Wednesday, February 06, 2013

ပြည်ထောင်စုဝန်ကြီး ၁ဦး၊ ဒုတိယ၀န်ကြီး ၅ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ၁ဦးခန့်အပ်

Posted by drmyochit Wednesday, February 06, 2013, under | No comments



ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီး၌ ပြည်ထောင်စု ၀န်ကြီး ၁ဦး၊ ဒုတိယ ၀န်ကြီး ၅ဦးနှင့် ပြည်ထောင် စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ၁ဦးတို့အား ခန့်အပ် တာဝန် ပေး ခဲ့ကြောင်း ပြည်ထောင်စု သမ္မတ မြန် မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံးမှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။


ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား နိုင်ငံတော် သမ္မတရုံး အမိန့် အမှတ် (၄/၂၀၁၃)ဖြင့် သာသနာရေး ၀န်ကြီးဌာန  ပြည်ထောင်စု ၀န်ကြီးအဖြစ် တာဝန် ပေးအပ် ခဲ့ခြင်း ဖြစ် ပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် အဖြစ် ဦးသန်းထွန်းအား နိုင်ငံတော် သမ္မတရုံး အမိန့် အမှတ် (၅/၂၀၁၃) ဖြင့် ခန့်အပ် တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။  

                  
ဒုတိယ ၀န်ကြီးများ အဖြစ် ဦးအောင်ထူး (စွမ်းအင် ၀န်ကြီးဌာန)၊ ဦးသန်းထွန်းအောင် (သတ္တုတွင်း ၀န်ကြီး ဌာန)၊ ဒေါ်ဝင်းမော်ထွန်း (အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာန)၊ ဒေါက်တာ ဇော်မင်းအောင် (သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန)၊ ဒေါက်တာ တင်ရွှေ (ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန)တို့အား နိုင်ငံတော် သမ္မတရုံး  အမိန့် အမှတ် (၆/၂၀၁၃)ဖြင့် ခန့်အပ် ခဲ့ခြင်း ဖြစ်သည်။           
     
ဇန်န၀ါရီလ ၁၆ရက်က နိုင်ငံတော် သမ္မတရုံး၊ အမိန့်အမှတ် ၂/၂၀၁၃ဖြင့် ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုပြီး ရက်ပေါင်း ၂၀ အကြာတွင် ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ ၀န်ကြီး များအား ခန့်အပ် ခဲ့ခြင်းဖြစ် သည်။     

၂၀၁၂ခုနှစ် စက်တင်ဘာလ ၅ရက်နေ့က မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီး ဌာနအား ဖျက်သိမ်း ခဲ့ပြီး အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနတို့အား လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ၀န်ကြီးဌာန စုစုပေါင်း ၃၆ခု ဖြစ်လာသည်။                
လက်ရှိ အချိန်တွင် ပြည်ထောင်စု ၀န်ကြီး ဌာနများတွင် ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပ ညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအား ခန့်အပ် ထားခြင်း မရှိသေး သောကြောင့် အဆိုပါ ၀န်ကြီး ဌာနတွင် ပြည်ထောင်စု ၀န်ကြီးနေရာ လစ်လပ်နေသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်