Monday, May 26, 2014

ဒြပ်မဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ယူနက်စကို အသိအမှတ်ပြုသည့် ရလဒ် အောက်တိုဘာတွင် ထွက်မည်ဟုဆို

Posted by drmyochit Monday, May 26, 2014, under | No comments


မန္တလေး၊ မေ ၂၅

မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) မှ အသိအမှတ် ပြုသည့် ရလဒ်များ လာမည့် အောက်တိုဘာလတွင် ထွက်ရှိမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူထံမှ သိရသည်။

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း အတည်ပြုရေးနှင့် အကောင်အထည် ဖော်ရေးတို့နှင့် စပ်လျဉ်းသည့် ဒြပ်မဲ့ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ ပထမအကြိမ် စွမ်းဆောင်ရည် မြှင့်တင်မှု အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၁၉ ရက်မှ မေ ၂၄ ရက်အထိ ခြောက်ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ယူနက်စကိုအဖွဲ့ ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် တိုင်းဒေသကြီးအဆင့် ရှေးဟောင်းဌာနမှ တာဝန်ရှိသူများ၊ သမိုင်းပညာရှင်များ အစရှိသည်တို့ဖြင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို အသီးသီး တင်ပြခဲ့ကြပြီး ယင်းယူနက်စကို အဖွဲ့မှ မှတ်တမ်းတင်ခဲ့ကာ လာမည့် အောက်တိုဘာလတွင် ရလဒ်ထွက် ရှိလာမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ အတွင်းရှိ စောင်း၊ အိမ် တော်ရာထီး၊ မြန်မာ့သနပ်ခါးနှင့် သနပ်ခါး လိမ်းဟန် အစရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အဆိုပါ ဆွေးနွေးပွဲ၌ ယူနက်စကိုအဖွဲ့သို့ အသီးသီး တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယူနက်စကို အသိအမှတ်ပြုပါက အဆင့်မြင့် နည်းပညာများ အသုံးပြု၍ နိုင်ငံတကာ အကူအညီဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း မန္တလေးမြို့ဒေသခံ ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးတောင်ခြေရှိ ကမ္ဘာ့မှတ်တမ်း စာရင်းဝင် မဟာလောကမာရဇိန် ကျောက်စာ (ခေါ်) ကုသိုလ်တော်ဘုရား ကျောက်စာများကို UNESCO အဖွဲ့က ကမ္ဘာ့မှတ်တမ်း စာရင်းဝင် အသိအမှတ်ပြု LOGO တံဆိပ်ကို မေလ ၈ ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။

The Voice Weekly

ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ်

Posted by drmyochit Monday, May 26, 2014, under | No comments

ပြည်၊ မေ၂၅

မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှ ညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။

အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ မှ ၁၂ နာရီထိ ကျင်းပခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦး တစ်ဝိုင်းစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန်လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ သတ်မှတ်ထားကာ မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသွားခဲ့သည်။

ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ကိုမိုက်ကိုက “VIP က ၂၀၊ ကျန်တာ လူ ၁၅၀ လောက် တက်တယ်။ မော်ဒယ်လ်တွေက Sexy အသားပေး ဖျော်ဖြေမှု အားနည်းတဲ့အတွက် တက်တဲ့သူတွေ အားရမှု နည်းတယ်။ လူကြီးပိုင်းတွေလည်း လာကြတယ်” ဟု The Voice သို့ ပြောဆိုသည်။

ပြည်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲဖြစ်သည့်အတွက် စားသောက်စရာများ ပေးသည့် အပိုင်းတွင် လိုအပ်ချက် ရှိပြီး လူငယ်သဘာဝ ပျော်ချင်သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒယ်လ်များမှာ အတွင်းခံသာသာ ဝတ်စားထားကြောင်း ပါတီပွဲကို တက်ရောက်သည့် ကိုကျော်ဝင်းခိုင်က ဆိုသည်။

“ဌာနဆိုင်ရာ လူကြီးတွေလည်း လာတယ်။ လက်မှတ်တွေ သူတို့ကိုပါ ပေးထားရတယ်လို့ ပြောတယ်။ နောက်ပွဲတွေ လုပ်ဖြစ်ရင်လည်း သွားကြည့်မယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ် စီးပွားဖြစ် Pool Party ပြုလုပ်ရခြင်းကို လူလတ်ပိုင်း မြို့ခံတစ်ဦးက ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တားဆီးမရနိုင်သော်လည်း ကျောင်းသား လူရွယ်များ ပါဝင်မှု မရှိစေရန် မိဘ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

The Voice Weekly

အိပ်စက်ခြင်းမရှိပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

Posted by drmyochit Monday, May 26, 2014, under | No comments

လူသားတစ်ဦး၏ ကိုယ်ခန္ဓာအတွက် အရေးအ ကြီးဆုံး လိုအပ်ချက်များအနက်တစ်ခုမှာ အိပ်စက်ခြင်း ပင်ဖြစ်သည်။ အိပ်စက်ချိန် တိုတောင်းခြင်းနှင့် ကောင်းစွာ မအိပ်စက် ရခြင်း တို့က နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဆီးချိုရောဂါ၊ အ၀လွန်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်လာနိုင်သည်။

အိပ်စက်ခြင်းမှာ လူ့ခန္ဓာကိုယ်အတွက်သာမဟုတ်ဘဲ စိတ်အတွက်လည်း မရှိမဖြစ်လိုအပ်သည်။ အိပ်စက်ချိန်အတွင်း ကျွန်ုပ်တို့ ၏ ခန္ဓာကိုယ်မှာ အားအင်များ ပြန်လည်ဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေသည်။

အိပ်စက်ချိန် အနည်းဆုံး ၇ နာရီရှိပါစေ။ အကောင်းဆုံးမှာ ည ၁၀ နာရီတွင် အိပ်စက်ပြီး နံနက် ၇ နာရီတွင် နိုးထခြင်းဖြစ်သည်။ အိပ်စက်မှု မရှိခြင်းအတွက် အစားပြန်ပေး၍မရသဖြင့် ညပိုင်း အိပ်ရေးပျက်ထားပြီး နေ့လယ်နေ့ခင်းတစ်ရေးတစ်မော အိပ်စက်ခြင်းမှာ သင့်ခန္ဓာကိုယ်ကို အကူအညီမဖြစ်စေဘဲ ညပိုင်းအိပ်ရေးပျက်ထားခြင်းကို အစားထိုးမပေးနိုင်ပါ။ နေ့လယ်ပိုင်း အိပ်စက်ခြင်းမှာနာရီဝက်ထက် လုံးဝမပိုသင့်ပါ။အိပ်ရာဝင်ချိန်တွင် စိတ်ရှုပ်စရာများကို မတွေးရန် အရေးကြီးသည်။ သင်၏ စိတ်ရှုပ်စရာကိစ္စများကိုဖြေရှင်းရန် နံနက်မိုးလင်းသည်အထိ စောင့်ပါ။ အိပ်စက်ရန် အဆင်သင့်ပြုလုပ်ပါ။ စတင်မအိပ်စက်မီ စိတ်နှင့်ကိုယ်ကို အနားပေးလိုက်ပါက ပိုမိုလွယ်ကူစွာ အိပ်ပျော်စေနိုင်သည်။

သင်၏ အိပ်ခန်းထဲတွင် ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ စမတ်ဖုန်းများ၊ သင်ပုန်းကွန်ပျူတာများ၊ လက်ပ်တော့များ ရှိမနေသင့်ပါ။ ရုပ်မြင်သံကြားနှင့် ၀ိုင်ဖိုင်စနစ်တို့လည်း အိပ်ခန်းထဲတွင် ရှိမနေသင့်ပါ။ စိတ်အင်အားပြည့်စေမည့် တေးဂီတ၊ သန့်ရှင်းပြီး မှောင်နေသော အခန်းများတွင် အိပ်စက်ပါက ကောင်းစွာ အိပ်ပျော်စေနိုင်သည်။ ကဖိန်းပါသော အရက်၊ ကော်ဖီစသည်တို့ သောက်သုံးခြင်း ရှောင်ပါ။ အိပ်ချိန်မတိုင်မီ အနည်းဆုံး သုံး၊ လေးနာရီ အတွင်း ကဖိန်းပါဝင်သော အစားအသောက်ကို ရှောင်ပါ။

ရေနွေးနွေးဖြင့် ရေချိုးခြင်းမှာ ကိုယ်ခန္ဓာကို လန်းဆန်းစေပြီးကောင်းစွာအိပ်စက်နိုင်ရန် ကူညီနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ လေ့ကျင့်ခန်းလုပ်ပါ၊ ယောဂကျင့်ပါ၊ တရားထိုင်ပါ။ ပေါ့ပေါ့ပါးပါးပြေးခြင်း၊ လမ်းပုံမှန်လျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ ကခုန်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် ကောင်းစွာ အိပ်စက်ရန် အကူအညီ ဖြစ်စေသည်။

နံနက်စောစောထပါ။ နံနက်စောစော နေရောင်ခြည်သည် သင့်ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး ဗီတာမင်ဒီရရှိစေရန် ကူညီနိုင်သည်။စေးကပ်ခြင်းမရှိသော ဆီမျိုးဖြင့် ခေါင်းကို ညင်သာစွာနှိပ်နယ်ပေးခြင်းကလည်း အိပ်စက်ခြင်းအတွက် အကူအညီဖြစ်စေနိုင်သည်။

အိပ်စက်ချိန်အတွင်း ဦးနှောက်သည် သတင်းအချက်အလက်များကို ပေါင်းစည်းပေးသည်။ တစ်ခုခုသင်ယူပြီးနောက် အိပ်စက်သူများမှာ ပိုမိုစွမ်းဆောင်နိုင်ကြောင်း သုတေသီများက ပြောသည်။

လိုအပ်သော အိပ်စက်ချိန်အတိုင်း မအိပ်ရသူမှာ ပင်ပန်းနွမ်းနယ် ခြင်း၊ သည်းခံစိတ်မရှိခြင်း၊ အာရုံစူးစိုက်မှု စွမ်းရည်မရှိခြင်းနှင့် လွယ် လွယ်ကူကူ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်စေသည်။

မူမမှန်သော အိပ်စက်ခြင်းကြောင့် စိတ်ဖိစီးမှု၊ သွေးတိုးရောဂါနှင့် နှလုံးခုန်နှုန်းမူမမှန်ခြင်းများ ဖြစ်စေနိုင်သည်။ ပုံမှန်ကောင်းစွာ အိပ်စက်အနားယူခြင်းသည် ရောဂါဘယများကင်းဝေးစေရန် ကူညီနိုင်ကြောင်း သိရသည်။

—Ref: Internet
7Day Daily

ထိုင်းနိုင်ငံ စစ်ခေါင်းဆောင်များ လူမှုကွန်ရက် မီဒီယာကို ပိတ်ပစ်ရန် ခြိမ်းခြောက်

Posted by drmyochit Monday, May 26, 2014, under | No comments


ဘန်ကောက်၊ မေ ၂၅

ထိုင်းနိုင်ငံတွင် မကြာသေးမီက အာဏာသိမ်းထားသော စစ်ခေါင်းဆောင်များသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများကို လှုံ့ဆော်သော အရေးအသားများ သို့မဟုတ် စစ်တပ် ခေါင်းဆောင်များအပေါ် ဝေဖန်ရေးသားသည့် မည်သည့် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းကိုမဆို ပိတ်ဆို့ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်ပိုင် ရုပ်သံလိုင်း တစ်လိုင်းက အာဏာသိမ်း စစ်တပ်အဖွဲ့၏ ကြေညာချက်များကို ထုတ်ပြန်သည့်အထဲတွင် ဆိုရှယ်မီဒီယာ လိုင်းများတွင် ရေးသားကိုင်တွယ် နေကြသူများကို မိမိတို့ စစ်တပ်နှင့် ပူးပေါင်း လက်တွဲ ကူညီပေးကြရန်နှင့် အကယ်၍ အကြမ်းဖက်မှုများကို ပေါ်ပေါက်စေမည့် အရေးအသားများ၊ ဥပဒေကို ချိုးဖောက်ရန် အားပေးအားမြှောက် ပြုသည့် ရေးသားမှုများနှင့် အာဏာသိမ်း စစ်ကောင်စီအပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျှင် ယင်းမီဒီယာကို ပိတ်ပင်ပစ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“အကြမ်းဖက်ရန် လှုံ့ဆော်သည်ကို တွေ့ရှိရလျှင် ထိုမီဒီယာကို ချက်ချင်း ပိတ်သိမ်းမည် ဖြစ်ပြီး ယင်းသို့ လှုံ့ဆော်ရာတွင် တာဝန်ရှိသူကို အရေးယူသွားမည်” ဖြစ်ကြောင်း ယင်းသတင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ဖြစ်ကြသည့် Twitter နှင့် Facebook တို့ကို ထိုင်းနိုင်ငံတွင် အများဆုံး အသုံးပြုနေကြပြီး Google ကုမ္ပဏီအနေနှင့် ထိုင်းဘာသာစကားဖြင့် YouTube ပေါ်တွင် အသုံးပြုနိုင်ရန် အသုံးပြုခွင့်ပေးပြီး မကြာမီမှာပင် အာဏာသိမ်းခံရမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း Bangkok Post သတင်းက ဆိုသည်။

ဤထုတ်ပြန်ချက် မတိုင်မီကတည်းက အာဏာသိမ်း စစ်အစိုးရသည် ထိုင်းနိုင်ငံ ရုပ်သံနှင့် ရေဒီယိုလိုင်းများကို လက်ရှိ ထုတ်လွှင့်နေသော အစီအစဉ်များကို ရပ်ဆိုင်းပြီး စစ်တပ်က ထုတ်လွှင့်ခိုင်းသည်များကိုသာ ထုတ်လွှင့်ပေးရန် အမိန့်ပေးထားပြီး ဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

The Voice Weekly

ဗိုက်ထဲတွင်ညီကို ကိုယ်ဝန်ဆောင်ရသူ

Posted by drmyochit Monday, May 26, 2014, under | No comments



လွန်ခဲ့သောနှစ်က အိန္ဒိယနိုင်ငံ Nagpurမြို့တော်မှာနေထိုင်တဲ့အိန္ဒိယနိုင်ငံသားSanju bhagat ရဲ့အစာအိမ်ဟာအလွန်ကိုဖောင်းကားလာတာကိုသိသိသာသာမြင်တွေ့လာရပါတယ်…။သူ့ကိုတွေ့မြင်သူတိုင်းက ယောက်ျားလေးတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်နေသူလို့ကောက်ချက်ချခံရပါတယ်…။

ဒီလိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမျိုးသူ့အပေါ်မှာကျရောက်လာလို့ Sanju Bhagat ဟာအလွန်ကို အံ့အားသင့်နေရပါတယ်…။ ဆရာဝန်တွေနဲ့ပြသကြည့်ချိန်သောအခါတွင်လည်း သေသေချာချာ အဖြေမထုတ်နိုင်ပဲ အိန္ဒိယဆရာဝန်တွေတော်တော်ခေါင်းစားကြခဲ့ရပါတယ်..။

ဆရာဝန်တွေကအာထရာဆောင်းရိုက်ကြည့်သောအခါတွင်လဲဗိုက်ထဲတွင်လူသားတယောက်လက္ခဏာများကို မြင်တွေ့ရတယ်လို့ အတည်ပြုဆိုခဲ့ပါတယ်..။ ဒါကြောင့်ဆရာဝန်တွေဟာ ခွဲလဲမခွဲစိတ်ဝံ့တော့ပါဘူး..။ အမှန်တကယ်သန္ဒေ တည်နေခြင်းဆိုလျှင် ချက်ချင်းခွဲစိတ်ပါက ကလေးအသက်ဆုံးမည်မဟုတ်ပါလော…။ sanju bhamaဟာသူ့ပုံစံကိုသူ မယုံနိုင်အောင်လဲဖြစ်၊ ငြင်းလဲမငြင်းရှာနိုင်တဲ့အခြေအနေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ရခြင်းမှန်ရင်ကိုးလကြာရင် ဗိုက်နာပြီးကလေးမွေးမှာပဲ။

ဒါကြောင့် အချိန်ကိုစောင့်ကြည့်မယ်ဆိုပြီးကိုးလတိတိ ကိုယ်ဝန်ဆောင်အသွင်နဲ့နေခဲ့ရပါတယ်…။
ကိုးလကြာသော်လည်းပဲ သူ့ဟာဗိုက်နာခြင်းအလျဉ်းမရှိတာကြောင့် ဆရာဝန်တွေက ခွဲစိတ်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဆရာဝန်တွေက ကိုးလပြည့်လိုခွဲစိတ်ကြတဲ့အခါမှာတော့ သူ့ဗိုက်ထဲက ထွက်လာတာတွေက….??????

sanju bhagat အရမ်းကိုကြောက်ရွံ့အံ့သြစရာကောင်းအောင်ကိုပဲ ပထမဆုံး ခြေထောက်တ ဖက် ပြီးတော့ နောက်ခြေထောက်တဖက် ပြီးတော့ ဆံပင်တွေ၊ လက်တွေ.. မေး၇ိုးတွေ…. လူကိုယ်ခန္ဒာ ရဲ့အပိုင်းအစတွေ ပြွတ်ကာသီကာထွက်ကျလာပါတော့တယ်…. ခွဲစိတ်ကုဆရာဝန်ကြီးများဟာ ကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်ဖြစ်ကြရပြီး နောက်သေသေချာချာဆန်းစစ်ကြည့်ပါတော့မှ sanju bhagat ရဲ့ဗိုက်ထဲမှာရှိတာတွေက သူ့ရဲ့အမွှာညီအကိုရဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်နေ ပါတော့တယ်။

တကယ်တော့ sanju bhagatကို သူ့မိခင်ကမွေးဖွားစဉ်က အမွှာ သန္ဒေကိုလွယ်ခဲ့တာပါ..။
ဘာလို့နောက်တယောက် က sanju bhagatရဲ့ဗိုက်ထဲရောက်နေခဲ့ရတာလဲဆိုတာကို အဖြေထုတ်တော့ သူတို့နှစ်ဦးကို သွေးနဲ့အစာအာဟာရအထောက်အပံ့ပေးတဲ့ချက်ကြိုးဟာ sanju bhagat ရဲ့ဘက်ကပွင့်နေပြီး သူနဲ့ညီအကိုတော်တဲ့တယောက်ဖက်မှာတော့ ကံမကောင်းစွာပိတ်နေခဲ့ပါတယ်..။

အဲ့တာကြောင့် မဖွံမဖြိုးနဲ့သန္ဒေတည်ခဲ့တဲ့ sanju bhagat ရဲ့ညီအကိုဟာ လူခြောက် တယောက်ကဲ့သို့ ဖြစ်တည်နေပြီး၊ မိခင်ဝမ်းထဲမှာ အခြေအနေအမျိုးမျိုးကြောင့် bhagatရဲ့ဗိုက်ထဲ ကိုရောက်ခဲ့ရာကနေခု လိုထူးထူးဆန်းဆန်းဖြစ်လာခဲ့ရတာပါ…။ ထိုအဖြစ်အပျက်ဟာ အိန္ဒိယဆေးသမိုင်းမှာ ပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး ဒီလိုထူးထူးဆန်းဆန်းဖြစ်တည်မှုကို ဆရာဝန်တွေတော်တော်များများလဲသြချခဲ့ရပါတယ်…။

အောင်ထွန်းဦး

အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်

Posted by drmyochit Monday, May 26, 2014, under | No comments

အူရီးဒူးမြန်မာမှ တာဝန်ရှိသူ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

နိုင်လင်းအောင်၊ ဆွေမွန်

အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ်ထားသည်ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ် သြဂုတ်လ တတိယပတ်တွင်မှသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

အူရီးဒူးမြန်မာ  အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ သည်။ ၎င်းတို့အနေဖြင့် လိုင်စင်ရပြီး ခြောက်လအတွင်း ဇူလိုင်လလယ်ခန့်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်ရာ တွင် ၎င်းတို့မျှော်မှန်းထားသည် ထက် အခက်အခဲအချို့နှင့် ကြုံ တွေ့ရခြင်းကြောင့် ယခုကဲ့သို့အ နည်းငယ် နောက်ကျသွားခြင်းဖြစ် ကြောင်း အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr.Ross Cor-mack က ရှင်းပြသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ မျှော်မှန်းထားတာ ထက် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် အနည်းငယ် နောက်ကျသွားတာပါ။ သြဂုတ်လ တတိယလေးလပတ်အတွင်းကနေစပြီးတော့ ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ နှုန်းနဲ့ လိုသလောက် ရောင်းချပေးသွားမှာပါ’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်း အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ နေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သော ကန့်သတ်ချက်များမရှိ ဘဲ လိုအပ်သလောက် ၀ယ်ယူနိုင် ရန် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဖုန်း ခေါ်ဆိုနှုန်းထားတွေကို အားလုံး တတ်နိုင်တဲ့ အတိုင်းအတာအ တွင်းကနေ ဖြစ်အောင် ဆောင် ရွက်သွားမှာပါ။ အခုအချိန်မှာ တော့ ပြောခွင့်မရှိသေးတဲ့အတွက် နောက်ကျရင်တော့ ပြည်သူတွေ ကို တရားဝင် အသိပေးသွားမှာ ပါ’’ ဟု ၎င်းကဆိုသည်။

အူရီးဒူး မြန်မာအနေဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပေးရာတွင် ၎င်းတို့ကိုယ်တိုင် တည်ဆောက်ထားသော 3G ကွန်ရက်စနစ်များကိုသာ အသုံး ပြုသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ အချက်အလက်များကိုလည်း လုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

7 Day

ကောင်းကင်ပေါ်မှ လူသတ်သမား

Posted by drmyochit Monday, May 26, 2014, under , | No comments


အောင်သစ်လွင်

ယခုနှစ် မိုးကြိုကာလအမီ အိမ်အ မိုးမိုးနိုင်ရန်အတွက် အိမ်ထောင်ဦး စီးဦးကျော်ဇင်၊ ဇနီးနှင့် သားဖြစ် သူတို့ နေအိမ်အောက်မြေကွက် လပ်ပေါ်တွင် သက်ကယ်ပျစ်နေ စဉ် ရုတ်တရက်ပစ်ချလိုက်သည့် မိုးကြိုးထိမှန်ကာ မိသားစုဝင်သုံး ဦးစလုံးသေဆုံးခဲ့သည်။

မကွေး တိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွာသာယာကျေးရွာတွင် မေလ ၁၈ ရက် ညနေကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကြာမီရောက်လာတော့မည့် မုတ်သုံမိုးကို ကာကွယ်ရန်အိမ် အောက်၌ သက်ကယ်ပျစ်နေစဉ် မိသားစုတစ်ခုလုံးမိုးကြိုးပစ်ခံခဲ့ရ ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးကျုံ ပျော်မြို့တွင်မေလဆန်းကဖြစ် ပွားခဲ့သည့် မိုးကြိုးပစ်၍လူနှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်မှာလည်း ဒေသတွင်းတွင် လူပြောများခဲ့ သည်။ လူသေအလောင်းမြှုပ်ရန်ကျေးရွာသင်္ချိုင်းတွင်မြေကျင်းတူးနေသည့် လူအုပ်စုကို မိုးကြိုးပစ်ပြီးအမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့်နာရေးတွင်ကူညီရင်း မိုးကြိုးကြောင့်ရွာသားနှစ်ဦး၏ နာရေးထပ်မံပေါ်လာသည်။ ယခုနှစ် မေလဆန်းမှာပင် တစ်ကြိမ်တည်းနှင့်လူအများဆုံး မိုးကြိုးပစ်ခံရသည့် ဖြစ်စဉ်တစ်ခု ချင်းပြည်နယ် ပလက်ဝမြို့တွင် ဖြစ်ပွားခဲ့ပြီး တောင်ယာခင်းအတွင်း အပင်အောက်တွင် မိုးခိုနေသည့်ရွာသား ၁၃ဦးမိုးကြိုးပစ်ခံရပြီး မီးလောင်ဒဏ်ရာ အသီးသီးရခဲ့သည်။

‘‘၀င်မှာစိုးရိမ်နေတဲ့ မုန်တိုင်း က မြန်မာနိုင်ငံကို ဘာအန္တရာယ် မှ ပေးမသွားဘဲ အမှတ်တမဲ့နေကြ တဲ့ မိုးတိမ်တောင်ကြောင့် မိုးကြိုး ပစ်ပြီးလူတွေသေနေတာဆယ်ဂ ဏန်းဖြစ်နေပြီ။ ပြည်သူလူထုတွေ အထူးသဖြင့် တောင်သူဦးကြီး တွေ မိုးတိမ်တောင်သဘာဝကို နားလည်ပြီး ကိုယ်တိုင်ကာကွယ် နိုင်ဖို့ လိုအပ်တယ်’’ဟု မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် ကပြောသည်။

နွေရာသီကုန်ဆုံး၍ မိုးရာ သီသို့ အကူးအပြောင်းစတင်သည့် ဧပြီလဆန်းမှစ၍ လေထုမငြိမ်မ သက်ဖြစ်ရာမှ မိုးတိမ်တောင်ရာ သီဥတုဖြစ်စဉ်ကို ဒေသအနှံ့တွင် တစ်နေရာမဟုတ်တစ်နေရာ ယ နေ့အချိန်အထိ ဆက်တိုက်ရင် ဆိုင်နေရသည်။ ဧပြီ ၉ရက်က နေ ပြည်တော် တပ်ကုန်းတွင်အသက် ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်း သည် ၂၀၁၄ခုနှစ်အတွက်မိုးကြိုး ထိမှန်၍ ပထမဆုံးလူသေဆုံးမှု ဖြစ်ခဲ့သည်။ မိုးကြိုးပစ်၍ လူသေ ဆုံးမှုမှာနေ့စဉ်နီးပါးဖြစ်ပေါ်နေပြီး ၂၀၁၄အတွင်း ပထမဆုံးလူသေ ဆုံးမှုဖြစ်ခဲ့သည့် ဧပြီ ၉ရက်မှ  မေလ ၂၄ရက်အထိ မိုးကြိုးကြောင့် သေဆုံးသူမှာ အမျိုးသား၊  အမျိုးသမီးစုစုပေါင်း ၃၅ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ဦးခန့်ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့စာရင်းများအရ သတင်းရရှိသည်။ ထို့အပြင် မိုးကြိုမှ မိုးလွန်ကာလအထိ မိုးကြိုးထိမှန်၍ နှစ်စဉ်လူသေဆုံးမှု ၇၀နီးပါးရှိနေကြောင်း လူကယ်ပြန်ဌာနမှ သတင်းရရှိပြီးမုတ်သုံအ၀င် နောက်ကျခြင်းကြောင့် မိုးတိမ်တောင်ရာသီကာလပိုလာပြီဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

ဒေသတွင်း သစ်တောပြုန်း တီးမှုများပြားခဲ့ခြင်းကြောင့် အပူ ချိန်ပိုမြင့်လာကာ မိုးကြိုကာလ တွင် ဘင်္ဂလားပင်လယ်အော်မှရေ ငွေ့ပါသောလေများ ၀င်ရောက် ချိန်၌ လေထုမငြိမ်မသက်ဖြစ်ရာမှ တစ်ဆင့် မိုးတိမ်တောင်ရာသီဥတု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရေ ရှည်ရင်ဆိုင်ရနိုင်သည့်ဘေးအန္တ ရာယ်ဖြစ်ပြီး သစ်တောပြုန်းတီးမှု သည် အဓိကတရားခံဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။ ထို့ကြောင့် မိုးကြိုးပစ်မှုအ န္တရာယ်ကို ကြိုတင်ကာကွယ် သော နည်းလမ်းများကို သိရှိလိုက် နာကြရန်လိုသည်။

‘‘သင်္ချိုင်းမှာ မြေတူးနေတုန်း ရုတ်တရက် လျှပ်တွေလက်လာတော့ ဇရပ်ထဲဝင်နေဖို့သတိပေးတာပဲ။ ဒါပေမဲ့ သူတို့တွေက ဘာမှမဖြစ်ပါဘူးဆိုပြီး ဆက်တူးနေတဲ့အချိန်မှာ မိုးကြိုးပစ်ချတာ။ ဖြစ်ဖြစ်ချင်းအနားကိုဘယ်သူမှ မကပ်ရဲတော့ အချိန်တွေလင့်ပြီး နေရာမှာတင်သေကုန်တာ’’ဟု ကျုံပျော်မြို့၊ အေးရွာတွင်ဖြစ်ခဲ့သည့် မိုးကြိုးကြောင့် လူနှစ်ဦးသေဆုံးမှုကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မင်းလှမြို့နယ်၊ ရွာသာယာ ကျေးရွာတွင်အိမ်အောက်၌ ရှိနေ သည့် မိသားစုဝင်သုံးဦးမိုးကြိုးထိ မှန်၍ သေဆုံးမှုတွင်လည်း မိုးတိမ် တောင်ကြောင့် ရုတ်တရက်ဖြစ် လာသည့် မိုးခြိမ်းခြင်း၊ လျှပ်စီး လက်ခြင်း၊ လေပြင်းတိုက်ခြင်းစ သည့်ဖြစ်စဉ်များကို ဒေသခံများ သတိပြုမိမှုနည်းပါးကြောင်း မင်းလှမြို့နယ် မိုး/ဇလ ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က မိုးကြိုကာလမှ သည် မြန်မာတစ်နိုင်ငံလုံးသို့ အ နောက်တောင်မုတ်သုံလေ၀င်ပြီး တစ်ပတ်ခန့်ကြာသည်အထိ မိုး တိမ်တောင်အန္တရာယ်ရှိကြောင်း သတိပေးသည်။ အနောက်တောင် မုတ်သုံလေသည် ယခုအခါမြစ်ဝ ကျွန်းပေါ်ဒေသသို့ရောက်ရှိနေပြီး ဇွန်လဆန်းမှသာ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထား သည်။

ထို့ကြောင့် မြန်မာနိုင်ငံဒေ သအနှံ့တွင် ဇွန်လလယ်ခန့်အထိ  မိုးတိမ်တောင်အန္တရာယ်သတိပြု ရန်လိုကြောင်းမိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားရေးဦးစီးဌာနဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောသည်။

ယခုနောက်ပိုင်းမိုးကြိုးပစ်၍ လူသေဆုံး(သို့မဟုတ်) အိမ်မီး လောင်မှုဖြစ်ပေါ်သည့်အမှုများ တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အား မိုးကြိုးပစ်ကာ မီးစွဲလောင် ကျွမ်းခြင်းမျိုး အဖြစ်များလာ ကြောင်း နေပြည်တော် မှုခင်းရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။ ဒေသအချို့တွင် မိုးကြိုး ပစ်၍ နေအိမ်မီးလောင်မှုမျိုးပင် ဖြစ်ပွားခဲ့ပြီး နေပြည်တော် လယ် ဝေးမြို့နယ်၊ ရှမ်းပြည်နယ် ကွတ် ခိုင်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေ သကြီး ထားဝယ်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၈ရက်ခန့်က မြစ်ဝ ကျွန်းပေါ်ဒေသများအပါအ၀င် ရန်ကုန်တိုင်းဒေသကြီး သန်လျင်  မြို့တွင် မိုးသက်လေပြင်းကျ၍နေ ရာကွက်ကျား မိုးသည်းထန်စွာရွာ သွန်းခဲ့သည်။ သန်လျင်မြို့တွင် ယင်းနေ့တစ်နေ့တည်း မိုးကြိုးပစ် ၍ လူနှစ်ဦးသေဆုံးခဲ့ရသည်။ မေ

လ၈ရက်နောက်ပိုင်း သန်လျင်မြို့နှင့် ဆက်စပ်နေသည့် ဒလ၊ သုံးခွနှင့်တွံတေးမြို့နယ်များတွင်မိုးတိမ်တောင်ဖြစ်စဉ်နေ့တိုင်းနီးပါးဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်ခန့်အတွင်းမိုးကြိုးပစ်၍ သေဆုံးသူ ရှစ်ဦးရှိခဲ့ သည်။

မိုးကြိုးပစ်မှုအကြိမ်အရေအ တွက် များလာသည့်အပြင် ဖုန်းကဲ့ သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းများပေါ ပေါများများ အသုံးပြုလာခြင်း ကြောင့် သဘာဝအလျောက်ဖြစ် လာပြီး ဗို့အားပြင်းသည့်လျှပ်စစ် လှိုင်းပါဝင်သောမိုးကြိုးအန္တရာယ် ကိုမေ့လျော့မနေစေချင်ကြောင်း မန္တလေးမြို့၊ Hertz Electric Group မှ လျှပ်စစ်ဝိုင်ယာရိန်းပိုင်း ဆိုင်ရာ နည်းပြဆရာဦးတင်မောင် လတ်ကပြောသည်။

‘‘မိုးကြိုးမှာကိုက ဗို့အားပြင်း တဲ့လျှပ်စစ်လှိုင်းပါပြီးသား။ ပစ်ပြီ ဆိုတာနဲ့ အနီးက လျှပ်စစ်ပစ္စည်း တွေမှာ လျှပ်ကူးသွားနိုင်တယ်။ ဖုန်းတွေမှာလည်းလျှပ်ကူးနိုင်တဲ့ တန်ဆာပလာတွေပါတယ်။အ သက်အန္တရာယ်မဖြစ်အောင် စနစ် တကျနေတတ်ဖို့လိုပါတယ်’’ဟု ဦး တင်မောင်လတ်က ပြောသည်။

နေအိမ် အဆောက်အအုံ တစ်ခုခုကို မိုးကြိုးပစ်ပါက အ တွင်းထဲ၌ ရှိနေသူသည် သုံးမိနစ် (သို့မဟုတ်)ငါးမိနစ်ခန့်မလှုပ်ရှား ဘဲ ၀ပ်နေရန်လိုအပ်ပြီးလျှပ်ကူး နိုင်သော ပစ္စည်းများအားမကိုင်မိ ရန်လိုအပ်ကြောင်း ၎င်းကအကြံ ပြုသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းနေပါက ဖုန်းအပါအ ၀င် အိမ်အတွင်းရှိလျှပ်စစ်ပစ္စည်း များအားလုံးကိုပိတ်၍ ပလတ်ဖြုတ် ထားကာ အဓိက မိန်းခလုတ်ကို လည်း ချထားရန်လိုအပ်ကြောင်း သတိပေးသည်။

‘‘ပစ်သံကို စကြားတဲ့အချိန် ကတည်းက ၀ပ်နေတဲ့အတိုင်းငြိမ် နေဖို့လိုတယ်။ ထလည်းမထနဲ့။ ဘာပစ္စည်းမှလည်း မကိုင်နဲ့။ မိုး ကြိုးပစ်လို့ မီးလောင်နေရင် တောင် သုံးမိနစ်လောက်ငြိမ်နေ ပြီးမှ ထငြှိမ်းဖို့လုပ်ရမယ်။ သဘာ ၀အရ မိုးကြိုးလျှပ်စစ်လှိုင်းကရှိ နေတာကြောင့်ပါ’’ဟု ၎င်းကပြော ကြားသည်။

ထို့အပြင် မိုးတိမ်တောင်ရာ သီဥတုအခြေအနေဖြစ်ပေါ်ပါက အဝေးပြေးလမ်းမများပေါ်တွင် မောင်းနှင်နေသည့်ဆိုင်ကယ်နှင့် ကားများပါရပ်ထားရန်လိုအပ်ပြီး အဓိကအားဖြင့် ဆီသယ်သည့် ဘောက်ဆာ ကားကြီးများသည်မိုးကြိုးအန္တရာယ်ရှိကြောင်း လျှပ်စစ်ကျွမ်းကျင်ပညာရှင် ကိုဉာဏ်လင်းကပြောသည်။

‘‘သဘာဝအရ လေထဲက ပွတ်တိုက်မှုဖြစ်နေတာနဲ့ လျှပ်စစ် လှိုင်းက စီးဝင်နေတာ။ လူ့ကိုယ် ခန္ဓာကလည်း လျှပ်ကူးနိုင်တာပဲ လေ။ ရာသီဥတု အခြေအနေမ ကောင်းရင် ကားထဲမှာတောင် ဖုန်းမပြောဘဲ ကားကိုရပ်ထားတာ အကောင်းဆုံးပဲ’’ ဟု ၎င်းကအကြံပြုသည်။

မိုးကြိုးပစ်သည့် သဘာဝ ဘေးအန္တရာယ်သည် သိသိသာ သာ ခြိမ်းခြောက်လာသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်သော ကြောင့် စနစ်ကျသော မိုးကြိုးလွှဲ ကိရိယာကို နေအိမ်အဆောက်အ အုံများတွင် တပ်ဆင်ထားသင့် ကြောင်း ဦးတင်မောင်လတ်က ပြောသည်။ တောနယ်များတွင်မူ မိုးကြိုးလွှဲကိရိယာတပ်ဆင်ရန်အ ခက်အခဲရှိသောကြောင့် မိုးကြိုး အန္တရာယ်ကာကွယ်ရေးအချက် အလက်များလေ့လာထားစေချင် ကြောင်း အကြံပြုသည်။

ဖုန်းပြောနေသူအား မိုးကြိုးပစ် ၍ သေဆုံးသည့်ဖြစ်စဉ်သည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့၌ ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့ဖူးပြီး အလွန်အမင်း စိုးရိမ်ရန် မလိုအပ် သော်လည်း မိုးတိမ်တောင်ရာသီ ဥတုကျန်ရှိနေသေးသောကြောင့် လျှပ်စစ်ပစ္စည်းများကို မိုးရွာချိန် တွင် သတိဖြင့်သုံးစွဲရန်လိုအပ် ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။ မိုးကြိုးထိမှန်၍ အများ ဆုံးသေဆုံးသူများမှာ လယ်ကွင်း များ၊ ကွင်းပြင်များတွင်အကြောင်း အမျိုးမျိုးဖြင့် ရှိနေသူများ ဖြစ်သောကြောင့် မိုးကြိုးအန္တရာယ် ကာကွယ်ရေးအတွက်လေ့လာမှု များပြုလုပ်ထားစေချင်ကြောင်း ပြောသည်။

‘‘မိုးတိမ်တောင်ကြောင့် မိုး ကြိုးပစ်မယ့်အန္တရာယ်ကနောက် ပိုင်းကာလတွေမှာ သတိထားဖို့ လိုနေတယ်။ အနောက်တောင် မုတ်သုံလေ၀င်ရာ ဒေသ တစ် လျှောက် မိုးတိမ်တောင်ကလိုက် နေမှာ။ အခုက မြစ်ဝကျွန်းပေါ်မှာ ပဲရှိနေသေးတယ်’’ ဟု ဦးကျော်မိုး ဦးကသတိပေးသည်။

 ဘင်္ဂလား ပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်ကြောင့် မြန်မာနိုင်ငံတောင် ပိုင်းဒေသမှတစ်ဆင့် အနောက် တောင်မုတ်သုံလေ၀င်ခဲ့ပြီဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသသို့ရောက်ရှိ နေပြီဖြစ်သည်။ တစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေအ ပြည့်အ၀၀င်ရောက်ပြီး ၁၅ရက် ခန့်ကြာမှသာ မိုးပုံမှန်ရွာ၍ မိုးတိမ် တောင်ရာသီဥတုဖြစ်စဉ်လျော့ပါး မည်ဖြစ်သောကြောင့် ဇွန်လလယ် ခန့်အထိ မိုးတိမ်တောင်အန္တရာယ် ရှိနေကြောင်း ဦးကျော်မိုးဦးကသုံး သပ်သည်။

7 Day

Sunday, May 25, 2014

ကချင်ကျေးရွာ ၉၀ကျော်တွင် သန်းခေါင်စာရင်းကောက်ရန် အစိုးရနှင့်ကေအိုင်အေ သဘောတူ

Posted by drmyochit Sunday, May 25, 2014, under | No comments

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရန်ကုန်မြို့၌ကောက်ယူနေစဉ်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)

နယ်မြေမတည်ငြိမ်မှု ကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသော ကချင်ပြည်နယ်ရှိ ကျေးရွာ ၉၇ရွာ တွင် သန်းခေါင်စာရင်းပြန်လည် ကောက်ယူရန် မြန်မာအစိုးရနှင့် ကေအိုင်အေသဘောတူညီမှုရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

မြေမြှုပ်မိုင်းများရှိသည့်လိုင် ဇာပတ်ဝန်းကျင်ကျေးရွာများတွင် ကေအိုင်အေဘက်မှ စာရင်း ကောက်ယူပေးမည်ဖြစ်ပြီး ကျန် ကျေးရွာများကို ပြည်နယ်သန်း ခေါင်စာရင်းကော်မတီက ကောက်ယူရန် သဘောတူညီမှုရ ရှိခဲ့ခြင်းဖြစ်သည်။

‘‘မိုင်းထောင်တဲ့ဘက်တွေ မှာ ဒီဘက်အဖွဲ့ကကောက်ပေးဖို့ သဘောတူလိုက်ပါပြီ။ ကျန်တဲ့ ဒေသတွေကိုတော့ ပြည်နယ်ကကောက်ပေါ့’’ဟု ကေအိုင်အေမှ အကြီးတန်းအရာရှိကြီးတစ်ဦးက  အတည်ပြုပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မေလ ၁၃ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အေတပ်မှ ဗိုလ်ချုပ်ဂွန် မော်တို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းသဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်။

‘‘၀န်ကြီးနဲ့ ညှိနှိုင်းပြီးတဲ့ နောက် မူအားဖြင့်သဘောတူညီ ပါတယ်။ ကောက်ယူမှုကိုတော့ ပြည်နယ်အနေနဲ့ လုပ်ဆောင်ပါ လိမ့်မယ်။ နေပြည်တော်ကိုတော့ ကောက်ယူပြီး စာရင်းတွေမ ရောက်သေးပါဘူး။ နေရပ်ဒေသ က အလှမ်းကွာဝေးနေလို့လည်း ဖြစ်ပါလိမ့်မယ်’’ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမြင့်ကြိုင်ကပြောသည်။

 ကချင်ပြည်နယ်တွင် ကောက်ခံရန် ကျေးရွာပေါင်း ၉၇ ရွာကျန်ရှိနေပြီး ဆက်လက် ကောက်ခံရန် ကေအိုင်အိုဗဟိုသို့ အစိုးရက စာသုံးကြိမ်တိုင်ပို့ထား ပြီး မေလတွင် တွေ့ဆုံသည့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင်လည်း ညှိ နှိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကောက်ယူထားသော စာရင်းများ အရ မကောက်ယူနိုင်သည့်ဒေသ မှာ ကချင်ပြည်နယ်နှင့်ရခိုင်ပြည် နယ်တို့ ဖြစ်သည်။ ၁၉၈၃ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာ ရင်းကောက်ယူရရှိမှုနှင့် နှိုင်းယှဉ် ပါက ယခုနှစ်ကောက်ယူခြင်းက ပိုမိုပြည့်စုံကြောင်းဝန်ကြီးကမေ လဆန်းပိုင်းက ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
 ၁၉၈၃ က နယ်မြေလုံခြုံ ရေးအခြေအနေများကြောင့် မ ကောက်ယူနိုင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းများမှာ ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်သည်။

From: 7 Day

တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့

Posted by drmyochit Sunday, May 25, 2014, under | No comments

တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ရသည်။

 သို့သော် ရွာသားများက အိမ်ထဲသို့ဝင်၍ ဖမ်းဆီးပြီး ရွာ လမ်းပေါ် ဆွဲထုတ်ကာ ၀ိုင်းရိုက် ကြသောကြောင့် ဒဏ်ရာပြင်းထန် စွာရခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးကပြောသည်။

‘‘ရဲကင်းဆိုတော့ တပ်ဖွဲ့ဝင် အင်အားနည်းတယ်။ ရှိတဲ့ ရဲတွေ တောင် ထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေက ဆယ်ယောက် ကျော်တယ်။ သူတို့ထဲက တစ် ယောက်မှတော့ မဖမ်းနိုင်သေး ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော ကြားသည်။

ရွာသားများက သစ်သား အဆောက်အအုံရဲကင်းတစ်ခုလုံး အပြင် ဆိုင်ကယ်နှစ်စီးကိုလည်း မီးရှို့သွားခဲ့သည်ဟုဆိုသည်။ ဦး ခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာ ပြင်းထန်စွာရခဲ့သည့် ရဲတပ်သား နှစ်ဦးမှာ ကြောင်လည်တိုက်နယ်ဆေးရုံ၌ ကုသခံနေရပြီး ရဲများကို တိုက်ခိုက်ခဲ့သော ရွာသားဆယ်ဦးခန့်ကိုလည်း ဖမ်းမိနိုင်ရန် ခရိုင်ရဲမှူး၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

‘‘တော်တော်ဆိုးရွားတဲ့ ဖြစ် စဉ်ပါ။ တရားခံပြေးလာဖမ်းတဲ့ ရဲ ကို ရိုက်ပြီး ရဲကင်းကိုပါ မီးရှို့လိုက်တာကတော့ တော်တော်ကို စည်း လွတ်ဝါးလွတ်ဖြစ်တာပါ။ ဒီဖြစ် စဉ်ကို အထက်အရာရှိတွေ ဘယ် လိုအရေးယူမလဲဆိုတာ သိချင်ပါ တယ်’’ ဟု ဗန်းမောက်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲတပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုတွင် ပါဝင်သူ များအား လူစုလူဝေးဖြင့် ရိုက်နှက် မှု၊ မီးရှို့မှု၊ တာဝန်ဝတ္တရားနှောင့် ယှက်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၁၁၄/၄၃၆/၃၃၃/၄၂၇ ဖြင့် မန်စီကြီး နယ်မြေရဲစခန်း၌ အမှု ဖွင့်ထားသည်။

ဗန်းမောက်မြို့နယ်တွင် ရဲ တပ်ဖွဲ့ဝင်များ အကြမ်းဖက်ခံရသ ကဲ့သို့ ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်မြို့၌ ဖြစ်ပွားခဲ့ ဖူးသည်။

7 Day

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ

Posted by drmyochit Sunday, May 25, 2014, under | No comments

မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘မုန်တိုင်းငယ်အဆင့်ကနေ အားလျော့ပြီးကာမှ ဒီနေ့မှာ အား ပြန်စုနေတာတွေ့ရတယ်။ ဒီနေ့ ည မုန်တိုင်းပြန်ဖြစ်လာရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိ သေးပါဘူး’’ ဟု ဒေါက်တာထွန်း လွင်က မေလ ၂၄ ရက်ညတွင်ပြောသည်။

အမေရိကန် အမျိုးသားမိုး လေ၀သဌာန(JTEC) က ဘင်္ဂလား ပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသာ တိမ်တိုက် ကြီးသည် မုန်တိုင်းအဆင့်သို့ပြန် ရောက်ရန် အလားအလာများရှိ နေကြောင်း မေလ၂၄ရက် နံနက် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ၂၀၁၄ခုနှစ်အတွင်း ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် ဒုတိယမြောက် မုန်တိုင်းငယ်ဖြစ် သည်။ ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းအဖြစ်မေ ၁၆ရက်က စတင်ခဲ့ပြီး မေလ၂၁ ရက် နေ့ လယ်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့သည်။ မူလခန့်မှန်း ချက်များအရ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ရွေ့လျားလာခဲ့သော် လည်း မေလ ၂၃ရက် နေ့လယ် တွင် နောက်ကြောင်းပြန်လှည့် သွားကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြန် သည်။ ယခုအခါ အားပြန်ပျိုးလာနေသောကြောင့် ထူးခြားနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မိုး/ဇလ ဌာနက ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိ နေသေးပြီး မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် လေတိုက်နှုန်း တစ်ရာရီ ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန် သည်။

7 Day

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်အားထိန်းသိမ်းထား

Posted by drmyochit Sunday, May 25, 2014, under | No comments



ဗန်ကောက် မေ ၂၄

ထိုင်းနိုင်ငံ၌ ရာထူးမှဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်ယင်လပ်ရှင်နာဝါထရာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ခေါင်းဆောင်များအား ရက်သတ္တတစ်ပတ်ကြာမျှ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စဉ်းစားရန်အချိန်ရရှိနိုင်စေရန် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်များက မေ ၂၄ ရက်တွင် ပြောကြားကြသည်။

ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုတတ်သော တက္ကသိုလ် ပညာရှင်များကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီသို့ သတင်းပို့ရန် ဆင့်ခေါ်ထားသည်။
မေ ၂၂ ရက်က စစ်တပ်ကအာဏာသိမ်းယူလိုက်ခြင်း အတွက် စုဝေးဆန္ဒပြနိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် အထင်ကရပုဂ္ဂိုလ်များအား ခေါ်ယူထိန်းသိမ်းထားသည်ဟု ယူဆရကြောင်း ဝေဖန်ချက်များ ပေါ်ထွက်လာသည်။ ထိုင်းနိုင်ငံ၌ လူတန်းစားအခြေခံသော အုပ်စုနှစ်စုအကြား နိုင်ငံရေးအားပြိုင်ရာမှ လပေါင်းအတန်ကြာမျှ လမ်းပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်အာဏာသိမ်းပွဲ ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်အတွင်း စစ်အုပ်ချုပ်ရေးကောင်စီ၏ တားမြစ် ပိတ်ပင်ချက်ကိုအာခံလျက် အာဏာသိမ်းမှုကို ကန့်ကွက် သည့် ဆန္ဒပြသူ ရာပေါင်းများစွာက မြို့တော် ဗန်ကောက် တွင် ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ များသည် မေ ၂၄ ရက်က ရုပ်ရှင်ရုံတစ်ရုံအနီး ဆန္ဒပြခဲ့ပြီး နောက် ၉ ကီလိုမီတာ(၅ ဒသမ ၆ မိုင်)အကွာရှိ ဒီမိုကရေစီ အောင်ပွဲ အထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ထွက်ခွာသွား ခဲ့ကြသည်။

ထိုင်းနိုင်ငံ၌ စစ်ဘက်ကအာဏာသိမ်းခဲ့ခြင်းကို ပြစ်တင်ရှုတ်ချလျက် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံသို့ စစ်ရေးအကူအညီပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အမေရိကန် ကြည်းတပ်အကြီးအကဲသည် ထိုင်း စစ်အရာရှိအား ဆင့်ခေါ်ခဲ့ပြီး ¤င်း၏နိုင်ငံ၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်ကျင့်သုံးရန်တိုက်တွန်းခဲ့သည်။

နိုင်ငံခြားစစ်ရေးအကူအညီနှင့် နိုင်ငံတကာစစ်ပညာ နှင့် စစ်သင်တန်းအစီအစဉ်တို့အတွက် နှစ်စဉ်ဒေါ်လာ ၃ ဒသမ ၅ သန်းခန့် ထောက်ပံ့ပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြား သည်။
ရိုက်တာ။
The Mirror Daily

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ

Posted by drmyochit Sunday, May 25, 2014, under | No comments

(မေ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် ထိုင်းစစ်သားများပေါ်ကျော်၍ မေ၂၄ ရက်က ဘန်ကောက်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (Photo: AFP)ဆန္ဒပြသူများက စာတန်းများ ကိုင်မြှောက်ပြစဉ်)

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကို ဆန့်ကျင် ဆန္ဒပြရန်အ တွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံ အကြီးအ ကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ထုတ်ပြန်ထားသော မာရှယ်လောအရ လူငါးယောက်ထက်ပို၍ စုဝေးခြင်းကို ပိတ်ပင်ထားသော်လည်း ဆန္ဒပြသူများသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်က တော်ဝင် ထိုင်းတပ်မတော်ကလပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်စဉ် ရှပ်နီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ဒါဇင်နှင့်ချီလျက်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လေ့လာသုံးသပ်သူများက ထိုင်းနိုင်ငံအတွက် အကောင်းဆုံးမှာ ပြုပြင်ပြောင်းလဲမှုများနှင့် ရွေးကောက်ပွဲများ အလျင်အမြန်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေး ကြာရှည်ကာ ဆန့်ကျင်ရေးအင်အားစုများ ကြီးထွားလာပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက် မငြိမ်သက်မှုဝဲဩဃအတွင်းသို့ ထိုင်းနိုင်ငံနစ်မြုပ်သက် ဆင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရအနေဖြင့် စပါးဝယ်ယူရေးအစီအစဉ် ပျက်ကွက်ခဲ့မှုကြောင့် ထောင်ပေါင်းများစွာသော လယ်သမားများ ကိုပေးရန် သန်းနှင့်ချီလျက် တင်ရှိနေသောအကြွေးငွေများကို ရှာဖွေရန်အတွက် သူသည် ဗျူရိုကရေစီစ နစ်ကို လိုလားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားခဲ့သည်။

သူက “ကျွန်တော်တို့ စောင့်ဆိုင်းကြရမှာပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေညီညွတ်မှုနဲ့ ချစ်ခြင်းမေတ္တာ တရားကို ပြန်လည်ဖန်တီးဖို့ လိုအပ်ပါတယ်” ဟု မေ ၂၃ ရက်က သံတမန်များနှင့် တွေ့ဆုံရာ ၌ ပြောကြားခဲ့သည်။ သူက အဓိက ပြုပြင်ပြောင်းလဲရေးအဖြစ် ရွေးကောက်ပွဲစနစ်ကို ပထမဆုံးပြောင်းလဲရန် လိုအပ်ကြောင်းလည်း အထူးပြုပြောကြားခဲ့သည်။

ထိုင်းအထက်လွှတ်တော်ကို ဖျတ်သိမ်း

အထက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ရုပ်သံမှ ကြေညာခဲ့ပြီး ဥပဒေပြုရေးအာဏာအလုံးစုံကို ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ပေးအပ်ခဲ့သည်။ ပရာယွတ်သည် အာဏာသိမ်းမှုနှင့် ပတ်သက်သည့် စာတစ်စောင်ကို ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ပေးပို့ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။ အသက် ၈၆ နှစ်အရွယ် ဘုရင်ကြီးသည် ပရာယွတ်၏ စာကို အသိအမှတ်ပြုခဲ့ကြောင်း စစ်ဘက်က ပြောကြားခဲ့သော်လည်း ထိုင်းဘုရင့်နန်းတော်သည် အာဏာသိမ်းမှုနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Eleven Media Group

၂၃-၅-၁၄ မှ ၂၉-၅-၁၄ အထိ ၇ရက်ဟောစာတမ်း

Posted by drmyochit Sunday, May 25, 2014, under | No comments

By ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-medalist)

တနင်္ဂနွေ

ကံဇာတာကောင်းသောရက်တွေဖြစ်သည်။ စာမေးပွဲအောင်မြင်မည်။ စီးပွားရေးကံကောင်းမည်။ ရစရာငွေရမည်။ ချစ်သူထံမှ အဖြေရမည်။ ချစ်သူအသစ်ထပ်ရမည်။ ပျော်ရွှင်စရာခရီးတစ်ခုရောက် မည်။ အဒေါ်နှင့် ဦးလေးတော်သူတို့၏ ကျန်းမာရေးချူချာမည်။ အလုပ်မှာရှုပ်သမျှ ရှင်းပေးသူပေါ် မည်။ သင်ကိုယ်တိုင်အစာအိမ်နာတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၂။

အထူးဟော - သူများကိုလှည့်စားခြင်းမပြုနှင့် ကိုယ်ပြန်ခံရတတ်သည်။

ယတြာ - တနင်္ဂနွေနေ့မှာ ငှက်ကလေးတွေ အစာကျွေးလိုက်ပါ။

တနင်္လာ

ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးတွေမဖြစ်စေနှင့်။ ချစ်သူရဲ့ငြိုငြင်မှုတွေ ခံရတတ်သည်။ ငွေကြေးကိစ္စ စကားပြောစရာဖြစ်လာမည်။ အတိုက်အခံတွေကြုံရတတ်သည်။ ကျော်လွှားအောင်မြင် မှုရမည်။ ချော်လဲ၊ လိမ့်ကျတတ်၍ ဂရုစိုက်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ သတိထားပါ။ အပေါင်းအသင်း သတိထားပေါင်းပါ။ ချစ်ဟန်ဆောင်သူ က ရန်သူ ထက်ဆိုးသတဲ့ ဆင်ခြင်ပေါင်းပါ စပ်တူစီးပွားမလုပ်ပါနှင့်။ လူယုံမထားပါနှင့်။ ပြိုင်ဘက်တွေရှိနေ၍ ဂရုစိုက်ပါ။ ဆွေမျိုးအတွက်စိတ်ရှုပ်ရတတ်သည်။ မမျှော်လင့်ပဲ လက်ထပ်(သို့) ထွက်ပြေးကိန်းရှိနေ သည်။

အကျိုးပေးဂဏန်း - ၂၊ ၇၊ ၉။

အထူးဟော - စကားပြော ဆင်ခြင်ပါ။

ယတြာ - တနင်္လာနေ့မှာ အရှေ့အရပ်ရှိလမ်းကို လမ်းသန့်ရှင်းရေးလုပ်ပါ။

အင်္ဂါ

အိမ်ကလည်း ပြောကြတယ် ၊ သင့်ချစ်သူကလည်း ပြောတယ် ၊ အပေါင်းအသင်းတွေကလည်း ပြောကြတယ် အလွန်ဗိုလ်လုပ် ၊ ဆရာလုပ်သတဲ့။ သို့သော် သင့်အပေါ်ဆရာ ပြန်လုပ်သူက တော့ သင့်ချစ်သူ ၊ သင်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်မှာ သင့်အပေါ် တော်လှန်ပုန်ကန်မည့် တပည့်တွေ ပေါ်လာလိမ့်မည်။ သင့်သြဇာ နည်းသလိုဖြစ်လာမည်။ အတိုက်အခံ တွေကြုံနေရတတ်သည်။ အခက်အခဲတွေကြုံနေရတတ်တယ်။ ချစ်သူတွေ ပိုများလာလိမ့်မည်။ သင့်အလုပ်တွေ ပိုများလာမည်။ ငွေရစရာနှင့် ငွေထွက်စရာတွေမျှနေမည်။ ခြေ ၁ ဖက် ခိုက်မိနိုင်တယ်။ ရာထူးတက် ၊ လစာတိုး ၊ နေရာပြောင်း ၊ အိမ်ပြောင်းမုချဖြစ်လာမည်။ ကောင်းပါတယ်။

အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ဝ

အထူးဟော - သတိလက်မလွတ်အောင် နေပေးပါ။

ယတြာ - အင်္ဂါနေ့မှာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရည်လှူပါ။

ဗုဒ္ဓဟူး

ပြုပြင်ပြောင်းလဲမှုများ လှုပ်ရှားသွားလာမှုများ၊ ရင်ဆိုင်ဖြေရှင်းစရာများ၊ ရွှေ့ပြောင်းသွားလာရမှုများ မကြာမီဖြစ်ပေါ်လာလိမ့်မည်။ အခက်အခဲမရှိကျော်လွှားနိုင်မည်။ သို့သော်သင့်မှာ သတိတရားလက်ကိုင်ထားပါ။ စွန့်စားမှုတိုင်းမှာ အောင်မြင်မှုတွေရှိနေမည်။ အချစ်ရေးနှင့် မိသားစုအရေးကိုခေတ္တရပ်ပြီး ပညာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်ရေးတို့အတွက် လှုပ်ရှား သွားလာမှုများမုချပေါ်လာပါလိမ့်မည်။ အောင်မြင်မည်။ ဝမ်းဗိုက်ဂရုစိုက်ပါ။ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်ဖြစ်ကိန်းရှိသည်။

အကျိုးပေးဂဏန်း - ၉၊ ၈၊ ၁။

အထူးဟော - အောင်မြင်မှုရမည်။

ယတြာ - ဗုဒ္ဓဟူးနေ့မှာ အောင်သပြေ ၁၉ညွန့် ဘုရားလှူလိုက်ပါ။

ကြာသပတေး

မေတ္တာတရားတို့ ဇာတ်လမ်းဖြစ်ပေါ်သောရက်သတ္တပတ် ဖြစ်ပါတယ်။ ချစ်လိုက် မုန်းလိုက်၊ သတိရလိုက် ပြန်မေ့လိုက် ၊ ပြန်ပေါ်လိုက် နောက်ဆုံးတော့ ယူဖြစ်ကြပြီပေါ့။ထို့ကြောင့် မေတ္တာ ဝင်္ကဘာ ဆိုတာ အမှန်ဆုံးပါဘဲ။ အကွေ့အကောင် တွေ ဖြစ်ပြီး မှ သင်တို့ ချစ်သူ ၂ ဦးယူဖြစ်ပါမည်။ ကိုယ်ချစ်က ပြန်အဆင်ပြေ ပြန်တော့ မိဘတို့ အပိုင်းက ကန့်ကွက် သဘောမတူဖြစ်ကြပြန်မည်။ ရကိန်းရှိတော့လည်း ယူဖြစ်ပြီပေါ့။ ဆန္ဒမစောနှင့် ပြန်ကြာသွားမည်။ မှန်မှန် နှင့် မြန်မြန် လုပ်လျှင် အားလုံးအောင်မြင်ပါမည်။ စီးပွားရေး တော့ ထင်တာထက် ပိုကောင်းလာမည်။ ငွေမချေးလိုက်နှင့်။ ပြန်မရတတ်ပါ။ ကား ၊ ဆိုင်ကယ် မှောက်၊ တိုက် တတ်၍ သတိထားမောင်ပါ။

အကျိုးပေးဂဏန်း - ၅ ၊ ၄ ၊ ၂

အထူးဟော - ဇွဲရှိဖို့တော့ လိုတယ်။

ယတြာ - ကြာသပတေးနေ့မှာ သင့်ချစ်သူကို မုန့် ၅ ခုဝယ်ကျွေးပါ။

သောကြာ

လူမှန် နေရာမှန် စိတ်ထားတွေတည်ကြည်မှုတွေမှန်စပြုလာပါပြီ။ ဘဝသစ်တည်ထောင်လို့ စိတ်ထားဖြောင့်မတ်သူတွေဖြစ်လာမည်။ မကောင်းတာတွေမလုပ်ဖို့ စိတ်ကို အားတင်းနိုင်ပြီး ကောင်းတာတွေလုပ်ဖြစ်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေဝင်ကောင်းလာမည်။ ဖြေဆိုသောစာမေးပွဲအောင်မြင်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်သည်။ အချစ်ရေးမှာ သတိထားပြီး ဆင်ခြင်ဖြစ်မည်။ မိဘသားချင်း သဘောတူသော ၁ဦး သင့်ထံ လာမည်။ ရွေးချယ်မှုစဉ်းစားဖြစ်မည်။ စက်၊ ရွှေ၊ မြေတို့ ဝင်ထွက်မည်။ စီးပွားရေးလုပ်ဆောင်ချက်တွေ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၆၊ ၁၊ ၉။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့မှာ မြတ်စွာဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။

စနေ

အားလုံးကံကောင်းမည်။ ဆောင်ရွက်မှုတွေအဆင်ပြေမည်။ ခရီးယာယီတွေသွားဖြစ်မည်။ အလုပ်ရမည်။ ဝင်ငွေကောင်းမည်။ မိသားစုအတွက် ဆောင်ရွက်မှု တွေအားလုံးအဆင်ပြေမည်။ ကျန်းမာရေးကောင်းနေမည်။ အပေါင်းအသင်းတစ်ဦးက ကောင်းကျိုးပေးသလို၊ အပေါင်းအသင်း တစ်ဦးအတွက် စိတ်ရှုပ်ရတတ်သည်။ မိဘစိတ်ချမ်းသာမှုကိုပင် ဦးစားပေးဆောင်ရွက်ဖြစ်မည်။ အချစ်ရေးကံကောင်းသည်။ မိဘသဘောမတူ၍ ခွဲခွာနေရမည်။ စီးပွားရေး လုပ်ဆောင်ချက်များ အောင်မြင်မည်။ အတိုက်အခံတွေကျော်နိုင်မည်။ ရစရာငွေတွေရမည်။ စာမေးပွဲဖြေဆိုမှု၊ အင်တာဗျူး အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၇၊ ၉၊ ၄။

အထူးဟော - အဆင်ပြေမည်။

ယတြာ - ဘုရားကို မွေးနေ့စနေနေ့တွင် ထီး ၉ လက်လှူပါ။
Shwe Myitmakha Media Group

Saturday, May 24, 2014

ဆီးရီးယားအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတင် စစ်ဆေးရေး အဆိုပြုချက် မူကြမ်းကို တရုတ်နှင့် ရုရှား ဗီတိုအာဏာသုံး ပယ်ချ

Posted by drmyochit Saturday, May 24, 2014, under | No comments


နယူးယောက်
လင်းပ

ဆီးရီးယား နိုင်ငံအား ပြည်တွင်းစစ် အတွင်း အစိုးရနှင့် အတိုက်အခံ သူပုန် နှစ်ဘက်စလုံးက ကျူးလွန် ခဲ့သည့် ရာဇ၀တ်မှုများ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) သို့ တင်ရေး  အမေရိကန်က တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက် မူကြမ်းကို တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် လုံခြုံရေး ကောင်စီတွင် ပယ်ချ လိုက်သည်။

အမေရိကန် ဦးဆောင်သော အနောက် နိုင်ငံများ သည် ဆီးရီးယားတွင် လူမျိုးပြုတ် သတ်ဖြတ်မှုများ၊ ဓါတု လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ စနစ်တကျ နှိပ်စက် ညှင်းပန်းမှုများ၊ ဓါတ်ဆီဗုံးများဖြင့် အရပ်သားများအား တိုက် ခိုက်မှုများ နှင့် ဒုက္ခသည်များ အတွက် နိုင်ငံတကာ အထောက်အပံ့များ ပိတ်ပင်တားမြစ် ထားခြင်း အပါအ၀င် ပြစ်မှုများစွာ အတွက် ဆီရီးယားကို လုံခြုံရေး ကောင်စီတွင် အရေးယူရန် ဖိအားပေးခဲ့ ကြခြင်းဖြစ်သည်။ အမေရိကန်က တင်သွင်းခဲ့ သော ဆီးရီးယားအား အရေးယူ ရေးအဆိုမူကြမ်း ကို အလှည့်ကျ အဖွဲ့ဝင် နိုင်ငံများ အပါအ၀င် လုံခြုံရေး ကောင်စီ ၀င် အခြား (၁၃) နိုင်ငံတို့က ထောက်ခံခဲ့သော် လည်း ဗီတိုအာဏာ ကိုင်ခွင့် ရထားသည့် အမြဲတမ်းအဖွဲ့ဝင် ရုရှားနှင့် တရုတ်တို့ က ပယ်ချခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့က ဆီးရီးယားမှ အစိုးရနှင့် သူပုန်တပ်များ နှစ်ဖက်စလုံးကို နိုင်ငံတကာ တရားစီရင်မှု စနစ်ဖြင့် စီရင်ရေးမှာ နိုင်ငံရေးအရ ဖြေရှင်းချက်ရရန် ကြိုးပမ်းမှုများကို ပျက်ပြားစေပြီး စစ်မီးတောက် ပိုကြီးစေနိုင် သည်ဟု အကြောင်းပြကာ ပယ်ချခဲ့ကြသည်။

အမေရိကန်တို့ တင်သွင်းသည့် အဆို ပယ်ချခံခဲ့ရခြင်း အတွက် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်သာ ပါဝါက ““ကျွန်မတို့ နောက်မျိုးဆက် မြေးမြစ်တွေ ကတော့ အခုကစပြီး မေးကြတော့မှာပါ။ ကျွန်မတို့ဟာ ကဗ္ဘာမြေပေါ်က အရှင် လတ်လတ် ငရဲပြည် တစ်ခုမှာ နေထိုင်နေရတဲ့ ပြည်သူတွေ အတွက် ဘာ့ကြောင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးဖို့ ပျက်ကွက် ရသလဲ ဆိုတာကိုပေါ့””ဟု ပြောသည်။ မော်စကိုသည် လွန်ခဲ့သည့် သုံးနှစ်မှစ၍ ဆီးရီးယား စစ်ပွဲကာလ တလျှောက်လုံး တွင် ဆီးရီးယား သမ္မတ အာဆတ်အား နိုင်ငံတကာမှ အရေး မယူနိုင်အောင် သံတမန်ရေး အရ အကာအကွယ် ပေးခဲ့ပြီး တရုတ်ပြည်မှာ လည်း မော်စကို၏ ရပ်တည်ချက် အတိုင်း ထောက်ခံလေ့ ရှိသည့် ကုလ လုံခြုံရေး ကောင်စီ၏ ဗီတိုအာဏာ ပိုင်ရှင် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

လုံခြုံရေး ကောင်စီတွင် အမေရိကန်တို့ တင်ပြခဲ့သော အဆိုမူကြမ်း မှာ နိုင်ငံပေါင်း ခြောက်ဆယ်ကျော် ၏ ထောက်ခံမှု အပြင် ပြင်သစ်နိုင်ငံ မှ ကမကထပြု ရေးဆွဲခြင်းဖြစ်သည်။ ဆီးရီးယားမှာ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးကို လိုက်နာရန် လက်မှတ်ရေး ထိုးထားသည့် နိုင်ငံမဟုတ်ရာ လုံခြုံရေး ကောင်စီကသာ ထိုနိုင်ငံကို လူသား မျိုးနွယ် အပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်း ပုဒ်မဖြင့် အရေးယူခွင့် ရှိမရှိ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ဆုံးဖြတ်ချက် မူကြမ်းကို ပယ်ချခဲ့သည့် ရုရှားမှ ကိုယ်စားလှယ် ဗစ်တာလီ ချာကင်က ဗြိတိန်နှင့် အမေရိကန် တို့အား အီရတ်တွင် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းအတွက် ICC သို့ လွှဲပြောင်းခံရခြင်း မရှိကြောင်း ပြန်လှန် ဝေဖန်ခဲ့ပြီး တရုတ် သံအမတ် ကလည်း ဆုံးဖြတ်ချက်မှာ နိုင်ငံရေး ဖြေရှင်းမှုများကို ထိခိုက်စေမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

Source:AFP
The Messenger

"ထိုင်းနိုင်ငံ၏လုံခြုံရေးအပေါ် နိုင်ငံခြားခရီးသွားများ ယုံကြည်မှုရှိမရှိ ဒွိဟဖြစ်နေ"

Posted by drmyochit Saturday, May 24, 2014, under | No comments

(ဘန်ကောက်။ ။ မေ ၂၃)

ကြာသပတေးနေ့က ထိုင်းတပ်မတော်၏ အာဏာ သိမ်းယူမှုကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများမှာ စိုးရိမ်လျှက် ရှိမရှိကို အချို့သော စောင့်ကြည့်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဘန်ကောက်တွင် ထုတ်ပြန်ခဲ့သော ညနေ ၅နာရီမှ ည ၁၀ နာရီထိ အပြင် မထွက်ရ ဟူသည့် အမိန့်ကြောင့် လာရောက် လည်ပတ်မည့် ခရီးသွားများ အတွက် အဆင်မပြေ မဖြစ်စေရန် အစိုးရနှင့် သင့်တင့်သော သဘောတူညီမှု ရယူထားသည်ဟုလည်းသိရသည်။

သို့ရာတွင် ပြည်ပ ထွက်ခွာမည့် လေကြောင်းအစီအစဉ် များနှင့် နိုင်ငံခြား ခရီးသွားများ ၀င်ရောက်မှုကို သတ်မှတ်ချိန် အတွင်း ပြင်ပ မထွက်ရ အမိန့် အတိုင်း ထိုင်းတပ်မတော်က အချိန်မရွေး သွားလာခွင့်ပြုထားသည်ဟုလည်း ဆိုထားသည်။ ထို့ကြောင့် ထိုင်းလေကြောင်း လိုင်းများနှင့် လေဆိပ် များမှာ ပုံမှန်ခရီးစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

သို့သော် ထိုင်းနိုင်ငံအတွင်းရှိ အစိုးရကျောင်းများကို တနင်္ဂနွေနေ့ အထိ ပိတ်ထားရန်နှင့် အင်တာနေရှင်နယ် ကျောင်းများကိုမူယခင်အတိုင်း ဖွင့်လှစ်ပေးထားရန် ထိုင်းတပ်မတော် ကကြေငြာခဲ့သည်ဟု ဖော်ပြထားသည်။

Ref: CNN Asia
KTZO
Popular Myanmar News Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်