Wednesday, June 18, 2014

သီချင်းဆိုသိပ်ရင် အိပ်တဲ့ ဆင်

Posted by drmyochit Wednesday, June 18, 2014, under | No comments


ကလေးချော့တေးဟာ ဆင်လို တိရိစ္တာန်ကိုတောင် အိပ်သွားစေတာ လက်တွေ့ဖြစ်ရပ်တခုပါ။

ထိုင်း နိုင်ငံ ချင်းမိုင်ခရိုင် မယ်တန် အရပ်မှာ ရှိတဲ့ Save Elephant Foundation ရဲ့ ဆင်စခန်း တခုမှာ ဆင်ကို ကလေးချော့ တေးသီဆိုပြီး အိပ်စေခဲ့တာကို မှတ်တမ်းဗွီဒီယိုရိုက်ကူးပြီး ယူကျုကို ဇွန်လ ၁၁ ရက်
နေ့က တင်ခဲ့ရာ တပတ်အတွင်း View ပေါင်း ၁ သန်းနီးပါး ရှိနေပါပြီ။

“Tai Rom Malalee” လို့အမည်ရတဲ့ ထိုင်း ကျေးလက်သီချင်း တပုဒ်ကို ဆင်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းက မစ္စ Sangduen က ဆင်ကလေး Faa Mai ဆိုပြရင်း ဆင်ကလေး အိပ်ပျော်သွားတာ ဟောက် တောင်
ဟောက်နေ တာ တွေ့ရပါမယ်။

သူတို့ ဖောင်ဒေးရှင်းက ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဆင်တွေကို ဆေးကုသပေးတဲ့ နေရာပါ။

 မစ္စ ဆန်ဒျူန်းက ပြော တာမှာတော့စခန်း ကို ရောက်လာပြီး ဆေးကုသခံရတဲ့ ဆင်တွေဟာ သူတို့ကို မမှန်မကန် ဆက်ဆံခံ ရလို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာ ရာခိုင်နှုန်း ၈ဝ လောက်ရှိတာကို နားလည် သဘောပေါက်လာခဲ့လို့ အင်တာဗျူး တခုမှာ ပြောထားတာ ကို ဘန်ကောက်ပို့စ် က ရေးထားပါ တယ်။

ဆင် ဆေးကုသ စခန်းကို ရောက်လာတဲ့ တချို့ဆင်တွေဆို မျက်လုံးတောင် မရှိတာမျိုးတွေ ရှိပါတယ် တဲ့။

စခန်းကို ရော က်လာတဲ့ဆင်တွေဟာ သူတို့အနားကို ချည်းကပ်လာသူတွေကို စိတ်မကြည်မသာဖြစ်လို့ ခဲနဲ့ပေါက်တာ၊ ရန်မူတာ မျိုးတွေ ရှိတတ်ပြီး သူလည်း အစက သီချင်းဆိုပြဖို့ ဆင်အနား ကပ်စဉ်တုန်းက အလားတူ တွေ့ကြုံခဲ့ရတယ်လို့ပြောထားပါတယ်။

မစ္စ ဆန်ဒျူန်းက အခုမြင်ရတဲ့ ဆင်ကလေးဆိုလည်း အစတုန်းက သီချင်းသွားဆိုပြဖို့လုပ်တုန်း ခဲနဲ့တောင် ပစ်ပေါက်ခဲ့ပါ သေးသတဲ့။ နောက်တော့လည်း ဆင်ကလေးဟာ သူ သီချင်းဆိုပြီး ချော့သိပ်လိုက်တဲ့အခါ ဗွီဒီယိုမှာ မြင်ရတဲ့ အတိုင်း အားရ ပါးရ အိပ်သွားပါတော့တယ်။

သူဆိုပြတဲ့ သီချင်းကလည်း သူကလေးဘဝ က သူ့မိခင်က သူ့ကို ချော့သိပ်ခဲ့စဉ်က အမြဲ သီဆိုပြခဲ့တဲ့ သီချင်းပါတဲ့။

ဆင်ဆိုတဲ့ တိရိစ္ဆာန်လည်း သူ့ကို ယုယ ပြီး ကြင်နာစွာနဲ့ အသိအမှတ်ပြုတာကို လိုလားပြီး ဂီတအနုပညာကိုလည်း ခံစားတတ်တယ်ဆိုတာ ဒီ ဖြစ်စဉ်က သက်သေပါဘဲ။

အိမ့်သံစဉ်
ဧရာဝတီ

ပြင်သစ်စစ်သုံး ရိုဘော့ယာဉ်ငယ်ကို အရပ်သုံးစာချုပ်ဖြင့် မြန်မာသို့ရောင်းချ

Posted by drmyochit Wednesday, June 18, 2014, under | No comments

ပြင်သစ်စစ်သုံးယာဉ်ငယ် Nerva LG ကို စမ်းသပ်မောင်းနှင်နေသော တပ်ဖွဲ့ဝင်တစ်ဦး (Nexter ESSC)

စစ်သုံးပစ္စည်း ထုတ်လုပ်သော ပြင်သစ်အခြေစိုက် Nexter Robotics ကုမ္ပဏီက လူစီးမဟုတ်သည့် Nerva Mini (UGVs) ယာဉ် အသေးစား နှစ်စီးကို မြန်မာနိုင်ငံသို့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပနေသည့် Eurosatory 2014 အခမ်းအနား၌ ယင်းကုမ္ပဏီက အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လေးကီလိုဂရမ်ရှိသည့် နယ်ဗာ (Nerva) ရိုဘော့အသေးစား ယာဉ်ငယ်ကို မြန်မာနိုင်ငံတွင် စမ်းသပ်မည်ဖြစ်ပြီး စုစုပေါင်း ရိုဘော့ ၅၀ ခန့် လိုအပ်သည်ဟု ဆိုသည်။ ယင်းရိုဘော့ကို မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မှာယူခဲ့ကြောင်း သတင်းရရှိသည်။

စစ်သုံးအတွက် တီထွင်ထားသော်လည်း နယ်ဗာကို မြန်မာ နိုင်ငံအား အရပ်သုံးပစ္စည်းစာချုပ် နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပြင်သစ်အစိုးရ ပြည်ပပို့ကုန်ကော်မရှင်၏ တားဆီးပိတ်ပင်မှုမှ ကင်းလွတ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချသည်ဆိုသည့် သတ်မှတ်ချက်အတွင်း မကျရောက်ရန် electro-optic infrared (EOIR) sensor ကို အဆင့်နှိမ့်လိုက်သည်ဟု ဆိုသည်။ သို့ရာတွင် ယင်းစက်ကို ၂၄ နာရီ ဆက်လက်အသုံးပြုနိုင်ရန် ဘက်ထရီအား အပိုထည့်ထားကြောင်း သိရသည်။

နယ်ဗာကို စစ်သုံးလိုအပ်ချက် ပြည့်မီအောင် တီထွင်ထားခြင်းဖြစ်ပြီး ရာသီတိုင်း၊ လမ်းတိုင်းတွင် အသုံးပြုနိုင်ပြီး ခိုင်ခံ့ကာ ကျောပိုးအိတ်တွင်ထည့်၍ သယ်ယူနိုင်သောပုံစံ တီထွင်ထားသည်ဟု သိရသည်။

နက်စ်တာ ရိုဘော့တစ်ကိုဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အား ၁၀ စီး ရောင်းချပေးရန် ညှိနှိုင်းနေသည်ဟု ကုမ္ပဏီဒါရိုက်တာ ဂျိုးမော်ရီလွန်က IHS Jane's Defense သို့ ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်က ပါရီမြို့တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် Eurosatory ပြပွဲတွင် နယ်ဗာအတွက် ပထမဆုံးစာချုပ် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစက်ကို ပြင်သစ်စစ်တပ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုမှုအတွက် အားလုံးက ကျေနပ်အားရဖြစ်ကြကြောင်း မစ္စတာ မော်ရီလွန်က ပြောဆိုသည်။ ပြင်သစ်အထူးတပ်က နယ်ဗာတွင် တပ်ဆင်နိုင်သည့် သေစေနိုင်သော လက်နက်မဟုတ်သည့် ပစ္စည်းဖြင့် မကြာမီစမ်းသပ်မည်ဟု သိရသည်။

နယ်ဗာကို Sensor အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်ရာတွင် နေ့သုံး EOIR ကင်မရာနှင့် ပေါက်ကွဲစေသည့် ပစ္စည်းကို ဖယ်ရှားနိုင်သည့် စနစ်ကိုလည်း တပ်ဆင်အသုံးပြုနိုင်သည်ဟု ဆိုသည်။

နယ်ဗာကို စစ်တပ်အသုံးပြု ရန် လက်နက်တပ်ဆင်အသုံးပြု နိုင်သလို ယင်းယာဉ် ရွေ့လျားနေချိန်တွင် တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်သည်ဟု နက်စ်တာဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

—Ref: IHS Jane's Defense Weekly, Nexter Robotics
7 Day

Tuesday, June 17, 2014

MH370 လေယာဉ် အမှန်တကယ် ပျက်ကျသည့်နေရာကို မရှာဖွေရသေးဟု Inmarsat ယုံကြည်နေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


BBCနှင့် အင်တာဗျူး အစီအစဉ်တွင် Inmarsat၏ သိပ္ပံပညာရှင်များက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် အမှန်တကယ် ပျက်ကျသွားသည့် နေရာကို ရှာဖွေမှုများ မပြုလုပ်ရသေးဟု ယုံကြည်နေသည်

MH370 လေယာဉ် ပျက်ကျသွားသည့် အဖြစ်နိုင်ဆုံး နေရာတစ်ခုတွင် ရှာဖွေမှု လုပ်ငန်းများ မဆောင်ရွက်ရသေးကြောင်း ဗြိတိသျှ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီကြီး Inmarsatက ပြောကြားခဲ့သည်။ BBCနှင့် အင်တာဗျူး အစီအစဉ်တွင် Inmarsat၏ သိပ္ပံပညာရှင်များက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် အမှန်တကယ် ပျက်ကျသွားသည့် နေရာကို ရှာဖွေမှုများ မပြုလုပ်ရသေးဟု ယုံကြည်နေသည်။ MH370 လေယာဉ်သည် မတ်လ(၈)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း တိတိကျကျ မသိရဘဲ ပျောက်ဆုံးသွားခဲ့သည်။

လေယာဉ်ပျံသန်းနေစဉ်က ထုတ်လွှင့်နေသည့် လမ်းကြောင်းပြ မှတ်တမ်းတင် အချက်ပြလှိုင်းများကို Inmarsat၏ ဂြိုဟ်တုက ဖမ်းယူရရှိခဲ့ပြီး ယင်းနှင့်ပတ်သက်၍ လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းနှင့် နောက်ဆုံး ပျက်ကျသွားသည့် ဖြစ်နိုင်ခြေ နေရာတို့ကို ကုမ္ပဏီ၏ ထိပ်တန်း သိပ္ပံပညာရှင်များက တွက်ချက် ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ လေယာဉ်သည် မူလလမ်းကြောင်းမှ သွေဖယ်ပျံသန်းပြီး ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ အနောက်မြောက်ဘက်ရှိ အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွင် ပျက်ကျခဲ့သည်ဟု ယူဆရသည့်နောက် ပင်လယ်ကြမ်းပြင်တွင် နှစ်လကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း လေယာဉ်နှင့် ပတ်သက်သည့် အစအန တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ချေ။

“လက်ရှိရှာဖွေမှုတွေက လက်တွေ့မကျတဲ့ နေရာတွေမှာ လုပ်ဆောင်နေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အဖြစ်နိုင်ဆုံး ဧရိယာကနေ တော်တော်လေး အရှေ့မြောက်ဘက်ကို ရောက်နေတယ်”ဟု Inmarsatမှ သုတေသီ တစ်ဦးဖြစ်သော ခရစ်အက်ရှ်တန်က ပြောကြားခဲ့သည်။ Inmarsatမှ သုတေသီများသည် နာရီအလိုက် ဖမ်းယူရရှိခဲ့သည့် အချက်ပြလှိုင်းများကို ချိန်ကိုက်တွက်ချက်ကာ လေယာဉ်၏ အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းနေသော မြန်နှုန်း၊ ဦးတည်ရာ အရပ်ဒေသတို့ကို ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

“ကြိမ်နှုန်းတွေနဲ့ အချိန်ကိုက် ဖြစ်နိုင်ခြေတွေကို တိုင်းတာပြီးမှ လေယာဉ်နောက်ဆုံး ပျက်ကျသွားတဲ့ နယ်နိမိတ် စက်ဝန်းတစ်ခုကို ရေးဆွဲခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ လေယာဉ် တကယ်တမ်း ပျက်ကျသွားတဲ့ နေရာကို ရှာဖွေမှုတွေ မလုပ်ရသေးဘူးလို့ ယူဆထားပါတယ်”ဟုလည်း အက်ရှ်တန်က ဆိုသည်။ မလေးရှား လေကြောင်းနှင့် Inmarsatတို့သည် ဆက်တိုက် ဝေဖန်မှုများ ကြုံနေရသည့်နောက် လေယာဉ်ပျံသန်းမှု လမ်းကြောင်းပြ အချက်အလက်များကို မေလအတွင်းတွင် ထုတ်ပြန်ပေးခဲ့သည်။ သို့သော်လည်း လေယာဉ်ပျက်ကျပြီး လနှင့်ချီ အချိန်ကြာမြင့်ပြီးမှ ထုတ်ပြန်ပေးသော သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး သံသယဖြင့် မေးခွန်းထုတ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Planet Myanmar Network

အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင်အပ်များစိုက်ဝင်နေရှာသည့် အမျိုးသမီး

Posted by drmyochit Tuesday, June 17, 2014, under | No comments




အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အတွင်းမှာ စိုက်ဝင်နေတဲ့
အပ်ကိုးချောင်းကို ခက်ခက်ခဲခဲဖယ်ရှားရတော့မှာပါ။  ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေလို့ ဓာတ်မှန်ရိုက်
ကြည့်တော့မှ အဆိုပါ အပ်တွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Pyimyanmar

မွေးနေ့ပွဲတွင် မင်းသားလေးယောက်နှင့် တွဲမည့်အပြင် သီချင်းပါ ယူကျူ့မှာ တင်မည့်ဟု ဝါဆိုမိုးဦး ဆို

Posted by drmyochit Tuesday, June 17, 2014, under | No comments


သရုပ်ဆောင် ဝါဆိုမိုးဦးက ၎င်း၏အသက်၂ဝပြည့်မွေးနေ့တွင် မင်းသား လေးယောက် ခြံရံကာ မွေးနေ့ပွဲခင်း အလယ်ကို ထွက်ရှိမည်ဟု မဇ္စျိမကို ပြောသည်။ ယင်းမွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်တွင် ဆီဒိုးနာဟိုတယ်၌ ကျင်းပနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဒီမွေးနေ့ပွဲကို တက်ရောက် လာတဲ့သူတွေ အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင်လို့ ဝါဆို စီစဉ်လိုက်တာပါ။ အားလုံးလည်း အံ့သြသွားအောင်လို့ပါပဲ။ အဲဒီနေ့မှာပဲ ပရိသတ်တွေ သိစေဖို့ ဝါဆို လိုချင်တဲ့ သီချင်းကို ထုတ်လွှင့်မှာပါ။သီချင်းခေါင်းစဉ် ကိုလည်း အဲဒီနေ့မှ ပရိသတ်တွေ သိရမှာပါ”ဟု ၎င်းကပြောသည်။

ယင်း မွေးနေ့ပွဲတွင် ပါဝင် အားဖြည့် ကူညီမည့် သရုပ်ဆောင် လေးယောက်ကို ယခုအချိန်တွင် ၎င်းအနေဖြင့် ပွင့်လင်းစွာ ပြောဆိုနိုင်ခြင်း မရှိသေးဟု ပြောကြား ခဲ့သည်။ ယင်း မွေးနေ့ပွဲတွင် အနုပညာရှင် ညီအစ်ကို မောင်နှမများ၊ ဆရာသမားများနှင့် မီဒီယာများကို ဖိတ်ကြားထားပြီး အစီအစဉ် တင်ဆက်သူ အဖြစ် ဆန်းထွဋ်နှင့် အရိုင်း တို့က ပွဲလာ ပရိသတ်များကို ပျော်ရွှင်စေရန် စီစဉ်ထားသည်။

ဝါဆိုမိုးဦးသည် ပရိသတ် စိတ်ဝင်စားမှု ရှိစေရန် အတွက် ၎င်း၏ မွေးနေ့ အမီ ယူကျူ့ တွင် သီချင်း တင်နိုင်ရန် အတွက် တေးရေး တေးဆို အာတီက အချစ်နှင့် မိန်းကလေး တစ်ယောက်၏ ခံစားချက်များ ပါဝင်သည့် စာသားများ ပါဝင်မည့် သီချင်းကို ယင်းနေ့တွင် ပရိသတ်များ သိစေရန် ထုတ်လွှင့် သွားမည်ဖြစ်သည်။

ဝါဆိုမိုးဦးသည် ယင်း တေးသီချင်းကို အမ်တီဗီ ရိုက်ကူးကာ ပရိသတ်ကို စွဲဆောင်နိုင်စေရန် ကြိုးစား သွားမည်ဖြစ်ပြီး သရုပ်ဆောင်မှု အပိုင်းနှင့် ပတ်သက်ပြီး ထူးခြားစွာ စီစဉ်ကာ ဆက်တင် ပိုင်းများကိုလည်း ထူးခြားမှု ရှိစေရန် ပြင်ဆင် ထားသည်ဟု ပြောသည်။

ဝါဆိုမိုးဦးသည် အနော်မာသုခုမ အနုပညာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တွင် မြန်မာ့ ယဉ်ကျေးမှု အထိမ်းအမှတ်များကို စိတ်ဝင်စားသည့် အတွက် ရှယ်ယာ ပါဝင်ထားသူ တစ်ဦးဖြစ်သည်။

Mizzima Burmese

အနီကတ် ထိသွားတဲ့ ပေါ်တူဂီကစားသမား Pepe ဆိုတာ

Posted by drmyochit Tuesday, June 17, 2014, under | No comments

အနီကတ် ထိထွက်သွားရတဲ့ ပေါ်တူဂီ ကစားသမား Pepe ၊  ဓာတ်ပုံ-ဘန်ကောက်ပို့စ်

ကမ္ဘာ့ဖလားဘောလုံးပွဲ ဇွန်လ ၁၆ ရက်နေ့ ညက ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ ကစားသမား Pepe ကို ကွင်းလယ် ဒိုင်လူကြီးက အနီကတ် ပြထုတ်လိုက်တာ ကြောင့် ပွဲစဉ်ဟာ ထင်ထားသလောက် ကြည့် မကောင်းတော့ပါဘူး။

ပေါ်တူဂီအသင်းလည်း Pepe ကို ထုတ်လိုက်ပြီးနောက်ပိုင်း ခြေပိုကျသွားပါတယ်။ ဒီနေရာမှာ တချို့က
ဘောလုံးပွဲ ကိုဖျက်တာ ဒိုင်လူကြီး လို့ ပြောကြ၊ ဝေဖန်ကြတာ သတိထားမိပါတယ်။ ပရိသတ်တချို့ က ဝေဖန်စောပြီး အပြစ်တင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကစားသမား Pe Pe မှာရော ဘယ်လို အားနည်းချက် ရှိသလဲ၊ Pe Pe ဆိုတဲ့ ပေါ်တူဂီ ကစား သမား က ဘယ်လို လူစားမျိုးလဲဆိုတာ အခု မှတ်တမ်းတခုက ညွှန်ပြနေတာကို လည်း ထည့်သွင်းစဉ်းစားဖို့ ကောင်း မယ် ထင်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

သတင်းထောက်ဟုခြိမ်းခြောက်ပြီး အဓမ္မလက်ရောက် အနိုင်ကျင့်ခံရသည်ဟု အမျိုးသမီးတစ်ဦးတိုင်ချက်ဖွင့်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် (၇) ရပ်ကွက်၌ အသက် (၃၅)နှစ် အရွယ်ရှိ အမျိုး သမီး တစ်ဦးအား သတင်းထောက် ဆိုသူအမျိုးသားတစ်ဦးက မဖွယ် မရာပြောဆိုကာ အဓမ္မခြိမ်းခြောက် လက်ရောက်မှု တစ်ခု ယခုလ ၁ဝ ရက် နံနက် ၉နာရီက ဖြစ်ပွား ခဲ့သည်ဟု လှိုင်သာယာမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားသည်။

ဖြစ်စဉ်မှာ ယခုလ ၁ဝ ရက် နံနက် ၉ နာရီတွင် မဝင်းဝင်းသော် (၃၅နှစ်)သည် အကြွေးတောင်း ပြီးပြန် လာစဉ် ဗိုလ်အောင်ကျော် လမ်းနှင့်ဗညားဒလလမ်း သစ္စာရိပ် လက်ဖက်ရည်ဆိုင် ရှေ့အရောက် တွင် ဆိုင်ကယ် စီးနင်းလာသူ အမျိုးသားတစ်ဦးက မဖွယ်မရာ စကားသုံးနှုန်း မေးမြန်းရာမှအစ မကျေနပ်သဖြင့် အပြန် အလှန်စကား များစဉ် လမ်းလျှောက်ထွက်သွား သောမဝင်းဝင်းသော်ကို အဆိုပါ အမျိုးသားက ဆိုင်ကယ်ဖြင့် နောက်မှပွတ်တိုက်ပြီး အသင့်ပါ လာသောကင်မရာဖြင့် မဝင်းဝင်း သော်၏ မျက်နှာကို ဓာတ်ပုံရိုက် သဖြင့် မဝင်းဝင်းသော်ကကင်မရာ ကို ပုတ်ချလိုက်ရာ ကင်မရာမှာ အောက်
သို့ပြုတ်ကျသွားသည်။ တစ်ပြိုင်နက်ပင် ဓာတ်ပုံရိုက်သူ အမျိုးသားက မဝင်းဝင်းသော် ၏ရင်ဘတ်ကို လှမ်း၍ဆုပ်ကိုင် လိုက်ရာ မဝင်းဝင်းသော်၏ လည် ပင်းတွင်ဝတ်ဆင်ထားသော ရွှေ ဆွဲကြိုးမှာ အပိုင်းပိုင်းပြတ်သွား သည့်အပြင် အင်္ကျီများပါ စုတ်ပြဲ သွားသည်။

၎င်းအမျိုးသားက ''ငါဘာကောင်လဲနင်သိလား။ ငါက သတင်းထောက်သန်းထိုက်ဆိုတာ နင်မသိဘူးလား''ဟုပြောဆို ခြိမ်း ခြောက်၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် (မြို့မ)ရဲစခန်းတွင် ဆေးစာနှင့်အတူ တရားလိုမဝင်းဝင်းသော်က ယခုလ ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ သဖြင့် (ပ)၈၂၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၄/၃၅၄/ ၃၂၃/၅ဝ၆/ ၄၂၇အရအမှုဖွင့်လက်ခံဆောင်ရွက် ထားသည်။

Union Daily

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

Posted by drmyochit Tuesday, June 17, 2014, under | No comments



တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထားတဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ သူမရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာတစ်ခုမှာ ဖြော်ပခြင်း ခံရတဲ့ အတွက် ရဲများ သွားရောက်ကြည့်ရှုရာကနေ အဖြစ်မှန်ကို သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။

အဘွားရဲ့ သားနဲ့ သမီးဖြစ်သူကိုတော့ သွေးအေးအေးနဲ့ လူသားတစ်ဦးကို အစာရေစာ မကျွေးဘဲ အသက်ဆုံးရှုံးစေလိုမှု နဲ့ ဖမ်းဆီးထားပါတယ်။ ဖမ်းမိတဲ့ သားနဲ့ သမီးကတော့ လူတစ်ယောက်ကို အစာကျွေးရတာဟာ   ငွေကုန်ကြေးကျများပြီး ပင်ပန်းတဲ့ အတွက် ယခုလို လုပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဘွားကြီးက နေမကောင်းဖြစ်နေတယ်ဗျ။ နောက်ပြီး ဘယ်သူမှလည်း ဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိကြဘူး။ အဲဒီ အတွက် သူတို့မှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ ဒါ့ကြောင့် သူမကို အခန်းတံခါး သော့ခတ်ပြီး အစာငတ်ခံထားလိုက်ရင် အာဟာရပြတ်ပြီး သေသွားဖို့ ကြံစည်ထားတာ လို့ ရဲသားတစ်ဦးက ပြောပါတယ်။

နောက်ပြီး သူတို့ အဘွားကြီးကို အစာမကျွေးရုံတင် မကဘူး။ ရေချိုးခန်းလည်း ပေးမသုံးဘူး။ ဒါ့အပြင် ဘယ်သူနဲ့မှလည်း အတွေ့မခံဘူးလို့ ပြောပါသေးတယ်။

အိမ်သူ အိမ်သားတွေရဲ့ ပစ်ပယ်အကျဉ်းချခံထားရ ပေမယ့် အဘွားနေထိုင်ရာ ယန်ကျွန်းရွာက အိမ်နီးချင်းတွေကတော့ သူမကို ဂရုစိုက်ကြပါတယ်။ သူမ အစာမစားရလောက်ဘူး ထင်တဲ့ အိမ်နီးချင်းတွေရဲ့ ကောင်းမှုကြောင့် အဘွားဟာ ရေနဲ့ ဆန်ပြုတ်ခြောက်တွေ စားရပြီး တာဝန်သိသူ တစ်ဦးက အင်တာနက်မှာ တင်ခဲ့တဲ့ အတွက် ရဲတွေ သတိထားမိခဲ့ခြင်း ဖြစ်ပါတယ်။

အဘွားနဲ့ သူမရဲ့ ကလေးတွေ ကြားထဲမှာလည်း ဆက်ဆံရေး အတိမ်းအစောင်းတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူမက အိမ်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ထင်ကြတဲ့အတွက် အစာမကျွေးဘဲ ထားလိုက်ခြင်း ဖြစ်တယ်လို့ အဆိုပါ ရဲသားကပဲ ပြောပါတယ်။ အကယ်၍ အစာအာဟာရဟ ပြတ်လို့ သူမသေဆုံးသွားရင်တော့ တာဝန်ရှိသူတွေကို သူမဘာသာ အစာမစားဘဲ နေတာလို့ ပြောဖို့ သူတို့ တိုင်ပင် စီစဉ်ခဲ့ကြပါတယ်။

အဲဒီ မိသားစုဝင်တွေက တကိုယ်ကောင်းဆန်ပြီး အသက်ကြီးလာတဲ့ အဘွားအိုကို ကြည့်ရှူစောင့်ရှောက်ချင်စိတ် မရှိတာနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာလို့လည်း ပြောခဲ့ပါတယ်။

World Myanmar News

ချီလီအသင်းအနိုင်ရ၍ ကတိအတိုင်း အမျိုးသားတစ်ဦးနှင့် ၁၂ နာရီကြာ ချီလီပွန်းသရုပ်ဆောင် အိပ်စက်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ဝေဘုန်းလူ

ချီလီ၊ ဇွန် ၁၆

အရွယ်ရောက်ပြီးသူများသာကြည့်ရှုခွင့်ပြုတဲ့ဇာတ်ကား သရုပ်ဆောင် ချီလီပွန်းစတား မာလန်ဒေါလ် ဟာ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအသင်းအနိုင်ရခဲ့တဲ့ အတွက် သူပေးထားတဲ့ ကတိအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သြစတြေးလျနဲ့ ကစားရတဲ့ အဲဒီပွဲမတိုင်မီမှာ မာလန်က အကယ်၍ ချီလီအသင်းအနိုင်ရရင် အမျိုးသား တစ်ဦးနဲ့ ရှစ်နာရီကြာ အတူအိပ်ပြီး အောင်ပွဲခံမယ်လို့ တွစ်တာမှာ သူ့ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့ပါတယ်။ တကယ်တမ်းပွဲကစားတဲ့အခါ ချီလီအသင်းက သြစတြေးလျကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာကြောင့် မာလန်တစ် ယောက် သူ့ကတိကို အကောင်းအထည်ဖော်ဖို့ လုပ်ရပါတော့တယ်။
အဲဒါကတော့ တွစ်တာကတစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတွေကို အသိပေးခဲ့တာပါ။ သူ့ဆီ လာတဲ့ ဖုန်းတွေထဲကမှ ကျဘမ်းကိုင်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူအိပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနောက် မာလန်ဟာ သူကိုင်လိုက်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူ အောင်ပွဲခံမှု စတင်ပါတော့တယ်။ သူ့ကတိပေးထားတဲ့ ရှစ်နာရီထက်ကို စေတနာတွေပိုခဲ့ပြီး ၁၂ နာရီ ကြာအောင် မနားတမ်း အိပ်စက်ခဲ့တယ်လို့ မာလန်က တွစ်တာ မှာ ဇာတ်ကြောင်းပြန်ရေးသားခဲ့ပါတယ်။

ရည်ညွှန်း 101greatgoals
Mizzima Sport News

အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်းမှ ရှစ်ပေအရှည်ရှိ တုတ်ပြားကောင်းကြီးကို ဖယ်ရှားနိုင်ခဲ့

Posted by drmyochit Tuesday, June 17, 2014, under | No comments


ပေကျင်း ၊ ၁၇-၆-၂၀၁၄

တရုတ်နိုင်ငံတွင် အမျိုးသမီး၏ အစာအိမ် အတွင်းမှ ၈ ပေအရှည်ရှိ တုတ်ပြားကောင်ကြီး ကို ဆရာဝန် များက အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စလီ အမည်ရှိ အသက် ၃၀ အရွယ် ယင်း အမျိုးသမီးသည် အားလပ်ရက် များအတွင်း အရှေ့တောင် အာရှသို့ ခရီးလှည့်လည် သွားလာ ပြီးနောက် ဖျားနာသည့် ဝေဒနာ များကို ခံစားခဲ့ရကြောင်း ၊ ထို့နောက် သူမ ၀မ်းသွားစဉ် တစ်မူထူးခြားသော အရည်များ ပါလာသည်ကို သတိပြုမိ ခဲ့ကြောင်း ၊ ထို့ကြောင့် ဖူကျန်းပြည်နယ် ၊ ရှန်မန်မြို့ ရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူခဲ့သည်ဟု သိရသည်။

ဆေးစစ်မှု ပြုလုပ် ပြီးနောက် သူမ၏ အူအတွင်း ၈ ပေ အရှည်ရှိ တုတ်ပြားကောင်ကြီး တစ်ကောင်ကို တွေ့ရှိခဲ့ပြီး ဆရာဝန်များက ၄င်း တုတ်ပြားကောင်း ကို ဖယ်ရှား ပေးခဲ့သည်ဟု သိရသည်။

မစ္စလီ သည် ခရီးသွားစဉ် ကျက်အောင် ချက်ပြုတ် ထားခြင်း မရှိသော အမဲသားများ ကို စားသုံးခဲ့ကြောင်း ၊ ထို့ကြောင့် ၄င်း အမဲသားမှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံ ရခြင်း ဖြစ်သည်ဟု ဆရာဝန်များက ယူဆခဲ့သည်။ ယင်း ကပ်ပါးကောင် များသည် ခန္ဓာကိုယ်၌ ဖြစ်ပွားသော အရည်များ အတွင်း၌ ဥများ ဥနိုင်ပြီး အသားများကို ကောင်းမွန်စွာ ချက်ပြုတ် စားသောက်ခြင်း မရှိပါက လူသားများ၏ ၀မ်းဗိုက်တွင် ဥပေါက်၍ အကောင်များ ကြီးထွား လာနိုင်ကြောင်း ဆရာဝန် များက သတိပေး ပြောကြား ခဲ့သည်ဟု သိရှိရသည်။

အဆိုပြိုင်ပွဲ အနိုင်ရ ခရစ်ယာန် သီလရှင်တပါး ကမ္ဘာကျော်သွား

Posted by drmyochit Tuesday, June 17, 2014, under | No comments

အီတလီနိုင်ငံမှာ ကျင်းပတဲ့ မြန်မာနိုင်ငံက ဆိုကြမယ်၊ ပျော်ကြမယ်တို့ အိမ်မက်ဆုံရာတို့ ပုံစံမျိုး The Voice ဆိုတဲ့ သီချင်း ဆိုပြိုင်ပွဲမှာ ခရစ်ယာန် သီလရှင် Cristina Scuccia က အနိုင်ရသွားပါတယ်။့ သူ့ရဲ့ No One ဆိုတဲ့ သီချင်းကို ယူကျုမှာ ကြည့်မှုပေါင်းက သန်း ၅၀ ကျော်တောင် ရှိခဲ့ တာပါ။

အခုလို ခရစ်ယာန်သီလရှင်တဦးဖြစ်ပြီး အနုပညာမှာ အောင်မြင်တာဟာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်း တခုပါဘဲ။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က သူ့ရဲ့ အနိုင်ရမှုနဲ့ပတ်သက်ပြီး အီတလီသတင်းဌာန တခုကို ပထမဆုံး ပြောဆို တာ ကတော့ သူဟာ ဘဝမှာ ခရစ်တော်နဲ့ လောကသားတွေအတွက်ပဲ စိတ်ရှိပါတယ်တဲ့။ သူဟာ ၂၀၀၉ ခုနှစ်ကတည်းက သာသနာပြုခရီးကို စထွက်ခဲ့ရာမှာ ဘရာဇီးလ်ကိုလည်း ရောက်ခဲ့တယ်တဲ့။


 သူ့ရဲ့ ပြိုင်ပွဲဝင် ခဲ့တာတွေထဲက တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုတော့ သူဟာ ယူကျုမှာလည်း လူသန်းချီပြီး အားပေးခံနေရသူဖြစ်ကာ ကမ္ဘာကျော်နေပါပြီ။




အိမ့်သံစဉ်
ဧရာဝတီ

ကွန်ပျူတာ တိုက်ခိုက်မှုများကို Anti-Exploit software သစ်က တားဆီးပေးနိုင်မည်

Posted by drmyochit Tuesday, June 17, 2014, under | No comments


Malwarebytes က Microsoft Windows အတွက် ဖြန့်ချိလိုက်သည့် Anti-Exploit လုံခြုံရေးပရိုဂရမ်သစ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး operating system software ကို အသုံးပြုသူများကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Anti-Exploit software တွင် ပြီးခဲ့သည့်နှစ်က Malwarebytes က ဝယ်ယူထားသည့် ZeroVulnerabilityLabs မှ exploit-blocking နည်းပညာသစ်ကို အသုံးပြုထားသည်။

Anti-Exploit အခမဲ့ဗားရှင်းသည် browser များ၊ add-on များနှင့် Java ရှိ အားနည်းချက်များကို ကာကွယ်ပေးနိုင်ပြီး အမေရိကန်ဒေါ်လာ ၂၄.၉၅ ဖြင့် ရောင်းချမည့် အခပေးဗားရှင်းကမူ Microsoft Office, PDF reader, media player နှင့် သုံးစွဲသူ ရွေးချယ်ထားသည့် software တို့ကို ကာကွယ်ပေးနိုင်သည်။ စီးပွားရေး လုပ်ငန်းသုံး Anti-Exploit တွင် Malwarebytes Management Console ပူးတွဲပါဝင်သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများသည် ဟက်ကာများ၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အလွှာတစ်ခု ဖြစ်သော Anti-Exploit တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေကြကြောင်း Malwarebytes အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ မာဆင်ကလက်ဇိုင်စကီက ပြောကြားခဲ့သည်။


Anti-Exploit သည် ပြင်ဆင်နိုင်ခြင်းမရှိသည့် software အားနည်းချက်များဖြစ်သော zero-day အားနည်းချက်များကို ကာကွယ်ပေးနိုင်သောကြောင့် ကွန်ပျူတာကို ထိန်းချုပ်ခြင်းနှင့် အချက်အလက် ခိုးယူခံရခြင်းဘေးမှ ကင်းဝေးစေမည် ဖြစ်သည်။

Zero-day အားနည်းချက်များသည် ကွန်ပျူတာအတွင်းသို့ အန္တရာယ်ရှိသည့် code များထည့်သွင်းကာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပြီး နိုင်ငံမျိုးစုံတွင် အခြေစိုက်သည့် ကုမ္ပဏီကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အရေးပါသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်းကလည်း Windows XP ရှိ အဆိုပါ အားနည်းချက်ကြောင့် အမေရိကန်နှင့် ယူကေ အစိုးရအဖွဲ့များက Internet Explorer အသုံးပြုခြင်းကို ရပ်ဆိုင်းရန် သုံးစွဲသူများအား သတိပေးမှုများ ပြုလုပ်ခဲ့သည်။

Malwarebytes Anti-Exploit ကို စမ်းသပ်သုံးစွဲလိုသူများ အနေဖြင့် http://www.malwarebytes.org/antiexploit တွင် download ရယူကာ အသုံးပြုနိုင်သည်။

Ref: CNET
Internet Journal

မိန်းမတွေကို မုန်းတီးသူတစ်ဦးရဲ့ သွေးပျက်ဖွယ်လူသတ်မှု

Posted by drmyochit Tuesday, June 17, 2014, under | No comments



(ကယ်လီဖိုးနီးယားသားတစ်ဦးရဲ့ လက်စားချေမှု အစပြုရာ ...)

လူပျိုပေါက်ကောင်လေးတစ် ယောက်ရဲ့ စိတ်ဝေဒနာနဲ့ ကြေကွဲဖွယ်မှု ခင်းတစ်ရပ်ကို GLOBE က ပြန်လည်အစ ဖော်ထုတ်လာပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်တာဘာဘရာတက္ကသိုလ် ကျောင်းအနားဖြစ်ပွားခဲ့တဲ့ အီလီရက်ရော် ဂျာရဲ့ ရူးသွပ်မိုက်မဲတဲ့လူသတ်မှုမှာ ခြောက် ဦးသေဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သလို ရော်ဂျာကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

ရော်ဂျာဟာ မိဘများလမ်းခွဲ မှုနဲ့ အိမ်တွင်းရေးပြဿနာများကြောင့် ငယ်စဉ်ကတည်းက စိတ်ဝေဒနာစွဲကပ်ခဲ့ သူဖြစ်ပေမယ့် စုံစမ်းစစ်ဆေးမှုများအရ အခင်းမဖြစ်ပွားခင် ရော်ဂျာဟာ Xanax အမည်ရှိ မူးယစ်ဆေးတွေကို အလွန်အကျွံ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ မေ၂၃ရက် မှာဖြစ်ပွားခဲ့တဲ့ ယင်းကြေကွဲဖွယ်အကြမ်း ဖက်လူသတ်မှုမှာ ရော်ဂျာရဲ့သတ်ဖြတ်မှု တွေဟာ မိန်းမများကို မုန်းတီးခြင်းကြောင့် လို့ ယူဆကြပေမယ့် စိတ်ရောဂါကုဆရာ ဝန် ဒေါက်တာရော်ဘီလူဝင်ကတော့ ဆန့် ကျင်ဘက်အတွေးအမြင်ရှိခဲ့ပါတယ်။ ရော် ဂျာဟာ သူ့ကို ဥပေက္ခာပြုကြတဲ့ အမျိုး သမီးများကို မုန်းတီးတဲ့အကြောင်းနဲ့ လက် စားချေမယ့်အကြောင်းတွေကို You Tube မှာ ဗီဒီယိုဖိုင်ကတစ်ဆင့် ပြောကြားခဲ့ပေ မယ့် ဒေါက်တာရောဘီလူဝင်က ရော်ဂျာ ဟာ သူ့ရဲ့လိင်တူစွဲလမ်းတဲ့စိတ်ကိုဖုံးကွယ် ချင်လို့ အခုလိုရေးသားခြင်းဖြစ်ပြီး မိန်းမ တွေကို မုန်းရတာက သူ့အနားမှာရှိနေတဲ့ ယောက်ျားတွေကို မိန်းကလေးတွေကရယူ သွားခြင်းကြောင့်သာဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ဒါပေမဲ့ ရော်ဂျာရဲ့အကြမ်းဖက် လူသတ်မှုဟာ ဒီကိစ္စနဲ့ ဆက်နွှယ်မှုရှိတယ် လို့တော့ မဆိုလိုဘူးလို့ဆိုပါတယ်။ ရော် ဂျာဟာ ဒွိဟစိတ်နဲ့ ရှုပ်ထွေးနေသူဖြစ်ပြီး သူဟာ ချမ်းသာမှုကို ဆာလောင်ငတ်မွတ် နေသူဖြစ်တယ်လို့လည်း သိရပါတယ်။ ရော်ဂျာရဲ့ဖခင်ဖြစ်သူဟာ "Hunger Games" ဇာတ်ကားရဲ့ လက်ထောက်ဒါ ရိုက်တာတစ်ဦးဖြစ်တာကြောင့် နာမည် ကျော်များတက်ရောက်တဲ့ ပါတီပွဲတွေကို တက်ရောက်ဖို့ ရော်ဂျာကို အခွင့်အရေး ရစေပြီး ဒါဟာ သူ့ကိုပိုပြီးစိတ်ဓာတ်ကျ သိမ်ငယ်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

GLOBE ရဲ့ဖော်ပြချက်အရ ရော်ဂျာဟာ နာမည်ကျော်ပုဂ္ဂိုလ်တချို့ကို လည်း သဝန်တိုမုန်းတီးမှုရှိခဲ့ပြီး သူမုန်း တီးတဲ့လူတွေထဲမှာ ဝူဒီ
ဟာရယ်လ်ဆန်၊ ကေတီပယ်ရီ၊ ဂျော့လူး ကပ်စ်၊ ဂျန်နီဖာလောရန့်နဲ့ လိန်းမ်ဟမ်း ဆွက်သ်တို့လည်း ပါဝင်တယ်လို့ သိရပါ တယ်။ ရော်ဂျာဟာ သူ့ရဲ့မိခင်ဖြစ်သူကို ဖခင်ဖြစ်သူနဲ့လက်ထပ်မယ့်အစား ချမ်းသာြ<ွကယ်ဝသူတစ်ဦးဦးနဲ့ လက်ထပ်ဖို့အထိ ပေါက်ကွဲပြောဆိုခဲ့ဖူးတယ်လို့လည်း GLOBE က ဖော်ပြပါတယ်။

Los Angeles Times ကလည်း မကြာသေးခင်အချိန်ကပဲ ရော်ဂျာဟာ ပါတီပွဲတစ်ခုမှာ အကြမ်းဖက်နှင်ထုတ် တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ ဖော်ပြမှုလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရော်ဂျာရဲ့အကြမ်း ဖက်တိုက်ခိုက်မှုရဲ့ အဓိကအကြောင်းရင်း ကတော့ ရှင်းလင်းမှုမရှိခဲ့ဘဲ အချိန်ကြာ လာတာနဲ့အမျှ ပိုလို့တွေးစရာတွေသာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျောင်းတွေမှာ လည်း အများတကာရဲ့အနိုင်ကျင့်မှုတွေ ခံခဲ့ရဖူးတယ်လို့အဆိုရှိတဲ့ ရော်ဂျာရဲ့ လူ သတ်မှုအကြောင်းအရင်းဟာ ယခုတိုင် မပြီးဆုံးနိုင်သေးတဲ့ အဖြစ်အပျက်တစ်ခု အဖြစ် မီဒီယာမှာရော လူတွေရဲ့ပါးစပ်ဖျား မှာပါ တီးတိုးပြောဆိုနေကြပါတယ်။

ဘာပဲပြောပြော ကယ်လီဖိုးနီး ယား ဆန်တာဘာဘရာက ကြေကွဲဖွယ် လူငယ်တစ်ဦးရဲ့ အကြမ်းဖက်လူသတ်မှု မှာ လူခြောက်ဦးရဲ့အသက်ကို စတေးခဲ့ရ တာ အမှန်တရားတစ်ခုဆိုတာ မငြင်းနိုင်တဲ့ အဖြေတစ်ခုဖြစ်ပါတယ်။ နေအိမ်တိုက်ခန်းအနီးမှာ တိုက်ခိုက်မှုစတင်ခဲ့ပြီး လူငယ်သုံးဦးကိုထိုးသတ်ကာ ကျန် သူများကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ တဲ့ ရော်ဂျာဟာ သူ့ရဲ့ BMW ကားနဲ့ မောင်းနှင်ထွက်ပြေးခဲ့ပြီး ရဲများအနား ရောက်လာချိန်မှာတော့ ကိုယ့်ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး သေကြောင်းကြံစည်ခဲ့ ပါတယ်။ ရဲများက ရော်ဂျာရဲ့ကားပေါ်မှာ သေနတ်သုံးလက်နဲ့အတူ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းယူရရှိခဲ့ ပါတယ်။

Ref: GLOBE
Yangon Media Group | YangonTimesJournal | FlowerNewsJournal

အီရတ်တွင် စစ်သားများကို စစ်သွေးကြွများက ရက်စက်စွာ ပစ်သတ်နေခြင်းကို အမေရိကန် ရှုတ်ချ

Posted by drmyochit Tuesday, June 17, 2014, under | No comments

စစ်သွေးကြွများ လက်ချက်ကြောင့် ပျက်စီးနေသည့် အီရတ်ရဲကားတစ်စင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး စစ်ဆေးနေစဉ် (Photo - Marwan Ibrahim/AFP)

အီရတ်နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွများက စစ်သားများကို ရက်ရက်စက်စက် ပစ်သတ်နေခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ရှုတ်ချပြစ်တင်လိုက်သည်။

အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင် ရာဂဏန်းမျှကို စစ်သွေးကြွများက ဖမ်းဆီးရမိထားပြီးနောက် ၎င်းတို့ သိမ်းပိုက်ထားသည့် တီကရစ်မြို့တွင် သေနတ်ဖြင့် ပစ်သတ်နေသော ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်ရှိလာခဲ့သည်။

မြောက်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အလယ်ပိုင်းရှိ ဘဂ္ဂဒက် မြို့တော်သို့ ဆက်လက် ချီတက်နေသည့် ISIL စစ်သွေးကြွများက မိမိတို့သည် ရှီးယိုက်မွတ်ဆလင် စစ်သား (၁၇၀၀)ကျော်ကို ပစ်သတ်ခဲ့ကြောင်း Twitterတွင် ရေးသားဖော်ပြခဲ့သည်။

“အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးကို သူတို့ လုပ်ဆောင်ခဲ့ကြောင်း ISIL အဖွဲ့က ကြေညာခဲ့ပါတယ်။ အီရတ် လေတပ်က လူသစ်တန်း ရှီးယိုက်စစ်သည် (၁၇၀၀)လောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောထားတယ်။ တီကရစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စသာ အမှန်ပဲဆိုရင် သွေးဆာနေတဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ် ရှုတ်ချရပါမယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ပြောကြားခဲ့သည်။

ဆာကီက “ကျွန်မတို့ အနေနဲ့ ဒီသတင်းတွေကို ချက်ချင်း အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမဲ့ ISILရဲ့ အဓိက ရည်မှန်းချက် တစ်ခုက အီရတ်နိုင်ငံသား အားလုံးရဲ့ အသည်းနှလုံးထဲမှာ အကြောက်တရား စိမ့်ဝင်သွားစေဖို့ ဖြစ်ပါလိမ့်မယ်”ဟုလည်း ဆိုသည်။

ISILတို့သည် အီရတ်မြောက်ပိုင်းရှိ မဟာဗျူဟာ အချက်အခြာ မြို့ကြီးများဖြစ်သည့် မိုဆူးလ်နှင့် တီကရစ်တို့ကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒက်ကိုပါ ဆက်လက် ခြိမ်းခြောက်နေရာ အီရတ်စစ်တပ်က ၎င်းတို့ကို ဟန့်တားနိုင်ရန် အပြင်းအထန် ကြိုးစားနေရသည်။

_Ref; Channelnewsasia
7 Day

အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


အတွဲ (၁၅)၊ အမှတ် (၂၃)

အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။

“ကျွန်မတို့ အနေနဲ့ အင်တာနက် သုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှုမရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ဆုံးရှုံးတယ်။ ဖုန်းနဲ့ သုံးမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့တည်နေရာ ဘယ်နေရာက သုံးတာလဲ ဆိုတာတွေကို လိုက်ကြည့်လို့ရတယ်” ဟု MIDO မှ မရတနာကပြောသည်။ ဒီဂျစ်တယ် လုံခြုံရေးတွင် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိကြောင်း ယင်းကပြောသည်။ “အင်တာနက်သုံးတဲ့အခါ ကိုယ့်ဘက်ကပေးလိုက်ရတာတွေက အချိန်၊ ငွေအပြင် တခြားအရာတွေလည်း ရှိပါတယ်။ သတိမထားမိတာတွေ ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်အသုံးပြုလိုက်လို့ ကျန်ခဲ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ခြေရာတွေ ဘယ်လောက်ကျန်ခဲ့တာလဲ၊ ကိုယ့်ရဲ့ အချက်အလက်က သူများကို ဘယ်လောက် ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်က ကိုယ့်ဆီကို ဘယ်လောက် ပြန်ရောက်လာသလဲ ဆိုတာကို သိရှိနိုင်ပါတယ်” ဟု မရတနာကပြောသည်။

ထိုကဲ့သို့ မိမိဘက်မှ ပေးလိုက်ရသော အချက်များကို ဝက်ဘ်ဆိုက် တစ်ခုတွင် အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ www.myshadow.org တွင် မိမိအသုံးပြုသော အချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ကြောင်း ပြောကြားသည်။ “myshadow.org မှာ သွားစစ်လိုက်လို့ ရတယ်။ myshadow.org ကို ဝင်လိုက်တယ်ဆိုရင် ဒီနောက်ပိုင်းမှာ ကျွန်မတို့သုံးတဲ့အခါမှာ သုံးလိုက်တဲ့ စက်ပစ္စည်း အမျိုးအစားတွေ၊ နောက်ထပ် ဘယ်လိုအွန်လိုင်း ဝန်ဆောင်မှု အမျိုးအစားတွေကို သုံးထားသလဲဆိုတာတွေ ဥပမာ ဂျီမေးလ်ကို ကွန်ပျူတာမှာ သုံးတာလား၊ အင်တာနက်ဆိုင်မှာ သုံးတာလား၊ ဖုန်းနဲ့ သုံးတာလား ဆိုတာ အဲဒါတွေကိုရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။

အင်တာနက် အသုံးပြုရာတွင် အဓိကအချက်တစ်ခု အနေဖြင့် Update ဖြစ်နေသော AntiVirus များကို သုံးရန်လည်း အရေးကြီးသည်ဟု MIDO မှ မနှင်းနုနုနိုင်က ပြောသည်။ “AntiVirus က ဘာပဲဖြစ်ဖြစ်၊ ဘာပဲ သုံးသုံး Update ဖြစ်နေဖို့ လိုတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးတာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ ဒေါင်းလုပ် ဆွဲတာပဲဖြစ်ဖြစ် Update ဖြစ်ဖို့က အဓိကပါ” ဟုပြောသည်။ မိမိအသုံးပြုသော ဂျီမေးလ်၊ ဖေ့စ်ဘုတ် စသည် တို့တွင် link ဝင်ရောက်လာတတ်ကာ ယင်းအလွယ်တကူ မဝင်ရောက်ဘဲ Virus ဟုတ်၊ မဟုတ် စစ်ဆေးရန်လည်း လိုအပ်ကြောင်း မနှင်းနုနုနိုင်က ပြောသည်။

“ကိုယ့်ဆီရောက်လာတဲ့ Link တွေဟာ ဗိုင်းရပ်စ်ဟုတ်၊ မဟုတ်မသေချာရင် www.virustotal.com မှာ သွားစစ်လိုရပါတယ်။ နောက်တစ်ခုက Password တွေကို သတိထားဖို့နဲ့ အများအလွယ်တကူ သိစေနိုင်တဲ့ Password တွေကို မသုံးမိစေဖို့ လိုအပ်တယ်” ဟု မနှင်းနုနုနိုင်ကပြောသည်။ “ကိုယ့်ဘက်ကပေးလိုက်ရတဲ့ ဟာတွေက အချက်အလက်တွေ၊ စက်ပစ္စည်းနံပါတ်တွေ၊ ကိုယ်က ဘယ်နေရာကနေ သုံးနေသလဲဆိုတဲ့ Location တွေ အဲဒါတွေပေါ့” ဟု မရတနာက ဆိုသည်။ နေ့စဉ်အင်တာနက် အသုံးပြုနေသော်လည်း မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများကို သတိမထားမိကြောင်း၊ မိမိအချက်အလက် ကာကွယ်ရေး အတွက် ဆောင်ရွက်ခြင်း နည်းပါးကြောင်း နေ့စဉ်အင်တာနက် အသုံးပြုနေသူတစ်ဦး ဖြစ်သည့် ကိုမင်းဇေယျာကပြောသည်။

ထွန်းထွန်း၊ မိုးသူ
Internet Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်