Saturday, January 05, 2013

ဆော်ဒီအာရေးဗီးယားရောက် မြန်မာ ဗုဒ္ဓဘာသာ ၁၂ ဦး၏ အသက် အန္တာယ် စိုးရိမ်နေရ

Posted by drmyochit Saturday, January 05, 2013, under | No comments

ဆော်ဒီ အရေး ဗီးယားနိုင် ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသား ၂၆ ဦး ထဲမှဗုဒ္ဓ ဘာသာဝင် ၁၂ ဦး၏ အသက် အန္တာရာယ်စိုးရိမ်ဖွယ်ရာ အခြေ အနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း ရရှိသည်။

သူတို့ ၁၂ ဦးသည် တစ်ခြား မြန်မာနိုင်ငံသား ၁၄ ဦးနှင့် အတူ အလုပ် သမား အေဂျင်စီ တစ်ခုနှင့် ကုမ္ပဏီ တစ်ခုတို့၏ ပူးပေါင်း လိမ်လည် မူဖြင့် ဆော်ဒီ အာရေး ဗီးယားနိုင်ငံ ဂျေလာမြို့သို့ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် အလုပ် လုပ်ရန် ရောက်ရှိ ခဲ့သည်ဟု ဆိုသည်။

ရောက်ရှိလာသည်မှာ ၂နစ်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ကုမ္ပဏီ၏ လိမ်လည်ခိုင်းစေမူကြောင့် နေရေး စားရေး ကအစ အဆင်မပြေ ဖြစ်ကာ ဒုက္ခ မျိုးစုံကို ရင်ဆိုင် ခံစားနေကြရသည်ဟု ဆိုသည်။

ယခုအခါ အချိန်ကြာမြင့်လာပြီး နိုင်ငံကူး လက်မှတ်ကိုလည်း ကုမ္ပဏီက သိမ်းဆည်းထားပြီး passport stay card များလည်း မရှိသဖြင့် ဆိုဒီ ရဲများကိုလည်း ကြောက်လန့်ကာ အပြင် မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည် သိရသည်။

အခြေအနေ ပိုမို ဆိုးဝါးလာသည်မှာ ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွား ခဲ့သော အရေးအခင်း နောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ၂၆ ဦးအထဲမှ ဗုဒ္ဓဘာ သာဝင် ၁၂ယောက်ကို သတ်ပစ်ရန် ခြိမ်းခြောက်မူများ ထွက်ပေါ်နေ၍ ဖြစ်သည်ဟု ဆိုသည်။

ဆော်ဒီ အာရေးဗီးယား နိုင်ငံရှိ မောင်းတောမြို့နယ်မှ ရောက်ရှိနေသူ မွတ်စလင် အများစုက ဗုဒ္ဓဘာ သာဝင် ၁၂ ဦးအား အပြင်ထွက်ပါက သတ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ထိုသို့ ခြိမ်းခြောက် ထားသဖြင့် ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို အကူအညီပေးနေကြသော ဘူးသီးတောင်နှင့် မောင်တောမြို့မှ တချို့ မွတ်ဆလင်များမှာ ခြိမ်းခြောက်မူကို ကြောက်လန့်ကာ ပြဿ နာဖြစ်မည်ဟု ပြောဆိုပြီး ယခုအခါ ဆက်လက်မကူညီနိုင်ပဲ ရှိနေသည်ဟု ဆိုသည်။

သို့အတွက် ဗုဒ္ဓဘာသာဝင် ၁၂ယောက်မှာ နေစရာ စားစရာ မရှိ၊ အလုပ်အကိုင်လည်း မရှိ၊ အပြင်ကိုလည်း မတွက် ရဲဘဲ ကြောက်လန့်စွာ ပုန်းအောင်းနေထိုင်နေကြရပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဋ္ဌာန အမျိုးမျိုးကို အသနားခံ အကူ အညီတောင်း တိုင်တန်းစာများပို့ ထားသော် လည်း သက်ဆိုင်ရာ အေဂျင်စီနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် စုံစမ်း စစ်ဆေးရုံက လွဲပြီး မြန်မာ၂၆ယောက်၏ မြန်မာပြည် ပြန်နိုင်မည့် အရေး အတွက် အကူအညီများ မရရှိခဲ့ဟု ဆိုသည်။

ဆော်ရီအာရေးဗီးယားရှိ မြန်မာ သံရုံးကို မြန်မာ ၂၆ယောက်၏ ဒုက္ခ ပြဿနာအား ဖြေရှင်းပေးရန် အတွက် အသနား ခံစာ အကူအညီ တောင်းစာများကို တယ်လီဖုံး၊ ဖက်စ် fax များဖြင့်အမျိုးမျိုး ဆက်သွယ်ပြီး အကူ အညီ တောင်းခံသော်လည်း အကြောင်း အမျိုးမျိုး ပြကာ မကူညီနိုင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ဗုဒ္ဓဘာသာဝင် ၁၂ယောက် အနေဖြင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အသက်အန္တာရယ် အရမ်း စိုးရိမ် နေရပြီး ဒုက္ခမျိုးစုံ ရောက်နေကြောင်း မြန်မာ နိုင်ငံသို့ အပြန်ဆုံး ပြန်လိုကြောင်း မြန်မာသံရုံးကို အကူအညီ တောင်းရန် ကြိုးစား သော်လည်း သံရုံးအနေဖြင့် လက်ခံစကား ပြောချင်စိတ် မရှိဘဲ ဖြစ်နေသည်ဟု ပြော သည်

မြန်မာနိုင်ငံမှ အလုပ်သမား ၀န်ကြီးဋ္ဌာန၏ ဆွေးနွေးမူဖြင့် မြန်မာ ၂၆ ယောက် ပြသနာကို ကုမ္ပဏီနှင့် ဖြေ ရှင်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ရေး အတွက် အေဂျင်စီမှ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိ နေသော်လည်း ညှိုနှိုင်းမူ မရဘဲ အချိန်သာ ကြန့်ကြာနေသည်ဟု သိရသည်။

ယခုအခါ ဗုဒ္ဓဘာသာ ၁၂ယောက်၏ အသက်အန္တာရယ်မှာ တစ်ရက်ထက် တစ်ရက် စိုးရိမ်စရာ အနေ အထားသို့ ရောက်ရှိနေသဖြင့် မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားများ အနေဖြင့် သူတို့ မြန်မာနိုင် ငံသို့ ပြန်လည် ရောက်ရှိရေး အတွက် တတ်နိုင်သည့်ဘက်မှ အကူအညီပေး ကြရန် မေတ္တာ ရပ်ခံ ထားသည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်