Thursday, June 05, 2014

အဓိပတိမာကယ်၏ဖုန်း အမေရိကန် ခိုးနားထောင်မှု ဂျာမနီ စတင်စုံစမ်းစစ်ဆေး

Posted by drmyochit Thursday, June 05, 2014, under | No comments


ဂျာမနီအဓိပတိ မစ္စစ်အန်ဂျလာမာကယ် ၏လက်ကိုင်ဖုန်းကို  အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက စောင့်ကြည့်ခဲ့သည်ဆိုခြင်းအပေါ် ဂျာမနီအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်ဟု အရာရှိများက ဗုဒ္ဓဟူးနေ့ကပြောကြားသည်။

ယခုလုပ်ရပ်ကြောင့် မဟာမိတ်နှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုကို ထပ်မံရှုပ်ထွေးစေနိုင်သည်ဟု အေပီသတင်းကဖော်ပြပြီး စုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးနိုင် ခြေရှိမည်လားဆိုသည်မှာ မရှင်းလင်းသေးဟုလည်း အေပီကဖော်ပြသည်။

NSA ၏သတင်းများပေါက်ကြားစေခဲ့သူ အက်ဒဝပ်စနိုးဒန်ကအောက်တိုဘာလတွင်ဖော်ထုတ်ခဲ့သော စာရွက်စာတမ်းများအရ အမေရိကန်နိုင်ငံသည် မစ္စစ်မာကယ်၏ လက်ကိုင်ဖုန်းစကားပြော  ဆိုမှုများနှင့် အခြားနိုင်ငံခြားခေါင်းဆောင် ၃၅ ဦးကိုလည်း စောင့်ကြည့်နေခဲ့သည်ဟုပါရှိသည်။ ယင်းအတွက် မစ္စစ်မာကယ်လ်က ဒေါသဖြစ်ရကြောင်း ပြောကြားပြီး ဝါရှင်တန်အပေါ် လေးနက် သောယုံကြည်မှု ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။

တရားဝင်စုံစမ်းစစ်ဆေးမှု  ဖွင့်လှစ်ရေးလပေါင်းများစွာ စဉ်းစားနေခဲ့ပြီးနောက် အဓိပတိအန်ဂျလာမာကယ်၏လက်ကိုင်ဖုန်းကို အမေရိကန်ထောက်လှမ်းရေးဌာနမှ မည်သူမည်ဝါ မသိသေးသော ပုဂ္ဂိုလ်များက ထောက်လှမ်းနေခဲ့ကြောင်း ပြည့်စုံသောအချက်အလက်အထောက်အထားရှိသည်ဟု ဖက်ဒရယ် ရှေ့နေချုပ် ဟာရယ်ရန့်ခ်ျ ကဆုံးဖြတ်ခဲ့သည်ဟု ၎င်း၏ရုံးကပြောကြားသည်။

‘‘နိုင်ငံခြားထောက်လှမ်းရေးဌာန လျှို့ဝှက်အေးဂျင့်တွေလှုပ်ရှားတာဟာ ဂျာမနီနိုင်ငံမှာ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီနေရာမှာလည်း မိတ်ဆွေတစ်ယောက်ရဲ့ထောက်လှမ်းရေးအေဂျင်စီလား၊ တခြားနိုင်ငံကလား ဆိုတဲ့အပေါ်မူတည်မနေပါဘူး’’ဟု ဂျာမနီအစိုးရရှေ့နေချုပ်ကစုံစမ်းစစ်ဆေးမှုပြုလုပ်ရေး ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် သတင်းထောက်များအားပြောကြားသည်။

စုံစမ်းစစ်ဆေးမှု၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ မစ္စတာဟာရယ်ရန့်ခ်ျက မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

Ref: AP
7 Day Daily

ပြည့်တန်ဆာတန်း ပိတ်မည့်အစီအစဉ် အင်ဒိုနီးရှားလိင်လုပ်သားများ ဆန့်ကျင်ဆန္ဒပြ

Posted by drmyochit Thursday, June 05, 2014, under | No comments

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဒိုလီဒေသရှိ ပြည့်တန်ဆာတန်းပိတ်မည့်အစီအစဉ်ကို ဆန့်ကျင်သည့် လိင်လုပ်သားများ၏ ဆန္ဒပြပွဲတွင် ဒေသခံများ ပါဝင်ဆန္ဒပြနေသည်ကို ဇွန်လ ၅ ရက်က တွေ့ရစဉ် (Juni KRISWANTO/AFP)

အရှေ့တောင်အာရှ၏ အကြီးဆုံးပြည့်တန်ဆာတန်းများအနက် တစ်ခုပိတ်မည့်အစီအစဉ်ကို အင်ဒိုနီးရှား လိင်လုပ်သား ၁,၀၀၀ ကျော်က ဇွန်လ ၅ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အပေါ်ပိုင်း လုံလုံခြုံခြုံဝတ်စားကာ စကတ်တိုများ ဝတ်ဆင်ထားသည့် လိင်လုပ်သားများသည် ၎င်းတို့ မည်သူ မည်ဝါဖြစ်သည်ကို ခွဲခြားမရစေရန် မျက်နှာများအား ဖုံးအုပ်ဆန္ဒပြခဲ့ကြသည်။

မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၏ ဒိုလီဒေသရှိ ပြည့်တန်ဆာ တန်းကို အာဏာပိုင်များ လျစ်လျူရှုထားခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

သို့သော် မြို့တော်ဝန်သစ်က ယခုအခါ ယင်းပြည့်တန်ဆာတန်းကို ပိတ်ပစ်မည်ဟု ကြွေးကြော်ထားသည်။ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်မဟုတ်ဟု ဒိုလီဒေသတွင် အလုပ်လုပ်သော အမျိုးသမီးများစွာက ပြောသည်။

ဇွန်လ ၅ ရက်တွင် လိင်လုပ်သား ၁,၂၀၀ ခန့်သည် ယင်းဒေသအနှံ့ ချီတက်ဆန္ဒပြခဲ့ကြောင်း ယင်းနေရာတွင် သတင်းယူနေသည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောသည်။

၎င်းတို့က အင်ဒိုနီးရှားသမ္မတ ယူရိုယူနိုနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

ယင်းလိင်လုပ်သားများကို ငွေကြေးအကူအညီပေးမည်ဟု ဆူရာဘာယာမြို့တော်ဝန် ထရီရစ်မဟာရီနီက ကတိပြုထားပြီး လက်မှုပညာရပ်များကဲ့သို့ ၎င်းတို့ စွမ်းရည်သစ်များ ရှိလာစေရန် ဒေသဆိုင်ရာ အာဏာပိုင်များက သင်ပေးလိမ့်မည်ဟု ပြောကြားထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြည့်တန်ဆာများကို တွေ့မြင်နေကျ ဖြစ်သော်လည်း ယင်းအလုပ်မှာ နိုင်ငံတွင် တရားမဝင်ပေ။

—Ref: AFP
7 Day

လာဘ်ပေးလာဘ်ယူမှုက အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားဟု သမ္မတပြော

Posted by drmyochit Thursday, June 05, 2014, under | No comments


နေပြည်တော်၊ မဇ္ဈိမ။ ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေသည့် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပျက်စီးစေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

၎င်းက “ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၃ ခုနှစ်မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ဇွန်လ ၅ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ခုနှင့် တစ်ခုဆက်စပ်မှုရှိနေသည်ဟုလည်း သမ္မတက ပြောသည်။

“ဂေဟစနစ်ပျက်ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီးရေလျှံမှု၊ မိုးခေါ်ရေရှားဖြစ်မှုစသည်တို့ ဖြစ်ပေါ်လာပါက အခြားသူများထက် ဆင်းရဲသားများက ပိုမိုခံစားရလျက်ရှိပါသည်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့စီးပွားရေးနှင့် စက်မှုလုပ်ငန်းရင်းနှီးမြှပ်နှံမှုများ တိုးပွားလျက်ရှိသော်လည်း သံယံဇာတ ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ကတိပြုလိုက်သည်။

၎င်းက “အဲဒီလိုသာမဆောင်နိုင်ခဲ့ရင် ကျွန်တော်တို့ သံယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြတော့မှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်များအနေနဲ့ အဲဒီဒဏ်ကို ခံစားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် အစိမ်းရောင်စီးပွားရေးမူဝါဒများကို ခိုင်မာစွာချမှတ်ထားပြီး ဖြစ်သည်ဟုလည်း ပြောသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် “ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကမ္ဘာမြေပူနွေးမှု လျှော့ချရေးဆိုင်ရာ လှုပ်ရှားမှုအသံများ တိုးမြှင့်”ထားရန် ဖြစ်သည်။

Mizzima Burmese

အမေရိကန်ုနိုင်ငံ အနောက်အလယ်ပိုင်းတွင် ဘေ့စ်ဘောလုံးအရွယ်မိုးသီးများကြွေကျ

Posted by drmyochit Thursday, June 05, 2014, under | No comments



အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး  ကားများနှင့် လူနေအိမ်များပျက်စီး ခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာပြည်နယ် ထက် အပျက်အစီးများပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများကဖော်ပြသည်။

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်းသတိပေးချက်များနှင့်အတူ ရာသီဥတုအခြေအနေဆိုးရွားလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကယ်ဆယ်ရန် လှေများအသုံးပြုနေရသည်။

နက်ဘရာစကာပြည်နယ် ဝီလ်ဘာမြို့တွင် ဘေ့စ်ဘောလုံးအရွယ်အစားရှိ မိုးသီးများကြွေကျခဲ့သည်ကို မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။ မိုးသီးမုန်တိုင်းကြောင့်ဘလဲမြို့တွင် အနည်းဆုံး လူ ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်များပျက်စီးခဲ့သည်။

နက်ဘရာစကာပြည်နယ် ဘလဲမြို့ရှိ Woodhouse ကားကုမ္ပဏီတစ်ခုမှ ကားအစီးရေ ၄,၃၀၀ ခန့်သည် မိုးသီးများကြွေကျမှုကြောင့် ကားပြတင်းပေါက်နှင့်ခေါင်မိုးများပျက်စီး သွားခဲ့သည်ဟုသိရ သည်။ ယင်းပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်ရှိနိုင်သည်ဟု ကားကုမ္ပဏီပိုင်ရှင်ကပြောသည်။

Ref: BBC, WHOTV
7 Day Daily

စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်

Posted by drmyochit Thursday, June 05, 2014, under | No comments


စမတ်ဖုန်းများ၊ Tablet နှင့် laptop ကွန်ပျူတာများမှ ထွက်ရှိသည့် အလင်း ရောင်တစ်မျိုးသည် လူအများ ကိုယ်အလေးချိန်တိုးပွားမှုနှင့် သွယ်ဝိုက်ဆက်နွယ်နေ ကြောင်း သိရှိရသည်။

သုတေသီများက စမတ်ဖုန်းကဲ့သို့ ကိရိယာများမှ ထွက်ရှိလာသည့် အပြာရောင် အလင်းများသည် နာရီပေါင်းအတော်များများ ဆက်တိုက်ထိတွေ့သည့်အခါ လူ တစ်ဦး၏ ဆာလောင်စိတ်ကို လှုံ့ဆော်ပေးလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
လူတစ်ဦးသည် အစာရေစာလုံလောက်စွာ စားသောက်ထားသည့်တိုင် ယင်းအပြာ ရောင်အလင်းနှင့် ရေရှည်ထိတွေ့ချိန်၌ သာမန်ထက်မြန်ဆန်စွာပြန်လည်ဆာလောင် လာတတ်ကြောင်း သိရသည်။ ထိုအခြေအနေက သာမန်ထက် အစာပိုစားပြီး ကိုယ်
အလေးချိန်တိုးပွားလာစေရန် တွန်းအားတစ်ရပ်သဖွယ်ဖြစ်လာသည်။အမေရိကန်မှ ပညာရှင်များသည် စမတ်ဖုန်းများမှထွက်ရှိသည့် အလင်းရောင်က ဆာလောင်မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိထားသည့်တိုင် အဘယ်ကြောင့် ယင်း ကဲ့သို့ဆက်စပ်မှုမျိုး ဖြစ်ပေါ်နေသည်ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။ အပြာရောင် အသားပေးထားသည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့်မှုများ နှိုင်းယှဉ်စမ်းသပ်ချက်အရ လူတစ်ဦး၏ဆာလောင်စိတ်မှာ အပြောင်း အလဲဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များကတွေ့ရှိခဲ့သည်။ ၁၅ မိနစ်မျှကြာအောင် အပြာရောင်အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်းသက်ရောက်မှု စတင်ဖြစ်ပေါ်လာ ပြီး ၂ နာရီမျှထိ ဆက်လက်တည်မြဲနေတတ်ကြောင်း သုတေသီများက ယုံကြည်ထား သည်။

ချီကာဂိုရှိ အနောက်မြောက်ပိုင်းတက္ကသိုလ်မှ ဦးဆောင်သုတေသီအိုင်ဗီချောင်က “အပြာရောင် အဓိကပါဝင်တဲ့ အလင်းတွေက ခန္ဓာဗေဒစနစ်တွေမှာ ဆာလောင် မွတ်သိပ်မှုကို လှုံ့ဆော်ပေးတာအမှန်ပါပဲ။ ဒီတွေ့ရှိချက်က အရေးကြီးပါတယ်။ ဒါ ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်က အလင်းရောင်ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာကို ခြေရာခံမိစေတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပြာရောင် အလင်း တွေနဲ့ ရေရှည်ထိတွေ့နေရင် ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာမယ်။ ပိုပြီးဆာလာ မယ်၊ ပိုပြီးစားသောက်မယ်၊ အဲဒီတော့ ပိုပြီးဝလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သုတေသီများသည် ယခုစစ်တမ်းအတွက် ကျန်းမာသန်စွမ်းသူ ၁၀ ဦးကို အသုံး ပြုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၄ ရက်ကြာ စမ်းသပ်မှုများအတွင်း မှိန်ဖျော့ဖျော့ အလင်း ရောင်နှင့် ပုံမှန်ထိတွေ့သူများထက် အပြာရောင်အလင်းနှင့် ပိုမိုထိတွေ့ဖြစ်သူများက
ယခင်ထက် အစားအသောက်ပိုများလာကာ ကိုယ်အလေးချိန်လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။

Planet

အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း ဗြိတိန်အမျိုးသမီးပြော

Posted by drmyochit Thursday, June 05, 2014, under | 1 comment


Thursday, June 5, 2014

ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။

၎င်းသည် အဆိုပါလေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင်သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။

ကက်သရင်းတီးနှင့် ခင်ပွန်းဖြစ်သူ မာ့ခ်ဟွန်းတို့သည် အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ရွက်လွှင့်နေစဉ် မတ်လ ၇ ရက်နေ့ ည၌ မီးလောင်နေသော လေယာဉ်တစ်စီးဟု ယူဆရသည့် အရာတစ်ခုကိုတွေ့ခဲ့သည်ဟု ပြောသည်။ ၎င်းသည် စိတ်ချောက်ချားနေခဲ့သည်ဟု ယူဆခဲ့သော်လည်း မီဒီယာသတင်းဖော်ပြချက်များကို သိရှိပြီးနောက် MH 370 ၏ လေကြောင်းခရီးစဉ်ကို ပြန်လည်သုံးသပ်ခဲ့ရာ ၎င်းတို့၏ခရီးစဉ်များမှာ တစ်ခုနှင့်တစ်ခု ဆုံခဲ့သည်ကို သတိပြုမိခဲ့သည်ဟု Business Insider သတင်းကဖော်ပြသည်။

‘‘ကျွန်မက လိမ္မော်ရောင်အလင်းတွေနဲ့ လေယာဉ်ကို တစ်ခါမှမမြင်ဖူးတော့ ဘာများပါလိမ့်ဆိုပြီး အာရုံစိုက်မိတယ်။ အဲဒီလေယာဉ်နောက်မှာ အမည်းရောင်မီးခိုးလုံးတွေလို့ ယူဆရတဲ့အရာတွေလည်း ပါတယ်။ တွေ့နေကျမဟုတ်တော့ အဲဒါဘာပါလိမ့်ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ အဲဒါ ဥက္ကာခဲပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိတယ်’’ဟု ကက်သရင်းတီးကပြောသည်။

ထို့နောက် ကက်သရင်းတီးက လေယာဉ်သည်တစ်စီးတည်းမဟုတ်ဟု ပြောကြားသည်။

‘‘အဲဒီအပေါ်မှာ နောက်ထပ်လေယာဉ်နှစ်စီး ရှိနေခဲ့တယ်။ သူတို့က ပုံမှန်လေကြောင်းအချက်ပြမီးတွေနဲ့ပါ။ ကျွန်မမြင်နေတဲ့ လေယာဉ်မီးလောင်နေတယ်ဆိုရင် ကျန်လေယာဉ်တွေက သတင်းပို့လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်’’ဟု ၎င်းကပြောသည်။

7 Day Daily

တောထဲသို့သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ




29-6-2013 ရက်နေ့တွင် မဒေါရွာမှ ကရင်မလေး မသိုက်ပိုသည် တောထဲသို့ သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ၍ ပုလောဆေးရုံသို့တက်ရောက်ကုသခဲ့ပါသည်။ ရန်ကုန်မျက်နှာ မေးရိုးနှင့် ခံတွင်းခွဲစိတ်
ကုသဌာနသို့ လွှဲခဲ့သော်လည်း သွားနိုင်သည့်အင်အားမရှိ။

ထပ်မံ၍ မြိတ်ဆေးရုံကြီးသို့ လွှဲခဲ့သည်။ မြိတ်သို့ပင်မသွားနိုင်ရှာ။ မသိုက်ပို၏ မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်ကို ပုလောမြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ ပုံပါအတိုင်းအတာအထိ ကောင်းမွန်ခဲ့ပါသည်။ အခမဲ့ကုသပေးရုံမက ဆေးရုံမှဆင်းသောအခါတွင်လည်း ထောက်ပံ့ငွေပါထောက်ပံ့ပေးခဲ့ပါသည်။

(Gavi ထောက်ပံ့ငွေမဟုတ်ပါ) မြန်မာတို့ထုံးတမ်းအစဉ်အလာအတိုင်း သူမတို့ဇနီးမောင်နှံက လက်ဆယ်ဖြာဖြင့် ကန်တော့ခဲ့ရာ ဆရာဝန်နှင့် ဆရာမအပေါင်းတို့မှာ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။

သို့သော် ပုလောဆေးရုံရှိ ဆရာမတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ပုလောဆေးရုံ၌ ငွေတောင်းခံခဲ့သည်ဟု ပုလောဆုံဆည်းရာgroup တွင် တင်ထားမှုများကြောင့် ဆင်းရဲနွမ်းပါသူ ချို့တဲ့သူများကိုလည်း အပင်ပန်းခံ ငွေကြေးစိုက်ထုတ်လှူဒါန်းလျက်ဆေးကုသပေးခဲ့ကြသူဆရာဝန် ဆရာမများတို့အဖို့ ဝမ်းနည်းစိတ်မကောင်း စိတ်ပျက်အားလျော့ခဲ့ကြရပါသည်။့

ပညာရှိကွန်ဖြူးရှပ်က အဆိုအမိန်တစ်ခု မိန့်ဆိုခဲ့ဖူးပါသည်။ မှောင်လိုက်တာလို့ ငြီးနေမဲ့အစား သင်ကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ရှာထွန်းလိုက်ပါ တဲ့ —— ဆိုတဲ့အတိုင်း — အခမဲ့ကျန်းကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆင်းရဲနွမ်းပါသူစာရင်းထဲ မရမနေအတင်းတိုးဝင်မဲ့ အစား ကိုယ့်ထက်ချို့တဲ့သူတွေ အခွင့်အရေးရဖို့ (ကွမ်းဖိုးဆေးလိပ်ဖိုး အရက်ဖိုး လောင်းကစားဖိုး) အမျိုးမျိုးလျော့ပြီး လူတိုင်းစေ့ free medical care မရနိုင်သေးတဲ့ ယနေ့အချိန်အခါမှာ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ဟာကို ကျခံခြင်းဟာလည်း အလှူတမျိုးဖြစ်ပါကြောင်း
ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းမိသားစု

မသန္တာ Facebookစာမျက်မှ ကူးယူဖော်ပြသည်။

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ

Posted by drmyochit Thursday, June 05, 2014, under | No comments


လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့…

Image and video hosting by TinyPic

၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။

၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်းကို နှောက်ယှက် စေပါ တယ်။

၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်…) စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များတာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။

၎။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့် သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာမှာ သတိထား သင့်ပါ တယ်။

၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့်ပါဘူး။

၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ်ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာသောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့်ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။

၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။

ကဲ…ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ……

health digest

ချစ်သူထံမှကိုလုံး ဖတ်ဖို့ရည်စားစာ (ဟာသ)

Posted by drmyochit Thursday, June 05, 2014, under | No comments



” တိန် ” !! သေ ပြီ ဆြာ

==========================
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်..သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး

စာဖောက်ဖတ်တာပေါ့ ။စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့

ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့

သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တော့တယ် ။

……………………………………………………

ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်ကခေါင်းပြတ်နေလို့လား) ။

ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကိုခေါင်းကြားညှပ်တာ..)

မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲဘာအကောင်ကြီး ဖြစ်မှန်းမသိ)

မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။

ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့် မီးမပြတ်တဲ့နိုင်ငံခြားတောင်သွားမလားလို့) ။

မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်! သူများတွေ အထင်လွဲတော့မှာပါပဲ.စွဲလန်း လုပ်ပါဟ…) ။

မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။ (ဒါနဲ့ပဲ တန်တယ်လေ..)

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။

ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲသွားကြည့်တာကိုး )

မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။

မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။

ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာထင်တာပေါ့လေ့..(မြက်ပင် လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။

ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..

အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့…..( အသံ..အသံ !! အထင်လွဲစရာတွေဖြစ်တော့မယ်) ။

တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.)

မျိုဂျီး ဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့…တ အ..အားအော်နေတာလေ(အော်..အသံဝင်လို့ အ အ

လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)

အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။

မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)

ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)

ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..

နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။

စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကိုအားကျလို့တဲ့အေ… သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ

လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.

ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်… ။ (အေး Dogလိုတော့မနေဘူးဟ)
ု
ကိုယ်ရယ်..မီး အရန်လွမ်းတာပွဲ (လွမ်းတာပဲ အရန်တွေ ၊ line-up တွေလွမ်းချင်သေးတယ်) ။

မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)

ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)

အကြွေးတွေလည်း အလ**လ** (တန်းပြင်ပေးလိုက်တယ်) ပဲ ။

မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့(တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။

ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ..(အေး..တိုင်နဲ့ခေါင်းနဲ့သာသေအောင်ဆောင့်ပေတော့)။

မီးစာ ရှည်သွားပီမို့ တော်သေပီ.. (မီးစာကုန်ပြီးမှ မီးသေမှာပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)

။……………ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ကြပါစေ …………….။

မချိုမချဉ်ဟာသများ
ဟာသကုမ္ပဏီ

Miss Universe Myanmar 2014 အလှမယ် ဆန်ကာတင် ရွေးချယ်

Posted by drmyochit Thursday, June 05, 2014, under | No comments


Miss Universe Myanmar 2014 အလှမယ် ဆန်ကာတင် ရွေးချယ်ပွဲကို ဇွန်လ ၄ ရက်နေ့မှာ ရန်ကင်းမြို့ နယ် က မြန်မာ လေညှင်း ကုမ္ပဏီ ရုံးခန်းမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။

ရွေးချယ်ခဲ့ရတဲ့ သူတွေဟာ နယ်အသီးသီးမှ လျှောက်လွှာရှင်တွေထဲက လူ ၄ဝကို  ၀င်ရောက် ယဉ်ပြိုင်စေ ခဲ့ကြတာပါ။ အဲဒီလို လူ ၄ဝ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသူတွေထဲက ဆန်ကာတင်အယောက်၂၀ ကို ရွေးချယ် ခဲ့ကြတာပါ။

ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက တချို့ဆို အခြား အလှမယ်ဆုရှင်တွေတောင် ပါဝင်ပါတယ်တဲ့။

Miss Universe Myanmar 2014 ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ခံရသူနဲ့ ပတ်သက်ပြီး လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းသမားများနဲ့ မိတ်ဆက်ပွဲ ကိုပြုလုပ် ကျင်းပ သွားမှာဖြစ်သလို  Website နှင့် Official Facebook တွင် ကြေငြာပေးသွားမှာဖြစ်တယ်လို့ Miss Universe Myanmar.com မှာဖော်ပြထားတာဖြစ်ပါတယ်။

ဆန်ကာတင် အလှမယ် ၂ဝ ရဲ့ အမည်စာရင်း။

ခါးနံပါတ် (၁) ခြူးနဒီခင်
ခါးနံပါတ် (၂) ရွှေစင်ကိုကို
ခါးနံပါတ် (၃) ပိုးအိဖြူစင်
ခါးနံပါတ် (၄) ဆွီတီကို
ခါးနံပါတ် (၅) စုနန္ဒာအောင်
ခါးနံပါတ် (၆) ဇွန်သံစဉ်
ခါးနံပါတ် (၇) ခိုင်မီမီဇော်
ခါးနံပါတ် (၈) သော်ရီကျော်
ခါးနံပါတ် (၉) Queenie
ခါးနံပါတ် (၁၀) လင်းလက်ဝင့်
ခါးနံပါတ် (၁၁) ယွန်းရတီ
ခါးနံပါတ် (၁၂) J Naw
ခါးနံပါတ်(၁၃) ပိုးကြာဖြူ
ခါးနံပါတ်(၁၄) ဇူးဇူးမြင့်လွင်
ခါးနံပါတ်(၁၅) ဆုမြတ်နိုးကျော်
ခါးနံပါတ်(၁၆) ယွန်းမှီမှီကျော်
ခါးနံပါတ်(၁၇) ဟေဇယ်ညီညီထွန်း
ခါးနံပါတ်(၁၈) သျှားထွဋ်အိန္ဒြာ
ခါးနံပါတ်(၁၉) မေဇင်မာကို
ခါးနံပါတ်(၂၀) အိမ့်မြတ်နိုး
တို့ဖြစ်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

ဘန်ကောက်မှာ လက်နက်ခဲယမ်းတွေနဲ့ လူသေ တလောင်းတွေ့

Posted by drmyochit Thursday, June 05, 2014, under | No comments

ထိုင်း နိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသမားတွေ စုဝေးရာ အရပ်တခုဖြစ်တဲ့ အစိုးရ အိမ်တော် အနီး က
ရေ မြောင်းထဲမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ လူသေအလောင်းတခုပါ ထိုင်းစစ်တပ်က ဇွန်လ ၄ ရက်
နေ့ နေ့လယ်ပိုင်းက သိမ်းဆည်းရမိပါတယ်။

အဲဒီနေရာဟာ အရင်က အစိုးရဆန့်ကျင်ရေး PDRC တွေ သိမ်းပိုက်ဖို့ လုပ်ခဲ့ကြတဲ့နေရာလည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတခုက ဆိုပါတယ်။

ထိုင်း နိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသား ပြည်သူ ကွန်ရက် NSPRT အဖွဲ့က ဆန္ဒပြ စင်မြင့် လုပ်ခဲ့ဖူးတဲ့ တံတားတခု အောက် ကနေ အခုလို ကျည်ဆံတွေ၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ တာ
ဖြစ် ပြီး မြေသြဇာ အိတ်တွေ၊ မိုးကာဖျင်စတွေ ပတ်ထုတ်ထားပြီး သဲအိပ်နဲ့ ဆွဲထားတဲ့ လူသေအလောင်း တခုကိုပါ တွေ့ခဲ့တာပါ။

လူသေလောင်းကတော့ အစိုးရဆန့်ကျင်ရေးဆန္ဒပြအဖွဲ့က ဖြစ်ပုံမရဘူးလို့တော့ ရဲအရာရှိက ပြော ထားပါတယ်။ စုံစမ်း စစ်ဆေးမှုတွေလည်း ဆက်လုပ်နေတယ်လို့ သိရပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ


Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Posted by drmyochit Thursday, June 05, 2014, under | No comments


လိပ်ခေါင်းကို ဆရာဝန်လို့ အခေါ်မခံရတဲ့ ဆေးကုသူများ၊ အာယုဗေဒ၊ ဟိုမီယိုနည်းတွေရှိလို့ ဆရာဝန်တွေသုံးတာ သက်သက်ကိုသာ ရေးပါမယ်။ တခြားနည်းတွေနဲ့ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ် ဆိုတာလဲ ဖြစ်နေတာကို သက်သာစေမယ်။ ဖြစ်စေတတ်တဲ့ အခြေခံတွေ မပြင်ရင် ထပ်ဖြစ်နိုင်တာလဲ သတိပြုရမယ်။

အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။
• ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။
• Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။
• Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။
• အတွင်းခံကို (ကော်တွန်) ကိုသာဝတ်ဆင်ပါ။
• ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ Toilet tissue ရေအိမ်သုံး စက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။
• ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။
• စအိုအဝကို မကုပ်မိပါစေနဲ့။
• (ဖိုင်ဘာ) များ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။
• Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။
• တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
• ဝမ်းသွားရင် မညှစ်ပါနဲ့။

ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ
• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊
• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။
- Rubber band ligation သားရေကွင်းစွပ်နည်း၊
- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။
- Sclerotherapy ထိုးဆေးနည်း၊
- Laser therapy လေဆာနည်း၊
- Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။

အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်း ဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်း ပျောက်ပါတယ်။

Sitz bath ရေနွေးထိုင်နည်း
ရေခပ်နွေးနွေးထဲမှာ တင်ပါး မြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေ လာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန် ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။
- Hemorrhoids (piles) လိပ်ခေါင်း၊
- Anal fissures (FIA) ဂရင်ဂျီနာ၊
- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
- သားအိမ် နာခြင်း၊
- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
- ဆီးအိမ်ရောင်ခြင်း၊
- ဆီးကျိတ်ရောင်ခြင်း နဲ့
- ဗဂျိုင်းနာရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။

• နာတာရော ရောင်တာကိုပါ သက်သာစေမယ်။
• Bathtub ရေချိုးစည်ဖြစ်ဖြစ်၊ Large basin ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ Plastic sitz bath ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။
• ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။
• ရေထဲကို ဆား၊ Baking soda မုံ့လုပ်ဆော်ဒါ၊ Vinegar ဗနီဂါ တွေလဲ ရောနိုင်တယ်။ ဘာမှ မရောလဲ ရပါတယ်။
• ရေကန်ထဲမှာ ရေအမြင့် 3 t- 4 inches (7.6 t- 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။
• အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။
• Sitz baths ဆိုတာ တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။
• Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ Inflammation and vaginal discharges ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ Fecal or urinary incontinence ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။
• အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။
• နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။
• အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။
• သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နဲနဲမြန်နိုင်တယ်။
• ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။
• တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Dr. တင့်ဆွေ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Posted by drmyochit Thursday, June 05, 2014, under | No comments


ဆရာ့လိပ်စာကို Medical Writings ဆေးပညာစုများကနေ ရတာပါ။ ကျွန်မ ရန်ကုန်ကပါ။ နာမည်က့ လို့ခေါ်ပါတယ်။ အသက် 23 ပါ။ ကျွန်မဖြစ်နေတာက လိပ်ခေါင်းရောဂါပါ။ စအိုအပြင်မှာ အသားစနှစ်ခုထွက်နေတာ ခုဆိုရင် ၄ နှစ်လောက် ရှိနေပြီဆရာ။ သူ အပြင်မှာထွက်နေပေမဲ့ ဘာမှသိပ်ထူးထူး ခြားခြားဝေဒနာ မခံစားရပါဘူး။ (ကန်တော့) အိမ်သာ တက်ရင် သွေးလည်းမပါပါဘူးဆရာ။ စဖြစ်တုန်းကတော့ အရမ်းနာတယ်ဆရာ။ ပြီးတော့ အဖွားက အုတ်နီခဲကို မီးဖုတ်ပြီး အပူနဲ့ ၅ ရက်လောက် တစ်နေ့မှာ ၁ နာရီလောက် ထိုင်ရ ပါတယ်။ အဲဒီနောက်ပိုင်း ဘာဆို ဘာမှ ဝေဒနာမခံစားရတေ့တာမို့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်နေခဲ့မိတယ်။ ဒီနေ့ ကျန်းမာရေးစာစုတစ်ခုမှာ ဖတ်လိုက်ရတာက ဒီအတိုင်းထားရင် သေနိုင်တယ်လို့ ရေးထားတော့ ဟုတ်မဟုတ် ဝေခွဲမရဖြစ်သွားတယ်ဆရာ။ ပြီးတော့ ကျွန်မကိုယ်တိုင်က အဲဒါကြီးကို ဆက်မရှိစေချင်တော့ပါဘူး။ ဘယ်လိုဆက် လုပ်သင့်လဲ၊ ဘယ်လိုနေထိုင်သင့်ဆိုတာ ဆရာဆီက အကြံပြုချက်လေး လိုချင်ပါတယ် ဆရာ။

လိပ်ခေါင်းရောဂါကနေ ဖြစ်လာနိုင်တာတွေက -
၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲပြစ်ရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။

လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊

ဝမ်းချုပ်ရင် ပြင်းတဲ့ ဝမ်းနုတ်ဆေးအစားခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကိုမအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်း ထည့်ဆေး တခုခုကို ဝမ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲလာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့ကထုံဆေးသဘောဖြစ်တယ်။

အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာမီးလှုံရင်း၊ မြေစိုက် မီးဖိုမှာထမင်းချက်ရင်း၊ သန်းရှာရင်းစသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလိုခုံအနိမ့်ကိုမသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာလုပ်ရတိုင်း၊ စအိုနေရာကိုစိတ်ကနေထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။အိမ်သာကဆောင့်ကြောင့် ထိုင်ရတာမျိုးကိုမသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။ ဝမ်းသွားပြီးတိုင်းစက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။

လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။
• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။
• ဝမ်းသွားပြီးတိုင်းစအိုကိုစိုနေတဲ့အဝတ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာအကောင်းဆုံးပါ။
• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေးတမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့ကနာတာ၊ ရောင်တာ၊ ယားတယတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -
- Proctosedyl ointment
- Homeopathic Hemorrhoid Relief ointment
- Anusol HC Ointment
- Avenoc Ointment
- Hemorrhoidal Ointment
- Heel/BHI - Hemorrhoid Relief Ointment 50g
- Hemmorex Ointment 1oz
- Avenoc' Ointment
- Medline Hemorrhoid Relief Ointment - 2 Oz Tube

အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2.Injection Sclerotherapyထိုးဆေးနည်း၊
3.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4.Laser Coagulation လေဆာနည်း၊
5.Hemorrhoidectomyခွဲစိတ်နည်း၊

အပြင်လိပ်ခေါင်းကုသနည်းများ
1.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2.Laser Coagulation လေဆာနည်း၊
3.Hemorrhoidectomyခွဲစိတ်နည်း၊

• ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ်တယ်။
• အပြင်လိပ်ခေါင်မှာရုတ်တရက်သွေးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်းချက်ချင်းလုပ်တာကောင်းတယ်။

မိမိဖါသာဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများကသူ့ဖါသာသူ ၁-၂ ပါတ်အတွင်းသက်သာလာ နိုင်တယ်။
• ဖိုင်ဘာများအစားအစာတွေ စားပါ။
• ရေတနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိုးမလုပ်ပါနဲ့။
• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။

Dr. တင့်ဆွေ

Blood sugar levels ဆီးချိုစစ်ခြင်း

Posted by drmyochit Thursday, June 05, 2014, under | No comments


ဆရာ မင်္ဂလာပါ။ ဆီးချိုရောဂါဟာ ဂလူကိုမီတာ အနည်းဆုံး ဘယ်လောက်သတ်မှတ်ချက်ရှိပါသလဲ ဆရာ။ မော်လမြိုင် ကပါ ဆရာ။

ေ သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေများ
(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။

(၂) ဆီးချိုအစအပိုင်း
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl
အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl

(၃) ဆီးချိုဖြစ်နေပြီ
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။
အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။

(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။

(၂) ဆီးချိုအမျိုးအစား (၂)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။
အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။

(၃) ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။

(၄) ကလေး ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ေ  ဒေါက်တာတင့်ဆွေ

Calcium (ကယ်လ်စီယမ်)

Posted by drmyochit Thursday, June 05, 2014, under | No comments


ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။

Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။
၁။ Hyperparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်းများနေခြင်း၊
၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။
• Multiple Myeloma (မာလ်တီပယ်-မိုင်လိုးမား)၊
• Squamous cell cancer of the lung အဆုပ်ကင်ဆာတမျိုး၊
• Breast Cancer (very advanced) ရင်သားကင်ဆာ နောက်ပိုင်း၊
• Kidney Cancer (very advanced) ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊
• Squamous Cell Cancer of the Head and Neck (very advanced) ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။
၃။ Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ရောဂါ
၎။ Vitamin D ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊
၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊
၆။ Milk-Alkali Syndrome ရောဂါ၊
၇။ Paget's disease of the Bone အရိုးရောဂါ၊

ဒါကြောင့် ဆေးသောက်လို့ ရောဂါရတဲ့အထိမဖြစ်ကြပါ။ ကျောက်ကပ်မှာ ရောဂါရှိမှသာ များနေမယ်။

Hypocalcemia (ကယ်လ်စီယမ်) နည်းနေခြင်း
သွေးစစ်တဲ့အဖြေမှာ 2.1 mmol/L or 9 mg/dl or an ionized calcium 1.1 mmol/L or 4.5 mg/dL ထက်နည်းတာကို ခေါ်တယ်။

ဘာတွေခံစားရမလဲ -
CATS go numb ဆိုပြီး အမှတ်ရလွယ်အောင် လုပ်ထားတာရှိတယ်။ Convulsions, Arrhythmias, Tetany and numbness တက်မယ်၊ နှလုံးခုန်တာ မမှန်ဖြစ်မယ်။ လက်၊ ခြေ နဲ့ ပါးစပ်နားတဝှိုက် ထုံနေမယ်။ ဒါ့ပြင် Petechiae သွေးခြည်ဥလေးတွေထွက်မယ်။ Tetany ကြွက်တက်တာမှာ ၂ မျိုးရှိတယ်။ ချက်ချင်းကြီး အရမ်းနာပြီးတက်တာနဲ့ စမ်းကြည့်မှ တက်တာ။ ဆရာဝန်တွေက Trousseau sign, Chvostek's sign ဆိုတဲ့နည်းတွေနဲ့လဲစမ်းကြည့်မယ်။ Laryngospasm နဲ့ Cardiac arrhythmias တွေကတော့ အသက်ကိုရန်ရှာနိုင်တဲ့ နောက်ဆက်တွဲဖြစ်မှာတွေဘဲ။ ECG ရိုက်ရင် မူမမှန်တာတွေတွေ့မယ်။

နည်းနေသူတွေမှာ ဒီလို အန္တရာယ်ရှိလာမှာကို သတိထားရမယ်။
• Excessive bleeding သွေးယိုမယ်၊
• Fainting or feeling lightheaded မူးမေ့ချင်မယ်၊
• Hematoma အထဲသွေးယိုလို့ဖေါင်းနေတာဖြစ်မယ်၊
• Infection ရောဂါပိုးဝင်လွယ်မယ်၊
• Multiple punctures to locate veins သွေးခြည်ဥပေါ်မယ်။

ဘယ်လိုပြုပြင်မလဲ
အရေးပေါ်ဖြစ်ရင် Calcium gluconate 10% ၂ လုံးကို တခါတည်း ဖြေဖြေး ၁ဝ မိနစ်ကြာ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဒါပေမဲ့ နည်းနေတာက နာတာရှည်ဖြစ်ပြီး ဆိုးဝါးနေသူကို အဲလို မပေးရဘူး။

(ကယ်လ်စီယမ်) ဘယ်လောက်လိုသလဲ -
အသက်။ ကျား-မ အလိုက်လိုအပ်တယ်။
ယောက်ျား (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51-70 years 1,000 - 2,000 mg
71 and older 1,200 - 2,000 mg
မိန်းမ (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51 and older 1,200 - 2,000 mg

(ကယ်လ်စီယမ်) စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။

(ကယ်လ်စီယမ်) နဲ့ အစားအသောက်
• နွားနို့၊ ဒိန်၊ ဒိန်ခဲ၊
• အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊
• အရိုးပါစားလို့ရတဲ့ငါးများ၊
• (ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။

သက်သတ်လွတ်စားသူ၊ lactose intolerance ရောဂါရှိသူ၊ (ပရိုတင်း) အစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးမကောင်းသူ၊ Corticosteroids ဆေးကြာကြာသုံးနေရသူတွေမှာ အစားအသောက်ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။

ဘယ်လိုဆေးသောက်မလဲ
• Calcium carbonate (40 % elemental calcium)
• Calcium citrate (21 % elemental calcium)
• Calcium gluconate (9 % elemental calcium)
• Calcium lactate (13 % elemental calcium)

Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က ဈေးချိုတယ်။ တခြား ဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။

အမျိုးသမီး နဲ့ ကယ်လ်စီယမ်
• အမျိုးသမီးတိုင်း တနေ့မှာ 1000 mg လိုတယ်။
• အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 to 1,500 mg per day
• နို့တိုက်မိခင်တွေ 1,000 mg to 1,300 mg per day
• သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။

ဒေါက်တာတင့်ဆွေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်