Saturday, April 06, 2013

ကလေးမြို့တွင် ဘင်္ဂါလီဟု ယူဆရသူ တစ်ဦး ဖမ်းမိ

Posted by drmyochit Saturday, April 06, 2013, under | No comments


 ကလေး ဧပြီ ၆

ကလေးမြို့နယ်၊ နန်းကျင်း ဆောင်ရွာမှာ ဘင်္ဂါလီဟု ယူဆရသည့် အသက် (၆၀)ကျော်ခန့် ရှိသူ တစ်ဦးကို ဖမ်းဆီး မိကြောင်း စခန်းကြီး ရဲစခန်းမှ သိရသည်။

ဖမ်းဆီး သူထဲတွင် ပါဝင်သည့် အမျိုး ဘာသာ သာသနာ ကာကွယ် စောင့်ရှောက် သူများ (ကလေးမြို့)မှ ဦးဆောင်သူ တစ်ဦးက “မြန်မာလိုလည်း တစ်လုံးမှ မေးလို့ မရဘူး၊ ရုပ်ကတော့ ကုလား ရုပ်ပဲ” ဟု ပြောကြားသည်။

ယခင်က ဖမ်းဆီး ရမိသည့် ဘင်္ဂါလီများ ထဲတွင် မြန်မာ စကား ပြောတတ်သူများ ပါဝင်ပြီး ယခု ကဲ့သို့ တစ်ဦးတည်း မဟုတ်ဘဲ အဖွဲ့လိုက် သုံး၊ လေးဦး ဖမ်းမိခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးမြို့၊ မင်္ဂလာ ဥယျာဉ် ကျောင်းတိုက် ဆရာတော်၊ အောင်ချမ်းသာ ဆရာတော်နှင့် စခန်းကြီး ရဲစခန်းမှ ဒုရဲအုပ် တို့ပါဝင်ပြီး အခြား တာဝန် ရှိသူများ ပူးပေါင်းကာ အဆိုပါ ဘင်္ဂါလီဟု ယူဆရသူကို သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို ဘင်္ဂါလီဟု ယူဆရသူမှ မည်သည့် အထုပ်အပိုးနှင့် စားစရာများ မပါကြောင်း၊ နန်းကျင်းဆောင်ရွာမှ စခန်းကြီး ရဲစခန်းသို့ ည (၁၀)နာရီ ခွဲတွင် ရောက်ရှိ ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက် စုံစမ်း အရေးယူ သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ချင်းတောင် အတွင်း ၀င်ရောက် သွားလာနေသော ဘင်္ဂါလီများကို ဖမ်းဆီး ရရှိမှု ၁၅၀ ကျော် ရှိပြီ ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်သူများ (ကလေးမြို့)မှ သိရသည်။

ကျော်စိုး(ကလေးမြို့)
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်