Friday, January 25, 2013

ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို စိုးရိမ်ကြောင်း အမေရိကန်ပြောကြား

Posted by drmyochit Friday, January 25, 2013, under | No comments




ရန်ကုန်- ဇန်န၀ါရီ ၂၄
ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန် ပြည် ထောင် စု အနေနှင့် စိုးရိမ်ပူပန်ပြီး အရပ်သားများ ထိ ခိုက်သေကြေစေ ကာ အမျိုးသား ပြန် လည် သင့်မြတ် ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား နေခြင်း ကို အမေရိ ကန်ပြည်ထောင်စု က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန် အခြေ စိုက် အမေရိကန် သံရုံး က ယနေ့(ဇန်န၀ါရီ ၂၄ )တွင် သတင်း ထုတ်ပြန်သည်။ 


ကချင်ဒေသရှိ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိ ကန်ပြည်ထောင်စု က များစွာ စိုးရိမ်ပူပန်ပြီး အကူအညီလိုအပ်နေသော နေရာ များသို့ မြန်မာအစိုးရက ကုလ သမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာ နာထောက်ထားသော အကူအညီပေးရေး အေဂျင်စီ များကို အတားအဆီးမရှိ ၀င်ခွင့်ပြုရန် လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
မြန်မာ အစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ ၁၉မှ စကာ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေ ကာမူ မြန်မာ့တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်တော်ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီး ၀န်းကျင်တွင် ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေ သည် ကို မီဒီယာ များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများ ကဖော်ပြနေကြောင်း သတင်း ထုတ်ပြန် ချက်တွင် ပြောကြားထားသည်။
ကေအိုင်အို ထိန်းချုပ် နယ်မြေတွင် အရပ်သား စစ်ဘေး ဒုက္ခသည် ဦးရေ မှာ ခြောက်သောင်း ကျော်ရှိပြီး ယင်းတို့အတွက် အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာ အကူ အညီများ လိုအပ် နေကြောင်း လိုင်ဇာမြို့ စစ်ပြေး ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ထံမှ သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်