
တယ် လို့သိရတယ်။ ဒါပေမဲ့ဒါရိုက်တာ ဘိုးအေညီနောင်ရဲ့ သမ္ဘာနဲ့ဝါ၊မြန်မာပြည်အောက်ပိုင်းက သဘာဝအလှတွေ ဖော်ထုတ်နိုင်မှုစတဲ့ အားသာချက်မျိုး စုံပါဝင်တဲ့ “ပင်လယ်ထက်က နေ၀န်းနီ” ဇာတ်ကားနဲ့ယှဉ်လိုက်တော့ မြုပ်သွားခဲ့ပါတယ်၊
အဲဒါကို
ဒါရိုက်တာဝိုင်းအနေနဲ့ အကယ်ဒမီဆုမပေးမီ အချိန်ပိုင်းမှာ “ဒီအခန်းဖြတ်”
ဇာတ်ကားတိုကို တင်ခဲ့လို့မရတာဆိုပြီး ကိုယ့်အားနည်းချက်ကိုယ် မဆန်းစစ်ဘဲ
ဝါးလုံးရှည်နဲ့ ပတ်ပြီးရမ်းခဲ့တယ်။ ဂဃနဏမသိကြတဲ့ ပရိသတ်တွေကတော့
“ယုံထင်ကြောင်ထင်”ဖြစ်ကြပေမဲ့ မြင်နိုင်စွမ်းရှိသူတွေကတော့
“နိုင်ငံရေးခုတုံးလုပ်ခံရတာ” ကို ကြည့်ပြီး သံဝေဂ ရခဲ့ကြတယ်။
ယခုထပ်မံထွက်ပေါ်လာတဲ့ အပုပ်နံ့က ဒါရိုက်တာ“၀ိုင်း”ကို စင်္ကာပူနိုင်ငံက၀င်ခွင့်မပြု ဆိုတာကြောင့် “ရိုက်ချက်ကနာတယ်” လို့ဆိုရမယ်၊ တစ်ဆက်တည်း ၀ိုင်းရဲ့ဗီလိန်ဇာတ်လမ်းတွေ၊ အညှီအဟောက်တွေကလည်း “မြေနိမ့်ရာလှံစိုက်”ပြီး တန်းစီထွက်လာတယ်၊ အဲဒီအထဲက ခိုင်လုံတဲ့ သတင်းကို ရိုးသားလှတဲ့ပရိသတ်သိအောင် လက်တို့ပြီးတော့ ပြောရဦးမယ်၊
“၁၇.၆.၂၀၁၂ ရက်မှာ စင်္ကာပူမှာကျင်းပမယ့်
အာရှအသံလွှင်ဆိုင် ရာပြပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဇင်ဝိုင်းနဲ့
လူမင်းတို့ကဦးဆောင်ပြီး (၁၃)ဦးရွေးချယ်ပေးခဲ့ပေမယ့်
(၁၀) ဦးပဲသွားနိုင်ခဲ့တယ်၊ ဦးဝင်းကြည်က မျက်ခြယ်နဲ့မာန်ထက်
ဗီဒီယိုထုတ်လုပ်ရေးတို့ပူးပေါင်းပြီး လွှတ်တော်တင်ပြရန် အလုပ်ကိစ္စနဲ့
မလိုက်တော့ကြောင်း မကျေနပ်မှုတွေ ပြသခဲ့ကြတယ်။
ဒါရိုက်တာဝိုင်းကိုတော့ ၁၉၉၅ခုနှစ်က စင်္ကာပူနိုင်ငံမှာ အခန်းဖော်နဲ့အတူ မူးယစ်ဆေးဝါး လက်ဝယ်အဖမ်းခံရမှုနဲ့ ပြည်နှင်ဒဏ်ပေးပြီး ပြစ်ဒဏ်ချထားသူ ဖြစ်တာကြောင့် ဗီဇာမရလို့ ကျန်ခဲ့ တာဖြစ်တယ်။”
ဒါရိုက်တာဝိုင်းကိုတော့ ၁၉၉၅ခုနှစ်က စင်္ကာပူနိုင်ငံမှာ အခန်းဖော်နဲ့အတူ မူးယစ်ဆေးဝါး လက်ဝယ်အဖမ်းခံရမှုနဲ့ ပြည်နှင်ဒဏ်ပေးပြီး ပြစ်ဒဏ်ချထားသူ ဖြစ်တာကြောင့် ဗီဇာမရလို့ ကျန်ခဲ့ တာဖြစ်တယ်။”
ဒါကြောင့် “၀ိုင်း”တစ်ယောက် ကိုယ့်အကြောင်းကိုယ် အသိဆုံးဖြစ်တာကြောင့် “ငြိမ်ငြိမ်ထိုင် နေပါ၊ထသွားမှအကျိုးမှန်းသိကုန်ကြပြီ”၊ နိုင်ငံရေးရဲ့ ခုတုံးလုပ်အသုံးချခံရမှုကိုလည်း သတိပြုပါ၊ အနုပညာရှင်စစ်စစ်ဆိုရင် ဘယ်လိုခေတ်ပြောင်းစနစ်ပြောင်းပါစေ ပြည်သူချစ်ပါတယ်၊ ထာဝရနာမည် ကောင်းပါတယ်လို့ ပညာရှိသတိဖြစ်ခဲဆိုသလို ဂရုပြုနိုင်ပါစေ။
Myanmar Express
0 comments:
Post a Comment