Wednesday, July 23, 2014
ကားမော်ဒယ်ဖက်ရှင်နဲ့ ခင်ရူပါ
Posted by drmyochit
Wednesday, July 23, 2014, under Model Girl Photo | No comments
ကမ္မမြို့နယ်မှာ စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံး
Posted by drmyochit
Wednesday, July 23, 2014, under မှုခင်း | No comments
စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ သေဆုံး
နေပြည်တော်၊ ဇူလိုင် ၂၃
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ်၊ စစ္စရံကျေးရွာနေ ဦးစိန်ဝင်း(၅၂)နှစ်သည် နေအိမ်တွင်အိပ်နေစဉ် ညီဖြစ်သူ သိန်းလွင် (၄၀)နှစ်မှာ ဓါးဖြင့်အထိုးခံရကြောင်းသိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရာ ထွန်းထွန်း (၃၇)နှစ်၏တဲတွင် သိန်းလွင်အား ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် မေးမြန်းရာ ထွန်းထွန်းနှင့် သိန်းလွင်တို့စကားများရန်ဖြစ်စဉ် ထွန်းထွန်းမှ သိန်းလွင်အား ဓါးဖြင့်ထိုး၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းရာ ထွန်းထွန်းအား ကမ္မမြို့မရဲစခန်း (ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်
Posted by drmyochit
Wednesday, July 23, 2014, under မှုခင်း | No comments
နေပြည်တော်၊ ဇူလိုင် ၂၃
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၂/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၅၆)ရပ်ကွက်နေ ကိုကိုနိုင်(၂၉)နှစ်မောင်းနှင်လာသော 5G/xxxx လင့်ခရူဆာအဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ကိုကိုနိုင်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့ ဒဏ်ရာ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်နေ ဦးစိုးစံ(၅၈)နှစ်တွင် ၀ဲလက်ခုံ/ယာခြေခုံပွန်းပဲ့ဒဏ်ရာနှင့် တရုတ်နိုင်ငံသား Mr. Yang Feng (၅၀)နှစ်တွင် ယာလက်ပြင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့/နောက် လေကာမှန်ကွဲ၊ ၀ဲ/ယာဘေးမှန်ကွဲ၊ အမိုး/ဘောနတ်ဖုံး/ရှေ့ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ် သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုကိုနိုင်အား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရှိ ပင်ဂူးဟ်ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် လူ ၅၁ သေဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်ဝမ်သတင်းဌာနများက ပြောကြားသည်။
ထိုင်ဝမ်အခြေစိုက် TransAsia လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong လေဆိပ်သို့ ပျံသန်းစဉ် အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
ထိုင်ဝမ် လေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်များက လေယာဉ်သည် ပင်ဂူးလ်ဒေသရှိ ကျေးရွာတစ်ရွာတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုင်ဝမ်သတင်းဌာနများ၏ အဆိုအရ လေယာဉ်မှူးမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေသဖြင့် လေယာဉ်ဆင်းသက်ရာတွင် အခက်အခဲကြုံရခဲ့ရကြောင်း ဖော်ပြသည်။ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ပြီးနောက် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Mizzima News
ကမ္ဘာ့ပေါ်မှာ အရှည်ဆုံး နေကြာပင်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရမည်
Posted by drmyochit
Wednesday, July 23, 2014, under ဗဟုသုတ | No comments
၂၀၁၃ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ ကာရက်မြို့တွင် မှတ်တမ်းတင်ခဲ့သည့် အမည်မသိ နေကြာပင်ဟာ 8.75 မီတာ(၂၈ ပေ ၈.၄၉ လက်မ) အရှည်ရှိပြီး ဟန်းပီတာစချီဖာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုနေကြာပင်မှာ ယခင်နေရာပင်ထက် ၂ ဆနီးပါးရှိကြောင်း ဟန်းပီတာက ပြောကြားခဲ့ပြီး သူရဲ့ လျှိုဝှက်ချက်ကို သိချင်နေကြသည်။ ဒါကြောင့် ယခုနေကြာပင်ဟာ၂၀၁၃ခုနှစ်ကမှတ်တမ်းတင်ထားတဲ့ နေကြာပင်ကို ကျော်ဖြတ်သွားမည်လားဆိုတာ မကြာမီသိရတော့မည်ဖြစ်သည်။
Ref : Guinness World Records
Yangon Media Group
ထိုင်ဝမ်လေယာဉ်ပျက် လူ ၄၀ ကျော်သေဆုံး
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေချိန် အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ် ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၅၁ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။
ထိုင်ဝမ်ကျွန်းမှာ အင်္ဂါနေ့ မနက်အစောပိုင်းကစပြီး Matmo ၀င်ရောက် တိုက်ခတ်ခဲ့တာကြောင့် မိုးအကြီးအကျယ် ရွာသွန်းမယ် ဆိုတာကို မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်ထားတာပါ။
လေယာဉ်ဟာ မြို့တော် ထိုင်ပေကနေ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်လေလက်ကြားမှာရှိတဲ့ ထိုင်ဝမ်ကျွန်းကြား လမ်းတ၀က် Penghu ကျွန်းဆီကို ပျံသန်းနေခဲ့တာပါ။ လေဆိပ်က ဓာတ်ပုံတချို့မှာတော့ လေယာဉ်အပျက်အစီးတွေကို အမှောင်ထဲမှာ မီးသတ်သမားတချို့က ဓာတ်မီးတွေနဲ့ လိုက်လံ ကြည့်ရှုနေတာကို တွေ့ရပါတယ်။
Penghu ကျွန်းဟာ လူဦးရေ နည်းပါးပြီး ထိုင်ပေကနေ တနေ့ကို ပျမ်းမျှ လေယာဉ် ၂ စင်းလောက်သာ ဆိုက်လေ့ရှိတဲ့ နေရာပါ။
အခု ပျက်ကျတဲ့လေယာဉ်မှာ ခရီးသည် ၅၄ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၄ ယောက် ပါဝင်ပြီး ထိုင်ဝမ်လေကြောင်းလိုင်း တခုဖြစ်တဲ့ TransAsia ကုမ္ပဏီပိုင် လေယာဉ်ဖြစ်တယ်လို့ အရပ်ဘက် လေကြောင်းဆိုင်ရာဌာနက ပြောဆိုတာကို ကိုးကားပြီး ထိုင်ဝမ် ဗဟို သတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မန္တလေး အရောင်း ကိုယ်စားလှယ်များထံ အော်ရီဒူး ဆင်းကတ်များ စမ်းသပ်အသုံးပြုရန် ဖြန့်ဝေ
Posted by drmyochit
Wednesday, July 23, 2014, under ပြည်တွင်းသတင်းများ | No comments
ဇူလိုင် -၂၃။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ တစ်ခု ဖြစ်သော အော်ရီဒူးမှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန် ယနေ့ ကမန္တလေးမြို့ရှိ ယင်းတို့၏ ကိုယ်စားလှယ် များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူသို့လာမည့် သြဂုတ်လလယ်ပိုင်း တွင် ဖြန့်ချီသွား မည်ဖြစ်ကြောင်း ဒေါ်သီရိကြာညိုကပြောသည်။
"အများပြည်သူကို သြဂုတ်လ၊ တတိယပတ်လမှာ ရောင်းသွားမယ်။ လောလော ဆယ် တစ်မိနစ်ကို ဘယ်လောက် နှုန်းကျမယ် ဆိုတာမပြောနိုင်သေး ပါဘူး။ခုအရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းကဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀ ကျပ်ဖြည့် ထားသည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ အ၀င်အထွက်ပြော ဆိုနိုင်ကြောင်း၊အခြားမိုဘိုင်းဖုန်းများသို့ ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း အ၀င်လက်ခံနိုင်ကြောင်း သိရသည်။
"တခြားတော့ ခေါ်လို့မရဘူး။ တစ်မီနစ်ငွေဘယ်လောက် နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။ သုံးရတာတော့ အဆင်ပြေတယ်။"ဟုဆင်းကတ် ရရှိသုံးစွဲသူ တစ်ဦး ကပြောကြားသည်။
ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စားလှယ်များအား စမ်းသပ် ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍ ယင်းတို့သုံးစွဲရာမှ အခက်ခဲများ ၊ဖြေရှင်းရမည့်ပြဿနာများကို အဖြေရှာခြင်းဖြစ်ပြီးစမ်းသတ် အော်ရီဒူးဖုန်းကတ်သို့ အခြားမိုဘိုင်းဖုန်းများမှ ခေါ်ဆိုနိုင်သည်ဟုဆိုသည်။
အောင်လတ်
Mandalay News Agency

စစ်ရာဇဝတ်မှု ဖြစ်နိုင်ဟု အစ္စရေးကို ကုလ သတိပေး
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
![]() |
| အရပ်သားတွေ ကြားမှာ ဟားမတ်စ်တွေ အကာအကွယ် ယူနေဟု အစ္စရေးက စွပ်စွဲ |
ဂါဇာ ဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ် ဆင်နေမှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေ ခိုင်ခိုင်မာမာ ရှိနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောလိုက်ပါတယ်။
အစ္စရေးဘက်က ပြောတဲ့ အရပ်သားတွေ မသေဆုံးအောင် ကာကွယ်ဖို့ လိုအပ်တဲ့ ကြိုတင် သတိပေးမှုတွေ အားလုံး လုပ်ခဲ့တယ် ဆိုတဲ့အပေါ် သံသယ ရှိတယ်လို့လည်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ Navi Pillay က ပြောပါတယ်။
ဖြစ်ရပ် တစ်ခုကို သူမက ထုတ်ပြရာမှာ လွန်ခဲ့တဲ့ တစ်ပတ်က ဂါဇာ ကမ်းခြေမှာ ကစားနေကြတဲ့ ကလေး ၇ ယောက်ကို တမင် ပစ်မှတ်ထား ခဲ့ပုံရတဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို အစ္စရေးက ဂရုမစိုက်တဲ့ ထိတ်လန့်စရာ အထောက်အထား တစ်ခုဖြစ်ကြောင်း သူမက ပြောပါတယ်။
ဒါ့အပြင် ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက ရော့ကက် ဒုံးကျည်တွေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်နေတာကိုလည်း သူမက ရှုတ်ချခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မလေးရှား လေယာဉ် ခရီးသည် အလောင်းတွေ နယ်သာလန်ကို ရောက်လာ
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားသူ ခရီးသည်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ် ၂ စီးဟာ ခါကိဗ် မြို့ကနေ ထွက်ခွာလာခဲ့ရာမှာ အခုအခါ နယ်သာလန် နိုင်ငံကို ရောက်ရှိလာပါပြီ။
သေဆုံးကြသူ ခရီးသည် အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ကြပြီး ဒီကနေ့ကို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။
လေယာဉ်တွေ မဆိုက်ခင် နိုင်ငံတဝန်း ၅ မိနစ်ကြာ ခေါင်းလောင်းတွေ ဆက်တိုက် ထိုးကြပြီး အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူထားကြပါတယ်။
မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံရလို့ ပျက်ကျခဲ့ရတာ ဖြစ်ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားကြပါတယ်။
သူပုန်တွေဟာ အပျက်အစီး အကြွင်းအကျန်တွေကို ခြေရာကောက်လို့ မရအောင် တမင် ဖျက်ဆီးထားတာ တွေ့ရတယ်လို့လည်း ယူကေ အစိုးရက ပြောပါတယ်။
ဟားမားစ် အစ္စရေး အရေး အဖြေပေါ်ဖို့ ဝေးနေ
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
![]() |
| အစ္စရေး တပ်တွေ ဂါဇာဘက် ဝင် |
အီဂျစ်နိုင်ငံ က ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာဖို့ အားလုံးက သဘောတူကြပေမယ့် ဟားမားစ် ဘက်ကတော့ ဒါကို ပယ်ချပါတယ်။
အဲဒီအတွက် အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီ က ဟားမားစ် အနေနဲ့ ဂါဇာနေ ပါလက်စတိုင်း အရပ်သားတွေ အတွက် ထည့်သွင်း စဉ်းစား မလား ဆိုတာ အလေးအနက် ထားရမယ့် အရေး လို့ ကိုင်ရို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။
ဟားမားစ် အနေနဲ့ အခြေခံကျတဲ့ နည်းလမ်း ကိုရွေးချယ်ဖို့ လိုသလို၊ ဒီနည်းလမ်း ဟာလည်း ဂါဇာနေ ပြည်သူတွေ အတွက် ခိုင်မာတဲ့ ရိုက်ခတ်မှု ရှိစေမှာ ဖြစ်တဲ့ အတွက် အီဂျစ်တွေ ဘက် က ချပြထားတဲ့ အကြံဉာဏ် ကို တခြား ပါလက်စတိုင်း အဖွဲ့တွေ နဲ့ လေးလေးနက်နက် ဆွေးနွေးပြီး အဖြေတခု ထွက်အောင် လုပ်သင့်တဲ့ အကြောင်း မစ္စတာ ကယ်ရီက ပြောတာပါ။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟူ ကလည်း တဲလ်အဗစ် မြို့ ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လည်း ရောက်နေလို့၊ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဟားမားစ်တွေ လက်ခံနိုင်မယ့် သဘောတူညီချက် ရဖို့ က ခဲယဉ်းတဲ့ အကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ ဝိုင်းဝန်းနားချဖို့ ဒါမှမဟုတ် ကမ်းလှမ်းချက် ပယ်ချနေတာ ကို တာဝန်ခံအောင် ဆွဲဆောင်ကြ ဖို့ တိုက်တွန်း လိုက်ပါတယ်။
ဟားမားစ်တွေ ဟာ အစ္စရေး ရှိနေတာကို မလိုလားတဲ့ သဘော ဖြစ်နေ လို့ တချို့က ပြောရာမှာ၊ သူတို့ ဘက်က လှုပ်ရှားမှု အကြီးအကျယ် လုပ်ပြီး အစ္စရေး တို့ ကို အပြတ်ချေမှုန်း လိုတဲ့ အကြမ်းဖက်မှု ကို လိုလားနေတဲ့ အကြောင်း၊ ဒါကြောင့်မို့ အစ္စရေး အနေနဲ့ ကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံ ကာကွယ်ရေးက လွဲပြီး ရွေးစရာလမ်း မရှိတော့ဘူး လို့ ရှင်းပြပါတယ်။
ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ သူ့ အနေနဲ့ နှစ်ဖက်စလုံး၊ အပစ်ရပ်ပြီး ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ ရဲ့ ရပ်တည်ချက် ကို ရှင်းရာမှာ၊ ရော့ကက်ဒုံးကျည်တွေ နဲ့ ပစ်ခတ် နေတာတွေ ကို အပြင်းအထန် ရှုံ့ချတဲ့ အကြောင်း၊ နောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ အရပ်သား နေအိမ် အဆောက် အအုံတွေ ကို စစ်ရေး အရ အကာအကွယ် ယူ အသုံးချနေတာကို လည်း ရှုံ့ချပုံ၊ ဘယ်နိုင်ငံ အဆို သူ့ပိုင်နက် အတွင်း ဗုံးမိုးရွာသလို လုပ်နေရင် အရပ်သားတွေ ကို ကာကွယ်ရမယ့် ဝတ္တရား ရှိကြတယ် လို့ ပြောတာပါ။
အခု လောလောဆယ် အနေအထားအရ တော့ ခရီးသည်တင် ပြည်ပ လေကြောင်းလိုင်းတွေက အစ္စရေး တဲလ်အဗိ မြို့က ဘင်ဂူရီယန် နိုင်ငံတကာ လေဆိပ် ခရီးစဉ်တွေ ကို ယာယီ ဖျက်သိမ်းထားပါပြီ။
ပါလက်စတိုင်းတို့ရဲ့ ဒုံးလက်နက် ပစ်ခတ် နေတာတွေကို ရှောင်ရှားနိုင်ဖို့ ဖြစ်တဲ့ အကြောင်း သိရပါတယ်။
BBC
ဗိတိန်နိုင်ငံ၏ တစ်နှစ်အတွင်းတင်ပါးအလှဆုံးဆုရှင် အသက် ၅၃ နှစ်အရွယ် အမျိုးသမီး
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
စွဲမက်စရာ နောက်ပိုင်းအလှနဲ့ သူမဟာ ဒီဆုကို နှစ်ကြိမ်ရရှိတဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ဒီဆုကို ဒုတိယကြိမ်မြောက်ရရှိခဲ့တဲ့အတွက် အသက် ၅၃ နှစ်အရွယ် Vorderman က “အထူးသဖြင့် ကျွန်မဘဝရဲ့ ဒီလိုအချိန်ကြမှ ဆုကို ဒုတိယအကြိမ်ရလို့ ကျွန်မမှာ အံ့သြဝမ်းသာ နှစ်ခုစလုံးဖြစ်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Carol Vorderman ဟာ ရုပ်သံစီစဉ်တင်ဆက်သူတစ်ဦး ဖြစ်ပြီး လူကြိုက်များ တီဗီ ရှိုး Countdown ကို ၁၉၈၂ မှ ၂၀၀၈ ခုနှစ်ထိ ၂၆ နှစ်တိုင်အောင် ပူးပေါင်းတင်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။
သူမရဲ့ နောက်ပိုင်းအလှနဲ့ ပက်သက်ပြီး ပြောကြားရာမှာ Vorderman က
“ကျွန်မ ဒါကို ရခဲ့တဲ့ ၂၀၁၁ တုန်းက ပြောခဲ့သလိုပါပဲ။ ကျွန်မနောက်ပိုင်းကို ကြည့်ချင်တယ့်လူတွေ အများကြီး ရှိပါ့မလားလို့ ကျွန်မ အမြဲသံသယရှိခဲ့တယ်။ အခုတော့ ကျွန်မထင်တာထက်တောင် ပိုများနေတယ်” လို့ ဆိုခဲ့ပါတယ်။
Credit: phothytaw
တိုက်လေယာဉ်နှစ်စီးကို ရုရှားလိုလားသော သူပုန်များ ပစ်ချလိုက်ခြင်းဖြစ်ဟု ယူကရိန်းပြော
Posted by drmyochit
Wednesday, July 23, 2014, under နိုင်ငံတကာသတင်းများ | No comments
ကိဗ်− လေယာဉ်ပေါ် လိုက်ပါလာ သူ ၂၉၈ ဦးလုံး သေဆုံးခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှားလေယာဉ် ပျက်ကျရာ နေရာနှင့် များစွာမကွာဝေးသော နေရာတစ်ခုတွင် ယူကရိန်းတိုက်လေယာဉ်နှစ်စီးကို ရုရှားလိုလားသည့် သူပုန်များက ဇူလိုင် ၂၃ ရက်တွင် ပစ်ချလိုက်သည်။
ဆာဗော်မိုဂီလာဒေသအနီး တွင် ယင်းတိုက်လေယာဉ်များ ပစ်ချခံရခြင်းဖြစ်သည်ဟု ယူကရိန်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
လေယာဉ်မှူးများနှင့် ပတ်သက်၍လည်း သတင်းမကြားသိ ရကြောင်း ၎င်းကပြောသည်။
ယခု တိုက်လေယာဉ်နှစ်စီး ပစ်ချခံရသည့်နေရာမှာ မလေးရှားလေယာဉ် MH17 ပျက်ကျရာနေ ရာနှင့် ၂၅ ကီလိုမီတာသာဝေး ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် အိုလီစီဒီမီထရက်ခ်ျကိဗ်စကီးက ထပ်လောင်းပြောကြားသည်။
သို့သော် ယင်းတိုက်လေယာဉ်နှစ်စီးမှာ မတူညီသော နေရာများတွင် ခွဲထွက်ရေးသမားများက ဒုံးကျည်များဖြင့် ပစ်ချလိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာမှ ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
လေယာဉ်မှူးနှစ်ဦးမှာ လေထီးများဖြင့် ခုန်ဆင်းနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုနက်စ်မြို့ရှိ သူပုန်တပ်ဖွဲ့ အကြီး အကဲ အီဂိုစထရီယယ်ကော့ဗ်က ခွဲထွက်ရေးသမားများသည် လေ ယာဉ်တစ်စီး ပစ်ချခဲ့ပြီး လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချသွားသည်ဟု ပြောကြားကာ အသေးစိတ် အချက်အလက်ကိုမူ ပြောကြားခြင်းမရှိပေ။
ဒိုနက်စ်မြို့နှင့် လူဟန့်စ်မြို့ အနီးရှိ သူပုန်များ၏ အဓိကနေရာ နှစ်ခုအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတစ် ဝိုက် ဆင်ခြေဖုံးဒေသများနှင့် ကျေးရွာများကို ထိန်းချုပ်ထား သည့် ယူကရိန်းအစိုးရတပ်ဖွဲ့များ က သူပုန်များအား ပြန်လည်တိုက် ထုတ်နေသည်။
ရုရှားစကားပြောသူများ အများစု နေထိုင်သည့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများက ဗဟိုအစိုးရထံမှ လွတ်လပ်ရေး တောင်းဆိုခဲ့ပြီး ဧပြီလအတွင်းက စတင်၍ ဆူပူအုံကြွခဲ့ကြသည်။
ရုရှားလိုလားသော ယူကရိန်းသမ္မတ ဖြုတ်ချခံရပြီး ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို ၎င်းတို့ ပိုင်နက်အတွင်း သိမ်းသွင်းလိုက် ပြီးနောက် ဒိုနက်စ်ဒေသတွင် မ ငြိမ်သက်မှု စတင်ချိန်မှစ၍ သေ ဆုံးသူ ၄၃၂ ဦးနှင့် ဒဏ်ရာရသူ ၁,၀၁၅ ဦးရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
—Ref: AFP
7 Day

ရေလည်ဟော့တဲ့ သွန်းဆက်ရဲ့ ဓာတ်ပုံများ
Posted by drmyochit
Wednesday, July 23, 2014, under Model Girl Photo | No comments
ယနေ့(၂၃.၇.၂၀၁၄) တွင် Ooredoo Myanmar SIM Card အစမ်းအသုံးပြုရန် စတင်ဝေပေးခဲ့
Posted by drmyochit
Wednesday, July 23, 2014, under ပြည်တွင်းသတင်းများ | No comments
ယနေ့(၂၃.၇.၂၀၁၄) တွင် Ooredoo SIM Card အစမ်းအသုံးပြုရန် စတင်ဝေပေးခဲ့ကြောင်းသိရပါတယ်။
ဒီနေ့ ရန်ကုန် ၊ မန္တလေးမှာ ooredoo sim card ကိုစတင် အစမ်းအသုံးပြုနေကြသူတွေရဲ့ Ooredoo Card ဖုန်းအင်တာနက်ကိုအသုံးပြု ကြပြီး ပြန်လည်ပြောကြားချက်တွေအရ
-အင်တာနက် Speed အနည်းဆုံးကိုက 500 KB / 800 KB လောက် ရှိခြင်း
-Youtube ကို HD streaming နဲ့အကြည် ကို မထစ်ဘဲကြည့်နိုင်ခြင်း
-Data စနစ်နဲ့ အင်တာနက်ခကိုကောက်တာဖြစ်တဲ့အတွက် ဖိုင်ကြီးကြီး Download လုပ်/HD Video တွေအများကြီးကြည့်လိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်း Bill အတော်ကုန်သွားနိုင်ခြင်း
- အင်တာနက် APN setting အနေနဲ့ name နေရာမှာ ooredoo
apn နေရာမှာ internet
အဲဒီ ၂ မျိုးပဲထည့်ရန်လိုခြင်း
ယခုချပေးခဲ့တဲ့ Ooredoo Sim card များဟာ Ooredoo အရောင်းကိုယ်စားလှယ်များအား အစမ်းသုံးအနေဖြင့် ပေးဝေခဲ့ခြင်းဖြစ်ပြီး သြဂုတ်လမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
Photo Credit: Edward Smile
မယ်မဖြစ်ခင်က မိုးစက်ဝိုင်ရဲ့ ဓာတ်ပုံများ
Posted by drmyochit
Wednesday, July 23, 2014, under Model Girl Photo | No comments
Time in Rangoon

.jpg)