Thursday, January 10, 2013

မြန်မာနိုင်ငံထဲက ကချင်ပြည်နယ် ကိုဘယ်သူတွေပိုင်တာလဲ

Posted by drmyochit Thursday, January 10, 2013, under | No comments

ကချင် ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့မြောက်ဘက် ဖျားပိုင်းမှာ တည်ရှိတယ်။ ကချင်ပြည် နယ်မှာ ရှိတဲ့ ဖုန်ကန် ရာဇီရေခဲတောင်နဲ့ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ထွဋ်ဖြစ်တဲ့ ခါကာဘိုရာဇီတို့ဟာလည်း ထင်ရှား တယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဟာ ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ဒေသ လည်းဖြစ် တယ်။ ကချင်ပြည်နယ်မှာ ပယင်းနဲ့ရွှေတို့လို အဖိုးတန်တွင်းထွက်တွေအပြင် မချစ်ဥ၊ ပိုးဇာ၊ မရှော့ဆီ တို့လို ကမ္ဘာ့ ရှားပါး အဖိုးတန်ဘယဆေးတွေလည်း ထွက်တယ်။



ကမ္ဘာမှာ မြန်မာနိုင်ငံ ရယ်လို့ ကမ္ဘာဦး အချိန် ကတည်းက ထူးခြား မွန်မြတ်စွာ တည်ရှိနေ ခဲ့ခြင်းကို ကိုယ် စားပြုတဲ့ မိုင်ပေါင်းထောင် ချီရှည်လျားသော မိခင် ဧရာဝတီမြစ်ကြီးကိုလည်း ကချင်ပြည်နယ်မှာ ရှိတဲ့ မေခနဲ့ မလိခ မြစ်နှစ်သွယ်ရဲ့ ပေါင်းစည်းညီညွတ်မှု သင်္ကေတနဲ့ မွေးဖွားပေးထားတာဖြစ်တယ်။ ကချင် ပြည်နယ်မှာ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ နာဂ စတဲ့ တိုင်းရင်းသားတွေ အများဆုံးပါဝင်တဲ့ တိုင်းရင်းသား မျိုးစုံ ၁၆ သန်းေ ကျာ်နေ ထိုင်ကြတယ်။ ဘာသာတရားသက်ဝင်ကိုးကွယ်မှုအနေနဲ့ ဗုဒ္ဓ ဘာသာ၅၇.၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ၃၆.၄ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်နဲ့ ဟိန္ဒူကိုးကွယ်သူတွေအပြင် အခြား သက်ဝင်ကိုးကွယ် သူများလည်း ရှိတယ်။

မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံများနည်းတူ အုပ်ချုပ်မှုကိစ္စအမြင်နဲ့ ပထဝီအနေအထားအရ အဓိက လူမျိုးစု များနေ ထိုင်မှုကိုလိုက်ပြီး တိုင်း နဲ့ပြည်နယ် ၇ ခုစီ ခွဲခြားသတ်မှတ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ပြည်နယ်၊ ဘယ်တိုင်းဒေ သကြီးမှာမဆို တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ အနည်းအများကွာခြားမှု သာရှိပြီး ဆွေမျိုး ရင်းခြာမိသားစုတွေပမာ ရောနှောနေထိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံဟာ ဖြစ်တည် ပေါ်ပေါက်လာချိန် ကတည်း က တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံတစ်နိုင် ငံဖြစ်တာမို့ ဘယ်ပြည်နယ်ကိုမှ တိုင်းရင်းသား လူမျိုးစု တစ်ခုတည်းက ပိုင်ဆိုင်တယ်ဆိုတာ မရှိဘူး။ အဲဒီလို အတ္တရှေ့ တန်းတင် ကျဉ်းမြောင်းနိမ့်ကျတဲ့ အမြင်အတွေးမျိုး ဘယ်တိုင်းရင်းသား ညီအစ်ကိုတွေကမှ လက် မခံဘူး။

ယနေ့အချိန် အမိနိုင်ငံတော်ဟာ ဘယ်ခေတ်ဘယ်အချိန်နဲ့မှ မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ပြည်သူ့ ကိုယ်စား လှယ် အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီပန်းတိုင်သစ်ကို ဦးတည်ချီတက်နေတာ ဖြစ်တယ်။ နိုင်ငံတော် အစိုးရရဲ့ မှန်ကန်ပွင့်လင်းတဲ့ ဦးဆောင်မှုပုံစံနဲ့ တိုင်းရင်းသားစည်းလုံးမှု တည်ဆောက်ရေး ရည်မှန်းချက် များကြောင့် ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့ကလွဲပြီး အားလုံးသော လက်နက်ကိုင် ဆန့်ကျင်ရေး အုပ်စုများ ဟာ တစ်သွေးတစ်သားတည်းသော မိသားစုအတွေးအမြင်သစ် တွေနဲ့ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ် တိုးတက် ဖွံ့ဖြိုးမှု အတွက် လက်တွေ့ဖော်ဆောင်ချီတက်နေကြပြီ ဖြစ်တယ်။

ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ဟာ တပ်မတော်အစိုးရလက်ထက်မှာ အဦးဆုံးငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ဖို့ ဦးဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ တပ်မတော် အစိုးရရဲ့ ထောက်ပံ့ ကူညီမှုတွေကို အပြည့်အ ၀ရယူခဲ့ပြီး နယ်မြေ တိုးတက်ဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုအထိ အောင်မြင် အောင် ဆောင် ရွက်နိုင်ခဲ့ကြတယ်။ ကေအိုင်အေ /ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ခုနှစ်ကာလ နှစ်ဖက် သဘောတူ အပစ်အ ခတ် ရပ်စဲခဲ့ စဉ်က ပြည်သူ့ ကိုယ်စားပြု အစိုးရသစ် ပေါ်ပေါက်ချိန်မှာ လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့် လွှတ် ဖို့ ကတိက၀တ် ထားရှိခဲ့တယ်။

ကေအိုင်အေ /ကေအိုင်အိုအဖွဲ့ဟာ တပ်မတော် အစိုးရနဲ့ အပစ်အခတ် ရပ်စဲချိန် ကတည်းက ဒေသတွင်း စီးပွားဖြစ် လုပ်ကွက်တွေကို အပြီးတိုင် ခံစားခွင့် ရှိခဲ့တာမို့ ခေါင်းဆောင်ပိုင်း အချို့ဟာ အဆမတန် ကြွယ်ဝ ချမ်းသာ သူတွေဖြစ်လာကြတယ်။ သောက်လေသောက်လေ ငတ်မပြေဖြစ် လာတဲ့ အတ္တသား ကောင် ခေါင်းဆောင်ပိုင်း တစ်ချို့ဟာ သူတို့ရဲ့ကိုယ်ကျိုး စီးပွားအတွက် ကျဉ်းမြောင်း မှောင်မိုက်တဲ့ လူမျိုး ခွဲခြား ရေးဝါဒ မှိုင်းလက်နက် စွဲကိုင်ပြီး နိုင်ငံတော်နဲ့ တိုင်းရင်းသား ညီအစ်ကိုများ အပေါ် သစ္စာဖောက် ဖျက်လာ ခဲ့ကြတယ်။ အရပ်သား အစိုးရတက် လာချိန်မှာ လက်နက် စွန့်လွှတ်ရခြင်း မရှိ အောင် တာပိန်ရေအား လျှပ်စစ် စီမံကိန်းက အစပြုပြီး ပြဿနာ တစ်ခုပြီးတစ်ခု လုပ်ကြံဖန်တီးလာခဲ့ တယ်။

ယနေ့အချိန်မှာဆိုရင် ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ရဲ့လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှု၊ လျှပ်စစ် ဓာတ် အား လိုင်းဖောက်ခွဲဖျက်ဆီးမှု၊ အဆောက်အဦနဲ့ လုပ်ငန်းသုံးယာဉ်ယန္တရားများ ဖောက်ခွဲ ဖျက်ဆီး မှု များကြောင့် နိုင်ငံတော်ရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာမှာ သုံးစွဲရမယ့်ဘဏ္ဍာ ငွေ သန်းေ ထာင် ပေါင်းများစွာ ဆုတ်ယုတ် ယိုယွင်းခဲ့ရပြီးဖြစ်တယ်။ ဘဏ္ဍာငွေထက် ပိုဆိုးတာက ကေအိုင်အေ/ ကေအိုင်အို အဖွဲ့ရဲ့မိုင်းထောင်၊ လူသတ်၊ ပြန်ပေးဆွဲ၊ လူမျိုးရေး ခွဲခြားမှု များကြောင့် အပြစ်မဲ့ ဒေသခံများ အပါ အ၀င် တိုင်းရင်းသား ညီနောင်များ၊ ပြည်သူ့ ၀န်ထမ်းများရဲ့ အသက်သွေးပေါင်း များစွာ မြေခခဲ့ ရပြီဖြစ်တယ်။

နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နှင့် ထာဝရငြိမ်းချမ်းရေး ရယူနိုင်ဖို့ အလွတ် သဘောေ တွ့ဆုံမှု ၄ ကြိမ်၊ ပြည်နယ်အဆင့် တွေ့ဆုံမှု ၃ကြိမ်၊ ပြည်ထောင်စုအဆင့်တွေ့ဆုံမှု ၄ ကြိမ် စုစုပေါင်း ၁၁ ကြိမ်ေ ဆွးနွေး ခဲ့ပြီးဖြစ်တယ်။ အစိုးရဘက်မှ တာဝန်ရှိသူများနဲ့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးအဖွဲ့ဝင် အဖြစ်ပါဝင်ေ ဆွးနွေးခဲ့တဲ့ နှစ်ဖက်ဆွေးနွေး မှုတွေမှာ ကေအိုင်အေ/ ကေအိုင်အို အဖွဲ့ရဲ့ အဓိက စစ်ခေါင်းဆောင်ပိုင်း တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်စဉ်တိုင်းလိုမှာ လူသတ်၊ မိုင်းထောင်၊ ပြန်ပေးဆွဲလုပ်ရပ်တွေ ကို လုပ်ဆောင် တာကို တွေ့ရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလ ၂၀၁၂ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ က ဖားကန့်မြို့နယ်၊ ဝေအောင် ကုမ္ပဏီ အခြေစိုက်ရာ ကျောက်ထုတ် စခန်းနဲ့ စက်ယန္တရားတွေကို ၀င်ေ ရာက် ဖျက်ဆီးနေကြလို့ တပ်မတော်က ၀င်ရောက် ရှင်းလင်းတော့ ထောင်ချောက် မိုင်းဆင် လုပ်ကြံခဲ့ တာ တပ်မတော်သား အများအပြား ကျဆုံးခဲ့ရတယ်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကလည်း ကုန် ရထားကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်။ တပ်မတော်ကကြိုတင်အကြောင်းကြားထားပေမယ့် လဂျားယန် ကို ရိက္ခာပို့တဲ့ ၃ ကြိမ်စလုံးမိုင်းခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားညီအစ်ကိုများရဲ့ သွေးသား၊ ပြည်သူ့သွေး သားတွေဖြစ်တဲ့ တပ်မတော်သား အရာရှိ၊ စစ်သည်တွေ ကျဆုံးခဲ့ရတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ကြိုတင် အကြောင်းကြားထားတဲ့ ရိက္ခာယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့လို့ စစ်သည်များစွာ ကျဆုံးခဲ့ရပြန်တယ်။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဘယ်လိုပဲ သုံးသပ်၊ သုံးသပ် ဖြစ်စဉ်ဖြစ်ရပ်တွေက ကေအိုင်အေ/ ကေအိုင်အို အဖွဲ့ရဲ့ အဓိကရည်မှန်းချက်က ဘာဆိုတာ ပေါ် လွင်ေ နပြီဖြစ်ပါတယ်။

ကေအိုင်အေခေါင်းဆောင်ပိုင်းတို့ရဲ့ ကိုယ်ကျိုးအတ္တအတွက် ယုတ်မာပက်စက်တဲ့ သဘောထား အမှန်ကို သိမြင် နားလည်လာကြတဲ့ ဒေသခံများနဲ့ ကေအိုင်အေ/ကေအိုင်အို အဖွဲ့ဝင်အချို့ဟာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပူးပေါင်းလက်တွဲလာနေတဲ့ မင်္ဂလာသတင်းတွေလည်း စဉ်ဆက်မပြတ် ကြား လာနေရပြီဖြစ်တယ်။ ဒါ့ကြောင့် တိုင်းရင်းသားညီနောင်ထုတစ်ရပ်လုံးအနေနဲ့ ကေအိုင်အေ/ ကေအိုင်အို အဖွဲ့ရဲ့ အကာအကွယ်အတွက် ဒုက္ခသည်စခန်းတွေမှာ ခုတုံးလုပ်သမျှ ဘ၀နဲ့ရင်းပြီး ခါးစည်းခံစားနေရတဲ့ ဒေသခံ တိုင်းရင်းသားတွေ၊ အမြင်မှန်အသိမှန်ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ဝင် တွေကို ဖေးကူ လက်တွဲ ကယ်တင်နိုင် ဖို့ တစ်စုံတစ်ရာကို ဝိုင်းဝန်း အဖြေရှာ ဆုံးဖြတ်သင့်ကြပြီလို့ သုံးသပ် ယူဆမိပါတယ်။

From : စိုင်းနော်ခမ်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်