Tuesday, March 25, 2014

MH370 လေယာဉ် ပျက်ကျကြောင်း ကြေညာပြီးနောက်ဝယ်

Posted by drmyochit Tuesday, March 25, 2014, under | No comments

MH370 ခရီးသည်တင် လေယာဉ်သည် သမုဒ္ဒရာထဲတွင် ပျက်ကျသွားပြီဟု တနင်္လာနေ့က မလေးရှား ဝန်ကြီးချုပ် ဒါတက်ခ် ဆီရီ နာဂျစ်ဘ် ရာဇက်ခ်က ကြေညာလိုက်ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ အောင့်အီးမျှော်လင့်ထားရမှုများ အားလုံးသည် ရေစုန်မျော ပျက်ပြယ်သွားပြီ ဖြစ်သည်


မလေးရှားနိုင်ငံထုတ် သတင်းစာ အများစုက မျက်နှာဖုံးပုံများကို အနက်ရောင်ဖြင့် ထုတ်ဝေလိုက်ကြသည်။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင် ငိုကြွေးသံ၊ ဒေါသတကြီး အော်ဟစ်ရန်တွေ့သံများ ဆူညံနေသည်။ MH370 ခရီးသည်တင် လေယာဉ်သည် သမုဒ္ဒရာထဲတွင် ပျက်ကျသွားပြီဟု တနင်္လာနေ့က မလေးရှား ဝန်ကြီးချုပ် ဒါတက်ခ် ဆီရီ နာဂျစ်ဘ် ရာဇက်ခ်က ကြေညာလိုက်ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ အောင့်အီးမျှော်လင့်ထားရမှုများ အားလုံးသည် ရေစုန်မျော ပျက်ပြယ်သွားပြီ ဖြစ်သည်။

ဝန်ကြီးချုပ်က “လေယာဉ်ပျောက်ဆုံးမှုတွေမှာ ဘယ်တုန်းကမှ အသုံးမပြုဖူးတဲ့ နည်းစနစ်တွေကိုတောင် အသုံးပြုပြီး ရှာဖွေခဲ့ကြပါတယ်။ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ပုံရိပ်တွေအရ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအလယ်၊ ပါ့သ်မြို့ရဲ့ အနောက်ဘက်မှာ နောက်ဆုံး တွေ့လိုက်ရပါတယ်။ ဒါကြောင့် စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ ကျွန်တော် ပြောချင်တာကတော့ တွေ့ရှိချက် အသစ်တွေအရ MH370ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာပဲ အဆုံးသတ်သွားခဲ့ပါပြီ”ဟု ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပြီးမှာပင် ပျောက်ဆုံးနေသည့် လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများက အပြင်းအထန် ဒေါသတကြီး ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံသား ထက်ဝက်မျှ လိုက်ပါသွားသည့် လေယာဉ်ကို ရှာဖွေခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများကို ထုတ်ပေးရန် တရုတ်အစိုးရကလည်း မလေးရှားထံ ချက်ချင်း တောင်းဆိုခဲ့သည်။


နာဂျစ်ဘ်က “ပြီးခဲ့တဲ့ သီတင်းပတ်တွေကတော့ အသည်းကွဲကျေ နာကျင်စရာပါပဲ။ ခုဖြစ်ရပ်ကို လက်ခံဖို့ ခက်ခဲနေဦးမှာပါ။ မီဒီယာတွေ အနေနဲ့ နစ်နာထိခိုက်ရသူ အားလုံးရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားမှု ထားကြဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ခက်ခဲပင်ပန်းလွန်းတဲ့ အခြေအနေမှာ မိသားစုတွေအတွက် နေရာပေး စာနာကြပါလို့ တိုက်တွန်း လိုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ မလေးရှား အစိုးရ၏ ကြေညာချက်ကြောင့် MH370ပေါ် လိုက်ပါသွားသူများ ဆက်လက် အသက်ရှင်နိုင်သေးကြောင်း မျှော်လင့်ချက်အားလုံး အဆုံးသတ်သွားသည့် သဘောဖြစ်သည်။ လေယာဉ်ကို ရှာဖွေနေဆဲဖြစ်သည့် လုပ်ငန်းများသည် ရာသီဥတု အခြေအနေကြောင့် ကြန့်ကြာနေသလို ရက်ပိုင်းအတွင်း တစ်စထက်တစ်စ ရုပ်သိမ်းသွားဖွယ်လည်း ရှိနေသည်။

ဘေဂျင်းတွင် မလေးရှားသံရုံးရှေ့၌ ရဲများက ပိတ်ဆို့ထားပြီး ဆန္ဒပြသူများကို တားဆီးနေရသည်။ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးနေသော ဆန္ဒပြသူများက “မလေးရှားအစိုးရဟာ လူသတ်သမားတွေ”ဟု ဒေါသတကြီး အော်ဟစ်နေကြသည်။ လေယာဉ် ပျက်ကျသည် ဆိုသော်လည်း မည်သည့် အစိတ်အပိုင်း အထောက်အထားမျှ မတွေ့ရသလို ရုပ်အလောင်း တစ်ခုမျှလည်း ပြန်မရဘဲ လက်လွတ်စပယ် အဆုံးသတ်လိုက်ခြင်းကို မိမိတို့ လက်မခံနိုင်ကြောင်း ဆန္ဒပြသူများက ကြွေးကြော်ကြသည်။ ဩစတြေးလျ ဒုတိယ စစ်ဦးစီး မာ့ခ်ဘင်စကင်ကလည်း လေယာဉ်ကို ဆက်လက်ရှာဖွေရန်မှာ အလွန်ခက်ခဲသွားပြီဟု ဝန်ခံခဲ့သည်။


“ကျွန်တော်တို့ဟာ ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာနေတာ မဟုတ်ဘူး။ ကောက်ရိုးပုံကိုတောင် ခုထိ ရှာမတွေ့သေးတဲ့ သဘောပါပဲ”ဟု ၎င်းက ဆိုသည်။ Boeing 777 လေယာဉ်သည် မတ်လ(၇)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားကာ ထိုမှတစ်ဆင့် ထူးထူးဆန်းဆန်း လမ်းကြောင်းလွဲချော် ပျံသန်းသွားခြင်းဟု ယုံကြည်ရသည်။ MH370 ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် အကြောင်းရင်းတို့ကို လုံးဝ မခန့်မှန်းနိုင်သေးချေ။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင်မူ သောကဗျာပါဒမီး တောက်လောင်နေသည့် လူပေါင်း(၂၀၀)ကျော်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိရမည် ဖြစ်သည်။ “ငါတို့ အမျိုးတွေကို ပြန်ခေါ်ပေး”၊ “မလေးရှား အစိုးရဆိုတာ လူသတ်သမားတွေပဲ”ဟု လူအများက အော်ဟစ်နေချိန်တွင် အသက်(၆၈)နှစ်ရှိ အဖွားအို ဝမ်ဝန်ချန်းကမူ “ငါ့သား၊ ငါ့သားကို ပြန်ပေးပါ”ဟု ရေရွတ်ရင်း ငိုကြွေးလျှက်ရှိသည်။ တရုတ်အစိုးရသည် သာမန်အားဖြင့် ဆန္ဒပြမှုများကို ဖိနှိပ်လေ့ ရှိသော်လည်း ပြည်ပရေးရာနှင့် ဆက်စပ်ပြီး တရုတ်ပြည်သူများ ထိခိုက်ခံစားရသည့် အခြေအနေများတွင် ခြွင်းချက်ထား ဆန္ဒပြခွင့် ပေးထားသည်။


မလေးရှားထုတ် New Straits Times သတင်းစာသည် မျက်နှာဖုံး တစ်ခုလုံးကို အနက်ရောင် ခြယ်လိုက်ပြီး လေယာဉ်၏ ကောက်ကြောင်းပုံရိပ်ကို အဖြူရောင်ဖြင့် ပုံနှိပ်ကာ ထုတ်ဝေရောင်းချခဲ့သည်။ ကြေကွဲဝမ်းနည်းမှုကို ပြသသော အဆိုပါ မျက်နှာဖုံးတွင် “Good Night MH370”ဆိုသော စာသားကိုလည်း ရေးသားထားသည်။ ယင်းသည် လေယာဉ်မှ နောက်ဆုံး ပြန်ကြားချက် ရရှိခဲ့သည့် “Good Night, All Right”ဆိုသည့် နှုတ်ဆက်စကားအား ရည်စူးထားခြင်း ဖြစ်သည်။ The Star သတင်းစာက MH370 R.I.Pဆိုသော ခေါင်းစဉ်ဖြင့် လေယာဉ်ပေါ် ပါသွားသူများကို စုစည်းဖော်ပြခဲ့သည်။ တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသည့် မလေးရှားသတင်းစာ အားလုံးလိုလိုသည်လည်း မျက်နှာဖုံးကို ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်များ ပြောင်းလဲခဲ့ကြသည်။

Social Mediaများတွင် မလေးရှားနိုင်ငံသား မြောက်မြားစွာတို့သည် ၎င်းတို့၏ Profile ဓာတ်ပုံများကို အနက်ရောင်အဖြစ် ပြောင်းလဲခဲ့ကြပြန်သည်။ မလေးရှား၏ သယ်ယူပို့ဆောင်ရေးဌာန ယာယီဝန်ကြီး ဒါတက်ခ်ဆာရီ ဟစ်ရှာမူဒင်က နိုင်ငံအတွင်းမှ ကိုးကွယ်မှု မတူညီသည့် ဘာသာဝင် ပေါင်းစုံတို့ အနေဖြင့် မိမိတို့ တတ်နိုင်သည့်အလျှောက် တောင်းဆုပြုပေးကြပါရန် Twitterမှတစ်ဆင့် ပန်ကြားခဲ့သေးသည်။ ပင်လယ်သမုဒ္ဒရာထဲတွင်မူ လေယာဉ်များသည် ပျံသန်းရင်း၊ သင်္ဘောများသည် ခုတ်မောင်းရင်း MH370၏ အစအနဟု ယူဆရသည့် အရာတိုင်းကို လိုက်လံရှာဖွေ ဆန်းစစ်နေဆဲ ဖြစ်သည်။

တနင်္လာနေ့တွင် ဆိုးရွားကြမ်းတမ်းလှသည့် ရာသီဥတုကြောင့် ရှာဖွေရေး လုပ်ငန်းစဉ် အချို့ကို ရပ်ဆိုင်းထားသော်လည်း ရာသီဥတု အတန်ငယ် တည်ငြိမ်သည်နှင့် အပြောကျယ်လှသည့် ကမ်းမမြင် လမ်းမမြင် ရေပြင်ကြီးထဲတွင် ရှာဖွေရေး လုပ်ငန်းစဉ်ကို တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ကယ်ဆယ်ရေး လုပ်သားများက နိုးကြားနေဆဲ ဖြစ်သည်။ “ကျွန်တော် ပြောချင်တာကတော့ MH370ကို ကျွန်တော်တို့ ဆက်ပြီးတော့ ရှာဖွေနေဦးမယ် ဆိုတာပါပဲ”ဟု ဝန်ကြီး ဟစ်ရှာမူဒင်က ဖွင့်ဟပြောဆိုသွားခဲ့သည်။

From: Planet Myanmar Network

မလေး လေယာဉ် ပျက်ကျဟုဆို၊ အကြောင်းရင်း မရှင်းလင်းသေး

Posted by drmyochit Tuesday, March 25, 2014, under | No comments

ပျက်ကျသွားသည်ဟု ဆိုသော မလေးလေယာဉ် MH370 ပေါ် ပါသွားသူတဦး၏ ဆွေးမျိုးသားချင်းတဦး တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးရှေ့တွင် သောကရောက်နေစဉ် (ဓာတ်ပုံ – Reuters)

မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် အမှတ် MH370 သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း မလေးရှား ၀န်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က (Najib Razak) က မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်သည်။ ဂြိုလ်တု ဓာတ်ပုံ အထောက်အထားများအရ ထိုသို့ ယူဆရခြင်း ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ သည်။

သို့သော်လည်း မည်သည့် အတွက်ကြောင့် ထိုသို့  ဖြစ်ပွားခဲ့ရကြောင်းကို မလေးရှား တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့ကြောင့် မိမိ၏ နိုင်ငံသား အများစု ပါဝင်နေသည့် တရုတ်နိုင်ငံက ဂြိုဟ်တုမှ အချက်အလက်များပေး ရန်တောင်းဆိုခဲ့သည်။

မလေးရှား အစိုးရ၏ ပြောကြားချက်ကို မယုံကြည်သော တရုတ်နိုင်ငံသား ခရီသည်များ၏ မိသားစုများက တရုတ်နိုင်ငံရှိ မလေးရှား နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ရှာဖွေရေးကို ဦးဆောင်နေသည့် ဩစတြေးလျ နိုင်ငံမှ တာဝန်ရှိသူများက လေယာဉ် အပျက်အစီးများရှိသည်ဟု ယူဆရသည့်နေရာတွင်  ရာသီဥတု ဆိုးရွားနေသည့်အတွက် လေယာဉ်ရှာဖွေရေးများကို ရပ်ဆိုင်းထားရကြောင်းလည်း ကြေညာထားသည်။

မတ်လ ၂၅ ရက်နေ့ အစောပိုင်းတွင် တရုတ်နှင့် သြစတြေးလျ ရှာဖွေရေးလေယာဉ်များက သြစတြေးလျနိုင်ငံ၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံးလေယာဉ်မှဟု ယူဆရသည့် အပျက်အစီး အပိုင်းအစများကို တွေ့ရှိခဲ့ကြသည်။ သြစတြေးလျ လေယာဉ်က အရာဝတ္တု ၂ ခု တွေ့ရှိခဲ့ရာ တခုမှာ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်ရှိပြီး စက်ဝိုင်းပုံဖြစ်သည်။ နောက်တခုမှာ လိမ္မောရောက် ဖြစ်၍ လေးထောင့် ပုံရှိကြောင်းသိရသည်။  အဆိုပါနေရာသို့ သြစတြေးလျ ရေတပ်မှ ထောက်ပံ့ရေး သင်္ဘောတစီး သွားနေပြီဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တရုတ်ရှာဖွေရေး လေယာဉ်မှ ၀န်ထမ်းတဦးက ကြီးမားသည့် အရာဝတ္တု ၂ ခုနှင့် အနီးပတ်လည်ရှိ စတုရန်း ကီလိုမီတာ ပေါင်းများစွာ ကျယ်ဝန်းသည့် ရေပြင်တွင် သေးငယ်သည့် အပိုင်းအစပေါင်းများစွာ တွေ့မြင်ခဲ့သည်ဟု အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ၎င်းတို့ထဲမှ အဖြူရောင် လေးထောင့်ပုံအပိုင်းအစ တခုကို လေယာဉ်ပေါ်မှ ကင်မရာက ဓာတ်ပုံ ရိုက်နိုင်ခဲ့သည်။

မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများထံ ပေးပို့သော မက်ဆေ့ခ်ျတွင် “MH 370 လေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရန်ဖြစ်လာသည့်အတွက် မလေးရှား လေကြောင်းလိုင်းက အလွန်ဝမ်းနည်းရပါသည်။ နောက်ထပ် တနာရီအကြာတွင် မလေးရှား ၀န်ကြီးချုပ်က ထုတ်ပြန်သည့် အခါတွင် ကြားရမည်ဖြစ်သည့်အတိုင်း ဂြိုလ်တုမှ ရရှိသည့် အချက်အလက် အသစ်များကို သုံးသပ်စစ်ဆေးချက်အရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် လေယာဉ် ပျက်ကျသွားခဲ့ပါသည်” ဟု ဖော်ပြထားသည်။

ကနဦးအနေဖြင့် ခရီးသည်တဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ထောက်ပံ့ခဲ့ကြောင်းလည်း မလေးရှား လေကြောင်းလိုင်းက ကြေညာခဲ့သည်။

လေယာဉ်၏ တည်နေရာကို ဖော်ထုတ်နိုင်ခြင်း မရှိလျှင်ပင် MH370 ပေါ်တွင် လိုက်ပါသွားသော ခရီးသည်များအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ မျှ လေကြောင်းလိုင်းက ပေးလျော်ရန်ရှိနေသည်ဟု Bloomberg သတင်းဌာနက ဆိုသည်။

“MH370 ပျောက်ဆုံးမှုကတော့ အခုထိ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေဆဲပါပဲ။ မလေးရှားလေကြောင်းလိုင်းနဲ့ ဥပဒေအရ ဖြေရှင်းရမှာကတော့ အဆန်းတကြယ် မဟုတ်ပါဘူး” ဟု အမေရိကန် နိုင်ငံ Seattle မြို့မှ လေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ ရှေ့နေတဦးဖြစ်သည့် Robert Hedrick က The Straits Times သို့ ပြောသည်။

လေကြောင်းလိုင်းများသည် နိုင်ငံတကာ သဘောတူ စာချုပ်တခုဖြစ်သည့် ၁၉၉၉ ခုနှစ် မွန်ထရီရယ် သဘောတူညီချက် (Montreal Convention of 1999) ကို လိုက်နာရမည်ဖြစ်ပြီး မတော်တဆ ဖြစ်ရပ်ကြောင့် လေကြောင်းခရီးသည်များ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့ပါက ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိလျှင်ပင် လျော်ကြေး ပေးရမည် ဖြစ်သည်။

ခရီးသည် ၂၂၇ ဦးလိုက်ပါသွားသော MH370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး နောက်ဆုံးရရှိခဲ့သည့် ဂြိုဟ်တုမှ စစ်ဆေးချက်များအရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု ယုံကြည်ရသည့်အတွက် မလေးရှားလေကြောင်းလိုင်းမှ ပေးလျော်ရမည့် တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးဖြစ်သည်။

သို့သော်လည်း လေကြောင်းလိုင်းဘက်မှ ပေါ့လျော့လစ်ဟင်းခဲ့ကြောင်း တွေ့ရှိခဲ့လျှင် လျော်ကြေး ပိုမိုမြင့်မားသွားနိုင်သည်  ဟု Bloomberg သတင်းဌာနက ဆိုသည်။ ထိုသို့ဆိုလျှင် မွန်ထရီရယ် သဘောတူညီချက်အရ သတ်မှတ်ထားသည့် အမေရိ ကန်ဒေါ်လာ ၁၇၅၀၀၀ ဆိုသည့် ပမာဏသည် ယခုဖြစ်ရပ်အတွက် အကျုံးဝင်ခြင်း မရှိတော့ဘဲ ခရီးသည်များ၏ ကျန်ရစ် သူမိသားစုများက လေကြောင်းလိုင်းကို တရားစွဲဆိုပြီး ပိုမိုမြင့်မားသည့် လျော်ကြေးတောင်းခံလာနိုင်သည်။

မတ်လ ၈ ရက် စနေနေ့တွင် လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မတ်လ ၁၀ ရက် ဈေးကွက်ဖွင့်သည့် အချိန်တွင် မလေးရှားလေကြောင်းလိုင်း၏ အစုရှယ်ယာတန်ဖိုး ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ၃ နှစ်အတွင်းတွင် နှစ်စဉ် အရှုံးပေါ်ခဲ့ကာ ပြီးခဲ့သည့် ၁၂ လ အတွင်းတွင်လည်း ရှယ်ယာဈေး ၄ ပုံတပုံ ကျဆင်းခဲ့သည့်အတွက် စတော့ဈေးကွက် ကျွမ်းကျင်သူ ပညာရှင်အများစုက “အရောင်း” အဆင့် သတ်မှတ်ထားခဲ့ကြောင်း The Wall Street Journal ကရေးသားလိုက်သည်။

MH370 လေယာဉ် ပျောက်ဆုံးခြင်းကို အဖြေမထုတ်နိုင်သေးသည့်တိုင် အာမခံ ကုမ္ပဏီများဘက်က စတာလင်ပေါင် ၆၇ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၁၀ ခန့်) ပေးလျော်ရနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ စီးပွားရေး အင်တာနက် စာမျက်နှာ တခုဖြစ်သည့် This is Money တွင်ဖော်ပြထားသည်။

လေယာဉ်ပျက်ကျခြင်းကို အတည်မပြုနိုင်သေးသော်လည်း စံသတ်မှတ်ထားသည့် မူဝါဒများအရ လေယာဉ်တစင်းသည် ၄၈ နာရီအတွင်း ကွင်းသို့ဆင်းသက်ခြင်း မပြုလျှင် သို့မဟုတ် ဆီမဖြည့်လျှင် လေယာဉ် ပျက်စီးသွားပြီဟု ယူဆရမည် ဖြစ်သည်။

နိုင်မင်းသွင်| ဧရာဝတီ

MH 370 ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်

Posted by drmyochit Tuesday, March 25, 2014, under | No comments


ကွာလာလမ်ပူ ၊ မတ် ၂၅

မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားသော MH 370 လေယာဉ်ပျံနှင့် ပတ်သက်၍ ယမန်နေ့ညက မလေးရှားဝန်ကြီးချုပ် နာဂျစ်က နောက် ဆုံးတွေ့ရှိချက်များကို ကြေငြာခဲ့သည့်အားလျော်စွာ ၎င်းခ ရီးစဉ် တွင်ပါ သွားသော ခရီးသည်များအားလုံးနှင့် လေ ယာဉ်အ မှုထမ်း အားလုံးတို့သည် လေယာဉ်မှုအတူ ပျောက် ဆုံးသွားပြီဆိုသည့် နာကျင်ဖွယ် ပကတိတရားတစ်ခုအား ကျွန်ုတို့လက်ခံရတော့မည်ဟု မလေးရှား လေကြောင်းလိုင်း ဥက္ကဌ မိုဟာမက်ယူဆွတ်က ပြောလိုက်သည်။

ထိုကဲ့သို့ မီဒီယာမှထုတ်ပြန်မကြေငြာခင်တွင် ခရီးသည်များနှင့်ဝန်ထမ်းများ၏ ကျန်ရစ်သူ မိသားစုဝင်များ အား တစ်ဦးချင်းစီ တယ်လီဖုန်းဖြင့်လည်းကောင်း ၊ SMS ဖြင့်လည်းကောင်း ဝမ်းနည်းဖွယ်ရာသတင်းကို အသိပေးခဲ့သည်။ ထိုကြောင့် မိသားစုဝင်တစ်ထောင်ခန့်မှာ မီဒီယာများအရင် ကြိုတင်သိရှိခဲ့သည် ဆိုသည်။

ယခုအခါ ကူညီဖြေသိမ့်သူ ဦးရေ ၇၀၀ ပါဝင်သည့် ကွန်ယက်တစ်ခုကို မလေးရှားလေကြောင်းလိုင်း ကစီ စဉ်ခဲ့ကာ ခရီးသည်တစ်ဦးချင်းစီ ၏မိသားစုတိုင်းအား ကူညီဖြေသိမ့်သူ ၂ ဦးနှုန်းဖြင့်အားပေးနှစ်သိ မ့်လျှက် ရှိကြောင်း၊ ခရီးသည်တစ်ဦးချင်းစီအတွက် ကနဦးအကူငွေ ကန်ဒေါ်လာ (၅၀၀၀) ထောက်ပံ့ခဲ့ကြောင်း ၎င်းထုတ်ပြန်ကြေငြာချက်မှ သိရသည်။

သို့သော် မလေးရှားလေကြောင်းလိုင်းအနေဖြင့် ထိုဝမ်းနည်းဖွယ်အဖြစ်အပျက် ဖြစ်ပွားခဲ့ရပုံနှင့် အကြောင်းရင်းကိုမူ ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးပေ။


ref : malaysia air line
photo - AFP - reuters
Popular Myanmar News Journal

တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေး ပြဿနာဖြစ်လာနိုင်ကြောင်း WHO သတိပေး

Posted by drmyochit Tuesday, March 25, 2014, under | No comments

တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်


အဆုတ်နာ တီဘီရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးကို ခြိမ်းခြောက်နိုင်သည့် ကျန်းမာရေး ပြဿနာတစ်ခုသဖွယ် ပြန်လည် ရပ်တည်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်သည်။ တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားခဲ့သော်လည်း ကုသမှု ခံယူနိုင်ခြင်း မရှိသူ (၃)သန်းမျှ ရှိနေကြောင်း သိရသည်။
ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားသော အဆိုပါ ရောဂါသည် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်များ ထွက်ပေါ်လာစေသည်။ ယင်းဘက်တီးရီးယားသည် အဆုတ်ကို ဦးစွာတိုက်ခိုက်ပြီး ထို့နောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများကိုပါ ထိခိုက်စေတတ်သည်။ တီဘီရောဂါကို ကုသနိုင်သော်လည်း ထိရောက်သည့် ကုသမှု မရှိလျှင် အသက်ဆုံးရှုံးသည်အထိ အခြေအနေ ဆိုးနိုင်သော ကျန်းမာရေး ပြဿနာ တစ်ခုလည်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က တီဘီရောဂါ ကုသဆေး မတိုးသည့် စူပါအဆင့် တီဘီရောဂါ ကူးစက်မှုကြောင့် ကမ္ဘာ့လူဦးရေ သန်းဝက်မျှ ဖျားနာခဲ့ရဖူးသည်။

WHOမှ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ်သော မာဂရက်ချန်းက “တီဘီရောဂါက ပုံစံကွဲအမျိုးမျိုး ရှိနိုင်တယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရောဂါဖြစ်တာကို စောစောစီးစီး သိရှိဖို့နဲ့ မြန်မြန်ဆန်ဆန် ကုသဖို့က သိပ်ကို အရေးပါတဲ့ လိုအပ်ချက်တွေပါပဲ။ ရောဂါရှာဖွေမှုမှာ မှန်ကန်တဲ့ နည်းလမ်းက ချဉ်းကပ်နိုင်ခြင်းဟာ ဒီရောဂါကို ဟန့်တားဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ WHOသည် မျိုးကွဲ တီဘီရောဂါပိုးများအတွက် ကုသဆေး ပုံစံအမျိုးမျိုးကို ထုတ်လုပ်ခဲ့သည်။
ယခုအခါတွင် တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေးအတွက် ပြဿနာတစ်ခုသဖွယ် တည်ရှိနေကြောင်း WHOမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ တီဘီရောဂါသည် လူ့သမိုင်း အစောပိုင်း အီဂျစ်ဖာရိုး ဘုရင်များ လက်ထက်ကတည်းက တည်ရှိခဲ့သော ရောဂါတစ်မျိုးဖြစ်ပြီး အီဂျစ်မာမီ ရုပ်အလောင်း အချို့တွင် ယင်းရောဂါပိုး စွဲကပ်ခဲ့သည့် အထောက်အထားများကို သုတေသီများက ဖော်ထုတ်တွေ့ရှိထားသည်။

From: Planet Myanmar Network

လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု

Posted by drmyochit Tuesday, March 25, 2014, under | No comments

ခိုင်လုံသော အထောက်အထား မရှိသေးသဖြင့် တရုတ်မိသားစုဝင်များ လက်မခံ

ကွာလာလမ်ပူ
မတ်လ ၂၄ ရက်က ဘေဂျင်းမြို့ လီဒိုဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုပ်သံသတင်းကိုကြည့်ရှုပြီးနောက် မလေးရှားလေကြောင်း MH 370 လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦး သတင်း ထောက်များအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို တွေ့ရစဉ်။ ယင်းမတိုင်မီတွင် ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲတွင် ခရီးလမ်းဆုံးသွားခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဓာတ်ပုံ− ရိုက်တာ)

မလေးရှားဝန် ကြီးချုပ်နာဂျစ်ရာဇာတ်က လေ ယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်း သို့ပျက်ကျခဲ့ ခြင်းဖြစ် ကြောင်း တရားဝင် ကြေညာလိုက်ပြီး နောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစု ၀င်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။

ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီ နှင့် မတော်တဆမှုလေ့လာ စုံစမ်း ရေးမှ ဂြိုဟ်တုအချက်အလက် များအပေါ် သုံးသပ်ချက်များ ကိုအခြေခံ၍ မလေးရှားဝန်ကြီး ချုပ်နာဂျစ်ရာဇာတ်က ကြေညာ လိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်း ကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိပေ။

လေယာဉ် ဆင်းသက်နိုင်သည့် နေရာများနှင့် ဝေးကွာလှသော ပင်လယ်ပြင်တွင် လေယာဉ်ကို နောက်ဆုံးတွေ့ ခဲ့သည်မှာ သေချာကြောင်းကိုသာ ၎င်းက ပြောဆိုခဲ့သည်။

ရုပ်ဝတ္ထုပစ္စည်းအထောက်အ ထားမရှိခြင်းအတွက် ဖြေသိမ့်နိုင် ရန်ခက်ခဲ့သည်ဟု လေယာဉ်ခရီး သည် ဖိလစ်ဝုဒ်၏ လက်တွဲဖော် မစ္စစ်ဆာဘက်ခ်ျကဆိုသည်။

အခြားလူများကလည်း အာ ဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ဆွဲလိုက်ရခြင်းနှင့်ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်ထုတ်ပြန်ရန် တောင်းဆိုနေကြသည်။

‘‘လေယာဉ် အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိ ဘူးဆိုတော့ ဒီကိစ္စအမှန်တကယ် မပြီးသေးဘူး’’ ဟု မစ္စစ်ဘက်ခ်ျက ဆိုသည်။

ဘေဂျင်းစံတော်ချိန် ည ၉နာ ရီ ၄၆မိနစ်တွင် ဘေဂျင်းမြို့ရှိ လီ ဒိုဟော်တယ်ကွန်ဖရင့်ခန်းမတွင် စာသားမက်ဆေ့ခ်ျ ပို့သော ဖုန်းသံ များမြည်လာပြီး မက်ဆေ့ခ်ျမှာတရုတ်ဘာသာစကားဖြင့်မဟုတ် အင်္ဂလိပ် ဘာသာဖြင့်ဖြစ်သည်။

၁၆ရက်ကြာ သံသယ၊ မယုံ ကြည်မှုများနှင့် မလေးရှားအာ ဏာပိုင်များအပေါ် အကြီးအ ကျယ်ဝေဖန်မှုများ ရှိခဲ့ပြီးနောက် ဖုန်းစာသားမက်ဆေ့ခ်ျမှာ နောက် ဆုံးစော်ကားမှုဖြစ်သည်ဟု တရုတ်မိသားစုများ ကဝေဖန်သည်။

သတင်းကို အတည်ပြုရန် အခန်းအတွင်းရှိ ရုပ်သံဖန်သားပြင်များပေါ်တွင် မလေးရှားဝန်ကြီးချုပ်ပုံပေါ်ထွက် လာသောအခါ စူးစူးဝါးဝါးအော် ဟစ်သံများ၊ ငိုကြွေးသံများစတင် ပေါ်ထွက်ခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီး သည်အများစုမှာ တရုတ်နိုင်ငံ သားများဖြစ်ပြီး စုစုပေါင်း ၁၅၂ ဦးလိုက်ပါခဲ့သည်။

တရုတ်ဂြိုဟ်တုက ယင်းနေရာတွင် အရာဝတ္ထုအချို့ကို တွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း မတ်လ ၂၄ ရက်က သွားရောက်ခဲ့သည့် အမေရိကန် ရှာဖွေရေးအဖွဲ့က တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

ထို့နောက် သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် အရာဝတ္ထုနှစ်ခုကို တွေ့ရှိကြောင်း ထပ်မံပြောဆိုလိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ်က အတည်ပြုချက်ထုတ်ပြန်လိုက်သည်။

ယင်းပစ္စည်းများမှာ မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေး ထောင့်ပုံရှိ ပစ္စည်းဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ လေယာဉ် ပျက်မှဖြစ်နိုင်ဖွယ်ရှိသော နောက် ဆုံးတွေ့ရှိထားသည့် ပစ္စည်းများ ဖြစ်သည်။ သို့သော် လေယာဉ်မှ အကြွင်းအကျန်ဟု ကံသေကံမ ပြောဆိုနိုင်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်း ပစ္စည်းများကို ဝေဟင်မှ တွေ့ရ ခြင်းဖြစ်ပြီး လက်ဝယ်ရရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအသီးသီး မှ ရှာဖွေရေးအဖွဲ့များက ဂြိုဟ်တုမှ နောက်ဆုံးမြင်တွေ့ရသည့် ပစ္စည်းများကို ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ဝယ်အပျက်အစီးမရှိ၍ စိစစ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းချက်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။

နောက်ဆုံးအကြိမ် လေ ယာဉ်နှင့် လေကြောင်းထိန်းသိမ်း သူများအဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အ တွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ် ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာ ပင် အနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက် ကြားဆီသို့ ဦးတည်ပျံသန်းသွား ကြောင်း စစ်တပ်ရေဒါက ဖမ်းယူ ရရှိခဲ့သည်။ ရေဒါမှ ပျောက်ကွယ် မသွားမီ လေယာဉ်သည် ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့ သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက် က စီအင်န်အင်န်သို့ ပြောဆိုခဲ့ သည်။

‘‘အရင်က နားမလည်နိုင်ခဲ့ တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက် ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ် သောင်းနှစ်ထောင်အနိမ့်မှာ ပျံ သန်းတယ်ဆိုတာက လေယာဉ် ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ် တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင် တယ်။ ဒါကြောင့် လေယာဉ်မှူး က ပေအနိမ့်ကနေပဲ လေယာဉ် ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ ဟု အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာန မှ ယခင်စုံစမ်းရေးအရာရှိနှင့် လေ ကြောင်း သုံးသပ်သူ မေရီရှိအာဗို ကရှင်းပြသည်။

သို့သော် အချို့လေ့လာသူ များက နောက်ဆုံးရရှိသည့် သ တင်းအချက်အလက်များအပေါ် ယုံကြည့် စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသ ယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲ ရန် မသင့်သေး ဟု ဆိုသည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဇုန်ကို ဘာကြောင့်ရှာဖွေရသနည်း။

ဂြိုဟ်တု အချက်အ လက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆို သည်။ ယင်းကို မလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

အစောပိုင်းသြစတြေးလျနှင့် တရုတ်အာဏာပိုင်များကလည်း အလားတူ ဂြိုဟ်တုပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ် ဂြိုဟ်တုပုံအရ ၇၄ ပေနှင့် ၄၃ ပေအရွယ်ရှိ အရာဝတ္ထုကို တွေ့ရှိရသည်။ သို့သော် သြစတြေးလျ ရှာဖွေရေးအဖွဲ့က အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် မတ် ၂၂ ရက်အထိ တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ရှာဖွေသည့်နေရာ တကယ်မှန်ကန်ပါသလား။

အသေအချာတော့လည်း မ ပြောနိုင်ပေ။ အားလုံးက ခန့်မှန်း ချက်နှင့် အနီးစပ်ဆုံးရှာဖွေနေခြင်း သာဖြစ်သည်။ ရေပြင်တွင် မျော နေသော သစ်ခံပြားနှင့် အခြား ပစ္စည်းများကို တွေ့ရုံမျှဖြင့် လေ ယာဉ်အစိတ်အပိုင်းဟု မပြောနိုင်ကြောင်း လေ့လာသူများကဆိုသည်။ နောက်ဆုံး တွေ့ရှိထားသော အရာဝတ္ထုနှစ်ခုကို လက်ဝယ်ရချိန်တွင် ပို၍ တိကျသော အဖြေတစ်ခုခု ထွက်လာနိုင်ပါသည်။

လက်ရှိတွင်မူ ဂြိုဟ်တုမှပုံများနှင့် ဝေဟင်မှ ပုံများကို အခြေခံပြီး ဖြစ်နိုင်ခြေများကို ခန့် မှန်းနေရချိန်သာ ရှိနေသေးသည်။ မလေးရှားဝန်ကြီးချုပ်က သမုဒ္ဒ ရာအတွင်းသို့ လေယာဉ်ပျက်ကျ ကြောင်း အတည်ပြုချက်ထုတ် ပြန်ခဲ့သော်လည်း လေယာဉ်ခရီး သည် မိသားစု အားလုံးကမူလက်မခံကြသေးပါ။ ဆက်လက် ရှာဖွေနေဆဲ အဖွဲ့တစ်ခုခုက တိ ကျသော အထောက်အထားရရှိ ချိန်အထိ ဆက်လက်စောင့်မျှော် နေကြဦးမည်ဖြစ်ပါသည်။

(နိုင်ငံတကာ သတင်းဌာနများ၏ ရေးသားချက်များကို ခင်မေဇော် နှင့် ရဲမင်း စုစည်းဘာသာပြန်ဆိုသည်)

From: 7Day News Journal

MH370 အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျ၊ အသက်ရှင်ကျန်ရစ်သူမရှိလို့ဆို

Posted by drmyochit Tuesday, March 25, 2014, under | No comments


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး အသက်ရှင်ကျန်ရစ်တာ မရှိနိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါတယ်။

နောက်ဆုံးရရှိခဲ့တဲ့ သတင်းအချက် အလက်တွေအရ ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယ သမုဒ္ဒရာ ထဲမှာ လေယာဉ် ပျက်ကျ ခဲ့တာ ဖြစ်ကြောင်း နဲ့ ဒီလေယာဉ်ပျောက်ကို ခြေရာခံတဲ့ နည်းပညာတွေဟာ အရင်တုန်းက တခါမှ အသုံးမပြုဖူးတဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြု ခဲ့တယ်လို့လည်း မလေးရှား ၀န်ကြီးချုပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ ကိုလည်း မလေးရှား လေကြောင်းလိုင်းက ဆက်သွယ်ပြီး တယ်လီဖုန်း ကနေတဆင့် သတင်း စကားတွေ ပြောပြ လိုက်ပြီလို့ ဆိုပါတယ်။

လူပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ လေယာဉ်အမှတ် MH 370 ဟာ မတ်လ ၈ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ပျံသန်းနေခဲ့ရာကနေ လမ်းကြောင်းသွေဖီပြီး ဘာကြောင့် အိန္ဒိယ သမုဒ္ဒရာထဲရောက်ခဲ့သလဲ ဆိုတာကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။

ABC Radio Australia

MH 370 အိန္ဒိယသမုဒ္ဒရာမှာ ပျက်ကျခဲ့ကြောင်း မလေးဝန်ကြီးချုပ် ကြေညာ

Posted by drmyochit Tuesday, March 25, 2014, under | No comments

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားတာကို ဒီ ကနေ့ လုပ်တဲ့ မလေးရှား ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ရဲ့ သတင်းစာရှင်း လင်းပွဲမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။
 ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်

Air Accidents Investigation Branch (AAIB) ဆိုတဲ့ ဗြိတိန် စုံစမ်းရေးသမားတွေရဲ့ အတည်ပြုချက် အပေါ် အခြေခံပြီး အခုလို မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောသွားတာဖြစ် ပါ တယ်။

မလေးရှား ဝန်ကြီးချုပ်က ပြောသွားရာမှာ Immarsat ကုမ္ပဏီက ညွှန်ပြချက်တွေအရ လေယာဉ်ပျံသန်း သွားတဲ့ နောက်ဆုံး လမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက် အခြမ်းမှာဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပြီး မလေးရှား လေကြောင်းလိုင်းနဲ့ AAIB တို့ ပူးပေါင်းကာ လေယာဉ်ဟာ အဲဒီလမ်းကြောင်းမှာ ပျံသန်းသွားခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြတာပါ။

လေယာဉ်ရဲ့ နောက်ဆုံး အနေအထားဟာ သြစတြေးလျ နိုင်ငံ ပတ် ( Perth ) မြို့ရဲ့ အနောက်တောင် ဘက်၊ အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ဒီအချက်အလက်အသစ်တွေအရ အထူးကြေကွဲဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် MH 370 လေယာဉ် ဟာ အိန္ဒိယ သမုဒ္ဒရာတောင်းပိုင်းမှာ အဆုံးသတ်သွားခဲ့ပါပြီ” လို့ မလေးရှား ဝန်ကြီးချုပ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

သူက ဆက်ပြောတာမှာ နောက်ဆုံး တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ အသေးစိပ်အချက်အလက်တွေကို မနက်ဖြန် အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ် နာဂျစ်က ပြောတာမှာတော့ အစောဆုံး အခွင့်အလမ်းမှာ ရရှိတဲ့ သတင်းအချက်အလက် အသစ်တွေကို လေယာဉ်မိသားစုတွေနဲ့ ဒီစုံစမ်းရေးကို ဦးဆောင်တာဝန်ယူတဲ့ တာဝန်ခံ ၂ ဦးတို့ ကို လေးစားတဲ့ အနေနဲ့ ပွင့်လင်း မြင် သာစွာနဲ့ လေးလေးစားစား အခုလို သတင်းထုတ်ပြန်လိုက်တာဖြစ်တ ယ်လို့ ဆိုပါတယ်။

မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့ကို အသွား လူပေါင်း ၂၃၉ ဦး တင်ဆောင်ထားတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးပြီး ၁၇ ရက်ကျော်ကြာပြီးတဲ့အခါမှာ မလေးရှား ဝန်ကြီးချုပ်က အခုလို လေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ပြီး ခရီးသည်အားလုံး အသက်ရှင် မယ်လို့ မမျှော်လင့်တဲ့အကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို သတင်းထုတ်ပြန်လိုက်မှုကြောင့် MH 370 လေယာဉ် အမှုထမ်းတွေနဲ့ ခရီးသည် မိသားစုတွေက
တော့ မျှော်လင့်ချက်တွေ အကုန်ပျက်သုံးသွားပြီး ငိုကြွေး ကုန်ကြပါပြီ။

မလေးရှားလေကြောင်းလိုင်းကလည်း ခရီးသည် မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းပြောကြားပြီး အတည်ပြုချက်ကို အကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

Monday, March 24, 2014

ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရေး ရခိုင်အမျိုးသမီးများ ဆွေးနွေး

Posted by drmyochit Monday, March 24, 2014, under | No comments


ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ပါဝင်ဆောင်ရွက်နိုင်မယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို ရခိုင်အမျိုး သမီးတွေက တိုင်ပင်ဆွေးနွေးနေကြပါတယ်။

ပြည်တွင်းပြည်ပက ရာနဲ့ချီတဲ့ ရခိုင်အမျိုးသမီးကိုယ်စားလှယ်တွေဟာ စစ်တွေမြို့က အလိုတော်ပြည့်ကျောင်း တိုက်မှာကျင်းပတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံမှာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးနေကြတာပါ။

ရခိုင်ပြည်နယ်ထဲဖြစ်ပွားတဲ့ ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေလိုပြီး အမျိုးသ မီးတွေအနေနဲ့ လည်း တဖက်တလမ်းက ပါဝင်ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုတိ ယခေါင်းဆောင် စောစံငြိမ်းသူက ပြောပါတယ်။

ရခိုင်အမျိုးသမီးတွေအနေနဲ့ မိမိပြည်နယ်နဲ့တကွ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်တွေ ရှိလာအောင်နဲ့ ရခိုင်အမျိုးသမီးတွေရဲ့ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းအောင် ဒီညီလာခံကနေ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ စောဆိုတဲ့ အမည်ကို ပိုပြီးတွင်ကျယ်စွာ ပြန်လည်ဖော်ထုတ်သုံးစွဲလာကြဖို့လည်း ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်အမျိုးသမီးညီလာခံကို အရင်က ပြည်ပမှာ ကျင်းပခဲ့ရပြီး ဒီနှစ်တော့ ပြည်တွင်းမှာ အလွှာစုံ၊ မြို့နယ်စုံက အမျိုးသမီးတွေနဲ့ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တာပါ။

မတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့ထိ ၄ ရက်တာ ကျင်းပတဲ့ ဒီညီလာခံဟာ ရခိုင်အမျိုးသမီး အစည်းအရုံးရဲ့ စတုတ္ထအကြိမ်မြောက်ညီလာခံဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့က အမျိုးသမီး ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



By နန်းမြနဒီ
DVB TV News

ထိုင်းက ဖမ်းမိထားတဲ့ တရုတ်မွတ်စလင်တွေ ဘယ်သူတွေလဲ

Posted by drmyochit Monday, March 24, 2014, under | No comments



တူရကီနိုင်ငံကို သွားပြီး အကြမ်းဖက် အစီအစဉ်တွေ သင်ကြားပေးဖို့ တရားမ၀င် ၀င်လာကြတဲ့ မွတ်စလင် ရွှေ့ပြောင်း နေထိုင်သူတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကြားခံ အဖြစ် အသုံး ပြုခဲ့ တာကို မကြာခင်ကတွေ့ရှိခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။

 တရုတ် မွတ်စလင်တွေ ထိုင်းကို ဖြတ်လာတဲ့ လမ်းကြောင်းပြမြေပုံ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

မွတ်စလင် ၂၉၆ ဦးနဲ့ ၁၂၂ ဦးအဖွဲ့ဟာ ထိုင်းနိုင်ငံထဲကို ၀င်နည်းမျိုးစုံနဲ့ ၀င်ရောက်လာတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိ တဲ့ အကြောင်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းတခုမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲက ပထမဆုံး အုပ်စုတခုကို မနှစ်က ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Suan Phlu လ၀က စခန်း မှာ ထိန်းသိမ်းထားပါတယ်။

တဆက်တည်းဆိုသလို Songkhla အရပ်မှာ ဒုတိယအုပ်စုကို ဖမ်းဆီးခဲ့ပါတယ်။ ဒုတိယအသုပ်အုပ်စုအဖြစ် မတ်လ ၁၂ ရက်နေ့က ရာဘာစိုက်ခင်းလုပ်ကွက် တခုထဲကနေ မွတ်စလင် ၂၁၉ ဦးနဲ့ မတ် လ ၂၀ ရက်နေ့ က Sadao ခရိုင် ဒေသ၊ ကျောင်းတခုမှာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

အခု ဖမ်းဆီးမိထားတဲ့ တရား မ၀င် ၀င်ရောက်လာသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ သဲသဲကွဲကွဲ မသိရသေးပေ မယ့် အဲဒီ ၁၁၂ ဦးအုပ်စုထဲ လူ ၃၀ က တော့ တရုတ်နိုင်ငံက ခွဲထွက်ရေး ကြိုးစားနေကြတဲ့ ဇီကျန်ပြည်နယ် အနောက် ခြမ်းက ဝှေကာလူမျိုးတွေဖြစ်တယ်လို့ အတည်ပြုချက်ရထားတယ်လို့ ဆိုပါ တယ်။

ရာဘာစိုက်ခင်းထဲဖမ်းမိခဲ့တဲ့ မွတ်စလင်အုပ်စုတခုကတော့ သူတို့ဟာ တူရကီနိုင်ငံက ၀င်ရောက်လာ သူတွေ လို့ ပြော ကြတယ်လို့ သိရပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက်မှာတော့ အဲဒီ ၂၁၉ ဦး အုပ်စုနဲ့ ၁၁၂ ဦးအုပ်စုတို့ဟာ အတူတဖွဲ့ တည်းဖြစ် တယ် လို့ ထိုင်းလ၀က အကြီးအကဲတဦးဖြစ်တဲ့ Panu Kerdlarppol က ဘန်ကောက်ပို့စ်ကို ပြော ပါ တယ်။

ဒါပေမယ့် မကြာသေးခင်က ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးတခုမှာတော့ လ၀က ဒု ဗိုလ်ချုပ် Panu က နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်မှာ စိုးလို့ ဖမ်းဆီးရမိသူတွေရဲ့ နိုင်ငံသား ဆိုင်ရာ ကိစ္စကို အသေးစိပ် ပြောဆိုဖို့ ငြင်းဆို ထား တယ်လို့ ဆိုပါတယ်။

အခု ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ အဲဒီ မွတ်စလင်တွေကို တူရကီအစိုးရကတော့ တူရကီနိုင်ငံကို အုပ်စု လိုက် ခေါ်ယူ ရေး အကူအညီပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြောစဉ်မှာပဲ တရုတ်အစိုးရကတော့ အဲဒီမွတ်စလင်တွေဟာ တရုတ် လူမျိုးတွေဖြစ်ပြီး တရုတ်ပြည်ကို ပြန်ခေါ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။

ထိုင်း လ၀က ဗျူရိုနဲ့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရ သူတွေဟာ တရုတ် နိုင်ငံက လာကြတဲ့ မွတ်စလင်တွေ ဖြစ်ပုံရတယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်နိုင်ငံက ဝှေကာမွတ်စလင်တွေနဲ့ပတ်သက်ပြီး အထူး ဂရု စိုက်လာခဲ့တာ ကတော့ ထိုင်းနိုင်ငံ လ ၀ က အကြီးအကဲ မစ္စတာ Panu နဲ့ တရုတ်နိုင်ငံ ကူမင်းရဲတပ်ဖွဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ပြီး အဲဒီ ဝှေကာ မွတ်စလင် အရေး ဆွေးနွေးပြီးကတည်းကလို့ ဆိုပါတယ်။

တချို့ တရုတ် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တရုတ် မွတ်စလင် ရွှေ့ပြောင်းသူတွေဟာ တူရကီနိုင်ငံကို သွားလိုခဲ့ကြပြီး တူရကီနိုင်ငံမှာ စစ်လက်ပစ္စည်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ သင်တန်းတွေ တက်ပြီးရင် တရုတ် နိုင်ငံထဲ ပြန်ဝင်ကာ တရုတ်ကနေ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အထောက်အပံ့ တွေရဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရင် ၁၄ ရက်ကြာတယ်လို့ သိရပါ တယ်။

အဆိုပါ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမှာ တွေ့ဆုံပြီးတဲ့အခါ အုပ်စု ၄ စု ခွဲပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနိုင်ငံတွေကို ဖြတ်ကာ ထိုင်းပင်လယ်ကွေ့နဲ့ နီးတဲ့ ထိုင်းနိုင်ငံ Songkhla ခရိုင်ကို ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်း လ၀က သတင်းရင်းမြစ်တခုကို ကိုးကားပြီးဘန်ကောက်ပို့စ်က ဆိုပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ သူတို့ကိုယ် သူတို့ တူရကီတွေလို့ ပြောဆိုနေကြပေမယ့် ကနဦးစုံစမ်းစစ်ဆေး မှုတွေအရ သူတို့ဟာ တရုတ်ပြည်က မွတ်စလင်ရွှေ့ပြောင်းလာသူတွေဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါပေမယ့်လို့ သူတို့ဟာ တရုတ်စကားပြောတာ၊ သူတို့ရဲ့ အသုံးအဆောက်တွေ၊ ကားလက်မှတ်တွေစတဲ့ အခြား ပုဂ္ဂလိက သုံးပစ္စည်းတွေကို ထိုင်း လ၀က အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။

ထိုင်း လ၀က အရာရှိတဦးကတော့ ထိုင်း လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေဟာ မမိုက်မဲကြောင်း သူတို့ ဘာတွေဆိုတာ သိတဲ့အကြောင်းပြောထားတာလည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို တူရကီတာဝန်ရှိသူတွေနဲ့ ထိုင်း လ၀က က တူရကီ စကားပြန်အကူအညီ နဲ့ တွေ့ပေးခဲ့ပေ မယ့် သူတို့ဟာ တူရကီစကားကို ကောင်းကောင်း နားမလည်ခဲ့တာကြောင့် အပြန် အလှန် ကောင်းကောင်း မပြောဆို နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

“သူတို့ ( ဖမ်းဆီးခံထားရသူ မွတ်စလင် ရွှေ့ပြောင်းလာသူတွေ) ဟာ တူရကီဘာသာစကားကို နားမ လည်ကြဘူးလို့ စကားပြန်က ယုံကြည်ထားပါတယ်”လို့ ထိုင်း လ၀က အရာရှိတဦးက ပြောထားပါတယ်။

အခု အုပ်စုကတော့ တူရကီ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ မလေးရှားနိုင်ငံမြို့တော်ကို သွားဖို့ အစီအစဉ် ရှိခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာကြောင့် သူတို့ရဲ့ တူရကီသွားမယ့် အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ ရပ်သွားရတာဖြစ်ပါတယ်။

ထိုင်း လ၀က အကြီးအကဲ မစ္စတာ Panu က ပြောတာမှာတော့ အခုကိစ္စမှာ တူရကီနဲ့ တရုတ်နိုင်ငံတို့ ပါဝင်နေတာ ကြောင့် အထူးသတိထား ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

လင်းသန့်
ဧရာဝတီ

သင်္ကြန်မှာ သူများတွေ ပျော်ကြ၊ ကဲကြသလောက်တော့ မကဲဖြစ်ဘူးလို့ ဆိုတဲ့ မော်ဒယ်ဟေမာန်

Posted by drmyochit Monday, March 24, 2014, under | No comments



မော်ဒယ်လောကထဲကို ဝင်ရောက်လာတာ တစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး အခုချိန်မှာPhoto Model အဖြစ် ရပ်တည်လျှောက်လှမ်းနေပြီဖြစ်တဲ့ မော်ဒယ်ဟေမာန်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့သင်္ကြန်ဖီလင်အကြောင်းနဲ့ မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမ လတ်တလောမှာတော့ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ ညီမက အခုလောလောဆယ်မှာတော့ Photo Model အဖြစ် ရပ်တည်နေပါတယ်။

 နောက်ပိုင်းမှာတော့ သရုပ်ဆောင်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ ဗီစီဒီရိုက်ထားတွေတော့ရှိပါတယ်။ ထွက်တော့ မထွက်သေးဘူးပေါ့။ သင်္ကြန်သီချင်းတွေ ကြားရင်တော့ ပျော်သလိုလိုပေါ့။

သင်္ကြန်ရောက်ပေမဲ့လို့ အိမ်ထဲမှာပဲ နေဖြစ်တာများပါတယ်။ ရေပက်ခံထွက်ဖူးတယ်။ မဏ္ဍပ်လည်း ထိုင်ဖြစ်ပါတယ်။ သင်္ကြန်မှာ လူငယ်တွေ တအားကြီး ပျော်ကြ၊ကဲကြသလိုတော့ ညီမ မပျော်ဖြစ်ဘူး။ မကဲဖြစ်ပါဘူး။ သင်္ကြန်ဆိုအိမ်မှာ မုန့်လုပ်စားဖြစ်တယ်။ အိမ်တွေလိုက်ဝေဖြစ်တယ်။

အဲဒီလိုမျိုးမုန့်လုပ်စားတာ၊ အိမ်လိုက်ဝေတာမျိုးလုပ်ရတာ ကိုတော့ ပိုသဘောကျတယ်။ သင်္ကြန်မှာ ညီမက အရောင်ကာလာ တောက်တောက်လေးတွေ ဝတ်ဖြစ်တယ်။ ခြေစွတ်စွတ်ပြီး ဦးထုတ်ဆောင်း၊ မျက်မှန်တပ်ရတာကို သဘောကျတယ်။ ဆံပင်ကာလာကို ဖောက်ပြီး ဆိုးထားတယ်။

ကျစ်ဆံမြီးကျစ်ရတာကို ကြိုက်တယ်။ သင်္ကြန်မှာဆိုရင် အသားအရေ ကာကွယ်ဖို့အတွက် SPF 40လောက်ပါတဲ့ Sunscreen လိမ်းမှပဲအဆင်ပြေမယ်လို့ထင်တယ်။ မိတ်ကပ်ကိုတော့နည်းနည်း ထူထူလိမ်းဖြစ်တာပေါ့’လို့ သူမက ပြောပါတယ်။


Trend Myanmar

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့

Posted by drmyochit Monday, March 24, 2014, under | No comments


ပက်သ်၊ မတ်၂၃

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အ တူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာန တွင် ဖော်ပြထားသည်။

“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရ တဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီး ချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။

ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တု က ထောက်လှမ်း တွေ့ရှိခဲ့သော ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်း အစဟု ယူဆရသော အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး တပ်ဖွဲ့ဝင်များ က ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာဏာပိုင်များကလည်း သြစတြေးလျနှင့် တရုတ်ဂြိုဟ်တုတို့ သဲလွန်စများ ထောက်လှမ်း တွေ့ရှိထားသည့် ရေပြင်ဧရိယာတွင် ပျောက်ဆုံး လေယာဉ်၏ အစိတ်အပိုင်းဟု ယူဆ ရသော အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး ဂြိုဟ်တု ဓာတ်ပုံ များကို မလေးရှား အာဏာပိုင်များထံ ပေးပို့ခဲ့သည်။

ကုန်တင်သစ်သား အခင်းပြားများကို လေယာဉ်များတွင်သာမက သင်္ဘောများတွင်လည်း အသုံးပြုလေ့ ရှိသဖြင့် ယခုတွေ့ရှိသော သစ်သားအခင်းပြားမှာ ပျောက်ဆုံး မလေးရှားလေယာဉ်မှ ဖြစ်သည်ဟု အတိအ ကျ ယူဆရန် မဖြစ်နိုင်သော်လည်း သဲလွန်စများ တစ်ခုပြီးတစ်ခု တွေ့လာရသဖြင့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း တွင် ရှာဖွေရေး လုပ်ငန်းများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။

သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀ ကျော်ဝေးသော သမုဒ္ဒရာ ရေပြင်တွင် စစ်ဘက်လေယာဉ် လေးစင်း၊ အရပ်ဘက်လေယာဉ် လေးစင်းနှင့် စစ်သင်္ဘော တစ်စီး တို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့က လည်း အဆိုပါ ဧရိယာသို့ သင်္ဘောများ ထပ်မံစေလွှတ်ထားသည်။
“ရှာဖွေတဲ့နေရာ မှာ လေယာဉ်တွေ၊ သင်္ဘောတွေ ပိုများလာလေလေ ဂြိုဟ်တုက တွေ့ထားတဲ့ အရာဝတ္ထုတွေကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လေလေပါပဲ” ဟု တိုနီအက်ဘော့က ပြောကြားသည်။

လူ ၂၃၉ ယောက်ကို တင်ဆောင်သွားသော မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီးသည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ဗီယက်နမ် လေပိုင်နက် အတွင်းသို့ ဝင်ခါနီး၌ မြေပြင် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

စတင်ပျောက်ဆုံးခါစ စက်ချို့ယွင်းကာ တောင်တရုတ် ပင်လယ်အတွင်း ပျက်ကျသွားခြင်း ဖြစ်မည်ဟု ယူဆပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း စုံစမ်းတွေ့ရှိမှုများအရ လေယာဉ်သည် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မူလလမ်းကြောင်းအတိုင်း ဆက်မသွားဘဲ နောက်ကြောင်း ပြန်လှည့်ကာ နောက်ထပ် ၇ နာရီခန့် ပျံသန်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ရှာဖွေသည့် ဧရိယာကို ထပ်မံတိုးချဲ့ခဲ့ရသည်။

ထို့အပြင် လေယာဉ်ကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်း တွေ့ရှိထားရသဖြင့် အကြမ်းဖက်မှု (သို့မဟုတ်) ပြန်ပေးဆွဲမှု ဖြစ်မည်ဟု ယူဆမှုများလည်း ရှိနေသည်။

The Voice Weekly

"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်"

Posted by drmyochit Monday, March 24, 2014, under | 2 comments


"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်" ဟု ၁၆ နှစ် အရွယ် ဒူဘိုင်းသူလေးမှ တရားရုံး၌ သက်သေခံ ထွက်ဆိုခဲ့ဒူဘိုင်းတရားရုံးတစ်ခု၌ အသက် ၁၆ နှစ် အရွယ် မိန်းမပျိုသည် သူမ၏ မိဘနှစ်ပါးနှင့် ရင်ဆိုင်တွေ့သောအခါ သူမ၏ မိဘနှစ်ပါးမှ သူမ၏ ခန္ဓာကိုယ်အား Dh ၁၆၀၀၀၀ ဖြင့် ရောင်းချကာ သူမ၏ အပျိုရည်အား ဖျက်ဆီးခဲ့သည့်အကြောင်း တရားရုံးတော်အား ရှိုက်ကြီးတငင် ဖွင့်ချလိုက်သည်။
"ကျွန်မအဖေက နောက်မဆင်းရဲချင်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်။ အဖေရော အမေရောက ကျွန်မကို ဖာလုပ်ခိုင်းတယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတယ်။ ကြောက်ရဆို မလုပ်နိုင်ဘူးလို့ ကျွန်မ ပထမငြင်းတော့ အဖေက ခုပဲထသတ်တော့မယ့်အတိုင်း စိတ်ဆိုးတယ်လေ" ပါကစ္စတန် မိန်းမပျိုမှ သူမ၏ မိဘများအား တရားရုံးတော်မှ စစ်ဆေးစဉ် ဤသို့ သက်သေခံ ထွက်ဆိုခဲ့သည်။

အသက် ၁၆ နှစ် အရွယ် မိန်းမပျိုမှ သူမ၏ ဖခင်ဖြစ်သူ KA နှင့် မိခင်ဖြစ်သူ SK တို့သည် သူမအား သူစိမ်းသူများနှင့် လိင်ဆက်ဆံမှု ပြုရန် တွန်းအားပေးခိုင်းစေကာ သူမ၏ ကိုယ်ကာယကို အလွဲသုံးစားလုပ်ခဲ့ကြောင်း မိဘများအား မျက်နှာချင်းဆိုင်၍ သက်သေခံ ထွက်ဆိုခဲ့သည်။
မိန်းကလေးမှ မိဘများ၏ မျက်နှာကို တည့်တည့်ကြည့်လျက် ဤသို့ တရားသူကြီးရှေ့မှောက်၌ ထွက်ဆိုခဲ့သည်။

"ကျွန်မတို့က ဆင်းရဲတယ်။ အဖေက ကျွန်မကို သူနှင့်အတူ ဒူဘိုင်းကို လိုက်ခဲ့ပြီး ဖာလုပ်ဖို့ ချော့ပြောတယ်။ ဒီလိုလုပ်လျှင် ကျွန်မတို့ ချမ်းသာသွားမယ် တဲ့။ ပထမက ကျွန်မ ဖာလုပ်အောင် ကျွန်မကို ချော့ပြောဖို့ အဖေက အမေ့ကို ခိုင်းတာ။ ကျွန်မက အမေပြောတော့ မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဖေက ဒေါသ အကြီးအကျယ်ထွက်ပြီး ကျွန်မကို နင်ပဲငဆ ပက်ပက်စက်စက်ပြောတယ်။ နောက်တော့လည်း ဖိအားတွေက များများလာတော့ ကျွန်မလည်း မခံနိုင်တော့ပဲ သူတို့ကိုငဲ့ပြီး ဖာလုပ်လိုက်ရတယ်"

From:Myo Min Thant

ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်၏တာဝန်မဲ့ရေးသားမှုသည် နိုင်ငံ၏အချုပ်အခြာ အာဏာကိုထိ ပါးပြီးနှစ်နိုင်ငံချစ်ကြည်ရေးကိုပျက်ပြားစေနိုင်၍ တရားဝင်ဖြေရှင်းပေးရန်တောင်းဆိုမည်

Posted by drmyochit Monday, March 24, 2014, under | No comments


မင်းဟိန်းထက် ၊ ရန်ကုန်၊ မတ် ၂၂

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့နယ်တို့တွင် ခရိုင်းမီးယားကဲ့သို့ ပြည် သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းပြည်နယ်အောက်သို့ ပူးပေါင်းသင့်သည်ဟု ရေးသားခဲ့သည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရထံသို့ မြန်မာအစိုးရအနေဖြင့် ကန့်ကွက် ကြောင်းနှင့်ဖြေရှင်းပေးရန် တောင်းဆိုသွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

''လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိတယ် ဆိုပေမယ့် ဒါဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိ ပါးပါတယ်။ နောက်တစ်ချက်က နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးကိုလဲ ထိပါးစေတယ်။ ပြည်တွင်းတည် ငြိမ်အေးချမ်းရေးကိုလဲ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သံတမန်နည်းလမ်းအရရော အစိုးရအနေနဲ့ရော ဘင်္ဂ လားဒေ့ရှ်အစိုးရကို ပြောမှာပါ''ဟု အဆိုပါ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာထရိုင်ဗျူး သတင်းစာ၏ သတင်းဆောင်းပါးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများ၏ ၄၂ ရာခိုင်နှုန်းသည် တောင် အာရှမျိုးနွယ်များဖြစ်ပြီး ဘင်္ဂါလီစကား ပြောဆိုနေ ကြကြောင်း၊ စစ်တွေနှင့် မောင်တောတွင် ၉၅ ရာခိုင် နှုန်းရှိနေကြောင်း၊ ယူကရိန်းနိုင်ငံလက်အောက်မှ ခရိုင်းမီးယားတွင် ဆန္ဒခံယူပွဲပြုလုပ်ပြီး ရုရှားလက် အောက်သို့ ပူးပေါင်းလိုက်ခြင်းသည် လွန်စွာဆွဲဆောင် မှုရှိလှပြီး အံဝင်လှသော အဖြေများထဲက တစ်ခုဖြစ် ကြောင်း ရေးသားထားခြင်းဖြစ်သည်။

''ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ကို ဘယ်သူမှ လာပြီးသတ်မှတ်လို့မရဘူး။ လူဦးရေ သန်း ၆ဝ ကပဲ ပိုင်ပါ တယ်။ ဒီသန်း ၆ဝ ရဲ့ ဆန္ဒမပါဘဲနဲ့ ဒါကို ဘယ်သူမှ လာပြင်ဆင်လို့မရဘူး။ သူတို့ ဘယ် လောက်ရေးရေး မဖြစ်နိုင်တဲ့ကိစ္စကြီးကို ရေးနေတာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

ထို့ပြင် အဆိုပါဆောင်းပါးတွင် စစ်တွေ မြို့နှင့် မောင်တောဒေသတို့သည် ခရိုင်းမီးယားကဲ့ သို့ပင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား လွတ်လပ် သော နိုင်ငံတစ်ခုကို ထူထောင်ခွင့်ရှိသင့်ကြောင်း အ ဆုံးသတ်တွင် ဖော်ပြထားသည်။

''ရခိုင်ဒေသရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ်တဲ့နေရာမှာ အစိုးရအနေနဲ့ ရဲရဲတင်းတင်း လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ ခိုးဝင်လာတဲ့ဘင်္ဂါ လီလူအုပ်ကြီးတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေတာပါ။ လွတ်လပ်ရေးမရမီနဲ့ ရပြီးနောက်ပိုင်းအ ထိ အကြံအစည်တွေ အများကြီးနဲ့ လုပ်ဆောင်နေ တာပါ။ သူတို့ ခိုးဝင်နေထိုင်တဲ့ ဘူးသီးတောင်၊ မောင် တောကို သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံ ထူထောင်မယ်။ ဒါမှမဟုတ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းမယ် ဆိုတဲ့အကြံအစည်က အရင်ကတည်က ရှိပြီးသားပါ'' ဟု စစ်တွေမြို့ ရပ်မိရပ်ဖ ဦးသန်းထွန်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားလူမျိုး ထက်ဝက်လောက်သာ နေထိုင်နေကြပြီး ကျန်တစ် ဝက်နီးပါးမှာ အခြားလူမျိုးများဖြစ်ကြောင်း၊ ရုရှား လူမျိုးများက ဘင်္ဂလားဒေ့ရှ်တွင် ဝင်ရောက်နေထိုင် နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုံးချနေခြင်းဖြစ်နိုင် ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထား သည်။

အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal
Yangon Media Group

MH370 လေယဉ်မထွက်ခွါမီ လေယာဉ်မှူးထံ လျို့ဝှက်စွာဖြင့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်အတုဖြင့် ၀ယ်ထားသော ဖုန်းဖြင့် ဖုန်းခေါ်ခဲ့

Posted by drmyochit Monday, March 24, 2014, under | No comments


လေယာဉ် MH370 ပျောက်ဆုံးမှုဟာ လ၀က်ကျော် (၁၆ ရက်ကြာပြီးတဲ့နောက်) ပိုမိုလျို့ဝှက် နက်နဲလာတာ တွေ့၇ပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းသစ်တွေအရ လေယာဉ်မှူးဟာ 9/11 တုန်းကလို အကြမ်းဖက်သမား တစ်ဦးဖြစ်နိုင်တဲ့ အနေအထား တွေ့လာရပြီလို့ ဒေးလီးမေးလ် သတင်းစာက ဆိုပါတယ်။

လေယဉ်မှူး လေယာဉ်ပေါ် တက်ခါနီး အချိန်ပိုင်းလေးမှာ အမည်မသိ လျို့ဝှက် အမျိုးသမီးတစ်ဦးက လေယဉ်မှူး Zaharie Ahmad Shah ဆီကို ၂ မိနစ်ကြာ ဖုန်းခေါ်ခဲ့သေးပြီး သူမ ဟာ ဒီဖုန်း SIM ကဒ်ကို မှတ်ပုံတင် အတုနဲ့ တစ်ခါသုံးအဖြစ် ၀ယ်ယူသွားတာ ဖြစ်တာမို့ ရဲတပ်ဖွဲ့က ဒါကို စစ်ဆေး စုံစမ်းနေပြီ ဖြစ်ပါတယ်။ လေယာဉ်မှူးရဲ့ ဇနီးသည်ကို အဓိကထား စစ်ဆေးနေတာ ဖြစ်ပါတယ်။...

အမေရိကန် ညီနောင်မျှော်စင်ကို လေယာဉ်နဲ့ ၀င်တိုက်အကြမ်းဖက်ခဲ့တဲ့ 9/11 အကြမ်းဖက်မှု တုန်းကလည်း အကြမ်းဖက်သမားတွေကို ဆက်သွယ်တဲ့ ဖုန်းနံပါတ်တွေဟာ အခုလိုပဲ မှတ်ပုံတင် အတုတွေနဲ့ ၀ယ်ယူသွားတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီတော့ လေယာဉ်မှူးဟာ မတ်လ ၈ ရက်နေ့ကတည်းက ခရီးသည် ၂၃၉ ဦးနဲ့အတူ ပျောက်ဆုံးနေတဲ့ ဘိုရင်း 777 လေယာဉ်ကြီးရဲ့ ပျောက်ဆုံးမှု အဓိက တရားခံလား ဆိုတာ အားလုံးက သသယ ဖြစ်နေကြပါပြီ။ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ မလေးရှား အစိုးရကို ဆန္ဒပြ ဒေါသထွက်နေကြပါပြီ....

Read more: http://www.dailymail.co.uk/news/article-2587064/Probe-mystery-call-captain-doomed-jet-Unknown-woman-used-fake-ID-buying-phone-bypass-security-checks.html#ixzz2wf1dTPcR

Zaw Lwin Wi
Dawnmanhon

ဘင်္ဂါလီအမည်သာ တွင်စေရမည် တိုင်းရင်းသားများ စိတ်ချမ်းသာကြပါဟုပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ပြောကြား

Posted by drmyochit Monday, March 24, 2014, under | No comments

ကံ့ကော် ၊ ရန်ကုန်၊ မတ်၂၂

ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ရာတွင် ဘင်္ဂါလီလူမျိုး များအား ဘင်္ဂါလီအမည်သာ တွင်စေရမည် ဖြစ်ပြီး တိုင်းရင်းသား ၁၃၅ မျိုးတွင် ထည့် သွင်းမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက အာဆီယံလူငယ်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''ဘင်္ဂါလီလူမျိုးဟာ ဘင်္ဂါလီလို့ ပဲ အမည်တွင်မှာပါ။ ဒါကြောင့်လဲ ဘင်္ဂါလီ လို့ပဲအမည်တွင်အောင် ဆောင်ရွက်မယ်။ လူ့အခွင့်အရေးအရပဲ ဆောင်ရွက်မယ်။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထည့်လို့မရ ပါဘူး။ အဲဒီအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ် လို့ တိုင်းရင်းသားများ စိတ်ချမ်းသာအောင် နေကြပါ''ဟု ဦးအောင်မင်းက မတ် ၂၂ ရက်က Myanmar Peace Center တွင် ပြုလုပ်သော အာဆီယံလူငယ်များနှင့်တွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယခုအကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် စီမံကိန်းအရ တိုင်း ပြည်ဖွံ့ဖြိုးရေးကိုသာ အဓိကထား ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ပြုလုပ် မည့် ပြည်ထောင်စုစာရင်းကောက်ယူခြင်း နှင့် မှတ်ပုံတင်ပြုလုပ်ခြင်းတို့တွင် အသေး စိတ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း Code No ပေးခြင်းနှင့်ပတ်သက်၍ ဦးအောင်မင်းက ''သန်းခေါင်စာရင်း ကောက်ယူတဲ့ကိစ္စမှာ ပြည် သူတွေ အရမ်းစိုးရိမ်နေကြတယ်။ Code No ပေးလိုက်တာနဲ့ Code No ဝင်သွား မယ်။ ဥပမာ-ရခိုင်မှာဖြစ်နေတဲ့ ရိုဟင်ဂျာ ကိစ္စဆိုရင် သူတို့ကို ရိုဟင်ဂျာလို့ပဲမှတ်သွား မယ်။ ကွန်ပျူတာထဲမှာ ၁၃၅ မျိုးပဲ ထည့် ထားတဲ့အတွက် သူက Code No ထဲမှာ ဝင် သွားမယ်''ဟု ရှင်းပြပြောဆိုခဲ့သည်။

ပြဿဿ နများ ကို ဖြေရှင်းရာတွင် လည်း နိုင်ငံရေးနည်းအရသာ ဖြေရှင်းသွား မည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို မှား သည် မှန်သည်ကိုမကြည့်ဘဲ ပြည်သူများ လက်ခံခြင်း လက်မခံခြင်းကသာ အဓိက ဖြစ်ကြောင်းကိုလည်း ဦးအောင်မင်းက ထည့် သွင်းပြောကြားခဲ့သည်။


အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal
Yangon Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်