Friday, July 06, 2012

ဖိလစ်ပိုင် သမ္မတက အမေရိကန်ထောက်လှမ်းရေး လေယာဉ်များ တောင်းခံခဲ့သည် ဆိုခြင်းကို ငြင်းပယ်ခဲ့ခြင်း

Posted by Anonymous Friday, July 06, 2012, under | No comments


ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုသည် တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှု ကိုလေ့လာစောင့်ကြည့်ရန်အတွက် အမေရိကန်နိုင်ငံထံမှ ထောက်လှမ်းရေး လေယာဉ်များကို တောင်းခံခဲ့သည် ဆိုသောသတင်းကို ဇူလိုင်လ ၅ ရက် နေ့ကငြင်းပယ်ခဲ့ကြောင်း AFP သတင်းတစ်ရပ် အရ သိရှိရပါသည်။ အငြင်းပွားလျက်ရှိသော Scarborough သောင်စွယ်ကိုစောင့်ကြည့်ရန် အတွက်နိုင်ငံပိုင် သင်္ဘောများနှင့်လေ ယာဉ်များ ရှိကြောင်းနှင့် အကယ်၍လိုအပ်ပါက အမေရိကန်လေယာဉ်များ အကူအညီပေးရန် အင်တာဗျူး တစ်ရပ်တွင် ပြောကြားခဲ့ခြင်းမျှ သာဖြစ်ကြောင်း အကွီနိုက ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အဆိုပါ သောင်စွယ်မှ ၎င်းတို့၏ သင်္ဘောများအား လွန်ခဲ့သော ရက်သတ္တပတ် ၃ ပတ်နီးပါးခန့်မှစ၍ ရုပ်သိမ်းခဲ့ ပြီးဖြစ်ကြောင်း၊ သို့သော် တရုတ်သင်္ဘောများ ရှိနေဆဲပင် ဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် အကွီနိုက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက အဆိုပါတောင် တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားလျက် ရှိသောပိုင်နက်နယ်မြေ များအား အုပ်ချုပ်ရန်အတွက် Sansha စီရင်စု နယ်သစ်တည်ထောင်ခဲ့မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်