Sunday, May 25, 2014

ကချင်ကျေးရွာ ၉၀ကျော်တွင် သန်းခေါင်စာရင်းကောက်ရန် အစိုးရနှင့်ကေအိုင်အေ သဘောတူ

Posted by drmyochit Sunday, May 25, 2014, under | No comments

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရန်ကုန်မြို့၌ကောက်ယူနေစဉ်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)

နယ်မြေမတည်ငြိမ်မှု ကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသော ကချင်ပြည်နယ်ရှိ ကျေးရွာ ၉၇ရွာ တွင် သန်းခေါင်စာရင်းပြန်လည် ကောက်ယူရန် မြန်မာအစိုးရနှင့် ကေအိုင်အေသဘောတူညီမှုရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

မြေမြှုပ်မိုင်းများရှိသည့်လိုင် ဇာပတ်ဝန်းကျင်ကျေးရွာများတွင် ကေအိုင်အေဘက်မှ စာရင်း ကောက်ယူပေးမည်ဖြစ်ပြီး ကျန် ကျေးရွာများကို ပြည်နယ်သန်း ခေါင်စာရင်းကော်မတီက ကောက်ယူရန် သဘောတူညီမှုရ ရှိခဲ့ခြင်းဖြစ်သည်။

‘‘မိုင်းထောင်တဲ့ဘက်တွေ မှာ ဒီဘက်အဖွဲ့ကကောက်ပေးဖို့ သဘောတူလိုက်ပါပြီ။ ကျန်တဲ့ ဒေသတွေကိုတော့ ပြည်နယ်ကကောက်ပေါ့’’ဟု ကေအိုင်အေမှ အကြီးတန်းအရာရှိကြီးတစ်ဦးက  အတည်ပြုပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မေလ ၁၃ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အေတပ်မှ ဗိုလ်ချုပ်ဂွန် မော်တို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းသဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်။

‘‘၀န်ကြီးနဲ့ ညှိနှိုင်းပြီးတဲ့ နောက် မူအားဖြင့်သဘောတူညီ ပါတယ်။ ကောက်ယူမှုကိုတော့ ပြည်နယ်အနေနဲ့ လုပ်ဆောင်ပါ လိမ့်မယ်။ နေပြည်တော်ကိုတော့ ကောက်ယူပြီး စာရင်းတွေမ ရောက်သေးပါဘူး။ နေရပ်ဒေသ က အလှမ်းကွာဝေးနေလို့လည်း ဖြစ်ပါလိမ့်မယ်’’ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမြင့်ကြိုင်ကပြောသည်။

 ကချင်ပြည်နယ်တွင် ကောက်ခံရန် ကျေးရွာပေါင်း ၉၇ ရွာကျန်ရှိနေပြီး ဆက်လက် ကောက်ခံရန် ကေအိုင်အိုဗဟိုသို့ အစိုးရက စာသုံးကြိမ်တိုင်ပို့ထား ပြီး မေလတွင် တွေ့ဆုံသည့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင်လည်း ညှိ နှိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကောက်ယူထားသော စာရင်းများ အရ မကောက်ယူနိုင်သည့်ဒေသ မှာ ကချင်ပြည်နယ်နှင့်ရခိုင်ပြည် နယ်တို့ ဖြစ်သည်။ ၁၉၈၃ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာ ရင်းကောက်ယူရရှိမှုနှင့် နှိုင်းယှဉ် ပါက ယခုနှစ်ကောက်ယူခြင်းက ပိုမိုပြည့်စုံကြောင်းဝန်ကြီးကမေ လဆန်းပိုင်းက ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
 ၁၉၈၃ က နယ်မြေလုံခြုံ ရေးအခြေအနေများကြောင့် မ ကောက်ယူနိုင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းများမှာ ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်သည်။

From: 7 Day

တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့

Posted by drmyochit Sunday, May 25, 2014, under | No comments

တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ရသည်။

 သို့သော် ရွာသားများက အိမ်ထဲသို့ဝင်၍ ဖမ်းဆီးပြီး ရွာ လမ်းပေါ် ဆွဲထုတ်ကာ ၀ိုင်းရိုက် ကြသောကြောင့် ဒဏ်ရာပြင်းထန် စွာရခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးကပြောသည်။

‘‘ရဲကင်းဆိုတော့ တပ်ဖွဲ့ဝင် အင်အားနည်းတယ်။ ရှိတဲ့ ရဲတွေ တောင် ထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေက ဆယ်ယောက် ကျော်တယ်။ သူတို့ထဲက တစ် ယောက်မှတော့ မဖမ်းနိုင်သေး ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော ကြားသည်။

ရွာသားများက သစ်သား အဆောက်အအုံရဲကင်းတစ်ခုလုံး အပြင် ဆိုင်ကယ်နှစ်စီးကိုလည်း မီးရှို့သွားခဲ့သည်ဟုဆိုသည်။ ဦး ခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာ ပြင်းထန်စွာရခဲ့သည့် ရဲတပ်သား နှစ်ဦးမှာ ကြောင်လည်တိုက်နယ်ဆေးရုံ၌ ကုသခံနေရပြီး ရဲများကို တိုက်ခိုက်ခဲ့သော ရွာသားဆယ်ဦးခန့်ကိုလည်း ဖမ်းမိနိုင်ရန် ခရိုင်ရဲမှူး၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

‘‘တော်တော်ဆိုးရွားတဲ့ ဖြစ် စဉ်ပါ။ တရားခံပြေးလာဖမ်းတဲ့ ရဲ ကို ရိုက်ပြီး ရဲကင်းကိုပါ မီးရှို့လိုက်တာကတော့ တော်တော်ကို စည်း လွတ်ဝါးလွတ်ဖြစ်တာပါ။ ဒီဖြစ် စဉ်ကို အထက်အရာရှိတွေ ဘယ် လိုအရေးယူမလဲဆိုတာ သိချင်ပါ တယ်’’ ဟု ဗန်းမောက်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲတပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုတွင် ပါဝင်သူ များအား လူစုလူဝေးဖြင့် ရိုက်နှက် မှု၊ မီးရှို့မှု၊ တာဝန်ဝတ္တရားနှောင့် ယှက်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၁၁၄/၄၃၆/၃၃၃/၄၂၇ ဖြင့် မန်စီကြီး နယ်မြေရဲစခန်း၌ အမှု ဖွင့်ထားသည်။

ဗန်းမောက်မြို့နယ်တွင် ရဲ တပ်ဖွဲ့ဝင်များ အကြမ်းဖက်ခံရသ ကဲ့သို့ ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်မြို့၌ ဖြစ်ပွားခဲ့ ဖူးသည်။

7 Day

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ

Posted by drmyochit Sunday, May 25, 2014, under | No comments

မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘မုန်တိုင်းငယ်အဆင့်ကနေ အားလျော့ပြီးကာမှ ဒီနေ့မှာ အား ပြန်စုနေတာတွေ့ရတယ်။ ဒီနေ့ ည မုန်တိုင်းပြန်ဖြစ်လာရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိ သေးပါဘူး’’ ဟု ဒေါက်တာထွန်း လွင်က မေလ ၂၄ ရက်ညတွင်ပြောသည်။

အမေရိကန် အမျိုးသားမိုး လေ၀သဌာန(JTEC) က ဘင်္ဂလား ပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသာ တိမ်တိုက် ကြီးသည် မုန်တိုင်းအဆင့်သို့ပြန် ရောက်ရန် အလားအလာများရှိ နေကြောင်း မေလ၂၄ရက် နံနက် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ၂၀၁၄ခုနှစ်အတွင်း ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် ဒုတိယမြောက် မုန်တိုင်းငယ်ဖြစ် သည်။ ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းအဖြစ်မေ ၁၆ရက်က စတင်ခဲ့ပြီး မေလ၂၁ ရက် နေ့ လယ်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့သည်။ မူလခန့်မှန်း ချက်များအရ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ရွေ့လျားလာခဲ့သော် လည်း မေလ ၂၃ရက် နေ့လယ် တွင် နောက်ကြောင်းပြန်လှည့် သွားကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြန် သည်။ ယခုအခါ အားပြန်ပျိုးလာနေသောကြောင့် ထူးခြားနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မိုး/ဇလ ဌာနက ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိ နေသေးပြီး မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် လေတိုက်နှုန်း တစ်ရာရီ ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန် သည်။

7 Day

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်အားထိန်းသိမ်းထား

Posted by drmyochit Sunday, May 25, 2014, under | No comments



ဗန်ကောက် မေ ၂၄

ထိုင်းနိုင်ငံ၌ ရာထူးမှဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်ယင်လပ်ရှင်နာဝါထရာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ခေါင်းဆောင်များအား ရက်သတ္တတစ်ပတ်ကြာမျှ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စဉ်းစားရန်အချိန်ရရှိနိုင်စေရန် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်များက မေ ၂၄ ရက်တွင် ပြောကြားကြသည်။

ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုတတ်သော တက္ကသိုလ် ပညာရှင်များကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီသို့ သတင်းပို့ရန် ဆင့်ခေါ်ထားသည်။
မေ ၂၂ ရက်က စစ်တပ်ကအာဏာသိမ်းယူလိုက်ခြင်း အတွက် စုဝေးဆန္ဒပြနိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် အထင်ကရပုဂ္ဂိုလ်များအား ခေါ်ယူထိန်းသိမ်းထားသည်ဟု ယူဆရကြောင်း ဝေဖန်ချက်များ ပေါ်ထွက်လာသည်။ ထိုင်းနိုင်ငံ၌ လူတန်းစားအခြေခံသော အုပ်စုနှစ်စုအကြား နိုင်ငံရေးအားပြိုင်ရာမှ လပေါင်းအတန်ကြာမျှ လမ်းပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်အာဏာသိမ်းပွဲ ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်အတွင်း စစ်အုပ်ချုပ်ရေးကောင်စီ၏ တားမြစ် ပိတ်ပင်ချက်ကိုအာခံလျက် အာဏာသိမ်းမှုကို ကန့်ကွက် သည့် ဆန္ဒပြသူ ရာပေါင်းများစွာက မြို့တော် ဗန်ကောက် တွင် ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ များသည် မေ ၂၄ ရက်က ရုပ်ရှင်ရုံတစ်ရုံအနီး ဆန္ဒပြခဲ့ပြီး နောက် ၉ ကီလိုမီတာ(၅ ဒသမ ၆ မိုင်)အကွာရှိ ဒီမိုကရေစီ အောင်ပွဲ အထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ထွက်ခွာသွား ခဲ့ကြသည်။

ထိုင်းနိုင်ငံ၌ စစ်ဘက်ကအာဏာသိမ်းခဲ့ခြင်းကို ပြစ်တင်ရှုတ်ချလျက် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံသို့ စစ်ရေးအကူအညီပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အမေရိကန် ကြည်းတပ်အကြီးအကဲသည် ထိုင်း စစ်အရာရှိအား ဆင့်ခေါ်ခဲ့ပြီး ¤င်း၏နိုင်ငံ၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်ကျင့်သုံးရန်တိုက်တွန်းခဲ့သည်။

နိုင်ငံခြားစစ်ရေးအကူအညီနှင့် နိုင်ငံတကာစစ်ပညာ နှင့် စစ်သင်တန်းအစီအစဉ်တို့အတွက် နှစ်စဉ်ဒေါ်လာ ၃ ဒသမ ၅ သန်းခန့် ထောက်ပံ့ပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြား သည်။
ရိုက်တာ။
The Mirror Daily

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ

Posted by drmyochit Sunday, May 25, 2014, under | No comments

(မေ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် ထိုင်းစစ်သားများပေါ်ကျော်၍ မေ၂၄ ရက်က ဘန်ကောက်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (Photo: AFP)ဆန္ဒပြသူများက စာတန်းများ ကိုင်မြှောက်ပြစဉ်)

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကို ဆန့်ကျင် ဆန္ဒပြရန်အ တွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံ အကြီးအ ကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ထုတ်ပြန်ထားသော မာရှယ်လောအရ လူငါးယောက်ထက်ပို၍ စုဝေးခြင်းကို ပိတ်ပင်ထားသော်လည်း ဆန္ဒပြသူများသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်က တော်ဝင် ထိုင်းတပ်မတော်ကလပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်စဉ် ရှပ်နီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ဒါဇင်နှင့်ချီလျက်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လေ့လာသုံးသပ်သူများက ထိုင်းနိုင်ငံအတွက် အကောင်းဆုံးမှာ ပြုပြင်ပြောင်းလဲမှုများနှင့် ရွေးကောက်ပွဲများ အလျင်အမြန်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေး ကြာရှည်ကာ ဆန့်ကျင်ရေးအင်အားစုများ ကြီးထွားလာပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက် မငြိမ်သက်မှုဝဲဩဃအတွင်းသို့ ထိုင်းနိုင်ငံနစ်မြုပ်သက် ဆင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရအနေဖြင့် စပါးဝယ်ယူရေးအစီအစဉ် ပျက်ကွက်ခဲ့မှုကြောင့် ထောင်ပေါင်းများစွာသော လယ်သမားများ ကိုပေးရန် သန်းနှင့်ချီလျက် တင်ရှိနေသောအကြွေးငွေများကို ရှာဖွေရန်အတွက် သူသည် ဗျူရိုကရေစီစ နစ်ကို လိုလားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားခဲ့သည်။

သူက “ကျွန်တော်တို့ စောင့်ဆိုင်းကြရမှာပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေညီညွတ်မှုနဲ့ ချစ်ခြင်းမေတ္တာ တရားကို ပြန်လည်ဖန်တီးဖို့ လိုအပ်ပါတယ်” ဟု မေ ၂၃ ရက်က သံတမန်များနှင့် တွေ့ဆုံရာ ၌ ပြောကြားခဲ့သည်။ သူက အဓိက ပြုပြင်ပြောင်းလဲရေးအဖြစ် ရွေးကောက်ပွဲစနစ်ကို ပထမဆုံးပြောင်းလဲရန် လိုအပ်ကြောင်းလည်း အထူးပြုပြောကြားခဲ့သည်။

ထိုင်းအထက်လွှတ်တော်ကို ဖျတ်သိမ်း

အထက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ရုပ်သံမှ ကြေညာခဲ့ပြီး ဥပဒေပြုရေးအာဏာအလုံးစုံကို ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ပေးအပ်ခဲ့သည်။ ပရာယွတ်သည် အာဏာသိမ်းမှုနှင့် ပတ်သက်သည့် စာတစ်စောင်ကို ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ပေးပို့ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။ အသက် ၈၆ နှစ်အရွယ် ဘုရင်ကြီးသည် ပရာယွတ်၏ စာကို အသိအမှတ်ပြုခဲ့ကြောင်း စစ်ဘက်က ပြောကြားခဲ့သော်လည်း ထိုင်းဘုရင့်နန်းတော်သည် အာဏာသိမ်းမှုနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Eleven Media Group

၂၃-၅-၁၄ မှ ၂၉-၅-၁၄ အထိ ၇ရက်ဟောစာတမ်း

Posted by drmyochit Sunday, May 25, 2014, under | No comments

By ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-medalist)

တနင်္ဂနွေ

ကံဇာတာကောင်းသောရက်တွေဖြစ်သည်။ စာမေးပွဲအောင်မြင်မည်။ စီးပွားရေးကံကောင်းမည်။ ရစရာငွေရမည်။ ချစ်သူထံမှ အဖြေရမည်။ ချစ်သူအသစ်ထပ်ရမည်။ ပျော်ရွှင်စရာခရီးတစ်ခုရောက် မည်။ အဒေါ်နှင့် ဦးလေးတော်သူတို့၏ ကျန်းမာရေးချူချာမည်။ အလုပ်မှာရှုပ်သမျှ ရှင်းပေးသူပေါ် မည်။ သင်ကိုယ်တိုင်အစာအိမ်နာတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၂။

အထူးဟော - သူများကိုလှည့်စားခြင်းမပြုနှင့် ကိုယ်ပြန်ခံရတတ်သည်။

ယတြာ - တနင်္ဂနွေနေ့မှာ ငှက်ကလေးတွေ အစာကျွေးလိုက်ပါ။

တနင်္လာ

ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးတွေမဖြစ်စေနှင့်။ ချစ်သူရဲ့ငြိုငြင်မှုတွေ ခံရတတ်သည်။ ငွေကြေးကိစ္စ စကားပြောစရာဖြစ်လာမည်။ အတိုက်အခံတွေကြုံရတတ်သည်။ ကျော်လွှားအောင်မြင် မှုရမည်။ ချော်လဲ၊ လိမ့်ကျတတ်၍ ဂရုစိုက်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ သတိထားပါ။ အပေါင်းအသင်း သတိထားပေါင်းပါ။ ချစ်ဟန်ဆောင်သူ က ရန်သူ ထက်ဆိုးသတဲ့ ဆင်ခြင်ပေါင်းပါ စပ်တူစီးပွားမလုပ်ပါနှင့်။ လူယုံမထားပါနှင့်။ ပြိုင်ဘက်တွေရှိနေ၍ ဂရုစိုက်ပါ။ ဆွေမျိုးအတွက်စိတ်ရှုပ်ရတတ်သည်။ မမျှော်လင့်ပဲ လက်ထပ်(သို့) ထွက်ပြေးကိန်းရှိနေ သည်။

အကျိုးပေးဂဏန်း - ၂၊ ၇၊ ၉။

အထူးဟော - စကားပြော ဆင်ခြင်ပါ။

ယတြာ - တနင်္လာနေ့မှာ အရှေ့အရပ်ရှိလမ်းကို လမ်းသန့်ရှင်းရေးလုပ်ပါ။

အင်္ဂါ

အိမ်ကလည်း ပြောကြတယ် ၊ သင့်ချစ်သူကလည်း ပြောတယ် ၊ အပေါင်းအသင်းတွေကလည်း ပြောကြတယ် အလွန်ဗိုလ်လုပ် ၊ ဆရာလုပ်သတဲ့။ သို့သော် သင့်အပေါ်ဆရာ ပြန်လုပ်သူက တော့ သင့်ချစ်သူ ၊ သင်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်မှာ သင့်အပေါ် တော်လှန်ပုန်ကန်မည့် တပည့်တွေ ပေါ်လာလိမ့်မည်။ သင့်သြဇာ နည်းသလိုဖြစ်လာမည်။ အတိုက်အခံ တွေကြုံနေရတတ်သည်။ အခက်အခဲတွေကြုံနေရတတ်တယ်။ ချစ်သူတွေ ပိုများလာလိမ့်မည်။ သင့်အလုပ်တွေ ပိုများလာမည်။ ငွေရစရာနှင့် ငွေထွက်စရာတွေမျှနေမည်။ ခြေ ၁ ဖက် ခိုက်မိနိုင်တယ်။ ရာထူးတက် ၊ လစာတိုး ၊ နေရာပြောင်း ၊ အိမ်ပြောင်းမုချဖြစ်လာမည်။ ကောင်းပါတယ်။

အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ဝ

အထူးဟော - သတိလက်မလွတ်အောင် နေပေးပါ။

ယတြာ - အင်္ဂါနေ့မှာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရည်လှူပါ။

ဗုဒ္ဓဟူး

ပြုပြင်ပြောင်းလဲမှုများ လှုပ်ရှားသွားလာမှုများ၊ ရင်ဆိုင်ဖြေရှင်းစရာများ၊ ရွှေ့ပြောင်းသွားလာရမှုများ မကြာမီဖြစ်ပေါ်လာလိမ့်မည်။ အခက်အခဲမရှိကျော်လွှားနိုင်မည်။ သို့သော်သင့်မှာ သတိတရားလက်ကိုင်ထားပါ။ စွန့်စားမှုတိုင်းမှာ အောင်မြင်မှုတွေရှိနေမည်။ အချစ်ရေးနှင့် မိသားစုအရေးကိုခေတ္တရပ်ပြီး ပညာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်ရေးတို့အတွက် လှုပ်ရှား သွားလာမှုများမုချပေါ်လာပါလိမ့်မည်။ အောင်မြင်မည်။ ဝမ်းဗိုက်ဂရုစိုက်ပါ။ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်ဖြစ်ကိန်းရှိသည်။

အကျိုးပေးဂဏန်း - ၉၊ ၈၊ ၁။

အထူးဟော - အောင်မြင်မှုရမည်။

ယတြာ - ဗုဒ္ဓဟူးနေ့မှာ အောင်သပြေ ၁၉ညွန့် ဘုရားလှူလိုက်ပါ။

ကြာသပတေး

မေတ္တာတရားတို့ ဇာတ်လမ်းဖြစ်ပေါ်သောရက်သတ္တပတ် ဖြစ်ပါတယ်။ ချစ်လိုက် မုန်းလိုက်၊ သတိရလိုက် ပြန်မေ့လိုက် ၊ ပြန်ပေါ်လိုက် နောက်ဆုံးတော့ ယူဖြစ်ကြပြီပေါ့။ထို့ကြောင့် မေတ္တာ ဝင်္ကဘာ ဆိုတာ အမှန်ဆုံးပါဘဲ။ အကွေ့အကောင် တွေ ဖြစ်ပြီး မှ သင်တို့ ချစ်သူ ၂ ဦးယူဖြစ်ပါမည်။ ကိုယ်ချစ်က ပြန်အဆင်ပြေ ပြန်တော့ မိဘတို့ အပိုင်းက ကန့်ကွက် သဘောမတူဖြစ်ကြပြန်မည်။ ရကိန်းရှိတော့လည်း ယူဖြစ်ပြီပေါ့။ ဆန္ဒမစောနှင့် ပြန်ကြာသွားမည်။ မှန်မှန် နှင့် မြန်မြန် လုပ်လျှင် အားလုံးအောင်မြင်ပါမည်။ စီးပွားရေး တော့ ထင်တာထက် ပိုကောင်းလာမည်။ ငွေမချေးလိုက်နှင့်။ ပြန်မရတတ်ပါ။ ကား ၊ ဆိုင်ကယ် မှောက်၊ တိုက် တတ်၍ သတိထားမောင်ပါ။

အကျိုးပေးဂဏန်း - ၅ ၊ ၄ ၊ ၂

အထူးဟော - ဇွဲရှိဖို့တော့ လိုတယ်။

ယတြာ - ကြာသပတေးနေ့မှာ သင့်ချစ်သူကို မုန့် ၅ ခုဝယ်ကျွေးပါ။

သောကြာ

လူမှန် နေရာမှန် စိတ်ထားတွေတည်ကြည်မှုတွေမှန်စပြုလာပါပြီ။ ဘဝသစ်တည်ထောင်လို့ စိတ်ထားဖြောင့်မတ်သူတွေဖြစ်လာမည်။ မကောင်းတာတွေမလုပ်ဖို့ စိတ်ကို အားတင်းနိုင်ပြီး ကောင်းတာတွေလုပ်ဖြစ်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေဝင်ကောင်းလာမည်။ ဖြေဆိုသောစာမေးပွဲအောင်မြင်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်သည်။ အချစ်ရေးမှာ သတိထားပြီး ဆင်ခြင်ဖြစ်မည်။ မိဘသားချင်း သဘောတူသော ၁ဦး သင့်ထံ လာမည်။ ရွေးချယ်မှုစဉ်းစားဖြစ်မည်။ စက်၊ ရွှေ၊ မြေတို့ ဝင်ထွက်မည်။ စီးပွားရေးလုပ်ဆောင်ချက်တွေ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၆၊ ၁၊ ၉။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့မှာ မြတ်စွာဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။

စနေ

အားလုံးကံကောင်းမည်။ ဆောင်ရွက်မှုတွေအဆင်ပြေမည်။ ခရီးယာယီတွေသွားဖြစ်မည်။ အလုပ်ရမည်။ ဝင်ငွေကောင်းမည်။ မိသားစုအတွက် ဆောင်ရွက်မှု တွေအားလုံးအဆင်ပြေမည်။ ကျန်းမာရေးကောင်းနေမည်။ အပေါင်းအသင်းတစ်ဦးက ကောင်းကျိုးပေးသလို၊ အပေါင်းအသင်း တစ်ဦးအတွက် စိတ်ရှုပ်ရတတ်သည်။ မိဘစိတ်ချမ်းသာမှုကိုပင် ဦးစားပေးဆောင်ရွက်ဖြစ်မည်။ အချစ်ရေးကံကောင်းသည်။ မိဘသဘောမတူ၍ ခွဲခွာနေရမည်။ စီးပွားရေး လုပ်ဆောင်ချက်များ အောင်မြင်မည်။ အတိုက်အခံတွေကျော်နိုင်မည်။ ရစရာငွေတွေရမည်။ စာမေးပွဲဖြေဆိုမှု၊ အင်တာဗျူး အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၇၊ ၉၊ ၄။

အထူးဟော - အဆင်ပြေမည်။

ယတြာ - ဘုရားကို မွေးနေ့စနေနေ့တွင် ထီး ၉ လက်လှူပါ။
Shwe Myitmakha Media Group

Saturday, May 24, 2014

ဆီးရီးယားအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတင် စစ်ဆေးရေး အဆိုပြုချက် မူကြမ်းကို တရုတ်နှင့် ရုရှား ဗီတိုအာဏာသုံး ပယ်ချ

Posted by drmyochit Saturday, May 24, 2014, under | No comments


နယူးယောက်
လင်းပ

ဆီးရီးယား နိုင်ငံအား ပြည်တွင်းစစ် အတွင်း အစိုးရနှင့် အတိုက်အခံ သူပုန် နှစ်ဘက်စလုံးက ကျူးလွန် ခဲ့သည့် ရာဇ၀တ်မှုများ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) သို့ တင်ရေး  အမေရိကန်က တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက် မူကြမ်းကို တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် လုံခြုံရေး ကောင်စီတွင် ပယ်ချ လိုက်သည်။

အမေရိကန် ဦးဆောင်သော အနောက် နိုင်ငံများ သည် ဆီးရီးယားတွင် လူမျိုးပြုတ် သတ်ဖြတ်မှုများ၊ ဓါတု လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ စနစ်တကျ နှိပ်စက် ညှင်းပန်းမှုများ၊ ဓါတ်ဆီဗုံးများဖြင့် အရပ်သားများအား တိုက် ခိုက်မှုများ နှင့် ဒုက္ခသည်များ အတွက် နိုင်ငံတကာ အထောက်အပံ့များ ပိတ်ပင်တားမြစ် ထားခြင်း အပါအ၀င် ပြစ်မှုများစွာ အတွက် ဆီရီးယားကို လုံခြုံရေး ကောင်စီတွင် အရေးယူရန် ဖိအားပေးခဲ့ ကြခြင်းဖြစ်သည်။ အမေရိကန်က တင်သွင်းခဲ့ သော ဆီးရီးယားအား အရေးယူ ရေးအဆိုမူကြမ်း ကို အလှည့်ကျ အဖွဲ့ဝင် နိုင်ငံများ အပါအ၀င် လုံခြုံရေး ကောင်စီ ၀င် အခြား (၁၃) နိုင်ငံတို့က ထောက်ခံခဲ့သော် လည်း ဗီတိုအာဏာ ကိုင်ခွင့် ရထားသည့် အမြဲတမ်းအဖွဲ့ဝင် ရုရှားနှင့် တရုတ်တို့ က ပယ်ချခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့က ဆီးရီးယားမှ အစိုးရနှင့် သူပုန်တပ်များ နှစ်ဖက်စလုံးကို နိုင်ငံတကာ တရားစီရင်မှု စနစ်ဖြင့် စီရင်ရေးမှာ နိုင်ငံရေးအရ ဖြေရှင်းချက်ရရန် ကြိုးပမ်းမှုများကို ပျက်ပြားစေပြီး စစ်မီးတောက် ပိုကြီးစေနိုင် သည်ဟု အကြောင်းပြကာ ပယ်ချခဲ့ကြသည်။

အမေရိကန်တို့ တင်သွင်းသည့် အဆို ပယ်ချခံခဲ့ရခြင်း အတွက် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်သာ ပါဝါက ““ကျွန်မတို့ နောက်မျိုးဆက် မြေးမြစ်တွေ ကတော့ အခုကစပြီး မေးကြတော့မှာပါ။ ကျွန်မတို့ဟာ ကဗ္ဘာမြေပေါ်က အရှင် လတ်လတ် ငရဲပြည် တစ်ခုမှာ နေထိုင်နေရတဲ့ ပြည်သူတွေ အတွက် ဘာ့ကြောင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးဖို့ ပျက်ကွက် ရသလဲ ဆိုတာကိုပေါ့””ဟု ပြောသည်။ မော်စကိုသည် လွန်ခဲ့သည့် သုံးနှစ်မှစ၍ ဆီးရီးယား စစ်ပွဲကာလ တလျှောက်လုံး တွင် ဆီးရီးယား သမ္မတ အာဆတ်အား နိုင်ငံတကာမှ အရေး မယူနိုင်အောင် သံတမန်ရေး အရ အကာအကွယ် ပေးခဲ့ပြီး တရုတ်ပြည်မှာ လည်း မော်စကို၏ ရပ်တည်ချက် အတိုင်း ထောက်ခံလေ့ ရှိသည့် ကုလ လုံခြုံရေး ကောင်စီ၏ ဗီတိုအာဏာ ပိုင်ရှင် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

လုံခြုံရေး ကောင်စီတွင် အမေရိကန်တို့ တင်ပြခဲ့သော အဆိုမူကြမ်း မှာ နိုင်ငံပေါင်း ခြောက်ဆယ်ကျော် ၏ ထောက်ခံမှု အပြင် ပြင်သစ်နိုင်ငံ မှ ကမကထပြု ရေးဆွဲခြင်းဖြစ်သည်။ ဆီးရီးယားမှာ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးကို လိုက်နာရန် လက်မှတ်ရေး ထိုးထားသည့် နိုင်ငံမဟုတ်ရာ လုံခြုံရေး ကောင်စီကသာ ထိုနိုင်ငံကို လူသား မျိုးနွယ် အပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်း ပုဒ်မဖြင့် အရေးယူခွင့် ရှိမရှိ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ဆုံးဖြတ်ချက် မူကြမ်းကို ပယ်ချခဲ့သည့် ရုရှားမှ ကိုယ်စားလှယ် ဗစ်တာလီ ချာကင်က ဗြိတိန်နှင့် အမေရိကန် တို့အား အီရတ်တွင် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းအတွက် ICC သို့ လွှဲပြောင်းခံရခြင်း မရှိကြောင်း ပြန်လှန် ဝေဖန်ခဲ့ပြီး တရုတ် သံအမတ် ကလည်း ဆုံးဖြတ်ချက်မှာ နိုင်ငံရေး ဖြေရှင်းမှုများကို ထိခိုက်စေမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

Source:AFP
The Messenger

"ထိုင်းနိုင်ငံ၏လုံခြုံရေးအပေါ် နိုင်ငံခြားခရီးသွားများ ယုံကြည်မှုရှိမရှိ ဒွိဟဖြစ်နေ"

Posted by drmyochit Saturday, May 24, 2014, under | No comments

(ဘန်ကောက်။ ။ မေ ၂၃)

ကြာသပတေးနေ့က ထိုင်းတပ်မတော်၏ အာဏာ သိမ်းယူမှုကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများမှာ စိုးရိမ်လျှက် ရှိမရှိကို အချို့သော စောင့်ကြည့်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဘန်ကောက်တွင် ထုတ်ပြန်ခဲ့သော ညနေ ၅နာရီမှ ည ၁၀ နာရီထိ အပြင် မထွက်ရ ဟူသည့် အမိန့်ကြောင့် လာရောက် လည်ပတ်မည့် ခရီးသွားများ အတွက် အဆင်မပြေ မဖြစ်စေရန် အစိုးရနှင့် သင့်တင့်သော သဘောတူညီမှု ရယူထားသည်ဟုလည်းသိရသည်။

သို့ရာတွင် ပြည်ပ ထွက်ခွာမည့် လေကြောင်းအစီအစဉ် များနှင့် နိုင်ငံခြား ခရီးသွားများ ၀င်ရောက်မှုကို သတ်မှတ်ချိန် အတွင်း ပြင်ပ မထွက်ရ အမိန့် အတိုင်း ထိုင်းတပ်မတော်က အချိန်မရွေး သွားလာခွင့်ပြုထားသည်ဟုလည်း ဆိုထားသည်။ ထို့ကြောင့် ထိုင်းလေကြောင်း လိုင်းများနှင့် လေဆိပ် များမှာ ပုံမှန်ခရီးစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

သို့သော် ထိုင်းနိုင်ငံအတွင်းရှိ အစိုးရကျောင်းများကို တနင်္ဂနွေနေ့ အထိ ပိတ်ထားရန်နှင့် အင်တာနေရှင်နယ် ကျောင်းများကိုမူယခင်အတိုင်း ဖွင့်လှစ်ပေးထားရန် ထိုင်းတပ်မတော် ကကြေငြာခဲ့သည်ဟု ဖော်ပြထားသည်။

Ref: CNN Asia
KTZO
Popular Myanmar News Journal

ရုရှား လိုလားသော ခွဲထွက်ရေး သမားများ ကျောက်မီးသွေးတွင်းများ ကို သိမ်းပိုက်ပြီး ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ် ပေးရန် တောင်းဆို

Posted by drmyochit Saturday, May 24, 2014, under | No comments


ကိယက်ဗ်
အောင်ပိုင်

ရုရှား လိုလားသော ခွဲထွက်ရေး သမားများ သည် ယူကရိန်း အရှေ့ပိုင်းရှိ ကျောက်မီးသွေး တွင်းများအား ကြာသပတေးနေ့ က သိမ်းပိုက်ခဲ့ပြီး သတ္တုတွင်း အလုပ်သမားများ အား ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ပေး ရန် တောင်းဆို ခဲ့ကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာန က ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ တွင် ယူကရိန်းတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ခွဲထွက်ရေး သမားများ သည် ရွေးကောက်ပွဲ အား နှောင့်ယှက်ရန် အတွက် ယူကရိန်း စီးပွားရေး၏ အဓိက ရင်းမြစ် တစ်ခုဖြစ်သည့် ကျောက်မီး သွေးတွင်းများ ကို တိုက်ခိုက် သိမ်းပိုက် ထားခြင်းဖြစ်သည်။

ရုရှား နယ်စပ်နားရှိ လူဂန်စကီ ဒေသတွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ်အား  ယူကရိန်း စွမ်းအင် ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားသော်လည်း  ခွဲထွက်ရေး သမား မည်မျှ ပါဝင်သည်၊  ကျောက်မီးသွေးတွင်း အလုပ်သမားများ ၏ ကံကြမ္မာ မည်သို့ ရှိသည် တို့ကိုမူ ယခု အချိန်အထိ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးချေ။

ယူကရိန်း စွမ်းအင် ၀န်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် ““အကြမ်းဖက် သမားတွေဟာ လက် နက်တွေ နဲ့ သတ္တုတွင်း အလုပ်သမားတွေ ကို ခြိမ်းခြောက် နေကြပြီး ဖောက်ခွဲရေး ပစ္စည်းများအား တောင်း ဆို ထားကြပါ တယ်””ဟု ဆိုထားသည်။ ထို့ပြင်  ယူကရိန်း စွမ်းအင်ဝန်ကြီးသည် ထိုကိစ္စအား လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ အား ချက်ချင်း ဆောင်ရွက်ရန် ယူကရိန်း လုံခြုံရေးဌာနကို တောင်းဆို ထားသည် ဟုလည်း ဆိုထား သေးသည်။ ကရိုင်းမီးယား ဒေသအား ရုရှားက ၎င်းတို့ပိုင် အဖြစ် သတ်မှတ်ပြီး နောက် ယူကရိန်း နှင့် ရုရှားတို့ကြားရှိ ဆက်ဆံရေး တင်းမာလာခဲ့ပြီး တစ်ချိန်တည်းမှာတွင်  ယူကရိန်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး သမားများသည် အကြမ်းဖက် တိုက်ခိုက်မှုများ အား ပြုလုပ် လာခဲ့သည်။ ကရိုင်းမီးယားအား သိမ်းပိုက် ထားသည့် ရုရှားအား အမေရိကန် အပါအ၀င် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့သည်။    

Source:AP
Messenger News Journal

သွေးအတွင်း ကိုလက်စထရောများခြင်းက သားသမီးရနိုင်ခြေကို ထိခိုက်စေနိုင်

Posted by drmyochit Saturday, May 24, 2014, under | No comments


သွေးကြောနံရံများတွင် အဆီစုသည်အထိ ကိုလက်စထရော ပမာဏ များပြားနေသော အမျိုးသမီးများတွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ ယင်းတို့၏ သားသမီးရနိုင်ခြေသည် သာမန်ထက် သိသိသာသာ လျော့ကျသွား

သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လူအများ လက်ခံထားပြီး ဖြစ်သည်။ သို့သော်လည်း ယင်းအခြေအနေထက် ပိုမိုသော ဆိုးကျိုးတစ်ရပ်အဖြစ် လူသားတစ်ဦး၏ မျိုးပွားမှု စွမ်းရည်ကိုပါ ကျဆင်းစေကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ သွေးကြောနံရံများတွင် အဆီစုသည်အထိ ကိုလက်စထရော ပမာဏ များပြားနေသော အမျိုးသမီးများတွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ ယင်းတို့၏ သားသမီးရနိုင်ခြေသည် သာမန်ထက် သိသိသာသာ လျော့ကျသွားကြောင်း သိရှိရသည်။

အကယ်၍ ယင်းအမျိုးသမီးများ၏ မိတ်ဖက်အမျိုးသားသည်လည်း ကိုလက်စထရော ပမာဏ ကြွယ်ကြွယ်ဝဝ စုဆောင်းထိန်းသိမ်းထားသူ ဖြစ်နေပါက သားသမီး ထွန်းကားနိုင်ခြေသည် သုညရာခိုင်နှုန်း နီးပါးထိ လျော့နည်းသွားလိမ့်မည်ဟု အမေရိကန် ကျန်းမာရေး သုတေသီများက မှတ်ချက်ပြုခဲ့သည်။ အမေရိကန် အစိုးရ၏ ကျန်းမာရေး သုတေသန ဌာနမှ ပညာရှင်များသည် သားသမီးယူရန် ကြိုးစားနေသည့် စုံတွဲပေါင်း (၄၀၁)တွဲ၏ အနေအထားကို လေ့လာဆန်းစစ်ခဲ့ကြသည်။ ယင်းတို့အားလုံးသည် အသက်(၁၈)နှစ်နှင့် (၄၄)နှစ်ကြား အရွယ်များ ဖြစ်ကြသည်။ (၁)နှစ်အကြာတွင် အမျိုးသမီး (၃၄၇)ဦး ကိုယ်ဝန်ရလာပြီး (၅၄)ဦးမှာမူ ကလေးမရကြချေ။ သုတေသီများက အဆိုပါစုံတွဲ အားလုံးထံမှ သွေးနမူနာများကို ရယူကာ တိုက်ဆိုင်စစ်ဆေးပြီးနောက် သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် ကလေးရနိုင်ခြေ နည်းပါးခြင်းအပေါ် တိုက်ရိုက် အချိုးကျနေကြောင်း တွေ့ရှိခဲ့သည်။

သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ အင်းနရစ် ရှိန်စတာမန်းက “ကိုလက်စထရော အရမ်းများရင် နှလုံးမှာ ရောဂါတွေဖြစ်အောင် အားပေးရာရောက်မှန်း သိထားပြီးသားပါ။ ဒါပေမဲ့ လက်ရှိ အချက်အလက်တွေအရ ဒီအခြေအနေဟာ နှလုံးသွေးကြောတွေ အတွက်ပဲ အန္တရာယ်များတာ မဟုတ်ဘူး။ စုံတွဲတွေရဲ့ သားသမီးရနိုင်ခြေကိုပါ လျော့ကျသွားစေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သားသမီးရချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့သွေးထဲမှာ ကိုလက်စထရော ပါဝင်မှုဟာ လက်ခံနိုင်လောက်တဲ့ အဆင့်မျိုး ရှိနေတာ သေချာစေဖို့ သတိပြုသင့်ပါတယ်”ဟု အကြံပြုခဲ့သည်။ ကိုလက်စထရော များပြားခြင်းသည် မျိုးပွားမှု စွမ်းရည်ကို အဘယ်ကြောင့် ထိခိုက်စေကြောင်း တိတိကျကျ မသိရသေးသော်လည်း ၎င်းတွင် ပါဝင်သည့် အဆီဆန်ဆန် ပစ္စည်းများက Oestrogenနှင့် Testosteroneတို့ကဲ့သို့ လိင်ပိုင်းဆိုင်ရာ ဟိုမုန်းများ ပေါင်းစပ်ဖွဲ့စည်းမှုကို ဟန့်တားနှောင့်ယှက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များက ကောက်ချက်ချထားသည်။

Planet Myanmar

မစ္စယင်လတ်နဲ့ ပါတီခေါင်းဆောင်တချို့ထိုင်းစစ်တပ်က အာဒီဆွန်းစခန်းမှာ ထိန်းသိမ်းထား

Posted by drmyochit Saturday, May 24, 2014, under | No comments


မေ၊ ၂၄။

ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီက အရင်ဝန်ကြီးချုပ်ဟောင်းမစ္စယင်လတ်နဲ့ ဖုယာ့ထိုင်းပါတီ
ခေါင်းဆောင် တချို့ကို နိုင်ငံပြင်ပထွက်ခွာခွင့်တွေ ပိတ်ပင်လိုက်ပြီးဆုရာဘူရီခရိုင် အာဒီဆွန်းစခန်းမှာ ထိန်းသိမ်း ထားလိုက်ပါပြီ။ ဘန်ကောက်ကိုပြန်ရောက်နေပြီး  နုတ်ထွက်ပေးလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်ဟာ အာဏာသိမ်း စစ်ကောင်စီကို သတင်းပို့ဖို့ ပျက်ကွက်ရင် ဖမ်းဝရမ်း ထုတ်မယ်ဆိုတဲ့ သတိပေး ချက်ကြောင့် သတင်းပို့အပြီး မကြာမီမှာ အခုလို သူနဲ့ တာဝန်ရှိသူခေါင်းဆောင်တချို့ကို ထိုင်းစစ်တပ်ကထိန်းသိမ်းထားလိုက်တာဖြစ်တယ်လို့ ထိုင်း သတင်းတွေနဲ့ နိုင်ငံတကာသတင်းတချို့က ရေးပါတယ်။
ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်မှာတော့ ထိုင်းနိုင်ငံရေးမှာ ပါတီ အဖွဲ့အစည်းအသီးသီးက အဓိက ဦးဆောင်သူ စုစုပေါင်း၁၅ဝ ကျော်ကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချင်းမိုင်မှာရှိတဲ့ မစ္စယင်လတ်ရဲ့ အကိုတော်စပ်သူဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အိမ်နဲ့
သူ့ဆွေမျိုးရင်းချာအိမ်တွေ၊ဖုယာ့ထိုင်းပါတီထိပ်တန်းခေါင်းဆောင်တချို့ရဲ့နေအိမ်တွေကိုလည်း
ထိုင်းစစ်တပ်က ဝင်ရောက်ရှာဖွေမှုတွေနဲ့ ထိန်းသိမ်းမှုတွေလုပ်ခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။
Source;AFP

ဘာသာပြန် David

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု သက်သေများ စစ်ဆေးရန် လေးဦးကျန်

Posted by drmyochit Saturday, May 24, 2014, under | No comments

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာ လမ်းဆုံအနီးတွင် လွန်ခဲ့သော နှစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သက်၍ သက်သေ ၁၁ ဦးကို သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက် ရှိပြီး ဆက်လက်စစ်ဆေးရန် သက်သေ လေးဦးသာ ကျန်ရှိကြောင်း အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဘက် (၄) မှ ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ပြောကြားသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးတွင် သက်သေ ၁၅ ဦးကို ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ အပတ်စဉ် ရုံးချိန်း ခုနစ်ချိန်းအထိ ခေါ်ယူစစ်ဆေးခဲ့ရာမှ မတ်လ ၂၂ ရက်နေ့ထိ လူသတ်မှု ကျူးလွန်သည်ဟု တိုင်ကြားခံရသူ၏ ဦးလေးတော်စပ်သူ၊ အစ်ကိုဝမ်းကွဲ ဖြစ်သူနှင့် သေဆုံးသူ ကိုမင်းမင်းဦး (ခ) အကြီးကောင်၏ ယောက္ခမဖြစ်သူ ဒေါ်နီနီ အပါအဝင် သက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားသူကြီး အပါအဝင် ကျန်လေးဦးကို ဆက်လက်ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တရားခံဘက်က ပိုက်ဆံမတတ်နိုင်လို့ ရှေ့နေ့မငှားနိုင်ဘူး။ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားရမ်းထားပါတယ်။ ပုဒ်မ ၃၀၂ အရ ရဲတင်ပြထားတဲ့ သက်သေတွေကို ရုံးတော်က စစ်ဆေးနေဆဲပါ” ဟု ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ရှင်းပြသည်။

မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်က ယင်းလူသတ်မှုနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့က မေတ္တာရိပ်သာလမ်း၌ နေထိုင်သော တရားလိုပြသက်သေ အမျိုးသမီးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် သက်သေနှစ်ဦးက ခေါင်းဖြတ်မသတ်မီ ထိုးကြိတ် ရိုက်နှက်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ရုံးတော်၌ ထွက်ဆိုခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ခေါင်းဖြတ် လူသတ်မှုနှင့် ပတ်သက်၍ ရပ်ကွက်နေ ပြည်သူများက မတ်လ ၂၈ ရက်နေ့က တရားဥပဒေစိုးမိုးရေးနှင့် အဆိုပါ လူသတ်မှုကို ရှုတ်ချသည်ဟု ဆိုကာ လူဦးရေ ၇၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

သေဆုံးခဲ့သော ကိုမင်းမင်းဦး (ခ) အကြီးကောင်မှာ ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် လူငယ်မေတ္တာလမ်းတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်သူ ဖြစ်ကြောင်း၊ မတော်တဆ ပခုံးချင်း တိုက်မိရာမှ ခေါင်းဖြတ် အသတ်ခံခဲ့ရကြောင်း၊ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ပုဒ်မ ၃၀၂ ဖြင့် တင်ထားသော စွဲချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်း (ခ) မုန်းခက်က ပြောဆိုသည်။

The Voice Weekly

ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

Posted by drmyochit Saturday, May 24, 2014, under | No comments


မေ၊ ၂၄။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ
စိုးရိမ်မကင်းသံတွေအကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh
ကတော့ ထိုင်းနိုင်ငံရဲ့အခြေအနေဟာ အသင်းတစ်ခုလုံးကိုထိခိုက်လာမှာစိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆီယံအသင်းဝင်နိုင်ငံတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွေမရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုက်အဝန်း
တစ်ခု ထူထောင်ဖို့ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အား
အကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆လလောက်ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ
စိုးရိမ်စရာဖြစ်ရတဲ့အကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ပြောပါတယ်။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ထိုင်းနိုင်ငံရဲ့အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ဖို့
မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။ တခြားအာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံ တွေကလည်း
အခြေအနေကို စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေကြသလိုလုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာ နိုင်ငံသားတွေကို
ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှအာဏာသိမ်းဖို့မလိုဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အလားတူ
ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်အပါအဝင်နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့သဘောထားတွေကို
ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Source;VOA
ဘာသာပြန် David
Myanma Age

ချမ်းချမ်းပြောပြတဲ့ သူမရဲ့ “အိပ်မက်”

Posted by drmyochit Saturday, May 24, 2014, under | No comments


တေးသံရှင် ချမ်းချမ်း ရဲ့ အိပ်မက်တေးစီးရီး မိတ်ဆက်ပွဲ အခမ်းအနားကို (၂၃.၅.၁၄) ရက်နေ့နေ့လည် ၁ နာရီ၊ စင်ထရယ်ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခွေနဲ့ပတ်သတ်ပြီး ချမ်းချမ်းက “ဒီအခွေလေးက ကိုယ်ပိုင်သံစဉ်လေးတွေ ကြီးပဲပေါ့နော်။ ချမ်းချမ်း အမျိုးသားက ဒီတတိယ အခွေလေးကို ကိုယ်ပိုင်သံစဉ် လုပ်ဆိုလို့ လုပ်ဖြစ်ခဲ့တာပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက ကိုယ်ပိုင်သံစဉ် အရမ်းနည်းတယ်။ အဲဒါကြောင့် ဘ၀မှတ်တိုင်မှာ ကိုယ်ပိုင်သံစဉ် ထွက်ထားသင့်တယ်ဆိုတဲ့ စိတ်လေးနဲ့လုပ်ဖြစ်ခဲ့တာပါ။ မ အရမ်း ပင်ပန်းပါတယ်။ အသံသွင်းရတဲ့အချိန်တွေမှာ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့လေ။ ဒီအခွေလေးကို ဒီနေ့စဖြန့်ဖြစ်တာက သမီးလေးရဲ့၎လပြည့်မွေးနေ့မို့လို့ပါ။ ဗီစီဒီကိုတော့ မရဲ့ မွေးနေ့ ၉လပိုင်း၎ ရက်နေ့မှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

ဒါရိုက်တာကတော့ ကိုဘုဏ်းသိုက်၊ ကိုသုံးပေါင်၊ ကိုဖစ်လစ်တို့အများကြီးပါပဲ။ မသူငယ်ချင်းတွေလဲ ပါတယ်။ ခုရိုက်ထားပြီးသားကတော့ ၃ပုဒ်ပေါ့။ အဲဒါကတော့ မ သရုပ်ဆောင်ထားတာပေါ့။ မ အမျိုးသား ကတော့ မအသံနဲ့လိုက်မဲ့သီချင်း လေးတွေပေါ့။ သူရွေးပေးတယ်။ အပုဒ် ၂၀လောက်တင်ပေးတယ်။ အဲဒီထဲကမှ ၁၅ ပုဒ်ပြန်ရွေးပေးတာပေါ့နော်။ အဓိက ခေါင်းစဉ်လေးကို အိပ်မက်လို့ပေးဖြစ်ခဲ့တာက အိပ်မက် ဇာတ်ကားအတွက် theme song ရေးပေးဖို့တွက် စိတ်ပူပြီး တစ်နာရီလောက် အိပ်ပျော်သွား တယ်။ အိပ်မက်ထဲမှာ အဲဒီသီချင်းလေးကို စန္ဒယားတီးပြီး သီချင်းလေးဆိုနေတာ။ အိပ်မက်ဆိုပေမယ့် ကိုယ်ဆိုနေတဲ့ စာသားတွေအကုန်လုံးကလဲ တစ်ထပ်တည်းပဲ။ မက်ပြီးတော့ နိုးလာတဲ့ထိ အဲ့စာသားလေး က အလွတ်ရနေတယ်။ အဲဒါနဲ့တစ်ခါတည်း record လုပ်ပြီး အဲဒီသီချင်းလေးကို အဲဒီဇာတ်ကားထဲမှာ ချမ်းချမ်းနဲ့ဘုဏ်းသိုက်၂ယောက်ဆိုထားတာပေါ့။ ပြီးတော့ ဒီအခွေလေး ကျတော့မှ ကိုဟန်ထွန်းနဲ့တွဲဆိုပြီး title လေး ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးက အခက်အခဲတွေလဲ အများကြီးရှိပါတယ်။ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အရမ်းလဲ ပင်ပန်းပါတယ်။ အားလုံးက ကိုယ်ပိုင်သံစဉ်ကြီးပဲဆိုတော့ ၁နှစ်ခွဲလောက် အချိန်ကြာ သွားပါတယ်။ ဒါပေမဲ့ ချမ်းချမ်းကိုယ်တိုင်လဲ ပရိသတ်တွေ ရင်ထဲရောက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။” လို့ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

ဗြိတိန်ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်

Posted by drmyochit Saturday, May 24, 2014, under | No comments


အသက် (၃၉)နှစ်ရှိပြီ ဖြစ်တဲ့ ရက်ဖို့ဒ် ဟာလက်ရှိအချိန်မှာ သားကိုးဦး၊ သမီးခုနစ်ဦး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ရက်ဖို့ဒ်ဟာနာက်ထပ် ရင်သွေးတစ်ဦး ထပ်မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ထားရတာမို့ ကလေးပေါင်း
(၁၇)ဦးကို ပိုင်ဆိုင်ထားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ကို ဗြိတိန် ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။

ရက်ဖို့ဒ်ရဲ့ သမီးဖြစ်သူ ဆိုဖီယာ ကလည်း ကိုယ်ဝန်ဆောင် ထားရပါတယ်။ ရက်ဖို့ဒ်ဟာ နိုဝင်ဘာလမှာ မွေးဖွားဖို့ မှန်းထားပြီး သမီးဖြစ်သူ ဆိုဖီယာက သီတင်းကိုး ပတ်စောပြီး မွေးဖွား လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ရက်ဖို့ဒ်ဟာ (၁၇)ဦး မြောက် ကလေး ကို ပိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် သမီးဖြစ်သူနဲ့ လပိုင်းလောက်သာခြားပြီး မွေးဖွားရမှာဖြစ် လို့ မပျော်မရွှင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ရက်ဖို့ဒ်ဟာ သူ့ရဲ့မြေးကို အပြည့်အ၀ ပြုစုစောင့်ရှောက်ခွင့်မရမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။

ရက်ဖို့ဒ် ဟာ ကလေးတစ်ယောက် မွေးပြီးတိုင်း နောက်ထပ် ကလေးမယူတော့ဘူး လို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အခုဆိုရင် (၁၇)ဦးမြောက် ကလေးကိုတောင် ပိုင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ရဲ့ ကလေး တွေဟာ အသက် (၂၅)နှစ်၊ (၂၀)နှစ်၊ (၁၈) နှစ်၊ (၁၇)နှစ်၊ (၁၅)နှစ်၊ (၁၃)နှစ်၊ (၁၂)နှစ်၊ (၁၁)နှစ်၊ (၁၀)နှစ်၊ (၉)နှစ်၊ (၈)နှစ်၊ (၇) နှစ်၊ (၅)နှစ်၊ (၄)နှစ်၊ (၂)နှစ်နဲ့ (၁)နှစ် အရွယ် အသီးသီးရှိနေကြပြီဖြစ်ပါတယ်။

ရက်ဖို့ဒ် ဟာ လန်ကတ် ရှိုင်းယားဒေသရှိ အိပ်ခန်းကိုး ခန်းပါ ကလေးပြုစုထိန်းသိမ်းရေး ကျောင်း ဟောင်းမှာ နေထိုင်ပြီး တစ်နေ့ အတွက် ချက်ပြုတ်ရတဲ့ အစားအစာက ပေါင်မုန့် အကြီး သုံးလုံး၊ ကွေကာအုပ် နှစ်ဗူး၊ နွားနို့ (၁၈) ပန့်၊ ၀က်သား (၁၆)ခွက်၊ အာလူး (၁၅) ပေါင်၊ ဂေါ်ဖီ ထုပ်သုံးထုပ်နဲ့ မုန်လာဥ (၃၀) ချောင်းတို့ ဖြစ်ကြပါ တယ်။ ရက်ဖို့ဒ်ဟာ မိသားစုတွေ စုဝေးပြီး ပျော်ပါးစွာနေထိုင်ရတာကို သဘောကျမိကြောင်း ဆိုခဲ့ပါတယ်။

အေသင်အောင်
Messenger News Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်