါ်ပုက အဖီချနေ ပြီး ဘုရားစောင်းတန်းမှာ တောင်းရမ်း စား သောက်နေတယ်။ တစ်ရက်မှာ မျက်မမြင်ရဲ့ရင် ခွင်ထဲကို လူတစ်ယောက်က မွေးကင်းစမိန်းက လေးတစ်ယောက် ထည့်သွားတယ်။ သူက မွေး စားပြုစုထားတာ ငါးနှစ်သမီးအရွယ်ရောက်လာ တယ်။ မိန်းကလေးကို ထမင်းဆိုင်တစ်ဆိုင်က တောင်းယူပြီး သမီးအဖြစ် မွေးစားလိုက်တယ်။ သမီးလေးက ယခု ၁၄ နှစ်သမီးဖြစ်နေပြီ။ အဘွား ကတော့ တံတိုင်းဘေးက အဖီလေးထဲမှာ နေရ တယ်။

အခုတော့ အဘွားဒေါ်ပု ချမ်းမြသုခမှာ အေး ချမ်းစွာ နေထိုင်နေရပါပြီ။
ဒေါ်သန်းညွန့်က ကုန်သွယ်ရေးဝန်ထမ်း ဟောင်းပါ။ လုပ်သက် ၁၀ နှစ်ပြည့်ဖို့ တစ်လ အ လိုမှာ ပိုလျှံဝန်ထမ်းဖြစ်ရလို့ ပင်စင်မရဘူး။ ဈေး ရောင်းစားတယ်။ ဦးနှောက်နဲ့အာရုံကြော အား နည်းလို့ ဆေးသောက်နေရတာ ဆေးဖိုးက တစ် လ ကျပ် ၃၀,ဝ၀ဝ။ အပျိုကြီးမို့ မှီခိုစရာ မရှိဘူး။ ဒါကြောင့် အစိုးရဝန်ထမ်းဟောင်းက ချမ်းမြသုခ အရိပ်ကို ခိုရတာပါ။ နောက်ထပ် ပင်စင်စားအဘွားက နာဂအမျိုး သမီးပါ။ အမည်က ဒေါ်ခင်သန်း။ ကွယ်လွန်သူ ခင်ပွန်းက ဝန်ထမ်းမို့ မိသားစုပင်စင်ခံစားရ တယ်။ မခင်မာနွယ်က သူ့အကြောင်းပြောပြတယ်။
“သူက တစ်လ ပင်စင် ၈၀,ဝ၀ဝ ကျော်ရ တယ်၊ ပင်စင်ထုတ်တဲ့နေ့ဆို အဘွားတွေကို ကျွေးတယ်၊ ပင်စင်ငွေထဲက ၅၀,ဝ၀ဝ ကို ချမ်းမြ သုခကို လှူတယ်”
ဒေါ်နော်ထူးဘေဆိုတဲ့အဘွားက စကား မပြောတတ်ဘူး။ နားမကြားရဘူး။ လက်ဟန် ခြေ ဟန်နဲ့ပဲ စကားပြောရတယ်။ မန္တလေး မဟာ အောင်မြေမြို့နယ်က ၃၆ လမ်းနဲ့ ၈၆ လမ်း ထောင့်မှာ နေတယ်။ သူများက တောက်တိုမည် ရ ခိုင်းတာ လုပ်ပေးတယ်။ သူနေတဲ့နေရာအနီး က တရားပွဲမှာ ဗုံးကွဲတော့ ဆေးရုံတင်ရတယ်။ အခြေမဲ့ အနေမဲ့ အဘွားမို့ ချမ်းမြသုခက ခေါ်ယူ လိုက်တယ်။ ဘိုးဘွားရိပ်သာရဲ့စည်းကမ်းချက်က သား ထောက်သမီးခံမရှိသူတွေကိုသာ လက်ခံတာပါ။ အသက် ၈၀ အရွယ် ဒေါ်ယုံက သမီးအရင်း ငုတ် တုတ်ရှိလျက် ရိပ်သာကို ရောက်လာသူဖြစ်ပါ တယ်။

ဒေါ်ယုံနဲ့ ပတ်သက်ပြီး မခင်မာနွယ်က ပြော ပြတယ်၊
“အမေယုံက မျက်စိမမြင်ဘူး၊ အဆင်မပြေ ဘူးလို့ သတင်းကရောက်လာတယ်၊ ကျွန်တော် လိုက်သွားတယ်၊ ပတ်ဝန်းကျင်က လူတွေကလဲ သူ့သမီးနဲ့နေတယ်လို့မပြောဘဲ ဝိုင်းညာထား တာ၊ ကျွန်တော်က သူ့ပစ္စည်းလေးတွေထည့်ပြီး ကားပေါ်တင်ခေါ်လာတာ၊ ကားပေါ်ရောက် တော့ အမေယုံက ဖွင့်ပြောတယ်၊ ငါမလိမ်ချင်ပါ ဘူးအေ၊ ငါ့သမီးအရင်းနဲ့ အတူနေတာပါ၊ သမီး က လောင်းကစားလုပ်တာမကြိုက်လို့ ပြောရင် အမြဲကတောက်ကဆဖြစ်နေလို့ ပတ်ဝန်းကျင်က ကျွန်မတို့ဆီတွန်းပို့တာ”လို့ ပြောပြီး မခင်မာနွယ် က ရယ်တယ်။
'အခု ဒီမှာ ဘုရားနဲ့တရားနဲ့နေရတာ၊ ပြန် မသွားချင်တော့ဘူး”လို့ အမေယုံက ပြောတယ်။
သည်ရိပ်သာဖြစ်လာရတာက ရည်ရွယ် ချက်မရှိဘဲ ဖြစ်သွားတာလို့ အသင်း အတွင်း ရေးမှူး ဦးလှအောင်က ပြောပြတယ်။

“အဘိုး ဦးထွန်းအောင်က ဘုန်းကြီးကျောင်း မှာ ခိုကပ်နေရတာ၊ လေဖြတ်တော့ ချမ်းမြသုခ က ဆေးရုံတင်ပေးတယ်၊ ဆေးရုံကဆင်းတော့ ပြုစုမယ့်သူမရှိတာနဲ့ အသင်းကားပြင်တဲ့ဝပ်ရှော့ ထဲ ထားရတယ်၊ အသင်းသူ အသင်းသားတွေက သူ့အညစ်အကြေးတွေကို သန့်ရှင်းပေးရတယ်၊ နောက် ဒေါ်တင်ကြည်၊ နောက် ဒေါ်ပု၊ တဖြည်း ဖြည်း များလာတယ်၊ မြောက်ပြင်က ကိုဝေဇင်၊ မကြည်သာဆွေတို့က အသင်း လာလှူရင်း အဘိုးအဘွားတွေကို တွေ့လို့ အဆောက်အအုံ လှူမယ်တဲ့၊ ဒီလိုနဲ့ ဘိုးဘွားရိပ်သာဖြစ်သွား တာ” လူ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေက တာ ဝန်မကျေနိုင်၊ လူအိုတွေကို အမှိုက်စလို စွန့်ပစ် သူက စွန့်ပစ်ဖြစ်နေကြချိန်မှာ လူမှုရေးအသိရှိသူ အချို့က လောကကို အလှဆင်လို့နေတာ တွေ့ရ ပါတယ်။

ကျော်ရင်မြင့် ( kumudra journal )

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )

Posted by drmyochit Saturday, March 22, 2014, under | No comments

၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင် အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)


ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန် အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။ သတင်း အပြည့်အစုံကိုတာ့ ဒီလင့်ခ်မှာပါ။

ကျွန်မသာ ညဥ့်ငှက်တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား(၀မ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်)

Posted by drmyochit Saturday, March 22, 2014, under | No comments

ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာ တုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။အဖေက “သွား... သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုးငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။ ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး
ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။ ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ
ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ၀မ်းစာအတွက် ကျွန်မ ညဥ့်ငှက်တစ်ကောင်ဖြစ်ခဲ့တယ်။ လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင်ကျွန်မ လုပ်ခဲ့မိတယ်။

နှိုက်ကလပ်တစ်ခုမှာကျွန်မ အလုပ်လုပ်တယ်။ အဲဒီကလပ်မှာ ကျွန်မဟာ အချောဆုံး အလှဆုံး စာရင်းဝင်ပါ။ ပိုင်ရှင်သူဌေးကကျွန်မကို သဘောကျတယ်။ သူ သဘောကျမယ်ဆိုလည်း ကျသင့်ပါတယ်။ သူနဲ့ ကျွန်မက မကင်းမရှင်းလေ။လူတွေရဲ့ အသုံးတော်ခံ ဖြစ်နေမှတော့ တစ်ယောက်ပိုလာလို့၊ တစ်ယောက် လျော့သွားလို့လည်းကျွန်မအတွက် ထူးမှ မထူးတော့တာ။ နောက်ပြီး သူက ကျွန်မရဲ့ အလုပ်ရှင်ဆိုတော့ ဒီနေရာမှာအာဏာက ငွေကြေးထက် ပိုတန်ဖိုး ရှိနေပြီလေ။

ညတိုင်းချွဲနွဲ့တဲ့အသံ၊ ချိုသာတဲ့စကားတွေနဲ့ ဧည့်သည်တွေကို ကျွန်မစကား ပြောရတယ်။ နောက် အဲဒီ
ဧည့်သည်တွေထဲက တစ်ယောက်က သူနဲ့အတူ အိပ်ဖို့ ကျွန်မကို အပြင်ခေါ်ထွက်တယ်။ သူနဲ့တစ်ညအိပ်ပြီး
နောက်တစ်ရက်မနက်မှာ ကျွန်မအခန်းကို ကျွန်မ ပြန်အိပ်တယ်။ ဒီလိုပဲ နေ့စဉ်ရက်ဆက် ဆိုသလို
အဲဒီအလုပ်မှာ ကျွန်မ မငြီးငွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ရွံမုန်း လာတယ်။
ကိုယ့်အခန်းထဲ ပြန်ရောက်တိုင်း ခန္ဓာတစ်ခုလုံးကို စိတ်နာနာနဲ့ ကျွန်မ ဆေးကြောမိတယ်။
ဒါပေမယ့် အသားနာအောင်တော့ ကျွန်မ မလုပ်ပါဘူး။ အဲဒီအသားအရည်တွေက ကျွန်မကို ငွေရှာပေးမဲ့
ပစ္စည်းတွေလေ။

နေ့စဉ်ပုံမှန်ပဲကျွန်မရဲ့ရက်တွေမှာ ဆန္ဒမရှိ၊ ပြည့်ဝမှုမရှိဘဲ ကျွန်မ လည်ပတ် နေခဲ့တယ်။ ပုပ်စော်နံနေတဲ့
ခန္ဓာကိုယ်နဲ့ လူတွေကို အသုံးတော်ခံမယ်။ ဒါမှမဟုတ် အလှကုန်ပစ္စည်း၊ အင်္ကျီအ၀တ်အစားတွေ
ထွက်ဝယ်မယ်။ ဒါမှမဟုတ် အခန်းထဲမှာ ကျွန်မ အိပ်နေလိုက်တယ်။

ကျွန်မကိုယ်ဝန်ဖျက်ချတာ ငါးကြိမ် ရှိခဲ့ပါပြီ။ ဆရာဝန်က နောက်ဆို ကျွန်မ ကလေး မွေးနိုင်တော့မှာ
မဟုတ်ကြောင်း သတိပေးပါတယ်။ ကျွန်မကို အဲဒီလို သတိပေး စကားပြောတဲ့ အချိန်မှာ သူ့မျက်နှာပေါ်မှာ
နှမြောတဲ့၊ ၀မ်းနည်းတဲ့ အရိပ်အယောင်ကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မသိတယ်။ အဲဒီအပြစ်တွေကို
ကျွန်မ ကိုယ်တိုင်ပဲ ရှာခဲ့တယ်ဆိုတာ ကျွန်မသိတယ်။

 ဒါပေမယ့် ဆရာဝန်ရဲ့ သတိပေးစကားကို
ကြားတော့ ကျွန်မ ချုံးပွဲချ ငိုခဲ့မိတယ်။ ကျွန်မစိတ်ကို ကျွန်မ ဖြေခဲ့ပါတယ်။ ကျွန်မဟာ
ညဥ့်ငှက် တစ်ကောင်ပါ။ ဘယ်သူကမှ ကျွန်မကို အချစ်စစ် အချစ်မှန်နဲ့ ချစ်လာမှာ မဟုတ်သလို
ကျွန်မလည်း အိမ်ထောင်ပြုဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး။
အရွယ်တင်သေးတဲ့ကျွန်မ ပိုက်ဆံကို ပိုရှာချင်သေးတယ်။ ပိုက်ဆံတွေ စုမိရင် ဒီအလုပ်ကို စွန့်ပြီး ရိုးသားတဲ့
လူတစ်ယောက်နဲ့ လက်ထပ်မယ် (တကယ်တော့ ဒါတွေဟာ ကျွန်မရဲ့ စိတ်ကူး သက်သက်ပါ။) ညဥ့်ငှက်တစ်ကောင်ဖြစ်လို့ ကျွန်မ အိမ်ထောင်ပြုမှာ မဟုတ်တဲ့အပြင် သားသမီးတွေလည်း ကျွန်မ မရနိုင်တော့ပါဘူး။ဥမဥ တတ်တဲ့ ကြက်တစ်ကောင်ကို ဘယ်သူကများ မွေးထား ချင်ပါ့မလဲရှင်။ အနာတရာ အားလုံးကိုကျွန်မ ကျိတ်မှိတ်ပြီး ခံစားလို့ ရပေမယ့် လင်ယောက်ျားရဲ့ ဥပေက္ခာပြုမှုကိုတော့ ကျွန်မ
ဘယ်လိုနည်းနဲ့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။

အမေက
ကျွန်မကို စိုးရိမ်ပူပန်လိုပဲလား မသိ။. ကျွန်မ အခန်းကို အမြဲလာ သိမ်းဆည်းပေးတယ်။ ကျွန်မရဲ့
အလုပ်ကို အမေ မသိခဲ့ပါဘူး။ တကယ်လို့ သိများသိခဲ့ရင် ကျွန်မမှာ ဆွေမျိုးသားချင်း ဆိုတာ
ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကို ကျွန်မ မဆုံးရှုံးချင်ဘူး။ အမေလာရင် တစ်ခါတလေ အမေနဲ့
ကျွန်မ ဈေးထွက်ဝယ် ဖြစ်တယ်။ ကျွန်မတို့ အပြင်ထွက်တိုင်း ဒီတိုက်က လူတစ်ယောက်နဲ့ ဓာတ်လှေကားမှာအမြဲလိုလို ဆုံတတ်တယ်။ သူ့အပြုအမှုက ညင်သာ၊ သိမ်မွေ့တယ်။ ကျွန်မတို့ကို တွေ့တိုင်း ခေါင်းညိတ်
ပြုံးပြတတ်တယ်။ ရုပ်ခန့်တဲ့အပြင် အရပ်လည်း မြင့်တယ်။ ၀တ်ထားတာလည်း ဖက်ရှင် ကျတယ်။ သူ့ကို
ကျွန်မ သတိထားမိပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးတွေ စည်းနည်းနည်း
ကျော်ချင်လာပြီဆိုရင် ငါဟာ မိန်းမပျက် တစ်ယောက်ပါလားလို့ ကိုယ့်ကို သတိပေးမိပြန်တယ်။
အဲဒီလို နိမ့်ကျတဲ့ အသိတွေက ကျွန်မ လွတ်ရုန်းလို့ မရအောင် အရိုးထဲမှာ စွဲနေခဲ့ပါပြီ။

ဒီနေ့
ဧည့်မရပါဘူး။ ခုတစ်လော အဖမ်းအဆီးများလို့ ကျွန်မတို့ ၀င်ငွေ လျော့လာတယ်။ အခန်းထဲမှာ
တီဗွီကိုဖွင့် မချက်ပြုတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မီးဖိုမှာ ကိုယ့်အတွက် အကောင်းဆုံး တစ်နပ်ကို
ကျွန်မ ချက်ပြုတ် နေလိုက်တယ်။ တကယ်ဆို ဒီလို ရိုးရှင်းတဲ့ ဘ၀ကို ကျွန်မ ပိုနှစ်သက်မိပါတယ်။
တစ်နှစ် ထပ်လုပ်မယ်။ ငွေစုပြီး ဒီအလုပ်ကို စွန့်မယ်လို့ ကျွန်မ လုံးလုံး ဆုံးဖြတ်လိုက်တယ်။
ပြီးတော့ အိမ်ဆိုင်လေး တစ်ဆိုင် ဖွင့်ပြီး ပုံမှန်ဘ၀နဲ့ ငွေရှာမယ်။ ဒါမှမဟုတ် တစ်ခြားမြို့ကို
ပြောင်းမယ်။ ဒီမြို့မှာတော့ ကျွန်မကို သိတဲ့ လူတွေ သိပ်များနေပါပြီ။

ကျွန်မ
ဟိုတွေးဒီတွေးနဲ့ အဲဒီအချိန်မှာပဲ လူခေါ်ဘဲလ်က မြည်လာပါတယ်။ ဘယ်သူများ ပါလိမ့်..? လစဉ်
ရေဖိုးလာကောက်တဲ့ အန်တီကြီး တစ်ယောက်က လွဲလို့ ကျွန်မတံခါးကို ဘယ်သူမှ လာမခေါက်ပါဘူး။
ဒီနေ့ဟာ ရေဖိုး ကောက်မဲ့နေ့လည်း မဟုတ်၊ ည (၈) နာရီ ကျော်မှ အမေလည်း မလာနိုင်တော့ ပါဘူး။
တံခါးကို ကျွန်မ ဆွဲဖွင့်လိုက်တယ်။ တံခါးဝမှာတော့ ဓာတ်လှေကားမှာ ကျွန်မနဲ့ အမြဲဆုံတတ်တဲ့သူ
ရပ်နေတယ်။ သူ့မျက်နှာက အားတုန့်အားနာ ဟန်နဲ့ ကျွန်မကို “ဟို.. ဆောရီးပါ။ ကျွန်တော်
အခန်းသော့ မေ့ခဲ့လို့။ ဒီဝရန်တာကနေ ကျွန်တော်အခန်းဖက်ကို ကူးလို့ ရနိုင်မလား။ ကျွန်တော့်
အခန်းက ခင်ဗျား အခန်းဘေးမှာပါ”

“ရပါတယ်။
ဒါပေမယ့် မိုးချုပ်နေပြီ အန္တရာယ် ရှိနိုင်တယ်။ မကူးပါနဲ့ တော့လား” ကျွန်မ ခေါင်းညိတ်ပြရင်း
ပြောတော့ ကျွန်မကို ထူးဆန်းတဲ့ မျက်နှာထားမျိုးနဲ့ ကြည့်ပြီး ရီနေပါတယ်။ အဲဒီအချိန်ကျမှ
ကျွန်မလည်း ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားကို သတိထား မိလိုက်တယ်။ ညအိပ်ရာဝင် ဂါဝန်ရှည် အင်္ကျီက
ကျွန်မ ခြေထောက်တွေကို ဖုံးထားပေမယ့် လည်ပင်းက အရမ်း ဟိုက်နေခဲ့တယ်။ ထွင်းဖောက်မြင်နိုင်တဲ့
အ၀တ်စဖြစ်ပြီး ကျွန်မရဲ့ ဆံပင်တွေကလည်း ကျွန်မရဲ့ ပုခုံးသား ဖြူဝင်းဝင်းပေါ် ဖရိုဖရဲ
ကျနေလို့ ကျွန်မပုံစံက ဆွဲဆောင်မှု ပိုရှိနေတယ်။ အင်္ကျီကို သပ်ရပ်သွားအောင် ကပျာကယာ ပြင်ဆင်ပြီး
သူ့ကို အခန်းထဲဝင်ဖို့ ကျွန်မ ဖိတ်ခေါ် လိုက်ပါတယ်။

သူ့ကို
ထိုင်ခိုင်းပြီး ကျွန်မ အ၀တ်အစားတွေ လဲလိုက်တယ်။ ကော်ဖီတစ်ခွက် ဖျော်ပြီး သူ့ကို ဧည့်ခံ
လိုက်ပါတယ်။ သူက ကျွန်မကို ကြည့်ပြီး ပြုံးပဲ ပြုံးနေတယ်။ ကျွန်မဟာ ညဥ့်ငှက်တစ်ကောင်
ဆိုတာ သူသိမယ် ထင်တယ်။ တကယ်လို သူဆန္ဒရှိရင် ဒီတစ်ည သူ့အတွက် ကျွန်မ အဖော်လုပ်ပေး နိုင်ပါတယ်။ဒါပေမယ့် မနက်ဖြန်ရောက်ရင် ကျွန်မ အိမ်ပြောင်း ရလိမ့်မယ်။

“မိုးအရမ်းချုပ်နေပြီ။
ဝရန်တာပေါ် တက်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီည ဒီမှာပဲ အိပ်လိုက်ပါလား။ ဧည့်ခန်း ဆိုဖာပေါ်မှာ
ရှင်အိပ်လို့ ရပါတယ်။ အိမ်နီးနားချင်းတွေပဲ မနက်ကျမှ သော့ဖျက်ဆရာကို ခေါ်လိုက်ပေါ့”
သူခေါင်းညိတ်ပြီး ကျွန်မကို ကျေးဇူးတင်စကား ဆိုပါတယ်။ အဲဒီညမှာ ကျွန်မတို့ ညစာအတူစားပြီး
အိပ်ရာကိုယ်စီ ၀င်ခဲ့ကြတယ်။ တစ်ညလုံး ကျွန်မ အိပ်မရခဲ့ဘူး။ ကျွန်မ အခန်းတံခါးကိုလည်း
သူလာ မခေါက်ခဲ့ပါဘူး။ အိပ်ရာပေါ်မှာ လူးလှိမ့်ရင် ကျွန်မ အိပ်မပျော်ခဲ့ဘူး။ မနက်လင်းနားနီးမှ
မှေးခနဲ့ ကျွန်မ အိပ်ပျော် သွားခဲ့တယ်။ ကျွန်မနိုးလာတော့ မနက် ၇ ခွဲ ကျော်နေပါပြီ။
ကုတင်ပေါ်က ဆင်းပြီး ဧည့်ခန်းထဲ ကျွန်မရောက်တော့ သူမရှိတော့ ပါဘူး။ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့
စောင်တွေက ဆိုဖာပေါ် တင်ကျန်လို့။ စားပွဲပေါ်မှာတော့ ကျေးဇူးတင်တယ် ဆိုတဲ့ စာရွက်လေး
တစ်ရွက်....

ကျွန်မရဲ့
မျက်ရည်တွေက ပါးပြင်ပေါ် စီးကျ လုလုပါပဲ။ “ကျေးဇူး”
ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်မ မကြားရတာ နှစ်တော်တော် ကြာခဲ့ပါပြီ။ ဒီအလုပ်လုပ်တဲ့
ကျွန်မတို့ကို လူတွေက ကြံ့ခိုင်တယ်လို့ ထင်ပေမယ့် တကယ်တော့ ကျွန်မတို့ရဲ့ စိတ်ဟာ ပျော့ပျောင်း
လွန်းပါတယ်။

နောက်ရက်တွေမှာ
သူနဲ့ကျွန်မ အမြဲဆုံဖြစ်တယ်။ သတင်းစာတိုက် တစ်ခုမှာ သူအလုပ်လုပ်တဲ့ အကြောင်း၊ သူ့မှာ
ရာထူးအာဏာကြီးတဲ့ ဖခင်တစ်ဦး ရှိကြောင်း၊ သိုက်သိုက်ဝန်းဝန်း မိသားစုက မွေးဖွားလာတဲ့
အကြောင်းတွေကို ကျွန်မသိလိုက်ရတယ်။ ကျွန်မက ပင်မြင့်ပေါ်ကိုမှ ပျံတက်ချင်နေတဲ့ စာကလေး
တစ်ကောင်ပါ။ သူက အရောင်အသွေးတွေနဲ့ လှပနေတဲ့ ဇာမဏီ ငှက်ပါ။ နောက်ဆုံးတော့ ကျွန်မကိုယ်
ကျွန်မ သတိပေးမိပါတယ်။ “သူနဲ့ ငါ လုံးဝ မထိုက်တန်ဘူး”

ဒီလိုနဲ့
ကျွန်မရဲ့ မွေးနေ့ကို ရောက်လာခဲ့တယ်။ အဲဒီနေ့ ခွင့်ယူပြီး ချက်စရာဟင်းတွေ ၀ယ်ခြမ်းခဲ့တယ်။
မွေးနေ့ကိတ် တစ်လုံးဝယ်ပြီး မြိန်စရာ ဟင်းမျိုးစုံကို ကိုယ်တိုင် ချက်တော့တယ်။ ပထမဦးဆုံးအကြိမ်
နေအိမ်ကို သပ်ရပ်သန့်ရှင်းအောင် လုပ်တယ်။ နှစ် (၂၀) ပြည့် မွေးနေ့ကို ကြိုဆိုသော အားဖြင့်
ရေမွေးပန်း တစ်စည်းလေး ကျွန်မ ၀ယ်ခဲ့သေးတယ်။ ကိုယ်တိုင်ကလွဲလို့ ကျွန်မရဲ့ မွေးနေ့ကို
ပြင်ဆင်ပေးတဲ့သူ မရှိခဲ့ဘူး။ ကျွန်မရဲ့ မွေးနေ့ကို ဘယ်သူမှလည်း မသိဘူး၊ မမှတ်မိဘူး။
အဲဒီလို တွေးမိတဲ့ တခဏ အားငယ်စိတ်တွေ ၀င်လာမိတယ်။

စားပွဲနားမှာ
ထိုင်ရင်း ဘေးခန်းက သော့ဖွင့်သံကို ကျွန်မ နားစွံ နေလိုက်တယ်။ သော့ဖွင့်သံ ကြားတာနဲ့
ကျွန်မ တံခါးဖွင့်ပြီး “ညနေစာအတွက် ကျွန်မကို
အဖော်ပြုနိုင်မလား” လို့ တံခါးဖွင့်ဖို့ ပြင်နေတဲ့ သူ့ကို လှမ်းဖိတ်လိုက်တယ်။ ကျွန်မအပြောကို
သူတစ်ချက် ကြောင်သွားပြီး “ရပါတယ်” လို့
ဖြေပါတယ်။

ဒီည
ကျွန်မ အလှပဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ထားမိတယ်။ ဒီည သူ့ကိုဆက်သဖို့ ကျွန်မ
ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်မရဲ့ဘ၀မှာ ကျွန်မရဲ့ ခန္ဓာကို ကျွန်မချစ်တဲ့သူအတွက် တစ်ကြိမ်တစ်ခါ
ဆက်သခွင့် ရတာကိုပဲ ကျွန်မ ကျေနပ်မိပါတယ်။ ရိုးမြေကျတွေဟာ ကျွန်မနဲ့ မထိုက်တန်ဘူး။
ကျွန်မလို မိန်းမမျိုးနဲ့ မအပ်စပ်ဘူး။ တစ်ညပဲ… ဒီတစ်ညလေးပဲ ကျွန်မအတွက် ထာဝစဉ် ဖြစ်နိုင်ပါတယ်။
ဂါဝန်အနီရောင်ကို ၀တ်ဆင်ထားတဲ့ ကျွန်မဟာ မင်္ဂလာဦးညက သတိုးသမီး လိုပဲ။ လည်ပင်းကို ရင်ညွှန့်ထိ
ခွဲထားပြီး နောက်ကျောဖော် ချုပ်ထားတဲ့ ဒီဂါဝန်က သာမန် မိန်းကလေးတစ်ယောက် ၀တ်ရင်တောင်
ဆွဲဆောင်မှု အပြည့်နဲ့ လှပစေမယ့် အင်္ကျီလေးပါ။ ကျွန်မ မလှမှန်း ကျွန်မသိပါတယ်။. ဒါပေမယ့်...

ကျွန်မရဲ့
အပြင်အဆင်ကို ကြည့်ပြီး သူသဘော ပေါက်ဟန်မပြဘဲ အကြာကြီး ရပ်နေသေးတယ်။

“ဒီနေ့က ဘာနေ့မို့လို့လဲ”
ကျွန်မရဲ့ မွေးနေ့ပါ”
ဆောရီး... မွေးနေ့လက်ဆောင် မပါခဲ့ဘူး”
ရပါတယ်.. ထိုင်ပါရှင်” ကျွန်မ ခေါင်းခါပြီး
ပြုံးပြ လိုက်တယ်။

မီးဖိုထဲဝင်ပြီး
အစားအသောက်တွေကို ကျွန်မ ပြင်ဆင်ခဲ့တယ်။ စားပွဲတစ်ခုလုံး စားသောက်ဖွယ်ရာ တွေနဲ့ ပြည့်နေတာကို
မြင်တော့ သူမျက်နှာပေါ်မှာ အံသြ၀မ်းသာတဲ့ အရိပ်နဲ့။ ကျွန်မကို သူနှစ်သက်တယ်ဆိုတာ ကျွန်မ
သိတယ်။ ချစ်မချစ်တော့ မသိဘူး။ ဒါပေမယ့်.. အချစ်ဆိုတာနဲ့ ဝေးကွာနေတဲ့ ကျွန်မအတွက်တော့
ကိစ္စ မရှိပါဘူးလေ။

အဲဒီည
ကျွန်မနဲ့သူ တော်တော်များများ သောက်ခဲ့မိတယ်။ ယာမကာရည်တွေ ၀မ်းထဲဝင်တော့ သွေးသားတွေက
သဘာဝအတိုင်း ဆူပွက်လာပြီး ကုတင်ပေါ်ကို ကျွန်မတို့ ရောက်သွားခဲ့တယ်။ မိုးမမြင်၊ လေမမြင်ပါပဲ။
ဒါလည်း လှပတဲ့ ယှက်နွယ်မှု တစ်မျိုးပါပဲ။ တစ်ယောက်ကို တစ်ယောက် လွတ်ထွက်မသွားအောင် ကျွန်မတို့ဖက်ထားမိကြတယ်။ သူ့ရဲ့ကိုယ်ပေါ်မှာ ကျွန်မ ဆော့ကစားနေသလို သူလည်း ကျွန်မ နားနားကပ်ပြီး“မင်းကိုငါ လက်ထပ်မယ်” လို့ တဖွဖွ ပြောနေတော့တယ်။
စကားမဆုံးခင် သူ့နှုတ်ခမ်းကို အနမ်းနဲ့ ကျွန်မ ပိတ်လိုက်တယ်။ ကတိတွေ ကျွန်မ မလိုချင်ဘူး။
ကတိစကားတွေနဲ့ သူ့ကိုလည်း အချုပ်အနှောင် မခံစေချင်ဘူး။ ဒီညလွန်ရင် အိမ်ပြောင်းမယ်လို့
ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ကျွန်မကို
ညဥ့်ငှက်တစ်ကောင်မှန်း သူမသိခဲ့ဘူး။ သူမသိတာ ကျွန်မအတွက် ပိုကောင်း ပါတယ်လေ။ ကျွန်မကို
ရိုးသားသူ တစ်ယောက်အဖြင့် သူထင်ခဲ့ရင် အဲဒီ ရိုးသားမှုလေးက သူ့ရင်မှာ တစ်သက်လုံး ထင်ကျန်
ခဲ့ပါစေတော့။ အဲဒီအထင်ကို ကျွန်မ မဖျက်ဆီး ခဲ့ချင်ဘူး။ သူထင်တဲ့ ကျွန်မရဲ့ ရိုးသားတဲ့
လှပမှုတွေ သူ့ရင်မှာ ကိန်းအောင်း ခဲ့ပါစေတော့။

နောက်တစ်နေ့မနက်
ကျွန်မစောစော ထပြီး သူ့အတွက် အစားအသောက်ကို တခမ်းတနား ပြင်ဆင် လိုက်တယ်။ အဲဒီလို ပြင်ဆင်ချိန်မှာကျွန်မကိုယ်ကျွန်မ သူ့ရဲ့ အိမ်သူသက်ထား တစ်ယောက်အဖြစ် ခံစားမိတယ်။ ဒါဟာ ကျွန်မရဲ့ တောင့်တမှုတွေပဲမဟုတ်လား။.. သူ့ကို ကျွန်မ ချစ်တယ်။ ဟုတ်တယ်။ ရင်ထဲမှာ မခံစားဘူးတဲ့ အရာတစ်ခုဟာ ကျွန်မရင်ဝမှာတစ်ဆို့နေတယ်။ ၀န်မခံချင်ပေမယ့် သူ့ကို ကျွန်မ တစ်ကယ်ချစ်တယ်။ သူ့မှာ ကောင်းကွက်တွေမရှိခဲ့ဘူး ဆိုရင်တောင် သူက ကျွန်မကို “လူ” အဖြစ် သတ်မှတ်တယ်။ ကျွန်မကို ရိုးသားဖြူစင်သူတစ်ယောက်အဖြစ် သူမြင်ခဲ့တယ်။

သူအလုပ်သွားတဲ့
တစ်မနက်မှာ ကျွန်မ အိမ်ပြောင်း ဖြစ်ခဲ့တယ်။ ဘာပစ္စည်းမှ မယူဘဲ ကျွန်မ အိမ်က ဆင်းခဲ့တယ်။
ကျွန်မဘာမှ ယူဆောင် မသွားချင် တော့ဘူး။ သူပေးတဲ့ အမှတ်တရတွေ အားလုံးကို ကျွန်မ ချန်ထားရစ်
ခဲ့လိုက်တယ်။ ကျွန်မဟာ မိန်းမပျက်တစ်ယောက်လို့ သူသိသွားတဲ့အချိန် သူ့အပြုအမှုတွေ ဘယ်လို
ပြောင်းသွားမလဲ...? ကျွန်မ မတွေးဝံ့ဘူး။ ကံကြမ္မာနဲ့ မလောင်းဝံ့ဘူး။ ကျွန်မတို့ရဲ့ လှပခဲ့တဲ့
ညတစ်ညနဲ့ အချစ်တွေကို သူ့ရင်မှာ ထာဝရ တည်ရှိနေပါစေ...။ ကျွန်မကို သူချစ်တယ်လို့ ယုံကြည်မိပေမယ့်“ကျွန်မသာ ညဥ့်ငှက်တစ်ကောင်ဆိုရင် သူလက်ထပ်မလား” ဆိုတဲ့ အဖြေကိုတော့ ကျွန်မ ခုထက်ထိသိချင်နေဆဲပါပဲ...။

ရင်သားကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့

Posted by drmyochit Saturday, March 22, 2014, under | No comments



အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိမ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။

ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဖခင်ရဲ့ ချစ်စနိုးနဲ့ နမ်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်ရဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ်

Posted by drmyochit Saturday, March 22, 2014, under | No comments


Saturday, March 22, 2014

Kaiden McCormick ဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင် ကမွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုအလွန်ချစ် တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။ ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူး မစို့တော့ဘဲ ကိုယ်ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။ အဲဒါဖြစ်ပြီး နောက်မှာပဲ ရုတ်တရက် ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူ ရပ်တန့်သွား တာကြောင့် အရေးပေါ်ကားကို ခေါ်ကာဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက်အပံ့ ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူ ရပ်သွားကာ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး အလုပ် မလုပ်တော့တဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံ ရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။

ရေယုန်ရောဂါပိုးဟာ Herpes simple ဗိုင်းရပ်စ် ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစု ကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။ အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးအများစုမှာ ဒီဗိုင်းရပ်စ် ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအား ကျဆင်းနေပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မွေးကင်းစ ခြောက်ပတ် အတွင်းမှာ အန္တရာယ် အရှိဆုံးဖြစ်ပြီး ရောဂါကူးစက် ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီး ငိုယိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။

ကျန်းမာရေးနှင့် အလှအပ

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO ၀န်ခံခဲ့ပြီ..

Posted by drmyochit Saturday, March 22, 2014, under | No comments

လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ ပစ္စည်းသိုလှောင်ခန်းကနေ သယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားကြောင်း ၀န်ခံခဲ့တဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။





Zaw Lwin Win

Friday, March 21, 2014

ပြည့်တန်ဆာ နှင့် ဥပဒေ

Posted by drmyochit Friday, March 21, 2014, under | No comments



(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)

===============================================

၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။

၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)

၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။

၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။

၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။

၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။

၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။

၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။

၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။

၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။

၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။

၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။

၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။

၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။

နောက်ဆက်တွဲ
-----------------

ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။

(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။

(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။

(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။

FROM-TAKA MOE NYO
Photo Singapore feel

"MH370 ယာဉ်ပေါ်မှာ ပါသွားခဲ့တဲ့ စတန့်မင်းသား အတွက် ရုပ်ရှင် အဖွဲ့သားများ ဆုတောင်းလျက်ရှိ"

Posted by drmyochit Friday, March 21, 2014, under | No comments



Friday, March 21, 2014

ပျောက်ဆုံးလျက် ရှိတဲ့ MH370 လေယာဉ်ပေါ်မှာ ဂျက်လီရဲ့ တွဲဖက် သရုပ်ဆောင် စတန့်မင်းသား ဂျူကွန်း လိုက်ပါ စီးနင်း သွားခဲ့တယ်လို့ မကြာသေးခင် က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သူက ဂျက်လီနဲ့အတူ တွဲဖက် ပြီး “The Expendables” နဲ့ “Forbidden Kingdom” စတဲ့ ကမ္ဘာ ကျော် ဇာတ်ကားတွေ အပါအဝင် ရုပ်ရှင် ဇာတ်ကား အများအပြား မှာ ပါဝင် သရုပ်ဆောင်ခဲ့ ဖူးပါတယ်။ ဂျူကွန်းက မလေးရှား မှာရှိတဲ့ ပိုင်ဝုဒ် စတူဒီယိုနဲ့ အလုပ် တွဲဖက်လုပ်ကိုင် ပြီးနောက် MH370 လေယာဉ်ကို စီးပြီး ဘေဂျင်း ကိုပြန် လာခဲ့တာပါ။


ဘေဂျင်း ပြန်ရောက်ရင် Netflix မီဒီယာ ကုမ္ပဏီက ရိုက်ကူးမယ့် “Marco Polo” ဇာတ်လမ်းမှာ ပါဝင်ဖို့ ပြင်ဆင်ပြီးတဲ့ အပြင် ရက်သတ္တ ပတ် အနည်းငယ် အတွင်း ရိုက်ကူး ရေး စဖို့ စီစဉ်ထားတာပါ။

“ဂျူကွန်းက “Marco Polo” ဇာတ်လမ်းမှာပါမယ့် မိသားစုဝင် တစ်ယောက် ပါ။ Harvey Weinstein နဲ့ Netflix ကုမ္ပဏီအား ကျွန်တော် တို့ တအားတုန်လှုပ် ဝမ်းနည်း ပါတယ်” လို့ Marco Polo ဇာတ်လမ်း ဇာတ်ညွှန်းရေး ဆရာ ဂျွန်ဖူစကိုက ဆိုပါတယ်။

ဂျူကွန်းရဲ့ ဇနီးသည်က လတ် တလောမှာ ကွာလာလမ်ပူ မြို့မှာ နေထိုင်လျက် ရှိပြီး ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ရဲ့ အကြောင်းကြားစာ ကို မျှော်လင့် တကြီး စောင့်ဆိုင်းနေ ရှာပါတယ်။

MH370 ယာဉ်ပေါ်မှာပါ သွားခဲ့တဲ့ ခရီးသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အတွက် ကြေကွဲ ဝမ်းနည်းရပါတယ်။ သူတို့ နဲ့ထပ်တူ ခံစားရပါတယ်” လို့ ဂျွန်ဖူစကိုက ထပ်လောင်း ပြောပါတယ်။

သိဂီင်္ဝင်း
Ref : Yahoo News Singapore
Popular Journal

Thursday, March 20, 2014

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း

Posted by drmyochit Thursday, March 20, 2014, under | No comments


ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုးကို ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

The Voice

ပူပြင်းတဲ့နွေရာသီမှာ ရှောင်ရှားသင့်တဲ့ အစားအစာများ

Posted by drmyochit Thursday, March 20, 2014, under | No comments


ပူပြင်းခြောက်သွေ့တဲ့နွေရာသီကိုတော့ ရောက်လို့လာပါပြီ။ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ

ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာအလုပ်အများကြီးလုပ်ဖို့လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။

Ref:thekitchn.com
trend myanmar

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

Posted by drmyochit Thursday, March 20, 2014, under | No comments

မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌
ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး
ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မော်ဒိုက်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရေဒါများနှင့် လေဆိပ်များရှိ အရပ်ဘက်ဆိုင်ရာ ရေဒါများအား ပြန်လည်စစ်ဆေးခဲ့သော်လည်း အဆိုပါလေယာဉ်သည် နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ MH370 ခရီးစဉ်လေယာဉ်ဟာ မော်ဒိုက်နိုင်ငံထဲကို ၀င်ခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး”ဟု စစ်တပ်၏ ကြေညာချက်တွင် ပါရှိသည်။

မော်ဒိုက်ရဲတပ်ဖွဲ့နှင့် အရပ်ဘက် လေကြောင်းအာဏာပိုင်များက အသေးစိတ်စုံစမ်းမှုများကို ဆက်လုပ်နေပြီး အစီရင်ခံစာတစ်စောင်ကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

“ရေဒါအချက်အလက်တွေနဲ့ လေကြောင်းထိန်းသိမ်းရေးဌာနက မှတ်တမ်းတွေ အားလုံးကို ပြန်ပြီး စစ်ဆေးနေပါတယ်” ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အမှုဆောင်ချုပ် ဟူစိန်ဂျာလေးက ပြောကြားသည်။

ယခုအခါ မလေးရှားလေယာဉ်ကို နိုင်ငံ ၂၆ နိုင်ငံက ပူးတွဲရှာဖွေလျက်ရှိကြောင်း သိရသည်။

Ref:AFP
Eleven Media Group

''' ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ''

Posted by drmyochit Thursday, March 20, 2014, under | No comments


Thursday, March 20, 2014

တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆နှစ်အရွယ် ဆယ်တန်းကျောင်းသား
ခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စကပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက အသက် ၈ နှစ်အရွယ် လူငယ်ကလေးနဲ့ အတူ အိပ်ပြီး ၂ နှစ်ကျော် ကာလအတွင်း အကြိမ် ၅၀ ကျော် လိင် ဆက်ဆံခဲ့တယ်လို့ The Mirror သတင်းတပုဒ် မှာ တွေ့ပါတယ်။

တရားရုံးကတော့သူ့ကို ထောင်ဒဏ်နဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါပြီ။ ဒါပေမယ့် သူက တရားရုံး မှာ ပြန်လျှောက်ထား ရာမှာတော့ သူ ၁၆ နှစ် သမီးတုန်းက အသက် ၈ နှစ်သားနဲ့ အတူအိပ်ပြီး လိင်ဆက် ဆံခဲ့တာကို မှားမှန်းသိလို့ သူ ဆက်မ လုပ်တော့ပဲ ရပ်ပစ်ခဲ့တယ်လို့ သူက တရားသူကြီးကို တင်ပြတယ်။

တရားသူကြီး Robert Juckes QC က ဒါဟာ ရှက်ဖွယ်လိလိဖြစ်တယ်လို့ သူ့ကို ပြောလိုက်ပြီး ပြစ်မှုမြောက် လို့ ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

ထောင်ဒဏ်အပြင် လော်ရင်း မောရစ်ကို အသက် ၁၆ နှစ်အောက် ယောက်ျားလေးတွေနဲ့ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်လည်း အမိန့်ချမှတ်ပါတယ်။

အသက် ၁၆ နှစ်အောက် ယောက်ျားလေး မိဘတွေရဲ့ ခွင့်ပြုချက် မရှိရင် ဆက်သွယ်ခွင့်တောင် မရှိပါဘူး တဲ့။

(ဧရာဝတီ) ဘလော့

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်