
"ရွှေလီဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်ဖြစ်ပါတယ်။ MRTV ည ၈နာရီသတင်း နဲ့ နေ့စဉ် ထုတ်သတင်း စာများမှာလည်း တက်ရောက်သူစာရင်းနဲ့ အပြည့် အစုံ ထုတ်ပြန်ကြေညာပါ့မယ်။ ယခင်ဆွေးနွေး ပွဲတွေ တုံးက ဘာသဘောတူ ညီချက်မှ မထုတ်ပြန်နိုင်ခဲ့ပါဘူး။ ယခုဆွေးနွေးပွဲမှာတော့ ဆက်လက် ဆောင် ရွက်မယ့် လုပ်ငန်းများကို နှစ်ဘက်သဘောတူထုတ်ပြန် နိုင်ခဲ့တာဟာ တိုးတက်မှုတစ်ရပ်ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ သမ္မတကြီးကို လာရောက်တွေ့ ဆုံစဉ်က ကေအိုင် အို၊ ကေအိုင်အေ နဲ့ ဖြစ်ပွားနေ တဲ့ ပဋိပက္ခ ဖြေရှင်းရေးတွက် ကူညီပေးလိုကြောင်းပြောကြားခဲ့တဲ့ ကေအင်ယူ ဥက္ကဌနဲ့ အဖွဲ့၊ Myanmar Peace Center က အဖွဲ့ဝင်များကို ငြိမ်းချမ်းရေး အတွက်ကူညီပေးလိုကြောင်းပြောကြားခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီက ကိုယ်စားလှယ် အဖွဲ့များ လေ့လာသူ သက်သေများ အဖြစ်တက်ရောက် ခဲ့တာ၊ တရုတ်နိုင်ငံက အစည်း အဝေးဖြစ်မြောက်ရေး အတွက် ပါဝင် ကူညီ တက်ရောက်ခဲ့ တာများဟာလည်း ယခုဆွေးနွေးပွဲရဲ့ ထူးခြားမှု တစ်ခုဖြစ်ပါတယ်"
(မှတ်ချက်။ ။ဦးရဲထွဋ်၏ဖေ့စ် ဘုတ်စာမျက်နှာမှကူးယူဖော်ပြသည်။)
0 comments:
Post a Comment