Monday, April 01, 2013

ဘာသာရေးအစွန်းရောက်သူတွေကြောင့် ​ပြဿနာဖြစ်လို့ ​ကျွမ်းကျင်သူတွေပြော၊ ​ပြဿနာကြောင့် ​မြန်မာ့ဂုဏ်ညိုးနွမ်းလို့ ​သမ္မတဆို

Posted by drmyochit Monday, April 01, 2013, under | No comments

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာဟာ ​မူစလင်တွေကို ​မုန်းတီးတဲ့ ​ဘာသာရေး ​အစွန်းရောက် သူတွေ ကြောင့်ဖြစ်ပြီး ​အဲဒီထဲမှာ ​အစွန်းရောက်တဲ့ ​ဗုဒ္ဓသံဃာတော်တွေလည်း ​ပါဝင်တယ်လို့ ​ကျွမ်းကျင် သူတွေ က ​သုံးသပ်ကြ ပါတယ်။


မြန်မာနိုင်ငံမှာ ​မူစလင်လူမျိုးတွေကို ​မုန်းတီးတဲ့အဖွဲ့တွေ ​လှုပ်ရှားနေတယ်ဆိုတာ ​သိသာနေ တဲ့ အ ကြောင်း ​အဲဒီ ထဲက ​ဗုဒ္ဓသံဃာတချို့ဟာ ​အစ္စလာမ် ​ဘာသာအပေါ် ​သီးမခံဖို့ ​မုန်းတီးဖို့ ​အကြောင်း တွေ ​တရားဟောနေတဲ့အကြောင်း ​နိုင်ငံတကာ ​ပဋိပက္ခလေ့လာရေး ​ICG ​အဖွဲ့က ​Jim ​Della-Giacoma ​က ​ပြောလိုက်ပါတယ်။

မူစလင်လူမျိုးတွေ ​အစီအစဉ်ကျကျ ​နှိမ်နှင်းခံနေရတယ်ဆိုတာကို ​ကြည့်ခြင်းအားဖြင့် ​ဒီဖြစ်ရပ်တွေကို ​အနစ်တကျ ​စီစဉ်သူတွေ ​ရှိတယ်ဆိုတာကို ​ပြသတယ်လို့ ​ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမှာ ​ရှေ့ပြေးအဖြစ် ​ရှုမြင်ခဲ့ကြတဲ့ ​သံဃာတော်တချို့ဟာလည်း ​ပဋိပက္ခအတွင်း ​ပါဝင်တာတွေ ​ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

သံဃာတော် ​ဦးဝီရသူဦးဆောင်တဲ့အဖွဲ့ကတော့ ​မူစလင်လူမျိုးတွေပိုင်တဲ့ ​ဆိုင်တွေမှာ ​ဈေးမဝယ်ကြဖို့၊ ​အမြတ်အစွန်းတွေ ​တခြားလူမျိုးလက်ထဲ ​ရောက်သွားရင် ​ဘာသာနဲ့ ​စကားတွေ ​ထိခိုက်နစ်နာရပြီး ​မူစလင်တွေက ​အဲဒီအကျိုးအမြတ်ငွေတွေနဲ့ ​မြန်မာအမျိုးသမီးတွေကို ​ဝယ်ယူပြီး ​အစ္စလာမ်ဘာသာထဲ ​အတင်းဝင်ခိုင်းမယ့်အတွက် ​အားမပေးကြဖို့ ​တိုက်တွန်းခဲ့တာတွေလည်း ​ရှိတဲ့အကြောင်း ​အေဖက်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အေဖက်ပီနဲ့ ​တွေ့ဆုံရမှာ ​ဦးဝီရသူက ​၉၆၉ ​အဖွဲ့အနေနဲ့ ​ပဋိပက္ခအတွင်း ​မပါဝင်တဲ့အကြောင်း ​သူတို့ အနေ နဲ့ ​မူ စလင် လူမျိုးအားလုံးကို ​ဆန့်ကျင်တာမဟုတ်ပဲ ​ရခိုင်လူမျိုးတွေအပေါ် ​အကြမ်းဖက်နေတဲ့ ​ဘင်ဂါ လီ လူမျိုးတွေ ကိုသာ ​ပစ်မှတ်ထားမှုတွေ ​လုပ်နေတာလို့ ​တုန့်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကြောင့် ​နိုင်ငံတကာမှာ ​မြန်မာ့ ​ဂုဏ်သိက္ခာ ​ညိုးနွမ်းနေရတယ်လို့ ​သမ္မတ ဦးသိန်းစိန် ကပြောလိုက်ပြီး ​ဒီအကြမ်းဖက်မှာ ​ပါဝင်သူတွေကို ​အရေးယူမယ်လို့ ​ပြောလိုက် ပါတယ်။
ကုလ သမဂ္ဂ ကလည်း ​ပဋိပက္ခတွေအတွင်း ​မြန်မာစစ်တပ်တွေ၊ ​ရဲတွေပါဝင်ခဲ့တယ်လို့ ​ပြောခဲ့တာကို ​မြန် မာ အစိုး ရ က ​ငြင်းဆို လိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်တွေက ​အကြမ်းဖက်မှုတွေလုပ်နေတာကို ​အာဏာပိုင်တွေက ​အရေး ယူမှုတွေ မလုပ် ခဲ့ ဘူးလို့ ​ပြောဆိုတဲ့ အပေါ် ​မြန်မာအစိုးရက ​အခြေအမြစ် ​မရှိတဲ့ ​ပြောဆိုချက်လို့ ​တုန့်ပြန် လိုက် ပါ တယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ ​တဆင့်ကြားရတဲ့စကားကို ​မယုံကြည်သင့်ဘူးလို့ ​ပြောလိုက်ပါတယ်။

From:  radioaustralia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်