Friday, December 14, 2012

ကျောက်တော်မြို့နယ်ပြိန်းချောင်းကျေးရွာအုပ်စု ကလယ်သမားများအား စကသ-၉(ဆက်သွယ်ရေးတပ်)မှ ခြိမ်းခြောက်စပါးတောင်း

Posted by drmyochit Friday, December 14, 2012, under | No comments


ရခိုင်ပြည်နယ် ကျောက်တော်မြို့ တောင်ဘက် အပေါက်ဝ ကျေးရွာအနီး ပြိန်း ချောင်း ကျေးရွာ အုပ်စုတွင် ပါဝင်သော ကျေးရွာ များရှိ လယ် သမားများ ထံမှ စကသ-၉ (ဆက်သွယ်ရေး တပ်)မှ ဒုတပ်ကြပ် အေး မင်းအောင် ဦးဆောင်သော အဖွဲ့မှာ သီးစားခစပါးများကို ခြိမ်းခြောက်တောင်း ရမ်းလျှက် ရှိကြောင်း လယ်သမား များက ပြောပါသည်။

ယနေ့မနက်ပိုင်းက အဆိုပါ ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် အေးမင်းအောင် မှ လယ်သမားများကို သတ်မှတ် ထားသည့် လယ် ၁ ဧက လျှင် စပါးအတောင်း ၃၀ ကိုမပေးပါက ရဲထုတ်ပြီး ဖမ်းဆီး အရေး ယူမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်း ခြိမ်းခြောက်ပြောဆိုခံရသူ လယ်သမား ဦးအေးကျော်မောင်က ဆိုပါသည်။

ပြိန်းချောင်ကျေးရွာအုပ်စုရှိ အဆိုပါလယ်သမား ၁၅ ဦးခန့်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် မိမိတို့၏ စားဝတ်နေရေး အတွက် တောရိုင်းမြေများကိုခုတ်ထွင် ရှင်းလင်းပြီး လယ်ယာများ လုပ်ကိုင် စားသောက် ခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ကိုင်စားသောက်ပြီး လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှ စကသ-၉ တပ်မှ လယ်သမားများအား ခြိမ်းခြောက် ကာ သီးစားခအဖြစ်တောင်းရမ်းစားသောက် လာခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်ကမူ နိုင်ငံတော် အထက် အဆင့် ဆင့်ကို လယ် သမားများတက်ရောက်တိုင်ကြားခဲ့ခြင်းကြောင့် လာရောက်တောင်းခံမှုမရှိခဲ့ ကြောင်း၊ ယခုနှစ်တွင်မှ ထိုသို့ပေးဆောင်ရန်ခြိမ်းခြောက်တောင်းရမ်းခြင်းမျိုးတို့ ရှိလာခြင်းဖြစ်ကြောင်း သိရှိရ ပါ သည်။

အဆိုပါ စခက-၉(ဆက်သွယ်ရေး တပ်)မှာ ကျောက်တော်မြို့ အရှေ့ဘက်ကမ်း ကျောက်တော်တောင် ဘုရားကြီး ရှိရာဘက် ခေါင်းတုပ်ကျေးရွာအနီးတွင်အခြေစိုက်ပြီး ယခုသီးစားခအဖြစ် အဓမ္မတောင်း ရမ်းနေသည့် ကျေးရွာနှင့် ဆိုလျှင် ၁၈ မိုင်ခန့်အကွာအဝေးရှိကြောင်း ဒေသခံများက ပြောဆိုပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်