Wednesday, July 11, 2012

ရုရှားနိုင်ငံက ဆီးရီးယားသို့ စစ်လက်နက်ပစ္စည်းများရောင်းချမှုကိုရပ်တန့်ခဲ့ခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


          ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ အခြေအနေတည်ငြိမ်မှု မရှိမချင်း ဆီးရီးယားနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ ထပ်မံရာင်းချမည် မဟုတ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် ဇူလိုင်လ ၉ ရက်နေ့က ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်နှင့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုတစ်ရပ်ကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါသည်။ ရုရှားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆီးရီးယားနိုင်ငံအပေါ် တရားဝင်အရေးယူ မှုများကို ဆန့်ကျင်ကန့်ကွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဆီးရီးယားနိုင်ငံ၏ အကြီးမားဆုံး စစ်လက်နက် ပစ္စည်းများထောက်ပံ့ပေးသည့် ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအား ၂ဝ၁၁ ခုနှစ် လစ်ဗျား နိုင်ငံပြည်တွင်း စစ်ကဲ့သို့ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံတွင် တည်ငြိမ်မှုမရှိမချင်း အမေရိကန် ဒေါ်လာ သန်း ၅၅ဝ တန်ဖိုးရှိသော Yak-130 လေ့ကျင့်ရေး တိုက်လေယာဉ်များ ရောင်းချရေးကန်ထရိုက်စာချုပ် ကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်