ဘရာဇီးလ် ကာကွယ်ရေး ဝန်ကြီး ဌာနသည် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ရုရှား ဝန်ကြီးချုပ် Dmitry Medvedev နှင့် တွေ့ဆုံ ဆွေးနွေးစဉ် အတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေး စနစ်များ ဝယ်ယူရေးအား ဆွေးနွေးသွားရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
ဘရာဇီးလ် နိုင်ငံ အနေဖြင့် Pantsir-S1 ဒုံးကျည် ၃ လက်နှင့် Igla ဒုံးကျည် ၂ လက်အား ဝယ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း ဘရာဇီးလ် လက်နက်ကိုင် တပ်ဖွဲ့၏ ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jose Corlos De Nardim က ထုတ်ပြန်ခဲ့ ပါသည်။ ဖေဖော်ဝါရီ လကုန်တွင် ရုရှား ဝန်ကြီးချုပ်၏ ဘရာဇီးလ် ခရီးစဉ် အတွင်း အဆိုပါ လေကြောင်းရန် ကာကွယ်ရေး လက်နက် မျိုးစုံအား ဝယ်ယူရေး အတွက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း De Nardim က ပြောကြားခဲ့ ပါသည်။
မြ၀တီ
0 comments:
Post a Comment