Thursday, October 25, 2012

ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ဦးသေ၊ ၉ ဦးဒဏ်ရာရ (သတင်းအပြည့်အစုံ)

Posted by drmyochit Thursday, October 25, 2012, under | No comments


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ် ထဲ ကို စစ်တပ်မှ ချိန်ရွယ်ပစ်ခတ်သဖြင့်ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။


“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကို ရောက်နေပြီ ဖြစ်ပါ တယ်” ဟု အမျိုးသမီးက ပြောသည်။“ အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြော တယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေ အနေက တော်တော်ဆိုးရွားနေပါတယ်” ဟုသူမက ပြောသည်။

ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသောစစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက  တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး “ နောက်ဆုံးအခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် ” ဟု ပြောသည်။

အဆိုပါဒေသ အတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင် ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့်ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ကျေးရွာ တို့ရှိ သည်ဟုသိရသည်။

ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီးတမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

 နိရဉ္စရာ သတင်းဌာန



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်