ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာမှ ရခိုင် အမျိုးသား သုံးဦးသည် တောဝက်ပစ် ထွက်စဉ် လူသတ်မူ ဖြစ်ပွား သဖြင့် ယခုအခါ ထွက်ပြေးနေကြရသည်ဟု သိရ သည်။
တောဝက်တွေ ပေါတဲ့ နတ်မြစ် အနောက်ကမ်းက တောင် တန်း။
ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြစ်နားရွာမှ ရခိုင် အမျိုး သား (၃) ဦးသည် ဒေသလုပ် ကာတူး (ခေါ်) တူမီးသေနတ်နှင့် အတူ နတ်မြစ် အနောက်ဘက် တောင်တန်း များတွင် တောာဝက်ပစ်ထွက်စဉ် ဒေသခံ ဘင်္ဂလီ တစ်ဦးမှ သေနတ်လုသဖြင့် သေနတ်ပေါက်ထွက်ရာ အဆိုပါ ဘင်္ဂလီမှာ ပွဲချင်းပီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ နုရ်အာလောင် ၃၅ နှစ် (ဘ) အာမီဟူဆောင်း၏ သားဖြစ်သည်။
ယခုလ ၁၉ ရက်နေ့ထုတ် Teknaf News က ဖေါ်ပြရာတွင် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက် (၅) နာရီ ခန့်တွင် ၀က်ပစ်ထွက်သူ ရခိုင်သား (၃) ဦးနှင့် သေဆုံးသွားသူ နုရ်အာလောင်တို့ စကားများကြရာမှ ဆွဲလား ငင်လား ဖြစ်ကြကြောင်း၊ နောက်ပိုင်းတွင် သေနတ် ပေါက်ထွက်ပြီး နုရ်အာလောင်မှာ သေဆုံး သွားကြောင်း ဓါတ်ပုံနှင့် တကွ ဖေါ်ပြသည်။
အခင်း ဖြစ်ပွားရာ နေရာမှာ တက်ကနက်မြို့နယ် ညလားမြို့ အပိုင် ဇော်ရစ်ဘင်ညာ ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ သည်ဟု ဆိုသည်။
သေဆုံးခဲ့သူ နုရ်အာလောင် မိသားစုများက ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ရဲစခန်းတွင် လူသတ်မူဖြင့် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ မြစ်နားရွာ ဒေသခံ (၃) ဦးသည် ယခင်ကလည်း အဆိုပါ နေရာတွင် တောဝက်များကို မကြာခဏ လိုက်လံ ပစ်ခတ်နေသည့် အပျော်ထမ်း တောလိုက် မုဆိုးများ ဖြစ်ကြသည်ဟု သတင်းစာက ရေးသားသည်။
နိရဉ္စရာ
Time in Rangoon

0 comments:
Post a Comment