
မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များ အ ပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီ တွင် အောင်ပန်း မြို့လယ် မှ ဈေးအထိ ချီတက်ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်းသိရှိရသည်။
တရားတောင် မစီရင်ရသေးပဲနဲ့ မမှန်မကန် ဆုံးဖြတ်မည်စိုး၍ ဆိုတာနဲ့တင် ဆန္ဒပြဖို့ စီစဉ်ကြ တယ်ဆိုတာတော့ ဆန္ဒပြမယ့်သူတွေအနေနဲ့ ဥာဏ်ပညာ နဲ့ ချင့်ချိန် စဉ်းစားကြဖို့ သင့်ပါတယ်။ ဒီမိုကရေစီ အရ ဆန္ဒပြတယ်ဆိုတာ အရက်မူး သမား ရမ်းကားသလို အသိတရား ကင်းမဲ့လို့ မဖြစ်စကောင်းပါ။ ဒီမိုကရေစီ ဆိုတာ ထစ်ကနဲ့ရှိ စိတ်လိုက် မာန်ပါ ဆန္ဒပြဖို့ ကျင့်ကြံကြရ မယ့် လမ်းစဉ် မဟုတ် တာတော့ သေချာပါတယ် . . ။ ဒီမိုကရေစီကို နားလည်ပါတယ် တန်ဖိုးထားပါတယ် တိုင်းပြည်နဲ့ လူမျိုးအ တွက် အမှန်တရားကို တကယ်ချစ် မြတ်နိုးကြပါတယ် ဆိုရင် အသိ အလိမ္မာ ဥာဏ် ပညာ နဲ့ တွေးဆ ဆင်ခြင် လုပ်ဆောင်ကြဖို့လိုကြောင်းပါခင်ဗျား . . ။
0 comments:
Post a Comment