Monday, June 23, 2014

နိုင်ဂျီးရီးယား နာမည်ကြီး ပေါ့အဆိုတော်မှ သူမ၏ အပျိုစင်ဘဝ နှင့် ဘိုကိုဟာရာမ်များ ပြန်ပေးဆွဲထားသော မိန်းကလေးများ အလဲအလှယ်လုပ်ရန် ကမ်းလှမ်း

Posted by drmyochit Monday, June 23, 2014, under | No comments



ဇွန်လ ၂၃ ရက် ၂၀၁၄ ခုနှစ်

ထင်ရှားလှသော နိုင်ဂျီးရီးယား ပေါ့အဆိုတော် နှင့် အီမိုပြည်နယ် ငြိမ်းချမ်းရေးသံအမတ် အေဒိုကီယီ မှ အံ့သြဖွယ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။

အသက် ၂၃ နှစ် အရွယ် အေဒိုကီယီသည် သူမ၏ လွတ်လပ်သော ဝတ်စားဆင်ယင်ပုံများကြောင့် "ဟော့" သည်ဟု နာမည်ကြီးလှသော်လည်း သူမသည် အပျိုစင်သာ ရှိသေးသည်ဟု ဖွင့်ဟထားသူဖြစ်သည်။ သူမ၏ အပျိုစင်ဘဝကို လိုချင်သော မည်သူမဆိုသည် သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးလျှင် ရယူနိုင်သည်ဟု ကြေငြာထားသည်။ အေဒိုကီယီမှ သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးရန် ကတိပေးထားဖူးသည်။

ယခုအခါ အေဒိုကီယီမှ သူမ၏ အပျိုစင်ဘဝနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ ကမ်းလှမ်းမှုတစ်ခုကို ဘိုကိုဟာရာမ် အစ္စလမ္မစ် စစ်သွေးကြွများထံ ပြုလုပ်လိုက်သည်။

အများသူငှာ လိုချင်တပ်မက်နေကြသော သူမ၏ အပျိုစင်ဘဝအား ဘိုကိုဟာရာမ်အဖွဲ့သားများက ခြွေနင်းရယူနိုင်သည်။ သို့သော် အလဲအလှယ်အနေဖြင့် ဘိုကိုဟာရာမ်တို့မှ ၎င်းတို့ပြန်ပေးဆွဲထားသော ချီဘော့မြို့မှ မိန်းကလေးများကို ပြန်လွှတ်ပေးရမည် ဟူ၍ ဖြစ်သည်။

"ည ၁၁ နာရီလောက်ပေါ့။ အဲ့အချိန်က ကျမ စဉ်းစားမိတယ်။ ဒီကလေးမလေးတွေ ဘယ်ရောက်နေလဲ၊ သူတို့တွေ ဘယ်လိုဖြစ်နေပြီလဲ။ မတရားတဲ့ ကိစ္စကြီးပါရှင်။ ကလေးမလေးတွေက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျမ ကိုယ့်ကိုယ်ကို ရင်းပြီး သူတို့လေးတွေကို ကယ်ချင်မိတယ်" ဟု အေဒိုကီယီမှ ဖွင့်ဟခဲ့သည်။

သူမအနေဖြင့် ဤသို့ကမ်းလှမ်းလျှင် အကြမ်းဖက်သမားများ၏ လိင်ကျွန်ဘဝ ရောက်သွားနိုင်သည်ဟု သတိပေးသောအခါ ဤသို့ တုံ့ပြန်ခဲ့သည်။

"သခင်ယေရှု ကျေးဇူးတော်ကို ပြန်ဆပ်ခွင့် ကြုံတယ်လို့ သဘောထားပါတယ်။ သူတို့လေးတွေက ၁၂ နှစ်ကနေ ၁၅ နှစ်ပဲ ရှိသေးပါတယ်။ ကျမကတော့ သူတို့နှင့်စာရင် အသက်ကြီးနေပါပြီ။ ကျမကို ညစဉ်ညတိုင်း လူ ၁၀ ယောက်က စော်ကားတယ် ဆိုဦးတော့ ကျမ ထည့်မတွက်ပါဘူး။ သူတို့လေးတွေကို လွှတ်ပေးပြီး သူတို့လေးတွေ သူတို့မိဘတွေနှင့် တွေ့ခွင့်ရတယ်ဆို ကျမကျေနပ်ပါတယ်။"

http://www.osundefender.org/?p=173294

မျိုးမင်းသန့်

အင်္ဂါဂြိုလ်ပေါ် ၁၇ နှစ်ကြာနေခဲ့သူ ပြောတဲ့ ကမ္ဘာမြေကာကွယ်ရေး ကိစ္စ

Posted by drmyochit Monday, June 23, 2014, under | No comments

ကနေ့ The Mirror မှာ တကယ့်ကို ခပ်ကြောင်ကြောင်သတင်းတပုဒ် တွေ့တယ်။ ဘာပဲပြောပြော စိတ်ဝင် စားစရာမို့ ကြိုးစားပြီး ဘာသာပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အင်္ဂါဂြိုလ်ပေါ် လူသားများ နယ်ချဲ့မည် လို့ ဧရာဝတီက သတင်းတပုဒ်တင်ခဲ့ဖူးပါတယ်။
အခု သတင်းကလည်း အင်္ဂါဂြိုလ် ကိစ္စဖြစ်ပေမယ့် ထူးခြားနေပါတယ်။

ကမ္ဘာ့လူသားတွေ သွားနယ်ချဲ့ကြမယ့် အင်္ဂါဂြိုလ်၊ ဓာတ်ပုံ- ၀ီကီပီဒီးယား

သတင်းက   ….

အငြိမ်းစား အမေရိကန် ရေတပ် ကပ္ပတိန် ကေးက သူဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာမြေကာကွယ်ရေးရဲ့ လျှို့ဝှက် အာကာသ ယာဉ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပြီး သူ့ဘဝမှာ ဂြိုလ်နီကြီး လို့ ခေါ် တဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ၁၇ နှစ်ကြာခဲ့တယ်လို့လည်းဆိုပါတယ်။

အငြိမ်းစား ရေတပ် ကပ္ပတိန် ကေး ( အမည်လွှဲ)က သူ့ကို လူသားတွေ နယ်ချဲ့ ထားတဲ့ ကိုလိုနီ နေရာ ၅ ခု ကို ကာကွယ် ဖို့ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ တာဝန်ပေးအပ်ခံရတယ်လို့ ဆိုပါတယ်။

သူပြောတာက အမေရိကန်၊ ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်းစုံက စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာမြေ ကာ ကွယ် ရေး Earth Defense Force –EDF အဖွဲ့အစည်းတခုမှာ ၃ နှစ်နီးပါး လျှို့ဝှက် ယာဉ်တစီးမှာ တာဝန်ထမ်းဆောင်ခဲ့တာလို့ ဆိုပါတယ်။

အစမ်းလေ့ကျင့်တဲ့ကိစ္စမှာ ကပ္ပတိန်ကေးကို အာကာသ တိုက်လေယာဉ် ၃ မျိုးနဲ့ ဗုံးကျဲ လေယာဉ် ၃ စီးတို့ ကို ပျံသန်းဖို့ လေ့ကျင့်ခိုင်းခဲ့တယ်တဲ့။

ပြီးတော့ လကမ္ဘာအခြေစိုက် စစ်ဌာနချုပ် Lunar Operations Command လို့ ခေါ်တဲ့ လျှို့ဝှက် လကမ္ဘာ အခြေစိုက် စခန်း တခု၊ စနေဂြိုလ်ရဲ့ အရံဂြိုလ် တိုက်တန်နဲ့ တကယ့် အာကာသ ကြီးထဲမှာ သူ့ကို လေ့ကျင့် ဖို့ ခေါ်သွားခဲ့တယ်လို့ သူက ထပ် ပြောပါတယ်။

ကပ္ပတိန်ကေးက တာဝန်တွေကို နှစ်ပေါင်း ၂ဝ ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ပါတယ်လို့ ပြောပါတယ်။ အငြိမ်းစားယူတဲ့ အခမ်းအနားကို လကမ္ဘာပေါ်မှာ ကျင်းပခဲ့တာလို့ သူက ပြောပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ဒေါ်နယ်ရမ်းစဖီးလ်အပါအဝင် အရေးကြီး ပုဂ္ဂိုလ်တွေလည်း တက်ရောက် မိန့်ခွန်းတွေ
ပြောခဲ့ကြတယ်တဲ့။

စိတ်ဝင်စားစရာ ဒီလို သတင်းမျိုးက သူတို့ဆီမှာ ရေးသားဖော်ပြလေ့ ရှိတတ်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

လိုင်စင်မဲ့ နှင့် လိုင်စင်အတု များ၏ လက်ထဲမှ လူ့အသက် စစ်စစ်များ

Posted by drmyochit Monday, June 23, 2014, under | No comments

မြန်မာနိုင်ငံတွင် လူဦးရေ သိပ် သည်းမှု မြင့်မားလာခြင်းနှင့် အတူ မော်တော်ယာဉ် သုံးစွဲမှုများလည်း တိုး ပွားလာသည်။ အကောင်း အဆိုး ဒွန်တွဲ နေတတ်သည့် သဘာဝ အတိုင်း မော်တော် ယာဉ်များ တိုးပွားမှုနှင့် အတူ ယာဉ်တိုက် မှုများ မှာလည်း နှစ်စဉ်မြင့်တက်လျက် ရှိသည်။

ယာဉ်တိုက်မှု များ၏ ရာခိုင်နှုန်း ထက်ဝက်ခန့် သည် လိုင်စင်မဲ့ ယာဉ်မောင်း များ၏ မဆင်မခြင် မောင်းနှင်မှုများ ကြောင့်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီး ဌာနစစ်တမ်းများမှ သိနိုင်သည်။

ထိုထက်ပို၍ အာရုံ စိုက်စေသည့် အချက်တစ်ခု ကတော့ လိုင်စင်မဲ့ ယာဉ် မောင်းများနည်းတူ လိုင်စင် အတုဖြင့် မောင်းနှင်နေကြသော ယာဉ်မောင်းများ လည်း အများ အပြား ရှိနေခြင်းကိုပင် ဖြစ်သည်။

”လိုင်စင် အတုတွေနဲ့ မောင်းနေကြ တာတော့ အများကြီး ရှိတာပေါ့။ ဒါကျ တော့ ပွဲစားတွေ ရှိတယ်။ များသောအား ဖြင့် ကားကြီးဝင်းတွေ၊ ဘတ်စ်ကားဂိတ် တွေမှာ ပွဲစားတွေ ရှိတာ များတယ်” ဟု ကားဝယ်ရောင်း ဦးလှမြင့်က ပြောသည်။

အဆိုပါ နေရာများတွင် ယာဉ်မောင်း များ ပေါများခြင်းကြောင့် ဖြစ်ပြီး လိုင်စင် အတုလုပ်ခြင်းမှာ အချိန်ကုန် သက်သာ ခြင်းကြောင့် ဖြစ်ကြောင်း ဦးလှမြင့် က ပြောသည်။

”ကားမောင်း ကျွမ်းတော့ အန္တရာယ် မရှိဘူး၊ လိုင်စင်အတု ကိုင်ပြီး ကားမောင်း ကျွမ်းကျင် ရင်တော့ ဘာမှ မဖြစ်ဘူး။ မဟုတ်ရင်တော့ အန္တရာယ် ရှိနိုင်တယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။

လိုင်စင်အတု လုပ်ရန် ခက်ခဲမှု မရှိ ကြောင်း အလွယ်တကူ လုပ်နိုင်ကြောင်း ငွေကြေး ကုန်ကျမှုလည်း သက်သာ ကြောင်း စသည် တို့ကြောင့် ယင်း လိုင်စင် အတု များကို ကိုင်ဆောင်နေ ကြခြင်းဖြစ် ကြောင်း ကားကြီး စက်ပြင်ဆရာဖြစ်သည့် ကိုသက်မင်း (အမည်လွှဲ)က ပြောသည်။

”ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း အများကြီး တွေ့ရတယ်။ ဒါက ကွန်ပျူ တာလေး နဲ့ လုပ်လိုက်တာ ဆိုတော့ အချိန် ကုန်လည်း သက်သာတယ်။ အနီလိုချင် လား၊ အနက် လိုချင်လား၊ ကြိုက်တာပြော လုပ်လို့ရတယ်”ဟု ၄င်းတွေ့ဖူးသည်ကို ပြောသည်။

ယာဉ်မောင်း လိုင်စင် တစ်ခုရရန် အတွက် အချိန်ကုန် မခံဘဲ လိုင်စင်အတု များဖြင့်သာ လုပ်လာကြကြောင်း ကို အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

”ဟိုမှာကျတော့ ရေးဖြေတို့၊ အစမ်း မောင်းတို့၊ ကွန်ပျူတာနဲ့ ဖြေရတယ်၊ ဖြေရင်လည်း လိုင်စင်မဲ့ နှစ်ခေါက် သုံးခေါက် လောက် ပြန်ဖြေနေရတယ် ဆိုတော့ သိပ်ပြီး သွား မဖြေချင်ကြတော့ဘူး၊ သွား ဖြေရတဲ့နေရာ က လည်း ဝေးတယ်လေ” ဟု ကုန် ကားမောင်းသူ ကိုအေးလွင် (အမည်လွှဲ) က ပြောသည်။

လိုင်စင် အတု တစ်ခု ပြုလုပ်ရန် အတွက် ငွေကြေး အားဖြင့် နှစ်သောင်း မှ ငါးသောင်း ထိ ရှိကြောင်း၊ ယင်းဈေး နှုန်းသည် လည်း ပွဲစား များ၏ ပါးစပ်ထဲ တွင်သာ ရှိကြောင်း တက္ကစီ ယာဉ်မောင်း ကိုအေးချမ်း (အမည်လွှဲ)က ပြောသည်။

”ပိုက်ဆံပေး လိုက်ရင် သွားဖြေစရာ မလိုဘူး။ သင်တန်းဆင်း လက်မှတ် မလိုဘူး၊ အချိန် မကုန် ဘူး၊ လူ မပင်ပန်းဘူးပေါ့။ အဲ့ဒီတော့ အစစ်သာ မဟုတ်တာ။ အားလုံး တော့ ပိုလွယ်တယ်” ဟု ကိုအေးချမ်း က ဆိုသည်။

ယခု အချိန်တွင် လိုင်စင် အတုများ ကို အထူး တပ်ဖွဲ့ များဖြင့်သာ ဖမ်းဆီး လျက် ရှိပြီး ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၄၂ဝ) လိမ်လည်မှု၊ ပုဒ်မ (၄၆၈) စာ တန်း အမှတ် အသား တုပြုလုပ်မှု၊ ပုဒ်မ (၄၇၁) အတုမှန်း သိလျက်နှင့် ဆက် လက်အသုံးပြုမှု စသည့် အမှုများဖြင့် အရေးယူလျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံး (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။

”သူတို့ရဲ့ ထောင်ဒဏ်တွေ ကတော့ ၇ နှစ်စီ ကျနိုင်တယ်။ အာမခံတော့ ရှိတယ်။ အာမခံ ဆိုတာလည်း ပေးလို့ရတဲ့ လူတွေ ကိုပဲ ပေးတာပါ”ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူး ရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဘတ်စ်ကားများ၊ ကုန် ကားများ အပြင် မြို့တွင်းမှ တက္ကစီသမား များပါ သတ်မှတ် လိုင်စင်မပါဘဲ မောင်း နှင်ခြင်းများကို မြင်နေ ရကြောင်း အထက် ပါပုဂ္ဂိုလ် က ထပ်လောင်း ပြောသည်။

ယာဉ်မောင်း လိုင်စင်ကိုင်ဆောင် သူနှင့် ယာဉ်စီးရေ အချိုးအား စိစစ်ရာ တွင် ၂ဝ၁၁ ခုနှစ် တွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ ဒသမ ၇၃ ရာခိုင်နှုန်း ထိ ကျဆင်းခဲ့ ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှုဦးစီး ဌာန၏ စိစစ်ချက်များမှ သိရသည်။

ယခင်နှစ် ဇွန်လလယ်ခန့် တွင် လားရှိုးမြို့တော် ခန်းမအနီး အဝိုင်းနှင့် ယာဉ်ထိန်းရုံး အကြား မူဆယ်ဘက် မှ မန္တလေးဘက် သို့ မောင်းနှင် လာသော ယာဉ်အား လှည့်ကင်း တပ်ဖွဲ့မှ စစ်ဆေး စဉ် ယာဉ်မောင်း ကိုင်ဆောင်သော လိုင်စင်နှင့် ယာဉ်၏ သက်သေခံ လိုင်စင် အဝိုင်းတို့မှာ အတုများ ဖြစ်ပြီး ယင်း လိုင်စင် အတုများဖြင့် မန္တလေး၊ မူဆယ် အသွားအပြန် ကုန်ပစ္စည်းများ တင်ဆောင် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသဖြင့် အမှတ် (၁) ရဲစခန်း မှ (ပ) ၂၉၈/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေး ယူခဲ့ဖူး ကြောင်း သိရသည်။

ယင်းဖြစ်စဉ် ကဲ့သို့ပင် ၂ဝ၁၃ ခုနှစ်၊ ဇွန် ၁၆ ရက်နေ့ တွင် ထပ်မံ ဖမ်းဆီးနိုင် ခဲ့သဖြင့် ပြစ်မှုပုဒ်မ (ပ)၂၉၉/၂ဝ၁၃၊ ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေးယူ ခဲ့ ကြောင်း သိရ သည်။

”အရင်က လိုင်စင်အတု ကိုင်ဖူးတယ်။ အစစ်က မရသေးဘူး။ အလုပ်ကလည်း အရေးတကြီး လိုတော့၊ လိုင်စင် အတု လုပ်လို့ ရတယ်ပေါ့။ တစ်သိန်းလောက် ကုန်မယ် ဆိုတော့ လုပ်လိုက်တယ်။ အဲဒီ တုန်းက လိုင်စင် အတုနဲ့ မောင်းနေတာ ဆိုတော့ စိတ်ထဲတော့ ကြောက်တာပေါ့။ ငါ့ကို ဖမ်းရင်များ ဘယ်လို လုပ်မလဲ ဆိုပြီး ပေါ့” ဟု လိုင်စင် အတု ကိုင်ဆောင်ခဲ့ဖူးသူ ကိုဝေဠု (အမည်လွှဲ) က ပြောသည်။

လိုင်စင် အတုဖြင့် အဖမ်းခံ ရခြင်းထက် လိုင်စင် မရှိခြင်းက ကောင်းဦးမည်ဟု စဉ်း စားမိသော်လည်း အလုပ်ရရန် အတွက် အတုလုပ်ခဲ့ မိကြောင်း ကိုဝေဠုက သူ၏ အတွေ့ အကြုံကို ပြောသည်။

”အခုက လိုင်စင်ကို ဘယ်လိုဖြေ ရမယ် မစဉ်းစားတော့ဘူး။ စတီယာရင် လေးကိုင်တတ်တယ် ဆိုတာနဲ့ လိုင်စင်က လုပ်ချင်နေတော့ တာလေ”ဟု ကုန်တင် ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ကျော်ရှိ ဦးလှအောင်က ဆိုသည်။

အဆိုပါ ကိစ္စများကို ယာဉ်ထိန်းရဲ များ အနေဖြင့် ကြပ်ကြပ် မတ်မတ်လုပ်စေ ချင်ကြောင်း ၄င်းက ဆက်ပြောသည်။

”အခုက အစ်ကို ကုန်ကားမောင်း သမားတွေ မြင်နေရတာက မောင်းတဲ့ လူတွေက ငယ်ငယ်လေးတွေ၊ လိုင်စင် အနီတော့ မဟုတ်လောက်ဘူး။ စပယ် ယာတွေ က ဘေးမှာ လိုက်ပြီး ကားကြီးရဲ့ အယူအဆလောက် တတ်ပြီး ကိုယ်တိုင် တက်မောင်းနေ ကြတာ။ အရေးရယ်၊ အကြောင်းရယ် ဆိုရင်တော့ သူတို့ ကား မောင်းတဲ့ ဝါလောက် နဲ့ ဒီလို ကားကြီးကို ထိန်းဖို့ မလွယ်နိုင်ဘူး။ လူငယ် ဆိုတော့ ပိုက်ဆံ လိုချင်တာပဲ သိမှာပေါ့” ဟု သူ့ ပတ်ဝန်းကျင် အခြေအနေကို ရှင်းပြသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အရေးယူမှုများက ဥပဒေက ပြဋ္ဌာန်း ထားပြီးသားဖြစ်ကြောင်း၊ အတုလုပ် ဆောင်မှုများကိုလည်း ဥပဒေ အရ အရေး ယူမှုများရှိကြောင်း၊ သက်ဆိုင်ရာဌာန များကလည်း စစ်ဆေးမှုများ ရှိကြောင်း ယင်းကဲ့သို့ လိုင်စင် အတုများ ထပ်မံ မလုပ်ရန် အတွက် ပညာပေးမှု များလည်း ရှိကြောင်း ပြောကြားသည်။

”လိုင်စင်ရဖို့ ဦးတို့ဆီမှာ ရေးဖြေ တွေဖြေနေ ရတယ်။ အနည်းဆုံး ၄၊ ၅ ကြိမ်လောက်တော့ ဖြေရတယ်။ အဲ့ဒါ ဖြေပြီးရင် ကားနဲ့ဖြေ ရတယ်။ အဆင့် ဆင့်ဖြေပြီး အောင်မှ လိုင်စင် ထုတ်ပေး တာ၊ ကားကြီးမောင်းတဲ့ သူတွေဆိုလည်း TE ကားကြီးတွေ၊ ဘတ်စ်ကားတွေနဲ့ ဖြေရတယ်။ အဲ့ဒီလို စစ်ဆေးမှုတွေ ကို လုပ်တယ်” ဟု ကုန်းလမ်း ပို့ဆောင်ရေး မှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြော သည်။

ယင်းကဲ့သို့ လိုင်စင် အတုများ လုပ် ဆောင်သူ များသည် ရုံးအနီးရှိ လက်ဖက် ရည်ဆိုင်များ၊ ဘတ်စ် ကား ဂိတ်များ၊ ကားကြီးဂိတ် များ စသည့် နေရာ များတွင် စောင့်၍ အလုပ် လုပ်ကြ သည် ဟု သိရှိရ ကြောင်း ၄င်းက ပြောသည်။

”အတု လုပ်တာက ဒီလို စစ်ဆေးမှု တွေ မလုပ်ဘဲနဲ့ အလွယ် လုပ် ကြတာ၊ အဲ့ဒီ အခွင့် အလမ်းက ကားမောင်းခွင့် ရပြီး ပိုက်ဆံရမယ်၊ အဲ့ဒါကြောင့် ဘယ် လောက်ပဲပေး ရပေး ရ အတု လုပ်ကြ တယ်” ဟု ၄င်းက ထပ်ပြောသည်။

အဆိုပါ ကိစ္စများအား အရေးပေါ် စစ်ဆေးမှု များ ပြုလုပ် ကြကြောင်း၊ ကညနမှ ထုတ်ပေးသော လိုင်စင် မှာ ကညန တံဆိပ်များ၊ ဘားကုတ် များကို ထည့်ထားကြောင်း၊ မူလ အတိုင်း ကြည့် လျှင် မမြင်ရကြောင်း၊ ခရမ်းလွန်ရောင် ခြည် လေဆာနှင့် ကြည့်မှသာ မြင်ရ ကြောင်း အတုတွင် ထိုသို့ မပါဝင် ကြောင်း ၄င်းက ပြောသည်။

”လိုင်စင် အတု နဲ့အစစ်ကို လေဆာ နဲ့ ခွဲခြားပြီး ဖမ်းလို့ ရတယ်။ ဒါ့အပြင် စမတ်ကတ် အတွင်းက လိုင်စင် ပိုင်ရှင် ရဲ့ ဓာတ်ပုံ၊ ကညန ၏ ရောင်ပြန် အမှတ် တံဆိပ်၊ သက်တမ်း ကုန်ဆုံးမည့်ရက်၊ လိုင်စင်နံပါတ် စသည်တို့ကို ကြည့်ပြီး ဖမ်းရတာပါ” ဟု အမှတ် (၂) ယာဉ် ထိန်း ရဲတပ်ဖွဲ့မှူးရုံး ရန်ကုန်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

”လိုင်စင် အတုတွေ ဆိုတာကို ကျွန်တော် ကြားသလောက် အစစ် လုပ်တဲ့ နေရာကပဲ ထွက်တယ်လို့ ကြားတယ်။ ဟုတ် မဟုတ်တော့ မသိဘူးပေါ့” ဟု ကိုဝေဠုဆိုသူ က ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ လည်း ကုန်းလမ်း ပို့ဆောင်ရေးမှ ညွှန် ကြားရေးမှူး ဦးသောင်းလွင်က ”ဒီလို နာမည်တွေ ထွက်နေတော့ မကောင်းဘူး ပေါ့။ ဦးတို့ ဌာန ရဲ့ ဂုဏ်သိက္ခာ လည်း ထိခိုက်တယ်။ ဒီလိုမျိုး လုပ်နေတာတွေ လည်း ဦးတို့ အနေနဲ့ ဥပဒေအရ အရေး ယူမှုတွေ လုပ်နေပါတယ်” ဟု ပြောသည်။

လူငယ်များ အနေဖြင့် မိမိတို့ နေအိမ်တွင် ကားတစ်စီးမက ဝယ်ထား သောကြောင့် ဟိုဒီ သွားချင်လျှင် ကိုယ် ပိုင်ကား များဖြင့် သွားလာမှုများ ပြုလုပ် ခြင်း တို့ဖြင့်လည်း ယာဉ် မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း အငှားကား ယာဉ်မောင်း ဦးအေး (အမည်လွှဲ)က ပြောသည်။

ထို့ပြင် ယာဉ်ထိန်းရဲ များအနေဖြင့် လည်း ယခုမှသာ ယာဉ်မောင်း လိုင်စင် အား အတင်းအကျပ် ဖမ်းဆီးနေပြီး ယခင်က ယာဉ်မောင်း လိုင်စင် များအား လျစ်လျူရှု ခဲ့ခြင်း တို့ကြောင့် မြန်မာနိုင်ငံ ရှိ ယာဉ်မောင်း များမှာ စည်းကမ်းမဲ့များ ဖြစ်နေကြောင်း ၄င်းက ထပ်ပြောသည်။

လူငယ်တွေ ဆိုပေမယ့် သူတို့လိုင် စင် ရဖို့ လာဖြေကြတယ်။ သူတို့ဖြေနိုင် ရင်တော့ လိုင်စင်ရမှာပဲ။ အသက်ပြည့် တဲ့ လူတိုင်းက လိုင်စင်ဖြေလို့ ရတယ်လေ။ ကားမောင်း မကြမ်းဖို့ ကတော့ လူတို့ အမူအကျင့်နဲ့ မိဘ အုပ်ထိန်းမှုနဲ့ ဆိုင် တယ်။ ဥပဒေကို ဘယ်လောက်ထိ လိုက် နာနိုင်လဲ ဆိုတာသာ မူတည်ပါတယ်။ အကုန်လုံး က ဥပဒေအရ ထိန်းချုပ်ပြီး သားပါဟု ကုန်းလမ်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ က ပြောသည်။

ထို့ပြင် လိုင်စင် ပြုလုပ်ရာ၌ ရန်ကုန် လိုင်စင်တွင် အခက်အခဲ ရှိခြင်းကြောင့် နယ် လိုင်စင် များ လည်း ပြုလုပ်နေ ကြသည်။ အထူးသဖြင့် ပဲခူး တွင် ပြုလုပ်ကြသည် ဟု တက္ကစီ ယာဉ်မောင်း ဦးအေး လွင် က ပြော သည်။

”အခုက တကယ် မောင်းတတ်တဲ့ လူတွေမှာ လိုင်စင် မရှိဘဲ တကယ် မမောင်းတတ်ဘဲ စတီယာ ရင် တောင် မကိုင်ဖူးတဲ့ လူတွေက ပိုင်ရာ ဆိုင်ရာတွေ နဲ့ လိုင်စင် လုပ်ထား တာတွေ မြင်ရတယ်” ဟု ၄င်းက ပြောသည်။

ကုန်းလမ်း ပို့ဆောင်ရေးတွင် လိုင်စင် ဖြေရာ၌ စာမေးပွဲ ဖြေဆိုအောင် မြင်ပြီး သူများကို ကွန်ပျူ တာ စနစ်ဖြင့် စနစ်တကျ သိမ်းဆည်း ထားပြီး မည်သူ မည်ဝါ ဟူ၍ စာရင်း ထည့်သွင်းမှု မ ရှိကြောင်း၊ စနစ်တကျ စစ်ဆေးထား ကြောင်း ကညနမှ တာဝန် ရှိသူ တစ်ဦးက ပြော သည်။

”ဦးတို့ အနေနဲ့ အခက်အခဲ ဆိုရင် တော့ ဒီလို အတု လုပ်နေတဲ့လူတွေ ထဲကို ထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်ဘူး။ လုပ် နိုင်ဖို့တော့ လိုတယ်။ အားလုံးက တာဝန် တွေ နဲ့ ဆိုတော့ အဲ့ဒီလောက် ထိ မလုပ် နိုင်ဘူး ဖြစ်နေတယ်” ဟု ၄င်းက ထပ် ပြောသည်။

တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူ အသက် ၃ဝ ကျော် ဝန်းကျင်ရှိ ကိုကျော် လတ် (အမည်လွှဲ)ကတော့ ”VIP လိုင် စင်ဆိုပြီးတော့ ကြားဖူးတယ်။ ဝန်ကြီး တွေ ကိုင်တဲ့ လိုင်စင် ဆိုပြီးတော့။ မြင်တော့ မမြင်ဖူးဘူး။ ဒီလိုတွေ ဖြစ်နေမှတော့ ယာဉ်အန္တရာယ် ဆိုတာ တော်တော် ကြောက်စရာ ကောင်းနေပြီ။ သူတို့ နောက်က လိုက်တဲ့ ခရီး သည် ဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ် အန္တရာယ် ရှိနေပြီ။ ကညနက လိုင်စင် ထုတ်ပေးတာကို သေ သေချာချာလေး ဖြစ်စေချင်တယ်” ဟု သုံးသပ်သည်။

မြို့ပြဟူသည် ကတော့ တစ်စတစ် စနှင့် ပို၍ ဖွံ့ဖြိုးလာစမြဲ။ လူဦးရေသိပ် သည်းလာမှုနှင့် အတူ လိုအပ်ချက်အရ တိုးပွား လာနေသော မော်တော်ယာဉ် များကလည်း လမ်းတိုင်း တွင် အပြည့်။ ထိုအရေ အတွက်နှင့် စည်းကမ်းထိန်း သိမ်း အရေး ယူနေသော ဝန်ထမ်းအင် အား အရေအတွက် တို့ကလည်း အချိုး အစား မမျှတ။ ထို့ပြင် စနစ် ဆိုးအောက် အမြစ်တွယ် ကျန်ခဲ့သော အဂတိ တရား များကလည်း အရှိန် အဟုန်ဖြင့် သွားနေဆဲ ဖြစ်ရာ လစ်ဟာမှု များစွာ တို့ကို လည်း လက်ညှိုးထိုး မလွဲ မြင်တွေ့နေရဆဲ ဖြစ် သည်။

မည်သို့ပင် ဆိုစေ သက်ဆိုင်ရာ နယ်ပယ် အလိုက် တာဝန်ယူ ဆောင်ရွက် ကြရာတွင် အမှန်တကယ် ကျွမ်းကျင် မှုအရ တာဝန်ခံဖို့ လိုအပ် သကဲ့သို့ ရပ် တည်မှု အတွက် အသိ အမှတ်ပြု ခံရရန် ဆောင်ရွက်ဖွယ်ရာ တို့ကိုလည်း မလစ် ဟင်းသင့် သည်ကတော့ အမှန်ဖြစ်သည်။

လိုင်စင်အတွက် ငွေကြေးနှင့် အချိန် ကာလကို လက်ညှိုး ထိုးသည်။ ဝမ်းရေးနှင့် ရွေးချယ်ခွင့် နည်းသော ဘဝ များကို ချပြကြသည်။ လုပ်ထုံး လုပ်နည်း နှင့် ဥပဒေ တို့ကို လည်း ထောက်ပြသည်။ အခက်အခဲနှင့် တာဝန်ယူမှု အဆင့်ဆင့် တို့ကိုလည်း ဆွဲခေါ်သည်။ ပေါက်ပင် ဘာကြောင့် ကိုင်းရသည့် ဥပမာကို မကြာခဏ ထည့် သုံးစွဲနေ ရခြင်း သည်ပင် အဓိပ္ပာယ်အားဖြင့် ပလိုင်းပေါက်နှင့် ဖားကောက်နေသည့် သဘောက ပိုထင် ရှားလေ ဖြစ်ပါလိမ့်မည်။ အဆိုပါ အခြေအနေ များထဲ လိုင်စင်မဲ့၊ လိုင်စင် အတု များ၏ လက်ထဲတွင် လူ့ အသက်စစ် စစ်များက တည်ရှိနေပြီး ထိုအချက် သည် ပင် ပလိုင်းပေါက်နှင့် ဖားကောက်နေ ခြင်း၏ ရလဒ်ဟု ဆိုပါက ……။

ရန်နိုင်၊ ဇေဝေယံ ရေးဖွဲ့သည်။
ဓါတ်ပုံ – အောင်နိုင်စိုး ( ကစ္ဆပ )
Popular Myanmar News Journal

မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ

Posted by drmyochit Monday, June 23, 2014, under | 1 comment


အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်းရန် စေခိုင်း သည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။

ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့်ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။

ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။

ဇွန်လ ၂၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီခြင်း မရှိကြောင်း ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းမီဒီယာများက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

‪‎The‬ Voice Weekly

ဆီးရီးယားစစ်ဌာနချုပ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်

Posted by drmyochit Monday, June 23, 2014, under | No comments

စစ်အခြေစိုက်စခန်းရှိတဲ့ပင်လယ်နီအပမ်းဖြေရိပ်သာမှာ ပြသထားတဲ့ အစ္စရေး ဒုံးကျည်များ။

ဆီးရီးယားစစ်ဌာနချုပ်နဲ့ တခြား ပစ်အတော်များများကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အစ္စရေး ဆယ်ကျော်သက်အရွယ် တဦးကို ဆီးရီးယားက ပစ်ခတ် သတ်ဖြတ်လိုက်တာကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်။

 တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ပစ်မှတ်တွေကို တိုက်ရိုက် ထိမှန်ကြောင်း အစ္စရေးဖက်က အတည်ပြု ပြောဆိုပါတယ်။

 အစ္စရေးတို ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို မောင်းသွားတဲ့ အစ္စရေး ထရပ်ကားတစ်ဆီးကို ဆီးရီးယားက တနင်္ဂနွေနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် ဆယ်ကျော်သက်အရွယ် လူငယ်တဦး သေဆုံးသွားခဲ့ပြီး တခြား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။

 အဲဒီ တိုက်ခိုက်မှုဟာ အစ္စရေးကို ရန်စတဲ့ တိုက်ခိုက်မှုအဖြစ် သတ်မှတ်တဲ့အတွက် အစ္စရေးက အခုလို လက်စားချေ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

၆ လ ကြာ ခွဲခဲ့ရတဲ့ သခင်ပြန်အလာ အလွမ်းသည်တဲ့ ခွေးကလေး

Posted by drmyochit Monday, June 23, 2014, under | No comments


လောကမှာ ချစ်ခင်နှစ်သက်မြတ်နိုးကြသူတွေဟာ ကွဲကွာသွားကြပြီး ပြန်လည် ဆုံဆည်းတဲ့အခါ ကွဲကွာ ချိန်က အလွမ်းတွေကို သည်ဆောင်လာပြီး တနင့်တပိုး အားပါတရ အလွမ်းဖြေကြလေ့ ရှိပါတယ်။

ဒီလို ကိစ္စမျိုးဟာ လူသား တင်မက တိရိစ္ဆာန်တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် ခွေးတွေဟာ သူတို့ရဲ့ သခင်နဲ့ ကွဲကွာသွားပြီး ပြန်ဆုံဆည်းတဲ့အခါ အလွမ်းသည်တတ်လေ့ ရှိပါတယ်။

အခု ယူကျုပေါ်က ဗွီဒီယိုမှတ်တမ်းတခုမှာ ခွေးကလေး တကောင်က သူ့ သခင်နဲ့ ၆ လလောက် ခွဲခွာနေ ခဲ့ရပြီး တနေ့ သခင်ဖြစ်သူ အိမ်ပြန်လာစဉ် အလွမ်းသည်ပုံက တကယ့်ကို ချစ်စရာလေးပါ။

သူ့မှာ ပြောစရာ စကားတွေလည်း တပုံကြီး ရှိတယ် ထင်ပါရဲ့၊ သူ့အသံက ကွဲကွာခဲ့တဲ့ ၆ လ ကာလအတွင်း သူ ဘယ်လောက် လွမ်းကြောင်း သူ့ သခင်ကို ပြောနေတယ် ထင်ပါရဲ့။

အိမ့်သံစဉ်
ဧရာဝတီ

Sunday, June 22, 2014

အမျိုးသမီးအလုပ်သမားနှစ်ဦးရှေ့တွင် ဝတ်လစ်စားလစ် ကပြခဲ့သည့် အဝတ်အစားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အလုပ်ထုတ်ပယ်ခံရ

Posted by drmyochit Sunday, June 22, 2014, under | No comments


Vidd.me ဗီဒီယိုမှ ရယူထားသောပုံ

အမျိုးသမီးအလုပ် သမားနှစ်ဦးရှေ့တွင် ကခုန်စဉ် အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိခဲ့သည့်အတွက် အမေရိကန် အဝတ်အစားကုမ္ပဏီ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ဒို့ဗ်ချာနေကို ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများက အလုပ်ဖြုတ်လိုက် သည်။

ဗီဒီယိုဖိုင်များ ဝေမျှနိုင်သည့် Vidd.me ဝက်ဘ်ဆိုက်တွင် ဝတ်လစ်စားလစ် ကခုန်နေပုံကို တင်ခဲ့သည့် အသက်(၄၅)နှစ်အရွယ် ကနေဒါနိုင်ငံသား အမှုဆောင် အရာရှိချုပ်အတွက် အခြေအနေ များ ပိုမိုဆိုးရွားစေခြင်းမှာ ယင်း ဗီဒီယိုဖိုင်ကို တစ်စုံတစ်ဦးက တွေ့ရှိသွားပြီး အတင်းအဖျင်း သတင်း များကို အွန်လိုင်းမှ ဖော်ပြသည့် နယူးယောက်မြို့ အခြေစိုက် Gawker ဝက်ဘ်ဆိုက်သို့ ပေးပို့ခဲ့ ပြီး ယင်းဝက်ဘ်ဆိုက်က ၁ မိနစ် ၁၅ စက္ကန့်ကြာ ဗီဒီယိုဖိုင် ပြသ ခဲ့၍ ဖြစ်သည်။

ဒို့ဗ်ချာနေမှာ ယင်းသို့ ဝိုင်း ပတ်ကခုန်နေစဉ် လက်ကိုင်ဖုန်း ဖြင့်လည်း စကားပြောနေသေး သည်။

ယင်းဗီဒီယိုဖိုင်တွင် မွေးနေ့ ဝတ်စုံနှင့် အမျိုးသားမှာ ချာနေ ဖြစ်ကြောင်း အမေရိကန်အပယ် ရယ်ကုမ္ပဏီ၏ မော်ဒယ်ဟောင်း တစ်ဦးကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြပြီး ၎င်းနှင့် အတူ ယင်းဗီဒီယိုဖိုင်၌ ပါဝင်သော အမျိုးသမီးနှစ်ဦးမှာ အပယ်ရယ်ကုမ္ပဏီနှင့် ဆက်နွှယ်မှုရှိကြောင်း  အလုပ်သမားဟောင်းတစ်ဦးက အတည်ပြုပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ မလျော်မ ကန် ပြုလုပ်သည်ဟု ယခင်က အမျိုးသမီးအလုပ်သမားများစွာ ၏ တိုင်ကြားခြင်းခံထားရသော ချာနေကို ယင်းကဲ့သို့ ဝတ်လစ် စားလစ် ကခုန်ခြင်းအတွက် အလုပ် မှ ထုတ်ပယ်လိုက်သည်ဟု အမေ ရိကန် အပယ်ရယ်ကုမ္ပဏီဘုတ် အဖွဲ့၏ ကြေညာချက်တွင် ဖော် ပြထားသည်။

ယခင် တိုင်ကြားမှုများနှင့် ပတ်သက်၍ ဘုတ်အဖွဲ့က ၎င်း အပေါ် တိုင်ကြားမှုများကို ဖြေ ရှင်းခြင်း (သို့မဟုတ်) ပယ်ချခြင်း ဖြင့် ချာနေဘက်က ရပ်တည်ခဲ့ သည်။

ယင်းကုမ္ပဏီက ဘဏ္ဍာရေး အရာရှိ ဂျွန်လူသရယ်အား ယာယီ အမှုဆောင်အရာရှိချုပ်အဖြစ် ရွေးချယ်ခန့်အပ်ထားသည်။

—Ref: Reuters
7day

အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း


အွန်လိုင်းတွင်ပျံ့နှံ့နေ သော ဆေးလိပ်သောက်နေသည့် ပုံသည် ရှေးခေတ်အမျိုးသမီး ဆေးပြင်း လိပ်သောက် သည့် ပုံစံ အတွက် ဓာတ်ပုံအထူးပြုလုပ် ချက်ဖြင့် ပြုပြင်ရန် ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ယင်းပုံကို တရားဝင်အ သုံးပြုခဲ့ခြင်းမရှိကြောင်း ရွှေမှုံ ရတီ၏ မိခင်က ပြောသည်။

‘‘အဲဒီပုံမှာ ၀တ်စားဆင်ယင် ပုံကိုကြည့်ရင်လည်း အရင်ခေတ် က ပုံဆိုတာ သိနိုင်ပါတယ်။ ရုတ် တရက် ဆေးပြင်းလိပ်ရှာမတွေ့ တဲ့အခါ လက်ထဲမှာ စီးကရက်ကို ညှပ်ပြီးရိုက်ထားတာ။ နောက်မှ ဖိုတိုရှော့လုပ်မယ်ဆိုပြီး ရိုက်ခဲ့ တာ။ ဒါပေမဲ့လည်း သူတို့လုပ်လို့ အဆင်မပြေလို့လား၊ အမြင်မ တော်လို့လားမသိဘူး အဲဒီပုံကို လည်း မထုတ်ဖြစ်ခဲ့ပါဘူး’’ ဟု ရွှေမှုံရတီ၏ မိခင်က ပြောသည်။

ထို့အပြင် အဆိုပါ ဓာတ်ပုံ ကို လွန်ခဲ့သည့် ခြောက်လခန့်က တည်းက ရိုက်ကူးခဲ့ခြင်းဖြစ်၍ ယခုကိစ္စသည် ၎င်း၏ သမီးကို တိုက်ခိုက်ချင်သောကြောင့် တင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံး သပ်သည်။

‘‘အန်တီ ညံ့သွားလို့၊ အ တွေးတွေ နည်းနည်းမှားသွားလို့ ဒါက မဖြစ်လောက်ဘူးဆိုပြီး ထင် လို့ လုပ်ခဲ့တာဆိုတော့ နောက် နောင်ကို ဒါမျိုးဘယ်သောအခါမှ အဖြစ်ခံမှာမဟုတ်ဘူး’’ ဟု ရွှေ မှုံရတီ၏ မိခင်က ပြောသည်။

7 Day

ယောကျာင်္းယူရန် အသက်အပိုင်းအခြား

Posted by drmyochit Sunday, June 22, 2014, under | No comments


မိန်းကလေးတွေအတွက်က ဈေးဝယ်တာနဲ့ ဥပမာပေးပြီးတဲ့နောက် အခုယောကျာ်းလေးတွေအတွက် ဟင်းချက်တာလေးနဲ့ နမူနာပြပါ့မယ်။

အသက် ၂၀ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဈေးကဝယ်လာတဲ့ အသားလိုပါပဲ။ အတုံးလိုက်အတစ်လိုက်ပဲ ရှိပါသေးတယ်။ ချက်စားဖို့အတွက် ခုတ်ထစ် ရပါအုန်းမယ်။

အသက် ၂၅ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဟင်းချက်ဖို့ အသင့်ပြင်ဆင်ထားသလိုပါပဲ။ တစ်လုတ်စာအရွယ်ကလေးတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသင့်နှပ်ထားတဲ့ အဆင့်ရောက်နေပါပြီ။

အသက် ၃၀ ဝန်းကျင်
ဒီအသက်မှာဆိုရင်တော့ ဟင်းစချက်နေပါပြီ။ နူးအောင်လို့ ထည့်ထားတဲ့ရေဟာခန်းလို့ နောက်တရေကို ထပ်ထည့်ရတော့မယ့် အနေအထားပါ။

အသက် ၃၅ ဝန်းကျင်
ခုချိန်ကတော့ ထည့်ထားတဲ့အသားက နူးစပြုနေပါပြီ။ စသုံးဆောင်မယ်ဆိုရင် သုံးဆောင်လို့ရပါပြီ။

အသက် ၄၀ ဝန်းကျင်
ဟင်းကျက်ပါပြီ။ ဒီအချိန်စားမယ်ဆို အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။ လေးဆယ်ကျော်အချစ်ရဲ့ အစပေါ့။

အသက် ၄၅ ဝန်းကျင် ဒီအချိန်မှာတော့ အသားတွေက နူးအိနေပါပြီ။ ခုချိန်မှာ ချက်ထားတဲ့ဟင်းအိုးကို မီးဖိုပေါ်ကချဖို့လိုနေပါပြီ။ တော်ကြာ ဆီမကျန် ရေမကျန်ဖြစ်တော့မှာပါ။

အသက် ၅၀ ဝန်းကျင်
ဒီအချိန်ကတော့ တူးနံ့စထွက်နေပါပြီ။ ဆီလည်းကုန်ခါနီး ရေလည်းမရှိတော့ပါဘူး။ ကြိတ်မှိတ်ပြီး စားချင်တဲ့လူ အနည်းငယ်သာ ရှိပါတော့တယ်။

အသက် ၆၀ ဝန်းကျင် ခုအနေအထားကိုသာ ပန်းကန်ထဲထည့်ထားလို့ကတော့ ဟင်းခွက်ကိုနှိက်ချင်တဲ့လူ တော်တော်ရှားသွားပါပြီ။

Credit>> Bush-Man JD

အသားဖြူခရင်မ်သုံးရင်း အရေပြားတွင် အမဲစက်များ ထင်ကျန်ရစ်သူများကို ကာနီဘို နစ်နာကြေးပေး

Posted by drmyochit Sunday, June 22, 2014, under | No comments



ဂျပန်အလှကုန် ကာနီဘိုမှ ထုတ်လုပ်သည့် အသားဖြူခရင်မ်များ သုံးစွဲပြီး မျက်နှာတွင် အမဲစက်များ ထွက်ခဲ့သူ လေးထောင်ကျော်ကို ကာနီဘိုသည် နစ်နာကြေးများ စတင်ပေးအပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မျက်နှာ အမဲစက်များထွက်ကြောင်း အကြောင်းကြားစာ ပေးပို့သူ ဂျပန်နိုင်ငံသား (၁၅၀၀၀) အနက် (၄၀၀၀) ကျော်ကို နစ်နာကြေးများ စတင်ပေးအပ်ခြင်း ဖြစ်သည်။ ရိုဒိုဒီနိုဟု ခေါ်တွင်သည့် ဓာတုပစ္စည်းပါဝင်သော ကာနီဘိုအလှကုန် (၅၄) မျိုးကြောင့် အရေပြားတွင် အမဲစက်များထွက်ကြောင်း သိရအပြီးတွင် ကာနီဘိုသည် သက်ဆိုင်ရာ အလှကုန် အများအပြားကို ပြန်သိမ်းယူခဲ့ရသည်။

အသားဖြူခရင်မ် လိမ်းအပြီးတွင် အရေပြားတွင်အမဲစက်များ ထွက်လာခြင်း၊ အရေပြားအရောင် ပျက်ပြယ်ခြင်းများ ဖြစ်ပွားခဲ့သည်။ ကာနီဘိုသည် ထိခိုက် ခံစားခဲ့ရသူများကို ကျန်းမာရေး စရိတ်များလည်း ထုတ်ပေးခဲ့ပြီးဖြစ်ကာ ယခုအခါတွင်မှ နစ်နာကြေးကို ထပ်မံပေးအပ်ခြင်း ဖြစ်သည်။

မတဲ့သော ဓာတ်ပစ္စည်းပါသည့် ကာနီဘို အလှကုန်ကို အသုံးရပ်ပြီး တစ်နှစ်ကျော်လာသည့်တိုင် အရေပြားတွင် အမဲစက်များ၊ အရောင် မမှန်ကွက်များ ထင်ကျန်နေဆဲသူ (၄၀၀၀) ကျော်ကို နစ်နာကြေးများ ပေးအပ်ခြင်း ဖြစ်ကြောင်း ကာနီဘိုပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။

နစ်နာကြေးသည် တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်ကြောင်း ပြောခွင့်ရ အမျိုးသမီးက ပြောသည်။ စုစုပေါင်းမည်မျှ ပေးအပ်ကြောင်း ကိုကား ကာနီဘိုက ထုတ်ပြန် ပြောကြားခြင်းမရှိ။ ဂျပန်နိုင်ငံ ဂျီဂျီသတင်းဌာန၏ ခန့်မှန်းချက်အရ ဒေါ်လာသန်း ဆယ်ဂဏန်း ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။

Source: AFP
Messenger

အသက် (၁၂) နှစ်အရွယ် ကောင်မလေးရဲ့ သားအိမ်မှာ ဖရဲသီး အရွယ်လောက်ရှိ အသားပို တွယ်ကပ်နေ

Posted by drmyochit Sunday, June 22, 2014, under | No comments


အေသင်အောင်

တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း Heilongaijang အရပ်ဒေသမှာ နေထိုင်တဲ့ အသက် (၁၂) နှစ် အရွယ် ကောင်မလေးတစ်ဦး ရဲက သားအိမ် မှာ ဖရဲသီး အရွယ်အစားလောက်ရှိ အသားပို တွယ်ကပ်နေတာမို့ ခွဲစိတ် ကုသမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဟန်ဘင်းဘင်း အမည်ရ ကောင်မလေးဟာ ၂၀၀၉ ကတည်းက ဒီရောဂါ ဝေဒနာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဟန်ဘင်းဘင်းကို မိဘတွေက ဆေးကုသမှု ပေးခဲ့ပေမယ့်  ရောဂါဝေဒနာ က သက်သာ ပျောက်ကင်းခြင်းမရှိဘဲ အကြွေးတင်တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ ဆေးကုသစရိတ် ကြီးမြင့်တဲ့အပြင် ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ရောဂါဝေဒနာ သက်သာပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆရာဝန်လည်း မရှိခဲ့ပါဘူး။ ဆရာဝန် အများစုက ဟန်ဘင်းဘင်းရဲ့ဝေဒနာကို ကုသဖို့ ငြင်းဆန်ခဲ့တာကြမို့ ကုသမှုပြုလုပ်ရာမှာများစွာ အခက်တွေ့ ခဲ့ရပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ လိုက်ရှာရင်း နောက်ဆုံးမှာ ခွဲစိတ်ကုသပေးမယ့် ဆေးရုံကို တွေ့ရှိခဲ့ပါတယ်။ ဒီဆေးရုံက တရုတ်နိုင်ငံတောင်ပိုင်း Gyang Zhou ဒေသမှာရှိပြီး၊ ဟန်ဘင်းဘင်းတို့ နေထိုင်ရာ အရပ်နဲ့ မိုင်ပေါင်း (၂၅၀၀) ကျော် ဝေးကွာပါတယ်။ ဟန်ဘင်းဘင်းဟာ ကုသဖို့နေရာ သွားပေမယ့် ဆေးကု သစရိတ်အတွက် ရှာဖွေနေရဆဲဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးမြောက်စေဖို့ လိုအပ်တဲ့ ဆေးကုသ စရိတ်ကို ဒေသဆိုင်ရာ လူမှုအဖွဲ့ အစည်းတွေ နဲ့အတူ ရှာဖွေနေတယ်လို့ သိရပါတယ်။

messenger

လူကြီး၊ လူငယ်ကြား အမြင်ကွာခြားချက်များနှင့် မြန်မာ e-Sports

Posted by drmyochit Sunday, June 22, 2014, under | No comments


လူငယ် ၁၀ ဦး ၎င်းတို့၏ ကွန်ပျူတာ မျက်နှာပြင်များပေါ်သို့ အာရုံစူးစိုက်နေကြသည်။ မျက်လုံးများ အငြိမ်မနေသလို လက်ချောင်းများသည်လည်း ကွန်ပျူတာ ကီးဘုတ်များပေါ်တွင် ပြေးလွားနေသည်။ အသွင်အပြင်များကား တိုက်ပွဲတစ်ခုတွင် ရန်သူအား အမြစ်ပြတ် ချေမှုန်းတော့မည့် စစ်သည်များသဏ္ဌာန်။ တည်နေရာကား စမ်းချောင်းရပ်ကွက် အတွင်းရှိ ကွန်ပျူတာ ဂိမ်းဆိုင်လေး တစ်ခုအတွင်းတွင် ဖြစ်သည်။ ဆိုင်အတွင်း မောက်စ်သံ တစ်ချက်ချက်၊ ကီးဘုတ်သံ တတောက်တောက်မှအပ တိတ်ဆိတ်နေသည်။ မကြာမီတွင် သူတို့၏ ငါးယောက်တစ်ဖက် စစ်ပွဲပြီးဆုံးသွားပုံရသည်။ အနိုင်ရသွားဟန်တူသော အဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က ရှုံးနိမ့်သွားသော အသင်းမှ လောင်းကြေးငွေ သုံးသောင်းကို ထယူလိုက်သည်။

“မင်းတို့ဆိုင်မှာမို့ပါကွာ... ကီးဘုတ်တွေ၊ မောက်စ်တွေ ငါတို့ မကိုင်တတ်ဘူး။ နောက်တစ်ခေါက် ငါတို့ဆိုင်မှာ ဆော့မယ်။ ဂိမ်းဖိုးရှင်းကြေး၊ သုံးသောင်းကြေးပေါ့” ဟုပြောကာ ရှုံးနိမ့်သွားသော လူငယ်များ ထွက်သွားသည်။

“ခုချိန်ထိ ဒီကောင်တွေ ကိုယ့် Skill ကို မသိသေးဘူး နောက်တစ်ခါ ထပ်ရိုက်ခံချင်လို့”

အနိုင်ရသောအသင်းမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်က ရယ်မောပြောဆိုသည်။ သို့သော် သူ၏ အပျော်များမှာ မကြာလိုက်။

“ဟဲ့ လင်းသိန်း၊ နင် ဒီ Game ကိုပဲ တစ်သက်လုံး ဆော့နေမှာလား။ နင့်ဘဝ တက်လမ်း ဘာရှိလို့လဲ။ နင့်အသက်က မငယ်တော့ဘူး။ ထမင်းလည်း ပြန်မစား၊ အိမ်ကိုလည်း လှည့်မကြည့်နဲ့ နင့်ဘဝ ဒီလိုနဲ့ ပြီးတော့မှာလား” သူ၏မိခင် ဖြစ်ဟန်တူသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက သူတို့၏ အောင်ပွဲခံ အခမ်းအနားအတွင်းသို့ ဝင်လာသည်။

“အမေတို့လူကြီးတွေ သိပ်ခက်တယ်ဗျာ။ ဒါအပျော်တမ်းဂိမ်း မဟုတ်ဘူး ...။ အမေတို့ကို ရှင်းပြလည်း နားမလည်ပါဘူး” ဟုဆိုကာ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူငယ်က စိတ်ပျက်သည့် ပုံစံဖြင့် မိခင်နောက်သို့ လိုက်ပါသွားသည်။


မြန်မာနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်ခန့်က စတင်ကာ Defense of the Ancients အများရင်းနှီးတဲ့ အသုံးအနှုန်း ဒိုတာ (Dota) ဂိမ်းကစားနည်းတစ်မျိုး လူငယ်များအကြား ရေပန်းစားလာခဲ့ပြီးနောက် နည်းပညာ ဗဟုသုတ အားနည်းသော မိဘများနှင့် အဆိုပါဂိမ်းကို ပရော်ဖက်ရှင်နယ် အဆင့်ထိ ကစားရန် ကြိုးပမ်းနေသော လူငယ်များအကြား ပြဿနာအချို့ ရှိလာသည်။

အဆိုပါ Dota ဂိမ်းကို ဥရောပနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားကစားနည်း တစ်ခုကဲ့သို့ ဆော့ကစားနေကြပြီး အဆိုပါဂိမ်းတွင် လက်ရည်ကောင်းမွန်သူများကို နည်းပညာကုမ္ပဏီများက ပံ့ပိုးမှုပေးခြင်း၊ လူငယ်များကြား အောင်မြင်ကျော်ကြားသော အားကစားသမား တစ်ဦးကဲ့သို့ အလေးထား ဆက်ဆံခြင်းတို့ကို ကြည့်ကာ မြန်မာနိုင်ငံရှိ လူငယ်အများစု ထိုဂိမ်းကို ပညာရပ်တစ်ခုကဲ့သို့ အလေးထား ဆော့ကစားလာကြသည်။

“ပြည်တွင်း ပွဲတွေမှာတောင် နိုင်ရင် သိန်းဂဏန်းလောက်ကို ရတယ်။ နိုင်ငံတကာမှာဆိုရင် Gamer တွေကို နာမည်ကြီး ဘောလုံးသမားတွေလိုမျိုး ဆက်ဆံကြတာ။ ကျွန်တော်တို့က အဲ့လိုဖြစ်ချင်တာ” ဟု လှိုင်မြို့နယ်နေ အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသား ဂိမ်းဝါသနာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ မိဘများအနေနှင့်လည်း မိမိတို့၏ မျိုးဆက်များကို မိရိုးဖလာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်စေလိုပြီး ဘွဲ့မရခင်အထိ တက္ကသိုလ်ပညာရေးကို ကြိုးစားသင်ယူစေလိုသော အစဉ်အလာများနှင့် မြန်မာနိုင်ငံ အခြေအနေအရ မသေချာသော လမ်းကြောင်းတစ်ခုကို တိုးဝင်ခြင်းထက် အောင်မြင်ပြီးသူတို့၏ နောက်သို့ လိုက်ရန်သာ ညွှန်ကြားတတ်ကြသည်။

“သူတို့ပြောနေတဲ့ ဂိမ်းအားကစားကို ဦးတို့အနေနဲ့ အဆင်ပြေမယ် မထင်ဘူး။ ဦးတို့မိဘတွေက ဆယ်တန်းအမှတ်နဲ့ ကိုက်တဲ့ ဘွဲ့တစ်ခုကိုယူ၊ နောက်အလုပ်အကိုင် အခွင့်အလမ်းပေါတဲ့ လုပ်ငန်းခွင်ဝင်၊ အဲလောက်ပဲ ဖြစ်စေချင်တာ။ ဒါပေမဲ့ သူတို့က လမ်းသစ်တစ်ခုကို ဖောက်ဖို့အတွက် အားသန်နေကြတယ်။ နေ့ည ဂိမ်းဆိုင်မှာချည်းပဲ။ လတ်တလော အိမ်က သားကတော့ အချင်းချင်း ပိုက်ဆံကြေး ဆော့နေကြတာပဲ။ ပြိုင်ပွဲတွေ ဘာတွေ ဆော့တာတော့ မတွေ့ဖူးသေးဘူး” ဟု ဂိမ်းဝါသနာရှင် သားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးအေးကိုက ပြောကြားသည်။

ဥရောပနိုင်ငံများနှင့် အာရှတိုက်အချို့ နိုင်ငံများတွင် e-Sports ပြိုင်ပွဲပေါင်း များစွာကို လစဉ် ကျင်းပနေပြီး ဆုကြေးများမှာလည်း မက်လောက်စရာပင် ဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် လာမည့် ဇူလိုင်လ ၂၈ ရက်၊ ၂၉ ရက်နေ့များတွင် ကျင်းပမည့် ESL One Dota 2 ပြိုင်ပွဲကို ဥရောပတိုက်မှ အင်အားကြီး ဂိမ်းကလပ် သုံးခု၊ အမေရိကတိုက်မှ တစ်သင်း၊ အာရှမှ တစ်သင်းနှင့် တရုတ်နိုင်ငံမှ အသင်းတစ်သင်းတို့အပြင် ဖိတ်ကြားခံ အသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အနိုင်ရရှိသော အသင်းမှာ အမေရိကန်ဒေါ်လာ ရှစ်သောင်းကျော်ခန့် အနည်းဆုံး ရရှိမည် ဖြစ်သည့်အပြင် ကျန်အသင်းများလည်း အမေရိကန်ဒေါ်လာ လေးသောင်း၊ နှစ်သောင်း၊ တစ်သောင်းကျော် ဆုကြေးများကို ရရှိမည် ဖြစ်သည်။

နိုင်ငံတကာ e-Sports လောကကို မျှော်ကြည့်နေသော လူငယ်များအတွက် မျှော်လင့်ချက် များစွာ ရှိနိုင်သလို တစ်လလျှင် ပြိုင်ပွဲတစ်ပွဲမျှ မကျင်းပသော မြန်မာ e-Sports လောကကို မှီခိုမည့် လူငယ်များအတွက် မိဘများ ရင်လေးကျသည်မှာလည်း မိဘများအလွန် မဟုတ်ချေ။ မြန်မာနိုင်ငံတွင် အာရှအဆင့်အထိ အောင်မြင်သော G-Seven ကဲ့သို့ အသင်းကြီးများ ရှိသော်လည်း လက်ချိုးရေတွက်လျှင် ဆယ်ချောင်းပြည့်မည် မဟုတ်ပေ။

“ကျွန်တော်တို့ စဆော့တုန်းက ပြည်တွင်းပွဲလေးတွေပဲ ဆော့ရတာ။ နောက်မှ Online ကနေ SEA ပွဲလေးတွေ ဆော့တယ်။ အဲဒီကမှတစ်ဆင့် ဖိတ်တဲ့ပြိုင်ပွဲတွေကို ဆော့တယ်။ နိုင်ငံခြားမှာ ဆော့ဖို့ဆိုတာက စပွန်ဆာ လိုတယ်။ ပြည်တွင်းမှာ e-Sports နဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်း နည်းသေးတယ်။ နောက်ပြိုင်ပွဲတွေ အရမ်းနည်းပါတယ်” ဟု G-Seven အသင်းခေါင်းဆောင် Kenji က ဆိုသည်။

ယခင်က ဘောလုံးအားကစားသမားများကို ဝင်ငွေပုံမှန် ရရှိနေသော အခြားသူများကဲ့သို့ လေးစားခဲ့ခြင်း မရှိခဲ့ဘဲ မြန်မာနိုင်ငံ ဘောလုံးလောကကို ပရော်ဖက်ရှင်နယ် အဆင့်သို့ ၂၀၀၉ ခုနှစ်မှ စတင်ကာ တိုးမြှင့်ခဲ့ပြီးနောက်တွင်မူ ပုံမှန်ဝင်ငွေ ရှိလာခဲ့ခြင်း၊ ပြိုင်ပွဲများ ဆက်တိုက်ဆိုသလို ရှိနေခြင်းကြောင့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများ ဘောလုံးအားကစားနည်းကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် လေ့လာနေခြင်းကို လက်ခံလာကြသည်။ “e-Sports က အားကစားပါပဲ။ ဘောလုံးကောင်းကောင်း ကစားနိုင်ရင် လစာကောင်းကောင်း ရနိုင်သလို ဂိမ်းကောင်းကောင်း ဆော့နိုင်ရင်လည်း လခ ကောင်းကောင်း ရနိုင်ပါတယ်။ ဒါပေမဲ့ e-Sports မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အတွက်တော့ ဂိမ်းကို တစ်သမတ်တည်း လိုက်ဖို့ဆိုတာက တော်တော်ခက်ခဲမယ်။ မိဘတွေ နားလည်လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားမှာပါ။ အားကစားပွဲတိုင်းမှာတော့ ထောက်ပံ့တဲ့ စပွန်ဆာလိုတယ် သူတို့ကလည်း e-Sports ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့အပိုင်းမှာ ပါပါတယ်” ဟု Kenji က ဆိုသည်။

e-Sports ဖွံ့ဖြိုးပြီးဖြစ်သော နိုင်ငံများတွင် ပညာရှင်များက e-Sports ၏ လူငယ်များအပေါ် လွှမ်းမိုးမှုကို လေ့လာမှုများ ပြုခဲ့ကြပြီး ဘေးထွက်ဆိုးကျိုးများကို စာတမ်းပြုစုခဲ့ကြသည်။ ဂိမ်းကစားချင်းကို စွဲမက်သွားသော လူငယ်များအနေနှင့် လူမူရေးဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များတွင် များစွာ ကျဆင်းသွားခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် အံမဝင်ခြင်းများအပြင် ကျောင်းစာများကို စိတ်ပါဝင်စားမှု အားနည်းလာခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းများ ဖြစ်ပွားတတ်ပြီး ကောင်းကျိုးများ အနေနှင့် အရက်သေစာ၊ မူးယစ်ဆေးများ၊ မိန်းမကိစ္စ အရှုပ်အရှင်းများကို စိတ်ပါဝင်စားခြင်း မရှိတတ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

“အိမ်ကသား ဂိမ်းဆော့လို့ စာမေးပွဲကျတာ ၂ နှစ် ဖြစ်သွားပြီ။ သူတို့ နေ့ရော ညပါ ဂိမ်းဆော့နေတတ်ကြတယ်။ ကောင်းတာတစ်ခုဆိုလို့ ခိုက်ရန်ဖြစ်ပွားတာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ နောက်ဆုံး ရည်းစားကအစ သူမထားဘူး။ အဲဒီဂိမ်းကိုပဲ စွဲလမ်းနေတယ် ထင်ရတယ်” ဟု GTC ပထမနှစ် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ရည်မွန်သန့်က ဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် Dota 2 Championship The International 2014 ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ချီးမြှင့်မည် ဖြစ်ကာ အဆိုပါပြိုင်ပွဲ တိုက်ရိုက်ကြည့်ရှုခွင့် လက်မှတ်ကို အမေရိကန်ဒေါ်လာ ၉၉၊ ၁၉၉ နှင့် ၄၉၉ ဒေါ်လာအထိ သတ်မှတ်ထားပြီး ထိုင်ခုံအလုံး တစ်သောင်းစာ လက်မှတ် အားလုံး ၁ နာရီအတွင်း ရောင်းကုန်သွားကြောင်း သိရှိရသည်။

အသက်မွေးဝမ်းကျောင်း အားကစားတစ်ခုအဖြစ် ရပ်တည်နိုင်သော e-Sports အပေါ် လုံးဝလက်မခံနိုင်သော လူကြီးများနှင့် အခွင့်အလမ်း နည်းပါးနေသေးသော e-Sports လမ်းကြောင်းကို ပညာရေး အထိခိုက်ခံကာ တစ်ဖက်တည်း မျက်စိမှိတ် တိုးဝင်နေသော လူငယ်အချို့ကြား ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ချက်များ ရှိနေသည်။

အောင်သော်ဖြိုး
The Voice Weekly

ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ

Posted by drmyochit Sunday, June 22, 2014, under | No comments

Photo - STRINGER/REUTERS 

ပါကစ္စတန်နိုင်ငံတွင်အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။

အသတ်ခံရသူအမျိုးသမီးငယ်၏ချစ်သူ မူဟာမက်ဆာကွစ်က အဓမ္မပြုကျင့်၍ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားခံကို ရဲစခန်းတွင် ဖမ်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆာကွစ်သည် ချစ်သူမိန်းကလေးအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့် လိင်ဆက်ဆံရန် အတင်းအကျပ်တိုက်တွန်းခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့၍
အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ သစ်ပင်တွင် ချိတ်ဆွဲထားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုသို့ အဓမ္ပပြုကျင့်ပြီး အသတ်ခံရမှုမှာ ကြာသပတေးနေ့ညက ပန်ဂျက်ဒေသ လေယာခရိုင်၌ ဖြစ်ပွားခဲ့ပြီး သောကြာနေ့ နံနက်တွင် ရဲတပ်ဖွဲ့က သတင်းရရှိခြင်းဖြစ်သည်။

‘‘အမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ခံရတာပါ။ အဲဒီနောက်မှာသူ့အလောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး သစ်ပင်မှာ ဆွဲကြိုးချထားခဲ့တာပါ။ ဒါပေမဲ့ သစ်ကိုင်းက နိမ့်နိမ့်ကလေး။ အလောင်းက ထိုင်လျက်အနေအထားနဲ့ မြေကြီးနဲ့လည်း ထိနေတယ်’’ဟု ယင်းဒေသရှိ အကြီးတန်း ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ မျက်မမြင်မိဘနှစ်ပါးနှင့် မောင်နှမခုနစ်ဦးကို လယ်ယာလုပ်ကိုင်၍ ရှာဖွေကျွေးမွေးနေသော မိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။ ယင်းအမျိုးသမီးနှင့် မူဟာမက်ဆာကွစ်တို့မှာ
ချစ်သူသက်တမ်း ခြောက်လကြာပြီဖြစ်ပြီး လက်ထပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ဆာကွစ်သည် အပြစ်ဝန်ခံခဲ့ပြီဖြစ်၍ ၎င်း၏ မိတ်ဆွေနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။

—Ref: AFP
7 Day

လူကုန်ကူးမှု ကာကွယ်တားဆီးရေး အညံ့ဆုံး ၃ နိုင်ငံစာရင်း အမေရိကန်ထုတ်ပြန်

Posted by drmyochit Sunday, June 22, 2014, under | No comments

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
အမေရိကန်နိုင်ငံက လူကုန်ကူးမှု ကာကွယ်တားဆီးရေးမှာ အညံ့ဆုံးနိုင်ငံတွေ စာရင်းမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံ ၃ နိုင်ငံကို ဇွန်လ ၂၀ ရက်နေ့က ထည့်သွင်းခဲ့ပါတယ်။

မြောက်ကိုးရီးယား၊ ဆီးရီးယားနိုင်ငံတွေနဲ့တန်းတူ သတ်မှတ်လိုက်တာဖြစ်ပြီး အနိမ့်ဆုံး သတ်မှတ်ချက်တွေထဲတောင် မ၀င်တာကြောင့် ပိတ်ဆို့အရေးယူမှုတွေ လုပ်နိုင်တယ်လို့ ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ဒီသတ်မှတ်ချက်ကို နိုင်ငံတချို့က သဘောမတူပေမယ့် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံအားလုံးကို အရည်အချင်းတူ သတ်မှတ်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပုဇွန်အတင်ပို့ဆုံးနိုင်ငံဖြစ်ပြီး ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမား တွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေရှိတယ်လို့ အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ လိင်လုပ်ငန်းတွေမှာလည်း နိုင်ထက်စီးနင်းမှုတွေရှိတယ်လို့လည်း ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပေါ်မှာလည်း ထိုင်းရေတပ်ရော၊ အရပ်သားတွေပါ အမြတ်ထုတ်မှုတွေရှိတယ်လို့လည်း ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံကတော့ သဘောမတူ ကန့်ကွက်တယ်လို့ ဇွန်လ ၂၁ ရက်နေ့က ပြောဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် စီဟာဆတ် က လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံက ကြိုးစားဆောင်ရွက်နေပြီး တိုးတက်မှုတွေရှိနေတဲ့အပေါ်မှာ အမေရိကန်က မျက်ကွယ်ပြုတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အောင်မြင်မှုတွေကို မြင်အောက်ကြည့်တာ မကြည့်တာ၊ ဒေသတွင်း အရေးကြီးတဲ့ မဟာမိတ်အဖြစ် ဆက်လက် ပူးပေါင်းတာ မပူးပေါင်းတာဟာ အမေရိကန်နိုင်ငံရဲ့ ရွေးချယ်ခွင့်နဲ့ပဲ ဆိုင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

ဒီဗွီဘီ

ခင်ပွန်းဖြစ်သူကို သတ်ခဲ့သည့် ကလေးရာဇဝတ်သားအား သေဒဏ်ချမှတ်

Posted by drmyochit Sunday, June 22, 2014, under | No comments

Razieh Ebrahimi ဟာ အသက်၁၄ နှစ်မှာ အတင်းဓမ္မ ယောက်ျားပေးစားခံရတဲ့ ကလေးမလေး ဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ ကလေးအမေ ဖြစ်လာပါတယ်။ အသက် ၁၇ နှစ်မှာတော့ သူ့ယောက်ျားကို သတ်ခဲ့ပါတယ်။ အခု အသက် ၂၁ ရောက်ပြီဖြစ်တဲ့ သူမကို အီရန်နိုင်ငံက သေဒဏ်ချမှတ်ခဲ့ပြီ ဖြစ်ပါတယ်။

ယောကျာ်းအိပ်နေတဲ့အချိန်မှာ မျက်နှာကို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က ဒီသေဒဏ်ကို ခေတ္တဆိုင်းငံထားဖို့ တောင်းဆိုထားပါတယ်။

“ကျွန်မအဖေက အတင်းလုပ်ခဲ့တာကြောင့် ၁၄ နှစ်သမီးမှာ အိမ်နားက လူရဲ့ သားတစ်ယောက်ကို လက်ထပ်ခဲ့ ရတယ်” လို့ Ebrahimi ရဲ့ပြောကြားချက်ကို Mehr သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ကျွန်မဘယ်သူလဲ၊ ဘဝဆိုတာဘာလဲ  ကျွန်မ လုံးဝမသိတော့ပါဘူး။ ကျွန်မယောကျာ်းက ကျွန်မကို နှိပ်စက်တယ်။ ကျွန်မကို အမျိုးမျိုးစော်ကားတယ်။ ရုပ်ပိုင်းဆိုင်ရာအရတောင် တိုက်ခိုက်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

Ebrahimi ဟာ ယောကျာ်းဖြစ်သူရဲ့ သေနတ်နဲ့ ယောက်ျားကို သတ်ခဲ့ပြီး အိမ်ရဲ့ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါတယ်။ ရဲများကိုတော့ သူယောကျာ်းပျောက်နေကြောင်းသာ ပြောခဲ့ပြီး သူမ အဖေရဲ့ဖော်ထုတ်မှုကြောင့် အဖမ်းခံခဲ့ရပါတယ်။

“အီရန်တရားသူကြီး တစ်ယောက်ဟာ Ebrahimi လို ပြစ်မှုကျူးလွန်သူကလေး တစ်ဦးကို သေဒဏ်ပေးမယ့် အချိန်တိုင်း သူ သတိရသင့်တာက တရားမျှတစွာ ဆုံးဖြတ်ရမယ့် သူ့ရဲ့ဥပဒေအကြောင်းအရတာဝန်တွေကို ပြောင်ပြောင် တင်းတင်းကြီး ချိုးဖောက်တာပဲ” လို့ Human Rights Watch မှ Joe Stork  က ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်