Tuesday, April 01, 2014
ချမ်းသာလာချင်လို့ ခွေးအကို ကိုယ့်လိင်အင်္ဂါ ကိုယ်ပြန်ထိုးကျွေးခဲ့တဲ့လူ
Posted by drmyochit Tuesday, April 01, 2014, under | No comments
အာဖရိကလူမျိုးတစ်ယောက်ဟာ သူ့ ကို ခွေးအတစ်ကောင်က တိုက်ခိုက်တာကို ငြိမ်ခံနေခဲ့ပြီး သူ့ ရဲ့ လိင်အင်္ဂါ တွေကို ခွေးအ စားတာကိုပါ ငြိမ်ခံနေခဲ့ပါတယ်။ အခုလိုလုပ်ရင် သူချမ်းသာလာမယ်လို့ ပြောတာကို ယုံပြီး လိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ချာမန်ဂီနီဇူးလူး လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ ကို ချုံပုတ်တစ်ခုထဲမှာ ခွေးအက စုတ်ပြတ်သတ်အောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခွေးအဟာ သူ့ ရဲ့ လိင်အင်္ဂါတွေကို စားသွားတဲ့အပြင် သူ့ ရဲ့ ခြေချောင်းသုံးချောင်း ကိုပါ စားသွားခဲ့တာပါ။
Times of Zambia သတင်းစာအရ ဒီဇူးလူးလူမျိုးဟာ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်းရှိပြီး မာလာဝီ နိုင်ငံကနေ လာရောက်သူဖြစ်တယ်လို့ သိရပါတယ်။
“ကျုပ်က မာလာဝီကနေလာတာ၊ ချီပါတာရောက်တော့ မှော်ဆရာနဲ့ တွေ့ ပြီး ကျုပ်ကိုယ်ခန္ဓာအစိတ်အပိုင်း တွေကို ယစ်ပူဇော်စတေးတာက ချမ်းသာလာဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ သူက ပြောတယ်။ ဒါနဲ့  ကျုပ်လည်း ခြုံပုတ်တစ်ခုထဲသွားပြီး ကိုယ်တုံးလုံးဖြစ်အောင် လုပ်လိုက်တယ်။ နောက်တော့ ခွေးအ တစ်ကောင်ရောက်လာပြီး ကျုပ် ခြေချောင်းတွေကို စပြီး စားတယ်။ နောက်တော့ ကျုပ်ရဲ့ ယောင်္ကျားအင်္ဂပါ စားသွားတယ်” လို့ သူက ဆေးရုံကုတင်ပေါ်ကနေ ပြန်ပြောပြပါတယ်။
ခွေးအရဲ့ တိုက်ခိုက်ဖြတ်စားမှုကို ခံပြီးနောက်မှာ သူဟာ လမ်းမပေါ်ကို တွားသွားတက်လာခဲ့ပြီး အနီးနားက ဖြတ်သွားတဲ့ ရဲဝန်ထမ်းတွေမြင်တော့မှ ဆေးရုံကို ပို့ ပေးခဲ့ရတာပါ။
အခုတော့ သူ့ ကို ချီပါတာအထွေထွေဆေးရုံကြီးမှာ တင်ထားပြီး ကုသမှုခံယူလျက်ရှိပါတယ်။
Ref: Mirror.co.uk
Trend Myanmar
Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း
Posted by drmyochit Tuesday, April 01, 2014, under , | No comments
ဆွေမျိုးနီးစပ်-လက်ထပ်တာကို Incest ခေါ်တယ်။ မြန်မာဝေါဟာရကို မသိပါ။ တသွေးထဲက မွေးလာသူတွေ နဲ့ (မွေးစာတာ အပါအဝင်) တအိမ်ထဲ နေသူတွေလို့ ကွဲသေးတယ်။ အမျိုးအစားတွေထဲမှာ အမျိုး-လူကြီး နဲ့ အမျိုး-ကလေး၊ အမျိုး-ကလေး နဲ့ အမျိုး-ကလေး၊ အမျိုး အရွယ်ရောက်ချင်း၊ တဝမ်းကွဲ အမျိုးချင်း။
Incest သုတေသန လုပ်တာတွေက ယေဘုယျ ချဘို့ ခက်တယ်။ အကြမ်းဖျင်း လူဦးရေ ၁ဝ-၁၅% လောက်မှာ ဒီစိတ်မျိုး ရှိတတ်ပြီး၊ ကိုယ်ထိ လက်ရောက် ဖြစ်တာက ၂% လောက်ရှိမယ်လို့ ယူဆကြတယ်။ ဖခင်-သမီး ဖြစ်ပျက်မှုက အများဆုံး။ မိခင်-သားက အနဲဆုံး။ အကို-နှမ မနဲလှဘူး။ မောင်နဲ့နှမ အကြား ဖြစ်တာမျိုးက မိဘနဲ့ သားသမီးကြား ဖြစ်တာထက် များတယ်။ အရွယ်မရောက်သူ အပါအဝင် ငယ်သူအပေါ် စော်ကားမှုမျိုးက ရေရှည်သဘော များတယ်။
Inbreeding မျိုးဗီဇ တူသူအကြား အိမ်ထောင်ပြုရင် Genetic disorder မွေးရာပါ ချို့ယွင်းချက်နဲ့ ကလေးတွေ မွေးတတ်တယ်။ မျက်နှာ နှစ်ခြမ်း မတူတာ၊ လူကောင် သေးတာ၊ ခုခံအားစနစ် ကောင်းကောင်း မလုပ်တာ၊ သား-သမီး နည်းတာတွေ ဖြစ်မယ်။ မိဘ+သားသမီး = ၂၅%၊ မောင်+နှမ = ၂၅%၊ အဖေတူ+အမေကွဲ၊ မအေတူ+အဖေကွဲ = ၁၂့၅%၊ ဦးလေး+တူမ၊ အဒေါ်+တူ = ၁၂့၅%၊ မောင်+နှမ တဝမ်းကွဲ = ၆့၂၅%၊ ဦးလေး+တူမ တဝမ်းကွဲ = ၆့၂၅%၊ မောင်+နှမ နှစ်ဝမ်းကွဲ = ၁့၆% မှာ လာဖြစ်နိုင်တယ်။
သမိုင်းမှာလဲ နမူနာတွေ ရှိခဲ့ဘူးတယ်။
ရိုမန်-အင်ပါယာ Caligula ကနေ Julia Livilla, Drusilia, Agrippina the Younger ဆိုတဲ့ နှမ-တူမ သုံးယောက်လုံးကို ယူခဲ့တယ်။ အင်္ဂလန်က Queen Victoria နဲ့ Prince Albert တို့လဲ တဝမ်းကွဲတွေ။ ဥရောပ ဘုရင်တွေရော မြန်မာဘုရင်တွေပါ သွေးသား တော်စပ်သူတွေကို မိဘုရား မြှောက်တာ နန်းတွင်း အစဉ်အလာ Intermarriage ရှိခဲ့ကြတယ်။ နာမယ် အကြီးဆုံး ဆိုရမှာက House of Habsburg ဖြစ်တယ်။ ရာစု ၆ စုတိုင် အမျိုးချင်း လက်ထပ်တာကြောင့် “မေးရိုးက ရှေ့ငေါထွက်နေတာ” ကို Austrian lip လို့ ခေါ်တယ်။ စပိန်ဘုရင် Charles II ဟာ အစားတောင် သူများလို ဝါးမရတော့ဘူး။
မျိုးဗီဇ ဝေးတာကို Exogamy ခေါ်တယ်။ Gene (ကော်ပီ) ဖြစ်ဘို့ အခွင့်အလမ်း နည်းလို့ ပေါင်းသင်း ထိုက်တယ်။ Iceland က deCODE genetics company ကနေ ၃ ဝမ်းကွဲတော်သူတွေဟာ မျိုးစပ်လို့ အောင်မြင်မှု အများဆုံးလို့ ထုတ်ပြန်တယ်။ အိုက်စလန် ဆိုတာ သေးငယ်လွန်းလို့ အမျိုးနီးစပ် လက်ထပ်ကြတာ များတာကိုး။ Genetic sexual attraction (GSA) ဆိုတာလဲ ရှိသေးတယ်။ အမျိုးတော်ပေမဲ့ ကြီးမှ ပြန်တွေ့တဲ့အခါ Sexual attraction ဖြစ်ပေါ်မှုကို ပြောတာပါ။ ဆွဲဆောင်မှု သာမက Trustworthy ယုံကြည်မှုလဲ ရှိကြတယ်လို့ မှန်းရတယ်။ “အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းငြိ” ဆိုတာနဲ့ မတူဘူး။
Incest ဟာ “တရား မဝင်ဘူး၊ ဘာသာရေးက ခွင့်မပြုဘူး၊ မလိုလားအပ်တဲ့ Taboo ဖြစ်တယ်၊” လို့ နားလည် လက်ခံကြတယ်။ လူမှုရေး အသိုင်းအဝိုင်းနဲ့ ဘာသာရေးအယူတွေမှာ ကွဲပြားမှုတော့ ရှိတယ်။ ရှိသမျှ ဘာသာ ပေါင်းစုံက တားမြစ်မှု အမျိုးမျိုး လုပ်ထားပေမဲ့ တခုနဲ့တခု မတူဘူး။ Roman Catholic Church က အတင်းကြပ်ဆုံးဘဲ။ Eastern Orthodox Church က ၂ ဝမ်းကွဲအထိ ခွင့်မပြုဘူး။ Anglican Communion က တဝမ်းကွဲကို လက်ထပ်ခွင့် ပြုတယ်။
Islamic ကတော့ ဖအေရဲ့မိန်းမ (မိခင်နဲ့ မိထွေး)၊ နှစ်ဘက်က အဒေါ်၊ နှမအရင်း၊ ဖအေတူ-မအေတူ နှမ၊ တူမ၊ သမီး၊ (မအေကို ယူပြီးရင်) မယားပါ-သမီး၊ ချွေးမတွေကို ယူခွင့်မပြုဘူး။ လက်တွေ့ဘဝမှာ ၂ဝဝ၇ နိုဝင်္ဘာ ၂ဝ ဘီဘီစီ သတင်း တပုဒ်မှာ အိန္ဒိယ၊ အနောက် ဘင်္ဂလားမယ် သမီးအကြီးကို ယူတာဟာ Divine sanction အလာရှင် အလိုတော်ရလို့ Afazuddin Ali ကနေ သူ့မိန်းမကို ပြောတယ်။ မိန်းမကလဲ တရာရုံးမှာ အဲလိုပြောတာ လက်ခံတယ်လို့ ထွက်ဆိုတယ်။ ရွာသားတွေကတော့ ဒေါသထွက်ပြီး ခေါင်းဖြတ်ချင်ကြတယ်။ တရားရုံးကလဲ သူ့အာဏာစက် မဟုတ်လို့ အဆုံးအဖြတ် မပေးနိုင်ခဲ့ဘူး။ မိသားစုဟာ တခြားနေရာ ရွေ့ပြီး ကနေ့ထက်ထိ နေထိုင် ပေါင်းသင်း နေကြဆဲဘဲ။
Hindu ဟိန္ဒူတွေက ဒါကို ပြင်းပြင်းထံထံ ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ တောင်ပိုင်း (ဒရာဗီဒီယန်) တွေကတော့ တူမကို ယူတာ လက်ခံတယ်။ ဗုဒ္ဓဘာသာမှာတော့ ၅ ပါးသီလ နဲ့ မဂ္ဂင်-ရှစ်ပါးအရ Sexual misconduct လို့ ကျယ်ပြန့်တဲ့ တားမြစ်မှုတွေ ပါရှိနေတယ်။
သမားရိုးကျ ခွဲခြမ်းစိတ်ဖြာ-စိတ်ပညာ သီအိုရီက “ကလေးငယ် ၃-၅ နှစ်သား အရွယ်မှာ ဆန့်ကျင်ဘက်လိင် မိဘကို Incestuous desires ဒီသဘောဆောင်တဲ့ တွယ်တာမှု ဖြစ်တယ်” လို့ ဆိုတယ်။ ဂရိ Oedipus Rex ကို အစွဲပြုပြီး သားကနေ မိခင်အပေါ် စိတ်ညွှတ်တာကို Oedipus complex လို့ ခေါ်တယ်။
ဂရိရှေးဟောင်း စာပေထဲက Zeus နဲ့ Hera တို့က မောင်နှမတော်ကြတယ်။ Cousin marriages မောင်နှမ တဝမ်းကွဲ လက်ထပ်ကြတာကို အမေရိကားမှာ ပြည်နယ် ၂၆ ခုက ခွင့်ပြုထားတယ်။ တချို့နိုင်ငံတွေ ဥပမာ ပါကစ္စတန်မှာ အဲလို ဝမ်းကွဲတွေယူတာဟာ မျိုးသန့်တယ်လို့ ယူဆတယ်။ အင်္ဂလိပ် Incest novels လို့ ခေါ်တဲ့ စိတ်ကြွစေတဲ့ ဝတ္ထုတွေမှာတော့ သွေးသားတော်စပ်သူတွေရဲ့ ဇာတ်လမ်းတွေ ခေတ်စားတယ်။ အမျိုးတော်နေတာကို မသိဘဲ လက်ထပ်ယူတာတွေ ရှိတယ်။ Accidental incest ခေါ်တယ်။ Genetic sexual attraction မျိုးဗီဇ ဆွဲဆောင်မှုကြောင့်လို့ စိတ်ပညာရှင်တွေက ယူဆတယ်။
ဆန့်ကျင်ဘက်လိင်ကို စွဲလမ်း-နှစ်လိုမှု၊ ကာယကံမြောက်မှု ဆိုတာတွေက အဲလို အကြောင်းတွေကနေ ဖြစ်တာဘဲ။ လူနဲ့ တိရစ္ဆာန် ကွဲပြားတာက ဒီနေရာမှာပါ။ လူမှာ “လူ့စည်း” ဆိုတာ ရှိကြရတယ်။ ဘာသာရေး-စည်း၊ လူမှုရေး-စည်း ဆိုတဲ့ အခြေခံနဲ့ အကျယ်ပြန့်ဆုံး စည်းတွေသာမက အသင်းအပင်း-စည်းကမ်း၊ ကျောင်း-စည်းကမ်း စတာတွေလဲ ရှိသေးတယ်။ သစ္စာရည်သောက်၊ သွေးဖေါက်သစ္စာဆို လုပ်တတ်ကြသလို တချို့ကြ သံမဏိ-စည်းကမ်း လို့တောင် ခေါ်တဲ့ ဖေါက်ရင် ပြစ်ဒဏ် ကြီးကြီးမာမားနဲ့ တားတာမျိုးလဲ ရှိတယ်။ LTTE တွေဟာ လည်ပင်းမှာ Cyanide tube ဆွဲကြရတယ်။ စည်းမတူ၊ နည်းမတူ၊ လူလူချင်း မတူကြပါ။
“စိတ်” ဟာ Special senses လို့ခေါ်တဲ့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးမှာ နစ်မြော-မွေ့လျော်-ပျော်ပါးလေ့ရှိတယ်။ အာရုံငါးပါးအပြင် လူလူချင်း မတူကြတာက မျိုးဗီဇ၊ ဟော်မုန်း-ဆေးဝါး အပြင် ကာလံဒေသံ ဆိုတာလဲ အရေးပါသေးတယ်။ ဇာတ်တော် တခုထဲမယ် ဆိတ်ကွယ်ရာမှာ ဆန့်ကျင်ဘက်လိင် နှစ်ဦးထဲ အတူရှိနေရင် ဖေါက်ပြန်စိတ် ဆိုတာ ဆွေမျိုး တော်သော-မတော်သော ဖြစ်တတ်တာကို မိခင်ကနေ သားကို ပညာပေး ဆုံးမဘူးတယ်။ “အဆုံးအမ” တည်လို့ ဘာမှ အမှားအယွင်း မဖြစ်ဘူး။
Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁ဝ
၁-၄-၂ဝ၁၄
===================================
Inbreeding depression ဆွေမျိုးနီးစပ် လက်ထပ်ခြင်း (၂) ဆရာ ကျနော်အမတစ်ယောက်က ဆွေမ...
Dr. Tint Swe by Dr. Tint Swe  /  26min  //  keep unread  //  hide  //  preview
Hootsuite
 save for laterSend to readabilityOneNote +TAG
Inbreeding depression ဆွေမျိုးနီးစပ် လက်ထပ်ခြင်း (၂)
ဆရာ ကျနော်အမတစ်ယောက်က ဆွေမျိုးခြင်းလက်ထပ်ထားတယ်။ ကျနော်သိထားတာက inbreeding depreesiom ဖြစ်တတ်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးလေး ပြောပေးပါအုံး။
• ‘မျိုးဗီဇ’ နီးစပ်နေသူတွေ မျိုးစပ်ရာကနေဖြစ်တယ်။
• ဆွေမျိုးနီးစပ်မှုဝေးလေလေး အဖြစ်နည်းလေဆိုတဲ့သဘောဘဲ။
• လူတွေသာမကာ အကောင်တွေ၊ အပင်တွေမှာလဲဖြစ်တယ်။
• လူတွေမှာဆိုးတာဖြစ်သူ အလွန်ရှားပါးတယ်။ သိပ်လဲ မသိကြသေးပါ။
• အဲလိုဖြစ်သူတွေမှာ အားနည်းကြတယ်။ ကျန်းမာရေးမကောင်းကြဘူး။ ရောဂါတွေကို ခံနိုင်မအား နည်းကြတယ်။
• Hybrid vigor ဆိုတာနဲ့ ပြောင်းပြန်ဖြစ်တယ်။
• (ချားလ် ဒါဝင်) ကတည်းက သိရှိလေ့လာထားတယ်။ သူ့ဇနီး (အင်မ်မာ) က တဝမ်းကွဲမောင်နှမတော်တယ်။ သူတို့သားသမီး ၁ဝ ယောက်ထဲက ၃ ယောက်ဟာ ၁ဝ နှစ်မတိုင်ခင် ဆုံးပါးသွားကြတယ်။ ၃ ယောက်မှာ အိမ်ထောင်သက်ရှည်ပေမဲ့ သားသမီး မထွန်းကားကြဘူး။
• မျိုးဗီဇရောဂါဖြစ်လို့ ဆရာဝန်တွေလဲ ဖြစ်လာတာကို ပြုပြင်ပေးလို့မရပါ။
Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း
http://dts-medicaleducation-adult.blogspot.in/2012/07/incest.html
ဒေါက်တာ တင့်ဆွေ
ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။
`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။
မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။
ညီသစ် (မြစ်ကြီးနား)
Shan News
တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်
Posted by drmyochit Tuesday, April 01, 2014, under | No comments
နယ်စည်းအနီး အခုလို ဖြစ်ရပ်
မကြာခဏ ဖြစ်ပေါ်
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။
From: BBC Burmese
ဆရာ IUD က ထည့်ထားရင်သားအိမ်ကိုဖောက်ပြီး ဝမ်းခေါင်းထဲရောက်သွားနိုင်ပါလား?
Posted by drmyochit Tuesday, April 01, 2014, under | No comments
ဆရာ IUD က ထည့်ထားရင်သားအိမ်ကိုဖောက်ပြီး ဝမ်းခေါင်းထဲရောက်သွားနိုင်ပါလား။ အမျိုးသမီးကိုထည့်ပေးမလို့ကို အမျိုးသမီးရဲ့အဒေါ်တွေက အဲဒီလိုပြောနေလို့ပါ။ အဲဒါရှင်းပြပေးပါဆရာ။
ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် (IUCD) လို့ ခေါ်ရာကနေ ပိုတိုတဲ့ (IUD) လို့ ခေါ်လာတယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့တူတယ်။ (တိုယိုတာ) အမှတ်တံဆိပ်နဲ့ ဆင်တယ်။ အရင်ပေါ်ကာစတုံးက အင်္ဂလိပ် စာလုံး (အက်စ်) နဲ့တူတဲ့ ပလပ်စတစ် ပစ္စည်းလေးက ဆရာဝန်တွေ သုံးတဲ့ မြွေရုပ်လေးနဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပြစ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။
ဒီလို ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ Paragard ခေါ်တယ်။ သားအိမ်ထဲမှာ ၁ဝ နှစ်ကြာ ထားနိုင်တယ်။ အရေးပေါ်တားနည်း တခုအနေနဲ့လဲ ဆက်ဆံမှုပြုပြီး ၅ ရက်အတွင်း ထည့်ပေးနိုင်တယ်။ ဟော်မုန်း မပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ Copper IUD ထဲကပါနေတဲ့ Copper ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။
၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်-ဆိုးကျိုး တွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုး ဝင်မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်အုံးတော့ တွယ်ကပ်မှု မဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေမယ်။
နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ White blood cells သွေးဖြူဥ၊ Copper ions (ကေားပါး)၊ Enzymes (အင်ဇိုင်းမ်) တွေ နဲ့ Prostaglandins ဟော်မုန်းတွေ ပါတယ်။
ဘယ်အချိန်မှာ သားအိမ်ထဲထည့်ပေးမလဲ
ကိုယ်ဝန်မရှိတာ သေခြာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကို ထည့်ပေးရတာ ပိုလွယ်ကူတယ်။ ထည့်ထားပြီး ၄-၆ ပတ်နေရင် တခါစစ်သင့်တယ်။ ဖြစ်နိုင်ရင် ရာသီတခါဆင်းပြီးတိုင်း စစ်သင့်တယ်။ ဆရာဝန်ဆီ မသွားနိုင်ရင် ကိုယ့်တိုင် ကိုယ့်လက်ချောင်းထည့်ပြီး နိုင်လွန်ကြိုးလေး စမ်းတွေ့-မတွေ့စစ်နိုင်ပါတယ်။
Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။
Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါ နဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ Ectopic pregnancy ဖြစ်တာလဲ နည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။
သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်-အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။ တားဆေး-စားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံ ထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာများတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။
(ကောပါး-တီ) ကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က (STIs) လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။
Follow-up ပစ္စည်းထည့်ထားပြီးနောက်
သန္ဓေတား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်းထည့်ထားပြီရင် ဘာတွေကို ဂရုစိုက်ရမလဲ။ ၄-၆ ပါတ်နေရင် ထည့်ပေးတဲ့ ဆရာဝန်က တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာစစ်ဘို့လိုမယ်။ လစဉ်ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာလဲရှိမယ်။ လွယ်တာလဲရှိတယ်။ ဆရာဝန်ကို တိုင်ပင်ပါ။ လိုအပ်တိုင်း ဆရာဝန်ကိုတိုင်ပင်ပါ။
ဒေါက်တာ တင့်ဆွေ
Monday, March 31, 2014
အိန္ဒိယသမုဒ္ဒရာ MH370 အပိုင်းအစများတွေ့သည် အနီးအနားတွင် ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံး
Posted by drmyochit Monday, March 31, 2014, under | No comments
Monday, March 31, 2014
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း အန္ထာတိကတိုက်နားမှာ ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေတဲ့ အတွက် သင်္ဘောအမှုထမ်းတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ငါးဖမ်းလှေ ပျောက်ဆုံးသွားတဲ့ နေရာဟာ မလေးရှားလေယာဉ်အပိုင်းအစတွေ တွေ့ရှိထားတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတွက် ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစကို ရှာဖွေနေတဲ့ သြစတြေးလျ ရှာဖွေရေး လေယာဉ်က အဲဒီငါးဖမ်းသင်္ဘောကို ရှာဖွေမှု လုပ်ခဲ့ရပါတယ်။
Tanzania အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောရဲ့ အပိုင်းအစကို တွေ့ရှိခဲ့ပေမယ့် သင်္ဘောပေါ်က အမှုထမ်းတွေကိုတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မနေ့မနက်တုန်းက ဒုက္ခရောက်နေကြောင်း ပြောဆိုသံကို သြစတြေးလျ ရေတပ်က ကြားပြီးတဲ့နောက် မလေးရှားလေယာဉ်ရှာဖွေမှု လုပ်နေတဲ့ သြစတြေးလျ လေယာဉ်က သွားရောက် ရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဒီကနေ့ မလေးရှားလေယာဉ်အပိုင်းအစနဲ့ သဘောင်္အမှုထမ်းတွေကို ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သင်္ဘော ၈ စင်းနဲ့ လေယာဉ် ၉ စင်းတို့က ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
ABC Radio Australia - မြန်မာပိုင်း
ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေမှု ရပ်တန့်မှာ မဟုတ်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ပြော
Posted by drmyochit Monday, March 31, 2014, under | No comments
မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှက်မွတ်ဒင် ဟူစိန်
မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှက်မွတ်ဒင် ဟူစိန်က ပျောက်ဆုံး မလေးရှားလေယာဉ် MH370 က ရှင်သန်ကျန်ရစ်သူတွေကို ရှာဖွေမှုကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း မတ် ၃၀ ရက်နေ့က ပြောဆို ကတိပြုလိုက်ပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရောက်နေတဲ့ ဆွေမျိုးတွေနဲ့ ဆွေးနွေးနေပါတယ်။ တရုတ်ခေါင်းဆောင် အဆင့်တိုင်းနဲ့လည်း စကားပြောနေခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကတော့ မလေးရှားဝန်ကြီးဟာ ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ မလေးရှားအာဏာပိုင်တွေက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်မယ်ဆိုတဲ့ အာမခံချက်ကို လိုချင်နေခဲ့ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်ပြည် ပေကျင်းမြို့တော်ကို မတ် ၈ ရက်နေ့က ထွက်သွားတဲ့လေယာဉ် ပျောက်ဆုံးနေတာ ၃ ပတ် ကျော်နေပြီး ဖြစ်ပါတယ်။ လေယာဉ် ပေါ်မှာတော့ ခရီးသည်နဲ့အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် လိုက်ပါသွားပါတယ်။
သြစတြေးလျဝန်ကြီးချုပ် တိုနီအဘ်ဘော့ကတော့ ပျောက်ဆုံးလေယာဉ်ကို ဘယ်အချိန်ထိပဲ ရှာမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက် ထားမှာ မဟုတ်ဘဲ မတွေ့မချင်း ရှာမယ်လို့ မတ် ၃၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
ဒါအပြင် ရှာဖွေရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်က ဆွေးနွေးရမယ့် အရေးကိစ္စ မဟုတ်ဘူးလို့လဲ ပြောဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့ ပီးယာ့စ်လေတပ်အခြေစိုက်စခန်းအတွင်းရှိ ပျောက်ဆုံး လေယာဉ်ရှာဖွေရေး တောင်ဘက် စင်္ကြန်လမ်းမှာ သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။
ရေဒါနဲ့ ဂြိုလ်တုသတင်းအချက်အလက်တွေအပေါ် အကဲဖြတ်မှုအသစ်အရ ရှာဖွေရေး နယ်နမိတ်ကို ပါ့သ်မြို့အနောက်ဘက်က နဂိုသတ်မှတ်နေရာကနေ မြောက်ဘက် ၆၈၅ မိုင် အကွာကို ပြောင်းရွှေ့ ရှာဖွေနေပါတယ်။
နိုင်ငံပေါင်း ၂၄ နိုင်ငံက လေယာဉ်နဲ့ သင်္ဘောအစီး ၆၀ လောက်နဲ့ ၀ိုင်းဝန်း ရှာဖွေနေပေမယ့် ခုချိန်ထိ ပျောက်ဆုံးလေယာဉ်လို့ အတည်ပြုနိုင်တဲ့ အပျက်အစီး သဲလွန်စ တစုံတရာ မတွေ့သေးပါဘူး။
By ဒီဗွီဘီ
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
Posted by drmyochit Monday, March 31, 2014, under | No comments
Monday, March 31, 2014
(၁) ဖြစ်တဲ့သူ အသက်က 36 ပါဆရာ။ နောက်ဆုံးရာသီလာတဲ့နေ့က 15.2.2014 ပါဆရာ။ နောက်ဆုံး အတူနေတဲ့ရက်က 20.1.2014 ပါ။ အခု 20.3.2014 ကစပြီး အဖြူတွေပဲ ဆင်းနေပါတယ်တဲ့ ဆရာ။ သူအခုရောက်နေတဲ့ နေရာ့ မှာက အင်တာနက်တခုပဲ ရလို့ပါဆရာ။ ဆီးစစ်တံလဲ မလွယ်လို့ပါတဲ့ ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။
(၂) ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်းနာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။
ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။
ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။
ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။
သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။
Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။
Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။
ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။
ဒေါက်တာတင့်ဆွေ
သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့လွှဲအပ်
Posted by drmyochit Monday, March 31, 2014, under | No comments
မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။
နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။
အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော် မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး မျက်ရည်များပင် ကျကြလေသည်။
သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက ၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။
နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။
ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။
`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့် ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိ။
တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့် တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။ သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား နှလုံးသားချင်းဆက်သွယ်မှုကို လက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။
Credit : News Watch
Sunday, March 30, 2014
အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ
Posted by drmyochit Sunday, March 30, 2014, under | No comments
မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။
(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)
(၂) မနက်စာကို မစားဘဲ နေခြင်း။
(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။
(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)
(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။
(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)
(၇) အရက်များ အလွန်အကျွံသောက်ခြင်း။
(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)
(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )
အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျှက်
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
Pregnancy Twins (1) အမွှာကလေး လိုချင်ပါတယ်
Posted by drmyochit Sunday, March 30, 2014, under | No comments
(၁) ဆရာ အမွှာနဲ့ပတ်သတ်တာလေးတွေ သိချင်ပါတယ်။ အမျိုးသမီးက အမွှာကိုယ်ဝန်ဆောင်ထားလို့ပါ။
(၂) ဆရာရှင့် အမွှာကလေး လိုချင်ပါတယ်။ ဆေးစားလို့ ရပါသလား။ အမွှာရအောင်လုပ်လို့ ရပါသလား။ ဖြေကြားပေးပါ။ မျိုးရိုးတော့ မရှိပါဘူး။ နည်းလမ်းရှိရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။
တချို့စုံတွဲတွေက အခုမေးတသူလိုဘဲ အမွှာကို သိပ်ရချင်တတ်ကြတယ်။ သမတ George W. Bush မင်းသမီး Julia Roberts မင်းသား Mel Gibson တို့လို အမွှာမိဘတွေ ဖြစ်ချင်ကြတာကိုး။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁့၉% ဟာ အမွှာတွေ ဖြစ်ကြတယ်။ ကနေ့ခေတ်မှာ အမွှာမွေးတွေ ပိုများလာနေတယ်လို့ ဆိုတယ်။ အကြောင်းရင်း တချက်ကတော့ ကလေး မရ ရအောင် လုပ်ယူတာတွေကြောင့်တဲ့။
လူသိများ ထင်ရှားကြတဲ့ Famous Twins and Celebrity Twins တွေရှိပါတယ်။ အဆိုတော်ထဲက Alanis Morissette နဲ့ Justin Timberlake မင်းသားထဲက Billy Dee Williams နဲ့ Kiefer Sutherland မင်းသမီးထဲက Mary-Kate and Ashley Olsen Scarlett Johansson တို့ ဖြစ်ပါတယ်။ ရော့ခ်ဘုရင် Elvis Presley မှာလည်း အမွှာရှိခဲ့တယ်။
အမွှာဖြစ်ရတဲ့ အကြောင်းက တလမှာ တဥသာ ထွက်ရမဲ့ မ-မျိုးဥက တဥမက ထွက်လို့၊ ဒါမှမဟုတ် တခါမက ထွက်ပြီး၊ ထွက်တဲ့ ဥတွေက သုတ်ပိုးတွေနဲ့ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါမျိုးက ဆေးအကူတွေ မပါလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မ-မျိုးဥ တခုထဲကနေ နှစ်ခု ကွဲထွက်ပြီး၊ သုတ်ပိုးနဲ့ ပေါင်းစပ်ရင် Identical twins ရစေမယ်။
ကလေးမရ ရအောင် လုပ်နည်းဖြစ်တဲ့ IVF မှာ သုတ်ပိုးနဲ့ ပေါင်းစပ်ထားပြီးသား Fertilized eggs ၃ ခု၊ ၃ ခုမက ကို သားအိမ်ထဲ ထည့်ပေးလိုက်တာပါ။ ရည်ရွယ်ရင်းကတော့ ၁ ခုသာ သားအိမ်ထဲမှာ တွယ်ကပ်ပြီး၊ သန္ဓေတည်စေဘို့ဘဲ။ ထင်သလို မဟုတ်ဘဲ၊ ၁-၂ ခု ဖြစ်ဖြစ်၊ အကုန်ဖြစ်ဖြစ် သွားတည်ရင် အမွှာတွေ ဖြစ်စေတော့တယ်။ တည်တာကလည်း သန္ဓေ ၂ ခု၊ အချင်း ၂ ခု၊ အချင်းအိတ် ၂ ခု။ ဒါမှမဟုတ် သန္ဓေ ၂ ခု၊ အချင်း ၁ ခု၊ အချင်းအိတ် ၂ ခုလည်း ဖြစ်နိုင်ပြန်တယ်။
Monozygotic (Identical) twins မမျိုးဥတခုတည်းကနေ ကျားသုတ်ပိုး တခုတည်းတို့ ပေါင်းစပ်ကြပြီးနောက် ဥနှစ်ခု ကွဲသွားပြီး၊ အားလုံး ဆင်တူအမွှာ နှစ်ယောက် ဖြစ်ရတာပါ။ ရှားပါတယ်။ အမွှာထဲမှာ ၃ ပုံ ၁ ပုံထက် နည်းတယ်။ မျိုးရိုး မလိုက်ဘူး။ ဘယ့်အချိန်ကြမှာ ဥနှစ်ခုကွဲသလဲအပေါ် မူတည်ပြီး၊ ရုပ်အသွင်တူတာ ကွာတယ်။ များသောအားဖြင့် ၁၂ ရက်လောက်မှာ ကွဲတတ်တယ်။ စောလေ တူလေ။ ကျား-ကျား၊ မ-မ လိင်တူကြတယ်။
Dizygotic (Fraternal) twins ဆိုတာကတော့ မ-မျိုးဥ ၂ ခုနဲ့ ကျားသုတ်ပိုး ၂ ခုတို့ ပေါင်းစပ်ကြလို့ မတူတဲ့အမွှာ ဖြစ်တာပါ။ ပေါင်းစပ်ချိန်လည်း မတူကြဘူး။ အမွှာထဲမှာ ၃ ပုံ ၂ ပုံရှိတယ်။ Fertility drugs ဆေးတွေ သုံးရင်ဖြစ်တာ ဒါမျိုး ဖြစ်လေ့ရှိတယ်။ ကျား-မ လိင် မတူတတ်ဘူး။ မတူတဲ့ ယောက်ျား ၂ ယောက်နဲ့ အတူနေလို့လည်း အဲလိုအမွှာ ဖြစ်တတ်တယ်။
သဘာဝအတိုင်း အမွှာရအောင်လုပ်နည်း မရှိပါ။ ဆေးကူလို့လည်း မရေရာပါ။ In vitro fertilization (IVF) ဆိုတဲ့နည်းက ကလေးမရနိုင်သူတွေအတွက် တကူးတက လုပ်ကြရာမှာတော့ ဖြစ်နိုင်တယ်။ စွန့်စားရမယ်။
Fertility drugs ဆေးတွေဆိုတာ အမျိုးသမီးတွေ လစဉ်ထွက်ရမဲ့ မျိုးဥထွက်ဖြစ်စဉ် Ovulation အပေါ် သက်ရောက် စေအာင် လုပ်တဲ့ ဆေးတွေ ဖြစ်တယ်။ ယောက်ျားတွေမှာလည်း နည်းနည်းပါးပါး ဒီဆေးမျိုး သုံးတတ်သေးတယ်။ ကလေးမရနိုင်သူ၊ ခဏခဏ သားပျက်သူတွေအတွက် သုံးတာ များတယ်။
Clomid or Clomiphene citrate, Serophene ဆေးတွေ ဖြစ်ပြီး ဒီဆေးတွေကြောင့် အမွှာရတတ်တယ်။ အမှန်က ဘေးထွက် အကျိုးတခုပါ။ အမွှာတောင်မှ ၂ ယောက်မွှာသာမက များနိုင်သေးတယ်။ တခြား သတိထားရမဲ့ ဘေးထွက် အကျိုးတွေလဲ ရှိသေးတယ်။
အမွှာရချင်လို့ ဒီနည်းသုံးချင်ရင် Fertility clinics အထူးဆေးကုဌာနမှာ စနစ်တကျ လုပ်သင့်တယ်။ အခုရေးတဲ့စာက ဗဟုသုတလောက်သာ အားကိုးနိုင်ပါလိမ့်မယ်။
Dr. တင့်ဆွေ
မိန်းကလေးများသိထားသင့်သော ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း
Posted by drmyochit Sunday, March 30, 2014, under | No comments
မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေ အနေ ဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။
ပုံမှန် အဖြူဆင်းခြင်း
မိန်းကလေးတွေမှာ အဖြူဆင်းရတဲ့ အကြောင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ်သား ဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာ သင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါက ပုံမှန် အဖြူဆင်းတာဖြစ်လို့ မစိုးရိမ်ပါနဲ့။
ပုံမမှန် အဖြူဆင်းခြင်း
မိန်းမကိုယ်ကနေ ပုံမမှန် အဖြူဆင်းနေတယ် ဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။
ငါးညှီနံရခြင်း - အဖြူဆင်းတဲ့အခါ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ရနေရင် ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ်အာနိသင်ရှိတဲ့ ကြက်သွန်ဖြူစားပါ၊ ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါ ငါးညှီနံ့ရနေတာဟာ ယောနိ လမ်းကြောင်း ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောနိ လမ်းကြောင်း ရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ကုသမှု နည်းလမ်းတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။
အဖြူဆင်းရာတွင် အရောင်ပါခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ၊ အဖြူဆင်း ရာမှာ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်တွေ ဖြစ်နေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ ယောနိလမ်း ကြောင်းတစ်လျှောက် နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။
ဒိန်ချဉ်လို အဖတ်များ ဆင်းခြင်း - မိန်းမကိုယ် မှိုစွဲတာကြောင့် ဖြစ်ပါတယ်။ ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက် မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရ တတ်ပါ တယ်။ ဆီးသွားတဲ့အခါ နာကျင်မှု ဖြစ်တတ်ပါတယ်။ ကလမ်မိုင်ဒီယား မှိုပိုး ကြောင့် ဖြစ်တတ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
အရည်ကြည်များ ဆင်းခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေ ဆင်းတာနဲ့ မိန်းမကိုယ် တစ်ဝိုက်မှာ ကြွက်နို့ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်က အဖြူဖတ်တွေ ဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။
ပျောက်ဆုံးလေယာဉ်မှ အသက်ရှင်ဖွယ်ရှိသူများကိုဆက်လက်ရှာဖွေမည်ဟု မလေးရှားဝန်ကြီးကတိပြု
Posted by drmyochit Sunday, March 30, 2014, under | No comments
ပျောက်ဆုံးနေသောခရီးသည်တင် လေ ယာဉ်မှ အသက်ရှင်သန်နိုင်ဖွယ်ရှိသူများအား ဆက်လက်ရှာဖွေ သွားမည်ဟု မလေးရှား ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီးက မတ် ၂၉ ရက်တွင် ကတိပြုလိုက်သည်။
ရက်သတ္တ သုံးပတ်ကြာမျှ ပျောက်ဆုံး နေသော လေယာဉ်နှင့်ပတ်သက်၍ မိမိတို့ မျှော်လင့်ချက် ကုန်ဆုံးခြင်းမရှိကြောင်း၊ အသက်ရှင်သန်လွတ်မြောက်သူများကို တွေ့ လို တွေ့ငြား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှားမူဒင်ဟူစိန်က သတင်းထောက်များ အား ပြောကြားသည်။
မလေးရှားလေကြောင်းဌာနမှ ခရီးစဉ် အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းလာသော ခရီးသည်တင်လေ ယာဉ်သည် မတ် ၈ ရက်က မြို့တော်ကွာလာလမ်ပူမှ တရုတ်နိုင်ငံမြို့တော် ပေကျင်းသို့ မောင်းနှင်နေချိန် အတွင်း ပျောက်ဆုံးသွားခဲ့သည်။
ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦးလိုက်ပါလာခဲ့သော ယင်းလေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ၌ ပျက်ကျဖွယ် ရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရ ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က ပြောကြားခဲ့သည်။
ထိုစဉ်အတွင်း သြစတြေးလျနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကမ်းလွန်၌ ရှာဖွေနေ သောလေယာဉ်များသည် လေယာဉ်အပျက် အစီးအပိုင်းအစများအဖြစ် ယူဆရသော အရာဝတ္ထုအချို့ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သြစတြေးလျပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က ပြောကြားသည်။
မတ်၂၈ရက်ကရှာဖွေစဉ်အတွင်း လေယာဉ်ငါးစင်းက လေယာဉ်အပျက်အစီးအပိုင်းအစများအဖြစ် ယူဆရသော အ ရာဝတ္ထု များကိုတွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းများရယူ ခဲ့ကြကြောင်း၊ ကျွမ်းကျင်သူပညာရှင် များက ယင်းဓာတ်ပုံမှတ်တမ်းများကို သုံးသပ်လေ့လာ လျက်ရှိကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က ပြောကြားသည်။
တရုတ်ပင်လယ်ရေကြောင်းအာဏာပိုင်အဖွဲ့မှ ဟိုင်ဇွန်-ဝ၁ အမည်ရှိ ကင်းလှည့် ရေယာဉ်က ယင်းအရာဝတ္ထုများကို ဆယ်ယူ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
ရိုက်တာ။
Friday, March 28, 2014
လေးနှစ်အရွယ် မိန်းကလေးကို ဦးလေးဝမ်းကွဲက သားမယားပြုကျင့်
Posted by drmyochit Friday, March 28, 2014, under | No comments
သန်လျင်မြို့နယ်တွင် ဦးလေး ၀မ်းကွဲတော်သူက လေးနှစ်အရွယ် တူမ၀မ်းကွဲကို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့် ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။
အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။
ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။
သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။
တိုးဝေအောင်
မြန်မာတိုင်း(မ်)
မူးမေ့စေတတ်သည့် အရည်တိုက်ကာ သားမယားပြုကျင့်ခဲ့
Posted by drmyochit Friday, March 28, 2014, under | No comments
အင်းစိန်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူက မူးမေ့စေတတ်သည့် အရည်တိုက်ကာ
သားမယား ပြုကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၃၁ အရွယ် အမျိုးသမီး
တစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ၎င်းနေအိမ်တွင်ရှိနေစဉ် ကား အရောင်းပြခန်းတွင်
အတူလုပ်ကိုင်ဖူးသည့် အမျိုးသမီးနှင့် သိန်းထွန်းဦး(ခ)တင်ထွန်းဦး(၃၀ နှစ်)တို့ရောက်လာပြီး
၎င်းတို့တွင် ဇေ အရက်တစ်လုံးနှင့်အချိုရည်တို့ရောနှောထားသည့် အနီ ရောင်ရေသန့်ဗူးတစ်လုံး
ပါရှိပြီး အဆိုပါရေသန့်ဗူးအတွင်းမှ ရေကို တစ်ဝက်ထည့်ပေးသဖြင့် သောက်ခဲ့ရာ သတိလစ်
လဲကျသွားခဲ့သည်။
မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အိမ်နီးချင်းတို့ ရောက်လာပြီးစကားပြောသံများကြားသဖြင့်
သတိရလာပြီး သိန်းထွန်းဦးမှ သားမယားအဖြစ် ဆက်ဆံသည်ကိုမြင်တွေ့ကြောင်းပြောပြ
သိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။အင်းစိန် မြို့မ ရဲစခန်းက(ပ)၃၀၀/၁၄ ပြစ်မှုပုဒ်မ
၃၇၆/၃၂၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
တိုးဝေအောင်
မြန်မာတိုင်း(မ်)
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်