Monday, October 22, 2012

မောင်တော သစ်တောဦးစီးဌာန ရုံးမှ စာရေးမ တစ်ဦးအား အရေးယူခြင်း ၊ ပြောင်းရွေ့ ခြင်းမရှိသေး (ပေးစာ)

Posted by drmyochit Monday, October 22, 2012, under | No comments


 
မောင်တောခရိုင်ရုးံ မှ စာရေးမ  ဒေါ်နွယ်နွယ်ဦး သည် လက်ထောက် ညွန်ကြား ရေးမှူး ဦးမောင်မောင်နိုင်ကို တိုင်ကြား စာနှင့်ပတ် သက်၍ ဧရာဝတီတိုင်း ဒေသကြီး သို့ ပြောင်းရွေ့ ထွက်ခွာ သွားခြင်း မရှိ ပါ၊  အထက် လူကြီး များ၏ အမိန့်ကို မနာခံခြင်း ၊လေးစားလိုက်နာမှု မရှိဘဲ ကလန်ကဆန် ပြုလုပ်နေသည် ဟု သိရပါသည်၊၊ 
  
                                                                                                                             ထို့အပြင် စာရေးမ ဒေါ်နွယ်နွယ်ဦး သည် သစ်တောထွက် ပစ္စည်း များဖြစ်သော ၀ါး၊ ထင်း များကို ကြိမ်ချောင်း ကျေးရွာနေ ဦးမာမတ်ဆော်လိမ် နှင့်် ပူးပေါင်း၍ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် လုပ်ကိုင် နေသောကြောင့် ကျွန်တော်တို့ ကုန်သည် များမှာ အလုပ်အကိုင် အဆင်မပြေ ဖြစ်လာရပါသည် သစ်တော ပစ္စည်း များကို ၀န်ထမ်း ကိုယ်တိုင် ပါဝင်ပြီး စီးပွားရေး လုပ်ဆောင် မူတွင် ပါဝင် ပတ်သက်မူ မရှိရ ဟု သိရှိရ ပါသည်။
                                                                                                                             ယခုကိစ္စရပ်များနှင့် ဧရာဝတီတိုင်းဒေသကြီး သို့မပြောင်ရွေ့  ရအောင် ၊ အရေးယူမှုမရှိ ရအောင် ညွန်ကြားရေး မှူးချုပ် ဒေါက်တာ ညီညီကျော် နင့် ညွန်ကြားရေးမှူးကျော်စိုးခိုင် တို့အား တစ်ဦးစီ ကို ငွေကျပ် (၁၀) သိန်းစီ ပေးထား ကြောင်း ကြားသိရပါသည်။

အထက်ပါ ကိစ္စရပ်များကို သစ်တောရေးရာ ၀န်ကြီးဌာနမှ လူကြီးများသိ သာပါရန်နှင့် တာဝန် ပျက် ကွက် မှု ကို အရေးယူပေးပါရန် ကုန်သည်တစ်ဦးကတင်ပြလိုက် ပါသည် ။

မောင်တောသားတစ်ဦး

မောင်တော ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွန်ကြား ရေးမှူးရုးံ မှ စာရေးမ ဒေါ်နွယ်နွယ်ဦး အား အရေးယူခြင်း ၊ ပြောင်းရွေ့  ခြင်း  မရှိခြင်း                            

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်