Friday, June 06, 2014

ပိန်ချင်လား၊ ကျန်းမာချင်လား … ဆန်ပြုတ်စား

Posted by drmyochit Friday, June 06, 2014, under , | No comments

ကိုယ်အလေးချိန် ချချင်တဲ့သူတွေ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာက ဘာလဲ။ ရန်ကုန်မြို့လယ်ခေါင်မှာ နှစ် ၄ဝလောက် စားသုံးသူတွေ အားပေးမှုရနေတဲ့ဆိုင်ကတော့ လမ်း၂ဝ ဆန်ပြုတ်ဆိုင်ပါ။ ဆန်ပြုတ်က ဘာတွေထူးခြားလို့လဲ။

ကြက်ပေါင်းရည်နဲ့ ပြုတ်ထားတာဖြစ်လို့ ဆန်ပြုတ်ထဲမှာ ကြက်ပေါင်းရည် အာနိသင်ပါပြီး အစာလည်း ကြေလွယ်၊ ဝမ်းလည်းကောင်းတာကြောင့် ဖြစ်တယ်လို့ ဆိုင်နာမည်မရှိပေမယ့် ညီအစ်ကိုသုံးယောက်ဆန်ပြုတ်ဆိုပြီး လူသိများတဲ့ ဆန်ပြုတ်ဆိုင်ပိုင်ရှင် ကိုရဲဝင်းအောင်က ဆိုပါတယ်။

ဆန်ပြုတ်ဆိုတာ နေမကောင်းတဲ့အခါ စားရတဲ့ လူမမာစာလို့ ခေါ်ကြပေမယ့် လမ်း ၂ဝက ဆန်ပြုတ်ကတော့ တော်တော်ကွာပါတယ်လို့ ပြောသူက ကိုဇေယျာမင်းပါ။

နောက်ထပ် စားသုံးသူတစ်ယောက်ဖြစ်တဲ့ ကိုစိုးလင်းထက်က ဒီဆန်ပြုတ်ဟာ လက်ရာမပြောင်းအောင် ထိန်းထားနိုင်တာနဲ့ ငါးဆန်ပြုတ်ဟာ အစာအိမ်အတွက် အကောင်းဆုံးမို့ လာစားဖြစ်တယ်လို့ ညွှန်းပါတယ်။

ကဲ အခုတော့ ကိုရဲဝင်းအောင်ကိုယ်တိုင် နာမည်ကျော် ဆန်ပြုတ်ကို ဘယ်လိုလုပ်လဲဆိုတာ အခုလိုပဲ ရှင်းပြပေးပါတယ်။

Kamayut Media

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ

Posted by drmyochit Friday, June 06, 2014, under | No comments

ခင်ငြိမ်းသစ်(ရန်ကုန်)

မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေး သည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။

အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။

ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခက်တို့ကလည်း အဓမ္မပြုကျင့်ခဲ့သည့် အပြင် အခြား သူများ သိရှိ သွားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ကာယကံရှင်ကပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၃၊ ဒီဇင်ဘာလ ၃၀ ရက်က တစ်ဖက်ရွာနေ ကရင်က ရေခပ်ပြန်လာသည့် မိန်းကလေးငယ်အား အဓ္ဓမပြုကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် ၎င်း၏ အဒေါ်နှင့်အတူ ရဲစ ခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ အမှုဖွင့်စဉ် အဓိက တရားခံ လှိုင်ကြည်စိုးက ထွက်ပေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအမှုကိုကိုင်တွယ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးက “အခုခေတ်မှာ အပြာကားအခွေတွေ ပေါပေါလောလော ၀ယ်လို့ရနေတယ်။ ဒါကြောင့် ဒီလိုအဓမ္မမှုတွေက နိုင်ငံတစ်ဝန်းလုံးများလာတယ်။ အသက်မပြည့်သေးတဲ့ သူတွေကို ဒီလို လုပ်တာကတော့ တော်တော်ဆိုးပါတယ်” ဟု မမီးမီးက သုံးသပ်ပြောကြားသည်။

Mizzima - News in Burmese

“လူလာရင် ဒီလို လူမလာရင် ဒီလို..” (ဟာသ)

Posted by drmyochit Friday, June 06, 2014, under | No comments


ရှမ်းပြည်နယ်စပ် တစ်နေရာက မြို့လေးတစ်မြို့ရဲ့ ဈေးတစ်ဈေးမှာ မဗာစကားသိပ်မတတ်သော တောင်ပေါ် ရှမ်းမလေး တစ်ယောက် အမည်မသိသော အသား ရောင်းနေသည်။

ဗမာမ တစ်ယောက်ကလာမေးသည်။

““ဒါ ဘာအသားလဲ””

အမည် မပြောတတ်တော့ လက်ဟန်လုပ်ပြတယ် လက်တစ်ဘက်က ကွင်းပြီး လက်ညိုးတစ်ဘက်က ထိုးလိုက် ထုတ်လိုက်လုပ်ပြီး..

““လူလာရင် ဒီလို လူမလာရင် ဒီလို ဒီလို ဒီလို အသားလေ””

ဒါနဲ့ ဗမာမ က သူ့ကို လက်ညိုး ထိုးလိုက် ထုတ်လိုက် လုပ်ပြရမလားဆိုပြီး…

““ဟေ့ ငါ့ကို ဘယ်လိုမိန်းမမျိုးအောက်မေ့နေသလဲ စော်ကားလှချည်လား””တဲ။

့ အော်ကြီးအော်ကျယ် စကားများနေကြတာ နဲ့ ဘေးက လည်လည်ဝယ်ဝယ်ရှိတဲ့ ရှမ်းလူမျိုးတစ်ယောက်က လာပြီး ဖြစ်စဉ်မေးမြန်းကာ…

““အော် ဒီလိုပါ အမ သူက ဗမာလိုမပြောတတ်လို့ ပုံစံလက်ဟန်ပြရတာတဲ့ သူရောင်းနေတာက လိပ် သားပါတဲ့””

““ ငွင့်.. အဲ့သလိုလား..မသိဘူးလေကွယ်””

မချိုမချဉ်ဟာသများ

“ဦးဇင်းသာဝ အလိမ်ခံရ.. (ဟာသ)

Posted by drmyochit Friday, June 06, 2014, under | No comments



တချိန်က…လင်မယားနှစ်ယောက်ရှိတယ်တဲ့ ။
ကိုသာဝ ဆိုသူက နေ့စဉ်လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ်စကားများကြတတ်တယ် တဲ့။

မိန်းမဖြစ်သူက အကောင်းဆုံးနည်းလမ်းရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်း လိုက်တယ်တဲ့။

့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်းဝတ်ဖြစ်သွားတယ် တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူဘ၀နှင့်ဦးဇင်းဘ၀ကို စဉ်းစားတယ်။

“အင်း အိမ်ထက်စာရင် သင်္ကန်းဝတ်ရတာ ပိုအေးချမ်းတယ်”

(၂)လ ကြာသော် လူထွက်ချင်စိတ်မရှိ မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည် (၃)လ ရောက်သော်လည်း လူထွက်ဖို့ အသံမကြား တစ်နေ့တွင် မိန်းမဖြစ်သူက…

““ဦးဇင်းဘုရား တပည့်တော်မ တို့၏ခြံစည်းရိုး ပေါက်ပြဲနေပြီး လူဝင်လိုက် ခွေးဝင်လိုက် နဲ့ ဘယ်လိုလုပ်ရမလဲဘုရား””

““ဟ ကပ္ပိယကြီးရှိတယ်လေ သု့ကိုကာခိုင်းလိုက်””

ဒီလိုနဲ့ နောက်တစ်လလည်း လူမထွက် ဒီတစ်ခါ..

““ဦးဇင်းဘုရား မိုးတွေကလည်းကျလာပြီ အိမ်ခေါင်မိုးလည်းမလုံဘူး ဘယ်လိုလုပ်ရမလဲဘုရား””

““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””

နောက်(၁)လ ကြာလဲ မထူး
““အင်း ဘယ်လိုလုပ်ရမလဲ””
နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…

““ဦးဇင်းဘုရား…..တပည့်တော်မ၏ပေါင်ကြားမှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီးကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား””

လို့ လျှောက်ပြီးပြန်လှည့်သွားသည်။
ဦးဇင်း စဉ်းစားသည်.. ပီးကာမှ ကမန်းကတန်းနဲ့…

““ဟေ့ဟေ့ ဒကာမ ခဏနေဦး ဒါတော့ကပ္ပိယကြီးကို ညှစ်ခိုင်းလို့မဖြစ်ဘူး ငါလာညှစ်ပေးမယ်““ ဆိုပြီး ချက်ချင်းလူထွက်ကာ အိမ်ရောက်တော့ …
့
““ပေးပေး ဘယ်မလဲ အနာ””
““ဘာ..အနာ မှ မရှိဘူး ရှင့်ကိုသတိရလို့ လိမ်ပြောတာ ဟိဟိ””

““ဟာ့…သေနာမ အဟုတ်မှတ်လို့””


credit > အတိုအထွာဟာသလေးများ

ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး ဆွေးနွေးမှု အငြင်းပွားမှုများဖြင့် အဆုံးသတ်

Posted by drmyochit Friday, June 06, 2014, under | No comments


ရန်ကုန်၊ မဇ္ဈိမ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေးရာ ကိစ္စများနှင့် ပတ်သက်၍ အလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျင်းပခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားမှုများဖြင့် အဆုံး သတ်ခဲ့သည်ဟု မောင်တော ကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ကြေညာချက် ၆ ခုထုတ်ပြန်ခဲ့ပြီး ဆွေးနွေးခဲ့ရာတွင် ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူ ညီမှုကို မြန်မာဖက်က စတင်ချိုးဖောက်သည်ဟု ဘင်္ဂလားဒေ့ရှ်ဖက်မှ စတင်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မေ ၂၈ ရက်က နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၅၂ အနီးတွင် မြန်မာ နယ်ခြားစောင့်တပ်က ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလားတပ်မှ အရာရှိငယ်တစ်ဦး ကျဆုံးသည်ဟု ပြောဆိုခဲ့ပြီး၊ ၎င်း၏ ရုပ်အလောင်းကို မေ ၃၀ရက်က ပြန်ပေးရန် သဘောတူညီခဲ့မှုကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို နှစ်နိုင်ငံနယ်စပ်တွင် ပူးပေါင်း တိုက်ဖျက်ရေး တို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြဆွေးနွေးခဲ့သည်ယင်း အစည်းအဝေးခန်းမတွင်ရှိသော ဦးအောင်မြင့်သိန်းက ပြောသည်။

“နှစ်ဖက်ဆွေးနွေးတာတော့ အေးအေးဆေးဆေးပဲ ပြီးသွားတယ် ပထမ ပိုင်းမှာတော့ ဟိုဘက်ကလည်း ဒီဘက်က ပစ်တယ်ပြောတယ်၊ ဒီဘက်ကလည်း ဟိုဘက်က ကျူးကျော်တယ်ပြောတယ်၊ နောက်ဆို ဒီလိုမျိုးမဖြစ်အောင် နှစ်နိုင်ငံနယ်ခြားသဘော တူညီမှုကိုအလေးအနက် လိုက်နာကြဖို့လိုတဲ့ အကြောင်းနဲ့ အဆုံးသတ်တယ်”ဟု ကုန်စည်အသင်းဥက္ကဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါဆွေးနွေးပွဲကို မောင်တော နယ်စပ် ကုန်စည်အသင်း ရုံးခန်းတွင် ဆွေးနွေးခဲ့ပြီး နှစ်ဖက် နိုင်ငံမှ နယ်ခြားစောင့်တပ်များသာ သီးခြားတွေ့ဆုံခဲ့သည်ခြင်း ဖြစ်သည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် မြန်မာ စစ်တပ်တို့ အကြား ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သား ၇ ဦး ကျဆုံးခဲ့သည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာ အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့၏ တပ်သားသာဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ထားသည်။

ကေဇူး
Mizzima - News in Burmese

လယ်သစ်အရှေ့ကျေးရွာမှ မိန်ကလေးမွေးဖွားပြီး (၂)လအကြာ ဖိုအင်္ဂါ ထွက်ပေါ်လာ

Posted by drmyochit Friday, June 06, 2014, under | No comments

တနင်္သာရီ ဇွန်(၄) ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ အုပ်စု-လယ်သစ် အရှေ့ရွာနေ ဦးမင်းစိုး+ဒေါ်ရင်မူ တို့၏ ပထမ သမီးဦး ရတနာကို မြိတ်ပြည်သူ့ဆေးရုံတွင် မတ်လ(၂၄)ရက်၌ မွေးဖွား ခဲ့စဉ်က မိန်းခလေးစင်စစ် မွေးဖွားလာခဲ့ပြီး အသက်(၂)လ အရွယ်ရောက် လာသည့် အခါ သူ့အလိုလို (ဖို)အင်္ဂါ တစ်ခုထွက်ပေါ်လာပြီး (ဖို+မ) အင်္ဂါ ယှဉ်တွဲပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အား ရပ်နီးရပ်ဝေးမှ သတင်းကြား၍ လာရောက်ကြည့်ရှုသူများ လေ့လာသူများနှင့် စည်ကားလျက်ရှိသည်။ ၎င်းသမီးလေးကို (နာမည်မမှည့်ရသေး)ကြောင်းနှင့် သူမသည် အပေါ့သွားသည့် အခါတွင် မိန်းမအင်္ဂါဖြင့် ဆီးသွားကြောင်း သိရှိရသည်။

၎င်း မိန်းမလေး၏ ကျန်းမာရေး အနေအထားအရ ကြင်နာဂရုဏာထားသော အားဖြင့် ကူညီထောက် ပံ့လိုပါက လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှရင်မှတစ်ဆင့် ဖုန်းနံပါတ် Ph: 09876 3692သို့ ဆက်သွယ် လှူဒါန်း/ကူညီမှု ပေးနိုင်ပါကြောင်း သိရှိရသည်။

MOI Webportal Myanmar

Asia Pacific World 2014 သရဖူရ၇ှိခဲ့သည့်မေမြတ်နိုးသည် ပြန်လည်ရောက်ရှိ

Posted by drmyochit Friday, June 06, 2014, under | No comments


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
Asia Pacific World 2014 သရဖူရရှိခဲ့သည့်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန်လ ၅ ရက်ည ၁၀ နာရီတွင် ကိုရီးယားလေကြောင်းလိုင်း KE471/8M7701ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ပြန်လည်ရောက်ရှိလာသည့်မေမြတ်နိုးကို ရင်းနှီးသည့်မိတ်ဆွေများလာရောက်ကြိုဆိုခဲ့ကြပြီး မော်လ်ဒယ် ထွန်းကိုကိုနှင့် မြတ်သူရလွင်တို့အပါအ၀င် သူငယ်ချင်းများလည်းလာရောက်ကြိုဆိုခဲ့ကြသည်။


From: 7 Day

ကိုးရီးယားနိုင်ငံတွင် ပြုလုပ်ကျင်းပသော Miss Asia Pacific World 2014 ပြိုင်ပွဲတွင် သရဖူဆွတ်ခူး ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုး က ယနေ့ ဇွန်လ ၅ ရက်နေ့ ည ၁၀ နာရီမှာ ကိုးရီးယား အဲလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ်။

ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မလျော်ကန်စွာ ယူဆောင်သူ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးအား ဖမ်းဆီးအရေးယူ

Posted by drmyochit Friday, June 06, 2014, under | No comments

လားရှိုး၊ ဇွန် (၅)

၂၀၁၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း ၁နာရီခွဲအချိန်ခန့် တွင် လားရှိုးမြို့ နယ်၊ ဆုံကွယ် ကျေးရွာ အုပ်စု၌ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား မဖွယ်မရာ ပြုလုပ် သယ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ ရှိခဲ့သူများက သက်ဆိုင်ရာသို့  သတင်းပို့ တိုင်တန်းခဲ့ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

မရီရီအောင် (၄၃) နှစ်သည် လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) နယ်မြေ (၁၂) တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က ပထမအိမ်ထောင်နှင့် သားကြီးဖြစ်သူကို မွေးဖွားပြီး မီးတွင်း၌ အမျိုးသားဖြစ်သူနှင့် စကားများရာမှ အမျိုးသားဖြစ်သူက ရိုက်နှက်ခဲ့မှုကြောင့် စိတ်ဖောက်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မိသားစု ဆွေးမျိုးသားချင်းများက ဆေးဝါးကုသစောင့်ရှောက်ပေးခဲ့ရာ ဈေးရောင်း
ခြင်း၊ နေကြာစေ့ထုတ်ခြင်း စသည့် ကျဘမ်းအလုပ်များကို လုပ်ကိုင်နိုင်သော်လည်း တစ်နှစ်လျင် (၂) ကြိမ်ခန့်  စိတ်ဖောက်ပြန်မြဲဖြစ်ပြီး တစ်ကြိမ် စိတ်ဖောက် ပြန်လျင် (၁)လခန့်  ကြာမြင့်တတ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသောနေ့ တွင် မရီရီအောင်သည် လားရှိုးနယ်မြေရဲစခန်း မြောက် ဘက်၊ (၂)မိုင်ခန့် အကွာ၊ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်းရပ်ကွက်ရှိ ညောင်ပင်တွင် ကိုးကွယ်ထားသည့် ဥာဏ်တော် (၆)လက်မခန့် ရှိ သစ်သားရုပ် ပွားတော်တစ်ဆူအား မသင့်လျော်သည့်နည်းဖြင့် ရွာစပ်လယ်ကွင်းသို့  ယူဆောင် သွားသည်ကို ဆုံကွယ်ကျေးရွာနေသူ မအေးမူ ကတွေ့ ရှိခဲ့ရာ ယောက်မဖြစ်သူ ဒေါ်နှင်းအား အော်ခေါ်ပြီး မရီရီအောင်ထံမှ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်လုယူ
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအေးမူကကလည်း ဖြစ်စဉ်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ သို့  အကြောင်းကြားခဲ့ရာ ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီဥက္ကဌနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့ က မရီရီအောင်အား မွန်းလွဲပိုင်း ၁နာရီ ၄၅ မိနစ်အချိန်ခန့် တွင် ဖမ်းဆီးပြီး နယ်မြေရဲစခန်းသို့  အကြောင်းကြားခဲ့ကြောင်း သိရသည်။

သတင်းပို့ တိုင်ကြားချက်အရ လားရှိုးနယ်မြေရဲစခန်းမှ ဒုရဲအုပ် လှိုင်မင်းဆန်းနှင့် အဖွဲ့ သည် နေ့ လည် ၂နာရီခန့် တွင် ဆုံကွယ်ကျေးရွာသို့  ရောက်ရှိပြီး မရီရီအောင်အား ခေါ်ဆောင်လာရာ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး၊ ဒုရဲမှူးကြီး လှမျိုးရှိန်၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး အောင်ကျော်မိုး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး ယာယီရဲမှူး တင်ဖေ၀င်းနှင့် အဖွဲ့ သည် နယ်မြေရဲစခန်းသို့  ရောက်ရှိပြီး ဘာသာရေး ပဋိပက္ခများနှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အထောက်အကူပြုအဖွဲ့ များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မရီရီအောင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီမံဆောက်ရွက်ခဲ့ရာ မရီရီအောင်အား လားရှိုးနယ်မြေရဲစခန်းက (ပ) ၇၆/၁၄၊ ပြစ်မှု ၂၉၅ အရ အမှုဖွင့်ထားပြီး စခန်းမှူး ရဲအုပ်စန်းယု က စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

ဤဖြစ်စဉ်တွင် ကျူးလွန်သူ မရီရီအောင်သည် စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးဖြစ်ကြောင်း၊ သူမကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်ဟု ပြောပြကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများတွင်လည်း သူမအား ဗုဒ္ဓဘာသာဝင်ဟု ဖော်ပြထားကြောင်း၊ သူမနေအိမ်တွင်လည်း ဗုဒ္ဓဘာသာ ဘုရားစင်ကို တွေ့ မြင်ခဲ့ရကြောင်း လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့ မှူး တင်ဖေ၀င်း ကပြောပြ
သည်။

ထို့ အပြင် လားရှိုးမြို့ အေးချမ်းသာယာရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့  များက လှည့်ကင်းများဖြင့် မြို့ လုံခြုံရေးကို ဆောင်ရွက်ပေးနေသလို လားရှိုးမြို့ မှာလည်း ပုံမှန်သွားလာသူများဖြင့် အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။



သမန်းကျား
Lashio News Diary

ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ

ဘားအံ ဇွန် ၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်ကော့ ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်မှာ ရှေ့မှမျက်နှာ ချင်းဆိုင် မောင်းနှင်လာသောယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ် 8I/----မော်တော်ယာဉ်အား ယာဉ်မောင်း ဦးခင်မောင်ဦး (၅၃ နှစ်)၊ ယာဉ်နောက်လိုက်စောရန်နိုင်(၁၉ နှစ်) တို့ မောင်းနှင်၍ရန်ကုန်မြို့မှ ကော့ကရိတ် မြို့သို့ ထွက်ခွာလာရာ ဘားအံမြို့နယ်ရှမ်းကုန်းကျေးရွာအနီး ဘားအံမြ၀တီ ကားလမ်း တံတား အမှတ်၁/၂၇ နှင့် မိုင်တိုင်အမှတ် ၂၆/၂အကြား တွင် မြ၀တီမြို့မှ မောင်းနှင်လာသည့် ၁၂ ဘီးကား ကုန်တင်ယာဉ် တစ်စီးကို မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အနိမ့်ပိုင်းသို့ ထိုးကျတိမ်းစောင်း သွားခဲ့ သော်လည်း ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် ၂၆ ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

လမ်းဘေးထိုးကျ ယာဉ်တိမ်းစောင်းမှုကြောင့် ယာဉ်အရှေ့ညာ ဘက်ခြမ်း၊အောက် ပိုင်း ပျက်စီး၊ ယာဉ်ညာဘက် ဘော်ဒီ အနည်းငယ်ပျက်စီး၊ ယာဉ်နောက်ပိုင်းညာဘက်ခြမ်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ရာဇာမင်း အထူး မှန်လုံယာဉ်လမ်းဘေးထိုးကျ တိမ်းစောင်းမှုနှင့် ပတ်သက်၍ သာယာကုန်းရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေး၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးခင်မောင်ဦးကို အိန္ဒုနယ်မြေရဲစခန်းမှ ရဲအုပ်ရဲထွန်းအောင်က စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI

Thursday, June 05, 2014

အဓိပတိမာကယ်၏ဖုန်း အမေရိကန် ခိုးနားထောင်မှု ဂျာမနီ စတင်စုံစမ်းစစ်ဆေး

Posted by drmyochit Thursday, June 05, 2014, under | No comments


ဂျာမနီအဓိပတိ မစ္စစ်အန်ဂျလာမာကယ် ၏လက်ကိုင်ဖုန်းကို  အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက စောင့်ကြည့်ခဲ့သည်ဆိုခြင်းအပေါ် ဂျာမနီအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်ဟု အရာရှိများက ဗုဒ္ဓဟူးနေ့ကပြောကြားသည်။

ယခုလုပ်ရပ်ကြောင့် မဟာမိတ်နှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုကို ထပ်မံရှုပ်ထွေးစေနိုင်သည်ဟု အေပီသတင်းကဖော်ပြပြီး စုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးနိုင် ခြေရှိမည်လားဆိုသည်မှာ မရှင်းလင်းသေးဟုလည်း အေပီကဖော်ပြသည်။

NSA ၏သတင်းများပေါက်ကြားစေခဲ့သူ အက်ဒဝပ်စနိုးဒန်ကအောက်တိုဘာလတွင်ဖော်ထုတ်ခဲ့သော စာရွက်စာတမ်းများအရ အမေရိကန်နိုင်ငံသည် မစ္စစ်မာကယ်၏ လက်ကိုင်ဖုန်းစကားပြော  ဆိုမှုများနှင့် အခြားနိုင်ငံခြားခေါင်းဆောင် ၃၅ ဦးကိုလည်း စောင့်ကြည့်နေခဲ့သည်ဟုပါရှိသည်။ ယင်းအတွက် မစ္စစ်မာကယ်လ်က ဒေါသဖြစ်ရကြောင်း ပြောကြားပြီး ဝါရှင်တန်အပေါ် လေးနက် သောယုံကြည်မှု ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။

တရားဝင်စုံစမ်းစစ်ဆေးမှု  ဖွင့်လှစ်ရေးလပေါင်းများစွာ စဉ်းစားနေခဲ့ပြီးနောက် အဓိပတိအန်ဂျလာမာကယ်၏လက်ကိုင်ဖုန်းကို အမေရိကန်ထောက်လှမ်းရေးဌာနမှ မည်သူမည်ဝါ မသိသေးသော ပုဂ္ဂိုလ်များက ထောက်လှမ်းနေခဲ့ကြောင်း ပြည့်စုံသောအချက်အလက်အထောက်အထားရှိသည်ဟု ဖက်ဒရယ် ရှေ့နေချုပ် ဟာရယ်ရန့်ခ်ျ ကဆုံးဖြတ်ခဲ့သည်ဟု ၎င်း၏ရုံးကပြောကြားသည်။

‘‘နိုင်ငံခြားထောက်လှမ်းရေးဌာန လျှို့ဝှက်အေးဂျင့်တွေလှုပ်ရှားတာဟာ ဂျာမနီနိုင်ငံမှာ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီနေရာမှာလည်း မိတ်ဆွေတစ်ယောက်ရဲ့ထောက်လှမ်းရေးအေဂျင်စီလား၊ တခြားနိုင်ငံကလား ဆိုတဲ့အပေါ်မူတည်မနေပါဘူး’’ဟု ဂျာမနီအစိုးရရှေ့နေချုပ်ကစုံစမ်းစစ်ဆေးမှုပြုလုပ်ရေး ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် သတင်းထောက်များအားပြောကြားသည်။

စုံစမ်းစစ်ဆေးမှု၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ မစ္စတာဟာရယ်ရန့်ခ်ျက မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

Ref: AP
7 Day Daily

ပြည့်တန်ဆာတန်း ပိတ်မည့်အစီအစဉ် အင်ဒိုနီးရှားလိင်လုပ်သားများ ဆန့်ကျင်ဆန္ဒပြ

Posted by drmyochit Thursday, June 05, 2014, under | No comments

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဒိုလီဒေသရှိ ပြည့်တန်ဆာတန်းပိတ်မည့်အစီအစဉ်ကို ဆန့်ကျင်သည့် လိင်လုပ်သားများ၏ ဆန္ဒပြပွဲတွင် ဒေသခံများ ပါဝင်ဆန္ဒပြနေသည်ကို ဇွန်လ ၅ ရက်က တွေ့ရစဉ် (Juni KRISWANTO/AFP)

အရှေ့တောင်အာရှ၏ အကြီးဆုံးပြည့်တန်ဆာတန်းများအနက် တစ်ခုပိတ်မည့်အစီအစဉ်ကို အင်ဒိုနီးရှား လိင်လုပ်သား ၁,၀၀၀ ကျော်က ဇွန်လ ၅ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အပေါ်ပိုင်း လုံလုံခြုံခြုံဝတ်စားကာ စကတ်တိုများ ဝတ်ဆင်ထားသည့် လိင်လုပ်သားများသည် ၎င်းတို့ မည်သူ မည်ဝါဖြစ်သည်ကို ခွဲခြားမရစေရန် မျက်နှာများအား ဖုံးအုပ်ဆန္ဒပြခဲ့ကြသည်။

မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၏ ဒိုလီဒေသရှိ ပြည့်တန်ဆာ တန်းကို အာဏာပိုင်များ လျစ်လျူရှုထားခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

သို့သော် မြို့တော်ဝန်သစ်က ယခုအခါ ယင်းပြည့်တန်ဆာတန်းကို ပိတ်ပစ်မည်ဟု ကြွေးကြော်ထားသည်။ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်မဟုတ်ဟု ဒိုလီဒေသတွင် အလုပ်လုပ်သော အမျိုးသမီးများစွာက ပြောသည်။

ဇွန်လ ၅ ရက်တွင် လိင်လုပ်သား ၁,၂၀၀ ခန့်သည် ယင်းဒေသအနှံ့ ချီတက်ဆန္ဒပြခဲ့ကြောင်း ယင်းနေရာတွင် သတင်းယူနေသည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောသည်။

၎င်းတို့က အင်ဒိုနီးရှားသမ္မတ ယူရိုယူနိုနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

ယင်းလိင်လုပ်သားများကို ငွေကြေးအကူအညီပေးမည်ဟု ဆူရာဘာယာမြို့တော်ဝန် ထရီရစ်မဟာရီနီက ကတိပြုထားပြီး လက်မှုပညာရပ်များကဲ့သို့ ၎င်းတို့ စွမ်းရည်သစ်များ ရှိလာစေရန် ဒေသဆိုင်ရာ အာဏာပိုင်များက သင်ပေးလိမ့်မည်ဟု ပြောကြားထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြည့်တန်ဆာများကို တွေ့မြင်နေကျ ဖြစ်သော်လည်း ယင်းအလုပ်မှာ နိုင်ငံတွင် တရားမဝင်ပေ။

—Ref: AFP
7 Day

လာဘ်ပေးလာဘ်ယူမှုက အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားဟု သမ္မတပြော

Posted by drmyochit Thursday, June 05, 2014, under | No comments


နေပြည်တော်၊ မဇ္ဈိမ။ ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေသည့် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပျက်စီးစေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

၎င်းက “ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၃ ခုနှစ်မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ဇွန်လ ၅ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ခုနှင့် တစ်ခုဆက်စပ်မှုရှိနေသည်ဟုလည်း သမ္မတက ပြောသည်။

“ဂေဟစနစ်ပျက်ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီးရေလျှံမှု၊ မိုးခေါ်ရေရှားဖြစ်မှုစသည်တို့ ဖြစ်ပေါ်လာပါက အခြားသူများထက် ဆင်းရဲသားများက ပိုမိုခံစားရလျက်ရှိပါသည်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့စီးပွားရေးနှင့် စက်မှုလုပ်ငန်းရင်းနှီးမြှပ်နှံမှုများ တိုးပွားလျက်ရှိသော်လည်း သံယံဇာတ ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ကတိပြုလိုက်သည်။

၎င်းက “အဲဒီလိုသာမဆောင်နိုင်ခဲ့ရင် ကျွန်တော်တို့ သံယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြတော့မှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်များအနေနဲ့ အဲဒီဒဏ်ကို ခံစားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် အစိမ်းရောင်စီးပွားရေးမူဝါဒများကို ခိုင်မာစွာချမှတ်ထားပြီး ဖြစ်သည်ဟုလည်း ပြောသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် “ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကမ္ဘာမြေပူနွေးမှု လျှော့ချရေးဆိုင်ရာ လှုပ်ရှားမှုအသံများ တိုးမြှင့်”ထားရန် ဖြစ်သည်။

Mizzima Burmese

အမေရိကန်ုနိုင်ငံ အနောက်အလယ်ပိုင်းတွင် ဘေ့စ်ဘောလုံးအရွယ်မိုးသီးများကြွေကျ

Posted by drmyochit Thursday, June 05, 2014, under | No comments



အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး  ကားများနှင့် လူနေအိမ်များပျက်စီး ခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာပြည်နယ် ထက် အပျက်အစီးများပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများကဖော်ပြသည်။

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်းသတိပေးချက်များနှင့်အတူ ရာသီဥတုအခြေအနေဆိုးရွားလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကယ်ဆယ်ရန် လှေများအသုံးပြုနေရသည်။

နက်ဘရာစကာပြည်နယ် ဝီလ်ဘာမြို့တွင် ဘေ့စ်ဘောလုံးအရွယ်အစားရှိ မိုးသီးများကြွေကျခဲ့သည်ကို မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။ မိုးသီးမုန်တိုင်းကြောင့်ဘလဲမြို့တွင် အနည်းဆုံး လူ ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်များပျက်စီးခဲ့သည်။

နက်ဘရာစကာပြည်နယ် ဘလဲမြို့ရှိ Woodhouse ကားကုမ္ပဏီတစ်ခုမှ ကားအစီးရေ ၄,၃၀၀ ခန့်သည် မိုးသီးများကြွေကျမှုကြောင့် ကားပြတင်းပေါက်နှင့်ခေါင်မိုးများပျက်စီး သွားခဲ့သည်ဟုသိရ သည်။ ယင်းပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်ရှိနိုင်သည်ဟု ကားကုမ္ပဏီပိုင်ရှင်ကပြောသည်။

Ref: BBC, WHOTV
7 Day Daily

စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်

Posted by drmyochit Thursday, June 05, 2014, under | No comments


စမတ်ဖုန်းများ၊ Tablet နှင့် laptop ကွန်ပျူတာများမှ ထွက်ရှိသည့် အလင်း ရောင်တစ်မျိုးသည် လူအများ ကိုယ်အလေးချိန်တိုးပွားမှုနှင့် သွယ်ဝိုက်ဆက်နွယ်နေ ကြောင်း သိရှိရသည်။

သုတေသီများက စမတ်ဖုန်းကဲ့သို့ ကိရိယာများမှ ထွက်ရှိလာသည့် အပြာရောင် အလင်းများသည် နာရီပေါင်းအတော်များများ ဆက်တိုက်ထိတွေ့သည့်အခါ လူ တစ်ဦး၏ ဆာလောင်စိတ်ကို လှုံ့ဆော်ပေးလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
လူတစ်ဦးသည် အစာရေစာလုံလောက်စွာ စားသောက်ထားသည့်တိုင် ယင်းအပြာ ရောင်အလင်းနှင့် ရေရှည်ထိတွေ့ချိန်၌ သာမန်ထက်မြန်ဆန်စွာပြန်လည်ဆာလောင် လာတတ်ကြောင်း သိရသည်။ ထိုအခြေအနေက သာမန်ထက် အစာပိုစားပြီး ကိုယ်
အလေးချိန်တိုးပွားလာစေရန် တွန်းအားတစ်ရပ်သဖွယ်ဖြစ်လာသည်။အမေရိကန်မှ ပညာရှင်များသည် စမတ်ဖုန်းများမှထွက်ရှိသည့် အလင်းရောင်က ဆာလောင်မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိထားသည့်တိုင် အဘယ်ကြောင့် ယင်း ကဲ့သို့ဆက်စပ်မှုမျိုး ဖြစ်ပေါ်နေသည်ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။ အပြာရောင် အသားပေးထားသည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့်မှုများ နှိုင်းယှဉ်စမ်းသပ်ချက်အရ လူတစ်ဦး၏ဆာလောင်စိတ်မှာ အပြောင်း အလဲဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များကတွေ့ရှိခဲ့သည်။ ၁၅ မိနစ်မျှကြာအောင် အပြာရောင်အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်းသက်ရောက်မှု စတင်ဖြစ်ပေါ်လာ ပြီး ၂ နာရီမျှထိ ဆက်လက်တည်မြဲနေတတ်ကြောင်း သုတေသီများက ယုံကြည်ထား သည်။

ချီကာဂိုရှိ အနောက်မြောက်ပိုင်းတက္ကသိုလ်မှ ဦးဆောင်သုတေသီအိုင်ဗီချောင်က “အပြာရောင် အဓိကပါဝင်တဲ့ အလင်းတွေက ခန္ဓာဗေဒစနစ်တွေမှာ ဆာလောင် မွတ်သိပ်မှုကို လှုံ့ဆော်ပေးတာအမှန်ပါပဲ။ ဒီတွေ့ရှိချက်က အရေးကြီးပါတယ်။ ဒါ ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်က အလင်းရောင်ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာကို ခြေရာခံမိစေတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပြာရောင် အလင်း တွေနဲ့ ရေရှည်ထိတွေ့နေရင် ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာမယ်။ ပိုပြီးဆာလာ မယ်၊ ပိုပြီးစားသောက်မယ်၊ အဲဒီတော့ ပိုပြီးဝလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သုတေသီများသည် ယခုစစ်တမ်းအတွက် ကျန်းမာသန်စွမ်းသူ ၁၀ ဦးကို အသုံး ပြုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၄ ရက်ကြာ စမ်းသပ်မှုများအတွင်း မှိန်ဖျော့ဖျော့ အလင်း ရောင်နှင့် ပုံမှန်ထိတွေ့သူများထက် အပြာရောင်အလင်းနှင့် ပိုမိုထိတွေ့ဖြစ်သူများက
ယခင်ထက် အစားအသောက်ပိုများလာကာ ကိုယ်အလေးချိန်လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။

Planet

အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း ဗြိတိန်အမျိုးသမီးပြော

Posted by drmyochit Thursday, June 05, 2014, under | 1 comment


Thursday, June 5, 2014

ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။

၎င်းသည် အဆိုပါလေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင်သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။

ကက်သရင်းတီးနှင့် ခင်ပွန်းဖြစ်သူ မာ့ခ်ဟွန်းတို့သည် အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ရွက်လွှင့်နေစဉ် မတ်လ ၇ ရက်နေ့ ည၌ မီးလောင်နေသော လေယာဉ်တစ်စီးဟု ယူဆရသည့် အရာတစ်ခုကိုတွေ့ခဲ့သည်ဟု ပြောသည်။ ၎င်းသည် စိတ်ချောက်ချားနေခဲ့သည်ဟု ယူဆခဲ့သော်လည်း မီဒီယာသတင်းဖော်ပြချက်များကို သိရှိပြီးနောက် MH 370 ၏ လေကြောင်းခရီးစဉ်ကို ပြန်လည်သုံးသပ်ခဲ့ရာ ၎င်းတို့၏ခရီးစဉ်များမှာ တစ်ခုနှင့်တစ်ခု ဆုံခဲ့သည်ကို သတိပြုမိခဲ့သည်ဟု Business Insider သတင်းကဖော်ပြသည်။

‘‘ကျွန်မက လိမ္မော်ရောင်အလင်းတွေနဲ့ လေယာဉ်ကို တစ်ခါမှမမြင်ဖူးတော့ ဘာများပါလိမ့်ဆိုပြီး အာရုံစိုက်မိတယ်။ အဲဒီလေယာဉ်နောက်မှာ အမည်းရောင်မီးခိုးလုံးတွေလို့ ယူဆရတဲ့အရာတွေလည်း ပါတယ်။ တွေ့နေကျမဟုတ်တော့ အဲဒါဘာပါလိမ့်ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ အဲဒါ ဥက္ကာခဲပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိတယ်’’ဟု ကက်သရင်းတီးကပြောသည်။

ထို့နောက် ကက်သရင်းတီးက လေယာဉ်သည်တစ်စီးတည်းမဟုတ်ဟု ပြောကြားသည်။

‘‘အဲဒီအပေါ်မှာ နောက်ထပ်လေယာဉ်နှစ်စီး ရှိနေခဲ့တယ်။ သူတို့က ပုံမှန်လေကြောင်းအချက်ပြမီးတွေနဲ့ပါ။ ကျွန်မမြင်နေတဲ့ လေယာဉ်မီးလောင်နေတယ်ဆိုရင် ကျန်လေယာဉ်တွေက သတင်းပို့လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်’’ဟု ၎င်းကပြောသည်။

7 Day Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်