Monday, April 07, 2014

တယ်လီနောမြန်မာမှ Live Core Network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းအသံနှင့် ဗွီဒီယိုခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့

Posted by drmyochit Monday, April 07, 2014, under | No comments




Monday, April 7, 2014

တယ်လီနောမြန်မာသည် ၄င်းတို့ကုမ္ပဏီ၏ live core network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့တွင်မီဒီယာများအားစမ်းသပ်ပြခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုကို မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း မှပြုလုပ်ပေးခဲ့ပြီး ရန်ကုန်မှ ၂၂ ကီလိုမီတာဝန်းကျင် ကွာဝေးသော တယ်လီနော၏ data centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်တွင်တည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ပါသည်။ ဖုန်းခေါ်ဆိုမှုသည် တယ်လီနော၏ 3G ကွန်ယက်ပေါ်မှ ပြုလုပ်ခြင်းဖြစ်ပြီး အသံဖြင့်ဖုန်းခေါ်ဆိုမှုအပြင် ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်း ပြုလုပ်ခဲ့ပါသည်။

Core Network သည် တယ်လီနော ဆက်သွယ်ရေးကွန်ယက်၏ အဓိကကျောရိုးဖြစ်ပြီး တယ်လီဖုန်း ကွန်ယက် နှင့် ဝန်ဆောင်မှုများကို ယခုနှစ်စတင်ပေးအပ်သည့်အခါ ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်း ဝန်ဆောင်မှု များကို သုံးစွဲသူများထံ တစ်ဆင့်ပြန်လည်ချိတ်ဆက်ပေးမည့် ကွန်ယက်လည်း ဖြစ်ပါသည်။


တယ်လီနော၏ တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ယက်ဖြန့်ကျက်မှုကို ထောက်ပံ့ပေးမည့် core network ကို တည်ဆောက် ပေးသူမှာ တယ်လီနောမြန်မာ၏ ကွန်ယက်ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Huawei ဖြစ်ပါသည်။ တယ်လီနောမြန်မာ၏ အခြားကွန်ယက်ဆက် စပ်ပစ္စည်းထောက်ပံ့သူ များမှာ Ericsson နှင့် Wipro တို့ဖြစ်ကြပြီး တယ်လီနော၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖြစ်သော ဆက်သွယ်ရေးတာဝါများကို တည်ဆောက်၍ စီမံခန့်ခွဲသူများမှာ Apollo Towers နှင့် Irrawaddy Green Technology (IGT) တို့ဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ချက်များအရသိရသည်။

photo-telenor myanmar facebook
Mobile Guide Journal >

KIA ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သန်းခေါင်စာရင်းကောက်နေသာ ၀န်ထမ်းများ၏ လုံခြုံရေးစိုးရိမ်စရာ အနေ အထားဖြစ်လာ

Posted by drmyochit Monday, April 07, 2014, under | No comments

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူ နေသော ၀န်ထမ်းများအား လုံခြုံရေးလိုက်ပါ ဆောင်ရွက် ပေး နေသော အစိုးရစစ်ကြောင်းမှ ဒုတပ်ရင်းမှုးအဆင့်ရှိသူ တစ်ဦး အား အေပြီ လ(၄)ရက်နေ့က KIA အဖွဲ့မှချောင်းမြောင်း ပစ်ခတ်ခဲ့ မှုကြောင့် သေဆုံးသွားခဲ့ကြာင်း ယင်းဝန်ထမ်းများထံမှ သိရ သည်။

“သန်းခေါင်စာရင်း ကောက်တဲ့ဝန်ထမ်းတွေကို လုံခြုံရေး လိုက် လုပ်ပေးရင်း အခုလို တိုက်ပွဲကျသွားတာ တစ်ကယ် စိတ် မကောင်း ပါဘူး” ဟု သန်းခေါင်စာရင်းကောက်နေသော ဆရာမတစ်ဦးကပြောသည်။

မတ်လ(၃၀)ရက်နေ့မှစ၍ မြန်မာနိုင်ငံနေရာအနှံအပြား၌ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ KIO ထိမ်းချုပ်နယ်မြေ များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို KIO/KIA ခေါင်းဆောင်ပိုင်းက ငြင်းပယ်ခဲ့မှုကြောင့် ကောက်ယူခြင်းမရှိ ကြောင်း ပြည်နယ်လ၀ကရုံးမှ သိရသည်။

“KIO နယ်မြေထဲမှာ မကောက်ပါဘူး၊ အခုကောက်တဲ့ရွာတွေက ရှမ်းရွာတွေပါ မန်ဝိန်းကြီးအုပ်စုထဲကို သန်းခေါင်းစာရင်း ကောက်ကတည်းက KIA အဖွဲ့က တောက်လျှောက် ခြိမ်းခြောက်နေတာ အချို့ရွာတွေမှာ ဆိုရင် စာရွက်စာတမ်းတွေ သိမ်းပြီး မောင်းထုတ်လို့ ဆရာ/ဆရာမတွေပြန်ပြေး လာခဲ့ရတယ် ”ဟု မန်စီမြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက ဆို သည်။

KIA မှ မန်စီမြို့နယ် မန်ဝိန်းကြီးဒေသအပါအ၀င် ကျေးရွာအုပ်စုများ၌ သန်းခေါင်စာရင်းကောက်ယူနေမှုကို ခြိမ်းခြောက် တားမြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်များအထိပါ လာရောက် ဟန့်တားနှောင့်ယှက်နေ ကြောင်း လ၀ကဦးစီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“သူတို့ထိမ်းချုပ်နယ်မြေမဟုတ်ပဲ လိုက်ပြီးနှောင့်ယှက်နေတော့ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေ အားလုံး စိတ်ညစ် ရတယ်၊ လွယ်ဂျယ်မှာ တပ်မတော်က လုံခြုံရေးလုပ်ပေးလို့ ကောက်နိုင်တာ၊ အခုလည်းမန်စီမြို့နယ်ထဲက မန်ဝိန်းကျေးရွာ နဲ့ နမ့်ခမ်းပါ ကျေးရွာတွေကို သန်းခေါင်စာရင်း သွားကောက်တော့မှာ” အဲဒီရွာတွေကိုသွားဖို လုံခြုံရေးလုပ်နေတဲ့ တပ်ကို KIA ဘက်မှ ချောင်းပစ်တယ် “ဒုတပ်ရင်းမှုးကျသွားတာ တကယ်စိတ်မကောင်းဘူး”ဟု မန်ဝိန်းကြီးကျေးရွာ၌ သန်းခေါင်း စာရင်းကောက်ရန် ရောက်ရှိသော ဆရာမတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက “သူတို့နယ်မြေ မဟုတ်တဲ့အတွက် သန်းခေါင် စာရင်းကောက်တဲ့အဖွဲ့တွေကို လွှတ်တာပါ၊ ပြီးတော့ KIA ခေါင်းဆောင်ပိုင်းကလည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ တက်နေတော့ ဘာမှမလုပ်လောက်ဘူးလို့ ယုံခဲ့ကြတာပေါ့ “ဒါပေမဲ့ယုံကြည်မှုတွေကို KIA က အလွဲသုံးစားလုပ်တာ များနေပါပြီ။ တပ်မတော်စစ်ကြောင်းက သူတို့ကိုယုံလို့ ဒီအတိုင်းလုံခြုံရေး လိုက်ပေးတာပါ၊ ဒါပေမဲ့ KIA ဘက်က ကတိ မတည်လို့အခုလိုဖြစ်ရတာပါ” လက်ရှိသန်းခေါင်စာရင်းကောက်နေတဲ့ ၀န်ထမ်းတွေရဲ့လုံခြုံရေးဟာ စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ် ”ဟု ပြောကြားသွားခဲ့သည်။

ညီသစ်(မြစ်ကြီးနား)
Kachin Daily News

ကျောင်းသားကျောင်းသူ စုံတွဲများကို အတူတကွရေချိုးခွင့်ပေးသည့် တရုတ်တက္ကသိုလ်

Posted by drmyochit Monday, April 07, 2014, under | No comments


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီးရှိ တက္ကသိုလ် တစ်ခုအတွင်း အများသုံး ရေချိုးခန်း တစ်ခုတွင် ကျောင်းသားကျောင်းသူ စုံတွဲများကို အတူတကွ ရေချိုးခွင့် ပေးထားကြောင်း သိရှိရသည်။

ယင်းကိစ္စသည် ပညာရေးနယ်ပယ်တွင် လိင်လုပ်ငန်းတစ်ခု ဆောင်ရွက်နေခြင်း အဖြစ် ဝေဖန်မှုများ မြင့်တက်လာသည်။ အနောက်မြောက်ပိုင်း ပိုလီတက္ကသိုလ်တွင် ရှိနေသော အများသုံး ရေချိုးခန်း တစ်ခုသည် စုံတွဲများအတွက် သီးခြား ရေချိုးခန်း ၇ ခုကို ဖွင့်လှစ်ပေးထားသည်။ ဒေါင်လိုက်အနေအထား Showerခန်းများ ပါရှိသော အခန်းကို ၁၅ ယွမ်၊ ရေချိုးကန်ပါသော အခန်းကို ၁၈ ယွမ်ဖြင့် ငှားရမ်းနေကြောင်းသိရသည်။ အဆိုပါ အခန်းကို တစ်ဦးတည်း အသုံးပြုလိုပါကလည်း ထက်ဝက်ဈေးဖြင့် ငှားရမ်းနိုင်သည်။

ကိုယ်ပိုင် စာချုပ်ဖြင့် လုပ်ကိုင်နေသူ တစ်ဦးက အဆိုပါ ရေချိုးခန်းကို ငှားရမ်းကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ရေချိုးခန်း၏ အောက် ၂ ထပ်သည် သမားရိုးကျ မိသားစု၊ ကျောင်းသားများ အသုံးပြုနိုင်သော သီးခြား ရေချိုးခန်းများဖြစ် နေသည်။ တက္ကသိုလ် ကျောင်းဝင်းအတွင်း ယင်းကဲ့သို့ ရေချိုးခန်းမျိုး ရှိနေခြင်းအပေါ် ကျောင်းသူကျောင်းသားများ၏ အမြင်မှာလည်း အရောရော အထွေးထွေးဖြစ်နေသည်။
ဇူဟု အမည် ဖော်ပြသည့် ဘွဲ့ရ တစ်ဦးက “ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ တက္ကသိုလ် ကျောင်းသားတွေဟာ အရွယ်ရောက်ပြီးသား လူတွေပါ။ ဒီတော့ သူတို့ရည်းစားနဲ့ ရေတူတူချိုးတာကို ကိုယ့် စိတ်တိုင်းကျ ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်းဝင်းထဲမှာ ဒါမျိုးလုပ်တာကတော့ ဆိုးရွားတဲ့ စရိုက်တစ်ခုပါ”ဟု ဝေဖန်သွားသည်။

Myanmaalinn

Sunday, April 06, 2014

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

Posted by drmyochit Sunday, April 06, 2014, under | No comments

သမီး မူးတာတော့ မရှိပါဘူးဆရာ။ ရာသီပုံမှန်လာပါတယ်။ အခုဖြစ်နေတာက နှာခေါင်းနဲ့ နားကြားမှာ တခုခု ပိတ်နေသလိုခံစားရတာပါ။ အသက်က အမြဲလိုလို ရှုရတော့ ဝေဒနာကို သိနေရပါတယ် ဆရာ။ နောက်ပြီး သမီးက ၄ နာရီ ဗိုက်တခါဆာပါတယ်။ မစားရရင်တုန်တုန်လာတတ်ပါတယ်။ ခေါင်းကိုက်ရင် ကော်ဖီသောက်ရင်ပျောက်တယ်လို့ အင်တာနက်မှာ ဖတ်ရလို့ သမီးကော်ဖီသောက်ပါတယ်။ ဒါပေမဲ့ ရင်တုန်လာပါတယ်ဆရာ။ ကော်ဖီသောက်ပြီးရင် အခုလို အလေးပေးပြီး ဖြေပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။

ကော်ဖီသောက်လိုက်ရင် ဆာနေတဲ့သူ သက်သာသွားတယ်ဆိုတာက ကော်ဖီထဲမှာပါတဲ့ သကြားကြောင့်သာပါ။ ရင်တုန်နေသူဆိုရင် ကော်ဖီကြောင့် ပိုပြီး ရင်တုန်လာပါလိမ့်မယ်။

“ကော်ဖီ” ဟာ အလွန်တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈ဝ မှာ စိုက်ကြတယ်။ ၂ဝဝ၉ တုံးက မက်ထရစ်တန် ၈ သန်းထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ကုန်သွယ်ရေးမှာ ဒုတိယလိုက်တယ်။ သောက်စရာထဲမှာတော့ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ၁၉၉၉ စစ်တမ်းအရ အမေရိကမှာ လူပေါင်း တရာ့ရှစ်သန်း ကော်ဖီ သောက်ကြပြီး၊ တနှစ်မှာ ၉့၂ ဘီလီယန်ဒေါ်လာ သုံးခဲ့တယ်။ တနေ့မှာ ၃့၁ ခွက်သောက်တယ်။ ယောက်ျားတွေက နဲနဲပိုသောက်တယ်။ ကော်ဖီကို အများဆုံးသောက်တာက (စကင်ဒီနေးဗီးယား) တိုင်းပြည်တွေဖြစ်ပါတယ်။

တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ (ကော်ဖီ-ချိန်း) ဆိုတဲ့ ကော်ဖီ-သံကြိုးကွင်းဆက် အကြီးဆုံးက ၂ဝဝ၇ မှာထောင်ခဲ့တဲ့ Starbucks (စတားဘတ်ခ်) ဖြစ်တယ်။ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက်ဖြစ်ပါတယ်။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်ကရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်းလဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ “နှစ်ခြိုက်စရာ (ဖက်တာ)” လို့ ခေါ်ပါတယ်။ ဖြစ်စေတာက (ကေဖင်း) ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ (အယ်လ်ကာလွိုက်) ကြောင့်ပါ။ (ကေဖင်း) ဟာ လဖက်ရည်ထဲ (ကိုးကိုး) ထဲမှာလဲပါတယ်။ တခြားသောက်စရာ အချိုရည်တွေ၊ အားဖြစ်အရည်တွေမှာလဲပါတယ်။

ကော်ဖီသည် ဆေးဖြစ်၏
ထိပ်ဆုံးရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ကော်ဖီ သောက်ပါလို့ ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန်ဆရာဝန် (လီယိုနတ် ရော်ဝုဒ်) ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီကို အကောင်း-အညံ့၊ ဆရာဝန်တွေက (ကေဖင်း) ကို ကျန်းမာရေးအရပြောကြတယ်။ “ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” အမေရိကန် အာဟာရအသင်းက တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင်မလိုတာပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်းဆိုရင် အနာ-အကိုက်ပျောက်ဆေး ၁ဝ ပြား။ လူတယောက်နဲ့တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံ ဖြစ်သလဲ” ပါသေးတာ။

(ကေဖင်း) က စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံးကြတယ်။ (ကေဖင်း) သာမက (ကော်တီဇုန်း) နဲ့ (အဒြီနလင်း) ဆိုတဲ့ ဟော်မုန်းတွေပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ (ဒီမင်းရှား)၊ (ပါကင်ဆိုနဇင်) နဲ့ စိတ်ကျ ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ မျက်စိ ပုတ်ခတ်ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ ဝမ်းပြော့တယ်။ ဆီးသွား နဲနဲများစေတယ်။ အရေပြားနဲ့ ရင်သားကင်ဆာတွေ ဖြစ်တာနဲစေတယ်။ ဂေါက်လက္ခဏာ သက်သာစေတယ်။ ပိုက်ကလာတဲ့ ရေထဲမှာပါတဲ့ ခဲနဲ့ ကြေးဓါတ်တွေကို ၇၈-၉ဝ% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲပါတယ်။ အားကစားလုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်မလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီလာတာ ပိုများလို့ လိင်စိတ်ကို ကောင်းစေပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ရှိတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာရအောင်လုပ်တဲ့သူ လူတော်ဖြစ်တယ်။”

ကော်ဖီ အသောက်များရင်တော့ အအိပ်ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေညိုမယ်။ သွေးဖိအားတက်စေတယ်။ ကော်ဖီ နဲ့ (ပါရာစီတမော) ရောသောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂ဝဝ၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာတွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲများတယ်။ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

ကော်ဖီသည် သေစေနိုင်၏
စနစ်တကျဖေါ်စပ်ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ်ဆိုပေမဲ့ တခါတလေ အဆိပ်ရည်သဘောဖြစ်ပါတယ်။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက်ပေးရင် သေစေသလဲကို စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈ဝ-၁ဝဝ ခွက် တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ လူ့အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်းမစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်ဆိုရင် Decaf (ကေဖင်း) လျှော့ ကော်ဖီကို ပြောင်းသောက်ပေါ့။ Caffeine-free coffee (ကေဖင်း) မဲ့ကော်ဖီနဲ့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်ဗျာ -
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေဖွင့်ခဲ့တယ်။ အိန္ဒိယကလာတဲ့စကားလို့ အထင်မှားနိုင်တယ်။ ပြင်သစ်စာလုံးပါ။ Coffeehouses နဲ့ Cafés တွေပေါ်ခဲ့တာ နှစ် ၅ဝဝ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့မတူပါ။ လူငယ်တွေပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာစဖွင့်ခဲ့တဲ့ Internet café (အင်တာနက် ကဖေး) Cybercafé (ဆိုက်ဘာ ကဖေး) မဟုတ်လား။

အစည်းအဝေးတိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ဗျာ။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၄

Saturday, April 05, 2014

ကိုရီးယား ရေပိုင်နက်အနီး ကုန်တင်သင်္ဘော မှောက်

Posted by drmyochit Saturday, April 05, 2014, under | No comments

ပျောက်ဆုံးနေသူတွေကို ရှာဖွေဆဲ
တောင်ကိုရီးယား ရေပိုင်နက် အနီးမှာ မြောက်ကိုရီးယား သင်္ဘောသား ၁၆ ယောက် လိုက်ပါလာတဲ့ ကုန်တင်သင်္ဘော တစ်စီး တိမ်းမှောက်သွားခဲ့ပြီး ၁၁ ယောက် ပျောက်ဆုံးနေပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တောင် ကိုရီးယား ပြန်ကြားရေး တာဝန်ခံ Kim Eui-Do က ပြောရာမှာ ၄ ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး ၃ ယောက်ကိုပဲ ကယ်ဆယ်နိုင်သေးကြောင်း၊ ပျောက်နေသေးတဲ့ ကျန် သင်္ဘောသားတွေကို ကယ်ဆယ်ရေး အဖွဲ့က ဆက်လက် ရှာဖွေနေကြောင်း ပြောပါတယ်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယား သင်္ဘောသားတွေကို ကယ်ဆယ်ရမိတဲ့ အခါတိုင်းမှာ သူတို့ ဆန္ဒရှိခဲ့ရင် နိုင်ငံကို ပြန်ပို့ပေးတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

မွန်ဂိုလီးယား အလံ တင်ထားတဲ့ ဒီ ကုန်တင်သင်္ဘောဟာ တရုတ်နိုင်ငံကို သံရိုင်းတွေ တင်ဆောင် ခုတ်မောင်းနေတာ ဖြစ်ပါတယ်။

BBC

အိန္ဒိယ အုပ်စုဖွဲ့ မုဒိမ်းမှု ၃ ဦးကို သေဒဏ်ချ

Posted by drmyochit Saturday, April 05, 2014, under | No comments

ဥပဒေအသစ်နဲ့ ပထမဆုံး သေဒဏ်ပေးခံရသူတွေ ဖြစ်လာ
အိန္ဒိယ နိုင်ငံမှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက် တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့တဲ့ လူ ၃ ယောက်ကို အိန္ဒိယ တရားရုံးတစ်ခုက သေဒဏ်ပေးလိုက်ပါတယ်။

မနှစ်က မွန်ဘိုင်းမြို့ စက်ရုံပျက် တစ်ခုထဲမှာ ဒီ လူ ၃ ယောက်ဟာ သတင်းထောက် အမျိုးသမီးကို အုပ်စုလိုက် မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ အမှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဓမ္မ ပြုကျင့်မှုတွေကို တားဆီးဖို့ ဥပဒေသစ် ထုတ်ပြန် အပြီးမှာ ဒီလူ ၃ ယောက်ဟာ ပထမဆုံးအကြိမ် သေဒဏ် ပေးခံရသူတွေ ဖြစ်သွားပါပြီ။

အိန္ဒိယ နိုင်ငံမှာ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေခဲ့တဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တိုက်ဖျက်တော့မယ့် ပထမ ခြေလှမ်း ဖြစ်ပါတယ်။

မနှစ်တုန်းက အလားတူ အမှုတွေ အလွန် များလာတဲ့အတွက် တစ်နိုင်ငံလုံး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာအပြီးမှာ အစိုးရက ခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

BBC

ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ

Posted by drmyochit Saturday, April 05, 2014, under | No comments

Australia က မလေးရှားလေယာဉ်ပျောက်ရှာဖွေနေကြ။

မတ်လ(၈)ရက်နေ့ကတည်း က ပျောက်ဆုံးနေတဲ့ မလေးရှားဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက်အလက်မှတ်သားတဲ့ စက် Black Box ကို အိန္ဒိယ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေးအဖွဲ့တွေက ရေအောက်မှာ စတင် ရှာဖွေနေပြီဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုးစားနေကြတာပါ။

Black Box က အချက်ပေးတဲ့နေရာကို လိုက်လံပြီး ထောက်လှမ်းတဲ့ အမေရိကန်ရေတပ်က မိုင်တစ်ရာ့ငါးဆယ် အတွင်း ရှာဖွေနိုင်တဲ့ Pinger Locatorနဲ့ ရှာဖွေပေးနေတယ်လို့ Australia လေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး  Angus Huston က သောကြာနေ့မှာ ပြောပါတယ်။

Black Box ရဲ့ ဘက်ထရီဟာ တနင်္လာနေ့မှာ အားကုန်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေကြတာပါ။ Boeing 777 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံး သွားတာမို့ နိုင်ငံတကာက ဝိုင်းဝန်းရှာဖွေနေကြတာဖြစ်ပါတယ်။

သောကြာနေ့မှာလည်း လေယာဉ် ၁၄စင်းနဲ့ သင်္ဘောကိုးစီး က ကောင်းကင်ဂြိုလ်တု မှာ အပျက်အစီး အပိုင်းအစတွေ တွေ့နေရတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်လက်ရှာဖွေနေတာပါ။ ရှာဖွေရေးကို ဦးဆောင်နေတဲ့ Australia အဖွဲ့က Huston ကတော့ ဒီရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေဖို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

၃ - ရက် နဲ့ ၁ - ပတ်အတွင်းမှာ ၀က်ခြံ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွားနိုင်တဲ့နည်း

Posted by drmyochit Saturday, April 05, 2014, under | No comments


ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန် တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲ မှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။ အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခု နဲ့  အဆင်ပြေသွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ်ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ ကို သောက် ရေဖန်ခွက် ၈ - ခွက် စာထက်မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်းက ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန့် စင် စေပေးတယ် လေ။

Credit to ___Daily Health

ဒူးနာတာမဖြစ်အောင် ဘာတွေလုပ်မလဲ

Posted by drmyochit Saturday, April 05, 2014, under | No comments


အသွားအလာ၊ အထိုင်အထများ လို့ဖြစ်စေ ကြီးမားလေးလံတဲ့ခန္ဓာ ကိုယ်ကို မနည်းသယ်ပြီးသွားနေရ တဲ့      ကိုယ်အလေးချိန်များသူ အများစုမှာ ဒူးနာတဲ့ဝေဒနာခံစား ရလေ့ရှိပါတယ်။ ဒူးနာမှဆေး လိမ်း၊ ဆေးသောက်၊ ဆေးထိုးတာ ထက် ဘယ်လိုကြိုတင်ကာကွယ် ရမယ်ဆိုတာကို ဆေးပညာရှင် အချို့က အကြံပြုထားပါတယ်။

nကိုယ်အလေးချိန်များလာတာနဲ့ အမျှ အရိုးအဆစ်တွေကိုပိုမိုဒဏ် ဖြစ်စေတဲ့အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် လုပ် ဆောင်ရပါမယ်။

n ဒူးနာသူတွေအတွက် အကောင်း ဆုံးလေ့ကျင့်ခန်းကလမ်းလျှောက် တာနဲ့ ရေကူးတာဖြစ်တဲ့အတွက် ကိုယ့်အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းကို ရွေးချယ်လုပ် ဆောင်ရပါမယ်။

nအရိုးအကြောအဆစ်အတွက် ထိရောက်တဲ့ကုသမှုတွေလုပ်နိုင် ဖို့ ပြင်ပကုထုံးဆရာနဲ့တိုင်ပင် ကုသရပါမယ်။

n ကျန်းမာရေးကောင်းပြီး အရိုး အဆစ်နာကျင်မှုတွေနည်းပါးဖို့ အတွက် လုံလောက်တဲ့အနားယူ မှုနဲ့ အပန်းဖြေမှုမျိုးလည်းလိုအပ် တာကြောင့် အသက်ပြင်းပြင်းရှူ ပေးတာတွေ၊ တရားထိုင်တာမျိုး တွေလုပ်ပေးရပါမယ်။

n ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာ ရေးကောင်းဖို့အတွက် အိပ်စက် ချိန်မှန်ဖို့လိုအပ်တာကြောင့် အိပ် ရေးဝဝအိပ်ပေးရပါမယ်။

n နာကျင်ကိုက်ခဲတာကို အပူ အအေးက လျော့ပါးသက်သာစေ တာကြောင့် မနက်ပိုင်းမှာရေပူနဲ့ ရေချိုးပေးပြီး ညအိပ်ခါနီးမှာ ရေ နွေးနွေးနဲ့ ရေချိုးပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။

n လူသုံးများတဲ့အကိုက်အခဲ ပျောက်လိမ်းဆေးကို လိမ်းပေးနိုင် ပါတယ်။

n ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အ ကိုက်အခဲပျောက်သောက်ဆေး ကို သုံးနိုင်ပါတယ်။

n အပြင်းစားနာကျင်ကိုက်ခဲမှုတွေ ဖြစ်လာတဲ့အခါ လိုအပ်ရင်ဆရာ ဝန်ညွှန်ကြားချက်နဲ့ ထိုးဆေးသုံး နိုင်ပါတယ်။

n နောက်ဆုံးအဆင့်မခံမရပ်နိုင် အောင်၊ မလှုပ်ရှားနိုင်အောင် နာ ကျင်လာပြီဆိုရင်တော့ ဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲစိတ်ဖို့အထိပါ လုပ်ဆောင်ရတတ်ပါတယ်။

—Ref: healthcommunities.com

7DAY DAILY

ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

Posted by drmyochit Saturday, April 05, 2014, under | No comments


ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။

“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လို့ပါ”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

အဆိုပါရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နွေဦး၊ မိုးဦးနှင့် ဆောင်းဦးစသည့် ရာသီပြောင်းကာလများ၌ ဖြစ်ပေါ်တတ်ကာ ရက်ရှည်ကြာမြင့်တတ်ကြောင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များ လွန်ကဲခြင်းမှတစ်ဆင့် အပူကန်ထွက်လာခြင်း၊ လေထုညစ်ညမ်းမှု(ဆေးလိပ်ငွေ့၊ ကားအိပ်ဇော)ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပေါ်လာပါက ရေများများသောက်ပေးခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ဖျက်ဆီးပစ်နိုင်သော ဇင့်ဓာတ်ပါဝင်သည့် ငုံဆေးပြားများငုံပေးခြင်း၊ ခုနစ်ရက်ထက်ကြာမြင့်လာပါက ဆေးခန်းပြသခြင်း၊ အစားမှန်မှန်စားပေးခြင်းနှင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရပ်ကွက်ထဲရှိ ဆေးခန်းများသို့ ချောင်းဆိုး၊ လက်ချောင်းနာ၊ နှာမွှန်၊ ဖျားနာခြင်းအပြင် ရေယုံရောဂါဝေဒနာခံစားနေရသူများ လာရောက်ပြသမှုများကြောင်း အလုံမြို့နယ်ရှိ ဒေါက်တာမြင့်ဦးကပြောသည်။

7daynewsjournal

Thursday, April 03, 2014

သင်္ကြန်မဏ္ဍပ်တွေမှာ တနေ့ ၃ ကြိမ် မိုင်းရှင်းလင်းမည်

Posted by drmyochit Thursday, April 03, 2014, under | No comments

သင်္ကြန်ကာလအတွင်း ရေကစားသူတွေ လုံခြုံရေးအတွက် မိုင်းရှင်းတာတွေနဲ့ အမှုအခင်းတွေ အတွက် အထူးတရားရုံးတွေ ဖွင့်လှစ် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

သင်္ကြန်ကာလအတွင်း အဖျက်အမှောက်လုပ်ရပ်တွေ မဖြစ်စေဖို့အတွက် ရေကစားမဏ္ဍပ် တွေကို အထူးမိုင်းရှင်းအဖွဲ့နဲ့ တနေ့ ၃ ကြိမ် စစ်ဆေးပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက ပြောပါတယ်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေက
စားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ်
ဒါ့အပြင် မဏ္ဍပ်ကြီးတွေမှာ လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၁၅ ဦးနဲ့ မဏ္ဍပ်လတ်တွေမှာ အနည်းဆုံး ၁၀ ဦးထားရှိမှာ ဖြစ်ပြီး အရေးပေါ်အခြေအနေများနဲ့ ကြုံတွေ့လာပါက အမြန်ဆုံးဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အသင့်ထားရှိထားကြောင်း ပြောပါတယ်။

ရေပက်ကစားကြတဲ့ပြည်သူတွေ လုံခြုံရေးအတွက် သင်္ကြန်မဏ္ဍပ်တွေအနေနဲ့လည်း စီစီတီဗွီ ကင်မရာတွေ တပ်ဆင်ရမယ့်အပြင် မဏ္ဍပ်ကြီးတွေမှာ FIX Camera ၁ လုံး၊ Doom Camera ၆ လုံး၊ မဏ္ဍပ်လတ်တွေမှာ FIX Camera ၈ လုံး တပ်ဆင်ရမယ် သင်္ကြန်မှတ်တမ်းခွေ တွေကို နေ့စဉ်ထုတ်ပြီး အနီးဆုံးကွပ်ကဲမှုရုံးကို ည ၈ နာရီ အပ်နှံရမှာ ဖြစ်ပါတယ်။

သင်္ကြန်အတွင်းမှာ မှုခင်းတွေ ကျဆင်းအောင်လဲ တုတ်၊ ဓားနဲ့ လက်နက်ကိုင် ဆောင်ခြင်းတွေ တားဆီးသွားမယ့်အပြင် ကိုင်ဆောင်တာ တွေ့ရှိပါကလဲ လက်နက်မှုနဲ့ အရေးယူသွားဖို့ ရှိနေတယ်လို့ လုံခြုံရေးတာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကလည်း သင်္ကြန်အတွင်း ရုံးပိတ်ရက်တွေမှာ အထူးတရားရုံးတွေကို မြို့နယ်အလိုက် ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ချက်ချင်း အရေးယူဆောင်ရွက်သွားမှာလို့ ပြောပါတယ်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းမှာ ပေ ၁၀၀ အထက် မဏ္ဍပ်အကြီး ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မဏ္ဍပ်အကြီး ၂၀နဲ့ ပြည်လမ်းမှာ မဏ္ဍပ်အကြီး ၄ ခု ခွင့်ပြုထားပြီး ရန်ကုန်တမြို့လုံးမှာ မဏ္ဍပ်အကြီးအသေး စုစုပေါင်း ၁၀၀ နီးပါးမှာ ရေကစားကြမှာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရန်ကုန်သင်္ကြန် X2O မဏ္ဍပ်မှာ ဗုံးကွဲမှု ဖြစ်ပွားခဲ့ဖူးပေမယ့် မနှစ်က သင်္ကြန်ကာလမှာတော့ ခိုက်ရန်ဖြစ်ပွားမှု၊ ခိုးမှု၊ ယစ်မျိုးမှုတွေနဲ့ ပြစ်မှုပေါင်း ၁၇၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

From: DVB


ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များ

Posted by drmyochit Thursday, April 03, 2014, under | No comments

ဘင်္ဂလားဒေ့်ရေတပ်သည် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် မြန်မာ့ရေတပ်၏ အင်အားတိုးချဲ့မှုများအား အထူးအလေးထား စောင့်ကြည့်ကာ ဘင်္ဂလားရေတပ်အား တိုးချဲု့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ အကြီးအကျယ်ပြုလုပ်ခဲ့ပါသည်။ ယခုပိုစ့်တွင် ဘင်္ဂလားရေတပ်၏ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီဂိတ်များအကြောင်းအား ဖော်ပြပေးပါမည်။


ဘင်္ဂလားရေတပ်ရှိ စစ်ရေယာဉ်များသည် သက်တမ်းလွန်ရေယာဉ်အများစုဖြစ်ပြီး ပြည်တွင်းထုတ် တိုက်ရေယာဉ်ဟူ၍ မရှိပဲ ပြည်ပနိုင်ငံများမှ အသုံးပြုလိုခြင်းမရှိသည့် ရေယာဉ်များအား ဝယ်ယူစုဆောင်းခြင်းနှင့် မွမ်းမံခြင်းများပြုလုပ်ကာ ရေတပ်အား တိုးချဲ့နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဘင်္ဂလားရေတပ်၏ ဖရီဂိတ် လက်ရှိပိုင်ဆိုင်မှုများအနက် F22 (တောင်ကိုးရီးယားထုတ်) နှင့် F18 Type-053H1 (တရုပ်ထုတ်) ဖရီဂိတ်စစ်ရေယာဉ် (၂)စင်းမှအပကျန် ဖရီဂိတ်စစ်ရေယာဉ်များမှ အဆင့်မြှင့်တင်ထားမှုမရှိသည့် F15, F16 နှင့် F17 ဖရီဂိတ်အဟောင်းများဖြစ်သည်။အဆိုပါ ရေယာဉ်အဟောင်းများဖြင့် အနာဂါတ်တွင် ဆက်လက်ရပ်တည်၍မရသည်ကို လက်ခံလာကြပြီး မကြာသေးမှီကမှ တရုပ်ရေတပ်သုံး Type-053H2 ဖရီဂိတ်စစ်ရေယာဉ်(၂)စင်းအား ဝယ်ယူခဲ့ပါသည်။ နောက်ဆုံးရရှိသော သတင်းများအရ မူလတပ်ဆင်ထားသည့် HY-2 သင်္ဘောဖျက်ဒုံးများအစား စီ-၈၀၂ သင်္ဘောဖျက်ဒုံး (၈)စင်း တပ်ဆင်ထားကာ စစ်ဆင်ရေးစွမ်းရည်အား မြှင့်တင်ခဲ့ပါသည်။

Wikipedia တွင် ဖော်ပြထားချက်များအရ လက်နက်စနစ်များမှာ-
စီ-၈၀၂ သင်္ဘောဖျက်ဒုံးအပါဝင်
2 x Type 79A dual-100 mm gun
4 x Type 76 dual-37 mm AA guns
2 x 5-tube Type 81 ASW rocket launcher (30 rounds)
4 x Type 64 DC projectors
2 x DC racks
2 x Mk-36RBOC 6-barrel decoy rocket launchers ဟုဖော်ပြထားပြီး HQ-7 တာတိုပစ် လေကာဒုံးအား ဆက်လက်တပ်ဆင်သွားမည်ဟု သိရသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးပါ။ ထို့အပြင် တရုပ်ရေတပ်သုံး ပုံစံ-၇၃၀ မြန်နှုန်းမြင့် စက်အမြောက်ကြီးများအား တပ်ဆင်မည်ဟု ဖော်ပြထားစေကာမှု အမှန်တကယ်တပ်ဆင်မှု ပြုလုပ်ထားခြင်း မရှိသေးပါ။ လက်ရှိအသုံးပြုနေသည့် F18 ဖရီဂိတ်တွင်ပင် တပ်ဆင်ထားနိုင်ခြင်း မရှိသေးကြောင်းတွေ့ရပါသည်။

ရေဒါစနစ်များနှင့် ဆိုနာခေါ် ရေအောက်ရှာဖွေရေး (ရေငုပ်သင်္ဘောအစရှိသည့်) စနစ်များမှာလည်း ထူးထူးခြားခြား ပြောင်းလဲထားခြင်းမရှိဟု သိရကာ ဘင်္ဂလားဒေ့်၏ ရေတပ်အဖို့ အနာဂါတ်တွင် ခေါင်းရှုပ်ဖွယ်ရာ ရေယာဉ်များဖြစ်လာနိုင်ပါသည်။ ရေငုပ်သင်္ဘောရှာဖွေချေမှုန်းရေး ရဟတ်ယာဉ်များကို သယ်ဆောင်နိုင်စွမ်းမရှိပဲ ဘင်္ဂလားသတင်းများတွင် ဖော်ပြထားသကဲ့သို့ ရဟတ်ယာဉ် ဆင်းသက်ကွင်းများ တည်ဆောက်သွားမည်ဆိုပါက ရေယာဉ်၏ အနောက်ဘက်တွင် အားဖြည့်ထားသော ၁၀၀မမ ရေတပ်သုံးအမြောက်ကြီးများအား ဖြုတ်ချရမည်ဖြစ်ပြီး ရေယာဉ်၏ ပစ်ခတ်မှုစွမ်းဆောင်ရည်ကို လျော့ချလိုက်သကဲ့သို ဖြစ်စေပါမည်။

ယနေ့ခေတ် ရေတပ်သင်္ဘောများသည် ရေယာဉ်ခြင်း ထိပ်တိုက်ထိတွေ့မှုများအပြင် ပင်လယ်ပြင် ကင်းထောက်လေယာဉ်များ၊ ရေတပ်သုံး သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ၏ ရန်ကိုထည့်သွင်း တွက်ချက်လာကြကာ လက်ရှိ ဝယ်ယူထားသည့် အဆိုပါဖရီဂိတ် (၂)စင်း၏ ဝေဟင်ကင်းထောက်စနစ်သည် ထိုအချက်ကို လုံးဝနီးပါးထည့်သွင်း တွက်ချက်မထားခြင်းလောဟု သုံးသပ်မိပါသည်။ ထို့အပြင် ရရှိထားသော အချက်လက်များအရ အဆိုပါ ရေယာဉ်များအနက် F15 ရေယာဉ်သည် တရုပ်ရေတပ်တွင် တာဝန်ထမ်းဆောင်စဉ်က ဆိုးရွှားသော ထိခိုက်မှုများရှိခဲ့သည်ဟု သိရပါသည်။

အဆင့်မြှင့်တင်ထားပြီးဖြစ်သည့် တပ်မတော်(ရေ)မှ ဖရီဂိတ်စစ်ရေယာဉ်

(တပ်မတော်(ရေ)၏ တရုပ်ရေတပ်မှ လက်ခံရရှိခဲ့သော Type-053H1 ဖရီဂိတ် F21 နှင့် F23 ဖရီဂိတ်များအပေါ်တွင်မှု Type-517 ဝေဟင် လေကြောင်းကင်းထောက် အဆင့်မြှင့်ရေဒါများ တပ်ဆင်ထားပြီး ရေတပ်၏ အခြားရေယာဉ်များနှင့်အတူ ဆက်သွယ်သတိပေးခြင်းများ ဆောင်ရွှက်နိုင်ကာ ရေတပ်၏ လေကြောင်းကင်းထောက်ဖရီဂိတ်များအဖြစ် လူသိများပါသည်။)

စီ-၈၀၂ သင်္ဘောဖျက်ဒုံးများ



ဘင်္ဂလားရေတပ်မှ ဖရီဂိတ် စစ်ရေယာဉ်များ


အထက်ပါဖော်ပြထားချက်များအား လေ့လာကြည့်ပါက ဘင်္ဂလားဒေ့်ရေတပ်သည် အရေအသွေးမှ အရေအတွက်ကိုသာ အဓိကထားကာ တက်လှမ်းနေသည်ဟု သုံးသပ်နိုင်ပြီး အနာဂါတ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာနိုင်သော်လည်း အဆိုပါရေယာဉ်များ၏ သက်တမ်းနှင့် ထိန်းသိမ်းမှုအားနည်းချက်များအကြောင့် ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များဟု လူပြောများနေရခြင်းဖြစ်ပါသည်။ အဘယ်သို့ဆိုစေ စီ-၈၀၂ ကဲ့သို့သော် ရေပြင်မှရေပြင်ပစ်ဒုံးများ တပ်ဆင်ထားခြင်း၊ အခြားဖရီဂိတ်များ ဝယ်ယူရန် ကြိုးပမ်းနေခြင်းသည် မိမိတို့နိုင်ငံအတွက် အထူးသတိထားစောင့်ကြည့်ရမည် ရေတပ်တစ်ခုဖြစ်လာစေပြီး မကြာမှီတွင် မြန်မာ့ပင်လယ်အား ခြိမ်းခြောက်လာနိုင်မည့် မည်သည့် ရေတပ်ကိုမဆို ချေမှုန်းနိုင်သည့် အင်အားကြီး ရေတပ်ကြီးတစ်ခုကို မိမိတို့အနေဖြင့် တည်ဆောက်ထားရမည်ဖြစ်ပါတော့သည်...။

တပ်မတော်(ရေ)၏ အနာဂါတ် ရေတပ်အင်အားတိုးချဲ့မှု စီမံကိန်းများနှင့် တည်ဆောက်ဆဲ ရေယာဉ်များအကြောင်း ဆက်လက်ဖော်ပြပေးပါဦးမည်။

Myanmar Defence Weapons
မြန်မာ့ တပ်မတော်မှ

MH370 ပျောက်ဆုံးမှုကို ရာဇဝတ်မှုအနေဖြင့် မလေးရှားရဲတပ်ဖွဲ့ ကိုင်တွယ်နေ

Posted by drmyochit Thursday, April 03, 2014, under | No comments


မတ်လ(၈)ရက်နေ့ ကတည်းက ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် လေယာဉ်ကို ဩစတြေးလျ ကမ်းလွန်တွင် ရှာဖွေနေပြီး လတ်တလောတွင် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ဩစတြေးလျသို့ သွားရောက်လျှက် ရှိသည်။

ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်၏ အမှုကို ရာဇဝတ်မှု တစ်ခုအနေဖြင့် ကိုင်တွယ်စစ်ဆေးမည်ဟု မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ မတ်လ(၈)ရက်နေ့ ကတည်းက ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် လေယာဉ်ကို ဩစတြေးလျ ကမ်းလွန်တွင် ရှာဖွေနေပြီး လတ်တလောတွင် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ဩစတြေးလျသို့ သွားရောက်လျှက် ရှိသည်။ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်နှင့် ပတ်သက်ပြီး မလေးရှား အစိုးရက ပွင့်လင်းသော သတင်းအချက်အလက်များ ထုတ်ပြန်မှု မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့က ရာဇဝတ်မှု တစ်ခုအနေဖြင့် စုံစမ်းနေသော ကိစ္စတွင် အရာရာတိုင်းကို လူသိရှင်ကြား ချမပြနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့က လောလောဆယ်မှာ အာရုံစိုက်ရမယ့် နယ်ပယ်(၄)ခုကို အခြေခံ စုံစမ်းနေပါတယ်။ တစ်ဦးချင်း လုပ်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ဖောက်ခွဲဖျက်ဆီးတာ၊ ဒါမှမဟုတ် အနုကြမ်းစီးတာတွေပေါ့”ဟု တော်ဝင် မလေးရှား ရဲတပ်ဖွဲ့ အရည်အသွေးနှင့် ထိုးထွင်းတီထွင်မှု ဆွေးနွေးပွဲတွင် မလေးရှား ထောက်လှမ်းရေးဌာန အကြီးအကဲ ခါလစ်အဘူဘေကာက ပြောကြားခဲ့သည်။ ၎င်းက “ခုချိန်ထိ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေဆီက မှတ်တမ်းပေါင်း (၁၇၀)လောက်ကို ရယူထားပြီးပါပြီ။ ဒါပေမဲ့ ဒါတွေကို အကုန်အစင် ထုတ်ပြနေလို့တော့ မရဘူးလေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ခါလစ်က လေယာဉ်ပေါ်တွင် မည်သည့်အရာများ ဖြစ်ပွားခဲ့သည်ကို စုံထောက်များက သဲလွန်စအချို့ ရရှိနေပြီ ဖြစ်သော်လည်း စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်နေဆဲဟုလည်း ပြောဆိုသွားသည်။

From: Planet Myanmar Network

Wednesday, April 02, 2014

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့မှ နှောင့်ယှက်နေသည့်အပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN )သို့ ရှမ်းနီလူငယ်များမှ တိုင်ကြားခဲ့

Posted by drmyochit Wednesday, April 02, 2014, under | No comments


ကျွန်တော်ဟာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနီလူမျိုးတစ်ယောက်ပါ။ ပြီးတဲ့ရက် ကစပြီး ကျွန်တော်တို့ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာKIA အဖွဲ့ကြောင့် သန်းခေါင်စာရင်းကောက်လို့မရပါဘူး။ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ ၀န်ထမ်းကို ပစ်သတ်မယ်၊ ရွာလူကြီးတွေကိုလည်း ပစ်သတ်မယ်လို့ ပြောထားပါတယ်။အဲဒီအတွက် ၀န်ထမ်းတွေလည်း မလာရဲကြဘူးဖြစ်နေပါတယ်။ကျွန်တော်သိသလောက် ကတော့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာလူဦးရေတွေ၊ လူမျိုးတွေအတိအကျသိနိုင်ဖို့၊နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စတွေမှာ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ဆိုပြီး သိထားပါတယ်။

ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို သန်းခေါင်စာရင်း ကောက်ယူပြီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကချင်ပြည်နယ်အတွက်ပြောပြော ကချင်ပြည်နယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေအတွက် အများကြီးနစ်နာရပါတယ်။

 KIO/KIA ခေါင်းဆောင်ပိုင်းတွေက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။

သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့လည်း သိရပါတယ်။
ကျွန်တော်ပြောတာတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်မယ်ဆိုရင် အချိန်မရွေး အထက်ပါနေရာတွေကို သွားရောက် စုံစမ်းနိုင်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေအများကြီးပါ။
ခုတော့ တဇောက်ကန်း KIA ကြောင့် ကျွန်တော်တို့လူမျိုးစု တစ်စုလုံးနဲ့ချီပြီး အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ နိုင်ငံသားအခွင့်အရေးကို ထိပါးခံရပါတယ်။
အခုလိုမျိုး သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက်  ကျွန်တော်တို့ ရှမ်းနီလူမျိုးစုဝင်တွေများစွာလည်း  စာရင်းပျောက်မှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။

ဒီလိုသန်းခေါင်စာရင်းကောက်မှ အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀တိုးတက်ရေး၊
အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးရေးစတဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာထိလာကောက်တာကို လက်မခံဘူးဆိုရင်ထားပါ။
အခုတော့ ကျွန်တော်တို့ရှမ်းနီတွေနေထိုင်တဲ့ ဒေသတွေကိုပါ သန်းခေါင်စာရင်းကောက်တာကို လက်မခံပဲ နှောင့်ယှက်နေတာကတော့လွန်လွန်းပါတယ်။
အားနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို အနိုင်ကျင့် ဖိနှိပ်နေတာနဲ့ အတူတူပါပဲ။

ဘာပဲပြောပြော အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုပါ။
အခုအချိန်မှမပေးရင် ကျွန်တော်တို့ဘယ်အချိန် သွားပေးရတော့မှာလဲ။ တိုင်းရင်းသားအခွင့်အရေးလို့ ရှေ့တန်းတင်ပြောဆိုနေပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေကို သက်သက်ဖိနှိပ်နေတာပါ။

သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို လူတစ်ဦးတစ်ယောက်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ်၊ တားမြစ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတယ်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်တဲ့အပြင် ကမ္ဘာ့ကုလသမဂ (United Nations) အဖွဲ့အစည်းကြီးနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး ငါတို့ဒေသမှာ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
KIA အနေနဲ့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ရှမ်းနီလူမျိုးတွေအပေါ်  ထင်ရာစိုင်းနေတာကို ရပ်သင့်ပါပြီ။

အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့ချုပ်အနေနဲ့လည်း
ကမ္ဘာ့ကုလသမဂ (United Nations) ကို တရားဝင်တိုင်ကြားစာပေးပို့သွားမှာဖြစ်ပြီး
KIA အဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာ အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မှီသေးတယ်လီု့ ပြောချင်ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ရှမ်းနီလူမျိုးအပါအ၀င် နိုင်ငံနဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများမပြုဖို့နဲ့ ဆက်လက်ပြုလုပ်လာပါက နိုင်ငံတကာမှာလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရမယ့်အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက်လည်း KIO/KIA အဖွဲ့မှာသာ တာဝန်ရှိမှာဖြစ်တယ်လို့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့က အသိပေးလိုက်ပါတယ်။

လက်ပုံစံ (၇)မျိုး

Posted by drmyochit Wednesday, April 02, 2014, under | No comments


၁။ လေးထောင့်လက်
၂။ ဗျက်ကျယ်လက်
၃။ အနုပညာလက်
၎။ အတွေးအခေါ်လက်
၅။ ရောထွေးလက်
၆။ စိတ်ကူးယဉ်လက်
၇။ အခြေခံနိမ့်ကျသောလက်

လေးထောင့်လက်
==========
လက်ဝါးပြင် လက်ချောင်းထိပ် လက်သည်း အနေအထားအားလုံးလေးထောင့်ဖြစ်နေသည်ကိုတွေ့ရမည်. ထိုလက်ကို လေးထောင့်လက်ဟုခေါ်သည်. (အကောင်းဆုံး လက်အမျိုးအစားဖြစ်သည်)
လေးထောင့်လက်ပိုင်ရှင်သည်
၁. ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးမားသည်.
၂. ရုပ်ပိုင်းသဘောဆန်သည်.
၃. တိုးတက်မှုကိုလိုလားသည်.
၎. မျှတသည်. ခိုင်မာသည်. နည်းစနစ်ကျသည်. ခေါင်းမာသည်.
၅. အနစ်နာခံပြီးအလုပ်လုပ်တက်သည်.
၆. စိတ်ကူးယဉ်မှုနည်းသည်.

ဗျက်ကျယ်လက်
=========
လက်ဝါးပြင်နှင့် လက်ချောင်းများလိမ်ကောက်နေပြီး လက်ချောင်း. လက်သည်း. လက်ဝါး အားလုံး အရင်းကျဉ်း၍ အဖျားကျယ်သောလက်ကို ဗျက်ကျယ်လက်ဟု ခေါ်သည်.
ဗျက်ကျယ်လက်ပိုင်ရှင်သည်
၁. စိတ်လှုပ်ရှားမှုရှိပြီးဖျတ်လတ်သည်
၂. စိတ်မြန်ကိုယ်မြန်ရှိသည်.
၃. အလုပ်လုပ်သည့်နေရာတွင် စိတ်ဝင်စားမှုရှိသည်.
၎. အပင်ပန်းခံနိုင်သည်.
၅. တီထွင်ဖန်တီးလိုစိတ်ရှိသည်.

အနုပညာလက်
=========
လက်ဝါးပြင်နှင့်လက်ချောင်းများ ပြေပြစ်လှပသည်. လက်ချောင်းများ၏ ထိပ်ဖျားများချွန်နေသည်. ထိုလက်ကို အနုပညာလက်ဟုခေါ်သည်.
အနုပညာလက်ပိုင်ရှင်သည်.
၁. စိတ်ထားနူးညံ့သိမ်မွေ့သည်.
၂. အနုပညာဆန်သည်.
၃. ချစ်ခင်ယုယမှုနှင့် အာရုံခံစားမှုရှိသည်.
၎. အလှအပဟူသမျှကို မြတ်နိုးသည်.
၅. တေးဂီတနှင့် အရောင်အဆင်းများကို နှစ်ခြိုက်သည်.

အတွေးအခေါ်လက်
============
လက်ချောင်းများသည် လက်ဝါးပြင်ထက် ပိုပြီးရှည်သည်. လက်ဆစ်များကြီးသည်. ထိုလက်ကို အတွေးအခေါ်လက်ဟုခေါ်သည်.
အတွေးအခေါ်လက်ပိုင်ရှင်သည်.
၁. နက်နဲသောတွေးခေါ်မြှော်မြင်စိတ်များရှိသည်.
၂. စာပေကျမ်းဂန်များလေ့လာလိုက်စားသည်.
၃. စိတ်ရှည်သည်. သည်းခံသည်.
၎. ခိုင်မာသည်. စေ့စပ်သေချာသည်.
၅. သက်သာသောအလုပ်ကိုသာလုပ်ရသည်.

ရောထွေးလက်
=========
လက်ချောင်းပုံသဏ္ဍန်များအားလုံးရောထွေးပါဝင်နေသောလက်ကို ရောထွေးလက်ဟုခေါ်သည်.
ရောထွေးလက်ပိုင်ရှင်သည်.
၁. အကြံအစည်များအမြဲရောထွေးနေသည်.
၂. လုပ်ကိုင်သည့်နေရာတွင် မတည်ငြိမ်. မခိုင်မာ. အပြောင်းအလဲများတက်သည်.
၃. ဗဟုသုတကြွယ်ဝသော်လည်း သေချာဂနစွာ တက်ကျွမ်းလုပ်ကိုင်နိုင်စွမ်းမရှိပေ.
၎. ကောင်းသောလက်ပုံစံများရောထွေးမှုများလျင် ကောင်းသောအချက်ပိုများမည်.

စိတ်ကူးယဉ်လက်
==========
လက်ဝါးပြင်နှင့်လက်ချောင်းများ နုနယ်လှပသည်။ ပျော့ပျောင်းသည်၊ လက်ချောင်းများနှင့်လက်သည်းများ ရှည်ပြီးသွယ်သည်ကို စိတ်ကူးယဉ်လက်ဟုခေါ်သည်.
စိတ်ကူးယဉ်လက်ပိုင်ရှင်သည်.
၁. ရုပ်ပိုင်းနှင့်လက်တွေ့သဘောနည်းပါးသည်.
၂. ဘဝတစ်လျှောက်လုံး ရုန်းကန်အားထုတ်မှုနည်းသည်.
၃. ပျင်းရိသည်. အပင်ပန်းမခံနိုင်ပါ.
၎. ဘာသာရေး နှင့် စုန်း နတ် တစ္ဆေများ ဝါသနာပါတက်သည်.

အခြေခံနိမ့်ကျသောလက်
==============
လက်ဝါးပြင် အရေပြားများထူထဲကြမ်းတမ်းသည်. ကြီးမားတုတ်တိုသော လက်ချောင်းများရှိသည်. လက်မတိုသည်. တင်းပုတ်သဏ္ဍန်ရှိသည်. ထိုလက်ကို အခြေခံနိမ့်ကျသောလက်ဟုခေါ်သည်.
အခြေခံနိမ့်ကျသောလက်ပိုင်ရှင်သည်.
၁. ကိုယ်နှင့်စိတ် ကြမ်းတမ်းသည်
၂. အအိပ် အစားနှင့် ကာမဂုဏ်မက်သည်.
၃. လောဘ ဒေါသ မောဟ ကြီးမားသည်.
၎. စိတ်ပိုင်းတိုးတက်မှုနည်းပါးသည်.
၅. ကိုယ်ကာယ သန်စွမ်းသည်.

Credit : News Lover | ဖိုးသူတော်|

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်