Monday, June 02, 2014

မြန်မာအလုပ်သမားများ ကားမှောက်၊ ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြပါတယ်။

ဘန်းနား – တလတ် သွားလမ်းမကြီးပေါ်မှာ ကားတစီးတိမ်းမှောက်ကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးရာမှာ အက်ဖ်စီ အဆောင်ရှေ့က လမ်းဘေးမှာ ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ ၀ီးကို့ဟိုင်းလပ်ကားတစ်စီးကို တွေ့ရကြောင်း၊ ကားပေါ်ကလူတွေ လွင့်စင်လဲကျနေပြီး စစ်ဆေးချက်အရ ၂ ဦး အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးကာ ၁၅ ဦးဒဏ်ရာရသွားပြီး ဘန်ဘော်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဘန်ဘော်မြို့မရဲစခန်းက တာဝန်ကျ ဒုရဲမှူး နထ၀ပ် အတ်ထကစ်ဝိချွန်းက ပြောပါတယ်။

စစ်ဆေးချက်တွေအရ အဲဒီကားဟာ မြန်မာအလုပ်သမား ၂၄ ဦးကို သည်ဆောင်လာပြီး အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်း၊ လမ်းအကွေ့မှာ ရှေ့က ကားတစီး မောင်းလာတာကို ရှောင်တိမ်းရာက ဘရိတ်မအုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ် ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်နေပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ သက်သေအထောက်အထားတွေ စစ်ဆေးနေတယ်လို့ ဒုရဲမှူးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

အိန္ဒိယ မုဒိမ်းမှု ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်း

Posted by drmyochit Monday, June 02, 2014, under | No comments

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အတွက် တောင်းဆို ဆန္ဒပြကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပြည်နယ် ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

အမျိုးသမီးတွေ အများစု ဖြစ်တဲ့ ဒီ ဆန္ဒပြသူတွေဟာ လက်ခ်နောင်း မြို့က ပြည်နယ် ဝန်ကြီးချုပ် ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီပြည်နယ်မှာ ဝမ်းကွဲ ညီအမ နှစ်ဦး မတရားပြုကျင့်ခံရပြီး သစ်ပင်မှာ ကြိုးဆွဲချ သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီးနောက် အများပြည်သူ အကြားမှာ အမျက်ဒေါသတွေ ကျယ်ပြန့်လာခဲ့ပြီး အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။

အဲဒီ ဝမ်းကွဲ ညီအမ နှစ်ဦး ပျောက်ဆုံး သွားလို့ ရဲကို တိုင်းကြားခဲ့တုန်းက ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန် ဆောင်ရွက်မှုဟာ နာရီနဲ့ချီ အချိန်ကြာမြင့်ခဲ့တယ်လို့ ညီအမ နှစ်ဦးရဲ့ ဆွေးမျိုးသားချင်းတွေက ပြောပါတယ်။

အခုတော့ ဒီရာဇဝတ်မှုနဲ့ ဆက်စပ်ပြီး ရဲ ၂ ဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးထားပြီလို့ ဆိုပါတယ်။


BBC

နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး

Posted by drmyochit Monday, June 02, 2014, under | No comments

နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ်များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက ယခုတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ သို့သော်လည်း Channel News Asia သတင်းဌာနကမူ ဗုံးပေါက်ကွဲမှုမှာ အာဒါမာဝါပြည်နယ်ရှိ၊ မူဘီမြို့မှ ဘောလုံးကွင်းတစ်ခုတွင် ဖြစ်ပွားခြင်းဟု ရေးသားထားခဲ့သည်။

အာဒါမာဝါသည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသ၌ ဘိုကိုဟာရမ်တို့ အဓိက လှုပ်ရှားနေသည့် ပြည်နယ်(၃)ခုအနက် (၁)ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက နိုက်ဂျီးရီးယား တစ်နိုင်ငံလုံးတွင် ဘိုကိုဟာရမ်တို့၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ(၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။ “တနင်္ဂနွေနေ့ ညနေပိုင်းက မူဘီမှာ ဗုံးပေါက်ကွဲပါတယ်။ ဘောလုံးကွင်း တစ်ကွင်းနားမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ(၄၀)လောက် သေဆုံးသွားပါတယ်”ဟု မြို့၏ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက အမည်ဖော်မပြဘဲ ပြောဆိုသွားသည်။

မူဘီ ရဲတပ်ဖွဲ့ကမူ ဗုံးထောင်ထားသူသည် ဒေသတွင်း ကလပ်အသင်းအဆင့် ပွဲစဉ်တစ်ခုကို ကြည့်ရှုပြီး ဘောလုံးကွင်းမှ ပြန်ထွက်လာသည့် ပရိသတ်များကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ သေဆုံးသူများအနက် ဘောလုံးသမားများ ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆေးရုံနှင့် ရဲဘက်မှ တာဝန်ရှိသူများက ထိခိုက်သူ အများစုသည် ပရိသတ်များသာဖြစ်ကြောင်း အတည်ပြုထားပြီး အမျိုးသမီးနှင့် ကလေးအချို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network.

နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက ယခုတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။

ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျပြီး (၇)ဦးသေ၊ (၉)ဦးပျောက်ဆုံးနေ

Posted by drmyochit Monday, June 02, 2014, under | No comments

ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျပြီး (၇)ဦးသေ၊ (၉)ဦးပျောက်ဆုံးနေ တနင်္လာနေ့ထိ အလောင်း(၇)လောင်းကို ဆယ်ယူတွေ့ရှိထားပြီး ကျန်သူများကို လိုက်လံရှာဖွေနေဆဲ

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ရဟတ်ယာဉ် ပျက်ကျမှုတစ်ခုအတွင်း အနည်းဆုံး လူ(၇)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ လူ(၁၈)ဦးကို တင်ဆောင်သွားသည့် ရဟတ်ယာဉ်သည် နိုင်ငံမြောက်ပိုင်းရှိ ရေကန်တစ်ခုထဲသို့ ပျက်ကျသွားခြင်း ဖြစ်သည်။ စနေနေ့ ညပိုင်းက မတော်တဆ ဖြစ်ရပ်တွင် လူ(၂)ဦးမှာ မူနိုဇီရို ရေကန်ထဲ၌ ရဟတ်ယာဉ် ထိုင်ခံများဖြင့် ပေါလောပေါ်နေပြီး တံငါသည်များက တွေ့ရှိကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ထို(၂)ဦးစလုံးသည် ခြေထောက်ကျိုးသည့် ဒဏ်ရာများ ရရှိထားကြသည်။ ရဟတ်ယာဉ်ပေါ်တွင် ပါရှိသွားသူများမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည်။

တနင်္လာနေ့ထိ အလောင်း(၇)လောင်းကို ဆယ်ယူတွေ့ရှိထားပြီး ကျန်သူများကို လိုက်လံရှာဖွေနေဆဲဟု ဆိုသည်။ Mi-8 ရဟတ်ယာဉ် ပျက်ကျပြီးနောက် ပျောက်ဆုံးနေသူ (၉)ဦးမှာ အသက်ရှင်နိုင်မည့် အလားအလာ အလွန်နည်းပါးလျှက် ရှိသည်။ အဆိုပါ ဒေသတွင် ရာသီဥတု အေးခဲနေပြီး ရေထဲတွင် ကြာရှည်ရှိနေရုံဖြင့်ပင် သွေးခဲ၍ အသက်ဆုံးရှုံးနိုင်ကြောင်း သိရသည်။ “အလောင်းတချို့တော့ စပြီး ဆယ်ယူနေပါပြီ”ဟု ဒေသဆိုင်ရာ အရေးပေါ်အခြေအနေ ကွပ်ကဲရေးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ တာညာနာ ဇာခါရိုဗာက ဆိုသည်။ ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးကမူ “မျှော်လင့်ချက်ကတော့ နည်းနေပါပြီ။ ဒါပေမဲ့ အလောင်းမတွေ့သေးသ၍ အသက်ရှင်နေသေးတယ်လို့ ယူဆပြီး ရှာဖွေသွားမှာပါ”ဟု ကယ်ဆယ်ရေးအဖွဲ့မှ ရေငုပ်သမား တစ်ဦးက ပြောဆိုသွားသည်။

Planet Myanmar Network.

အဓမ္မပြုကျင့် လူသတ်သူများကို စုံစမ်းစစ်ဆေးပေးရန် ဥတ္တာပရာဒေ့ရှ်ပြည်နယ်အကြီးအကဲ တောင်းဆို

Posted by drmyochit Monday, June 02, 2014, under | No comments

မကြာသေးမီက ဆယ်ကျော်သက်မိန်းကလေး နှစ်ဦး သတ်ဖြတ်ခံရမှုကို ကန့်ကွက်မှုအတွင်း အိန္ဒိယအမျိုးသမီးအဖွဲ့(AIDWA)မှ ဆန္ဒပြသူများ နယူးဒေလီမြို့တွင် ကြွေးကြော်သံများ အော်ဟစ်ဆန္ဒပြနေကြစဉ် (Adnan Abidi/REUTERS)

အိန္ဒိယနိုင်ငံ ဥတ္တာပ ရာဒေ့ရှ်ပြည်နယ် အကြီးအကဲက ဗဟိုအစိုးရ ရဲတပ်ဖွဲ့အနေဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော မိန်းကလေးနှစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုကို စုံစမ်းပေးရန် မေလ ၃၁ ရက်တွင် တောင်းဆိုလိုက်သည်။

ဗဟိုအစိုးရ ထောက်လှမ်း ရေးအဖွဲ့ (CBI) အနေဖြင့် ဟိန္ဒူ ဇာတ်နိမ့်ဝမ်းကွဲညီမ နှစ်ဦး သတ် ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးပေး ရန် ဥတ္တာပရာဒေ့ရှ်ပြည်နယ်အ ကြီးအကဲ ဟာဒက်က တောင်းဆို လိုက်သည်။

အသက် (၁၄)နှစ်နှင့် (၁၂) နှစ်အရွယ် မိန်းကလေးနှစ်ဦး သည် ၎င်းတို့အိမ်၌ အိမ်သာမရှိ သောကြောင့် ကျင်ကြီးကျင်ငယ် စွန့်ရန် အပြင်ထွက်လာစဉ် မေလ ၂၀ ရက်ညက အဓမ္မပြုကျင့်ခံရ ပြီး သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ယင်းအဓမ္မပြုကျင့်၍ လူ သတ်မှု၌ သံသယရှိသော အမျိုး သားငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထားပြီးဖြစ်သည်။ ပြည်နယ်အ ကြီးအကဲ ယာဒက်သည် ကွယ် လွန်သူ မိသားစုများ၏ တောင်းဆို ချက်အတိုင်း CBI အဖွဲ့ကို အ ကူအညီ တောင်းထားကြောင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ကြေ ညာချက်တွင် ဖော်ပြသည်။

မိန်းကလေးနှစ်ဦးလုံးသည် အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနှင့် အ သက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောသည်။

‘‘လူသတ်သမားလို့ စွပ်စွဲခံ ထားရသူတွေဟာ မိန်းကလေး တွေကို အရင်အဓမ္မပြုကျင့်ခဲ့ တယ်။ ပြီးမှ သူတို့ကို ကြိုးဆွဲချ သတ်ခဲ့တယ်။ မိန်းကလေးတွေ ဟာ ကြိုးဆွဲချခံရချိန်မှာ အသက် ရှင်နေတုန်းပဲ’’ ဟု ဘက်ဒန်ဒေသ ရဲမှူး ဆာဆန်နားက ပြောကြား သည်။

ရဲတပ်ဖွဲ့သည် မိန်းကလေး များကို ကယ်နိုင်ခဲ့ပါသော်လည်း ဇာတ်နိမ့်မိန်းကလေးများ ဖြစ်နေ သောကြောင့် ကူညီရန် ငြင်းပယ် ခဲ့ခြင်းဖြစ်သည်ဟု ကွယ်လွန်သူ များ၏ ဆွေမျိုးသားချင်းများက ပြောကြားသည်။

သံသယရှိသူ တရားခံများ မှာ မိန်းကလေးများထက် ဇာတ် မြင့်သူများဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ ဇာတ်နိမ့်သူ အမျိုးသမီးများနှင့် မိန်းကလေး များသည် ၎င်းတို့ထက် ဇာတ်မြင့် သူများ၏ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုကို ကာလရှည်ကြာခံ နေရသည်။

အိန္ဒိယနိုင်ငံတွင် အိမ်သာ မ လုံလောက်မှုကြောင့် အပြင်ဘက် ၌ အမျိုးသမီးများ အပေါ့၊ အ လေးစွန့်ရ၍ အကြမ်းဖက်မှုအ တွက် ပိုမိုလွယ်ကူစေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty အင်တာနေရှင်နယ်က ပြောသည်။

—Ref: AFP
7 Day Daily

မြတ်နိုးရဲ့အရည်အသွေးကြောင့် ဒီဆုရခဲ့တယ်လို့ ယုံကြည်ပါတယ် အာရှပစိဖိတ်အလှမယ်ဆုရ မေမြတ်နိုးနှင့် တွေ့ဆုံခြင်း

Posted by drmyochit Monday, June 02, 2014, under | No comments


နိုင်ငံတကာအလှမယ် သရဖူတစ်ခုကို ပရိသတ်များ၏ အကူအညီမပါ ကိုယ်ပိုင်အရည်အချင်းအစွမ်းအစနှင့် အာရှပစိဖိတ်အလှမယ်ဆုကို မြန်မာအလှမယ် မေမြတ်နိုးကရရှိသွားသည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သော မေမြတ်နိုးသည် နှစ်ပေါင်း ၅၀ကျော်အတွင်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် ပထမဆုရရှိသော ပထမဆုံး အလှမယ်ဖြစ်လာသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြိုင်ပွဲဝင်စဉ် ကာလတစ်လျှောက်ကလည်း ဒိုင်လူကြီးများ၏ ချီးကျူးခံခဲ့ရပြီး ‘‘ဒိုင်အများစုက မေမြတ်နိုးသည် အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစားမှာ နိုင်ငံတကာအဆင့်မီပြီး လှပဆွဲဆောင်မှုရှိကာ နိုင်ငံတကာနှင့် ကမ္ဘာ့စင်မြင့်များတွင် ၀င်ဆံ့နိုင်သည့် အလားအလာကောင်းသူဟု မှတ်ချက်ပြုခံခဲ့ရသည်။

အသက်(၁၈) နှစ်သာ ရှိသေးသော မေမြတ်နိုးသည် ထိုပြိုင်ပွဲတွင် ပေါ်ပြူလာအဖြစ်ဆုံးဆုကိုလည်း ဆွတ်ခူးထားခဲ့သေးသည်။ မေမြတ်နိုးကို အိပ်မက်ဆုံရာ အစီအစဉ် -၆ ပြိုင်ပွဲဝင်ခဲ့သူအဖြစ်လည်း ပရိသတ်က သိရှိထားသည်။ မြန်မာနိုင်ငံဂုဏ်ကို ဆောင်ကာ Asia Pacific World  2014 သရဖူဆောင်းခွင့်ရခဲ့သူ မေမြတ်နိုးသည် ဇွန်လ၆ ရက်တွင် အမိမြေသို့ ပြန်လာမည်ဖြစ်သည်။ ဆိုးလ်မြို့တွင်သာ ရှိနေသေးသော မေမြတ်နိုးနှင့် အွန်လိုင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။

ပွဲတိုက်ရိုက်ထုတ်လွှင့်မှ ကြည့်ရတာ ဆုကြေညာလိုက်တဲ့ အချိန်မှာ အံ့သြသွားတာတွေ့ရ တယ်။ ဆုကြေညာလိုက်တဲ့အ ချိန်မှာ ဘယ်လိုခံစားခဲ့ရလဲ။

ဆုကြေညာတဲ့အချိန်မှာ အ မှန်တကယ်ပြောရရင် အစီအစဉ် တင်ဆက်သူက ဘာပြောလိုက် မှန်း မကြားလိုက်ပါဘူး။ Miss ကိုရီးယားပထမဆုရသွားတယ် လို့ မြတ်နိုးကထင်လိုက်တာ။ တချို့ပြိုင်ပွဲဆို ပထမရတဲ့သူကို အရင်ကြေညာတယ်။ ညီမက Miss ကိုရီးယားရတယ်ဆိုပြီး ၀မ်း သာသွားတယ်။ နောက်မှ Miss ကိုရီးယားမဟုတ်ဘဲ မြတ်နိုးရ တယ်ဆိုတော့ ပိုပြီးဝမ်းသာသွား တာပေါ့။

 ဒိုင်တွေ အားလုံးကလည်း ချီးကျူးထားကြတာ တွေ့ရတယ်။သရဖူရတာ ထိုက်တန်တယ်ဆို ပြီး ပြောကြတယ်။ ကိုယ်တိုင် ရော မြတ်နိုးအတွက် တကယ် ထိုက်ထိုက်တန်တန် ရလိုက်တယ် လို့ ယုံကြည်လားညီမ။

မြတ်နိုးကို ကူညီပံ့ပိုးပေးတဲ့ လူတွေအများကြီးရှိတယ်။ အမြင့် ဆုံးအဆင့်ထိရောက်အောင် သင် ကြားပေးတဲ့ ဆရာတွေရဲ့ အရည် အချင်းကို ယုံကြည်တယ်။ မြတ်နိုး မှာရှိတဲ့ အရည်အသွေးကိုလည်း  ကိုယ်တိုင်ယုံကြည်မှုရှိတဲ့အတွက် ဒီယုံကြည်မှုတွေ အားလုံးကြောင့် ဒီဆုရတယ်လို့ မြတ်နိုးကိုယ်မြတ် နိုး ယုံကြည်ပါတယ်။

မြန်မာနိုင်ငံရဲ့   ပထမဆုံး နိုင်ငံတကာ  အလှမယ်   သရဖူ ဆောင်းနိုင်တဲ့ သူတစ်ယောက်ဖြစ် သွားတော့  ညီမရဲ့  ပီတိစကား လေးပြောပါဦး။

မြန်မာနိုင်ငံရဲ့ ပထမဆုံး သရဖူဆောင်းရတဲ့ အလှမယ်ဖြစ် တဲ့အတွက် အရမ်းဂုဏ်ယူမိပါ တယ်။ ပထမဆုံး၊ ဒုတိယဆိုတာ အရေးမကြီးပါဘူး။ ပထမဆုံး မြန်မာနိုင်ငံအတွက် သရဖူရတယ် ဆိုတာက မြန်မာအတွက် ဂုဏ်ပါ ပဲ။ မယ်ရဲ့ ကြိုးစားအားထုတ်မှု ကို နိုင်ငံ့ကိုယ်စား ဂုဏ်ယူသင့် တယ်။ မြန်မာမယ်က သူ့ရဲ့နိုင်ငံ ကို ချစ်ခင်လေးစားမြတ်နိုးတဲ့ ဟာကို ဖော်ပြတဲ့အနေနဲ့ပဲလို့ ယူ ဆပါတယ်။

မြန်မာနိုင်ငံက ညီမကို အား ပေးနေတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်ပါလဲ။

မြတ်နိုးကို အင်တာနက်က ရော၊ သတင်းစာတွေ၊ ဂျာနယ် တွေထဲမှာတွေ့ပြီးတော့   အားပေးနေတဲ့ ပရိသတ်တွေ၊ သူငယ် ချင်းတွေ အားလုံးကို အထူးကျေး ဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့အားပေးမှုကြောင့် အင် အားတွေရှိပြီး အကောင်းဆုံးလုပ် နိုင်ခဲ့တာပါ။ ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ခွန်အား တွေလည်း လိုအပ်သေးပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီးတော့ အားပေးကြပါ။ မြန်မာနိုင်ငံက ပရိသတ်တွေမကပါဘူး။ ပြည်ပ ရောက်နေတဲ့ မြန်မာတွေအား လုံးရော၊ ကိုရီးယားမှာရောက်နေ တဲ့ မြန်မာတွေလည်း ပွဲကိုလာ ကြည့်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ မြတ်နိုးအ တွက်ပြိုင်ပွဲအထိ လာကြည့်ပေး တဲ့အတွက် မြတ်နိုးအတွက် အား ဆေးပဲပေါ့။ ကိုရီးယားမှာရှိတဲ့ မြန်မာတွေအားပေးနေတာ တွေ့ ရတဲ့အခါ ယုံကြည်မှုလည်း ပိုမြင့် သွားပါတယ်။

ပွဲကအခုချီးမြှင့်တဲ့ သရဖူ အပြင် ညီမအတွက် ဘာအကျိုး ခံစားခွင့်တွေ ရသေးလဲ။

      ဒီမေးခွန်းအတွက်သိပ်မသေ ချာသေးဘူး။ Miss Asia Pacific World က  Organizer က ဘာ တွေ စီစဉ်ထားလဲဆိုတာ မသိ သေးပါဘူး။ ဒါပေမဲ့ မြတ်နိုးပြိုင်ပွဲ မှာ တကယ်ရခဲ့တာက အတွေ့အ ကြုံပါပဲ။ အဲဒီအတွေ့အကြုံက မြတ်နိုးအတွက် ဘ၀မှာ တောက် လျှောက်အကျိုးပြုမယ်လို့ ယုံ ကြည်ပါတယ်။

ရှေ့ဆက်ဘာတွေ ဆက် လုပ်သွားမယ် စိတ်ကူးထားလဲ။

အနုပညာလမ်းပေါ်မှာ ရှေ့ ဆက်လျှောက်ပါမယ်။ ပြီးရင် ကျောင်းလည်း ဆက်တက်ပါ မယ်။ Style Plus H မှာ ကျောင်း သားတွေကို စာသင်ပေးဖို့လည်း တီချယ်လှနုနဲ့ တိုင်ပင်နေပါတယ်။

ကျေးဇူးတင်ပါတယ်။
7 Day

မိန်းကလေးငယ်အား ခေါင်းဖြတ်သတ်ခဲ့သည်ဟု ယူဆရသူ၏ အလောင်းကို မြစ်အတွင်းမှ တွေ့ရှိ

Posted by drmyochit Monday, June 02, 2014, under | No comments


လမ်းလျှောက်တတ်စကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခေါင်းဖြတ်သတ်ခဲ့သူဟု ယူဆရသည့် လူတစ်ဦး၏ အလောင်းကို နှစ်ရက်ကြာရှာဖွေခဲ့ပြီးနောက် ကွာလာလမ်ပူရှိ ကလမ်မြစ်တွင် တွေ့ရှိခဲ့သည်။
ဆလမ်ဂါ မီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးဌာနမှ လက်ထောက်အော်ပရေးရှင်းဒါရိုက်တာ မိုစန်နီဟာရူးက Sunway Selangor ရှိ Petaling Jaya မြစ်ကမ်းပါးအနီးတွင် ညနေ ၄ နာရီခန့်က အလောင်းကို ဆယ်ယူခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။

သံသယရှိသူ၏ အလောင်းဖြစ်ကြောင်း ရဲများက အတည်ပြုခဲ့သည်ဟု Azizan ကလည်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့က မြို့တော်အတွင်းရှိ Kota Raya ရှော့ပင်းမောမှ နှစ်နှစ်ခွဲအရွယ်ရှိသည့် ဆီတီဆိုဖီယာအာမန်ဒါကို ထိုသူက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
သံသယရှိသူသည် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ရုန်းကန်ခဲ့သောအခါ ရိုက်နှက်ခဲ့ သည်ဟု ရဲများက ယုံကြည်နေကြသည်။

မီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးဌာနမှ နေ့လည် ၂း၅၀ အချိန်ခန့်တွင် ပြည်သူတစ်ဦးထံမှ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း မိုစန်နီကပြောသည်။

ရေငုတ်သမားများက အသက် ၂၀ ကျော်ခန့်ရှိမည့် ထိုသူ၏ အလောင်းကို မြစ်အတွင်းမှ ဆယ်ယူခဲ့သည်။
ရဲများက အလောင်းကို လွှဲပြောင်းယူခဲ့ပြီး ဆေးရုံကြီးရေခဲတိုက်သို့ပို့ဆောင်ခဲ့သည်။
ကြာသပတေးနေ့က ဖြစ်စဉ်တွင် လူတစ်ဦးက ဆီတီဆိုဖီယာကို လူတစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို Kota Raya ရှော့ပင်းမောရှိ စီစီတီဗီတွင် တွေ့ရသည်။

စီစီတီဗီမှ မြင်ကွင်းများကို လုံခြုံရေးများကလည်း သက်သေခံခဲ့ပြီး မိန်းကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တားမြစ်ခဲ့ခြင်းမရှိကြောင်းသိရသည်။
ဆီတီဆိုဖိယာ၏ မိခင်ဖြစ်သူ ဆိတီဆယ်မီ (၃၂)နှစ်သည် သမီးဖြစ်သူအား သူငယ်ချင်းများနှင့် လေးထပ်မြောက်တွင် ထားခဲ့ကာ သန့်စင်ခန်းသို့ သွားခဲ့သည်။

ဆီတီဆယ်မီ ပြန်လည်ရောက်ရှိလာသောအခါ ဆီတီဆိုဖီယာကို မတွေ့ရှိရတော့ပေ။ အပူတပြင်း ရှာဖွေခဲ့သော်လည်း မိန်းကလေးငယ်ကို ရှာဖွေမတွေ့ရှိခဲ့ကြောင်းသိရသည်။
တစ်နိုင်ငံလုံးကို တုန်လှုတ်ခြောက်ခြားသွားစေခဲ့သော ၄င်းအဖြစ်အပျက်တွင် မျက်မြင်သက်သေ နှစ်ဦးက လူတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို ချီခေါ်ကာ မြက်ပင်ရှည်များကို ဖြတ်ကာ မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆာဘာမှ မျက်မြင်သက်သေများက ဆီတီကို ကလမ်မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွားသူသည် မကြာသေးခင်ကမှ ထောင်က လွတ်လာသူဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
သံသယရှိသူသည် ဆီတီဆိုဖီယာအား ကျောပေါ်တွင် ချီပိုးခေါ်သွားကာ ရုန်းကန်သောအခါ တစ်စုံတစ်ခုနှင့် ရိုက်ခဲ့ကြောင်း မြင်တွေ့ခဲ့ကြသည်။

ထိုသူက မိန်းကလေးငယ်အား မြေပေါ်တွင် တွန်းလှဲကာ လည်ပင်းကို ညှစ်နေသည်ဟု သံသယရှိသောကြောင့် မြစ်ကမ်းအနီးအဆောက်အဦရှိ ရဲလှည့်ကင်းကို အကြောင်းကြားခဲ့ကြသည်။
သံသယရှိသူသည် မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။

၎င်းသည် ပြင်းထန်သည့်ရေစီးကြောင်းနောက် ပါသွားဖွယ်ရှိကြောင်း ယုံကြည်ကြသည်။
ဆီတီဆိုဖီယာ၏ အလောင်းကို သူမ၏ ဦးခေါင်းပြတ်အနီးတွင် တွေ့ရှိခဲ့သည်။ သူမက အဖြူရောင်ဘောင်းဘီနှင့် အတွင်းခံလေးသာ ၀တ်ဆင်ထားကြောင်းသိရသည်။
မိန်းကလေးငယ်၏ အလောင်းကို ၄င်း၏ မိခင်က ကွာလာလမ်ပူ ဆေးရုံရေခဲတိုက်မှ ပြန်လည်ယူဆောင်သွားပြီး Gombak ရှိ Batu Muda မွတ်စလင် သုဿာန်တွင် သဂြို င်္လ်ခဲ့ကြောင်း သိရသည်။

myetshin

Friday, May 30, 2014

သူရဲကောင်း ဖြစ်သွားသည့် Mr Bean

Posted by drmyochit Friday, May 30, 2014, under | No comments

သူရဲကောင်း ဖြစ်သွားသည့် Mr Bean အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော် တဆမှု တစ်ခု ၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့

Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦးမျှသာ ဖြစ်သော် လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့ သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီး သည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် တန်စ်ကာနီတွင် ၎င်းပိုင် McLaren F1 ပြိုင်ကားကို မောင်းနှင်နေရင်း အရှိန်များလွန်းသဖြင့် လမ်းချော်ထွက်ပြီး လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခဲ့သည်။ ထိုအချိန်တွင် ရိုဝမ်သည်လည်း အနီးအနား၌ ရှိနေရာ မီးလောင်မှု အန္တရာယ် ဖြစ်နိုင်သည်ကိုပင် ထည့်မတွက်ဘဲ ချက်ချင်း အလျင်အမြန် သွားရောက်ပြီး ယာဉ်မောင်းသူအား ဆွဲထုတ် ကယ်တင်ခဲ့ကြောင်း သိရသည်။

ရိုဝမ်သည် (၂၀၁၁)ခုနှစ်ကလည်း ၎င်းပိုင်ဆိုင်သည့် McLaren F1နှင့် အလားတူ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုမျိုး ကြုံခဲ့ဖူးသည်။ ထိုစဉ်က ရိုဝမ်၏ မော်တော်ကားသည် နော်သမ်ရှိုင်းယားရှိ လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်မှု ကုန်ကျစရိတ်ချည်းသက်သက် ပေါင်စတာလင် (၉၁၀၀၀၀)မျှ အသုံးပြုခဲ့ရသည်။ ယင်းသည် ဗြိတိန်သမိုင်းတစ်လျှောက် ကားတစ်စင်းကို ပြန်လည်ပြင်ဆင်ရာတွင် အမြင့်ဆုံး အကုန်အကျ ပမာဏလည်း ဖြစ်လာသည်။ ယခုအခင်းဖြစ်ချိန်တွင်လည်း ရိုဝမ်သည် အဆိုပါ McLaren F1ကိုပင် မောင်းနှင်လာခြင်းဖြစ်သည်။

ရိုဝမ်သည် အီတလီနိုင်ငံသို့ ရောက်ရှိနေရာ နိုင်ငံအလယ်ပိုင်း ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံခဲ့ခြင်း ဖြစ်သည်။ ရိုဝမ်နှင့် လူအချို့သည် ကားမောင်းသူကို ကယ်ထုတ်ပြီး ဆေးရုံမှ ရဟတ်ယာဉ် လာရောက်ခေါ်ဆောင်သည်အထိ ကူညီပေးခဲ့ကြသလို မော်တော်ကား အပျက်အစီး အစိတ်အပိုင်းများကို ရှင်းလင်းနေချိန်တွင်လည်း ရိုဝမ်က တာဝန်ရှိသူများအား ကူညီနေခဲ့ကြောင်း တွေ့ရသည်။ ရိုဝမ်သည် ခန့်မှန်းခြေအားဖြင့် စတာလင်ပေါင် (၇၁)သန်းမျှ ပိုင်ဆိုင်ကြွယ်ဝသည့် သန်းကြွယ်သူဌေး တစ်ဦးလည်း ဖြစ်သည်။

Planet Myanmar Network.




သူရဲကောင်း ဖြစ်သွားသည့် Mr Bean အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့

ရွေးကောက်ပွဲအတွက် အဆင်သင့် မဖြစ်သေးကြောင်း ထိုင်းစစ်တပ်ပြော

Posted by drmyochit Friday, May 30, 2014, under | 1 comment

ထိုင်းနိုင်ငံမှာ အရပ်ဘက် အုပ်ချုပ်ရေး ဘယ်တော့ ပြန်ဖြစ်လာမယ် ဆိုတာ မသိနိုင်သေးဘူးလို့  စစ်တပ်က အာဏာသိမ်းအပြီး တပါတ် အကြာမှာပဲ ပြောကြားလိုက်ပါတယ်။  စစ်တပ်က အာဏာဆက်သိမ်း မထားချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ မသင့်တော်ဘူးလို့ ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh ကပြောပါတယ်။

"ဒီကနေ့အထိ ဆန္ဒပြမှုတွေ ရှိနေဆဲမို့ တချို့လူတွေက ဆူပူအောင် လုပ်ချင်တုန်းပဲဆိုတာပြနေတာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးလို့ မဖြစ်နိုင်သေးပါဘူး" လို့ ပြောသွားတာပါ။

အခု စစ်တပ် အာဏာသိမ်းတာဟာ နှစ်ပေါင်း ၈၀ အတွင်း ၁၂ ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနိုင်ငံအတွက် လိုအပ်လို့ လုပ်ရတာလို့ လည်း ပြောပါတယ်။  ထိုင်းစစ်တပ်က ဆန္ဒမပြဘို့ တားမြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ တွေကို ဖမ်းဆီးခဲ့တာပါ။

ဆန္ဒမပြဘူးလို့ ကတိပေးသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လာရောက် အဖမ်းခံဖို့ နောက်ထပ် အများအပြားကို ဆင့်ခေါ်ခဲ့သလို တချို့ကိုတော့ တရားစွဲဆိုခဲ့ပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဝေဖန်သူတွေကို ဖမ်းနေတာ ရပ်ဆိုင်းဖို့နဲ့ အရပ်သားတွေကို စစ်ခုံရုံးမှာ အမှုမစစ်ဖို့ ကြာသပတေးနေ့မှာပဲ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)



ဘော်ဆိုင်းတရုတ်ကုမ္ပဏီ ဗီဇာမှု (ရုပ်/သံ)

Posted by drmyochit Friday, May 30, 2014, under | No comments

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသမှာ သတ္တုတူးဖော်နေတဲ့ တရုတ်နိုင်ငံ အခြေစိုက် Good Plus Star ကုမ္ပဏီက တရုတ်နိုင်ငံသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလော မြို့  နယ်တရားရုံးက ဒီနေ့ အမိန့် ချမှတ်လိုက်ပါတယ်။

RFA


မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီး (ရုပ်/သံ)

Posted by drmyochit Friday, May 30, 2014, under | No comments

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမ ကြီးဟာ ဒေသချင်းဆက်သွယ်ရာမှာ အရေးပါတဲ့ လမ်းတခု ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ဖောက်လုပ် ထားတဲ့ လမ်းပိုင်းတွေမှာ မြစ်ကြီးနားကနေ မိုးကောင်းအထိ သွားလာရေး အဆင်ပြေပေမယ့်၊ မိုးကောင်းကနေ နန့်စီးအောင်အကြားမှာ လမ်း၊ တံတားတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။


Thursday, May 29, 2014

အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုကြောင့် လူ ၆၀ ခန့် သေဆုံး

Posted by drmyochit Thursday, May 29, 2014, under | No comments

အီရတ်နိုင်ငံတ၀န်းမှာ ကားဗုံးခွဲမှု၊ အသေခံ တိုက်ခိုက်မှု နဲ့ လုပ်ကြံသတ်ဖြတ်မှု စတဲ့ အကြမ်းဖက် မှုတွေကြောင့် မေလ ၂၈ ရက်နေ့ တနေ့တည်းမှာတင် အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးပါတယ်။

မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်အများစုရှိရာ ဒေသနဲ့ မြောက်ပိုင်း မိုဆူးလ်မြို့တွေမှာ သွေးစွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အစ္စလာမစ် အီရတ်ပြည်နယ် ISIL ကို ခွဲထွက်ချင်သူတွေ အယ်လ်ကေဒါတွေရဲ့ ခြေကုပ်နေရာ ဖြစ်ပါတယ်။

Iraqမြို့တော် ဘဂ္ဂဒက်က ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်တွေနေရာ အယ်လ်အာမင်ခရိုင်မှာ လူထူတဲ့ အဓိကလမ်းပေါ် လမ်းဘေးဈေးသည်တွေနားမှာ ကားဗုံးတလုံးပေါက်ကွဲမှု ကြောင့် အရပ်သား ၁၀ ယောက် သေပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဆိုင်တွေ ပျက်စီးပြီး ရပ်ထားတဲ့ ကားတွေ မီးလောင်ကုန်ပါတယ်။

ဘဂ္ဂဒက်မြို့ ဆာဒါမြို့နယ်မှာလည်း တက်စီအငှားချတဲ့ မီနီဗင်တစီးက ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်း အလိုမှာ ကားမောင်းသူက ကားကို စွန့်ပစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရတယ်လို့ ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

ဂျီဟတ်ခရိုင်တွင်း ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံးပြီး တခြား ၇ ယောက် ဒဏ်ရာရပါတယ်။ ဘဂ္ဂဒက်မြို့တလွှား တခြား တိုက်ခိုက်မှုတွေကြောင့် တခြားလူ ၂၂ ယောက်သေဆုံးပါတယ်။

ဘာသာရေးရပ်ကွက် ခါဒီမီယာက စစ်ဆေးရေးစခန်းမှာ အသေခံ ကားဗုံးခွဲမှုကြောင့် လူ ၁၁ ယောက် သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

By ဒီဗွီဘီ

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော်

Posted by drmyochit Thursday, May 29, 2014, under | No comments

ကွယ်လွန်သူ အမျိုးသမီးအလောင်းနံဘေးရှိ မျက်မြင်သက်သေများကို ရဲက စစ်ဆေးမေးမြန်းနေစဉ် (ဓာတ်ပုံ- REUTERS)

လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုယ်ဝန်သုံးလလွယ်ထားရသည့် သေဆုံးသူ အမျိုးသမီး ဖာဇနာပါဗန်အား သူမ၏ မိဘဆွေမျိုး ၂၀ ခန့်က ၎င်းတို့ သဘောမတူသော အမျိုးသားကို လက်ထပ်သဖြင့် မကျေနပ်၍ အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ ဘယ်သူမှ နားမထောင်ခဲ့ကြပါဘူး’’ ဟု ကျန်ရစ်သူ ခင်ပွန်း မူဟမ်မက်အစ်ကဘယ်က ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အဖွဲ့အကြီးအကဲ နဗီပီလေကလည်း ထိုသတင်းကြောင့် အလွန်ပင် တုန်လှုပ်ချောက်ချားရကြောင်း ဆိုခဲ့ပြီး ပါကစ္စတန်အစိုးရအနေဖြင့် အမှုကိုလျင်မြန်စွာဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ပါဗန်သေဆုံးပြီးနောက် သူမ၏ ဖခင်မှာ ဖမ်းဆီးခံထားပြီး ကျန်သူများမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ အစ်ကဘယ်ကလည်း ဇနီးဘက်မှ ဆွေမျိုးများသည် ၎င်း၏မိသားစုကို  သတ်ဖြတ် ရန်လည်း ခြိမ်းခြောက်ခဲ့ကြကြောင်း ဆိုသည်။ အစ်က ဘယ်နှင့် ပါဗန်တို့သည် မိဘဆွေမျိုးများဘက်က သဘောမတူဘဲ လက်ထပ်ခဲ့ခြင်းကြောင့် ပါဗန်အား အတင်းအကျပ် လက်ထပ်ပေါင်းသင်းရန် ကြိုးစားမှုဖြင့် အစ်က ဘယ်ကတရားစွဲထားသည်။ ၎င်းတို့ ဇနီးမောင်နှံသည် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်လာချိန်တွင်ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ပါဗန်ဘက်ကမူ ၎င်းတို့လင်မယားသည် နှစ်ဦးသဘောတူနှစ်သက်၍ လက်ထပ်ထားခြင်းသာ ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။ ထို့ကြောင့် ပါဗန်၏ ဆွေမျိုးများသည် သူမအား တရားရုံးပြင်ပရှိ ကြမ်းပြင်တစ်ခုသို့ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီး တစ်ကိုယ်လုံးကို ကျောက်တုံးများဖြင့် ဖိပြီးနောက် ဦးခေါင်းကို ဦးခေါင်းကို ရိုက်ခွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

7 Day

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

Posted by drmyochit Thursday, May 29, 2014, under | No comments

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများ အပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန် ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။

ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းက အဓိကရုဏ်းအတွင်း တရုတ်ပြည်မကြီး၊ တိုင်ဝမ်နဲ့ ဟောင်ကောင်တို့က တရုတ်ကုမ္ပဏီတွေက ဒုက္ခအရောက်ဆုံး ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူကုမ္ပဏီတွေကတော့ ထိခိုက်ခဲ့ပြီး ပိတ်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

ဒီအဓိကရုဏ်းကြောင့် ဗီယက်နမ်နိုင်ငံတွင်း နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေကြပြီး ရင်းနှီးမြှုပ်နှံပြီးသားတွေကို ပြန်ရုပ်သိမ်းတာတွေ လုပ်နေကြတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

By ဒီဗွီဘီ

မိန်းမလျာက ဒီဇိုင်းရေးသူ တစ်ယောက်ကို ကတ်ကြေးနှင့် ထိုးသတ်ခဲ့

Posted by drmyochit Thursday, May 29, 2014, under | No comments


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၂-လမ်း၊ သိပ္ပံလမ်းအနီးတွင် မေ ၂၆ရက် မွန်းတည့် ၁၂နာရီကျော်က ဒီဇိုင်းရေးသူ လူငယ်တစ်ဦးကို ၀မ်းဗိုက်နှင့် ရင်အုံတွင် ထိုးသွင်းဒဏ်ရာများဖြင့်တွေ့ရှိရ၍ ဆေးရုံသို့သယ်ဆောင် စဉ် လမ်းခရီးတွင်သေဆုံးခဲ့ရာမှာ ပဏာမစစ်ချက်များအရ မိန်းမလျာတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဒေ၀ါကျော်သည် မသေဆုံးမီ ၎င်းထံသို့အမြန်လာရန် ဖုန်းဆက် သွယ်ပြောကြားသဖြင့် ၎င်း၏ဇနီးနှင့် အစ်ကိုဝမ်းကွဲတို့က အခင်းဖြစ်နေ ရာ သို့ ရောက်ရှိခဲ့ကြောင်း၊ သိပ္ပံလမ်းနှင့်ကိုက် ၅၀အကွာ၇၂လမ်းအရှေ့ဘက် လမ်းဘေးတွင် ဒေ၀ါကျော်မှာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာအုံထိုး သွင်း ဒဏ်ရာတစ်ချက်တို့ဖြင့် အပြင်း အထန်ဒဏ်ရာရရှိနေ၍၎င်းကို ဆေးရုံသို့ တင်ပို့ရာမှ လမ်းခရီးတွင်သေဆုံးခဲ့ရာ မေ ၂၇ရက်တွင် မနေနွယ်လင်း မှ (ပ) ၃၅၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားကြောင်းသိရသည်။

အမှတ်(၁၁)နယ်မြေခံရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာသို့ သွားရောက် စစ်ဆေးခဲ့ရာ အခင်းမဖြစ်မီ ဆက်သွယ်ပြောဆိုထားသည့် အသံဖိုင်ကို စစ်ဆေးခဲ့ရာမှ အဆိုပါ မိန်းမလျာသည် ဒေ၀ါကျော်အား မကျေမနပ်ဖြစ် သည့်အသံများနှင့် သေဆုံးသူ၏ဆိုင်ကယ်အားရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းပြောဆိုခဲ့သည့် အသံများစစ်ဆေးတွေ့ရှိခဲ့ရသဖြင့်ချမ်းမြသာ စည် မြို့နယ်ဆ(၁၀)ရပ်ကွက်နေ မိန်းမလျာဖြစ်သူခင်မောင်တင့်(ခ) မလေးကွန်းအား ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုတွင် သေဆုံးသူ ဒေ၀ါကျော်မှာ ၇၉-လမ်း၊ ၁၁လမ်းနှင့် ၁၂လမ်း ကြားနေထိုင်သူဖြစ်ပြီး၊ မသင်္ကာသူ ခင်မောင်တင့်(ခ)မလေးကွန်းမှာ မိတ်ကပ် လိမ်းခြယ်သူ မိန်းမလျာဖြစ်ကြောင်း၊ ဒေ၀ါကျော်နှင့်စကားများ ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည်ဟု အကြမ်းဖျင်းဝန်ခံထွက်ဆို ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများသိမ်းဆည်းရ မိရေးအတွက် ဆောင်ရွက်နေ သည် ဟုရဲမှတ်တမ်းများအရသိရသည်။

Mandalay News Agency

From...ThitHtooLwin

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်