Monday, November 19, 2012

KIAတပ်ဖွဲ့ မှ ၁၂နှစ်သားလူငယ်လေးများကို တပ်သားသစ်အဖြစ်စုဆောင်း

Posted by drmyochit Monday, November 19, 2012, under | No comments


KIA တပ်မဟာ (၂) တပ်မဟာမှူး ဒါရှီဘရန်နန်က KIA တပ်ရင်းတပ်ဖွဲ့ စခန်းများနဲ့ လှုပ်ရှား တပ်ဖွဲ့များကို ၄င်းတို့နယ်မြေမှာရှိတဲ့ အသက် ၁၂နှစ် အရွယ်လူငယ်ကျား/မ များကို လူသစ် စုဆောင်းရန်ပြီး ခဲ့တဲ့ လကုန်ခါနီးက ညွှန်ကြားထားတယ်လို့ သိရှိရပါသည်။ ဒါရှီဘရန်နန်က ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ကချင်တိုင်ရင်းသား လူငယ်လေးများ အပါအ၀င် အခြားတိုင်းရင်းသား လူငယ်လေးများကို တပ်သားသစ် အဖြစ် စုဆောင်းထားရှိပြီး ပညာဆက်လက် သင်ကြားရန် ပညာသင်ကြားရင်း စစ်ပညာပါ တပြိုင်နက်သင်ကြား ခိုင်းပြီး အသက်ပြည့်တာနဲ့စစ်မှုထမ်းရန် ညွှန်ကြားထားခဲ့ပါသည်။
          တိုင်းရင်းသား လူငယ်လေးများကို တပ်သားသစ်အဖြစ် စုဆောင်းရာမှာ တပ်ဖွဲ့ဝင်များအနေနဲ့ စုဆောင်းခြင်းမပြုဘဲ စုဆောင်းပေး နိုင်တဲ့သူကို ဆုငွေအဖြစ် စုဆောင်းရရှိသည့် ကလေးငယ်၏ ပညာ အရည်အချင်းပေါ် မူတည်ပြီး ၅သောင်းကနေ ၁သိန်းထိ ထောက်ပံ့ပေးမည်မှာ ဖြစ်တယ်လို့လဲ ဆိုပါသည်။ စုဆောင်းခိုင်းတဲ့ ကလေးငယ်များမှာ ၁၂နှစ်အရွယ် ကျား/မ မရွေး တိုင်းရင်းသားမရွေး ၄င်းတို့ ကချင်ပြည်နယ် အတွင်းမှာနေထိုင်တဲ့ သူတွေအားလုံးကို စုဆောင်းခိုင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ၄င်းဒေသမှာ နေထိုင်တဲ့ ကျောင်းသားမိဘတွေက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ၄င်းတို့သားသမီးတွေကို ကချင်ပြည်နယ်မှ ထွက်ခွါပြီး အခြားပြည်နယ် တိုင်းတွေမှာ သွားပြီးကျောင်း ပြောင်းထားဖို့နဲ့ မိသားစု လိုက်ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြတယ် လို့ကြောင်း ကံဆီးမှ ၈တန်းကျောင်းသူ တစ်ဦး၏မိဘက   ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်